ကျွန်တော်ချစ်သောကိုကို

8.6K 502 19
                                    

........ကိုကိုက ဒီနေ့မှ ထူးထူးခြားခြား ကျတော်နဲ့အတူပြန်တယ် ဒါပေမယ့် ကားပေါ်ကနေအိမ်ပြန်ရောက်တဲ့အထိ သူကစကားမပြောဘူး ဘာဖြစ်နေမှန်းလဲမသိပါဘူး မျက်နှာကြီကလည်း မသိရင် သူ့crush သူများလုသွားတဲ့အတိုင်းပဲ စူပုပ်နေတာပဲ ငါလေးမြင်ယောင်နေတယ်နော်မိုးလေဝသတွေ မကောင်းဘူး ငါလေးကိုဘယ်သူကယ်နိုင်မလဲဟင်.......

'ကဲပြောရှောင်းကျန်....အဲ့နှစ်ကောင်ကဘယ်သူတေလဲ'
'သူတို့ကကျန့်ကျန့်သူငယ်ချင်းတွေပါ...'
'သူငယ်ချင်းတွေပေါ့လေ...ပုခုံးဖက်ပြီးရယ်မောနေရုံတင်အားမရလို့အိမ်ထိလိုက်ဖို့ကြံနေတာလား......'
'မင်းပြောတော့သူငယ်ချင်းတေဆို...ခင်တာဖြင့်ဘယ်လောက်မှမကြာသေးပဲ ပူးကပ်နေကြတာ သူငယ်ချင်းတွေပေါ့...ဟမ့်..နားရှိလို့သာကြားရတယ်...'

'နေပါဦး...ကိုကိုကဘာပြောချင်နေတာလဲ'
'ငါ့ကိုမလိမ်စမ်းပါနဲ့ရှောင်းကျန့်ရာ...မင်းနဲ့သူဘာတေလဲအမှန်တိုင်းပြော...'
'...ကိုကို..ကိုကိုဘာတွေပြောနေတာလဲ....ကျတော်ဘာတစ်ခုမှနားမလည်တော့ဘူး....ကျတော်နဲ့ကျိုးချန်နဲ့ကသူငယ်ချင်းတွေ....ဘာအကန့်မှမရှိဘူး'

'ကျတော်တို့ပူးကပ်နေတယ်ဆိုတာသာမန်ပဲ...ဘာမှမပိုဘူး...ကျောင်းစဖွင့်တဲ့နေ့ကတည်းက....တစ်ယောက်တည်းဖြစ်နေတဲ့ကျတော့်ကို...သူတို့ပဲဂရုစိုက်ပေးခဲ့တာ....တစ်စုံတစ်ယောက်ရဲ့လျစ်လျူရှုခံရတဲ့ကျတော့်ကိုသူတို့ကပဲပျော်လာအောင်ရယ်မောလာအောင်လုပ်ပေးခဲ့တာ...'

'ကိုကိုကကျတော့်ကို ဒီလိုလာမေးတယ်ဆိုတော့...နေပါဦး....ကိုကိုကကျတော့်ကိုဘယ်လိုထင်နေတာလဲ...ယောက်ျားလေးမြင်တိုင်း လိုက်ကြိုက်နေတဲ့လူလို့ထင်နေတာလား...ကိုကိုနည်းနည်းတော့များသွားပြီလို့မထင်ဘူးလား...ကိုကိုကျတော့်အချစ်ကိုဘယ်လိုထင်နေတာလဲ....¡

'ကျတော့်အချစ်က..ကိုကို့မျက်လုံးထဲမှာ..အာ့လောက်တောင်အပေါစားဆန်နေတာလား'

'မဟုတ်ဘူးကျန်ကျန့်မဟုတ်ဘူး....မင်းကိုကိုကိုအာ့လိုပြောချင်တာမဟုတ်ဘူး..'

'မဟုတ်ရင်ဘာလဲကိုကို...ကိုယ်ကိုတိုင်ကျတော့လည်းဂရုမစိုက်ဘူး...သူများဂရုစိုက်တော့ကျလည်းမကျေနပ်ဘူး....ဘာလဲကိုကိုဘာဖြစ်ချင်နေတာလဲ....'

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now