ကျွန်တော်ချစ်သောကိုကို (32)

8.1K 422 20
                                    

ဒီနေ့ ကျန့်ကျန့်တစ်ယောက် ကိုကိုနဲ့ ကုမ္ပဏီ ကို လိုက်လာခဲ့တယ်

ဒါပေမယ့် ခဏလေးရှိသေး ပျင်းလာတော့တာပါပဲ
လုပ်စရာ ဘာမှမရှိဘူးလေ

ကိုကိုက ခေါ်တုံးကခေါ်လာပြီး ဘာမှမလုပ်ခိုင်းဘဲ ဒီတိုင်းပဲ ထိုင်ခိုင်းထားတာ

လူက နဂိုကမှ ညိမ်ညိမ် မနေတတ်ပါဘူးဆို

အစကတော့ ကိုကို့ကို ငဲ့ပြီး ညိမ်ညိမ်လေး နေပေးလိုက်တယ်

ဒါပေမယ့် တစ်နာရီလောက်ကြာတော့ ပျင်းလာတော့တာပါပဲ

အခုလည်း ကိုကိုက အစည်းအဝေးရှိလို့ ဆိုပြီး သွားတာ အခုထိ ပြန်မလာသေးဘူး

ဟူး လူက ပျင်းလာပြီနော်

ဒီအချိန် အစည်းအဝေးခန်းထဲက ရိပေါ်ကတော့ သူ့ငယ်လေး တစ်ယောက်ထဲ ကျန်ခဲ့တာကိုတွေးပြီး ဖင်တကြွကြွဖြစ်နေရှာပြီ

သူ့ကလေး ပျင်းနေတော့မှာကို သူသိတယ်

အခု အစည်းအဝေးက ဆောင်းရာသီ design ထုတ်ဖို့အတွက် အစည်းအဝေးလုပ်နေခြင်းပင်

ရိပေါ်တို့ WG ကုမ္ပဏီ ဆိုတာ fashionလောက မှာတော့ ပြိုင်ဘက်ကင်း ဒိတ်ဒိတ်ကြဲ ကုမ္ပဏီ ကြီးတစ်ခုပင်

ပြီးတော့ WG က စီးပွားရေးတင် မဟုတ် နိုင်ငံရေးဘက်တွင်လည်း အဆက်အသွယ်များစွာရှိတယ်

ဥပမာအနေနဲ့ ဝန်ကြီးချုပ်က သူ့ဦးလေးဖြစ်နေတာမျိုး

အစတုံးကတော့ ရိပေါ်က သူ့ဦးလေးက ဝန်ကြီးချုပ်ဆိုတာ မသိခဲ့

တစ်ရက်တော့ ဝန်ကြီးချုပ်ဆိုတဲ့လူကြီးနဲ့ သူ့သက်တော်စောင့်တေ အိမ်ကိုရောက်လာခဲ့တယ်

အစကတော့ ကျန့်ကျန့်ဆိုသည်မှာ လန့်လိုက်တာမှ လွန်ရော

အဲ့တုံးက uni third yearရှိသေးတယ်လေ

နောက်တော့ ပါးပါး ရောက်လာပြီးမှပဲ အခြေအနေတွေ အားလုံးကို သဘောပေါက်လာတော့တာ

ရိပေါ်တို့ မျိုးရိုးက ဆွေကြီးမျိုးကြီးလို့ ပြောလို့ရတယ်

ရိပေါ်တို့က ဆွေစဉ်မျိုးဆက် ဝန်ကြီးမျိုးရိုးတွေ

ရိပေါ်ပါးပါးက ဘိုးဘိုးတို့ သဘောမတူပဲ မားမားနဲ့ လက်ထက်လိုက်လို့ ပါးပါးတို့ကို အမွေဖြတ်လိုက်တာ

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now