~Hurt~*3*'What is truth?'

11.9K 843 12
                                    

Unicode

အိမ်ထဲကိုအလောတကြီးဝင်လာတော့ တွေ့ရသည်က ဆိုဖာပေါ်အေးဆေးထိုင်ကာ TV ကြည့်နေသော ရိပေါ် တစ်နည်းအားဖြင့် သူ့ရဲ့အသက်တမျှချစ်ရတဲ့သား....
အသံကြားလို့ထင်ပါရဲ့ အနောက်ကိုလှည့်ကြည့်လာသည်....

"ပါးပါး ဘယ်လိုဖြစ်လို့အစောကြီးပြန်လာတာလဲ?"

သူ့ကိုတွေ့တော့အံ့သြသလိုပုံစံနဲ့မေးလာသည်....
ခါတိုင်းဆို ည၇နာရီလောက်မှပြန်ရောက်တတ်တာကြောင့် ဖြစ်မည်....
ဦးလေဖန့်က ရိပေါ်နှာခေါင်းသွေးလှျှံလို့ဆိုပြီး ဖုန်းဆက်တာကြောင့် ချက်ချင်းပြန်ရောက်လာခြင်းသာ....

"နှာခေါင်းသွေး လျှံတယ်ဆို"

ကျွန်တော်မေးတာကိုပြန်မဖြေပဲနဲ့ ကျွန်တော့်အနောက်ကိုကြည့်ကာ ဂြိုဟ်ကစ်ကစ် နေသည်မို့ အနောက်လှည့်ကြည့်လိုက်တော့.... ဘယ်အချိန်တည်းကရောက်နေမှန်းမသိတဲ့ ဦးလေးဖန့်....
ကျွန်တော်အဲ့တော့မှနားလည်သွားကာ....

"ရိပေါ် ငါမေးနေတယ်လေ"

"ဟို ဟုတ်"

မျက်နှာငယ်လေးနဲ့ ပြန်ဖြေလာတာကြောင့် သက်ပြင်းတစ်ချက်ချလိုက်ရင်း....

"သားကိုပါးပြောထားတယ်လေ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါလို့"

"ပါးကလည်းဘာမှထူးဆန်းတာလည်းမဟုတ်ဘဲနဲ့"

ရိပေါ်ရယ်ကာပြောနေပေမယ့်လည်း အပြုံးတွေကမပီပြင်တော့သလို သူလည်းငိုမိတော့မှာကြောင့် ဝဲတက်လာတဲ့မျက်ရည်တွေကို ပုတ်ခတ်လိုက်ပြီး စကားလမ်းကြောင်းသာအမြန်ဆုံးလွဲှလိုက်သည်....

"သား ရှောင်းကျန့်နဲ့အဆင်ပြေရဲ့လား"

ဒီတစ်ခါတော့ရိပေါ်မျက်လုံးပြူးသွားသည်....
ပါးပါးက ကိုကို့ကိုသိနေတာလား....

"ပါ ပါးပါး က ကို အယ် ရှောင်းကျန့်ကို ဘယ် ဘယ်လိုသိတာလဲ"

ရိပေါ်စကားတွေထစ်ကုန်သည်....
ပါးပါးက သူနဲ့ကိုကို တွဲနေတာကိုသိသွားရင် လက်ခံနိုင်ပါ့မလား....

ရိပေါ့်အမေးကြောင့် ဥက္ကဌဝမ် အကျပ်ရိုက်သွားသည်....အမှန်အတိုင်းလည်းပြောပြလို့မရ....မထူးတော့ပါဘူး ဇာတ်ဆင်ကြည့်ကရတော့မှာပဲ....

~Hurt~(Completed)Where stories live. Discover now