ခ်စ္ျခင္းအသေခ်ၤ (ချစ်ခြင်းအသခ...

By WaiLwin016

322K 24.6K 1.4K

သမီးေလးနဲ႔ အေဖႏွစ္ေယာက္တို႔ရဲ႕မိသားစုေလးတစ္ခုမွာ ျဖစ္တည္လာမဲ့ ခ်စ္ျခင္းေမတၱာနဲ႔အတူ ေျဖ႐ွင္းရမဲ့ အခက္အခဲေတြကို... More

Intro (Z & U)
အပိုင္း ၁ (Z & U)
အပိုင္း ၂ (Z & U)
အပိုင္း ၃ (Z & U)
အပိုင္း ၄ (Z & U)
အပိုင္း ၅ (Z & U)
အပိုင္း ၆(Z & U)
အပိုင္း ၇ (Z & U)
အပိုင္း ၈(Z & U)
အပိုင္း ၉(Z & U)
အပိုင္း ၁၀ (Z & U)
အပိုင္း ၁၁ (Z & U)
အပိုင္း ၁၂ (Z & U)
အပိုင္း ၁၃ (Z & U)
အပိုင္း ၁၄ (Z & U)
အပိုင္း ၁၅ (Z & U)
အပိုင္း ၁၆ (Z & U)
အပိုင္း ၁၇(Z & U)
အပိုင္း ၁၈(Z & U)
အပိုင္း ၁၉(Z & U)
အပိုင္း ၂၀(Z & U)
အပိုင္း ၂၁(Z & U)
အပိုင္း ၂၂ (Z & U)
အပိုင္း ၂၃(Z & U)
အပိုင္း ၂၄ (Z & U)
အပိုင္း ၂၆(Z & U)
အပိုင္း ၂၇ (Z & U)
အပိုင္း ၂၈(Z & U)
အပိုင္း ၂၉(Z & U)
အပိုင္း ၃၀(Z & U)
အပိုင္း ၃၁ (Z & U)
အပိုင္း ၃၂(Z & U)
အပိုင္း ၃၃ (Z & U)
အပိုင္း ၃၄ (Z & U)
အပိုင္း ၃၅ (Z & U)
အပိုင္း ၃၆ (Z & U)
အပိုင္း ၃၇(Z & U)
အပိုင္း ၃၈(Z & U)
💜💜💜
ေက်းဇူးတင္လႊာ(Z & U)
ေမတၱာရပ္ခံျခင္း(Z & U)

အပိုင္း ၂၅ (Z & U)

6.7K 548 58
By WaiLwin016

Zawgyi

ကုမၼဏီ ဝင္ေပါက္ ေရာက္ေရာက္ခ်င္း ၾကားရသည့္ သတင္းက အစံု။သူေဌးတည္တံ႔ေနႏိုင္ရဲ႕ ဇနီးေလာင္းက ဘယ္ေလာက္ေခ်ာေၾကာင္း၊ဘယ္ေလာက္က်က္သေရ႐ွိေၾကာင္းဆိုတာေတြက ဝန္ထမ္းေတာ္ေတာ္မ်ားရဲ႕ ႏူတ္ဖ်ားမွာေရပန္းစားေနေသာစကား။အာကာ သြားလိုက္သည့္ႏွစ္ပတ္ေလးမွာ မိုးအရိပ္ ပိန္က်သြားရျခင္းက ဒီအေၾကာင္းအရာေတြေၾကာင့္သာ ျဖစ္ေပလိမ့္မည္။

ဒီေန႔က Staff partyက်င္းပမည့္ရက္ျဖစ္ေသာေၾကာင့္ဝန္ထမ္းတိုင္းလိုလိုကလည္း ေက်ာ့ေမာ့ေနေအာင္ျပင္ဆင္ထားၾကသည္။ဒီလိုရက္ဆို တစ္ႏွစ္တာအတြင္းပင္ပန္းထားသမ်ွအတြက္ အတိုးခ်ၿပီးအပန္းေျဖႏိူင္တာမို႔ ဝန္ထမ္းတိုင္းကေပ်ာ္ၾကသည္၊ေသာက္တတ္စားတတ္သူေတြအတြက္လည္း ႐ွယ္တကာ့႐ွယ္ဆိုတာကိုမွ တည္တံ႔က စီစဥ္ေပးထားတာပဲ၊အရင္ႏွစ္ေတြက အာကာလုပ္ေပးတာထက္ေတာင္ ပိုၿပီးျပည့္စံုေနေသး၏။

နဂိုကတည္းက လူ႐ႈပ္တာမႀကိဳက္ေသာ တည္တံ႔ကေတာ့ ရံုးခန္းထဲ၌သာ ငုတ္တုတ္ပင္ အထိုင္မပ်က္။အာကာဝင္သြားတာျမင္ျမင္ခ်င္း လက္ယပ္ေခၚၿပီး ဝန္ထမ္းကိုယ္ေရးဖိုင္တစ္ခုကို မ်က္စိေ႐ွ႕ျဖန္႔ျပလာသည္။

"မိုးအရိပ္ဟာပဲ။မင္းဘာလုပ္မလို႔ထုတ္ၾကည့္ေနတာလဲ''

"ဒီမွာ သူ႔ရဲ႕ပညာအရည္အခ်င္းကဘာလဲ''

"ဪ..မင္းမဖတ္တတ္ဘူးလား။B.A(Eng)ေလ''

"မဟုတ္ေသးဘူးေလ အာကာ။ငါသူ႔ကို ႏိုင္ငံျခားမွာေက်ာင္းတက္ဖို႔ပိုက္ဆံေတြေပးခဲ့တယ္ေလ။သူ ဘာလုပ္ပစ္လိုက္တာလဲ။ဘာျဖစ္လို႔ ႐ိုး႐ိုးဘြဲ႔တစ္ခုနဲ႔ ၿပီးသြားရတာလဲ''

မီးခံေသတၱာထဲမွာ ေသခ်ာသိမ္းဆည္းထားခဲ့ေသာ မိုးအရိပ္အမည္ပါ ဘဏ္စာအုပ္ေလးကို တည္တံံ့ေ႐ွ႕ထုတ္ျပေပးလိုက္သည္။

"ဘယ္လိုျဖစ္တာလဲ အာကာ။မင္း သူ႔ကိုမေပးခဲ့တာလား၊ၿပီးေတာ့ မင္းေရာမမေရာက သူ႔အေပၚဘာျဖစ္လို႔ေကာင္းေနၾကတာလဲ။ငါကခ်စ္ခဲ့ရသူမို႔ စိတ္မျပတ္ႏိုင္တာထားပါ။မင္းတို႔ကဘာအတြက္လဲ။''

"အရာအားလံုးက မင္းအထင္လြဲေနတာပါလို႔ ငါေျပာၿပီးၿပီပဲ။''

"ေအးပါ။အဲ့အထင္လြဲေနတယ္ဆိုတာကို ငါ့႐ွင္းျပၾကစမ္းပါ။မင္းတို႔မင္းတို႔က အားလံုးသိေနၿပီး ငါတစ္ေယာက္တည္းက႐ူးေနသလိုပဲ။ဒီေန႔ေတာ့ ငါ့ကိုနားလည္ေအာင္ေသခ်ာ႐ွင္းျပ''

လံုးဝမေျပာျပပါနဲ႔လို႔ အႀကိမ္ႀကိမ္ေတာင္းထားခဲ့သည့္ကတိစကားကို အာကာဘယ္လိုဖ်က္ပစ္ရပါ့မလဲ။တည္တံ႔ပံုစံကိုၾကည့္ရတာ နာက်င္ေနပါရဲ႕နဲ႔ေတာင္ အထင္လြဲပါသည္ဆိုေသာစကားကို အမွန္ျဖစ္ေစခ်င္ပံုရသည္။

"သူ မင္းကိုတကယ္ခ်စ္ခဲ့တယ္ တည္တံ႔''

"ဟား...သူ႔ပါးစပ္ကေျပာတာလား။အဲ့စကားကို မင္းကို သူကေျပာတာလား။မင္းကေရာ သူေျပာတာကိုအလြယ္ယံုပစ္လိုက္တာပဲလား၊''

တည္တံ႔အသံကက်ယ္လာသလို ေအာက္ထပ္မွာလည္း ပါတီစေနၿပီမို႔ DJသံကခပ္ျပင္းျပင္း။

"မင္း ငါနဲ႔လိုက္ခဲ့.တည္တံ႔''

၆ႏွစ္လံုးလံုး မေထြးႏိုင္မအန္ႏိုင္ ေအာင့္အည္းထားခဲ့ရသည့္အေၾကာင္းအရာေတြကို ဒီေန႔ေတာ့အကုန္ဖြင့္ထုတ္ပစ္လိုက္ေတာ့မည္။ဒါဟာ မိုးအရိပ္အတြက္ေရာ တည္တံ႔အတြက္ပါ ဒုတိယအႀကိမ္ေရြးခ်ယ္ဖို႔အခြင့္အေရးလည္းျဖစ္ခ်င္ျဖစ္လာႏိုင္သည္။

"ကိုအာကာ..လာလည္တာလား။အာ..ကိုတည္တံ႔ပါပါလာတာလား။မိုးအရိပ္မ႐ွိဘူး''

မိုးအရိပ္မ႐ွိသည္က ပိုလို႔ေတာင္ေကာင္းသည္။မဟုတ္ရင္ တားဟယ္ဆီးဟယ္ျဖင့္ ဒီဇာတ္ကၿပီးမည္မဟုတ္။

"ငါတို႔ အိမ္ထဲခဏဝင္မယ္ေနာ္''

အဝင္ဝရဲ႕ သံပန္းတံခါးကို ဆြဲဖြင့္လိုက္ၿပီး အာကာလွမ္းဝင္လိုက္သလို တည္တံ႔လည္းပဲ အေနာက္ကေန ကပ္ပါလာသည္။ဒီအခန္းကို အာကာကိုယ္တိုင္႐ွာေပးခဲ့ၿပီး မၾကာခဏလည္းေရာက္တတ္သည့္မို႔ ဘယ္နားမွာဘာ႐ွိလဲအလြတ္နီးပါးရေနၿပီးသား။ငါးထပ္သားျပားအသံုးျပဳၿပီး ဖြဲ႔စည္းထားေသာအခန္းဘက္ကို အရင္ေျခလွမ္းလိုက္ၿပီး တစ္ေယာက္အိပ္ကုတင္ႏွစ္လံုးၾကားကစားပြဲပုေလးေပၚ ၫႊန္ျပလိုက္သည္။

"မင္းၾကည့္..''

သူတို႔ႏွစ္ေယာက္ရဲ႕ ဓာတ္ပံုေလးက ခံုပုေလးေပၚ အခန္႔သား။

"ဒါေလးတစ္ခုနဲ႔ သူကငါ့ကိုခ်စ္ေနတယ္လို႔မင္းကယံုတာလား''

"မင္းကိုသူ မခ်စ္ဘူး၊ေငြမက္လို႔ကပ္တာပါလို႔ေျပာခဲ့ေပမဲ့ မင္းနားကထြက္လာခ်ိန္မွာ ဘာအဖိုးတန္ပစၥည္းမ်ား သူယူသြားသလဲတည္တံ႔။ဘာမွမယူခဲ့ပါဘူး။ခု ဒီအိမ္ေလးကို ၾကည့္။ငါကအျပည့္အစံုဝယ္ေပးပါ့မယ္ဆိုတာေတာင္ ဘာတစ္ခုမွလက္မခံခဲ့ဘူးကြ။မင္းေပးတဲ့ေငြေတြလည္း သူလက္မခံခဲ့ဘူး။ေနာက္ၿပီး မင္းၾကားခဲ့တဲ့စကားေတြဆိုတာလည္း အမွန္မဟုတ္ဘူး။သူတို႔ခ်င္းစေနာက္တာကို မင္းကနားစြန္နားဖ်ားၾကားသြားခဲ့တာ''

"သူေျပာသမ်ွေတြ မင္းအကုန္ယံုေနေတာ့တာပဲလား အာကာ။တကယ္ခံခဲ့ရတာ ငါပါကြ။ဘာလဲ မင္းကပါ သူ႔ကိုအမ္းေနတာလား။ဟုတ္လား အဲ့ဒါေၾကာင့္ ဒီေလာက္ကာကြယ္ေပးခ်င္ေနရတာလား''

"ခြပ္..''

႐ွင္းျပေနပါရဲ႕နဲ႔ လက္မခံသည့္အျပင္ မဆိုင္သည့္စကားေတြပါ ပါလာၿပီမို႔ စိတ္မ႐ွည္စြာ ဆြဲထိုးမိလိုက္သည္။အေနာက္ကိုလန္က်သြားၿပီး ႏူတ္ခမ္းေထာင့္မွေသြးမ်ားစီးက်လာသည္အထိ အာကာလက္ဆျပင္းသြားခဲ့၏။ဒါဟာ ဘဝတစ္သက္တာလံုးမွာ ပထမဆံုးအႀကိမ္ တည္တံ့ကိုထိခိုက္ေအာင္လုပ္မိျခင္းပင္။စိတ္မေကာင္းေပမဲ့လည္း အမွန္ျမင္ေအာင္ေတာ့ေျပာကိုေျပာရေပမည္၊

"မင္း လူမဟုတ္ဘူးလား တည္တံ႔၊လူဆိုရင္ လူစကားနားလည္ေလ။မင္းေသမတတ္ခ်စ္ခဲ့ေၾကာင္းခဏခဏေျပာေနေပမဲ့ ဟိုေကာင္ေလးကမင္းထက္ပိုခ်စ္ျပခဲ့တာကြ သိရဲ႕လား။ကိုထက္..ေဆးမွတ္တမ္းေတြယူျပလိုက္''

"ဟို..''

မိုးအရိပ္ရဲ႕ပိတ္ပင္ထားမႈေၾကာင့္ ေဆးမွတ္တမ္းေတြကို ယူျပဖို႔ရာ ထက္ေအာင္ေက်ာ္တစ္ေယာက္တြန္႔ဆုတ္ေနသည္။

"ယူသာယူလာစမ္းပါ။မိုးအရိပ္ကိစၥ ငါ႐ွင္းမယ္''

ထိုအခါမွ ဗီ႐ိုရဲ႕ အံဆြဲႏွစ္ခုထဲမွ ေသာ့ခတ္ထားသည့္အံကိုဆြဲဖြင့္ၿပီး ဖိုင္တစ္ထပ္ထုတ္ယူလာသည္။ထိုဖိုင္ေတြကို တည္တံ႔နဲ႔အနီးဆံုးကုတင္ေပၚပစ္တင္ေပးလိုက္ၿပီး..

"မင္းကို မခ်စ္ပါဘူးလို႔ေျပာခဲ့တဲ့ေကာင္ေလးရဲ႕ မိုက္႐ူးရဲဆန္မႈေတြ။ဖြင့္ၾကည့္လိုက္တည္တံ႔''

ဖိုင္ေတြကို တစ္ခုခ်င္းဖြင့္ၾကည့္ၿပီး နားမလည္ႏိူင္ေသာမ်က္ဝန္းမ်ားျဖင့္အာကာ့ဆီၾကည့္လာသည္။

"ဒီေဆးမွတ္တမ္းေတြက ဘာေတြလဲ''

"အန္ကယ္ႏိုင္ဆံုးသြားတာကို မင္းမွတ္မိေနေသးတယ္ မဟုတ္လား''

တည္တံ႔မ်က္ႏွာက သိသိသာသာကိုပ်က္ယြင္းသြားသည္။ျဖစ္ႏိုင္မယ္ဆို ဒီကိစၥေတြကို အစျပန္မေဖာ္ခ်င္ေပမဲ့ ေျပာကိုေျပာရမည့္အေျခအေနကေပၚလာခဲ့ၿပီေလ။

"မင္းအေဖက ဘယ္သူနဲ႔မွရန္ၿငိဳးမ႐ွိခဲ့ဖူးဘူး တည္တံ႔၊တကယ္ေတာ့ မင္းအဖိုးရဲ႕ အငယ္အေႏွာင္းနဲ႔ပတ္သက္ရာပတ္သက္ေၾကာင္းေတြက အေမြလိုခ်င္လို႔ လုပ္ၾကံခဲ့ၾကတာ''

"အဲ့ဒါနဲ႔..မိုးအရိပ္နဲ႔က ဘာပတ္သက္''

"ေျပာမယ္ ။အဲ့လူက ေထာင္ကျပန္လြတ္လာၿပီး မင္းကိုပါထပ္လုပ္ၾကံဖို႔ စီစဥ္ခဲ့တာ''

"ငါ မသိပါဘူး''

"ဘယ္သိပါ့မလဲကြာ။မင္းကိုခ်ိန္းတဲ့စာကို မိုးအရိပ္ကယူသြားခဲ့တာေလ''

"အဲ့ကို အရိပ္မသြားခဲ့ဘူးမဟုတ္လား။မသြားခဲ့ဘူးလို႔ ငါ့ကိုေျပာပါ''

"မင္းလက္မခံခ်င္လည္း မိုးအရိပ္ကေတာ့ အဲ့ေနရာကိုတကယ္သြားခဲ့တယ္။သြားရံုတင္မကဘဲ သူဟာတည္တံ႔ေနႏိုင္ပါလို႔ ေျပာၿပီးေတာ့ကို အ႐ိုက္အႏွက္ခံခဲ့တာ။ကားသမားႀကီးသာမကယ္ရင္ မိုးအရိပ္ေရာင္ဆိုတာ အုတ္ဂူအေနနဲ႔ပဲ မင္း ျမင္ရေတာ့မွာ။မင္းကိုမခ်စ္ပါဘူးလို႔ေျပာခဲ့တဲ့၁၆ႏွစ္သားေလးက မင္းအေပၚ အသက္ေပးၿပီးကိုခ်စ္ခဲ့တာကြ ''

တည္တံ႔ရဲ႕ ခႏၶာကိုယ္ဟာ ကုတင္ေပၚကို ပံုရက္ၿပိဳက်သြားေတာ့သည္။ခံစားရမွာသိေပမဲ့ ေျပာလက္စနဲ႔ေတာ့ အဆံုးထိေရာက္ဖို႔လိုသည္။

"မိုးအရိပ္ရဲ႕လက္ေခ်ာင္းေလးေတြကို မင္းသတိမထားမိဘူးလား တည္တံံ႔။လက္ဆယ္ေခ်ာင္းမွာလက္မတစ္ေခ်ာင္းပဲအေကာင္းအတိုင္းက်န္ၿပီး က်န္တဲ့ကိုးေခ်ာင္းကအပိုင္းပိုင္းက်ိဳးသြားခဲ့တာ။ညဘက္လက္ဆိုရင္ တံေတာင္ဆစ္႐ိုးပါ ထက္ပိုင္းက်ိဳးတဲ့အေျခအေန။ဒါေၾကာင့္ အေလးအပင္ေတြသူမသယ္ႏိုင္ဘူး။ပစၥည္းေတြကိုအခ်ိန္ၾကာၾကာ မကိုင္ထားႏိုင္ဘူး။ေျပာရရင္ကြာ ေဘာပင္တစ္ေခ်ာင္းေတာင္ အခ်ိန္ၾကာလာရင္ သူ႔အတြက္ေလးလာတာ။ေနာက္ၿပီးေခါင္းက ရက္ရက္စက္စက္ အ႐ိုက္ခံရၿပီး နဖူးကေန နားထင္စပ္အထိ အခ်က္ေပါင္းမနည္းေအာင္ခ်ဳပ္ထားရတယ္။ဒီဒဏ္ေတြေၾကာင့္ သူ႔အာရံုေၾကာေတြက ဒဏ္မခံႏိုင္ဘဲ အလုပ္ပိလာတဲ့အခါ မူးလဲတာမ်ိဳးေတြျဖစ္လာေတာ့တာ''

"ငါ့ကိုဘာလို႔မေျပာ...''

"မင္းကို ငါေျပာခဲ့ပါတယ္။မိုးအရိပ္ကို အလုပ္ေတြတအားမေပးပါနဲ႔လို႔ေလ။ဒီလိုအေကာင္းအတိုင္းေလးလႈပ္႐ွားႏိုင္ေအာင္ေတာင္ မနည္းလုပ္ခဲ့ၾကရတာ..''

"ဟာကြာ...''

နံရံထက္ကို လက္သီးခ်က္ေတြဆက္တိုက္ထိုးသြင္းေနေပမဲ့ အာကာဝင္မဆြဲမိ၊နာပါေစ။ဒီေလာက္ေတာ့ သူခံစားသင့္သည္။သူ႔အတြက္ မိုးအရိပ္ နာက်င္ခဲ့တာနဲ႔ယွဥ္ရင္ သူခံစားေနရတာက ဘာမွမဟုတ္ေသး။

"ငါမွားသြားၿပီအာကာရယ္။ငါ အရိပ္အေပၚအမ်ားႀကီး မွားသြားခဲ့ၿပီ။ဘယ္လိုလုပ္ရမလဲ ငါ့ကိုေျပာပါဦး''

မ်က္ရည္ေတြၿဖိဳင္ၿဖိဳင္က်ရင္း ေျပာေနသည့္သူငယ္ခ်င္းကို အာကာဆြဲဖက္ထားရင္း ေက်ာျပင္ကိုသာ ခပ္ဖြဖြပြတ္ေပးေနမိသည္။တစ္ေန႔ဒီလိုျဖစ္မွာ ႀကိဳသိေနလို႔ သတိေပးခဲ့သားပဲေလ။

"ကိုတည္တ့ံ......ကြၽန္ေတာ္တစ္ခုေလာက္ေျပာပါရေစ''

"မင္းလည္း ငါ့ကိုမုန္းေနမွာပါပဲကြာ။ေျပာပါ မင္းစိတ္ႀကိဳက္သာေျပာပါ။ငါခံပါ့မယ္''

"ထင္ခ်င္သလိုထင္ႏိုင္ပါတယ္။ကြၽန္ေတာ္ေျပာခ်င္တာက ခင္ဗ်ားမွာ လက္ထပ္ဖို႔ရည္ရြယ္ထားသူ႐ွိပါရဲ႕နဲ႔ မိုးအရိပ္ကိုထပ္ၿပီးႏြယ္ဖို႔မႀကိဳးစားပါနဲ႔''

"ငါ..လက္မထပ္ပါဘူး..."

တစ္စကၠန္႔ေတာင္မဆိုင္းဘဲ ျပန္လည္ထြက္ေပၚလာေသာ အျငင္းစကား။

"ခင္ဗ်ားဗ်ာ။မ်က္ႏွာေျပာင္တိုက္လိုက္တာ။အဲ့အမ်ိဳးသမီးကို ခင္ဗ်ားရံုးခန္းထဲအထိေခၚလာၿပီး ခ်စ္ၾကည္ႏူးျပေနလို႔ မိုးအရိပ္ စိတ္ဒုကၡေရာက္ေနရ႐ွာတာ၊ခင္ဗ်ားလက္ထပ္ေတာ့မယ္ဆိုတဲ့စိတ္နဲ႔ေန႔မအိပ္၊ညမအိပ္၊အစားမစားနဲ႔ သူ႔ပံုစံကို ခင္ဗ်ားမျမင္ဘူးလား။ဒါေတာင္ အလုပ္ေတြကို မရပ္မနားခိုင္းႏိုင္လြန္းတဲ့ခင္ဗ်ားက မိုးအရိပ္ကိုခ်စ္သတဲ့လား''

ထက္ေအာင္ေက်ာ္လည္း အာကာ့လိုပင္။မ်ိဳသိပ္လာသမ်ွစကားတို႔ကို ဒီေန႔အၿပီးျဖတ္မည့္ပံု။

"ငါ နဲ႔သေဘာတူထားတာလည္းမွန္တယ္၊ငါ့ရံုးခန္းကိုေခၚလာတာလည္းမွန္တယ္။ဒါေပမဲ့ ငါနဲ႔ပတ္သက္မႈေၾကာင့္မဟုတ္ဘဲ သူ႔ခ်စ္သူနဲ႔လိုင္းေပၚကတဆင့္စကားေျပာခ်င္လို႔ေခၚလာေပးရံု၊ကူညီရံုသက္သက္ပဲ''

"ဘာေတြလဲကြာ''

ေခါင္း႐ႈပ္စြာ အာကာညည္းညဴလိုက္သလို ထက္ေအာင္ေက်ာ္ရဲ႕ ႏူတ္မွလည္း ကြၽတ္ခနဲ အသံထြက္လာေတာ့၏။

"သူနဲ႔ငါက မိဘေတြက စီစဥ္တယ္။ဒါေပမဲ့သူကသူ႔ခ်စ္သူ႐ွိေနသလို ငါကလည္း အရိပ္ကလြဲၿပီးလက္မခံႏိုင္တဲ့အတြက္ အျပန္အလွန္ သေဘာတူညီမႈယူလိုက္တယ္။ဒါပဲ။ဒိအျပင္ မပိုဘူး''

သက္ျပင္းတစ္ခါခ်ရင္ အသက္တစ္ရက္တိုသတဲ့။ဒီေန႔အဖို႔ေတာ့ ထက္ေအာင္ေက်ာ္နဲ႔အာကာရဲ႕သက္တမ္းေတြ ေလ်ာ့ပါးသြားဖို႔ေသခ်ာေနေလၿပီ။

#

ကိုအာကာက party ဆို ဘယ္ေတာ့မွ လာေလ့လာထ မ႐ွိေပမဲ့ ဒီေန႔ ကိုကို႔က္ိုပါ မေတြ႔တာေၾကာင့္ အရိပ္စိတ္ထဲ မခ်ိတင္ကဲ။ဒီေန႔တစ္ရက္ပဲ ကိုကို႔ကို ​ေတြ႔ရမွာေလ။

"အငယ္...သီခ်င္းဆိုရေတာ့မယ္။အငယ္အလွည့္ေရာက္ၿပီ''

မမပိုးက လာေရာက္သတိေပးရင္း အရိပ္ရဲ႕ဝတ္စံုကိုပါ ေသခ်ာအက်အနျပင္ဆင္ေပးေနေသးသည္။ႏွစ္တိုင္း ဒီစင္ေပၚကိုတက္ေနက်ဆိုေပမဲ့ ဒီႏွစ္ေတာ့ အရိပ္စိတ္ထဲ အေတာ္ပင္ေလးပင္ေန၏။ဒါဟာ အားလံုးနဲ႔အလုပ္ခြင္မွာေနာက္ဆံုးေတြ႔ဆံုျခင္းမို႔ အေကာင္းဆံုးေတာ့ ေဖ်ာ္ေျဖေပးခဲ့ရမည္။လက္ထဲက ကိုင္ထားေသာဂီတာမွ ႀကိဳးမ်ွင္ေလးေတြကို လက္ဖ်ားေလးျဖင့္ထိမိသည့္အခိုက္ ေ႐ွ႕တည့္တည့္ခပ္လွမ္းလွမ္းမွ မွန္တံခါးႀကီးလည္း တျဖည္းျဖည္းပြင့္လာေလေတာ့သည္။

တစ္လွမ္းခ်င္းဝင္လာေနသူက ကိုကိုျဖစ္ၿပီး လြန္ခဲ့ေသာ၇ႏွစ္ခန္႔က အရိပ္ရ႐ွိခဲ့ဖူးေသာ အၾကင္နာမ်က္ဝန္းေတြ ကိုကို႔ဆီမွာျမင္ေနရသည္။အရိပ္ အိပ္ေရးေတြပ်က္ထားတာလည္းမ်ားေနၿပီ။အရက္လည္း အနည္းငယ္ဝင္ထားသည့္အေျခအေနမို႔ အျမင္ေတြမွားေနပံုပါပဲ။မ်က္လံုးေတြကို စံုမွိတ္ပစ္လိုက္ၿပီး ဂစ္တာကိုတီးခတ္ေနသည့္လက္ေတြဆီသာ ႐ွိသမ်ွအာရံု အကုန္စိုက္ပစ္လိုက္ေတာ့၏။

ကြၽန္ေတာ့ဘဝ ေမွာင္ေနတဲ့အခန္းငယ္
ကြၽန္ေတာ့ဘဝ ဒဏ္ရာေတြ အျပည့္နဲ႔...
ကြ်န္ေတာ့ကို လမ္းျပမဲ့သူမ႐ွိေပမဲ့
လမ္းေလးခင္းထားတယ္......

ကြၽန္ေတာ့ဘဝ အိေျႏၵေတြ မဲ့တယ္
ကြၽန္ေတာ့ဘဝ ေငြေတြမက္ဖူးတယ္
ကြၽန္ေတာ့မွာခ်စ္ရမဲ့သူ မ႐ွိေပမဲ့
အသည္းလည္း ကြဲဖူးတယ္.......

ကြၽန္ေတာ္ရဲ႕ အသည္း.....
အကုန္ဒဏ္ရာေတြနဲ႔ ျပည့္ေနတယ္
လူေတြမသိတဲ့ လမ္းရဲ႕ ေထာင့္ေလးထဲမွာ
ႀကိတ္ငိုခဲ့ဖူးတယ္.....

ကြၽန္ေတာ့ရင္ထဲ နာက်င္စရာေတြလည္း ႐ွိပါတယ္
ကြၽန္ေတာ့ေၾကာင့္ အေႏွာင့္အယွက္ ျဖစ္သြားတဲ့
သိပ္ခ်စ္ရတဲ့ သူလည္း...... ႐ွိတယ္

ကြၽန္ေတာ့ဘဝ ထင္ရာစိုင္းတယ္.
ကြၽန္ေတာ့ဘဝ လူျမင္႐ိုင္းတယ္
ကြၽန္ေတာ့ကို ေဖးမမဲ့သူမ႐ွိေပမဲ့ ကဲ့ရဲ႕တတ္ၾကတယ္

ကြၽန္ေတာ့ဘဝ အိေျႏၵေတြ မဲ့တယ္
ကြၽန္ေတာ့ဘဝ ေငြေတြမက္ဖူးတယ္
ကြၽန္ေတာ့မွာခ်စ္ရမဲ့သူ မ႐ွိေပမဲ့
အသည္းလည္း ကြဲဖူးတယ္...

ကြၽန္ေတာ္ရဲ႕ အသည္း..... ဝိုး.........

အေမွာင္ထုေတြၾကားထဲ
တစ္ေယာက္တည္း ခ်န္မသြားနဲ႔

စိတ္ပူမဲ့သူမ႐ွိတဲ့ဘဝထဲ
ျဖစ္ခ်င္တာေတြ ျဖစ္ခြင့္႐ွိတယ္

ကြ်န္ေတာ႔ရဲ႔ အသည္း
အကုန္ဒဏ္ရာေတြနဲ႔ ျပည့္ေနတယ္
လူေတြမသိတဲ့ အခန္းရဲ႕ ေထာင့္ေလးထဲမွာ
ႀကိတ္ငိုခဲ့ဖူးတယ္

ကြၽန္ေတာ္ရဲ႕ အသည္း.....
အကုန္ဒဏ္ရာေတြနဲ႔ ျပည့္ေနတယ္
လူေတြမသိတဲ့ အခန္းရဲ႕ ေထာင့္ေလးထဲမွာ
ႀကိတ္ငိုခဲ့ဖူးတယ္

ကြၽန္ေတာ့ရင္ထဲ နာက်င္စရာေတြလည္း ႐ွိပါတယ္
ကြၽန္ေတာ့ေၾကာင့္ အေႏွာင့္အယွက္ ျဖစ္သြားတဲ့
သိပ္ခ်စ္ရတဲ့ သူလည္း ႐ွိတယ္....

ကြၽန္ေတာ့ေၾကာင့္ အေႏွာင့္ အယွက္ျဖစ္သြားတဲ့
သိပ္ခ်စ္ရတဲ့သူလည္း ႐ွိဖူးတယ္....

သီခ်င္းဆိုေနရင္း ကိုကိုႏွင့္အတူ ေပ်ာ္ရႊင္ခဲ့ဖူးသည့္ ပံုရိပ္မ်ားက အာရံုထဲ တရိပ္ရိပ္ ေပၚလာေလသည္။အရိပ္ေၾကာင့္ ကိုကိုခံစားခဲ့ရတာေတြ၊အရိပ္ကို နာနာက်ည္းက်ည္းေျပာဆိုခဲ့တာေတြကလည္း စိတ္အာရံုေတြထဲ အႏွံ႔အျပား။သိပ္ခ်စ္ေပးခဲ့သူကို ေစာ္ကားခဲ့မိသည့္အက်ိဳးဆက္ေတြ အရိပ္ခံေနရေလၿပီ။ထြက္ေပၚလာသည့္လက္ခုပ္သံေတြ၊လာေပးသည့္ပန္းစည္းေတြ အကုန္ေပြ႔ပိုက္ကာကိုင္လာရင္း တံခါးဝကို လွမ္းေငးမိေတာ့ နဂိုေနရာမွာ ကိုကိုရပ္ေနဆဲ။

မူးပစ္လိုက္ခ်င္သည္။ဒါမွလည္း အရာရာကိုေခတၱခဏ ေမ့ထားႏိုင္မည္မဟုတ္လား။စင္ေအာက္မွာျပင္ဆင္ထားသည့္အရက္ခြက္ေတြထဲမွ တစ္ခြက္ကို ယူေသာက္လိုက္ၿပီး ကိုကို႔ဆီတစ္ခါထပ္ၾကည့္လိုက္သည္။ကိုကိုကေနျမဲအတိုင္း မေျပာင္းလဲေသး။ေနာက္တစ္ခြက္ထပ္ယူေသာက္လိုက္ေတာ့ လူကယိုင္ခ်င္လာသည့္အေျခအေန။ကိုကိုကေတာ့ ထိုေနရာမွာ႐ွိေနဆဲ။အရက္က ဝင္သည္ထက္ဝင္သြားေတာ့ စိတ္ထဲလည္းရဲတင္းလာသလိုလိုပင္။

ကိုကို႐ွိရာေလ်ွာက္သြားလိုက္ၿပီး အနားထိတိုးကပ္ကာ ျပဴးျပဲၾကည့္လိုက္သည္။မ်က္မွန္ကဝါးေနေလသလားမသိ။ကိုကိုေပါင္းမ်ားစြာကိုအရိပ္မ်က္လံုးထဲ ျမင္ေနရေလသည္။

"အရိပ္...အရိပ္။မင္း ကိုကို႔ကိုျမင္ေနတယ္ဆိုရင္ မင္းမူးေနတာေသခ်ာၿပီ ျပန္ၾကမယ္ အရိပ္''

#

အရိပ္ရဲ႕ ႏူတ္ဖ်ားကေန အစီအစဥ္တက် ထြက္ေပၚလာသည့္ သီခ်င္းသံ.။လြန္ခဲ့ေသာအခ်ိန္ေတြက ေရခ်ိဳးခန္းထဲ ဝင္တိုင္း ေအာ္ဟစ္ သီဆိုတတ္သည့္ အရိပ္ရဲ႕ အမူအက်င့္ေလးကို ျပန္လည္ ျမင္ေယာင္လာမိသည္။ေရခ်ိဳးသည့္အခါ  စိမ္ေျပနေျပ ခ်ိဳးတတ္လြန္း၍ အျမဲလိုလို ေအာ္ဟစ္သတိေပးရေသာသူ။ေရခ်ိဳးၿပီး အဝတ္အစားဝတ္သည္အထိ တည္တံ႔မွမပါလ်ွင္ မၿပီးစီးႏိုင္ေသာ ဤလူသား။

ဖိပိတ္ထားတဲ့ မ်က္ခြံေတြေအာက္ကေန အရည္ၾကည္ေတြ စီးက်လာတာ တည္တံ႔ျမင္ေနရသလို တည္တံ႔ရဲ႕ မ်က္ဝန္းေတြလည္းတျဖည္းျဖည္းမႈန္ဝါးလာေလသည္။မေသခ်ာဘဲ ဆံုးျဖတ္ခဲ့သည့္လုပ္ရပ္တစ္ခုေၾကာင့္ မျဖစ္သင့္တာေတြျဖစ္လာၿပီး ကံဆိုးရင္ ခ်စ္ရသူကိုပါ ဆံုး႐ွံုးလိုက္ရေတာ့မလို႔။

"ကိုကိုမွားသြားပါတယ္ အရိပ္ရယ္။မင္းကိုခ်စ္တဲ့စိတ္နဲ႔ ဘာမွကိုမျမင္ႏိုင္ခဲ့တာပါကြာ''

#

ယိုင္ထိုးေနသည့္ မိုးအရိပ္ကို  ေျပးၿပီးတြဲဖို႔ ေျခလွမ္းျပင္လိုက္ေပမဲ့ ေနာက္ကေနကပ္ပါလာေသာ ကိုတည္တံ႔ေၾကာင့္ ေရာက္သည့္ေနရာမွာပင္ အကြယ္တစ္ခုယူ၍ ရပ္ေနလိုက္ေတာ့သည္။မိုးအရိပ္ကို ပူမိသည့္စိတ္တစ္ခုကေစခိုင္းလို႔ အေျပးေရာက္လာေပမဲ့ ဒီေနရာမွာထက္ေအာင္ေက်ာ္ဆိုတာ လိုမွမလိုေတာ့ပဲ။ခုဆို ကိုတည္တံ႔ကလည္းအေၾကာင္းစံုသိ႐ွိသြားၿပီးတဲ့အျပင္ မိုးအရိပ္ကိုေမတၱာ႐ွိေနဆဲပါဆိုမွေတာ့ အရာရာကျပည့္စံုတာထက္ပိုသြားခဲ့ေလၿပီ။ကိုယ္ေတြကေတာ့ နဂိုကတည္းက သူ႔ရဲ႕ညီအကိုဆိုတဲ့ပတ္သက္မႈကိုပဲ ေရြးခ်ယ္ခဲ့ၿပီးသားမို႔ ေနာင္လည္း ဒီအတိုင္းပဲ႐ွိေနေပးဦးမွာပါ။

".......''

"ဟုတ္ကဲ့...သူေဌး...''

"မင္း...စဥ္းစားၿပီးၿပီလား။ငါသြားဖို႔စီစဥ္ေတာ့မယ္''

စဥ္းစားစရာမလိုေတာ့ေပ။မိုးအရိပ္အတြက္ စိတ္ခ်သြားရၿပီဆိုေတာ့ ကိုယ္လည္း သြားသင့္သည့္လမ္းကိုေရြးခ်ယ္လိုက္ေတာ့မည္။ဘဝမွာ အေရးႀကီးဆံုးက သူပဲမို႔ သူသာေပ်ာ္ရႊင္ေနမယ္ဆို ကိုယ္လည္းပဲ အဆင္ေျပႏိုင္လိမ့္မယ္ထင္ပါရဲ႕။

#

Unicode

ကုမ္မဏီ ဝင်ပေါက် ရောက်ရောက်ချင်း ကြားရသည့် သတင်းက အစုံ။သူဌေးတည်တံ့နေနိုင်ရဲ့ ဇနီးလောင်းက ဘယ်လောက်ချောကြောင်း၊ဘယ်လောက်ကျက်သရေရှိကြောင်းဆိုတာတွေက ဝန်ထမ်းတော်တော်များရဲ့ နူတ်ဖျားမှာရေပန်းစားနေသောစကား။အာကာ သွားလိုက်သည့်နှစ်ပတ်လေးမှာ မိုးအရိပ် ပိန်ကျသွားရခြင်းက ဒီအကြောင်းအရာတွေကြောင့်သာ ဖြစ်ပေလိမ့်မည်။

ဒီနေ့က Staff partyကျင်းပမည့်ရက်ဖြစ်သောကြောင့်ဝန်ထမ်းတိုင်းလိုလိုကလည်း ကျော့မော့နေအောင်ပြင်ဆင်ထားကြသည်။ဒီလိုရက်ဆို တစ်နှစ်တာအတွင်းပင်ပန်းထားသမျှအတွက် အတိုးချပြီးအပန်းဖြေနိူင်တာမို့ ဝန်ထမ်းတိုင်းကပျော်ကြသည်၊သောက်တတ်စားတတ်သူတွေအတွက်လည်း ရှယ်တကာ့ရှယ်ဆိုတာကိုမှ တည်တံ့က စီစဉ်ပေးထားတာပဲ၊အရင်နှစ်တွေက အာကာလုပ်ပေးတာထက်တောင် ပိုပြီးပြည့်စုံနေသေး၏။

နဂိုကတည်းက လူရှုပ်တာမကြိုက်သော တည်တံ့ကတော့ ရုံးခန်းထဲ၌သာ ငုတ်တုတ်ပင် အထိုင်မပျက်။အာကာဝင်သွားတာမြင်မြင်ချင်း လက်ယပ်ခေါ်ပြီး ဝန်ထမ်းကိုယ်ရေးဖိုင်တစ်ခုကို မျက်စိရှေ့ဖြန့်ပြလာသည်။

"မိုးအရိပ်ဟာပဲ။မင်းဘာလုပ်မလို့ထုတ်ကြည့်နေတာလဲ''

"ဒီမွာ သူ့ရဲ့ပညာအရည်အချင်းကဘာလဲ''

"ဪ..မင်းမဖတ်တတ်ဘူးလား။B.A(Eng)လေ''

"မဟုတ်သေးဘူးလေ အာကာ။ငါသူ့ကို နိုင်ငံခြားမှာကျောင်းတက်ဖို့ပိုက်ဆံတွေပေးခဲ့တယ်လေ။သူ ဘာလုပ်ပစ်လိုက်တာလဲ။ဘာဖြစ်လို့ ရိုးရိုးဘွဲ့တစ်ခုနဲ့ ပြီးသွားရတာလဲ''

မီးခံသေတ္တာထဲမှာ သေချာသိမ်းဆည်းထားခဲ့သော မိုးအရိပ်အမည်ပါ ဘဏ်စာအုပ်လေးကို တည်တံံ့ရှေ့ထုတ်ပြပေးလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ အာကာ။မင်း သူ့ကိုမပေးခဲ့တာလား၊ပြီးတော့ မင်းရောမမရောက သူ့အပေါ်ဘာဖြစ်လို့ကောင်းနေကြတာလဲ။ငါကချစ်ခဲ့ရသူမို့ စိတ်မပြတ်နိုင်တာထားပါ။မင်းတို့ကဘာအတွက်လဲ။''

"အရာအားလုံးက မင်းအထင်လွဲနေတာပါလို့ ငါပြောပြီးပြီပဲ။''

"အေးပါ။အဲ့အထင်လွဲနေတယ်ဆိုတာကို ငါ့ရှင်းပြကြစမ်းပါ။မင်းတို့မင်းတို့က အားလုံးသိနေပြီး ငါတစ်ယောက်တည်းကရူးနေသလိုပဲ။ဒီနေ့တော့ ငါ့ကိုနားလည်အောင်သေချာရှင်းပြ''

လုံးဝမပြောပြပါနဲ့လို့ အကြိမ်ကြိမ်တောင်းထားခဲ့သည့်ကတိစကားကို အာကာဘယ်လိုဖျက်ပစ်ရပါ့မလဲ။တည်တံ့ပုံစံကိုကြည့်ရတာ နာကျင်နေပါရဲ့နဲ့တောင် အထင်လွဲပါသည်ဆိုသောစကားကို အမှန်ဖြစ်စေချင်ပုံရသည်။

"သူ မင်းကိုတကယ်ချစ်ခဲ့တယ် တည်တံ့''

"ဟား...သူ့ပါးစပ်ကပြောတာလား။အဲ့စကားကို မင်းကို သူကပြောတာလား။မင်းကရော သူပြောတာကိုအလွယ်ယုံပစ်လိုက်တာပဲလား၊''

တည်တံ့အသံကကျယ်လာသလို အောက်ထပ်မှာလည်း ပါတီစနေပြီမို့ DJသံကခပ်ပြင်းပြင်း။

"မင်း ငါနဲ့လိုက်ခဲ့.တည်တံ့''

၆နှစ်လုံးလုံး မထွေးနိုင်မအန်နိုင် အောင့်အည်းထားခဲ့ရသည့်အကြောင်းအရာတွေကို ဒီနေ့တော့အကုန်ဖွင့်ထုတ်ပစ်လိုက်တော့မည်။ဒါဟာ မိုးအရိပ်အတွက်ရော တည်တံ့အတွက်ပါ ဒုတိယအကြိမ်ရွေးချယ်ဖို့အခွင့်အရေးလည်းဖြစ်ချင်ဖြစ်လာနိုင်သည်။

"ကိုအာကာ..လာလည်တာလား။အာ..ကိုတည်တံ့ပါပါလာတာလား။မိုးအရိပ်မရှိဘူး''

မိုးအရိပ်မရှိသည်က ပိုလို့တောင်ကောင်းသည်။မဟုတ်ရင် တားဟယ်ဆီးဟယ်ဖြင့် ဒီဇာတ်ကပြီးမည်မဟုတ်။

"ငါတို့ အိမ်ထဲခဏဝင်မယ်နော်''

အဝင်ဝရဲ့ သံပန်းတံခါးကို ဆွဲဖွင့်လိုက်ပြီး အာကာလှမ်းဝင်လိုက်သလို တည်တံ့လည်းပဲ အေနာက္ကေန ကပ်ပါလာသည်။ဒီအခန်းကို အာကာကိုယ်တိုင်ရှာပေးခဲ့ပြီး မကြာခဏလည်းရောက်တတ်သည့်မို့ ဘယ်နားမှာဘာရှိလဲအလွတ်နီးပါးရနေပြီးသား။ငါးထပ်သားပြားအသုံးပြုပြီး ဖွဲ့စည်းထားသောအခန်းဘက်ကို အရင်ခြေလှမ်းလိုက်ပြီး တစ်ယောက်အိပ်ကုတင်နှစ်လုံးကြားကစားပွဲပုလေးပေါ် ညွှန်ပြလိုက်သည်။

"မင်းကြည့်..''

သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံလေးက ခုံပုလေးပေါ် အခန့်သား။

"ဒါလေးတစ်ခုနဲ့ သူကငါ့ကိုချစ်နေတယ်လို့မင်းကယုံတာလား''

"မင်းကိုသူ မချစ်ဘူး၊ငွေမက်လို့ကပ်တာပါလို့ပြောခဲ့ပေမဲ့ မင်းနားကထွက်လာချိန်မှာ ဘာအဖိုးတန်ပစ္စည်းများ သူယူသွားသလဲတည်တံ့။ဘာမှမယူခဲ့ပါဘူး။ခု ဒီအိမ်လေးကို ကြည့်။ငါကအပြည့်အစုံဝယ်ပေးပါ့မယ်ဆိုတာတောင် ဘာတစ်ခုမှလက်မခံခဲ့ဘူးကွ။မင်းပေးတဲ့ငွေတွေလည်း သူလက်မခံခဲ့ဘူး။နောက်ပြီး မင်းကြားခဲ့တဲ့စကားတွေဆိုတာလည်း အမှန်မဟုတ်ဘူး။သူတို့ချင်းစနောက်တာကို မင်းကနားစွန်နားဖျားကြားသွားခဲ့တာ''

"သူပြောသမျှတွေ မင်းအကုန်ယုံနေတော့တာပဲလား အာကာ။တကယ္ခံခဲ့ရတာ ငါပါကြ။ဘာလဲ မင်းကပါ သူ့ကိုအမ်းနေတာလား။ဟုတ်လား အဲ့ဒါကြောင့် ဒီလောက်ကာကွယ်ပေးချင်နေရတာလား''

"ခွပ်..''

ရှင်းပြနေပါရဲ့နဲ့ လက်မခံသည့်အပြင် မဆိုင်သည့်စကားတွေပါ ပါလာပြီမို့ စိတ်မရှည်စွာ ဆွဲထိုးမိလိုက်သည်။အနောက်ကိုလန်ကျသွားပြီး နူတ်ခမ်းထောင့်မှသွေးများစီးကျလာသည်အထိ အာကာလက်ဆပြင်းသွားခဲ့၏။ဒါဟာ ဘဝတစ်သက်တာလုံးမှာ ပထမဆုံးအကြိမ် တည်တံ့ကိုထိခိုက်အောင်လုပ်မိခြင်းပင်။စိတ်မကောင်းပေမဲ့လည်း အမှန်မြင်အောင်တော့ပြောကိုပြောရပေမည်၊

"မင်း လူမဟုတ္ဘူးလား တည်တံ့၊လူဆိုရင် လူစကားနားလည်လေ။မင်းသေမတတ်ချစ်ခဲ့ကြောင်းခဏခဏပြောနေပေမဲ့ ဟိုကောင်လေးကမင်းထက်ပိုချစ်ပြခဲ့တာကွ သိရဲ့လား။ကိုထက်..ဆေးမှတ်တမ်းတွေယူပြလိုက်''

"ဟို..''

မိုးအရိပ်ရဲ့ပိတ်ပင်ထားမှုကြောင့် ဆေးမှတ်တမ်းတွေကို ယူပြဖို့ရာ ထက်အောင်ကျော်တစ်ယောက်တွန့်ဆုတ်နေသည်။

"ယူသာယူလာစမ်းပါ။မိုးအရိပ်ကိစ္စ ငါရှင်းမယ်''

ထိုအခါမွ ဗီရိုရဲ့ အံဆွဲနှစ်ခုထဲမှ သော့ခတ်ထားသည့်အံကိုဆွဲဖွင့်ပြီး ဖိုင်တစ်ထပ်ထုတ်ယူလာသည်။ထိုဖိုင်တွေကို တည်တံ့နဲ့အနီးဆုံးကုတင်ပေါ်ပစ်တင်ပေးလိုက်ပြီး..

"မင်းကို မချစ်ပါဘူးလို့ပြောခဲ့တဲ့ကောင်လေးရဲ့ မိုက်ရူးရဲဆန်မှုတွေ။ဖွင့်ကြည့်လိုက်တည်တံ့''

ဖိုင်တွေကို တစ်ခုချင်းဖွင့်ကြည့်ပြီး နားမလည်နိူင်သောမျက်ဝန်းများဖြင့်အာကာ့ဆီကြည့်လာသည်။

"ဒီဆေးမှတ်တမ်းတွေက ဘာတွေလဲ''

"အန်ကယ်နိုင်ဆုံးသွားတာကို မင်းမှတ်မိနေသေးတယ် မဟုတ္လား''

တည်တံ့မျက်နှာက သိသိသာသာကိုပျက်ယွင်းသွားသည်။ဖြစ်နိုင်မယ်ဆို ဒီကိစ္စတွေကို အစပြန်မဖော်ချင်ပေမဲ့ ပြောကိုပြောရမည့်အခြေအနေကပေါ်လာခဲ့ပြီလေ။

"မင်းအဖေက ဘယ်သူနဲ့မှရန်ငြိုးမရှိခဲ့ဖူးဘူး တည်တံ့၊တကယ်တော့ မင်းအဖိုးရဲ့ အငယ်အနှောင်းနဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေက အမွေလိုချင်လို့ လုပ်ကြံခဲ့ကြတာ''

"အဲ့ဒါနဲ့..မိုးအရိပ်နဲ့က ဘာပတ်သက်''

"ပြောမယ် ။အဲ့လူက ထောင်ကပြန်လွတ်လာပြီး မင်းကိုပါထပ်လုပ်ကြံဖို့ စီစဉ်ခဲ့တာ''

"ငါ မသိပါဘူး''

"ဘယ်သိပါ့မလဲကွာ။မင်းကိုချိန်းတဲ့စာကို မိုးအရိပ်ကယူသွားခဲ့တာလေ''

"အဲ့ကို အရိပ်မသွားခဲ့ဘူးမဟုတ်လား။မသွားခဲ့ဘူးလို့ ငါ့ကိုပြောပါ''

"မင်းလက်မခံချင်လည်း မိုးအရိပ္ကေတာ့ အဲ့နေရာကိုတကယ်သွားခဲ့တယ်။သွားရုံတင်မကဘဲ သူဟာတည်တံ့နေနိုင်ပါလို့ ပြောပြီးတော့ကို အရိုက်အနှက်ခံခဲ့တာ။ကားသမားကြီးသာမကယ်ရင် မိုးအရိပ်ရောင်ဆိုတာ အုတ်ဂူအနေနဲ့ပဲ မင်း မြင်ရတော့မှာ။မင်းကိုမချစ်ပါဘူးလို့ပြောခဲ့တဲ့၁၆နှစ်သားလေးက မင်းအပေါ် အသက်ပေးပြီးကိုချစ်ခဲ့တာကွ ''

တည်တံ့ရဲ့ ခန္ဓာကိုယ်ဟာ ကုတင်ပေါ်ကို ပုံရက်ပြိုကျသွားတော့သည်။ခံစားရမှာသိပေမဲ့ ပြောလက်စနဲ့တော့ အဆုံးထိရောက်ဖို့လိုသည်။

"မိုးအရိပ်ရဲ့လက်ချောင်းလေးတွေကို မင်းသတိမထားမိဘူးလား တည်တံံ့။လက်ဆယ်ချောင်းမှာလက်မတစ်ချောင်းပဲအကောင်းအတိုင်းကျန်ပြီး ကျန်တဲ့ကိုးချောင်းကအပိုင်းပိုင်းကျိုးသွားခဲ့တာ။ညဘက်လက်ဆိုရင် တံတောင်ဆစ်ရိုးပါ ထက်ပိုင်းကျိုးတဲ့အခြေအနေ။ဒါကြောင့် အလေးအပင်တွေသူမသယ်နိုင်ဘူး။ပစ္စည်းတွေကိုအချိန်ကြာကြာ မကိုင်ထားနိုင်ဘူး။ပြောရရင်ကွာ ဘောပင်တစ်ချောင်းတောင် အချိန်ကြာလာရင် သူ့အတွက်လေးလာတာ။နောက်ပြီးခေါင်းက ရက်ရက်စက်စက် အရိုက်ခံရပြီး နဖူးကေန နားထင်စပ်အထိ အချက်ပေါင်းမနည်းအောင်ချုပ်ထားရတယ်။ဒီဒဏ်တွေကြောင့် သူ့အာရုံကြောတွေက ဒဏ်မခံနိုင်ဘဲ အလုပ္ပိလာတဲ့အခါ မူးလဲတာမျိုးတွေဖြစ်လာတော့တာ''

"ငါ့ကိုဘာလို့မပြော...''

"မင်းကို ငါပြောခဲ့ပါတယ်။မိုးအရိပ်ကို အလုပ်တွေတအားမပေးပါနဲ့လို့လေ။ဒီလိုအကောင်းအတိုင်းလေးလှုပ်ရှားနိုင်အောင်တောင် မနည်းလုပ်ခဲ့ကြရတာ..''

"ဟာကြာ...''

နံရံထက္ကို လက်သီးချက်တွေဆက်တိုက်ထိုးသွင်းနေပေမဲ့ အာကာဝင်မဆွဲမိ၊နာပါစေ။ဒီလောက်တော့ သူခံစားသင့်သည်။သူ့အတွက် မိုးအရိပ် နာကျင်ခဲ့တာနဲ့ယှဉ်ရင် သူခံစားနေရတာက ဘာမှမဟုတ်သေး။

"ငါမှားသွားပြီအာကာရယ်။ငါ အရိပ်အပေါ်အများကြီး မှားသွားခဲ့ပြီ။ဘယ်လိုလုပ်ရမလဲ ငါ့ကိုပြောပါဦး''

မျက်ရည်တွေဖြိုင်ဖြိုင်ကျရင်း ပြောနေသည့်သူငယ်ချင်းကို အာကာဆွဲဖက်ထားရင်း ကျောပြင်ကိုသာ ခပ်ဖွဖွပွတ်ပေးနေမိသည်။တစ်နေ့ဒီလိုဖြစ်မှာ ကြိုသိနေလို့ သတိပေးခဲ့သားပဲလေ။

"ကိုတည်တ့ံ......ကျွန်တော်တစ်ခုလောက်ပြောပါရစေ''

"မင်းလည်း ငါ့ကိုမုန်းနေမှာပါပဲကွာ။ပြောပါ မင်းစိတ်ကြိုက်သာပြောပါ။ငါခံပါ့မယ်''

"ထင်ချင်သလိုထင်နိုင်ပါတယ်။ကျွန်တော်ပြောချင်တာက ခင်ဗျားမှာ လက်ထပ်ဖို့ရည်ရွယ်ထားသူရှိပါရဲ့နဲ့ မိုးအရိပ်ကိုထပ်ပြီးနွယ်ဖို့မကြိုးစားပါနဲ့''

"ငါ..လက်မထပ်ပါဘူး..."

တစ်စက္ကန့်တောင်မဆိုင်းဘဲ ပြန်လည်ထွက်ပေါ်လာသော အငြင်းစကား။

"ခင်ဗျားဗျာ။မျက်နှာပြောင်တိုက်လိုက်တာ။အဲ့အမျိုးသမီးကို ခင်ဗျားရုံးခန်းထဲအထိခေါ်လာပြီး ချစ်ကြည်နူးပြနေလို့ မိုးအရိပ် စိတ်ဒုက္ခရောက်နေရရှာတာ၊ခင်ဗျားလက်ထပ်တော့မယ်ဆိုတဲ့စိတ်နဲ့နေ့မအိပ်၊ညမအိပ်၊အစားမစားနဲ့ သူ့ပုံစံကို ခင်ဗျားမမြင်ဘူးလား။ဒါတောင် အလုပ်တွေကို မရပ်မနားခိုင်းနိုင်လွန်းတဲ့ခင်ဗျားက မိုးအရိပ္ကိုခ်စ္သတဲ့လား''

ထက်အောင်ကျော်လည်း အာကာ့လိုပင်။မျိုသိပ်လာသမျှစကားတို့ကို ဒီနေ့အပြီးဖြတ်မည့်ပုံ။

"ငါ နဲ့သဘောတူထားတာလည်းမှန်တယ်၊ငါ့ရုံးခန်းကိုခေါ်လာတာလည်းမှန်တယ်။ဒါပေမဲ့ ငါနဲ့ပတ်သက်မှုကြောင့်မဟုတ်ဘဲ သူ့ချစ်သူနဲ့လိုင်းပေါ်ကတဆင့်စကားပြောချင်လို့ခေါ်လာပေးရုံ၊ကူညီရုံသက်သက်ပဲ''

"ဘာတွေလဲကွာ''

ခေါင်းရှုပ်စွာ အာကာညည်းညူလိုက်သလို ထက်အောင်ကျော်ရဲ့ နူတ်မှလည်း ကျွတ်ခနဲ အသံထွက်လာတော့၏။

"သူနဲ့ငါက မိဘေတြက စီစဉ်တယ်။ဒါပေမဲ့သူကသူ့ချစ်သူရှိနေသလို ငါကလည်း အရိပ်ကလွဲပြီးလက်မခံနိုင်တဲ့အတွက် အပြန်အလှန် သဘောတူညီမှုယူလိုက်တယ်။ဒါပဲ။ဒိအပြင် မပိုဘူး''

သက်ပြင်းတစ်ခါချရင် အသက်တစ်ရက်တိုသတဲ့။ဒီနေ့အဖို့တော့ ထက်အောင်ကျော်နဲ့အာကာရဲ့သက်တမ်းတွေ လျော့ပါးသွားဖို့သေချာနေလေပြီ။

#

ကိုအာကာက party ဆို ဘယ်တော့မှ လာလေ့လာထ မရှိပေမဲ့ ဒီနေ့ ကိုကို့က်ိုပါ မတွေ့တာကြောင့် အရိပ်စိတ်ထဲ မချိတင်ကဲ။ဒီနေ့တစ်ရက်ပဲ ကိုကို့ကို တွေ့ရမှာလေ။

"အငယ်...သီချင်းဆိုရတော့မယ်။အငယ်အလှည့်ရောက်ပြီ''

မမပိုးက လာရောက်သတိပေးရင်း အရိပ်ရဲ့ဝတ်စုံကိုပါ သေချာအကျအနပြင်ဆင်ပေးနေသေးသည်။နှစ်တိုင်း ဒီစင်ပေါ်ကိုတက်နေကျဆိုပေမဲ့ ဒီနှစ်တော့ အရိပ်စိတ်ထဲ အတော်ပင်လေးပင်နေ၏။ဒါဟာ အားလုံးနဲ့အလုပ်ခွင်မှာနောက်ဆုံးတွေ့ဆုံခြင်းမို့ အကောင်းဆုံးတော့ ဖျော်ဖြေပေးခဲ့ရမည်။လက်ထဲက ကိုင်ထားသောဂီတာမှ ကြိုးမျှင်လေးတွေကို လက်ဖျားလေးဖြင့်ထိမိသည့်အခိုက် ရှေ့တည့်တည့်ခပ်လှမ်းလှမ်းမှ မှန်တံခါးကြီးလည်း တဖြည်းဖြည်းပွင့်လာလေတော့သည်။

တစ်လှမ်းချင်းဝင်လာနေသူက ကိုကိုဖြစ်ပြီး လွန်ခဲ့သော၇နှစ်ခန့်က အရိပ်ရရှိခဲ့ဖူးသော အကြင်နာမျက်ဝန်းတွေ ကိုကို့ဆီမှာမြင်နေရသည်။အရိပ် အိပ်ရေးတွေပျက်ထားတာလည်းများနေပြီ။အရက်လည်း အနည်းငယ်ဝင်ထားသည့်အခြေအနေမို့ အမြင်တွေမှားနေပုံပါပဲ။မျက်လုံးတွေကို စုံမှိတ်ပစ်လိုက်ပြီး ဂစ်တာကိုတီးခတ်နေသည့်လက်တွေဆီသာ ရှိသမျှအာရုံ အကုန်စိုက်ပစ်လိုက်တော့၏။

ကျွန်တော့ဘဝ မှောင်နေတဲ့အခန်းငယ်
ကျွန်တော့ဘဝ ဒဏ်ရာတွေ အပြည့်နဲ့...
ကျွန်တော့ကို လမ်းပြမဲ့သူမရှိပေမဲ့
လမ်းလေးခင်းထားတယ်......

ကျွန်တော့ဘဝ အိနြေ္ဒတွေ မဲ့တယ်
ကျွန်တော့ဘဝ ငွေတွေမက်ဖူးတယ်
ကျွန်တော့မှာချစ်ရမဲ့သူ မရှိပေမဲ့
အသည်းလည်း ကွဲဖူးတယ်.......

ကျွန်တော်ရဲ့ အသည်း.....
အကုန်ဒဏ်ရာတွေနဲ့ ပြည့်နေတယ်
လူတွေမသိတဲ့ လမ်းရဲ့ ထောင့်လေးထဲမှာ
ကြိတ်ငိုခဲ့ဖူးတယ်.....

ကျွန်တော့ရင်ထဲ နာကျင်စရာတွေလည်း ရှိပါတယ်
ကျွန်တော့ကြောင့် အနှောင့်အယှက် ဖြစ်သွားတဲ့
သိပ်ချစ်ရတဲ့ သူလည်း...... ရှိတယ်

ကျွန်တော့ဘဝ ထင်ရာစိုင်းတယ်.
ကျွန်တော့ဘဝ လူမြင်ရိုင်းတယ်
ကျွန်တော့ကို ဖေးမမဲ့သူမရှိပေမဲ့ ကဲ့ရဲ့တတ်ကြတယ်

ကျွန်တော့ဘဝ အိနြေ္ဒတွေ မဲ့တယ်
ကျွန်တော့ဘဝ ငွေတွေမက်ဖူးတယ်
ကျွန်တော့မှာချစ်ရမဲ့သူ မရှိပေမဲ့
အသည်းလည်း ကွဲဖူးတယ်...

ကျွန်တော်ရဲ့ အသည်း..... ဝိုး.........

အမှောင်ထုတွေကြားထဲ
တစ်ယောက်တည်း ချန်မသွားနဲ့

စိတ်ပူမဲ့သူမရှိတဲ့ဘဝထဲ
ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရှိတယ်

ကျွန်တော့ရဲ့ အသည်း
အကုန်ဒဏ်ရာတွေနဲ့ ပြည့်နေတယ်
လူတွေမသိတဲ့ အခန်းရဲ့ ထောင့်လေးထဲမှာ
ကြိတ်ငိုခဲ့ဖူးတယ်

ကျွန်တော်ရဲ့ အသည်း.....
အကုန်ဒဏ်ရာတွေနဲ့ ပြည့်နေတယ်
လူတွေမသိတဲ့ အခန်းရဲ့ ထောင့်လေးထဲမှာ
ကြိတ်ငိုခဲ့ဖူးတယ်

ကျွန်တော့ရင်ထဲ နာကျင်စရာတွေလည်း ရှိပါတယ်
ကျွန်တော့ကြောင့် အနှောင့်အယှက် ဖြစ်သွားတဲ့
သိပ်ချစ်ရတဲ့ သူလည်း ရှိတယ်....

ကျွန်တော့ကြောင့် အနှောင့် အယှက်ဖြစ်သွားတဲ့
သိပ်ချစ်ရတဲ့သူလည်း ရှိဖူးတယ်....

သီချင်းဆိုနေရင်း ကိုကိုနှင့်အတူ ပျော်ရွှင်ခဲ့ဖူးသည့် ပုံရိပ်များက အာရုံထဲ တရိပ်ရိပ် ပေါ်လာလေသည်။အရိပ်ကြောင့် ကိုကိုခံစားခဲ့ရတာတွေ၊အရိပ်ကို နာနာကျည်းကျည်းပြောဆိုခဲ့တာတွေကလည်း စိတ်အာရုံတွေထဲ အနှံ့အပြား။သိပ်ချစ်ပေးခဲ့သူကို စော်ကားခဲ့မိသည့်အကျိုးဆက်တွေ အရိပ်ခံနေရလေပြီ။ထွက်ပေါ်လာသည့်လက်ခုပ်သံတွေ၊လာပေးသည့်ပန်းစည်းတွေ အကုန်ပွေ့ပိုက်ကာကိုင်လာရင်း တံခါးဝကို လှမ်းငေးမိတော့ နဂိုနေရာမှာ ကိုကိုရပ်နေဆဲ။

မူးပစ်လိုက်ချင်သည်။ဒါမှလည်း အရာရာကိုခေတ္တခဏ မေ့ထားနိုင်မည်မဟုတ်လား။စင်အောက်မှာပြင်ဆင်ထားသည့်အရက်ခွက်တွေထဲမှ တစ္ခြက္ကို ယူသောက်လိုက်ပြီး ကိုကို့ဆီတစ်ခါထပ်ကြည့်လိုက်သည်။ကိုကိုကနေမြဲအတိုင်း မပြောင်းလဲသေး။နောက်တစ်ခွက်ထပ်ယူသောက်လိုက်တော့ လူကယိုင်ချင်လာသည့်အခြေအနေ။ကိုကိုကတော့ ထိုနေရာမှာရှိနေဆဲ။အရက်က ဝင်သည်ထက်ဝင်သွားတော့ စိတ်ထဲလည်းရဲတင်းလာသလိုလိုပင်။

ကိုကိုရှိရာလျှောက်သွားလိုက်ပြီး အနားထိတိုးကပ္ကာ ပြူးပြဲကြည့်လိုက်သည်။မျက်မှန်ကဝါးနေလေသလားမသိ။ကိုကိုပေါင်းများစွာကိုအရိပ်မျက်လုံးထဲ မြင်နေရလေသည်။

"အရိပ်...အရိပ်။မင်း ကိုကို့ကိုမြင်နေတယ်ဆိုရင် မင်းမူးနေတာသေချာပြီ ပြန်ကြမယ် အရိပ်''

#

အရိပ်ရဲ့ နူတ်ဖျားကနေ အစီအစဉ်တကျ ထွက်ပေါ်လာသည့် သီချင်းသံ.။လွန်ခဲ့သောအချိန်တွေက ရေချိုးခန်းထဲ ဝင်တိုင်း အော်ဟစ် သီဆိုတတ်သည့် အရိပ်ရဲ့ အမူအကျင့်လေးကို ပြန်လည် မြင်ယောင်လာမိသည်။ရေချိုးသည့်အခါ  စိမ်ပြေနပြေ ချိုးတတ်လွန်း၍ အျမဲလိုလို အော်ဟစ်သတိပေးရသောသူ။ရေချိုးပြီး အဝတ်အစားဝတ်သည်အထိ တည်တံ့မှမပါလျှင် မပြီးစီးနိုင်သော ဤလူသား။

ဖိပိတ္ထားတဲ့ မျက်ခွံတွေအောက်ကနေ အရည်ကြည်တွေ စီးက်လာတာ တည်တံ့မြင်နေရသလို တည်တံ့ရဲ့ မျက်ဝန်းတွေလည်းတဖြည်းဖြည်းမှုန်ဝါးလာလေသည်။မသေချာဘဲ ဆုံးဖြတ်ခဲ့သည့်လုပ်ရပ်တစ်ခုကြောင့် မဖြစ်သင့်တာတွေဖြစ်လာပြီး ကံဆိုးရင် ချစ်ရသူကိုပါ ဆုံးရှုံးလိုက်ရတော့မလို့။

"ကိုကိုမှားသွားပါတယ် အရိပ်ရယ်။မင်းကိုချစ်တဲ့စိတ်နဲ့ ဘာမှကိုမမြင်နိုင်ခဲ့တာပါကွာ''

#

ယိုင်ထိုးနေသည့် မိုးအရိပ္ကို  ပြေးပြီးတွဲဖို့ ခြေလှမ်းပြင်လိုက်ပေမဲ့ နောက်ကနေကပ်ပါလာသော ကိုတည်တံ့ကြောင့် ရောက်သည့်နေရာမှာပင် အကြယ္တစ္ခုယူ၍ ရပ်နေလိုက်တော့သည်။မိုးအရိပ်ကို ပူမိသည့်စိတ်တစ်ခုကစေခိုင်းလို့ အပြေးရောက်လာပေမဲ့ ဒီနေရာမှာထက်အောင်ကျော်ဆိုတာ လိုမှမလိုတော့ပဲ။ခုဆို ကိုတည်တံ့ကလည်းအကြောင်းစုံသိရှိသွားပြီးတဲ့အပြင် မိုးအရိပ်ကိုမေတ္တာရှိနေဆဲပါဆိုမှတော့ အရာရာကပြည့်စုံတာထက်ပိုသွားခဲ့လေပြီ။ကိုယ်တွေကတော့ နဂိုကတည်းက သူ့ရဲ့ညီအကိုဆိုတဲ့ပတ်သက်မှုကိုပဲ ရွေးချယ်ခဲ့ပြီးသားမို့ နောင်လည်း ဒီအတိုင်းပဲရှိနေပေးဦးမှာပါ။

".......''

"ဟုတ်ကဲ့...သူဌေး...''

"မင်း...စဉ်းစားပြီးပြီလား။ငါသွားဖို့စီစဉ်တော့မယ်''

စဉ်းစားစရာမလိုတော့ပေ။မိုးအရိပ်အတွက် စိတ်ချသွားရပြီဆိုတော့ ကိုယ်လည်း သွားသင့်သည့်လမ်းကိုရွေးချယ်လိုက်တော့မည်။ဘဝမှာ အရေးကြီးဆုံးက သူပဲမို့ သူသာပျော်ရွှင်နေမယ်ဆို ကိုယ်လည်းပဲ အဆင်ပြေနိုင်လိမ့်မယ်ထင်ပါရဲ့။

#

Continue Reading

You'll Also Like

191K 15.2K 82
( Zawgyi+Unicode) "ခင္ဗ်ားေက်းဇူးဘယ္ေလာက္တန္လဲ အဲေက်းဇူးေတြ ေငြေတြနဲ ့က်ဳပ္ဘဝကို အပိုင္ဖမ္းျပီးတာေတာင္ မလံုေလာက္ေသးဘူးလား မုန္းတယ္ ခင္ဗ်ားကိုမုန္းတယ္...
1.5M 64.1K 75
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
221K 13.5K 55
အချစ်ဆိုတာရဲ့နောက်မှာ ပိုင်ဆိုင်ခြင်းဆိုတာက ကပ်ပါလာခဲ့ရင်. . .ကိုယ့်ရဲ့ပိုင်ဆိုင်ခြင်းမှာ မင်းကိုချည်ဖို့ကြိုးတစ်ချောင်းပျောက်နေခဲ့တယ်။ အခ်စ္ဆိုတာရဲ႕...
1K 113 13
An adoration of you.. ' ဗန်းတဲ့ 'ဆိုတဲ့ ရွာလေးမှာနေတဲ့ကောင်လေးနဲ့ နိုင်ငံခြားပြန်ကောင်လေးတို့ရဲ့ နှစ်ဦးကြား အချင်းချင်းဖေးမမှု ၊မြတ်နိုးမှုနဲ့ ဘဝရဲ့...