ခ်စ္ျခင္းအသေခ်ၤ (ချစ်ခြင်းအသခ...

By WaiLwin016

322K 24.6K 1.4K

သမီးေလးနဲ႔ အေဖႏွစ္ေယာက္တို႔ရဲ႕မိသားစုေလးတစ္ခုမွာ ျဖစ္တည္လာမဲ့ ခ်စ္ျခင္းေမတၱာနဲ႔အတူ ေျဖ႐ွင္းရမဲ့ အခက္အခဲေတြကို... More

Intro (Z & U)
အပိုင္း ၁ (Z & U)
အပိုင္း ၂ (Z & U)
အပိုင္း ၃ (Z & U)
အပိုင္း ၄ (Z & U)
အပိုင္း ၅ (Z & U)
အပိုင္း ၆(Z & U)
အပိုင္း ၇ (Z & U)
အပိုင္း ၈(Z & U)
အပိုင္း ၉(Z & U)
အပိုင္း ၁၀ (Z & U)
အပိုင္း ၁၁ (Z & U)
အပိုင္း ၁၂ (Z & U)
အပိုင္း ၁၃ (Z & U)
အပိုင္း ၁၄ (Z & U)
အပိုင္း ၁၅ (Z & U)
အပိုင္း ၁၆ (Z & U)
အပိုင္း ၁၇(Z & U)
အပိုင္း ၁၈(Z & U)
အပိုင္း ၁၉(Z & U)
အပိုင္း ၂၀(Z & U)
အပိုင္း ၂၁(Z & U)
အပိုင္း ၂၂ (Z & U)
အပိုင္း ၂၃(Z & U)
အပိုင္း ၂၄ (Z & U)
အပိုင္း ၂၅ (Z & U)
အပိုင္း ၂၆(Z & U)
အပိုင္း ၂၇ (Z & U)
အပိုင္း ၂၈(Z & U)
အပိုင္း ၂၉(Z & U)
အပိုင္း ၃၁ (Z & U)
အပိုင္း ၃၂(Z & U)
အပိုင္း ၃၃ (Z & U)
အပိုင္း ၃၄ (Z & U)
အပိုင္း ၃၅ (Z & U)
အပိုင္း ၃၆ (Z & U)
အပိုင္း ၃၇(Z & U)
အပိုင္း ၃၈(Z & U)
💜💜💜
ေက်းဇူးတင္လႊာ(Z & U)
ေမတၱာရပ္ခံျခင္း(Z & U)

အပိုင္း ၃၀(Z & U)

6.1K 496 29
By WaiLwin016

Zawgyi

အရိပၠို အဆက္အသြယ္မရတာ ဒီေန႔ဆို ၃ရက္႐ွိသြားၿပီ။ထက္ေအာင္ေက်ာ္ ဖုန္းကလည္း မကိုင္။အလုပ္ကို သြားစံုစမ္းေတာ့လည္း ခြင့္ယူထားသည္တဲ့။ဘယ္ကို ဆက္သြယ္လို႔ ဆက္သြယ္ရမည္ မသိ။တည္တံ႔ တကယၠို အ႐ူးတစ္ပိုင္း ျဖစ္ေနေလၿပီ။ရဲစခန္းပဲ အေၾကာင္းၾကားရမလား.မေျပာတတ္ေတာ့။အရိပ္ သြားတတ္သည့္ ေနရာလည္း သိသေလာက္ အကုန္ ႐ွာခဲ့ၿပီးၿပီ။႐ွိသမ်ွ လူအကုန္လံုးကလည္း တည္တံ႔ကိုပင္ အျပစ္တင္ၾကသည္မို႔ လူက ေခါင္းပင္ မေဖာ္ႏိုင္။ဘယ္သူေတြအျပစ္တင္တင္ အရိပၠို ႐ွာေတြ႔ဖို႔ကသာ အရာအားလံုးထက္အေရးႀကီးသည္။

"....''

ေခါင္းရင္းဘက္က ျမည္လာသည့္ ဖုန္းသံေၾကာင့္ အလန္႔တၾကား ထကိုင္လိုက္မိသည္။ညနက္သန္းေခါင္ႀကီး ဘယ္သူ႔ဆီက ဆက္တာပါလိမ့္။

#

သဲေသာင္ျပင္ေပၚ ထိုင္ရင္း အုန္းရည္ေသာက္ေနေသာ ယုန္ျဖဴေလးကို ၾကည့္ၿပီး ထက္ေအာင္ေက်ာ္ရင္ထဲ ခ်စ္စိတ္ေတြ တဖြားဖြား။တီ႐ွပ္ အဝါႏုေလးနဲ႔ ေဘာင္းဘီတို အနကၠို တြဲဝတ္ထားတာမို႔ ျဖဴဝင္းေနေသာ အသားႏွင့္ လိုက္ဖက္လို့ေနသည္။ကမ္းေျခေရာက္လို႔ ၾကည္ၾကည္သာသာမ်က္ႏွာ႐ွိလိမ့္မယ္ေတာ့ မထင္ေလနဲ႔။လြန္ခဲ့ေသာ ၃ရက္ကတည္းက စူပုတ္ေနသည့္မ်က္ႏွာက ခုထိဒီအတိုင္း။ထက္ေအာင္ေက်ာ္ဆီေရာက္လာေတာ့ ကိုတည္တံ႔ကိုမေက်နပ္ေၾကာင္း စီကာစဥ္ကာရင္ဖြင့္ရင္း မ်က္ရည္ကလည္ရႊဲ။

စစၾကားခါစကေတာ့ ထက္ေအာင္ေက်ာ္လည္း စိတ္ဆိုးမိတာ အမွန္။လက္ထပ္ဖို႔အထိေတာင္ လုပ္ထားၿပီးမွ ဘာလို႔ မိန္းကေလးတစ္ေယာက္နဲ႔ေတြ႔သလဲေပါ့။ဒါထက္ဆိုးတာက ကိုယ္ခ်စ္တဲ့သူက ကိုယ့္မ်က္စိမွာ ငိုေနတာေလ။ဘယ္လိုစိတ္နဲ႔ထိုင္ၾကည့္ေနရက္ပါ့မလဲ။ဘာလုပ္ခ်င္လဲေမးေတာ့ တစ္ေနရာရာသြားခ်င္တယ္ဆိုေသာအေျဖေၾကာင့္ ဒီကိုထထြက္လာရျခင္းပင္။သူေဌးကလည္း ကားတစ္စီးခဏေပးသံုးထားေတာ့ အေတာ္ျဖစ္သြားတယ္ေျပာရမလားပဲ။တစ္လမ္းလံုးတငိုငိုနဲ႔ ျပတ္စဲဖို႔ေျပာတာက အခါေပါင္းမနည္း။စိတ္ထဲမပါဘဲေျပာေနတဲ့စကားေတြဆိုတာ ကိုယ္ကေတာ့သိေနၿပီးသားေလ။

ေခ်ာ့ကာေမာ့ကာနဲ႔ ေခ်ာင္းသာေရာက္ေတာ့ သူ႔ဖုန္းကို စက္ပိတ္ထားရံုမက ကိုယ့္လက္ထဲကဖုန္းကိုပါ သူေဌးမွလႊဲ၍ ဆက္သြယ္မရေအာင္ သူ႔လက္ထဲဝကြက္အပ္ထားရ၏၊သိတဲ့အတိုင္း ထက္ေအာင္ေက်ာ္ဆိုတာက မိုးအရိပ္ ေသဆိုေသ႐ွင္ဆို႐ွင္မဲ့ လူသားဆိုေတာ့လည္း ဘာမ်ားအထြန္႔တက္ရဲပါ့မလဲ။သူကေလ လူကသာစိတ္ဆိုးျပေနေပမဲ့ ရင္ထဲက် ဝမ္းနည္းေနပံုပါ။ကမ္းစပ္မွာ ထိုင္ၿပီးမိႈင္ေတြေနတာမ်ား ဘယ္လိုဘယ္ပံု ၫႊန္းျပရမည္ကို မသိ။

"ငထက္...ေရကူးရေအာင္''

အုန္းရည္ေသာက္ေနရင္း အေကာင္းကေန ေဖာက္လြဲေဖာက္ျပန္ထေျပာျပန္ေလၿပီ။ေရမကူးတတ္လို႔ ေဘာကြင္းနဲ႔ေတာင္ ထက္ေအာင္ေက်ာ္မပါဘဲ ေပးမဆင္းတဲ့ဟာကို။ခုက လိႈင္းလည္း ေတာ္ေတာ္မ်ားေနသည့္အခ်ိန္မို႔ ပိုလို႔ေတာင္ ခြင့္မျပဳသင့္ေပ၊

"မကူးရဘူး...ေရမကူးတတ္ရတဲ့ၾကားထဲ ေျခလက္ေတြက ျမဲတာမဟုတ္ဘူးေလ။လိႈင္းလည္းမ်ားေနတယ္''

"ဟာ...မရဘူးၾကာ။ငါ ကူးခ်င္လို႔ပါကြ။မင္း ကူေပးေလ ေနာ္''

ျဖစ္ခ်င္ၿပီဆို တားမရဆီးမရသည္က မိုးအရိပ္ထံုးစံ။ခုလည္း ေရထဲမဆင္းရမခ်င္း နားပူလို႔ၿပီးမည္မဟုတ္တာေၾကာင့္..

"ေဘာကြင္းစီးရင္စီး။ငါလုပ္ေပးမယ္''

ေနာက္ဆံုးေတာ့ ေရကူးမဲ့ အစီအစဥ္က ပ်က္ၿပီး ေဘာကြင္းဘက္ စိတ္ေရာက္သြားေလသည္။ေဘာကြင္းအလယ္မွာ ဝင္ထိုင္ခိုင္းၿပီး ထက္ေအာင္ေက်ာ္က ထိန္းကာ ေရထဲ ခ်ေပးရ၏။လံုးဝေတာ့ လက္လႊတ္လိုက္လို႔မျဖစ္။

"ဝါး......ေ႐ွ႕ကိုတိုးဦး ငထက္...ေ႐ွ႕ကိုတိုးဦး.. ေဝး....''

ေဘာကြင္းေပၚ ကားယားျခ ထိုင္ထားၿပီး လိႈင္း႐ိုက္တိုင္း အသားကုန္ေအာ္ကာ ေပ်ာ္ရႊင္ေနေသာ ေကာင္ေလးေၾကာင့္ ထက္ေအာင္ေက်ာ္ မေမာႏိုင္။ဒီလိုေလး အျမဲျမင္ေနရရင္ ဘယ္ေလာက္ေကာင္းမလဲ။

"ဝုန္း....''

"ဟာ...မိုးအရိပ္...မိုးအရိပ္...''

ေသခ်ာထိန္းထားေနသည့္ၾကားမွ လက္ထဲကေန အတင္း႐ုန္းကာ ေျပးထြက္ေတာ့ လိိႈင္းအ႐ိုက္ျဖင့္ ေဘာကြင္းေပၚကေန ျပဳတ္က်သြားေတာ့သည္။အျမင္အာရံုေတြျပာေဝၿပီး ေရထဲ ကမန္းကတမ္းေျပးလိုက္ေပမဲ့ ေဘးကေနေက်ာ္ကာ ဝုန္းခနဲခုန္ခ်သြားေသာ လူတစ္ေယာက္ေၾကာင့္ ထက္ေအာင္ေက်ာ္ေျခလွမ္းေတြ ယိုင္နဲ႔သြားရသည္။သိပ္မၾကာခင္မွာ မိုးအရိပ္က္ို ေပြ႔ရင္း ကုန္းေပၚျပန္တက္လာသူက ကိုတည္တံ႔ျဖစ္ေနေလ၏။မိုးအရိပ္ကေတာ့ ေရမြန္းတာေရာ၊လန္႔တာေရာ ေပါင္းၿပီး ေမ့ေလ်ာသြားသည့္အေျခအေန။

"မိုးအရိပ္...မိုးအရိပ္...ေဟ့ေကာင္...''

"အရိပ္...အရိပ္...''

သဲေသာင္ျပင္ေပၚအသာခ်ကာ အေရးေပၚနည္းျဖင့္ ကိုတည္တံ႔လုပ္ေပးေနသည္ကို ကိုယ္ကရင္တမမ။ခဏၾကာမွ မိုးအရိပ္ႏူတ္ကေန ေရေတြအန္ထြက္လာၿပီး မ်က္ေတာင္႐ွည္႐ွည္တို႔ပါ တဖ်တ္ဖ်တ္လႉပ္႐ွားလာေလသည္။

"ေတာ္ေတာ္ဆိုးတယ္ကြာ...တစၡဳခု ျဖစ္သြားရင္ ဘယ္လိုလုပ္မလဲလို႔''

ကိုတည္တံ႔ဘာေျပာေျပာ မိုးအရိပၠ ခြန္းတံု႔မျပန္။ေရနစ္သြားတာေတာင္ စိတ္ေကာက္သည့္အေျခအေနကိုေတာ့ ေမ့မသြားဘူးပဲ။မိုးအရိပ္ခႏၶာကိုယ္က ကိုတည္တံ႔လက္ႏွစ္ဖက္ၾကား ေစြ႔ခနဲပါသြားၿပီး အံုေနေသာလူအုပ္သည္လည္း ပါးသြားခဲ့ေလၿပီ။

"ထက္ေအာင္ေက်ာ္ေရ...မင္းတို႔အခန္းကို လိုက္ျပ။ဒီကေလး အေအးပတ္ေတာ့မယ္။အဝတ္အစားလဲမွ ျဖစ္မယ္''

အေအးပတ္မွာေျကာင့္ဆိုတာထက္ ေရစိုျပီး ကပ္ေနေသာ အဝတ္အစားမ်ားေျကာင့္ လွစ္ဟလာသည့္ အတြင္းသားမ်ားကို ဖံုးကြယ္ခ်င္တာျဖစ္လိမ့္မည္။ထက္ေအာင္ေက်ာ္ကေတာ့ မလိုအပ္ေတာ့သည့္လူမို႔ ဟိုတယ္အခန္းကိုေသခ်ာဖြင့္ေပးခဲ့ၿပီး ကမ္းေျခဘက္သာ ျပန္ေလ်ွာက္လာခဲ့ေတာ့သည္။ဒီေနရာကို,ကိုတည္တံ႔ေရာက္လာဖို႔ ကိုယ္တိုင္ပဲဖုန္းဆက္ေခၚခဲ့တာမဟုတ္လား၊ခုမွေတာ့ မိုးအရိပၷား ေနေပးခ်င္လို႔ မျဖစ္ႏိူင္ေတာ့ဘူးေလ။

#

အရိပ္ကိုယ္ေပၚက အဝတ္အစားေတြကို လဲလွယ္ေပးေနတာသိေပမဲ့ ခႏၶာကိုယ္အေနအထားကိုေတာ့ ခပ္ေတာင့္ေတာင့္သာ ေနျဖစ္သည္။အဆင္ေျပသလို မရမကလဲေပးေနျပီး ေအာက္ပိုင္းေနရာကိုအေရာက္ ကိုကို႔ကိုေရခ်ိဳးခန္းထဲမွ တြန္းထုတ္ပစ္လိုက္သည္။ေရထဲက ကယ္ထားလည္း စိတ္ဆိုးတာကစိတ္ဆိုးတာပဲေလ၊

"အရိပ္ရယ္ ကိုကို႔ကို စိတ္ဆိုးတုန္းလား။ကိုကိုေတာင္းပန္ပါတယ္ကြာ။ေနာ္''

အျပင္ကေန တံခါးကို ထုၿပီး ေျပာေနေသာ ကိုကို႔ေၾကာင့္ အရိပ္ စိတ္ေတြ မနည္း တင္းထားရသည္။သတိရရခ်င္း ကိုကို႔ကို ေတြ႕ကတည္းက စိတ္ဆိုးက ေျပခ်င္ေနၿပီဆိုေပမဲ့ ရသေလာက္ေတာ့ တင္းထားခ်င္ေသး၏။စိတ္သာဆိုးေနရေပမဲ့ ပါးသိုင္းေမႊးေတြထူထဲၿပီး မ်က္လံုးအစံုကအေနာက္ခ်ိဳင့္ဝင္ေနေသာ ကိုကို႔ေၾကာင့္ စိတ္မေကာင္းျဖစ္သြားမိတာေတာ့အမွန္။သူ႔အလွည့္တုန္းကက် ၆ႏွစ္ေတာင္ထားခဲ့ၿပီး ကိုယ္ျပန္ထားခဲ့သည့္၃ရက္ကို ဒီေလာက္ေျပာင္းလဲသြားသတဲ့လား။

"အရိပ္...အေအးပတ္မယ္။အဝတ္အစားလဲ ၿပီးရင္ ၾထကႅာ''

တကယ္လည္းေအးေနၿပီမို႔ ခပ္ျမန္ျမန္လဲဖယ္ၿပီး ကုတင္ေပၚတက္ေခြေတာ့ ကိုကိုပါလိုက္လာရင္း ေခါင္းစိုကို သပတ္ျဖင့္ သုတ္ေပးေနေလသည္။လက္ျဖင့္ ခါခ်ပစ္လိုက္ေတာ့ ညိဳးငယ္ေနသည့္ကိုကို႔မ်က္ႏွာက ပိုမိုပ်က္ယြင္းလာကာ...

"ကိုကို...႐ွင္းျပမယ္ေလ အရိပ္ရယ္။ေနာ္''

၃ရက္ေလာက္ ပစ္ထားၿပီးမွ ႐ွင္းျပမယ္တဲ့လား။အစကတည္းကမသြားခဲ့ရင္ ဒီျပသနာကျဖစ္စရာအေၾကာင္းကိုမ႐ွိ။

"အဲ့ဒီမိန္းမနဲ႔ဘာလို႔ သြားေတြ႔တာလဲ''

"အရိပၠ သိေနတာလား။မိုးမိုးနဲ႔သြားခဲ့တာကို''

"မေခၚနဲ႔..အဲ့ဒီမိန္းမနာမည္ကို ကိုကို႔ပါးစပ္ကေခၚေနတာ..ကြၽန္ေတာ္မၾကားခ်င္ဘူး''

မေအာ္စဖူးေအာ္မိလို႔ထင္ပါရဲ႕။ကိုကို႔မ်က္လံုးေတြဝိုင္းစက္သြားၿပီး အရိပ္ရဲ႕လက္တစ္ဖက္ကိုလည္း အသာအယာဆုပ္ကိုင္လာေလသည္။

"အင္းအင္း။ကိုကိုမေခၚေတာ့ဘူးေနာ္။ဒါေပမဲ့ ႐ွင္းျပတာေတာ့နားေထာင္ေပး။အဲ့မနက္က သူက သူ႔အမ်ိဳးသားဆီသြားခ်င္တယ္ဆိုလို႔ ကိုကိုက လိုက္ပို႔ေပးတာ။''

"ဗ္ာ...''

အမ်ိဳးသားဆိုေသာ စကားေၾကာင့္ အရိပ္ႏႈတ္ခမ္းႏွစ္လႊာက အေပၚေအာက္မေစ့ေတာ့။

"ဟုတ္တယ္ အရိပ္ရဲ႕။သူက ေန႔ေစ့လေစ့ျဖစ္ေနၿပီေလ။အဲ့ဒါသူ႔အမ်ိဳးသားက ပဲခူးမွာဆိုေတာ့ မေမြးခင္သြားေတြ႔ခ်င္တာ။သူ႔အိမ္ကသေဘာမတူေတာ့ သားမကၠို အိမ္အလာမခံဘူးေလ''

"ဗ္ာ...''

လြဲၿပီးရင္လြဲကုန္ေသာ အေၾကာင္းအရာေတြေၾကာင့္ အသည္းအသန္႐ွင္းျပေနသည့္ ကိုကို႔ကို ဘယ္လိုမ်က္ႏွာျပရမယ္ပင္မသိေတာ့။မေမးမျမန္းဘဲ လုပ္ခ်င္တာလုပ္ခဲ့မိတာမ်ား ၾလႏႅိုကၱာ အရိပ္ရာ။ခုေတာ့ ကိုကို႔မ်က္ႏွာဘယ္ေလာက္ထိေခ်ာင္က်ေနသလဲ။ဘယ္ေလာက္ထိစိတ္ဆင္းရဲသြားရလဲ။

"ဒါနဲ႔ အရိပၠ ဘယႅိုသိ...''

"စာေတြ႔ခဲ့တာ ကိုကို႔ဖုန္းထဲကေန''

"ဪ..ဒါမ္ား အရိပ္ရယ္။ကိုကို႔ကို ေမးလိုက္ေရာေပါ့။ဘာလို႔မ်ိဳသိပ္ထားၿပီး စိတ္ေတြဆိုးေနရတာလဲ။ကိုကိုက အေရးမႀကီးလို႔မေျပာခဲ့တာပါ''

ကိုကို႔စကားအဆံုးမွာေတာ့ အရိပ္ဟန္မေဆာင္ႏိုင္ဘဲ ကိုကို႔ရင္ခြင္ထဲေျပးဝင္မိေတာ့သည္။ဒီရက္ေတြအတြင္းမွာ အထင္လြဲစိတ္နဲ႔ စိတ္ေတြပင္ပန္းၿပီး ကိုကို႔ကိုဆံုး႐ွံူးရမလားရယ္လို႔ ဘယ္ေလာက္ေတာင္စိုးရိမ္ခဲ့ရသလဲ။

"လူဆိုးေလး....ကိုကို႔ကို စိတ္ေကာက္ရင္ အဲ့လို ထြက္သြားရမယ္လို႔ ဘယ္သဴက သင္ေပးထားလဲ.ဟင္.ေျပာပါဦး''

"ကိုကိုေပါ့...ကြၽန္ေတာ္ကို စိတ္ဆိုးေတာ့ ၆ႏွစ္ေတာင္ ထြက္သြားခဲ့တာေလ။ကြၽန္ေတာ္က နည္းေတာင္ နည္းေနေသးတယ္''

ဒီလိုဆိုေတာ့ ကိုကိုကရယ္သည္။ၿပီးေနာက္ ႏူတ္ခမ္းဆူေနသည့္အရိပ္ရဲ႕ ပါးေလးႏွစ္ဖက္ကို ဖြဖြဆုပ္ကိုင္လိုက္ၿပီး..

"ထပ္မလုပ္ေတာ့ပါနဲ႔ အရိပ္ရယ္။ေနာ္။ေနာက္တစ္ခါက် စိတ္ဆိုးလည္း ကိုကို႔ေ႐ွ႕မွာပဲဆိုး၊ကိုကိုေ႐ွ႕မွာပဲ ေဒါသထြက္။ကိုကိုက အရိပ္ေက်နပ္တဲ့အထိ ေခ်ာ့မယ္။ဟုတ္ၿပီလား။ခုလို ထြက္သြားတာမ်ိဳးေတာ့ ဘယ္ေတာ့မွ မလုပ္နဲ႔ေတာ့ေနာ္''

"အင္း''

ကိုကိုၾကားေလာက္ရံုေလသံျဖင့္ တိုးညႇင္းစြာေျဖရင္း ေခါင္းညိတ္ျပေတာ့မွ ကိုကိုတစ္ေယာက္ျပံဳးႏိုင္ေလသည္။

"လြမ္းလိုက္ရတာကြာ''

"ကြၽန္ေတာ္ေရာပဲ''

လြမ္းတဲ့စိတ္ေၾကာင့္ ငထက္ဖုန္းဆက္ေနတာသိရက္နဲ႔ မသိဟန္ေဆာင္ခဲ့တာေပါ့။ဘယ္ေလာက္ပဲစိတ္ဆိုးဆိုး မျပတ္ႏိုင္ေတာ့လည္း အခက္သားေနာ္။

#

အျပန္လမ္းကေတာ့ ပံုမွန္ထက္ကို တိတ္ဆိတ္လြန္းေနသည္။အလာတုန္းကလို ေတာင္စဥ္ေရမရ ေအာ္ဟစ္ေနတဲ့မိုးအရိပ္မွမပါေတာ့ပဲ။ႏွစ္ေယာက္သား အဆင္ေျပသြားေလေတာ့ ထက္ေအာင္ေက်ာ္အျပန္ကိုေတာင္မေစာင့္ဘဲ အေျပးျပန္သြားၾကတာေလ။ကိုတည္တံ႔ကေတာ့ အတူျပန္ဖို႔ေျပာေပမဲ့ ကားကပါလာေတာ့ တကြဲတျပားစီျဖစ္ကုန္ျခင္းပင္။မြန္းက်ပ္လာမႈက သိသိသာသာမို႔ ကားကို လမ္းေဘးထိုးရပ္ခ်ပစ္လိုက္ရသည္။ညကလည္း တစ္ေရးေတာင္ မရခဲ့တာ ကိုယ့္ကိုယ္ကိုယ္ အသိဆံုး။သက္ျပင္း႐ွည္ကို မႈတ္ထုတ္ၿပီးေနာက္ စတီယာတိုင္ေပၚ ေခါင္းတင္မိေတာ့ ဖိမိထားသည့္လက္ဖ်ံတစ္ေလ်ွာက္ တစတစ စိုစြတ္လာသည္။

မ်က္ရည္က်ေနတာတဲ့လား။ဘာအတြက္လဲ။မိုးအရိပ္ကို ဆံုး႐ွံုးလိုက္ရလို႔လား။သို႔တည္းမဟုတ္ မိုးအရိပ္အတြက္ စိတ္ခ်သြားရၿပီဆိုတဲ့အသိတစ္ခုေၾကာင့္လား။

"ဟာၾကာ....ဒုန္း...ဒုန္း.. ''

တစ္သက္လံုး ဒီအတိုင္းေနလာခဲ့ၿပီး ခုခ်ိန္က်မွ ဘာေတြကို ဘယ္လိုေမ်ွာ္လင့္မိေနသလဲဆိုတာ ကိုယ့္ကိုယ္ကိုယ္ နားမလည္ႏိုင္ေတာ့။ခဏဆိုရင္ အဆင္ေျပသြားမွာပါ။ကိုယ္ခ်စ္တဲ့သူ စိတ္ခ်မ္းသာဖို႔ထက္ ဘယ္အရာကမ်ား ပိုအေရးႀကီးဦးမွာလဲ။ခုဆို မိုးအရိပ္ ေပ်ာ္ေနၿပီ။ျပည့္စံုတဲ့ဘဝကိုလည္း ပိုင္ဆိုင္ရၿပီ။

"မင္းေတာ္ပါတယ္..ထက္ေအာင္ေက်ာ္ရယ္။မိုးအရိပ္ကို ဒီအခ်ိန္ထိ မထိမခိုက္ရေအာင္ေစာင့္ေ႐ွာက္ထားႏိုင္ခဲ့တာ မင္းတကယ္ေတာ္တယ္''

ကိုယ့္ကိုယ္ကိုယ္ အားေပးရင္း ပါးထက္မွမ်က္ရည္ေတြကိုပါ ခပ္ၾကမ္းၾကမ္းဆြဲသုတ္ပစ္လိုက္သည္။အနားမွာအျမဲ႐ွိခဲ့ေပမဲ့ ဖြင့္ေျပာဖို႔ရာ တြန္႔ဆုတ္မိခဲ့တာ ကိုယ့္အားနည္းခ်က္ပဲေလ။ကိုယ္နဲ႔ မတန္ဘူးလို႔ ထင္ခဲ့တာရယ္.။ၿပီးေတာ့ အမုန္းေတြ ျပန္ရမွာရယ္၊ဒီလိုအေၾကာင္းအရာေတြကပဲ ခ်စ္ျခင္းတရားကို သိုဝွက္ေစခဲ့တာ မဟုတႅား။ခုေမြတာ့...ခုေမြတာ့...ဘာတတ္ႏိုင္ဦးမွာလဲ။ၾကာေလ ပိုၿပီး အျမစ္တြယ္လာေလ ျဖစ္တဲ့ ခ်စ္ျခင္းေတြအတြက္ ေအဝးကို ထြက္သြားဖို႔ ဆံုးျဖတ္ခဲ့တာဟာ အမွန္ဆံုးပဲ ျဖစ္မွာပါ။

ကားကို လမ္းေပၚ ျပန္တင္လိုက္ၿပီး တိတ္ဆိတ္မႈကို ၿဖိဳခြင္းဖို႔ရာ ေရဒီယိုခလုတ္ကိုလွည့္ဖြင့္မိေတာ့....

တိတ္တခိုးေလးနဲ႔ပဲ ကိုယ္ကခ်စ္ေနတယ္..
ရင္မဆိုင္ရဲဘူး မင္းေလးအၾကည့္နဲ႔.
ခံစားခ်က္ေတြနဲ႔ သီကံုးထားသမ်ွလည္း...
ရင္မွာသိုဝွက္ၿပီး...ငါသိမ္းထားလိုက္ေတာ့မယ္..
အႀကိမ္ႀကိမ္အခါခါ ႀကိဳးစားဖူးတယ္...
အႀကိမ္ႀကိမ္အခါခါ ဆြ႔ံအ ျမဲ...အို...
မင္းအမုန္းေတြ... မလိုခ်င္လို႔..
ငါဟာ.အ႐ွံုးနဲ႔လူပါ...မၿပိဳင္ခင္..႐ွံုးနွင့္ေနၿပီးသား..
အမုန္းမ်ားက..ငါ့အတြက္..ဆုလာဘႅား..
ငါဟာ.တစ္ဖက္သတ္ခ်စ္ေနတာ
ယဥ္ယဥ္ေလးနဲ႔႐ူးေနသူပါ..
ဖြင့္ေျပာဖို႔ ခက္ေနတာ...မင္းေလး နားလည္ေပးပါ..
အရမ္းခ်စ္တယ္..မင္းသမီးေလးရာ

သီခ်င္းစာသားအခ်ိဳ႕ကို လိုက္ပါညည္းဆိုရင္း မ်က္ရည္စေတြက ထပ္မံၿပိဳဆင္းလာသည္။ကိုယ္ခ်စ္မိခဲ့သူက မင္းသမီးေလးမဟုတ္ေသာ္ျငား ကိုယ့္အတြက္ေတာ့ကိုယ့္တိုင္းျပည္မွာအုပ္ခ်ဳပ္မဲ့ ႐ွင္ဘုရားတစ္ပါးသာျဖစ္သည္။႐ွံုးနိမ့္ျခင္းဆိုတာကေရာ...။ေသခ်ာေတြးၾကည့္ရင္ ခါးသက္မေန။ကိုယ္တိုင္က ေက်နပ္လို႔၊ၾကည္ျဖဴလို႔ ေပးခဲ့သည့္ အ႐ွံုးတရားေတြပဲ မဟုတႅား။

"ဟားဟားဟား...''

ဟားတိုက္ရယ္ေမာပစ္လိုက္ေတာ့ မ်က္ရည္စေတြက ထပၼံ၍ ၿပိဳဆင္းလာျပန္သည္။ဒီတစ္ႀကိမ္အတြက္ေတာ့ မသုတ္ဖယ္မိေတာ့။ထက္ေအာင္ေက်ာ္ရဲ႕ဘဝမွာ မိုးအရိပ္နဲ႔ပတ္သက္မွသာ မ်က္ရည္ၿဖိဳင္ၿဖိဳင္က်ဖူးခဲ့ၿပီး ဒီေန႔မွစလို႔ ဒီမ်က္ရည္ေတြအဆံုးသတ္သြားခဲ့ပါၿပီ။

"ေပ်ာ္ေနပါေတာ့..ငါ့ေကာင္ေလး''

#

Unicode

အရိပ္ကို အဆက်အသွယ်မရတာ ဒီနေ့ဆို ၃ရက်ရှိသွားပြီ။ထက်အောင်ကျော် ဖုန်းကလည်း မကိုင်။အလုပ်ကို သွားစုံစမ်းတော့လည်း ခွင့်ယူထားသည်တဲ့။ဘယ်ကို ဆက်သွယ်လို့ ဆက်သွယ်ရမည် မသိ။တည်တံ့ တကယ္ကို အရူးတစ်ပိုင်း ဖြစ်နေလေပြီ။ရဲစခန်းပဲ အကြောင်းကြားရမလား.မပြောတတ်တော့။အရိပ် သွားတတ်သည့် နေရာလည်း သိသလောက် အကုန် ရှာခဲ့ပြီးပြီ။ရှိသမျှ လူအကုန်လုံးကလည်း တည်တံ့ကိုပင် အပြစ်တင်ကြသည်မို့ လူက ခေါင်းပင် မဖော်နိုင်။ဘယ်သူတွေအပြစ်တင်တင် အရိပ္ကို ရှာတွေ့ဖို့ကသာ အရာအားလုံးထက်အရေးကြီးသည်။

"....''

ခေါင်းရင်းဘက်က မြည်လာသည့် ဖုန်းသံကြောင့် အလန့်တကြား ထကိုင်လိုက်မိသည်။ညနက်သန်းခေါင်ကြီး ဘယ်သူ့ဆီက ဆက်တာပါလိမ့်။

#

သဲသောင်ပြင်ပေါ် ထိုင်ရင်း အုန်းရည်သောက်နေသော ယုန်ဖြူလေးကို ကြည့်ပြီး ထက်အောင်ကျော်ရင်ထဲ ချစ်စိတ်တွေ တဖွားဖွား။တီရှပ် အဝါနုလေးနဲ့ ဘောင်းဘီတို အနက္ကို တွဲဝတ်ထားတာမို့ ဖြူဝင်းနေသော အသားနှင့် လိုက်ဖက်လို့နေသည်။ကမ်းခြေရောက်လို့ ကြည်ကြည်သာသာမျက်နှာရှိလိမ့်မယ်တော့ မထင်လေနဲ့။လွန်ခဲ့သော ၃ရက်ကတည်းက စူပုတ်နေသည့်မျက်နှာက ခုထိဒီအတိုင်း။ထက်အောင်ကျော်ဆီရောက်လာတော့ ကိုတည်တံ့ကိုမကျေနပ်ကြောင်း စီကာစဉ်ကာရင်ဖွင့်ရင်း မျက်ရည်ကလည်ရွှဲ။

စစကြားခါစကတော့ ထက်အောင်ကျော်လည်း စိတ္ဆိုးမိတာ အမှန်။လက်ထပ်ဖို့အထိတောင် လုပ်ထားပြီးမှ ဘာလို့ မိန်းကလေးတစ်ယောက်နဲ့တွေ့သလဲပေါ့။ဒါထက်ဆိုးတာက ကိုယ်ချစ်တဲ့သူက ကိုယ့်မျက်စိမှာ ငိုနေတာလေ။ဘယ်လိုစိတ်နဲ့ထိုင်ကြည့်နေရက်ပါ့မလဲ။ဘာလုပ်ချင်လဲမေးတော့ တစ်နေရာရာသွားချင်တယ်ဆိုသောအဖြေကြောင့် ဒီကိုထထွက်လာရခြင်းပင်။သူဌေးကလည်း ကားတစ်စီးခဏပေးသုံးထားတော့ အတော်ဖြစ်သွားတယ်ပြောရမလားပဲ။တစ်လမ်းလုံးတငိုငိုနဲ့ ပြတ်စဲဖို့ပြောတာက အခါပေါင်းမနည်း။စိတ်ထဲမပါဘဲပြောနေတဲ့စကားတွေဆိုတာ ကိုယ်ကတော့သိနေပြီးသားလေ။

ချော့ကာမော့ကာနဲ့ ချောင်းသာရောက်တော့ သူ့ဖုန်းကို စက်ပိတ်ထားရုံမက ကိုယ့်လက်ထဲကဖုန်းကိုပါ သူဌေးမှလွှဲ၍ ဆက်သွယ်မရအောင် သူ့လက်ထဲဝကွက်အပ်ထားရ၏၊သိတဲ့အတိုင်း ထက်အောင်ကျော်ဆိုတာက မိုးအရိပ် သေဆိုသေရှင်ဆိုရှင်မဲ့ လူသားဆိုတော့လည်း ဘာများအထွန့်တက်ရဲပါ့မလဲ။သူကလေ လူကသာစိတ်ဆိုးပြနေပေမဲ့ ရင်ထဲကျ ဝမ်းနည်းနေပုံပါ။ကမ်းစပ်မှာ ထိုင်ပြီးမှိုင်တွေနေတာများ ဘယ်လိုဘယ်ပုံ ညွှန်းပြရမည်ကို မသိ။

"ငထက်...ရေကူးရအောင်''

အုန်းရည်သောက်နေရင်း အကောင်းကနေ ဖောက်လွဲဖောက်ပြန်ထပြောပြန်လေပြီ။ရေမကူးတတ်လို့ ဘောကွင်းနဲ့တောင် ထက်အောင်ကျော်မပါဘဲ ပေးမဆင်းတဲ့ဟာကို။ခုက လှိုင်းလည်း တော်တော်များနေသည့်အချိန်မို့ ပိုလို့တောင် ခွင့်မပြုသင့်ပေ၊

"မကူးရဘူး...ရေမကူးတတ်ရတဲ့ကြားထဲ ခြေလက်တွေက မြဲတာမဟုတ်ဘူးလေ။လှိုင်းလည်းများနေတယ်''

"ဟာ...မရဘူးကြာ။ငါ ကူးချင်လို့ပါကွ။မင်း ကူပေးလေ နော်''

ဖြစ်ချင်ပြီဆို တားမရဆီးမရသည်က မိုးအရိပ်ထုံးစံ။ခုလည်း ရေထဲမဆင်းရမချင်း နားပူလို့ပြီးမည်မဟုတ်တာကြောင့်..

"ဘောကွင်းစီးရင်စီး။ငါလုပ်ပေးမယ်''

နောက်ဆုံးတော့ ရေကူးမဲ့ အစီအစဉ်က ပျက်ပြီး ဘောကွင်းဘက် စိတ်ရောက်သွားလေသည်။ဘောကွင်းအလယ်မှာ ဝင်ထိုင်ခိုင်းပြီး ထက်အောင်ကျော်က ထိန်းကာ ရေထဲ ချပေးရ၏။လုံးဝတော့ လက်လွှတ်လိုက်လို့မဖြစ်။

"ဝါး......ရှေ့ကိုတိုးဦး ငထက်...ရှေ့ကိုတိုးဦး.. ဝေး....''

ဘောကွင်းပေါ် ကားယားခြ ထိုင်ထားပြီး လှိုင်းရိုက်တိုင်း အသားကုန်အော်ကာ ပျော်ရွှင်နေသော ကောင်လေးကြောင့် ထက်အောင်ကျော် မမောနိုင်။ဒီလိုလေး အမြဲမြင်နေရရင် ဘယ်လောက်ကောင်းမလဲ။

"ဝုန်း....''

"ဟာ...မိုးအရိပ်...မိုးအရိပ်...''

သေချာထိန်းထားနေသည့်ကြားမှ လက်ထဲကနေ အတင်းရုန်းကာ ပြေးထွက်တော့ လိှိုင်းအရိုက်ဖြင့် ဘောကွင်းပေါ်ကနေ ပြုတ်ကျသွားတော့သည်။အမြင်အာရုံတွေပြာဝေပြီး ရေထဲ ကမန်းကတမ်းပြေးလိုက်ပေမဲ့ ဘေးကနေကျော်ကာ ဝုန်းခနဲခုန်ချသွားသော လူတစ်ယောက်ကြောင့် ထက်အောင်ကျော်ခြေလှမ်းတွေ ယိုင်နဲ့သွားရသည်။သိပ်မကြာခင်မှာ မိုးအရိပ်က်ို ပွေ့ရင်း ကုန်းပေါ်ပြန်တက်လာသူက ကိုတည်တံ့ဖြစ်နေလေ၏။မိုးအရိပ်ကတော့ ရေမွန်းတာရော၊လန့်တာရော ပေါင်းပြီး မေ့လျောသွားသည့်အခြေအနေ။

"မိုးအရိပ်...မိုးအရိပ်...ဟေ့ကောင်...''

"အရိပ်...အရိပ်...''

သဲသောင်ပြင်ပေါ်အသာချကာ အရေးပေါ်နည်းဖြင့် ကိုတည်တံ့လုပ်ပေးနေသည်ကို ကိုယ်ကရင်တမမ။ခဏကြာမှ မိုးအရိပ်နူတ်ကနေ ရေတွေအန်ထွက်လာပြီး မျက်တောင်ရှည်ရှည်တို့ပါ တဖျတ်ဖျတ်လှူပ်ရှားလာလေသည်။

"တော်တော်ဆိုးတယ်ကွာ...တစ္ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲလို့''

ကိုတည်တံ့ဘာပြောပြော မိုးအရိပ္က ခွန်းတုံ့မပြန်။ရေနစ်သွားတာတောင် စိတ်ကောက်သည့်အခြေအနေကိုတော့ မေ့မသွားဘူးပဲ။မိုးအရိပ်ခန္ဓာကိုယ်က ကိုတည်တံ့လက်နှစ်ဖက်ကြား စွေ့ခနဲပါသွားပြီး အုံနေသောလူအုပ်သည်လည်း ပါးသွားခဲ့လေပြီ။

"ထက်အောင်ကျော်ရေ...မင်းတို့အခန်းကို လိုက်ပြ။ဒီကလေး အအေးပတ်တော့မယ်။အဝတ်အစားလဲမှ ဖြစ်မယ်''

အအေးပတ်မှာကြောင့်ဆိုတာထက် ရေစိုပြီး ကပ်နေသော အဝတ်အစားများကြောင့် လှစ်ဟလာသည့် အတွင်းသားများကို ဖုံးကွယ်ချင်တာဖြစ်လိမ့်မည်။ထက်အောင်ကျော်ကတော့ မလိုအပ်တော့သည့်လူမို့ ဟိုတယ်အခန်းကိုသေချာဖွင့်ပေးခဲ့ပြီး ကမ်းခြေဘက်သာ ပြန်လျှောက်လာခဲ့တော့သည်။ဒီနေရာကို,ကိုတည်တံ့ရောက်လာဖို့ ကိုယ်တိုင်ပဲဖုန်းဆက်ခေါ်ခဲ့တာမဟုတ်လား၊ခုမှတော့ မိုးအရိပ္နား နေပေးချင်လို့ မဖြစ်နိူင်တော့ဘူးလေ။

#

အရိပ်ကိုယ်ပေါ်က အဝတ်အစားတွေကို လဲလှယ်ပေးနေတာသိပေမဲ့ ခန္ဓာကိုယ်အနေအထားကိုတော့ ခပ်တောင့်တောင့်သာ နေဖြစ်သည်။အဆင်ပြေသလို မရမကလဲပေးနေပြီး အောက်ပိုင်းနေရာကိုအရောက် ကိုကို့ကိုရေချိုးခန်းထဲမှ တွန်းထုတ်ပစ်လိုက်သည်။ရေထဲက ကယ်ထားလည်း စိတ်ဆိုးတာကစိတ်ဆိုးတာပဲလေ၊

"အရိပ်ရယ် ကိုကို့ကို စိတ်ဆိုးတုန်းလား။ကိုကိုတောင်းပန်ပါတယ်ကွာ။နော်''

အပြင်ကနေ တံခါးကို ထုပြီး ပြောနေသော ကိုကို့ကြောင့် အရိပ် စိတ်တွေ မနည်း တင်းထားရသည်။သတိရရချင်း ကိုကို့ကို တွေ့ကတည်းက စိတ္ဆိုးက ပြေချင်နေပြီဆိုပေမဲ့ ရသလောက်တော့ တင်းထားချင်သေး၏။စိတ်သာဆိုးနေရပေမဲ့ ပါးသိုင်းမွှေးတွေထူထဲပြီး မျက်လုံးအစုံကအနောက်ချိုင့်ဝင်နေသော ကိုကို့ကြောင့် စိတ်မကောင်းဖြစ်သွားမိတာတော့အမှန်။သူ့အလှည့်တုန်းကကျ ၆နှစ်တောင်ထားခဲ့ပြီး ကိုယ်ပြန်ထားခဲ့သည့်၃ရက်ကို ဒီလောက်ပြောင်းလဲသွားသတဲ့လား။

"အရိပ်...အအေးပတ်မယ်။အဝတ်အစားလဲ ပြီးရင် ထြက္လာ''

တကယ်လည်းအေးနေပြီမို့ ခပ်မြန်မြန်လဲဖယ်ပြီး ကုတင်ပေါ်တက်ခွေတော့ ကိုကိုပါလိုက်လာရင်း ခေါင်းစိုကို သပတ်ဖြင့် သုတ်ပေးနေလေသည်။လက်ဖြင့် ခါချပစ်လိုက်တော့ ညိုးငယ်နေသည့်ကိုကို့မျက်နှာက ပိုမိုပျက်ယွင်းလာကာ...

"ကိုကို...ရှင်းပြမယ်လေ အရိပ်ရယ်။နော်''

၃ရက်လောက် ပစ်ထားပြီးမှ ရှင်းပြမယ်တဲ့လား။အစကတည်းကမသွားခဲ့ရင် ဒီပြသနာကဖြစ်စရာအကြောင်းကိုမရှိ။

"အဲ့ဒီမိန်းမနဲ့ဘာလို့ သွားတွေ့တာလဲ''

"အရိပ္က သိနေတာလား။မိုးမိုးနဲ့သွားခဲ့တာကို''

"မခေါ်နဲ့..အဲ့ဒီမိန်းမနာမည်ကို ကိုကို့ပါးစပ်ကခေါ်နေတာ..ကျွန်တော်မကြားချင်ဘူး''

မအော်စဖူးအော်မိလို့ထင်ပါရဲ့။ကိုကို့မျက်လုံးတွေဝိုင်းစက်သွားပြီး အရိပ်ရဲ့လက်တစ်ဖက်ကိုလည်း အသာအယာဆုပ်ကိုင်လာလေသည်။

"အင်းအင်း။ကိုကိုမခေါ်တော့ဘူးနော်။ဒါပေမဲ့ ရှင်းပြတာတော့နားထောင်ပေး။အဲ့မနက်က သူက သူ့အမျိုးသားဆီသွားချင်တယ်ဆိုလို့ ကိုကိုက လိုက်ပို့ပေးတာ။''

"ဗ်ာ...''

အမျိုးသားဆိုသော စကားကြောင့် အရိပ်နှုတ်ခမ်းနှစ်လွှာက အပေါ်အောက်မစေ့တော့။

"ဟုတ်တယ် အရိပ်ရဲ့။သူက နေ့စေ့လစေ့ဖြစ်နေပြီလေ။အဲ့ဒါသူ့အမျိုးသားက ပဲခူးမှာဆိုတော့ မမွေးခင်သွားတွေ့ချင်တာ။သူ့အိမ်ကသဘောမတူတော့ သားမက္ကို အိမ်အလာမခံဘူးလေ''

"ဗ်ာ...''

လွဲပြီးရင်လွဲကုန်သော အကြောင်းအရာတွေကြောင့် အသည်းအသန်ရှင်းပြနေသည့် ကိုကို့ကို ဘယ်လိုမျက်နှာပြရမယ်ပင်မသိတော့။မမေးမမြန်းဘဲ လုပ်ချင်တာလုပ်ခဲ့မိတာများ လြန္လိုက္တာ အရိပ်ရာ။ခုတော့ ကိုကို့မျက်နှာဘယ်လောက်ထိချောင်ကျနေသလဲ။ဘယ်လောက်ထိစိတ်ဆင်းရဲသွားရလဲ။

"ဒါနဲ့ အရိပ္က ဘယ္လိုသိ...''

"စာတွေ့ခဲ့တာ ကိုကို့ဖုန်းထဲကနေ''

"ဪ..ဒါမ်ား အရိပ်ရယ်။ကိုကို့ကို မေးလိုက်ရောပေါ့။ဘာလို့မျိုသိပ်ထားပြီး စိတ်တွေဆိုးနေရတာလဲ။ကိုကိုက အရေးမကြီးလို့မပြောခဲ့တာပါ''

ကိုကို့စကားအဆုံးမှာတော့ အရိပ်ဟန်မဆောင်နိုင်ဘဲ ကိုကို့ရင်ခွင်ထဲပြေးဝင်မိတော့သည်။ဒီရက်တွေအတွင်းမှာ အထင်လွဲစိတ်နဲ့ စိတ်တွေပင်ပန်းပြီး ကိုကို့ကိုဆုံးရှူံးရမလားရယ်လို့ ဘယ်လောက်တောင်စိုးရိမ်ခဲ့ရသလဲ။

"လူဆိုးလေး....ကိုကို့ကို စိတ်ကောက်ရင် အဲ့လို ထွက်သွားရမယ်လို့ ဘယ်သူက သင်ပေးထားလဲ.ဟင်.ပြောပါဦး''

"ကိုကိုပေါ့...ကျွန်တော်ကို စိတ်ဆိုးတော့ ၆နှစ်တောင် ထွက်သွားခဲ့တာလေ။ကျွန်တော်က နည်းတောင် နည်းနေသေးတယ်''

ဒီလိုဆိုတော့ ကိုကိုကရယ်သည်။ပြီးနောက် နူတ်ခမ်းဆူနေသည့်အရိပ်ရဲ့ ပါးလေးနှစ်ဖက်ကို ဖွဖွဆုပ်ကိုင်လိုက်ပြီး..

"ထပ်မလုပ်တော့ပါနဲ့ အရိပ်ရယ်။နော်။နောက်တစ်ခါကျ စိတ်ဆိုးလည်း ကိုကို့ရှေ့မှာပဲဆိုး၊ကိုကိုရှေ့မှာပဲ ဒေါသထွက်။ကိုကိုက အရိပ်ကျေနပ်တဲ့အထိ ချော့မယ်။ဟုတ်ပြီလား။ခုလို ထွက်သွားတာမျိုးတော့ ဘယ်တော့မှ မလုပ်နဲ့တော့နော်''

"အင်း''

ကိုကိုကြားလောက်ရုံလေသံဖြင့် တိုးညှင်းစွာဖြေရင်း ခေါင်းညိတ်ပြတော့မှ ကိုကိုတစ်ယောက်ပြုံးနိုင်လေသည်။

"လွမ်းလိုက်ရတာကွာ''

"ကျွန်တော်ရောပဲ''

လွမ်းတဲ့စိတ်ကြောင့် ငထက်ဖုန်းဆက်နေတာသိရက်နဲ့ မသိဟန်ဆောင်ခဲ့တာပေါ့။ဘယ်လောက်ပဲစိတ်ဆိုးဆိုး မပြတ်နိုင်တော့လည်း အခက်သားနော်။

#

အပြန်လမ်းကတော့ ပုံမှန်ထက်ကို တိတ်ဆိတ်လွန်းနေသည်။အလာတုန်းကလို တောင်စဉ်ရေမရ အော်ဟစ်နေတဲ့မိုးအရိပ်မှမပါတော့ပဲ။နှစ်ယောက်သား အဆင်ပြေသွားလေတော့ ထက်အောင်ကျော်အပြန်ကိုတောင်မစောင့်ဘဲ အပြေးပြန်သွားကြတာလေ။ကိုတည်တံ့ကတော့ အတူပြန်ဖို့ပြောပေမဲ့ ကားကပါလာတော့ တကွဲတပြားစီဖြစ်ကုန်ခြင်းပင်။မွန်းကျပ်လာမှုက သိသိသာသာမို့ ကားကို လမ်းဘေးထိုးရပ်ချပစ်လိုက်ရသည်။ညကလည်း တစ်ရေးတောင် မရခဲ့တာ ကိုယ့်ကိုယ်ကိုယ် အသိဆုံး။သက်ပြင်းရှည်ကို မှုတ်ထုတ်ပြီးနောက် စတီယာတိုင်ပေါ် ခေါင်းတင်မိတော့ ဖိမိထားသည့်လက်ဖျံတစ်လျှောက် တစတစ စိုစွတ်လာသည်။

မျက်ရည်ကျနေတာတဲ့လား။ဘာအတွက်လဲ။မိုးအရိပ်ကို ဆုံးရှုံးလိုက်ရလို့လား။သို့တည်းမဟုတ် မိုးအရိပ်အတွက် စိတ်ချသွားရပြီဆိုတဲ့အသိတစ်ခုကြောင့်လား။

"ဟာကြာ....ဒုန်း...ဒုန်း.. ''

တစ်သက်လုံး ဒီအတိုင်းနေလာခဲ့ပြီး ခုချိန်ကျမှ ဘာတွေကို ဘယ်လိုမျှော်လင့်မိနေသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်တော့။ခဏဆိုရင် အဆင်ပြေသွားမှာပါ။ကိုယ်ချစ်တဲ့သူ စိတ်ချမ်းသာဖို့ထက် ဘယ်အရာကများ ပိုအရေးကြီးဦးမှာလဲ။ခုဆို မိုးအရိပ် ပျော်နေပြီ။ပြည့်စုံတဲ့ဘဝကိုလည်း ပိုင်ဆိုင်ရပြီ။

"မင်းတော်ပါတယ်..ထက်အောင်ကျော်ရယ်။မိုးအရိပ်ကို ဒီအချိန်ထိ မထိမခိုက်ရအောင်စောင့်ရှောက်ထားနိုင်ခဲ့တာ မင်းတကယ်တော်တယ်''

ကိုယ့်ကိုယ်ကိုယ် အားပေးရင်း ပါးထက်မှမျက်ရည်တွေကိုပါ ခပ်ကြမ်းကြမ်းဆွဲသုတ်ပစ်လိုက်သည်။အနားမှာအမြဲရှိခဲ့ပေမဲ့ ဖွင့်ပြောဖို့ရာ တွန့်ဆုတ်မိခဲ့တာ ကိုယ့်အားနည်းချက်ပဲလေ။ကိုယ်နဲ့ မတန်ဘူးလို့ ထင်ခဲ့တာရယ်.။ပြီးတော့ အမုန်းတွေ ပြန်ရမှာရယ်၊ဒီလိုအကြောင်းအရာတွေကပဲ ချစ်ခြင်းတရားကို သိုဝှက်စေခဲ့တာ မဟုတ္လား။ခုမွေတာ့...ခုမွေတာ့...ဘာတတ်နိုင်ဦးမှာလဲ။ကြာလေ ပိုပြီး အမြစ်တွယ်လာလေ ဖြစ်တဲ့ ချစ်ခြင်းတွေအတွက် အေဝးကို ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တာဟာ အမှန်ဆုံးပဲ ဖြစ်မှာပါ။

ကားကို လမ်းပေါ် ပြန်တင်လိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းဖို့ရာ ရေဒီယိုခလုတ်ကိုလှည့်ဖွင့်မိတော့....

တိတ်တခိုးလေးနဲ့ပဲ ကိုယ်ကချစ်နေတယ်..
ရင်မဆိုင်ရဲဘူး မင်းလေးအကြည့်နဲ့.
ခံစားချက်တွေနဲ့ သီကုံးထားသမျှလည်း...
ရင်မှာသိုဝှက်ပြီး...ငါသိမ်းထားလိုက်တော့မယ်..
အကြိမ်ကြိမ်အခါခါ ကြိုးစားဖူးတယ်...
အကြိမ်ကြိမ်အခါခါ ဆွ့ံအ မြဲ...အို...
မင်းအမုန်းတွေ... မလိုချင်လို့..
ငါဟာ.အရှုံးနဲ့လူပါ...မပြိုင်ခင်..ရှုံးနှင့်နေပြီးသား..
အမုန်းများက..ငါ့အတွက်..ဆုလာဘ္လား..
ငါဟာ.တစ်ဖက်သတ်ချစ်နေတာ
ယဉ်ယဉ်လေးနဲ့ရူးနေသူပါ..
ဖွင့်ပြောဖို့ ခက်နေတာ...မင်းလေး နားလည်ပေးပါ..
အရမ်းချစ်တယ်..မင်းသမီးလေးရာ

သီချင်းစာသားအချို့ကို လိုက်ပါညည်းဆိုရင်း မျက်ရည်စတွေက ထပ်မံပြိုဆင်းလာသည်။ကိုယ်ချစ်မိခဲ့သူက မင်းသမီးလေးမဟုတ်သော်ငြား ကိုယ့်အတွက်တော့ကိုယ့်တိုင်းပြည်မှာအုပ်ချုပ်မဲ့ ရှင်ဘုရားတစ်ပါးသာဖြစ်သည်။ရှုံးနိမ့်ခြင်းဆိုတာကရော...။သေချာတွေးကြည့်ရင် ခါးသက်မနေ။ကိုယ်တိုင်က ကျေနပ်လို့၊ကြည်ဖြူလို့ ပေးခဲ့သည့် အရှုံးတရားတွေပဲ မဟုတ္လား။

"ဟားဟားဟား...''

ဟားတိုက်ရယ်မောပစ်လိုက်တော့ မျက်ရည်စတွေက ထပ္မံ၍ ပြိုဆင်းလာပြန်သည်။ဒီတစ်ကြိမ်အတွက်တော့ မသုတ်ဖယ်မိတော့။ထက်အောင်ကျော်ရဲ့ဘဝမှာ မိုးအရိပ်နဲ့ပတ်သက်မှသာ မျက်ရည်ဖြိုင်ဖြိုင်ကျဖူးခဲ့ပြီး ဒီနေ့မှစလို့ ဒီမျက်ရည်တွေအဆုံးသတ်သွားခဲ့ပါပြီ။

"ပျော်နေပါတော့..ငါ့ကောင်လေး''

#

Continue Reading

You'll Also Like

716K 41.4K 49
Bl story မင်းဖြစ်နေလို့ ( complete)
15.2K 987 44
ပိုင်သက်ရှိုင်းမာန်လို့ခေါ်တဲ့ အသက်သုံးဆယ်ကျော်လူပျိုကြီးတစ်ယောက်က တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်ကိုကူညီဖို့ "ဝလုံး စလုံး မုန့်လုံး"ခေါ်တဲ့ညီအကိုသုံးယေ...
1.5M 64K 75
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
191K 15.2K 82
( Zawgyi+Unicode) "ခင္ဗ်ားေက်းဇူးဘယ္ေလာက္တန္လဲ အဲေက်းဇူးေတြ ေငြေတြနဲ ့က်ဳပ္ဘဝကို အပိုင္ဖမ္းျပီးတာေတာင္ မလံုေလာက္ေသးဘူးလား မုန္းတယ္ ခင္ဗ်ားကိုမုန္းတယ္...