~Hurt~*5*'Acknowledge'

10.4K 809 14
                                    

Unicode

ကိုကို့ကားရောက်လာသည်ကသာမန်ရပ်ကွက်လေးတစ်ခုကိုသာ...

အိမ်တစ်အိမ်ရှေ့မှာကားကိုရပ်လိုက်ပြီး...ကားပေါ်ကဆင်းသွားသောကိုကို့ကြောင့်အနောက်ကအမြန်လိုက်ဆင်းရသည်...
ကိုကို့ပုံက ခုထိဒေါသမပြေသေးပုံ...
တော်ကြာသူ့အပေါ်ဒေါသရောက်လာရင်ဘယ်လိုလုပ်မလဲ...
ခုတောင်သူ့ကိုတစ်ချက်မှမကြည့်ဘဲအိမ်ထဲဝင်သွားပြန်သည်...

ကိုကို့အိမ်ကတော့ သာမန်အိမ်တစ်ထပ်တိုက်လေးပါပဲ...
မှန်လေးကနေဖြတ်ပြီးမြင်နေရတဲ့ဘီရိုထဲက ဆုများစွာဟာ ကိုကိုဘယ်လောက်တော်ကြောင်းသက်သေပင်...
နံရံ၌ချိတ်ဆွဲထားသော ဆုတွေကလည်းကိုကိုသည် စာတွင်သာမကအားကစားပါထူးချွန်ကြောင်းလည်းပြောပြနေသည်...

*ဒါနဲ့ ဘာလို့ပန်းချီကားတွေမရှိရတာလဲ?*

"ဒါကငါ့အိမ် မင်းနေလို့ရောအဆင်ပြေရဲ့လား?"

ကိုကို့အိမ်ကိုပထမဦးဆုံးရောက်ဖူးတာမလို့ လိုက်စပ်စုနေမိနေတုန်း...ကိုကို့အသံကြားလို့အနောက်လှည့်ကြည့်တော့ ဆေးသေတ္တာဆွဲကသူ့ကိုကြည့်နေသောကိုကို...

"ဟုတ်အဆင်ပြေပါတယ်"

ကိုကိုဘာကိုမေးမှန်းမသိပေမယ့် အဆင်ပြေနေတာမလို့ အဆင်ပြေပါတယ်လို့ပဲဖြေလိုက်သည်...

*အဆင်မပြေရင်ကော ဘာအရေးလဲ! ငါကဂရုမစိုက်တတ်ဘူး ခုလည်းလူမှုရေးအရမေးလိုက်တာ*

ရှောင်းကျန့်ခပ်ချဉ်ချဉ်တွေးကာ...

"ဟက် အဆင်ပြေရင်လည်းပြီးရော မင်းလိုသူဌေးသားမျိုးက ဒီလိုအိမ်လေးထဲရောက်လာတော့ မွန်းကြပ်နေမှာဆိုးလို့"

"မဟုတ်တာ ဘာလို့ကျွန်တော်ကအဲ့လိုဖြစ်ရမှာလဲ ကိုကို့အိမ်ပဲဟာ"

ကိုကို့စကားကြောင့်ရိပေါ်ပြာသလဲလဲရှင်းပြရသည်...ဘုရားစူးသူကအဲ့လိုလူမျိုးလုံးဝမဟုတ်ရပါ...

"မဟုတ်ရင်လည်းထားတော့ ဒီကိုလာ ဆေးထည့်ရဦးမယ်"

ရှောင်းကျန့်သူ့ရှေ့ကပြာနေတဲ့ကောင်လေးကိုကြည့်ကာ...မသိမသာတစ်ချက်ပြုံးလိုက်ပြီး...အနားလာရန်လှမ်းခေါ်လိုက်သည်...

~Hurt~(Completed)Wo Geschichten leben. Entdecke jetzt