Zawgyi.....
အချိန်တွေကုန်လာတာ တစ်လတောင်ကြာပြီ...
ရိပေါ်အဆင်ပြေနေပါပြီ...
ကိုကို့ကိုသတိရတိုင်း ကိုကို့ပုံတူပန်းချီတွေဆွဲတယ်...ဆွဲပြီးရင်ကိုကို့ပုံကိုထိုင်ကြည့်တယ်...အရင်ကအချိန်တွေကိုလွမ်းတဲ့အခါငိုတယ်...အစောကြီးကတည်းကဒီအတိုင်းဘဲနေခဲ့သင့်တာ...
၁၂နှစ်အရွယ်တုန်းကချစ်ခဲ့မိတယ့် အစ်ကိုတစ်ယောက်အနေနဲ့ဘဲထားခဲ့သင့်တာ...ရိပေါ် ခုဆိုအိမ်ထဲကအိမ်ပြင်တောင်မထွက်တော့ဘူး...ယွီပင်းနဲ့လည်းတခါတလေမှအဆက်အသွယ်ရသည်...ကျောင်းလား?..မတက်တော့ပါဘူး အစကတည်းကအဲ့ကျောင်းကို ကိုကို့ကြောင့်တက်ခဲ့တာ...
ရိပေါ်ကကျောင်းတက်ချင်တယ်ဆိုရင်တောင်တက်လို့မရဘူး...
အချိန်မှသိပ်မကျန်တော့တာ...ခုလည်းကိုကို့ကိုသတိရလို့ပန်းချီဆွဲနေခြင်း...
ကျွန်တော့်ကိုကိုကလေ ကျွန်တော်ရဲ့မသေမသပ်ပန်းချီကားထဲမှာတောင် ချောနေတုန်း...
ကိုကို့ပုံလေးကိုကြည့်ရင်း အတွေးတွေက လွန်ခဲ့တဲ့၅နှစ်ကျော်ဆီသို့...Flashback.......
ဒီနေ့ ရိပေါ်လေးကျောင်းကပြန်ရောက်ရောက်ချင်း အမေကနှလုံးထဖောက်လို့ ဆေးရုံရောက်နေတယ်ဆိုတဲ့သတင်းဆိုးကိုကြားလိုက်ရတယ်...
ပါးကကုမ္ပဏီကခုမှပြန်ရောက်ပြီး ဆေးရုံကိုလိုက်သွားတော့မယ့်အချိန်မို့လို့...ရိပေါ်ကသူ့ကိုပါခေါ်ရန်ပူဆာတော့ ပါးကလက်ခံသည်...
ကလေးတစ်ယောက်အနေနဲ့တော့ ထိုအချိန်တုန်းကမားဘေးနားမှာပဲ ရှိနေချင်ခဲ့တာ...ဆေးရုံကိုရောက်တော့ မားကဆုံးသွားပြီတဲ့...
မားရဲ့ခန္ဓာကိုယ်ကို အဝတ်ဖြူကြီးနဲ့အုပ်ထားတယ်...
ဟင့်အင်း သူမမြင်ချင်ဘူး မားအဲ့လိုအိပ်နေတာကို...
သူမားရဲ့အလောင်းဘေးကနေ ထွက်ပြေးခဲ့တယ်...
ဆေးရုံထဲမှာလူတွေကရှုပ်နေတာပဲ...
သူအခန်းတစ်ခုအရှေ့ရောက်တော့ သူနဲ့မျက်နှာချင်းဆိုင်မှာလာနေတဲ့လူတစ်စု...
လက်ထဲမှာခုနကမားပုံစံမျိုး အဝတ်စအဖြူကြီးအုပ်ထားတာကြီးကိုသယ်လာနေကြတယ်...
ရိပေါ်အခန်းထဲဝင်ပုန်းလိုက်သည်
အဲ့ဒါကြီးတွေကိုမမြင်ချင်ဘူးလို့...
အခန်းထဲမှာတော့ဘယ်သူမှမရှိ...
အလင်းရောင်နည်းနည်းလေးပဲရှိတယ့်
ထောင့်လေးတစ်နေရာမှာသာကပ်ထိုင်ပြီး အော်ငိုပစ်လိုက်သည်...
YOU ARE READING
~Hurt~(Completed)
FanfictionUnicode........... ကိုကိုက ကျွန်တော့်အပေါ် အေးစက်စက်နိုင်တယ်.... ကိုကိုက ကျွန်တော့်ကိုတွေ့တိုင်း မျက်နှာတည်တည်သွားတတ်တယ်.... ကျွန်တော်သိပါတယ် ကိုကိုကျွန်တော့်ကိုမချစ်မှန်း.... ကျွန်တော်သိပါတယ် ကိုကို့အတွက် ကျွန်တော်က စိတ်ရှုပ်စရာကောင်းမှန်း.... အချ...