Zawgyi
မိုးရိပၠို လန္႔ႏိုးေစသည္အထိ အိမ္မက္ကဆိုးလြန္းလွသည္။ဘယ္လိုမွ ျပန္အိပ္မရေတာ့သည့္အဆံုး ျခံထဲကိုသာ အသာေလးဆင္းလာခဲ့လိုက္သည္။တစ္အိမ္လံုးအိပ္ေနၿပီဆိုေပမဲ့ ျခံထဲက မီးအေရာင္ကေတာ့ ထိန္လင္းေနဆဲ။
"ေမာင္....''
ၾကားလိုက္ရေသာ စကားသံတိုးတိုးက ႀကီးႀကီးအသံမွန္းခ်က္ခ်င္း သိလိုက္တာမို႔ ျခံထဲဆင္းလက္စေျခလွမ္းေတြကို ရပ္တန္႔လိုက္သည္။တံခါးအကြယ္ကေန လွမ္းျမင္ေနရသည့္အေနအထားမွာ ႀကီးႀကီးတစ္ေယာက္တည္းမဟုတ္ဘဲ ဦးအာကာပါ႐ွိေနေလ၏။
"ငယ္ေလး...ေတာ္ေတာ္ကို ေနမေကာင္းေနဘူး''
မေန့ကအထိေတာင္ ႀကီးႀကီးနဲ႔ဖုန္းေျပာမျပတ္ေသာ ပါးပါးက ေနမေကာင္းဘူးတဲ့လား။ဒီကိုမိုးရိပ္လာတဲ့ေန႔အထိ ေဆးရံုမဆင္းရေသးေသာ ပါးပါးက လံုးဝမသက္သာေသးတာေတာ့ မျဖစ္ႏိုင္ေလာက္ဘူးေလ။ဒီအေတာအတြင္း ဘာေတြထပ္ျဖစ္ေနေသးပါလိမ့္။
"ေမာင့္ကိုလည္း ေျပာတယ္။မေန႔ညက တအားေမာလာလို႔ ေဆးရံု ျပန္တင္လိုက္ရတယ္တဲ့။မမကလည္း မ႐ွိေတာ့ တည္တံ႔လည္း အားငယ္ေနမွာ မမရယ္။''
"မမတို႔ ျမန္မာျပည္ ျပန္ၾကမလားဟင္. ေမာင္..ဒီလိုနဲ႔ ငယ္ေလး တစၡဳခု ျဖစ္မွာစိုးတယ္။''
ပါးပါးက အေျခအေန အရမ္းဆိုးေနတာလား။အရင္ကတည္းက ပါးပါးေနမေကာင္းျဖစ္ၿပီဆို ေတာ္ေတာ္နဲ႔ မသက္သာတတၱာ မိုးရိပ္ အသိမို႔ ပါးပါးတစ္ခုခုျဖစ္သြားမွာမ်ိဳး မိုးရိပ္ လက္မခံႏိုင္ေပ။အမွန္အတိုင္းေျပာရရင္ လိမၳားရမလားဆိုေသာစိတ္ေၾကာင့္သာ ပါးပါးကိုစိတ္ဆိုးခဲ့ေပမဲ့ ဘယ္အခ်ိန္မ်ားလာေခ်ာ့မလဲ ေမ်ွာ္ေနခဲ့မိတာ ကိုယ့္ကိုယ္ကိုယ္ အသိဆံုး။ဘယ္ေလာက္ပဲမေတြ႔ခ်င္ပါဘူးေျပာေျပာ အတင္းအက်ပ္လာေတြ႔လိမ့္မယ္ပဲ ထင္ခဲ့တာေလ။ခုေတာ့ မိုးရိပ္ေၾကာင့္ ပါးပါးေနမေကာင္းျဖစ္ေနတာတဲ့လား။
"သမီးကို လာေခ်ာ့ပါဦး ပါးပါးရယ္''
#
နာက်င္ေနတာမျမင္ရက္ပါဘူးဆိုကာမွ ဒဏ္ရာဒဏ္ခ်က္ေတြပဲ ျပေနသည့္ ခ်စ္ရသူကို အျပစ္မတင္ရက္။ေဆးရံုျပန္တင္လိုက္ရတယ္ဆိုတဲ့ အေၾကာင္းၾကားစာ တစ္ခုနဲ႔တင္ မိုးအရိပ္ဆီ သူ အေျပးျပန္လာခဲ့မိသည္။နဂိုကမွ ေသးေကြးသည့္ ခႏၶာကိုယ္ေလးက ယခု အ႐ိုးေပၚ အေရတင္။
"ဘယ္လိုလုပ္ၾကမလဲ...အကို''
"ငါလည္း မသိေတာ့ဘူး ကိုထက္ရယ္။သမီးကေလ ငါ့ေသြးဆိုေပမဲ့ အရိပ္ ခ်စ္သေလာက္ေတာင္ ခ်စ္ခဲ့ရဲ႕လား မေသခ်ာဘူး။ခုခ်ိန္မွာ အရိပ္ လိုအပ္ေနတာ သမီး။အစေကတာ့ သမီးကို ရက္ပိုင္းေလာက္နဲ႔ ျပန္လာမယ္ထင္ၿပီး သူ သည္းခံေနေသးတယ္။ခု ေက်ာင္းေတာင္ဖြင့္ခါနီးေနၿပီဆိုေတာ့ ျပန္မလာေတာ့ပါဘူးဆိုၿပီး စိတ္ကိုေလ်ွာ့ခ်ပစ္လိုက္တာ ျဖစ္မွာ။''
ဒီေလာက္ထိ သံေယာဇဥ္တြယ္စရာလိုလို႔လား...မိုးအရိပ္ရာ။မင္းတစ္ေယာက္နဲ႔ေတာ့ ခက္ေတာ့တာပါပဲ။
"အကို...သမီးနဲ႔ စကားေျပာျဖစ္လား.''
"မေျပာျဖစ္ဘူး။ေျပာလည္းမေျပာခ်င္ဘူး။ဒီေလာက္ထိ သူ႔အေပၚ ေကာင္းေပးခဲ့တာကို ဘာေတြဘယ္လို လိုအပ္ေနလို႔ သူက စိတ္ဆိုးရသလဲကြာ။မင္းေတြးၾကည့္ ကိုထက္။ငါသာ အရိပ္ေနရာမွာဆို..သူ ခုေလာက္အခ်စ္ခံရမွာ မဟုတ္ဘူး။ငါလည္း မခ်စ္လို႔ေတာ့ မဟုတ္ေပမဲ့ ခုလိုလုပ္ခ်င္တာလုပ္ေနတာကိုေတာ့ စိတ္ဆိုးတယ္။တကယ္ဆို... သူ...ဒီေအဖ မ်က္ႏွာကို ၾကည့္သင့္တယ္ေလ။၁၅ႏွစ္ဆိုတဲ့အရြယ္မွာ မင္းတို႔ ငါတို႔ သူ႔လို သက္ေတာင့္သက္သာ ေနရတာမို့လို႔လား''
တစၹကၠ သမီး။တစၹကၠ ခ်စ္ရတဲ့သူ။လြန္ဆြဲေနတဲ့ အေျခအေနမွာ အားနည္းသူဘက္ကို ပိုၿပီး စိတ္ပူမိေနတာ ျဖစ္သင့္သည့္အေနအထားလို႔ဆိုရေပမည္။
"ကြၽန္ေတာ္...သမီးဆီ လိုက္သြားမယ္''
"ေအးကြာ...ကူညီပါဦး ကိုထက္ရယ္။အကိုလည္း မင္းသူငယ္ခ်င္းကို ၾကည့္ၿပီး ဘာလုပ္ရမွန္းမသိေတာ့ဘူး။မျဖစ္ႏိုင္တာကို ေတာင္းဆိုခဲ့တဲ့ ဖိုးဖိုးကိုပဲ အျပစ္တင္ခ်င္ေတာ့တယ္''
"ေသၿပီးတဲ့လူကိုလည္း အျပစ္တင္မေနပါနဲ႔ေတာ့ အကိုရာ။ကြၽန္ေတာ္ ဒီရက္ထဲပဲ ဘန္ေကာက္ကိုလိုက္သြားမယ္''
"ေအးပါ....ေက်းဇူးကြာ ငါ့ညီရာ''
ငါက မင္းအတြက္ လူျဖစ္လာတဲ့ေကာင္ပါ...မိုးအရိပ္ရာ။မင္း စိတ္ခ်မ္းသာဖို႔အေရး ငါ ဖႏၱီးရမြာေပါ့ကြာ။
#
သမီးမ်က္ႏွာကို ၾကည့္ေတာ့လည္း အရိပ္ႏွင့္ သိပ္မကြာ။မေတြ႔ရသည့္ အေတာအတြင္း ပိန္က်သြားလိုက္ပံုမ်ား။ဒီသားအဖႏွစ္ေယာက္ကေတာ့ ကိုယ့္ကိုယ္ကိုယ္ ႏွိပ္စက္တာေတာင္ တူလြန္းလွ၏။
"အန္ကယ္ေက်ာ္....''
"အင္း..သမီး ေနေကာင္းရဲ႕လား. ပိႏ္ၾသားလိုကၱာ''
သမီးက ျပံဳးရံုသာ ျပံဳးျပၿပီး ထက္ေအာင္ေက်ာ္ဆီက စကားတစ္ခ်ိဳ႕ကို ေမ်ွာ္လင့္ေနပံုရသည္။အရိပ္အေၾကာင္း သိခ်င္တယ္ ထင္ပါရဲ႕။ဟင့္အင္း ...မေျပာေသးဘူး။ညည္း ပါးစပၠ ထုတ္မေမးမခ်င္း အန္ကယ္ေက်ာ္ မေျပာဘူး...။
"သမီးေမြးေန႔ေရာက္ေတာ့မယ္ဆို''
"အင္း...ဟုတ္တယ္...အန္ကယ္ေက်ာ္ မွတ္မိတာလား''
"ဟား...မွတ္မိတာေပါ႔သမီးရ။အဲ့ဒါေၾကာင့္ အန္ကယ္ေက်ာ္က လက္ေဆာင္လာေပးတာ။ၿပီးေတာ့ သမီး ျကီးႀကီးက ေမြးေန႔ လုပ္ေပးမွာဆို''
ဟိုမွာကတည္းက မိုးအရိပ္ဆီကတဆင့္ ၾကားလာၿပီးျဖစ္သလို ဒီေရာက္ေတာ့လည္း လုပ္ထားတဲ့အစီအစဥ္ေတြကို ကိုအာကာကေျပာျပလာသည္။သမီးကိုၾကည့္ရတာစိတ္ပင္ပန္းေနပံုရတာမို႔ စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ ေမြးေန႔ပါတီေလးလုပ္ေပးၾကပံုပါပဲ၊
"ဘာလက္ေဆာင္ ေပးမွာလဲ''
"ဘယ္ေျပာမလဲ...supriseေပါ့''
"ဟား....အန္ကယ္ေက်ာ္ေနာ္''
"ကိုထက္ လာမြပဲ...ငါ့သမီး ျပံဳးတာ ျမင္ရေတာ့တယ္''
သမီးမ်က္ႏွာ တည္သြားျခင္းက ငါ့သမီးဆိုေသာစကားအသံုးအႏူန္းေၾကာင့္မ်ားလား။ဒီကေလးစိတ္ထဲ ဘာေတြမ်ား႐ွိေနသလဲ ေတြးရခက္လွသည္။
"ငယ္ေလး ဘယ္လိုေနေသးလဲ...ကိုထက္''
"ကြၽန္ေတာ္လာတဲ့အထိ မႏိုးလာေသးဘူး''
ေျပာၿပီးသည္ႏွင့္ သမီးမ်က္ႏွာကိုပါ တစ္ဆက္တည္းအကဲခတ္လိုက္ေတာ့ ပူပန္မႉတခ်ိဳ႕ ႐ွပ္ေျပးသြားေၾကာင္း သတိထားလိုက္မိသည္။
"သမီးက မင္းကိုမမုန္းပါဘူး မိုးအရိပ္ရာ၊ခဏေလးေတာင့္ခံထားပါ။သမီးျပန္လာမွာပါ''
#
ႀကီးႀကီးဝယ္ေပးသည့္ ဂါဝန္အျဖဴေလးကို ဝတ္ဆင္အၿပီး မိုးရိပ္ပထမဆံုးသတိရမိသူက ပါးပါးျဖစ္သည္။မိုးရိပ္ရဲ႕ေမြးေန႔တိုင္းမွာ ပံုစံမတူေသာ ဂါဝန္အျဖဴေလးေတြကို ဝယ္ေပးတတ္ၿပီး မိုးရိပ္မလိုက္သြားရင္ေတာင္ ကြက္တိျဖစ္တဲ့အထိ ပါးပါးကမွန္းမိသည္။ႀကီးႀကီးနဲ႔ေျခေညာင္းခံထြက္ၿပီး ဝယ္ထားရသည့္ဒီဂါဝန္ကေတာ့ ကိုယ္တိုင္ေရြးယူလာရတာေတာင္ စိတ္တိုင္းကမက်ခ်င္။တကယ္ဆို ဒီလိုေန႔မ်ိဳးမွာေတာ့ မိုးရိပ္ဆီကိုပါးပါးဖုန္းဆက္သင့္သည္မဟုတ္လား။စကားမေျပာႏိုင္ေအာင္ပင္ ေနမေကာင္းျဖစ္ေနျခင္းလား။
"သမီး...ဆင္းလာေတာ့ေလ''
အန္ကယ္ေက်ာ္ ေခၚတဲ့ေနာက္ လိုက္လာရင္း ျခံဝန္းထဲ ေရာက္ေတာ့ မီးေရာင္စံုျဖင့္ တလက္လက္ေတာက္ပေနသည္ကို ေတြ႔လိုက္ရသည္။ပန္းေတြကို ေနရာအႏွံ႔ ၾကဲခ်ထားသလို ျခံဝန္းအလယ္က projectorေပၚမွာလည္း မိုးရိပ္နာမည္ႏွင့္အတူ ေမြးေန႔ဆုေတာင္းစာက လွလွပပေနရာယူထား၏။ထိုေနရာႏွင့္ ခပ္လွမ္းလွမ္းမွာက မိုးရိပ္စိတ္ႀကိဳက္ေရြးခ်ယ္ထားေသာ ၃ဆင့္ကိတ္။
"ဟား...ငါ့မမက လြလိုကၱာၾကာ''
"ဒါေပါ့....ေမ့သားသမီးေတြက အကုန္အေခ်ာေတြ ခ်ည္းပဲေလ...''
အငယ္ေကာင္စကားကို ႀကီးႀကီးက ေထာက္ခံသည္။ေမ့သားသမီးဆိုတဲ့ အသံုးအႏႈန္းနဲ႔ အတူ မိဳးရိပ္လက္ကိဳပါေႏြးေႏြးေထြးေထြး ဆုပ္ကိုင္ေပးထားေပမဲ့ ဒီေအနအထားကို မိုးရိပ္က်င့္သားမရ။ၿပီးေတာ့ မိုးရိပ္ေခ်ာတယ္ဆိုတာလည္း ပါးပါးနဲ႔အလံုးစံုနီးပါးတူေနလို႔ဟုသာ မိုးရိပ္လက္ခံႏိုင္သည္။
"သမီးေလး...ႀကီးႀကီးျပင္ဆင္ထားေပးတာ သေဘာက်ရဲ႕လား။၁၅ႏွစ္လံုးမွာ ပထမဆံုး လုပ္ေပးရတဲ့ ေမြးေန႔ေလးမို႔ အေကာင္းဆံုး လုပ္ေပးထားခဲ့ေပမဲ့ သမီး စိတ္တိုင္းက်ရဲ႕လားဟင္.''
ခမ္းနားပါသည္။လွပပါသည္ ။သို႔ေပသိ..ပါးပါးမပါဝင္သည့္ေမြးေန႔မို႔ စိတ္ထဲအလိုမက်ျဖစ္မိတာေတာ့ အမွန္။အသိမိတ္ေဆြ အခ်ိဳ႕ပါ ဖိတ္ထားသည့္အတြက္ ျခံဝန္းထဲလူစည္ေနေသာ္လည္း မိသားစု၃ေယာက္တည္းက်င္းပခဲ့ရသည့္ေမြးေန႔ေလာက္ ေပ်ာ္စရာေကာင္းမေန။
"ဟာ....''
႐ုတ္တရက္ဆိုသလို ေမွာင္က်သြားၿပီး မိုးရိပ္ရဲ႕ပခံုးေပၚကို လက္တစ္ဖက္ေရာက္႐ွိလာသည္။ပါးပါးမ်ားေရာက္လာသလားလို႔ ျဖစ္ခ်င္သည့္ဆႏၵအတိုင္းေတြးမိလိုက္ေပမဲ့ ခ်ဳပ္႐ိုးရာေတြမစမ္းမိေတာ့ ေတြးသမ်ွ သဲထဲေရသြန္ျဖစ္သြားရ၏။
"ေ႐ွ႕ကိုၾကည့္...သမီး.. ဒါ အန္ကယ္ေက်ာ္ရဲ႕လက္ေဆာင္''
မိုးရိပၷားကို တိုးကပ္ရင္းေျပာလာသည့္စကားသံတိုးတိုး။ၿပီးေနာက္ မိုးရိပ္၏ ခႏၶာကိုယ္ တစ္ဖက္လွည့္သြားၿပီး တျဖည္းျဖည္းလင္းလာေသာ projectorႏွင့္မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားသည္။အလင္းတန္းႏွင့္အတူ လႈပ္႐ွားသက္ဝင္လာေသာ ပံုရိပ္အခ်ိဳ႕။
"မနက္ခင္းပြင့္တဲ့..ပန္းကေလးထက္ကို ပိုေမႊးတာ..ခ်စ္သမီးေလးရဲ႕.ပါးႏုႏုေလးေတြမွာ....
ငွက္ကေလးမ်ားရဲ႕ ေတးခ်င္းထက္ကို ခ်ိဳျမတာ..ခ်စ္သမီးေလးရဲ႕...စကားေလးမ်ား ၾကားစဥ္အခါ...''
မိုးရိပ္ရဲ႕ငယ္ဘဝမွာညအိပ္ခါနီးတိုင္းၾကားေလ့႐ွိေသာ သီခ်င္း၊ပါးပါးမဆိုျပရင္ေတာင္ ဒီသီခ်င္းမၾကားရမခ်င္း မအိပ္ဘဲေနခဲ့သည္အထိ မိုးရိပ္ႏွစ္ၿခိဳက္ခဲ့သည္။
"ကမၻာႀကီးထဲ ဘယ္လိုဘယ္အရာမွ ႏိႈင္းမရ...ရင္ထဲက..ရတနာတစ္ပါး.....''
သီခ်င္းႏွင့္အတူ ေရြ႕လ်ားေနေသာ ဓာတ္ပံုေလးေတြမွာ အမ္ားစုက ပါးပါးႏွင့္ကေလးငယ္ေလး။အႏွီးထုတ္ေလးျဖင့္ကေလးေလးကို ခ်ီေပြ႔ထားရင္း ျပံဳးရက္ငံု႔ၾကည့္ေနေသာ ပါးပါး။လက္ကိုအသံုးျပဳၿပီး ယုန္သဖြယ္နားရြက္ေထာင္ျပေနသည့္ပါးပါးႏွင့္ သြားမ႐ွိေသာသြားဖံုးရဲရဲေလးေတြေပၚသည္အထိ ရယ္ေမာေနခဲ့သည့္ ကေလးေလး။
"အို....အနက္႐ိႈက္ဆံုး...ခ်စ္ေမတၱာတရား....သမီးေလးသာ ဖန္ဆင္းေပးႏိုင္ခဲ့တာ....ရင္မွာ...စိမ့္စမ္းေရအလား..စီးဆင္းေန..ဒီေမတၱာ...ထာဝရ.... သမီးေလး..အတြက္ပါ....''
ပါးပါးရဲ႕ လက္ေခ်ာင္းေလးမ်ားကို ကိုင္ဆြဲရင္း လမ္းေလ်ွာက္သင္ေနေသာ ကေလးငယ္။ ေျပးေနေသာ ကေလးငယ္ေလးေနာက္ ရယ္ေမာရင္း လိုက္ဟန္ျပဳေနေသာ ပါးပါး။
"အလွဆံုး အျပံဳးေလးမ်ား ႏူးညံ႔တဲ့ ႏႈတ္ခမ္းေပၚမွာ....ခ်စ္သမီးေလး အျမဲတမ္း..သိမ္းပိုက္ခြင့္ရေစသား...''
ပံုတိုင္းမွာ ရယ္ေမာေနေသာ ကေလးငယ္ေလးက မိုးရိပ္သာျဖစ္သည္။ေမြးကင္းစအရြယ္နီတာရဲမွစလို႔ ယခုထိ မိုးရိပ္အတြက္အျပံဳးေတြ ဖန္ဆင္းေပးႏိုင္ခဲ့တာ ပါးပါး ပါပဲလား။
"ဘာမဆို ရင္ဆိုင္ကာ တိုက္ခိုက္ဖို႔ အသင့္အေနအထား...ေပ်ာ္ရႊင္ပါေစ တစ္သက္လံုး သမီးေလးရဲ႕ ကမၻာ....''
ဘယ္ေတာ့မဆို မိုးရိပ္ေ႐ွ႕က ကာကြယ္ခဲ့ေသာ ပါးပါး။မိုးရိပ္အတြက္ဆို ဘယႅိုအရာပဲ ျဖစ္ျဖစ္ ျဖည့္ဆည္းေပးခဲ့ေသာပါးပါး။
"အို...သမီးအတြက္..အရာရာခံယူရဲခဲ့ၿပီး...အို...ႏွလံုးသား..ရတနာတစ္ပါး....''
ကေလးငယ္ေလးက တစ္ျဖည္းျဖည္း အရြယ္ေရာက္လာေပမဲ့ ပါးပါးရဲ႕ အျပံဳးေတြကေတာ့ မေျပာင္းလဲ။ျပီးခဲ့သည့္ ၁၅ႏွစ္တာ ကာလအတြင္း ပါးပါးနဲ႔အတူ ျဖတ္သန္းခဲ့တဲ့ ပံုရိပ္ေတြ ပါးပါးရဲ႕စကားသံေတြ ၊ပါးပါးရဲ႕ အျပံဳးေတြ၊ပါးပါးနွင္႕ပတ္သက္သမ်ွ အရာအားလံုးကို မ်က္စိေ႐ွ႕ အကုန္ျမင္ေနရတာမို႔ပါးပါးကို လြမ္းတဲ့စိတ္က မထိန္းႏိုင္ေတာ့။မႏွစ္က ေမြးေန႔မွာ ပါးပါးရယ္ေဖရယ္မိဳးရိပ္ရယ္ ဦးထုပ္ပိစိေလးကိုယ္စီေဆာင္းၿပီး ပါးျပင္ထက္ ကိတ္မုန္႔ေတြ ပရပြျဖင့္ အားရပါးရ ရယ္ေနေသာ ျမင္ကြင္းေလးျဖင့္ လႈပ္႐ွားေနေသာပံုရိပ္တို႔က အဆံုးသတ္သြားခဲ့ေလၿပီ။ထို႔ေနာက္...
"Happy Birthday ပါ သမီးေလး''
ဖ္တၡနဲ ျပန္အလင္းမွာ ေပၚလာေသာ ပါးပါးပံုရိပ္။ပါးပါးမ်က္ႏွာေလးေခ်ာင္က်ၿပီး လက္ေမာင္းလံုးေလးကအစ ပိႏ္ၾသားတာ အေတာ္ကိုသိသာသည္။
"သမီးေလးရဲ႕ ယခုေမြးေန႔မွ စလို႔ ဘဝတစ္ေလ်ွာက္လံုး အလွဆံုးအျပံဳးေလးေတြကိုသာ ပိုင္ဆိုင္ရပါေစ။ပါးပါး ခ်စ္တဲ့သမီး အျမဲတမ္း စိတ္ခ်မ္းသာကိုယ္က်န္းမာစြာနဲ႔ ဘဝခရီးလမ္းကို ျဖတ္သန္းႏိုင္ပါေစ''
မ်က္ႏွာတစ္ခုလံုး ေခ်ာင္က်ၿပီး ျဖဴေဖ်ာ့ေနေပမဲ႕ပါးပါးရဲ႕ အျပံဳးေတြကေတာ့ ေတာက္ပေနဆဲ...။ခပ္လွမ္းလွမ္းက ပါးပါး မ်က္ႏွာျပင္ကို မွန္းဆကိုင္ၾကည့္ေနခိုက္ ျခံဝန္းတစ္ခုလံုး ျပန္လင္းလာၿပီး ပါးပါးပံုရိပ္သည္လည္း ေပ်ာက္သြားခဲ့ေခ်ၿပီ။
"အန္ကယ္ေက်ာ္ရဲ႕လက္ေဆာင္ကိုသေဘာက်ရဲ႕လား သမီး''
အခါခါေခါင္းညိတ္မိေနေသာ မိုးရိပၠို အန္ကယ္ေက်ာ္က ျပံဳးကာၾကည့္လာရင္း ပါးျပင္ထက္ကမ်က္ရည္ေတြကိုပါ ဖြဖြသုတ္ေပးလာေလသည္။
"သမီး...သမီး...ပါးပါးဆီ ျပန္ခ်င္တယ္။ပါးပါးဆီ လိုက္ပို႔ပါ''
ခုခ်ိန္မွာ ပါးပါးဆီ ျပန္ခ်င္တာသာ မိုးရိပ္ သိသည္။ပါးပါးကိုလြမ္းသည့္စိတ္ေတြကို ခုထကၸို၍ မေတာင့္ခံႏိုင္ေတာ့။
"ျပန္ရပါ့မယ္ သမီးရယ္။ခုေတာ့ ကိတ္မုန္႔ခြဲရေအာင္ေလ..ေနာ္။မနက္ျဖန္ မိုးလင္းတာနဲ႔ ပါးပါးဆီျပန္ၾကမယ္''
မနက္အထိေတာင္ မေစာင့္ခ်င္ေတာ့တာအမွန္ဆိုေပမဲ့ ပထမဆံုးလုပ္ေပးရသည့္ေမြးေန႔အတြက္ မ်ားစြာအကုန္အက်ခံထားရေသာ ႀကီးႀကီးကိုေတာ့ အားနာရေပမည္။
#
ေလဆိပ္ကို ႀကီးႀကီးတို႔မိသားစုက လိုက္ပို႔ေပးၿပီး အငယ္ေကာင္ကေတာ့ လိုက္ခ်င္ေန၍ ရန္ကုန္အေၾကာင္းစကားစလို႔မဆံုး။
"မမ....ေမာင္ေလးလာလည္မယ္ေနာ္''
"အင္း...လာခဲ့လာခဲ့။မမ အကုန္လိုက္ပို႔ေပးမယ္.''
စစခ်င္း အေနစိမ္းေနေပမဲ့ ယခုေတာ့ မိုးရိပ္ စိတ္ေတြ ၾကည္လင္ေနၿပီမို႔ အငယ္ေကာင္ကိုလည္း စိတ္လိုလက္ရ ႏႈတ္ဆက္မိသည္။ျပံဳးေနေပမဲ့ မသိမသာ မ်က္ရည္ဝိုင္းေနေသာ ႀကီးႀကီးကို မိုးအရိပ္ လွမ္းဖက္လိုက္ၿပီး...
"သမီးကို ဂ႐ုစိုက္ေပးခဲ့လို႔ ေက်းဇူးတင္ပါတယ္..ႀကီးႀကီး။သမီးအတြက္ ပါးပါးကသာ ေအမ ျဖစ္ေနခဲ့တာမို႔ ျကီးႀကီးကို ေမေမလို့ မေခၚႏိုင္တာ ခြင့္လႊတ္ပါေနာ္။သမီးအတြက္ ေအမက ပါးပါးတစ္ေယာက္တည္းပါပဲ။ႀကီးႀကီးေျပာခဲ့သလို ေသြးသားေတာ္စပ္မႈက အေရးမႀကီးဘူးဆိုတာ သမီးသိသြားပါၿပီ။သမီးနဲ႔ အဆက္အသြယ္မျဖတ္ပါနဲ႔..မၾကာခဏ ေတြ႔ၾကရေအာင္ေနာ္''
"ေအးပါ...သမီးေလးရယ္ ေအးပါ။ရပါျပီ။ႀကီးႀကီးကို ခုေလာက္ထိ ခ်စ္ေပးတာနဲ႔တင္ ႀကီးႀကီးက ေက်နပ္ၿပီ။သမီးပါးပါးကိုသာ ဂ႐ုစိုက္လိုက္ေနာ္။သမီးပါးပါးရဲ႕ သမီးအေပၚထားတဲ့ ေမတၱာက ႀကီးႀကီးေတာင္ မယွဥ္ႏိုင္ပါဘူး သမီးေလးရယ္''
ႀကီးႀကီးရဲ႔ မ်က္ရည္ေတြကို သုတ္ေပးျပီးေနာက္ အငယ္ေကာင္လက္ထဲက ေက်ာပိုးအိတ္ကိုပါ လက္လြဲွယူလိုက္သည္။
"ႀကီးႀကီး ဦးအာကာ အငယ္ေလး.. ကိုယ္ သြားေတာ့မယ္ေနာ္။အငယ္ေလး လာျဖစ္ေအာင္လာခဲ့ေနာ္။.မမေစာင့္ေနမယ္''
"ဟုတ္ကဲ့.. မမ.''
"....''
ဝင္မယ္လုပ္မွ ဖုန္းျမည္လာတာေၾကာင့္ အန္ကယ္ေက်ာ္ဆီက အိတၠို သယ္ေပးထားလိုက္သည္။ႀကီးႀကီးျပန္ဝယ္ထည့္ေပးတာေတြနဲ႔ အန္ကယ္ေက်ာ္လက္ထဲ ျပည့္ေနေတာ့ဖုန္းကိုင္ဖို႔ပင္မအား။
"ဘာရယ္...ဟို...ကြၽန္ေတာ္တို႔ ခု ျပန္လာေနၿပီ အကို။ဟုတ္ သမီးလည္း ပါတယ္။ဟုတ္ကဲ့..ဟုတ္ကဲ့။ေလယာဥ္က ခေဏန ထြက္မွာပါ''
အန္ကယ္ေက်ာ္ရဲ႕ ျပဴးျပဴးျပာျပာ စကားေၾကာင့္ မိုးရိပ္တင္မက ႀကီးႀကီးတို႔အၾကည့္ေတြပါ အန္ကယ္ေက်ာ္ဆီ စုျပံဳေရာက္လာသည္။
"ဘာလို႔လဲ...ကိုထက္''
"ဟို....မိုးအရိပ္ သတိလစ္သြားလို႔ အေရးေပၚတင္လိုက္ရတယ္တဲ့''
"ဟာ...မေန႔ကအထိ အေကာင္း မဟုတ္လား''
"ဟုတ္တယ္...ဒီေန႔ဆို ဆင္းေတာ့မယ္ေတာင္ ထင္တာ ျပီးေတာ့ သမီးျပန္လာမွာ ကြၽန္ေတာ္ မေျပာလိုက္မိဘူး။ဟိုေရာက္မွ အံ႔ၾသေအာင္ဆိုၿပီး ေနလိဳက္တာ။ဟာဗ်ာ..ကြၽန္ေတာ္ ေျပါ လိုက္ရင္ေကာင္းသား''
"ကဲ...သြားသြား။ဟိုေရာက္ရင္ အက်ိဳးအေၾကာင္းျပန္ေျပာ။သမီး စိတ္မပူနဲ႔ေနာ္။ဘာမွမျဖစ္ဘူး သိလား။သမီးပါးပါး ဘာမွမျဖစ္ဘူး။ကိုထက္ ကေလးကို ဂ႐ုစိုက္ေနာ္''
ႀကီးႀကီးစကားကို ေခါင္းညိတ္အေျဖေပးၿပီး ေခြယိုင္လဲခ်င္ေနသည့္ ေျခေထာက္တစ္စံုကိုပါထိန္းမတ္လိုက္သည္။ပါးပါးကို ေတာင္းပန္ဖို႔ ျမန္မါျပည္ကို အျမန္ျပန္ေရာက္ခ်င္ေနၿပီ။ပါးပါးသာတစ္ခုခုျဖစ္သြားလ်ွင္ ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္လို႔ဆံုးမွာမဟုတ္သလို မိုးအရိပ္ေၾကာင့္ဆိုတဲ့စိတ္နဲ႔ တစ္သက္လံုး ယူၾကံဳးမရ ေနသြားရေတာ့မွာပင္။
"သမီးျပန္လာေနပါၿပီ ပါးပါးရယ္။ခဏေလးပါေနာ္ ခေဏလးပါ''
#
Unicode
မိုးရိပ္ကို လန့်နိုးစေသည်အထိ အိမ်မက်ကဆိုးလွန်းလှသည်။ဘယ်လိုမှ ပြန်အိပ်မရတော့သည့်အဆုံး ခြံထဲကိုသာ အသာလေးဆင်းလာခဲ့လိုက်သည်။တစ်အိမ်လုံးအိပ်နေပြီဆိုပေမဲ့ ခြံထဲက မီးအရောင်ကတော့ ထိန်လင်းနေဆဲ။
"မောင်....''
ကြားလိုက်ရသော စကားသံတိုးတိုးက ကြီးကြီးအသံမှန်းချက်ချင်း သိလိုက်တာမို့ ခြံထဲဆင်းလက်စခြေလှမ်းတွေကို ရပ်တန့်လိုက်သည်။တံခါးအကွယ်ကနေ လှမ်းမြင်နေရသည့်အနေအထားမှာ ကြီးကြီးတစ်ယောက်တည်းမဟုတ်ဘဲ ဦးအာကာပါရှိနေလေ၏။
"ငယ်လေး...တော်တော်ကို နေမကောင်းနေဘူး''
မနေ့ကအထိတောင် ကြီးကြီးနဲ့ဖုန်းပြောမပြတ်သော ပါးပါးက နေမကောင်းဘူးတဲ့လား။ဒီကိုမိုးရိပ်လာတဲ့နေ့အထိ ဆေးရုံမဆင်းရသေးသော ပါးပါးက လုံးဝမသက်သာသေးတာတော့ မဖြစ်နိုင်လောက်ဘူးလေ။ဒီအတောအတွင်း ဘာတွေထပ်ဖြစ်နေသေးပါလိမ့်။
"မောင့်ကိုလည်း ပြောတယ်။မနေ့ညက တအားမောလာလို့ ဆေးရုံ ပြန်တင်လိုက်ရတယ်တဲ့။မမကလည်း မရှိတော့ တည်တံ့လည်း အားငယ်နေမှာ မမရယ်။''
"မမတို့ မြန်မာပြည် ပြန်ကြမလားဟင်. မောင်..ဒီလိုနဲ့ ငယ်လေး တစ္ခုခု ဖြစ်မှာစိုးတယ်။''
ပါးပါးက အခြေအနေ အရမ်းဆိုးနေတာလား။အရင်ကတည်းက ပါးပါးနေမကောင်းဖြစ်ပြီဆို တော်တော်နဲ့ မသက်သာတတ္တာ မိုးရိပ် အသိမို့ ပါးပါးတစ်ခုခုဖြစ်သွားမှာမျိုး မိုးရိပ် လက်မခံနိုင်ပေ။အမှန်အတိုင်းပြောရရင် လိမၳားရမလားဆိုသောစိတ်ကြောင့်သာ ပါးပါးကိုစိတ်ဆိုးခဲ့ပေမဲ့ ဘယ်အချိန်များလာချော့မလဲ မျှော်နေခဲ့မိတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံး။ဘယ်လောက်ပဲမတွေ့ချင်ပါဘူးပြောပြော အတင်းအကျပ်လာတွေ့လိမ့်မယ်ပဲ ထင်ခဲ့တာလေ။ခုတော့ မိုးရိပ်ကြောင့် ပါးပါးနေမကောင်းဖြစ်နေတာတဲ့လား။
"သမီးကို လာချော့ပါဦး ပါးပါးရယ်''
#
နာကျင်နေတာမမြင်ရက်ပါဘူးဆိုကာမှ ဒဏ်ရာဒဏ်ချက်တွေပဲ ပြနေသည့် ချစ်ရသူကို အပြစ်မတင်ရက်။ဆေးရုံပြန်တင်လိုက်ရတယ်ဆိုတဲ့ အကြောင်းကြားစာ တစ်ခုနဲ့တင် မိုးအရိပ္ဆီ သူ အပြေးပြန်လာခဲ့မိသည်။နဂိုကမှ သေးကွေးသည့် ခန္ဓာကိုယ်လေးက ယခု အရိုးပေါ် အရေတင်။
"ဘယ်လိုလုပ်ကြမလဲ...အကို''
"ငါလည်း မသိတော့ဘူး ကိုထက်ရယ်။သမီးကလေ ငါ့သွေးဆိုပေမဲ့ အရိပ် ချစ်သလောက်တောင် ချစ်ခဲ့ရဲ့လား မသေချာဘူး။ခုချိန်မှာ အရိပ် လိုအပ်နေတာ သမီး။အစေကတာ့ သမီးကို ရက်ပိုင်းလောက်နဲ့ ပြန်လာမယ်ထင်ပြီး သူ သည်းခံနေသေးတယ်။ခု ကျောင်းတောင်ဖွင့်ခါနီးနေပြီဆိုတော့ ပြန်မလာတော့ပါဘူးဆိုပြီး စိတ်ကိုလျှော့ချပစ်လိုက်တာ ဖြစ်မှာ။''
ဒီလောက်ထိ သံယောဇဉ်တွယ်စရာလိုလို့လား...မိုးအရိပ်ရာ။မင်းတစ်ယောက်နဲ့တော့ ခက်တော့တာပါပဲ။
"အကို...သမီးနဲ့ စကားပြောဖြစ်လား.''
"မပြောဖြစ်ဘူး။ပြောလည်းမပြောချင်ဘူး။ဒီလောက်ထိ သူ့အပေါ် ကောင်းပေးခဲ့တာကို ဘာတွေဘယ်လို လိုအပ်နေလို့ သူက စိတ်ဆိုးရသလဲကွာ။မင်းတွေးကြည့် ကိုထက်။ငါသာ အရိပ်နေရာမှာဆို..သူ ခုလောက်အချစ်ခံရမှာ မဟုတ်ဘူး။ငါလည်း မချစ်လို့တော့ မဟုတ်ပေမဲ့ ခုလိုလုပ်ချင်တာလုပ်နေတာကိုတော့ စိတ်ဆိုးတယ်။တကယ်ဆို... သူ...ဒီအေဖ မျက်နှာကို ကြည့်သင့်တယ်လေ။၁၅နှစ်ဆိုတဲ့အရွယ်မှာ မင်းတို့ ငါတို့ သူ့လို သက်တောင့်သက်သာ နေရတာမို့လို့လား''
တစ္ဖက္က သမီး။တစ္ဖက္က ချစ်ရတဲ့သူ။လွန်ဆွဲနေတဲ့ အခြေအနေမှာ အားနည်းသူဘက်ကို ပိုပြီး စိတ်ပူမိနေတာ ဖြစ်သင့်သည့်အနေအထားလို့ဆိုရပေမည်။
"ကျွန်တော်...သမီးဆီ လိုက်သွားမယ်''
"အေးကွာ...ကူညီပါဦး ကိုထက်ရယ်။အကိုလည်း မင်းသူငယ်ချင်းကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိတော့ဘူး။မဖြစ်နိုင်တာကို တောင်းဆိုခဲ့တဲ့ ဖိုးဖိုးကိုပဲ အပြစ်တင်ချင်တော့တယ်''
"သေပြီးတဲ့လူကိုလည်း အပြစ်တင်မနေပါနဲ့တော့ အကိုရာ။ကျွန်တော် ဒီရက်ထဲပဲ ဘန်ကောက်ကိုလိုက်သွားမယ်''
"အေးပါ....ကျေးဇူးကွာ ငါ့ညီရာ''
ငါက မင်းအတွက် လူဖြစ်လာတဲ့ကောင်ပါ...မိုးအရိပ်ရာ။မင်း စိတ်ချမ်းသာဖို့အရေး ငါ ဖန္တီးရမွာပေါ့ကွာ။
#
သမီးမျက်နှာကို ကြည့်တော့လည်း အရိပ်နှင့် သိပ်မကွာ။မတွေ့ရသည့် အတောအတွင်း ပိန်ကျသွားလိုက်ပုံများ။ဒီသားအဖနှစ်ယောက်ကတော့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တာတောင် တူလွန်းလှ၏။
"အန်ကယ်ကျော်....''
"အင်း..သမီး နေကောင်းရဲ့လား. ပိန်သြားလိုက္တာ''
သမီးက ပြုံးရုံသာ ပြုံးပြပြီး ထက်အောင်ကျော်ဆီက စကားတစ်ချို့ကို မျှော်လင့်နေပုံရသည်။အရိပ်အကြောင်း သိချင်တယ် ထင်ပါရဲ့။ဟင့်အင်း ...မပြောသေးဘူး။ညည်း ပါးစပ္က ထုတ်မမေးမချင်း အန်ကယ်ကျော် မပြောဘူး...။
"သမီးမွေးနေ့ရောက်တော့မယ်ဆို''
"အင်း...ဟုတ်တယ်...အန်ကယ်ကျော် မှတ်မိတာလား''
"ဟား...မှတ်မိတာပေါ့သမီးရ။အဲ့ဒါကြောင့် အန်ကယ်ကျော်က လက်ဆောင်လာပေးတာ။ပြီးတော့ သမီး ကြီးကြီးက မွေးနေ့ လုပ်ပေးမှာဆို''
ဟိုမှာကတည်းက မိုးအရိပ်ဆီကတဆင့် ကြားလာပြီးဖြစ်သလို ဒီရောက်တော့လည်း လုပ်ထားတဲ့အစီအစဉ်တွေကို ကိုအာကာကပြောပြလာသည်။သမီးကိုကြည့်ရတာစိတ်ပင်ပန်းနေပုံရတာမို့ စိတ်ပြေလက်ပျောက်ဖြစ်အောင် မွေးနေ့ပါတီလေးလုပ်ပေးကြပုံပါပဲ၊
"ဘာလက်ဆောင် ပေးမှာလဲ''
"ဘယ်ပြောမလဲ...supriseပေါ့''
"ဟား....အန်ကယ်ကျော်နော်''
"ကိုထက် လာမြပဲ...ငါ့သမီး ပြုံးတာ မြင်ရတော့တယ်''
သမီးမျက်နှာ တည်သွားခြင်းက ငါ့သမီးဆိုသောစကားအသုံးအနူန်းကြောင့်များလား။ဒီကလေးစိတ်ထဲ ဘာတွေများရှိနေသလဲ တွေးရခက်လှသည်။
"ငယ်လေး ဘယ်လိုနေသေးလဲ...ကိုထက်''
"ကျွန်တော်လာတဲ့အထိ မနိုးလာသေးဘူး''
ပြောပြီးသည်နှင့် သမီးမျက်နှာကိုပါ တစ်ဆက်တည်းအကဲခတ်လိုက်တော့ ပူပန်မှူတချို့ ရှပ်ပြေးသွားကြောင်း သတိထားလိုက်မိသည်။
"သမီးက မင်းကိုမမုန်းပါဘူး မိုးအရိပ်ရာ၊ခဏလေးတောင့်ခံထားပါ။သမီးပြန်လာမှာပါ''
#
ကြီးကြီးဝယ်ပေးသည့် ဂါဝန်အဖြူလေးကို ဝတ်ဆင်အပြီး မိုးရိပ်ပထမဆုံးသတိရမိသူက ပါးပါးဖြစ်သည်။မိုးရိပ်ရဲ့မွေးနေ့တိုင်းမှာ ပုံစံမတူသော ဂါဝန်အဖြူလေးတွေကို ဝယ်ပေးတတ်ပြီး မိုးရိပ်မလိုက်သွားရင်တောင် ကွက်တိဖြစ်တဲ့အထိ ပါးပါးကမှန်းမိသည်။ကြီးကြီးနဲ့ခြေညောင်းခံထွက်ပြီး ဝယ်ထားရသည့်ဒီဂါဝန်ကတော့ ကိုယ်တိုင်ရွေးယူလာရတာတောင် စိတ်တိုင်းကမကျချင်။တကယ်ဆို ဒီလိုနေ့မျိုးမှာတော့ မိုးရိပ်ဆီကိုပါးပါးဖုန်းဆက်သင့်သည်မဟုတ်လား။စကားမပြောနိုင်အောင်ပင် နေမကောင်းဖြစ်နေခြင်းလား။
"သမီး...ဆင်းလာတော့လေ''
အန်ကယ်ကျော် ခေါ်တဲ့နောက် လိုက်လာရင်း ခြံဝန်းထဲ ရောက်တော့ မီးရောင်စုံဖြင့် တလက်လက်တောက်ပနေသည်ကို တွေ့လိုက်ရသည်။ပန်းတွေကို နေရာအနှံ့ ကြဲချထားသလို ခြံဝန်းအလယ်က projectorပေါ်မှာလည်း မိုးရိပ်နာမည်နှင့်အတူ မွေးနေ့ဆုတောင်းစာက လှလှပပနေရာယူထား၏။ထိုနေရာနှင့် ခပ်လှမ်းလှမ်းမှာက မိုးရိပ်စိတ်ကြိုက်ရွေးချယ်ထားသော ၃ဆင့်ကိတ်။
"ဟား...ငါ့မမက လွလိုက္တာကြာ''
"ဒါပေါ့....မေ့သားသမီးတွေက အကုန်အချောတွေ ချည်းပဲလေ...''
အငယ်ကောင်စကားကို ကြီးကြီးက ထောက်ခံသည်။မေ့သားသမီးဆိုတဲ့ အသုံးအနှုန်းနဲ့ အတူ မိုးရိပ်လက်ကိုပါနွေးနွေးထွေးထွေး ဆုပ်ကိုင်ပေးထားပေမဲ့ ဒီအေနအထားကို မိုးရိပ်ကျင့်သားမရ။ပြီးတော့ မိုးရိပ်ချောတယ်ဆိုတာလည်း ပါးပါးနဲ့အလုံးစုံနီးပါးတူနေလို့ဟုသာ မိုးရိပ်လက်ခံနိုင်သည်။
"သမီးလေး...ကြီးကြီးပြင်ဆင်ထားပေးတာ သဘောကျရဲ့လား။၁၅နှစ်လုံးမှာ ပထမဆုံး လုပ်ပေးရတဲ့ မွေးနေ့လေးမို့ အကောင်းဆုံး လုပ်ပေးထားခဲ့ပေမဲ့ သမီး စိတ်တိုင်းကျရဲ့လားဟင်.''
ခမ်းနားပါသည်။လှပပါသည် ။သို့ပေသိ..ပါးပါးမပါဝင်သည့်မွေးနေ့မို့ စိတ်ထဲအလိုမကျဖြစ်မိတာတော့ အမှန်။အသိမိတ်ဆွေ အချို့ပါ ဖိတ်ထားသည့်အတွက် ခြံဝန်းထဲလူစည်နေသော်လည်း မိသားစု၃ယောက်တည်းကျင်းပခဲ့ရသည့်မွေးနေ့လောက် ပျော်စရာကောင်းမနေ။
"ဟာ....''
ရုတ်တရက်ဆိုသလို မှောင်ကျသွားပြီး မိုးရိပ်ရဲ့ပခုံးပေါ်ကို လက်တစ်ဖက်ရောက်ရှိလာသည်။ပါးပါးများရောက်လာသလားလို့ ဖြစ်ချင်သည့်ဆန္ဒအတိုင်းတွေးမိလိုက်ပေမဲ့ ချုပ်ရိုးရာတွေမစမ်းမိတော့ တွေးသမျှ သဲထဲရေသွန်ဖြစ်သွားရ၏။
"ရှေ့ကိုကြည့်...သမီး.. ဒါ အန်ကယ်ကျော်ရဲ့လက်ဆောင်''
မိုးရိပ္နားကို တိုးကပ်ရင်းပြောလာသည့်စကားသံတိုးတိုး။ပြီးနောက် မိုးရိပ်၏ ခန္ဓာကိုယ် တစ်ဖက်လှည့်သွားပြီး တဖြည်းဖြည်းလင်းလာသော projectorနှင့်မျက်နှာချင်းဆိုင်ဖြစ်သွားသည်။အလင်းတန်းနှင့်အတူ လှုပ်ရှားသက်ဝင်လာသော ပုံရိပ်အချို့။
"မနက်ခင်းပွင့်တဲ့..ပန်းကလေးထက်ကို ပိုမွှေးတာ..ချစ်သမီးလေးရဲ့.ပါးနုနုလေးတွေမှာ....
ငှက်ကလေးများရဲ့ တေးချင်းထက်ကို ချိုမြတာ..ချစ်သမီးလေးရဲ့...စကားလေးများ ကြားစဉ်အခါ...''
မိုးရိပ်ရဲ့ငယ်ဘဝမှာညအိပ်ခါနီးတိုင်းကြားလေ့ရှိသော သီချင်း၊ပါးပါးမဆိုပြရင်တောင် ဒီသီချင်းမကြားရမချင်း မအိပ်ဘဲနေခဲ့သည်အထိ မိုးရိပ်နှစ်ခြိုက်ခဲ့သည်။
"ကမ်ဘာကြီးထဲ ဘယ်လိုဘယ်အရာမှ နှိုင်းမရ...ရင်ထဲက..ရတနာတစ်ပါး.....''
သီချင်းနှင့်အတူ ရွေ့လျားနေသော ဓာတ်ပုံလေးတွေမှာ အမ်ားစုက ပါးပါးနှင့်ကလေးငယ်လေး။အနှီးထုတ်လေးဖြင့်ကလေးလေးကို ချီပွေ့ထားရင်း ပြုံးရက်ငုံ့ကြည့်နေသော ပါးပါး။လက်ကိုအသုံးပြုပြီး ယုန်သဖွယ်နားရွက်ထောင်ပြနေသည့်ပါးပါးနှင့် သွားမရှိသောသွားဖုံးရဲရဲလေးတွေပေါ်သည်အထိ ရယ်မောနေခဲ့သည့် ကလေးလေး။
"အို....အနက်ရှိုက်ဆုံး...ချစ်မေတ္တာတရား....သမီးလေးသာ ဖန်ဆင်းပေးနိုင်ခဲ့တာ....ရင်မှာ...စိမ့်စမ်းရေအလား..စီးဆင်းနေ..ဒီမေတ္တာ...ထာဝရ.... သမီးလေး..အတွက်ပါ....''
ပါးပါးရဲ့ လက်ချောင်းလေးများကို ကိုင်ဆွဲရင်း လမ်းလျှောက်သင်နေသော ကလေးငယ်။ ပြေးနေသော ကလေးငယ်လေးနောက် ရယ်မောရင်း လိုက်ဟန်ပြုနေသော ပါးပါး။
"အလှဆုံး အပြုံးလေးများ နူးညံ့တဲ့ နှုတ်ခမ်းပေါ်မှာ....ချစ်သမီးလေး အမြဲတမ်း..သိမ်းပိုက်ခွင့်ရစေသား...''
ပုံတိုင်းမှာ ရယ်မောနေသော ကလေးငယ်လေးက မိုးရိပ်သာဖြစ်သည်။မွေးကင်းစအရွယ်နီတာရဲမှစလို့ ယခုထိ မိုးရိပ်အတွက်အပြုံးတွေ ဖန်ဆင်းပေးနိုင်ခဲ့တာ ပါးပါး ပါပဲလား။
"ဘာမဆို ရင်ဆိုင်ကာ တိုက်ခိုက်ဖို့ အသင့်အနေအထား...ပျော်ရွှင်ပါစေ တစ်သက်လုံး သမီးလေးရဲ့ ကမ်ဘာ....''
ဘယ်တော့မဆို မိုးရိပ်ရှေ့က ကာကွယ်ခဲ့သော ပါးပါး။မိုးရိပ်အတွက်ဆို ဘယ္လိုအရာပဲ ဖြစ်ဖြစ် ဖြည့်ဆည်းပေးခဲ့သောပါးပါး။
"အို...သမီးအတွက်..အရာရာခံယူရဲခဲ့ပြီး...အို...နှလုံးသား..ရတနာတစ်ပါး....''
ကလေးငယ်လေးက တစ်ဖြည်းဖြည်း အရွယ်ရောက်လာပေမဲ့ ပါးပါးရဲ့ အပြုံးတွေကတော့ မပြောင်းလဲ။ပြီးခဲ့သည့် ၁၅နှစ်တာ ကာလအတွင်း ပါးပါးနဲ့အတူ ဖြတ်သန်းခဲ့တဲ့ ပုံရိပ်တွေ ပါးပါးရဲ့စကားသံတွေ ၊ပါးပါးရဲ့ အပြုံးတွေ၊ပါးပါးနှင့်ပတ်သက်သမျှ အရာအားလုံးကို မျက်စိရှေ့ အကုန်မြင်နေရတာမို့ပါးပါးကို လွမ်းတဲ့စိတ်က မထိန်းနိုင်တော့။မနှစ်က မွေးနေ့မှာ ပါးပါးရယ်ဖေရယ်မိုးရိပ်ရယ် ဦးထုပ်ပိစိလေးကိုယ်စီဆောင်းပြီး ပါးပြင်ထက် ကိတ်မုန့်တွေ ပရပွဖြင့် အားရပါးရ ရယ်နေသော မြင်ကွင်းလေးဖြင့် လှုပ်ရှားနေသောပုံရိပ်တို့က အဆုံးသတ်သွားခဲ့လေပြီ။ထို့နောက်...
"Happy Birthday ပါ သမီးလေး''
ဖ်တ္ခနဲ ပြန်အလင်းမှာ ပေါ်လာသော ပါးပါးပုံရိပ်။ပါးပါးမျက်နှာလေးချောင်ကျပြီး လက်မောင်းလုံးလေးကအစ ပိန်သြားတာ အတော်ကိုသိသာသည်။
"သမီးလေးရဲ့ ယခုမွေးနေ့မှ စလို့ ဘဝတစ်လျှောက်လုံး အလှဆုံးအပြုံးလေးတွေကိုသာ ပိုင်ဆိုင်ရပါစေ။ပါးပါး ချစ်တဲ့သမီး အမြဲတမ်း စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ ဘဝခရီးလမ်းကို ဖြတ်သန်းနိုင်ပါစေ''
မျက်နှာတစ်ခုလုံး ချောင်ကျပြီး ဖြူဖျော့နေပေမဲ့ပါးပါးရဲ့ အပြုံးတွေကတော့ တောက်ပနေဆဲ...။ခပ်လှမ်းလှမ်းက ပါးပါး မျက်နှာပြင်ကို မှန်းဆကိုင်ကြည့်နေခိုက် ခြံဝန်းတစ်ခုလုံး ပြန်လင်းလာပြီး ပါးပါးပုံရိပ်သည်လည်း ပျောက်သွားခဲ့ချေပြီ။
"အန်ကယ်ကျော်ရဲ့လက်ဆောင်ကိုသဘောကျရဲ့လား သမီး''
အခါခါခေါင်းညိတ်မိနေသော မိုးရိပ္ကို အန်ကယ်ကျော်က ပြုံးကာကြည့်လာရင်း ပါးပြင်ထက်ကမျက်ရည်တွေကိုပါ ဖွဖွသုတ်ပေးလာလေသည်။
"သမီး...သမီး...ပါးပါးဆီ ပြန်ချင်တယ်။ပါးပါးဆီ လိုက်ပို့ပါ''
ခုချိန်မှာ ပါးပါးဆီ ပြန်ချင်တာသာ မိုးရိပ် သိသည်။ပါးပါးကိုလွမ်းသည့်စိတ်တွေကို ခုထက္ပို၍ မတောင့်ခံနိုင်တော့။
"ပြန်ရပါ့မယ် သမီးရယ်။ခုတော့ ကိတ်မုန့်ခွဲရအောင်လေ..နော်။မနက်ဖြန် မိုးလင်းတာနဲ့ ပါးပါးဆီပြန်ကြမယ်''
မနက်အထိတောင် မစောင့်ချင်တော့တာအမှန်ဆိုပေမဲ့ ပထမဆုံးလုပ်ပေးရသည့်မွေးနေ့အတွက် များစွာအကုန်အကျခံထားရသော ကြီးကြီးကိုတော့ အားနာရပေမည်။
#
လေဆိပ်ကို ကြီးကြီးတို့မိသားစုက လိုက်ပို့ပေးပြီး အငယ်ကောင်ကတော့ လိုက်ချင်နေ၍ ရန်ကုန်အကြောင်းစကားစလို့မဆုံး။
"မမ....မောင်လေးလာလည်မယ်နော်''
"အင်း...လာခဲ့လာခဲ့။မမ အကုန်လိုက်ပို့ပေးမယ်.''
စစချင်း အနေစိမ်းနေပေမဲ့ ယခုတော့ မိုးရိပ် စိတ်တွေ ကြည်လင်နေပြီမို့ အငယ်ကောင်ကိုလည်း စိတ်လိုလက်ရ နှုတ်ဆက်မိသည်။ပြုံးနေပေမဲ့ မသိမသာ မျက်ရည်ဝိုင်းနေသော ကြီးကြီးကို မိုးအရိပ် လှမ်းဖက်လိုက်ပြီး...
"သမီးကို ဂရုစိုက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်..ကြီးကြီး။သမီးအတွက် ပါးပါးကသာ အေမ ဖြစ်နေခဲ့တာမို့ ကြီးကြီးကို မေမေလို့ မခေါ်နိုင်တာ ခွင့်လွှတ်ပါနော်။သမီးအတွက် အေမက ပါးပါးတစ်ယောက်တည်းပါပဲ။ကြီးကြီးပြောခဲ့သလို သွေးသားတော်စပ်မှုက အရေးမကြီးဘူးဆိုတာ သမီးသိသွားပါပြီ။သမီးနဲ့ အဆက်အသွယ်မဖြတ်ပါနဲ့..မကြာခဏ တွေ့ကြရအောင်နော်''
"အေးပါ...သမီးလေးရယ် အေးပါ။ရပါပြီ။ကြီးကြီးကို ခုလောက်ထိ ချစ်ပေးတာနဲ့တင် ကြီးကြီးက ကျေနပ်ပြီ။သမီးပါးပါးကိုသာ ဂရုစိုက်လိုက်နော်။သမီးပါးပါးရဲ့ သမီးအပေါ်ထားတဲ့ မေတ္တာက ကြီးကြီးတောင် မယှဉ်နိုင်ပါဘူး သမီးလေးရယ်''
ကြီးကြီးရဲ့ မျက်ရည်တွေကို သုတ်ပေးပြီးနောက် အငယ်ကောင်လက်ထဲက ကျောပိုးအိတ်ကိုပါ လက်လွဲှယူလိုက်သည်။
"ကြီးကြီး ဦးအာကာ အငယ်လေး.. ကိုယ် သွားတော့မယ်နော်။အငယ်လေး လာဖြစ်အောင်လာခဲ့နော်။.မမစောင့်နေမယ်''
"ဟုတ်ကဲ့.. မမ.''
"....''
ဝင်မယ်လုပ်မှ ဖုန်းမြည်လာတာကြောင့် အန်ကယ်ကျော်ဆီက အိတ္ကို သယ်ပေးထားလိုက်သည်။ကြီးကြီးပြန်ဝယ်ထည့်ပေးတာတွေနဲ့ အန်ကယ်ကျော်လက်ထဲ ပြည့်နေတော့ဖုန်းကိုင်ဖို့ပင်မအား။
"ဘာရယ်...ဟို...ကျွန်တော်တို့ ခု ပြန်လာနေပြီ အကို။ဟုတ် သမီးလည်း ပါတယ်။ဟုတ်ကဲ့..ဟုတ်ကဲ့။လေယာဉ်က ခေဏန ထွက်မှာပါ''
အန်ကယ်ကျော်ရဲ့ ပြူးပြူးပြာပြာ စကားကြောင့် မိုးရိပ်တင်မက ကြီးကြီးတို့အကြည့်တွေပါ အန်ကယ်ကျော်ဆီ စုပြုံရောက်လာသည်။
"ဘာလို့လဲ...ကိုထက်''
"ဟို....မိုးအရိပ် သတိလစ်သွားလို့ အရေးပေါ်တင်လိုက်ရတယ်တဲ့''
"ဟာ...မနေ့ကအထိ အကောင်း မဟုတ္လား''
"ဟုတ်တယ်...ဒီနေ့ဆို ဆင်းတော့မယ်တောင် ထင်တာ ပြီးတော့ သမီးပြန်လာမှာ ကျွန်တော် မပြောလိုက်မိဘူး။ဟိုရောက်မှ အံ့သြအောင်ဆိုပြီး နေလိုက်တာ။ဟာဗျာ..ကျွန်တော် ပြေါ လိုက်ရင်ကောင်းသား''
"ကဲ...သွားသွား။ဟိုရောက်ရင် အကျိုးအကြောင်းပြန်ပြော။သမီး စိတ်မပူနဲ့နော်။ဘာမှမဖြစ်ဘူး သိလား။သမီးပါးပါး ဘာမှမဖြစ်ဘူး။ကိုထက် ကေလးကို ဂရုစိုက်နော်''
ကြီးကြီးစကားကို ခေါင်းညိတ်အဖြေပေးပြီး ခွေယိုင်လဲချင်နေသည့် ခြေထောက်တစ်စုံကိုပါထိန်းမတ်လိုက်သည်။ပါးပါးကို တောင်းပန်ဖို့ မြန်မါပြည်ကို အမြန်ပြန်ရောက်ချင်နေပြီ။ပါးပါးသာတစ်ခုခုဖြစ်သွားလျှင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့ဆုံးမှာမဟုတ်သလို မိုးအရိပ်ကြောင့်ဆိုတဲ့စိတ်နဲ့ တစ်သက်လုံး ယူကြုံးမရ နေသွားရတော့မှာပင်။
"သမီးပြန်လာနေပါပြီ ပါးပါးရယ်။ခဏလေးပါနော် ခေဏလးပါ''
#