Yi Bo တစ်ယောက် ထွက်သွားတဲ့ Xiao Zhan နောက်ကို အမြန်လိုက်လာခဲ့သည်
ဒါပေမယ့် လမ်းတစ်ဝက်မှာ မျက်ခြေပျက်သွားတာမို့ ကလေး အိမ်ကိုပြန်တာပဲ ဖြစ်ပါစေလို့ ဆုတောင်းနေမိသည်
တစ်ကယ်လို့ ကလေးသာ ထပ်ပြီး ထွက်သွားဖို့ လုပ်ရင် သူတစ်ကယ် သေသွားမှာပါ
အိမ်ရောက်တော့ သူတို့အခန်းရှိရာ အပေါ်ထပ်ကိုသာ အပြေးလေးတက်လာခဲ့လိုက်တယ်
ရင်ထဲမှာလဲ အပူမီးတွေ တောက်နေတယ်
သူ့ကလေး ထွက်သွားပြီလား ဆိုတဲ့စိတ်နဲ့
တစ်ကယ်လို့သာ ခြံထားကို သေချာကြည့်ရင် သူ့ကလေး စီးလာတဲ့ကားနဲ့ သူ့ကလေးရဲ့ ဖိနပ်ကို တွေ့ရမှာပေမယ့်ပူထူနေတဲ့စိတ်ကြောင့် ဒါတွေ သူမစဉ်းစားနိုင်ပါ
အခန်းတံခါး အသာဖွင့်ပြီး ဝင်သွားတော့ အိပ်ရာပေါ်မှာ ရှိုက်ငိုနေတဲ့ သူ့ကလေးကြောင့် ရင်ထဲမှာ နာကျင်လာရသည်
ရိပေါ် သူ့ကလေးနား အသာသွားရင်း ကလေးကိုယ်ကေို အသာထူလိုက်ကာ သူ့ဘက်ကို မျက်နှာချင်း ဆိုင်စေလိုက်တယ်
Xiao Zhan သူ့ကိုကို ဝင်လာတာကို သိပေမယ့် ကိုကို့ကို လှည့်မကြည့်ခဲ့မိ
ကိုကို့စီက ရက်စက်တဲ့စကားတွေ ထွက်ကျလာမှာ သူကြောက်ပါသည်
အသံတိတ်ငိုကျွေးနေတဲ့ မိမိကို အသာထူမပြီး ကိုကိုက သူနဲ့ မျက်နှာချင်းဆိုင်စေသည်
ရှောင်းကျန့် သူ့ကိုကိုကို မကြည့်ရဲ တော်ကြာ သူ့ချစ်သူနဲ့ အတူနေတော့မှာမို့ အိမ်ကထွက်သွားလို့ ပြောလာရင် သူပဲရင်ကျိုးမှာ
သူထွက်မသွားချင်ဘူး ကိုကို့အနားမှာပဲ နေချင်တယ် ချက်ချင်းတောင် လိုက်ချလာတယ်ဆိုတော့ သူ့ချစ်သူက ဘယ်လိုတေ ပြောလိုက်လို့လဲ
ရိပေါ် မိမိကို ကြည်ါမလာပဲ ခေါင်းကိုငုံ့ထားသည့် ကလေးကြောင့် မေးကနေ အသာမကာ မျက်နှာကို မော့စေလိုက်သည်
ကလေးမျက်ဝန်းထဲမှာက မျက်ရည်တေနဲ့ အပြည့်
ဒီမျက်ရည်တေ သူ့ကြောင့်ကျနေရတယ်ဆိုတဲ့ အကြောင်းကို တွေးလိုက်မိတော့ သူ့ရင်ဘက်ကို အဆမတန်နာကျင်စေသည်
YOU ARE READING
ကျွန်တော်ချစ်သောကိုကို(completed)
同人小说ပထမဆုံး Yizhan fan fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့သာရေးရတာ သိပ်တော့မရေးတတ်ဘူးရယ်😁