ကျွန်တော်ချစ်သောကိုကို(22)

8.2K 374 15
                                    

ဝေ့ရင်းတို့ ကျောင်းတက်လာတာ ဒုတိယနှစ်ထိပြီးသွားပြီ
အချိန်တွေသာပြောင်းလဲသွားပေမယ့်
သူတို့ကတော့ ဘာမှမပြောင်းလဲသေး
အဲ တစ်ခုတော့ ပြောင်းလဲသွားတာရှိတယ်
အဲ့တစ်ခုက Yi Boရဲ့ အစ်ကိုဝမ်းကွဲ Lai Hai Kuan လည်း သူတို့နဲ့အတူ ကျောင်းလာတက်တာ

သူက US မှာ ကျောင်းတက်နေရင်း ဘာစိတ်ကူး ထပေါက်လဲမသိ China ကို ပြန်လာသည်
China ကိုရောက်တော့ Yi Boတို့ အိမ်မှာပဲနေပြီး ကျောင်းဆက်တက်သည်

သူက နောက်ဆုံးနှစ် Yi Bo တို့နဲ့ Majorတူ
သူကတော့ Yi Boနဲ့ Xiao Zhan တို့အကြောင်း သိပေမယ့် အံ့သြမသွား USမှာကလဒါတွေကို တွေ့နေကြမို့လား

ပြီးတော့ သူက ကျန့်ကျန့်ကိုလည်း ခယ်မလေးလို့
လိုက်ခေါ်ပြီး အမြဲစသည်

သူအဲ့လိုစတဲ့အချိန်ဆို Xiao Zhanမှာ နေစရာနေရာမရှိတော့

မျက်နှာကြီး နီရဲလာပြီး ရောက်ရာအရပ်ကနေ အခန်းထဲပြေးဝင်တော့တာ

သူအဲ့လိုဖြစ်သွားတိုင်း Hai Kuan Geက အော်ရယ်ပြီး ကျန်ခဲ့တော့တာပဲ

.....ကိုကိုတို့အိမ်ကို Hai Kuan Geရာက်လာကတည်းက ကျတော့်မှာနစရာမရှိတော့တာ

....တွေ့ရင်တွေ့သလို ခယ်မလေးလို့ လိုက်ခေါ်နေတာ အမြင်ကတ်စရာကြီး

....တော်သေးတာကကျာင်းမှာ လိုက်မစလို့ မဟုတ်ရင် ကျတော်ကျာင်းသွားရဲမှာတောင် မဟုတ်တော့ဘူး

...ကိုကိုကတော့ ချစ်သူတွေဖြစ်ပြီးကတည်းက ကျတော့်ကို အရမ်းဂရုစိုက်သည်

....ကျတော့်ကို သုံးနှစ်သားလေးလို့များ မှတ်နေလားမသိဘူး ဒါပေမယ့် ဒီချစ်သူသက်တမ်း သုံးနှစ်အတွင်းမှာ ကိုကို့အချစ်တွေ ကိုကို့ဂရုစိုက်မှုတွေအောက်မှာ ကျတော်ပျော်ရွှင်ရတယ်

......ကိုကိုက ကျတော်ခွင့်မပြုပဲ ဘာမှမလုပ်ဘူး ကျတော်အဆင်သင့်မဖြစ်သေးဘူးလို့ ပြောထားလို့ သူ့ဆန္ဒတွေကို ချိုးနှိမ်ထားတယ်

....ချစ်သူသက်တမ်း ဒါမှမဟုတ် အိမ်ထောင်သက်တမ်း သုံးနှစ်အတွင်းမှာ အနမ်းနဲ့ပဲကျနပ်ရှာတယ်

...အတင်းအကြပ် ရယူတာလည်းမရှဘူး ကျတော်ကံကောင်းပါတယ် ကိုကို့လိုချစ်သူမျိုးကို ပိုင်ဆိုင်ခွင့်ရခဲ့လို့လဲပျာ်ပါတယ်

'ကလေးရေ ကိုကို့အဆိုးလေး ကျောင်းသွားရမယ်လေ ထတော့နော်'

ဟီးဟီး ကြားရပါပြီ ကျတော့အိမ်ဦးနတ်ရဲ့ အသံ ကျောင်းသွားဖို့ ကျတော့်ကို လာနှိုးတာ

ကျတော်နိုးနေတာကြာပါပြီ ကိုကို့အရင်နိုးတာ သုံးရက်လောက်ရှိပြီ

အရင်ရက်တေတုံးက ကျတော်နိုးလည်းမထသေး ကိုကိုနိုးလာရင် ဘာဆက်လုပ်မလဲဆိုပြီး သိချင်လာလို့ အိပ်ချင်ယောင်ဆောင်နေတာ

ကိုကိုကနိုးလာတော့ ကျတော့်နဖူးလေးကိုနမ်းပြီး သူ့ဘာသူထသွားသည်

ရေချိုး အဝတ်စားလဲပြီးမှ ကျတော့်ကိုလာနှိုးတာ နှိုးတာလည်း ရိုးရိုးမနှိုးဘူး တစ်ခါနှိုးလိုက် တစ်ခါနမ်းလိုက်နဲ့

ကိုကိုကလေ အားနေ အသားယူဖို့ပဲတွေးနာ အခုလည်း မထမချင်း လာနမ်းနေတာ

ကျတော် ဒီအခြေအနေလေးကိုကြိုက်တယ် ဒါ့ကြောင့်လဲ နိုးနေရက်နဲ့ မထပဲ အိပ်ချင်ယောင် ဆောင်နေဆာ

ဘာပဲဖြစ်ဖြစ် နေ့ရက်တိုင်း ဒီလိုနိုးထရတာကိုကြိုက်တယ် ကို့ချစ်သူရဲ့ ရင်ခွင်ထဲခိုဝင်ပြီး အိပ်ဆက်ရတဲ့ညတေကိုလည်းကိုက်တယ်

ကျတော့်အတွက် ဘာမှမလိုတော့ပါဘူး ကျတော့်အတွက် နွေးထွေးတဲ့မေတ္တာတေက အမြဲရှိနေတယ်လေ

ကို့ချစ်သူနဲ့ ပျော်ရွှင်နေရတယ်ဆိုတဲ့အသိက တစ်ကယ်ကိုကြည်နူးဖို့ကောင်းတယ်

ကျွန်တော်ချစ်သောကိုကို(completed)Donde viven las historias. Descúbrelo ahora