ကျွန်တော်ချစ်သောကိုကို(17) ကြှနျတျောခဈြသောကိုကို(17)

8.5K 463 18
                                    

ရှောင်းကျန့်တစ်ယောက် ကဒ်ပေါ်ကလက်ရေးကိုမြင်ပြီး
နေရာမှာတင် ကြောင်အစွာရပ်နေမိသည်
သေချာပါသည် ဒီလက်ရေးက ကောလက်ရေးအစစ်

အရင်ကတည်းက တစ်အိမ်ထဲအတူနေသူတေမို့ ကောလက်ရေးကိုမြင်ဖူးသည်
လက်ထပ်ပြီးနောက်ပိုင်း တစ်ခန်းထဲစာအတူလုပ်ကြတာမို့
ကောလက်ရေးဆိုတာမမှားနိုင်

....ကိုကိုဘာတေလုပ်နေပြန်တာလဲ သူဘာမှစဉ်းစားမရတော့
အခုကဘာလဲ တစ်ကယ်ချစ်မိလို့ပဲ ခုလိုတေလုပ်နေတာလဲ
ဒါမှမဟုတ် သူ့ခံစားချက်တေကိုစစ်ဆေးရင်း ငါ့ကိုမျှော်လင့်ချက်ပေးနေတာလား

ခုံပေါ်ကလက်စွပ်ကိုကြည့်မိတော့ သူတို့လက်ထပ်လက်စွပ်မဟုတ်
လက်ထပ်လက်စွပ်က ရှိသေးရဲ့လားတောင်မသိ
အာ့နေ့ညကတည်းက ကိုကိုကချွတ်ပစ်မှာပြောခဲ့တာ

ဒီအချိန်ထိ ကိုကို့လက်မှာလက်စွပ်ဝတ်ထားတာမတွေ့ခဲ့
အခုရော ကိုကိုဘာတေလုပ်နေတာလဲ
ချစ်တယ်ဆိုတဲ့စာလေးက ကိုကို့လက်ရေးနဲ့ပေမယ့်
ကိုကို့စိတ်ထဲကလား ဒါမှမဟုတ် ဘယ်သူ့အတွက်လည်း

ရှောင်းကျန့်တွေးရင်းနဲ့ပင် မျက်ရည်တေကျနေမိသည်

...တစ်ကယ်သာ ဒါတေကိုကိုလုပ်ထားတာဆိုရင် အိမ်မှာကျတော့ ဘာလို့မသိချင်ယောင်ဆောင်ရတာလဲ....

.....အိမ်မှာဆိုကိုကိုကဂရုစိုက်ပေမယ့် ဒီအကြောင်းတေကို တစ်ခွန်းမှမဟဘူး.....

.....ဟူး..ဒီအခြေအနေတေကို ဘယ်လိုနားလည်ရမလဲတောင်မသိတော့ဘူး
နာကျင်ရတာများတော့လည်း နှလုံးသားကို ဦးနှောက်က ဦးဆောင်သွားမြဲပဲလေ ကို့ရှေ့မှာအမှန်ပါလို့လာပြောရင်တောင် မယုံကြည်ရဲတော့ပါ....

.'ရှောင်းကျန့်...ကျန့်ကျန့်ဘာဖြစ်လို့လဲ ဘာလို့ညိမ်နေတာလဲ'

'ဒီလိုပါပဲကွာ ငါ့ကိုတစ်ယောက်ယောက်က အရူးလုပ်နေတယ်လို့ခံစားရလို့'

'ဘာလို့လဲကျန့်ကျန့် မင်းပြောတာနားမလည်ဘူး'

'ကျိုးချန်ရာ မင်းပဲစဉ်းစားကြည့် ငါ့ကိုဒီလိုလက်ဆောင်တေလာပေးတယ် ပြီးတော့ဘယ်သူပေးတာပါဆိုပြီး လူလုံးလည်းထွက်မပြဘူး ပြီးတော့ကဒ်မှာလည်းချစ်တယ်လို့ရေးထားသေး ဒီအခြေအနေကြီးက လုံးဝကိုအရူးလုပ်ခံရသလိုပဲကွာ'

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now