ကျွန်တော်ချစ်သောကိုကို(comple...

Door kabyar_144

436K 19.5K 847

ပထမဆုံး Yizhan fan fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့သာရေးရတာ သိပ်တော့မရေးတတ်ဘူးရယ်😁 Meer

ကျွန်တော်ချစ်သောကိုကို Part(2)
ကျွန်တော်ချစ်သောကိုကို(3)
ကျွန်တော်ချစ်သောကိုကို Part(4)
ကျွန်တော်ချစ်သောကိုကို Part(5)
ကျွန်တော်ချစ်သောကိုကို Part(6)
ကျွန်တော်ချစ်သောကိုကိုPart(7)
ကျွန်တော်ချစ်သောကိုကိုPart(8)
ကျွန်တော်ချစ်သောကိုကိုPart(9)
ကျွန်တော်ချစ်သောကိုကို Part(10)
ကျွန်တော်ချစ်သောကိုကို Part (11)
ကျွန်တော်ချစ်သောကိုကို Part (12)
ကျွန်တော်ချစ်သောကိုကို part (14)
ကျွန်တော်ချစ်သောကိုကို part(15) ကြှနျတျောခဈြသောကိုကို part(15)
ကျွန်တော်ချစ်သောကိုကို part(16) ကြှနျတျောခဈြသောကိုကို part(16)
ကျွန်တော်ချစ်သောကိုကို(17) ကြှနျတျောခဈြသောကိုကို(17)
ကျွန်တော်ချစ်သောကိုကို (18) ကျြန်တ္ခော်စ်သောကိုကို (18)
ကျွန်တော်ချစ်သောကိုကို(19) ကြှနျတျောခဈြသောကိုကို(19)
ကျွန်တော်ချစ်သောကိုကို (20)
ကျွန်တော်ချစ်သောကိုကို (21)
ကျွန်တော်ချစ်သောကိုကို (22) Unicode
ကျွန်တော်ချစ်သောကိုကို (23) unicode
ကျွန်တော်ချစ်သောကိုကို(24)
ကျွန်တော်ချစ်သောကိုကို (25)
ကျွန်တော်ချစ်သောကိုကို(26)
ကျွန်တော်ချစ်သောကိုကို(27)
ကျွန်တော်ချစ်သောကိုကို(28)
ကျွန်တော်ချစ်သောကိုကို (29)
ကျွန်တော်ချစ်သောကိုကို(30)
ကျွန်တော်ချစ်သောကိုကို(31)
ကျွန်တော်ချစ်သောကိုကို (32)
ကျွန်တော်ချစ်သောကိုကို(33)
ကျွန်တော်ချစ်သောကိုကို(33) unicode
ကျွန်တော်ချစ်သောကိုကို (34)
ကျွန်တော်ချစ်သောကိုကို(35)
ကျွန်တော်ချစ်သောကိုကို (36)
ကျွန်တော်ချစ်သောကိုကို (37)(final)
New Fic
Still Just Love
dဝင်နေပြီ😥😥
ကျွန်တော်ချစ်သောကိုကို (Extra End)

ကျွန်တော်ချစ်သောကိုကို (extra)

7.5K 364 34
Door kabyar_144

အခုဆို သားလေးတွေလည်း ၃နှစ်ပြည့်သွားပြီ သားသားတို့က အရမ်းချစ်ဖို့ကောင်းတယ် piggyလေးတွေ အတိုင်းပဲ

ရိရှောင်းလေးက ရိပေါ်လို အချေစတိုင်လေး ရီကျန့်လေးကတော့ ကျန့်ကျန့်လို ကလေးဆန်တယ်

ကလေးနှစ်ယောက်လုံးက သူတို့ပါးပါး အပေါ်တာ့ အရမ်းသိတတ်တယ်

တစ်ခါတစ်လေ ရိပေါ် အိမ်ပြန်နောက်ကျတဲ့အခါ သူ့ဘာသာ တွေးချင်တာတွေးပြီး ငိုနေတဲ့ သူတို့ပါးပါးကို မျက်ရည်တွေ သုတ်ပေးပြီး ချော့ကြရှာတယ်

သားသားတို့က အရမ်းလည်း ဉာဏ်ကောင်းတယ်
အသက် ၃နှစ်ဆိုပေမယ့် တစ်ချို့စာလုံးတွေကို သိနေပြီ

ဂဏန်းတွေလည်း ရေတတ်နေပြီ

ရီကျန့်လေးက အကြီးပီပီ ရိရှောင်းလေးကို အမြဲဂရုစိုက်တယ်

ကလေးဆန်ပေမယ့် သူ့ညီလေးနဲ့ ပတ်သတ်လာရင် လူကြီးဆန်သွားပြန်ရော

သူတို့က မိသားစုရဲ့ ဆည်းလည်းလေးတွေ

လေးလေးကဆို သူ့မြေးတွေနဲ့ အမြဲတမ်းတွေ့ချင်လို့ ဝန်ကြီးစံအိမ်ကို လာနေလှည့်လို့ ခေါ်နေလို့ မနည်းတောင်းပန် ယူရတယ်

ရိပေါ်က သားလေးတွေ ဆော့ဖို့ ကစားကွင်း သေးသေးလေး လုပ်ပေးထားတယ်

အရုပ်တွေ ဆိုတာလည်း သူ့သားတွေ လက်ညှိုးထိုးသမျှ အကုန်ရစေရမယ်

ဟိုတစ်ခါ ကလေးတွေက သူ့ဖုန်းကိုကိုင်ပြီး လိုချင်တယ်ဆိုပြီး ပူဆာတယ်လေ

ဝယ်ပေးတော့ ကလေးက မကြိုက်ပဲ စိတ်ကောက်ပါရော့ သူ့သားတွေကို ငယ်ငယ်နဲ့ ဖုန်းမကိုင်စေချင်ဘူးတဲ့လေ

ဒါပေမယ့် သူ့သားတွေက အရမ်းလည်း လိုချင်နေတာမြင်တော့ သူလက်လျှော့လိုက်တယ်လေ

သားသားတို့က ငယ်သေးပေမယ့် IT ပစ္စည်းတွေကို အရမ်းစိတ်ဝင်စားတယ်

Phone, computer, laptop, tablet,အကုန်ပဲ

ရိပေါ်ကလည်း သူ့ကလေးတွေ လိုချင်တာ အကုန်ပေး ကိုင်နေတော့တာပဲ

အခု ရိပေါ်တို့ ခရီးသွားဖို့ ပြင်နေတယ်လေ

ငယ်နဲ့ အတူ ခရီးမသွားဖူးတော့ ခရီးအတူသွားရအောင် အလုပ်တွေကို ဖိလုပ်နေတာနဲ့ပဲ အိမ်ပြန်နောက်ကျတာ များပြီလား

ခရီးသွားမယ့် ကိစ္စကို ငယ့်ကိုတော့ အသိမပေးဖြစ်သေး ကလေးအဖေလေးကို suprise တိုက်ချင်လို့လေ

ဒီတော့ အစအဆုံး ကိုယ်တစ်ယောက်ထဲ တိတ်တိတ်လေး စီစဉ်နေတာ

အခု နာရီကိုကြည့်မိတော့ ည ကိုးနာရီရှိပြီ သေချာတယ် သူ့ကလေး သူ့ကို ထိုင်စောင့်နေလောက်ပြီ

ရိပေါ် လုပ်လက်စ အလုပ်တွေက်ု လက်စသတ်ဖို့ ပြင်လိုက်တော့တယ်

ကိုကိုက အခုတလော အိမ်ပြန်နောက်ကျ နေတယ် မနက်ဆိုလည်း အစောကြီးသွားပြီး ညကျတော့လည်း မိုးချုပ်မှ ပြန်လာတယ်

ကိုကို ဘာတွေလုပ်နေတာလဲဟင် ဟိုတစ်နေ့ကလည်း ကိုကိုပြန်လာတော့ ကိုကို့ကိုယ်ပေါ်က အရက်နံ့တွေရတယ်

တစ်ကယ်ပါ ကိုကိုဘာတွေ လုပ်နေတာလဲဟင်

အရင်လို ငယ့်ကိုလည်း အချိန်မပေးတော့ဘူး သားတွေဘက်လဲ လှည့်မကြည့်ပေးနိုင်လောက်အောင် ဘာတွေများ အလုပ်ရှုပ်နေတာလဲ ကိုကိုရာ

ငယ့်ကို စိတ်ကုန်သွားတော့တာလား အရင်လို ငယ်မဆိုးတော့ဘူးလေ ကိုကိုရယ် ငယ်လိမ္မာနေပြီလေ

ဒါမှမဟုတ် ကိုကိုကျွန်တော့်ကို ငြီးငွေ့သွားပြီလား ကျွန်တော်နဲ့ သားတွေကို မလိုချင်တော့ဘူးလား

ဟင့်အင်း မဟုတ်ဘူးမို့လား ကိုကိုရယ် မဟုတ်ဘူးမို့လား
ဒါတွေက ကျွန်တော့်အတွေး သက်သက်ပဲမို့လားဟင်

အမှန် မဟုတ်ဘူးမို့လား

အရင်လို လာရှင်းပြလှည့်တော့လေ ကိုကိုရယ် ငယ် သံသယတွေနဲ့ ပင်ပန်းလွန်းလှပြီ

'ပါးပါး........... '

ရှောင်းကျန့် ရိရှောင်းလေးရဲ့ အသံကြာင့် မျက်ရည်တွေကို အမြန် သုတ်လိုက်ရတယ်

ဒါကိုပဲ ရိရှောင်းလေးက မြင်ဖြစ်အောင်မြင်ကာ ကျွန်တော့်ဆီ အပြေးလာပြီး ကျွန်တော့်ပေါင်ပေါ်ကနေ မျက်ရည်တွေကို လှမ်းသုတ်ပေးရှာတယ်

ရီကျန့်လေးကလည်း ကျွန်တော့်ဆီလာပြီး မငိုဖို့ ပြောနေရှာတယ်လေ

ဘယ်လောက် ချစ်ဖို့ကောင်းလိုက်တဲ့ ကလေးလေးတွေလည်း

'ပါးပါး ဘာရို့နိုနေတာလဲ မနိုပါနဲ့နော်'
'ဟုရယ် ပါးပါး မနိုပါနဲ့နော်'

ငိုနေတဲ့ ကျွန်တော့်ကို ချော့နေတဲ့ ကလေးတွေက အသက်၃နှစ်နဲ့ မလိုက်ဖက်စွာ စကားတွေတတ်လွန်းတယ်

ကိုယ့်ကိုယ့်ကို ပြန်အားပေးမိတယ်

ဒီသားလေးတွေ ရှိနေတော့ ကိုကိုငါ့ကို ပြစ်သွမှာ မဟုတ်ပါဘူး

ရီကျန့်လေးကိုပါ ပေါင်ပေါ်ဆွဲတင်ရင်း သားသားဆို့ကိုသာ မလွတ်တမ်း ဖတ်ထားမိတော့တယ်

'ပါးပါး မငိုတော့ဘူးနော် သားတို့
သားသားတို့က ပါးပါးကြောင့် နိုးလာတာလား'

'ဟင့်အင်း မဟုတ်ဘူးပါးပါး သားတို့ဘာသာ နိုးလာတာပါ'

ကျွန်တော့်ရဲ့ အမေးကို ရီကျန့်က မုသားလေးနဲ့ ပြန်ဖြေတယ်
ကျွန်တော်သိတာပေါ့ ကျွန်တော့်ရှိုက်သံ ကျယ်သွားတာကြောင့် အအိပ်ဆက်တဲ့ ကလေးတွေ နိုးသွားတယ်ဆိုတာ

ပါးပါးတောင်းပန်ပါတယ် ကလေးတို့ရယ် ပါးပါးက အလိုက်မသိဘူးနော်
သားသားတို့ အိပ်နေတာကို နိုးအောင်လုပ်မိတယ်

ဒါပေမယ့် မသိဟန်ဆောင်ရင်းသာ ကလေးတွေကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်

ဒီအချိန်မှာ ကျွန်တော့်ကလေးတွေက ကျွန်တော့်အတွက် သဘာဝအားဆေးလေးတွေလေ

'ကဲ ဟုတ်ပါပြီ ပါးပါးပြန်ချော့သိပ်မယ် အိပ်ကြနော်'
'ဟုတ်ပါးပါး... chuuu'

ကျွန်တော့်ပါးတွေကို လာနမ်းတဲ့ သားသားတို့ကြောင့် ကျွန်တော် အူမြူးသွားရပြန်တယ်

အခန်းထဲမှာ ချော့သိပ်မယ်ပြောတော့ ဒီမှာပဲ အိပ်မယ်ဆိုလို့ ဧည့်ခန်းထဲမှာပဲ ပေါင်ပေါ်တင်ပြီး ချော့သိပ်ပေးလိုက်တယ်

ကလေးတွေပြန်အိပ်သွားတဲ့အချိန် နာရီကို ကြည့်မိတော့ ၁၀နာရီထိုးတော့မယ်
လူကလည်း အရမ်းကို ပင်ပန်းလှပြီ

မောလည်း မောလာပြီ
တစ်ခါမှ မဖောက်တော့တဲ့ နှလုံးကလည်း ရုတ်တရက်ကြီး အောင့်လာတယ်

ခေါင်းတွေလည်း ချာချာလည်နေပြီ
အမြင်တွေလည်း ဝါးလာပြီ
မျက်လုံးတွေက ဘယ်လိုမှ တင်းထားလို့ မရတော့

တစ်ပတ်လောက် အစားကောင်းကောင်း မစားတော့ ခန္ဓာကိုယ်က အားမရှိတော့

သားတို့ကို ဖတ်ထားရင်းနဲ့ပဲ တဖြည်းဖြည်းနဲ့ အမှောင်ထဲ ရောက်သွားတော့တယ်

ကိုကိုရေ ငယ် ကိုကိုအလာကို မစောင့်နိုင်တော့ဘူး ဒီနေ့တင်ပါပဲ ဒီနေ့တင်ပဲ ငယ်အိပ်ပါရစေနော်

မှိတ်ကျလာတဲ့ မျက်ဝန်းတွေနဲ့အတူ ကျွန်တော့်ကမ္ဘာ အမှောင်အတိနဲ့

ရိပေါ် အိမ်ပြန်အရောက် နာရီကြည့်မိတော့ ၁၀နာရီ ခွဲနေပြီ ကားဟွန်းတီးတော့ အန်ကယ်ကျိုးက လာဖွင့်တယ်

ခါတိုင်း ငယ်လာဖွင့်နေကြပါ ငယ်ဘာဖြစ်လို့ ပါလိမ့်

'ဦးလေးကျိုး ငယ်ရော'
'အကိုလေးက ဧည့်ခန်းထဲမှာ ရှိပါတယ် သခင်လေး'

ရိပေါ် ဦးလေးကျိုးဆီက အဖြေရပြီးပြီးချင်း ငယ်ရှိရာ ဧည့်ခန်းထဲကို လာခဲ့လိုက်တယ်

တွေ့ပါပြီ သူ့ရဲ့ အသည်းအသက် ကလေးသုံးယောက် ငယ်က သားတို့ကို ရင်ခွင်ထဲထည့်ရင်း အိပ်ပျော်နေတယ်

ငယ်ရာ ဂုတ်တွေ နာကုန်တော့ မှာပဲကွာ

ကျွန်တော်လည်း ငယ့်ကို အခန်းထဲသွားအိပ်ဖို့ရာ နှိုးလိုက်တယ်

'ငယ်.... ကလေးလေး ငယ် ထနော်'

တစ်ခါကနှစ်ခါ နောက်သုံးခါအထိ ငယ်က နိုးမလာ ခါတိုင်းငယ်က အရမ်းအအိပ်ဆက်တယ် တစ်ခါနှိုးရုံနဲ့ နိုးတယ်

ရိပေါ် ရှောင်းကျန့် နှဖူးပေါ် လက်တင်ကြည့်တော့ အပူချိန်က ကြောက်စရာ ပူဖြစ်နေတယ်

မနက်ကတောင် အကောင်းဖြစ်တဲ့ လူသားက ရုတ်တရက် အပူတေ တက်နေပါ့ပဲ

ရိပေါ် ရှောင်းကျန့်ကို နှိုးတယ် လုံးဝ နိုးမလာ
ကြာလာတော့ ရိပေါ်လည်း ရင်တွေပူလာတယ်

'ဦးလေးကျိုး..... ဦးလေးကျိုး'

'ဗျာသခင်လေး.... ဟင်. အစ်ကိုလေးဘာဖြစ်လို့လဲ. သခင်လေး'
'ဆရာဝန်ကို အခုဖုန်းဆက်ခေါ်ပါ'

ငယ် ဘာမှ မဖြစ်ရဘူးနော် ငယ် ငယ် ဘာမှ မဖြစ်လိုက်ပါနဲ့နော်

ကိုကို့အမှားတွေပါကွာ ကိုကိုဂရုမစိုက်ခဲ့တာ ကိုကိုတောင်းပန်ပါတယ်ကွာ

ရိပေါ်ရဲ့အသံတွကြောင့် ကလေးတွေလည်း နိုးလာတယ်

'Daddy.... '
'အင်း daddyသားလေးတွေ နိုးလာပြီလား ပါးပါးပေါ်က ဆင်းခဲ့နော် ပါးပါးကို အခန်းထဲ ပို့ကြရအောင်'

ရိပေါ်လည်း ပြောလည်းပြောကာ ရှောင်းကျန့်ကိုလည်း အခန်းထဲ ပွေ့ချီသွားတော့တယ်

ျ..............
Unicode

















Ga verder met lezen

Dit interesseert je vast

155K 22.9K 17
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
17.7K 2.9K 22
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
21K 1.2K 10
အတိတ်မေ့နေတဲ့ ရှောင်ကျန့်လေးက ဒယ်ဒီဝမ့်ကို အနိုင်ကျင့်ပေါင်း ၁၀၀..... photo crd from internet🍀🍀 အတိတ်မေ့နေတဲ့ ရှောင်ကျန့်လေးက ဒယ်ဒီဝမ့်ကို အနိုင်ကျ...
53.1K 4.4K 42
ဝမ်ရိပေါ် ❤️ ရှောင်ကျန့်