ကျွန်တော်ချစ်သောကိုကို

7.1K 366 35
                                    

ရိပေါ် ရှောင်းကျန့်ကိုပွေ့ပြီး အခန်းထဲခေါ်လာခဲ့တယ်
ပြီးမှ ကုတင်ပေါ်တင်ပြီး ရေပတ်တိုက်ကာ အဝတ်အစား လဲပေးလိုက်တယ်

ရိပေါ် လုပ်နေတာမှန်သမျှကို ရိရှောင်းနဲ့ ရီကျန့်က တစ်ခုချင်း သေချာလိုက်ကြည့်နေတယ်

'Daddy ပါးပါး နေမကောင်းတာ သားတို့ကြောင့်လားဟင်'

ရိရှောင်းလေး အသံမှာ ငိုသံတွေ စွက်နေတယ် သူတို့ပါးပါးအပေါ်မှာ အကြာကြီး အိပ်လိုက်လို့ ပါးပါး နေမကောင်း ဖြစ်တယ်လို့ ထင်နေကြတာလေ

သူတို့ ပါးပါးကိုကြည့်ပြီး သူတို့လည်း မျက်ရည်တွေ ဝဲနေကြတယ်

ခဏနေတော့ ဆရာဝန်ဝင်လာပြီး ငယ့်ကို စမ်းသပ်ပြီး ဆေးထိုးပေးသွားတယ်

'အစ်ကိုလေးက အားနည်းနေတာပါ သခင်လေး ဒီကြားထဲ ဖျားတာရော တခြား စိတ်ပူစရာတွေကြောင့်ရော ဒဏ်ဖြစ် သွားတာပါ

ကျွန်တော် သောက်ဆေးရေးပေးခဲ့ပါ့မယ် ဆေးကို မှန်မှန်တိုက်ပေးပါ'

'ကောင်းပြီ ကျေးဇူးပါ.'
'ကျွန်တော် ပြန်တော့မယ် သခင်လေး '

ဆရာဝန်ထွက်သွားတော့ ရိပေါ် ကလေးတို့ဘက်လှည့်ကာ

'သားတို့ ပါးပါးကို ကြည့်ထားဦးနော် daddy ပါးပါးနိုးလာရင် စားဖို့ ဆန်ပြုတ် သွားပြုတ်လိုက်ဦးမယ်'

ရိပေါ် ခရုဆန်ပြုတ်လေး ပြုတ်လိုက်တယ်
ကလေးက ဘယ်လိုဖြစ်လို့ အစားပုံမှန် မစားတာလဲ

နိုးလာမှပဲ မေးကြည့်ရတော့မယ်

နောက်တော့ သူလည်း ဆန်ပြုတ်ပန်းကန်ယူပြီး ကလေးအခန်းထဲ ဝင်လာခဲ့တယ်

ရိပေါ် ဆန်ပြုတ်ပန်းကန်ကို ခုံပေါ်တင်ပြီးချိန် မျက်လုံးလေးတွေ ပွင့်လာတဲ့ သူ့အသက်လေး

ရိပေါ် သူ့နား အပြေးသွားကာ ကုတင်ပေါ် ထိုင်လိုက်ပြီး လက်လေးတွေကို ဆုပ်ကိုင်ပေးမိတယ်

'ငယ် သက်သာလား'
'အင်း..... '

အင်းတစ်ခွန်းပဲ ပြောပြီး ပြတင်းဘက်ကို မျက်နှာလှည့်သွားတယ်
တစ်ဆိတ် ငယ့်မျက်ဝန်းတွေက မှိုင်တွေနေတယ် ထိတ်လန့်နေတယ် ပြီတော့ သူဖက်ကိုလဲ လှည့်မကြည့်

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now