~Hurt~*4*'Uneasy'

10.6K 834 8
                                    

Unicode

"ဟျောင့် ငါတို့သွားပြီနော်"

"အေးအေး"

လက်ထဲကနာရီကိုငုံကြည့်လိုက်...အရှေ့တည့်တည့်ကကျောင်းဆောင်ထဲကိုလှမ်းကြည့်လိုက်နဲ့ ဗျာများနေသော...ရှောင်းကျန့်
ကျိုးချန်အသံကြားတော့မှပဲ သူ့သူငယ်ချင်းတွေရှိမှန်းသတိရတော့သည်...

သူငယ်ချင်းတွေပြန်သွားတော့ ခုသူတစ်ယောက်တည်း...

*ကျစ် ဘာလို့ခုထိထွက်မလာသေးတာလဲ*

နာရီကိုကြည့်လိုက်တော့လည်း 2:15PM...
ကျောင်းဝန်းထဲမှာလူတွေသာရှင်းသထက်ရှင်းလာတယ် ရိပေါ် ရဲ့အရိပ်ယောင်နည်းနည်းလေးတောင်မတွေ့ရ...
စိတ်ကလည်းပူအထက်ပူလာပြီ...
ထိုစဉ်ကျောင်းဆောင်ထဲကထွက်လာတဲ့ ယွီပင်းကိုမြင်တော့...ခြေထောက်တွေကအလိုလို သူ့နားရောက်ပြီးသား...ယွီပင်းဆိုတာ ရိပေါ်ရဲ့တစ်ဦးတည်းသောသူငယ်ချင်း...ရိပေါ်အဖေသူငယ်ချင်းရဲ့သားဆိုလည်းမမှား...အင်း...နောက်တစ်နည်းပြေညရရင်တော့ ကျာင်းအုပ်ကြီးရဲ့သားပေါ့...

"ယွီပင်း"

"ဟင် စီနီယာရှောင်း မပြန်သေးဘူးလား"

သူ ယွီပင်းကိုခေါ်လိုက်တော့ ယွီပင်းက အံ့သြသလိုနဲ့မေးပြီး သူ့နောက်ကိုလှမ်းလှမ်းကြည့်နေသည်...

"ဒါနဲ့ရိပေါ်ရော?"

သူ မျက်မှောင်ကျုံ့လိုက်မိသည်...
အဲ့ဒါသူမေးရမှာမလား...

"ရိပေါ်ကထွက်မလာသေးဘူးလေ"

"မဟုတ်တာ သူထွက်သွားတာကျောင်းဆင်းကတည်းကလေ"

ယွီပင်းစကားကြောင့်လူက ခေါင်းနပန်းကြီးသွားသည်...မဖြစ်နိုင်တာ သူစောင့်နေခဲ့တာပဲဟာ...
ထိုနောက်တွင်တော့ သူရောယွီပင်းပါ ကျောင်းဝန်းအတွင်းခြေရာထပ်အောင် ရိပေါ်ကိုလိုက်ရှာနေတော့သည်...

"ရိပေါ်! ရိပေါ်!"

"ယွီပင်းလူခွဲပြီးရှာရအောင် မင်းက ဒီကျောင်းဆောင်သစ်ထဲမှာရှာ ငါကအနောက်ဘက်ကကျောင်းဆောင်ဟောင်းတွေထဲရှာမယ်"

"ဟုတ် စီနီယာ"

....………………………

"ဒီလောက်ပဲလားကွာ မင်းလိုသူဌေးသားက ဒီလောက်ပဲရှိတယ်ဆိုတာမယုံဘူးဟျောင့်"

~Hurt~(Completed)Where stories live. Discover now