Zawgyi
ကိုကို႔ ဓာတ္ပံုေလးကို မည္မ်ွၾကာေအာင္ စိုက္ၾကည့္ေနမိသည္မသိ။မ်က္ရည္တစ္စက္က လက္ဖမိုးေပၚ ေပါက္ခနဲ ျပဳတ္က်သြားမွ အသိဝင္မိသည္။ကိုကို႔ကို ဘာလို႔ သတိေရနမိလဲ အေျဖ႐ွာမရ။ခ်စ္ေနတာလား ဆိုရေအာင္လည္း မခ်စ္လို႔ဘဲ ေျပာဆိုၿပီးထြက္လာခဲ့တာမဟုတ္လား။ခ်မ္းသာျပည့္စံုတဲ့ဘဝမို႔ သာယာေနတာ ျဖစ္မွာပါ။ကိုကိုက သူ႔အေပၚ လိုတာမ႐ွိေအာင္ ျဖည့္ဆည္းေပးခဲ့တာကိုး။ေငြေၾကးမက္ေမာမႈကို အခ်စ္လို႔ ေခါင္းစဥ္မတပ္ခ်င္ေတာ့ပါဘူးေလ။အခ်ိန္တန္ရင္ ကိုယ့္လမ္းကိုယ့္ေလ်ွာက္ၾကရမွာပဲ။
"မိုးအရိပ္....အခန္းထဲေခြမေနပါနဲ႔ကြာ။ငါဒီေန႔ အလုပ္ပိတ္တယ္။အျပင္ လိုက္ပို႔ရမလား''
အနားလာကပ္ထိုင္ၿပီး ခပ္တိုးတိုးေျပာေနသည့္ ထက္ေအာင္ေက်ာ္ကို ေခါင္းသာ ခါျပလိုက္သည္။လူေတြၾကားထဲလည္း မသြားခ်င္။ဘယ္သူ႔ကိုမွလည္း မေတြ႔ခ်င္။ခုခ်ိန္မွာ ေတြ႔ခ်င္တာ ကိုကိုတစ္ေယာက္သာ ႐ွိသည္။
"လာပါၾကာ..ေရခဲမုန္႔လိုက္ေကြၽးမယ္"
"မစားခ်င္ပါဘူးကြာ''
"လာပါ...မိုးအရိပ္ရာ....ထ..ထ...လိမၼာတယ္။ေရခဲမုန္႔ မဟုတ္လည္း တစ္ခုခုသြားစားၾကမယ္''
အတင္းကာေရာ ဆြဲမေနတာမို႔ ထက္ေအာင္ေက်ာ္လက္ထဲ အရိပ္ခႏၶာကိုယ္က ေစြ႔ခနဲ။အင္းေလ။အိမ္ထဲေနလည္း လူက ဟိုေတြးဒီေတြး။အျပင္လိုက္သြားတာမွ ေကာင္းေပဦးမည္။ထက္ေအာင္ေက်ာ္ဆြဲေခၚရာေနာက္ လိုက္လာရင္း သတိထားမိေတာ့ ကိုကိုနဲ႔အရိပ္ ေနတဲ့ အိမ္နားေရာက္ေနတာပါလား..။
"ေဟ့ေကာင္...ဘာလို႔..ဒီကိုလာတာလဲ...''
"မင္း ေတြ႔ခ်င္ေနတာ မဟုတ္လား။သြားလိုက္ေနာ္။ငါ ဒီကေစာင့္ေနမယ္''
အိမ္နားေရာက္ေနၿပီးမွေတာ့ လွည့္ျပန္ဖို႔ရာ စိတၠ မစြမ္းႏိုင္ေတာ့။ပိုက္ဆံအိတ္ထဲမွ ေသာ့အပိုကလည္း ကိုကို႔ဆီျပန္မေရာက္ေသး။ျခံတံခါးကိုၾကည့္လိုက္ေတာ့အထဲကေသာ့ခတ္ထားတာမို႔ အထဲမွာကိုကို႐ွိေနတာ ေသခ်ာသည္။ကိုကို႔ကိုေတြ႔ရေတာ့မည္ဆိုေသာစိတ္က ေသာ့ဖြင့္ေနသည့္ လက္မ်ားကိုပင္ တုန္ယင္ေနေစ၏။အိမ္တံခါးဖြင့္ဖြင့္ခ်င္း အေမွာင္ထုကဆီးႀကိဳသည္။
လုပ္ခ်င္တာေတြ လုပ္ေနေတာ့တာပဲလား။ႏွစ္ေပါက္ေအာင္ေနခဲ့ဖူးသည့္အိမ္မို႔ ဘယ္နားဘာ႐ွိလဲအလြတ္ရေန၍ ေတာ္ေသးသည္။မီးလင္းသြားသည့္အခိုက္ ျမင္လိုက္ရသည့္ျမင္ကြင္းက ရင္နာစရာအတိ၊၊ကိုကိုတစ္ေယာက္ အရိပ္ရဲ႕အခန္းေ႐ွ႕မွာ တံခါးကိုမွီကာထိုင္ရင္း ေဘးမွာလည္း ဘယ္အခ်ိန္ကတည္းကေသာက္ထားမွန္းမသိေသာ ဘီယာဘူးၿခံမ္ား။
"ကိုကို....ကိုကို....သတိထားပါဦးေလ..ကိုကို''
"အရိပ္..ကိုကို႔ဆီလာတယ္။ဟက္..မင္း ငါ့ဆီလာစရာအေၾကာင္းမွ မ႐ွိတာ။ဘာလဲ။ပိုက္ဆံ႐ွာမရလ္ို႔လား ဟုတႅား''
ရီေဝေဝျဖင့္ ေလသံအေျပာင္းအလဲမမွန္ေသာ စကားတို႔က ကိုကို႔ႏႈတ္မွ အစီအရီ။အရက္ေတြေသာက္မိလို႔ ေဆးရံုတက္ရတာေတာင္ တစ္ပတ္မျပည့္ေသးသည့္အေျခအေနမွာ ခုလိုေတြ ထပ္မလုပ္သင့္ေပ။
"ၾထက္ၾသား..မင္း...ငါ့အသားကိုမထိနဲ႔။ငါ ..မင္းကိုရြံ႔တယ္''
"ကြၽန္ေတာ္ မွားပါတယ္ကိုကိုရယ္။ကိုကို မေက်နပ္ရင္ ကြၽန္ေတာ့ကို ႐ိုက္ပါ။ခုလိုေတြ မလုပ္ပါနဲ႔။ကိုကို႔က်န္းမာေရးအတြက္ မေကာင္းလို႔ပါ''
ေျပာေနသည့္ ၾကားမွ ေဘးမွ ဘီယာဘူးကို အမိအရယူရင္း ထပ္ေမာ့ေနျပန္သည္။
"ေတာ္စမ္းပါကြာ။မင္းက ငါ့ကို ဘာအတြက္ စိတ္လာပူျပေနရတာလဲ။မင္း..ဘဲအသေစၠျငမက္ဘူးလား ဟုတႅား''
ကိုကို႔စကားက ဘာကိုဆိုလိုမွန္းအရိပ္မသိ။ကိုကို႔ကိုေငြေၾကာင့္ကပ္ခဲ့ေပမဲ့ ေယာက်ာ္းတိုင္းကို လိုက္ကပ္ေနတာမ်ိဳးမွ မဟုတၱာပဲ၊
"ကိုကို အရမ္းမူးေနျပီ။ေတာ္ရေအာင္ေနာ္၊ေပး..ဒီဘူးႀကီး ကြၽန္ေတာ္သိမ္းလိုက္မယ္။ထပ္ေသာက္ရင္ ဗိုက္ျပန္ေအာင့္လာလိမ့္မယ္ ကိုကိုရ''
"သြားစမ္းကြာ။ငါ့ဘဝထဲထပ္ၿပီး ဝင္မလာပါနဲ႔ေတာ့။သြားပါ။ငါေတာင္းပန္ပါတယ္။ငါ့မ်က္စိေ႐ွ႕က သြားပါေတာ့ မိုးအရိပ္ေရာင္ရယ္''
တြန္းထိုးရင္းျဖင့္ အရိပၷဖူးက စားပြဲေစာင္းဆီကိုခြပ္ခနဲေျပးေဆာင့္သည္။နာသြားေပမဲ့ ကိုကို႔ကိုလွည့္ၾကည့္ေတာ့ ဗိုက္ကိုႏွိပ္လ်က္ ေခြေခါက္ေနသည့္အေျခအေနမို႔ ေဆာင့္တြန္းေနသည့္ၾကားမွ အနားကိုမရမက ျပန္ကပ္ရေတာ့၏။
"ကိုကို..ကိုကို ဗိုက္ေအာင့္တာလား ။ခေဏလး ခဏေလး။ကြၽန္ေတာ္ ေဆးသြားယူေပးမယ္''
အစာအိမ္နဲ႔ပတ္သက္ၿပီး ေဆးအျမဲမွီဝဲရေသာကိုကို႔အတြက္ ဘယ္အေျခအေနမွာဘယ္ေဆးဆိုတာကိုလည္း အရိပၼမြတၳား၍ မရ။ေဆးလံုးအခ်ိဴ႕ကို ေရတစ္ခြက္ႏွင့္အတူ ကိုကို႔ႏူတ္ခမ္းဝေတ့ေပးၿပီး...
"ကိုကို...ကြၽန္ေတာ့ကိုတြဲလိုက္ေနာ္။အခန္းထဲ ျပန္လွဲရေအာင္ေနာ္.''
ကိုကို႔လက္ေမာင္းေအာက္ ေခါင္းကို လ်ိဳဝင္လိုက္ၿပီးေနာက္ ကိုကို႔ခႏၶာကိုယ္ကို အေသအခ်ာထိန္းရင္း ကုတင္ေပၚတြဲပို႔ရသည္။ေသသပ္သန္႔႐ွင္းေနေသာအိပ္ရာတစ္ခုေၾကာင့္ ဒီအခန္းထဲကို ကိုကို ဝင္မအိပ္ထားတာ ေသခ်ာေနၿပီ။
"အိပ္လိုက္ေနာ္...ကြၽန္ေတာ္ ေဘးမွာ႐ွိမယ္''
ဘာမွျပန္မေျဖေပမဲ့ ၿငိမ္သက္သြားသည့္အေနအထားကိုၾကည့္ရင္ ဗိုက္ေအာင့္ေတာ့ သက္သာသြားၿပီထင္ပါရဲ႕။သိပ္ၿပီးဆိုးဆိုးရြားရြားထပ္မျဖစ္တာမို႔ ေတာ္ပါေသး၏။ကိုကို အိပ္ေပ်ာ္သြားမွပဲ အခန္းအျပင္ကို တစ္ခါျပန္ထြက္လို႔ ႐ႈပ္ထားသမ်ွအမိႈက္သ႐ိုက္ေတြ႐ွင္းလင္းရမည္။အိမ္ေ႐ွ႕ၾကမ္းျပင္တစ္ခုလံုး စီးကရက္အတိုေတြ၊ဘီယာဘူးခြံေတြက ဟိုဟိုဒီဒီ ၾကဲျပန္႔ေနတာမွ ျမင္မေကာင္း။အရိပ္အတြက္နဲ႔ မလုပ္ဖူးတာေတြအကုန္လုပ္ၿပီး ျဖစ္ခ်င္တိုင္းကို ျဖစ္ေနေတာ့တာပါလား၊
အရိပ္မသြားခင္က အခန္းကိုေသခ်ာ႐ွင္းလင္းခဲ့တာမို႔ ခုလိုေစာင္ေတြေခါင္းအံုးေတြဖ႐ိုဖရဲျဖစ္ေနျခင္းက ကိုကို႔ေၾကာင့္သာျဖစ္လိမ့္မည္။ေစာင္ေတြေခါက္၊အိပ္ရာခါရင္း အရိပ္ပံုေတြ ထြက္က်လာျပန္ေတာ့ ကိုကို႔ကို ဒုကၡေပးမိေလျခင္းဆိုေသာစိတ္ျဖင့္ ဝမ္းနည္းရျပန္သည္။ကိုကို႔အတြက္ အရိပ္ဘယ္လိုလုပ္ေပးရမလဲ။ပံုမွန္မဟုတ္တဲ့ အိမ္ေထာင္ေရးတစ္ခုထဲကို ေျခစံုပစ္ဝင္လိုက္ရမလား၊ဒါကေရာ ကိုကို႔အတြက္ ဆံုးျဖတ္တာလား။သို႔တည္းမဟုတ္..အရိပ္ကိုယ္တိုင္က ကိုကို႔ကိုလိုအပ္ေနျခင္းလားဆိုတာေတာ့ အမွန္တကယ္ကိုေဝခြဲလို႔မရေခ်။
#
ကိုယ့္အေပၚမေကာင္းတာသိသိႀကီးနဲ႔ေတာင္ စိတ္အာရံုထဲ ေဖ်ာက္မရသည့္အေျခအေနက ေတာ္ေတာ္ဆိုးသည္။မူးေအာင္ ဘီယာေသာက္ေတာ့လည္း အရိပၠိုပဲ ျမင္ေယာင္ေနၿပီး အိမ္မက္ထဲအထိကိုအရိပ္ကပါသည္။ပစ္ပစ္ခါခါေတြေျပာၿပီးႏွင္ေနတာကို အနားကမခြာဘဲေပကပ္ေနတာတဲ့ေလ။အရိပ္တကယ္မ်ား ေရာက္လာသလားဆိုသည့္ေမ်ွာ္လင့္ခ်က္ျဖင့္ တစ္ဖက္အခန္းကို အေျပးသြားၾကည့္မိေသး၏။
အရိပ္အေယာင္ဘာဆိုဘာမွမျမင္ဘဲ အခန္းကေသသပ္႐ွင္းလင္းလ်က္။ထိုသို႔ဆိုမွ အိမ္ေ႐ွ႕အခန္းမွာ တည္တံ႔ပြစာၾကဲထားသည့္ အမိႈက္သ႐ိုက္ေတြလည္း မ႐ွိေတာ့တာပါလား။အရိပ္လာတာမဟုတ္ဘူး ဆိုရင္ ဒါေတြ......။
"အကို....''
လက္ထဲမွာ အထုပ္အထည္ေတြအျပည့္နဲ႔ ေကာင္းထက္က အိမ္ေ႐ွ႕တံခါးကေန တည္တံ႔ကိုလွမ္းေခၚရင္း စပ္ျဖဲျဖဲအမူအရာျဖင့္ဝင္လာေလသည္။အျမဲလိုလိုမ်က္ႏွာေျပာင္စပ္ေနၿပီး အသစ္ခန္႔ထားတာ မၾကာေသးေသာ စာေရးေပါက္စ။
"ခုနကတည္းက ေရာက္ေနတာ။အကို အိပ္ေနတာနဲ႔ ကြၽန္ေတာ္ စားစရာေတြ ၾသားဝယၱာ''
"မင္း...ဘယ္လိုဝင္လာတာလဲ''
အိမ္ေသာ့က အရိပ္နဲ႔ တည္တံ႔ဆီမွာသာ ႐ွိေနတာမို႔ ဒီေမးခြန္းကို ေမးရျခင္းျဖစ္သည္။
"တံခါးက ပြင့္ေနတာ အကိုရ...ဒါေၾကာင့္''
ဒီေလာက္ေတာင္ သတိလက္လြတ္ေနမိတာမ်ား ကိုယ့္ကိုယ္ကိုယ္ အံ႔ျသမဆံုးေပ။အရိပ္အတြက္နဲ႔ ေခါင္းထဲဘာမွကိုမ႐ွိေတာ့တဲ့အထိပါလား။
"မင္းကို..အာကာလႊတ္လိုက္တာမဟုတ္လား။လာလက္စနဲ႔ အကုန္ျပန္ယူသြား။ငါ တစ္ခါတည္း လက္မွတ္ထိုးေပးလ္ိုက္မယ္''
ေကာင္းထက္က အလုပ္ဝင္ခါစျဖစ္တဲ့အျပင္ကိုငယ္ကလည္းငယ္ေတာ့ ခိုင္းေကာင္းတယ္၊ဖင္ေပါ့တယ္နဲ႔ စာေရးကေန ျပာတာျဖစ္လို႔ျဖစ္မွန္းမသိ။တကယ္လည္း ဘာခိုင္းခိုင္း မ်က္ႏွာတစ္ခ်က္ပဲ လုပ္႐ွာပါသည္။ခုပဲၾကည့္ေလ။လာရင္းနဲ႔ အိမ္ထဲ႐ႈပ္ပြေနတာေတြကို မေနႏိူင္မထိုင္ႏိုင္ ႐ွင္းသြားေပးတယ္မဟုတ္လား။စာရြက္စာတမ္းေတြ ျပန္စီေပးၿပီး မုန္႔ဖိုးတစ္ထပ္ပါထုတ္ေပးေတာ့...
"ဟီး....မုန္႔ဖိုးေတြ အမ်ားႀကီး ေပးတယ္။ေက်းဇူးေနာ္ အကို။ေနာက္ရက္လည္း ထပ္လာခဲ့ဦးမယ္''
ခိုင္းလို႔ရသေလာက္ မုန္႔ဖိုးကေတာ့အေသမက္သည့္ေကာင္။ဘယ္ေလာက္ေပးေပး ရသမ်ွအကုန္ယူသည္၊တစ္ခါတရံဆို ဘယ္သူကဘယ္ေလာက္ေပးတာေတာင္ ေၾကးကတိုက္လိုက္ေသး၏၊
"Ok...ok...မင္းလိမၼာရင္မင္းအတြက္ပဲ။သြား။ေကာင္းေကာင္းျပန္ဦး''
"ဟုတ္..အကို...တာ့တာ.''
ကေလးလိုလိုေခြးလိုလို ေကာင္းထက္တစ္ေယာက္ အျပင္ေရာက္တာေတာင္လက္ျပလို႔မဆံုးေသး။မုန္႔ဖိုးမ်ားမ်ားေပးသည့္မ်က္ႏွာအေတာ္ႀကီး၏။ပိုက္ဆံ..ပိုက္ဆံ။အရာတိုင္းကို ဒင္းကအေတာ္ေလးျခယ္လွယ္ႏိူင္တာကိုး။
"အရိပ္....''
ျခံတံခါးဆင္းပိတ္ရင္း ႐ုတ္တရက္ျမင္လိုက္ရသည့္ေက်ာျပင္ေသးေသး။ဒါအရိပ္ဆိုတာ မွားစရာမ႐ွိ။သို႔ေပမဲ့ တည္တံ႔မ်က္လံုးေတြအၾကည့္မွားပံုပါ။ျမင္လိုက္ရတဲ့ေနရာမွာ အရိပ္မွ႐ွိမေနပဲေလ။ဒီေနရာကို အရိေပၠရာ လာမြာတဲ့လား။
"အား....မုန္းပစ္လိုက္ပါေတာ့ တည္တံ႔ရာ''
#
အပင္ကို ေက်ာမွီထားရင္း လက္ထဲမွ ဆင့္ခ်ိဳင့္ေလးကိုသာ က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားမိသည္။ကိုကို႔အိမ္ထဲကေန ေကာင္ေလးတစ္ေယာက္ ထြက္လာျပီး ပိုက္ဆံေတြလည္း အထပ္လိုက္ကိုင္ထားသလို လိမၼာရင္မင္းအတြက္ပဲဆိုသည့္ကိုကို႔စကား။အရိပ္ ဘာေတြကို ျမင္ေတြ႔ခဲ့ရတာလဲ။ခုနကအထိ အရိပ္ကိုတမ္းတေနတဲ့ကိုကိုက ခုက်ေတာ့ တျခားတစ္ေယာက္ကို ျမန္ျမန္ဆန္ဆန္ပဲ အစားထိုးလိုက္ႏိုင္ၿပီတဲ့လား။
ဗိုက္ေအာင့္ေနတဲ့ ကိုကို႔အတြက္ ဆန္ျပဳတ္တစ္ခ်ိဴင့္စာျပန္ေျပးျပဳတ္ရံုအခ်ိန္ခဏေလးအတြင္းမွာ ဘာေတြျဖစ္သြားခဲ့တာလဲ။ကိုကို ျပံဳးေနတာကို အရိပ္သေဘာမက်တာမ်ိဴးမဟုတ္ေပမဲ့ အရိပ္မဟုတ္တဲ့တျခားေကာင္ေလးအေ႐ွ႕မွာေလ။ဝမ္းနည္းစိတ္ေၾကာင့္ က်ဆင္းလာသည့္မ်က္ရည္ေတြကိုလည္း မသုတ္ဖယ္ႏိူင္ေတာ့ေပ။လမ္းတစ္ေလ်ွာက္သြားလာရင္း အရိပၠို ငဲ့ၾကည့္သြားၾကေပမဲ့ ႐ွက္ေနဖို႔ေလာက္ထိ ဂ႐ုမစိုက္ႏိုင္။
ကိုယ္ေရြးတဲ့လမ္းကို ကိုယ္ေလ်ွာက္ရတာပဲ မိုးအရိပ္ေရာင္ရယ္..ဘာလို႔ဝမ္းနည္းေနရေသးတာလဲ။
#
"ဘာျဖစ္လာတာလဲ..ဟမ္..မိုးအရိပ္။ဘာျဖစ္လာတာလဲလို႔၊ဟာ..ဆန္ျပဳတ္ခ်ိဳင့္ကအပူႀကီးေလ ေပးစမ္းငါ့က္ိုေပးစမ္း။မင္းရင္ဘက္ေတြ ေလာင္ကုန္ၿပီေလ။မင္း႐ူးေနတာလား''
အေျဖျပန္မလာသူကို ေမးေနရတာ အေတာ္ေမာသည္။ေစာနကအထိ ကိုတည္တံ႔အတြက္ဆန္ျပဳတ္ျပဳတ္ၿပီး တက္ႂကြေနခဲ့တဲ့ေကာင္က ခ်က္ခ်င္းကို ငိုႀကီးခ်က္မျဖစ္လာသည္။ပူေလာင္ေနသည့္ဆန္ျပဳတ္ခ်ိဳင့္ကိုလည္း ရင္ဝယ္ပိုက္ထားမ်ား မပူသည့္အတိုင္း။
"ဘာျဖစ္လာတာလဲ...မိုးအရိပ္ရာ။ျပစမ္း မင္းရင္ဘက္။ဟာ မင္း႐ူးေနတာလား။တကယ္႐ူးသြားၿပီလား။ဒီဆန္ျပဳတ္ခ်ိဳင့္ကို ေသမလို႔ပိုက္ထားတာလားကြ''
ဘာေျပာေျပာတစ္ခြန္းမွ ျပန္မေျပာပါပဲ တတြတ္တြတ္ဆူေနသည့္ထက္ေအာင္ေက်ာ္ ရင္ခြင္ထဲသာအတင္းတိုးလို႔ ႐ိႈက္ႀကီးတငင္ ငိုေနျပန္ေတာ့သည္။မိုးအရိပ္တစ္ေယာက္နဲ႔ေတာ့ ခက္ေနေခ်ၿပီ။
"ဘာျဖစ္လာတာလဲ ေျပာ၊မင္း မေျပာရင္ ငါအဲ့လူကိုသြားသတ္မွာေနာ္ မလုပ္ဖူးမထင္နဲ႔ေနာ္ မိုးအရိပ္''
ေဒါသစိတ္ျဖင့္ ေအာ္မိေလ၊အရိပ္ရဲ႕႐ိႈက္သံကပိုျပင္းလာေလပင္။ဒီေကာင့္ရင္က ဘာသားနဲ႔ထုထားတာမို႔ ဒီေလာက္ထိ ႏွိပ္စက္ခ်င္ေနရတာလဲ။ငယ္ငယ္ကတည္းက မငိုတတ္မွန္းသိသိရဲ႕နဲ႔ေတာင္ မ်က္ရည္မက်ေအာင္ ထားခဲ့ရတာေလ။ငိုရင္းျဖင့္ အသံကတျဖည္းျဖည္းတိုးသြားတာမို႔ ငံု႔ၾကည့္ေတာ့ ပါးစပ္ေဟာင္းေလာင္းေလးဟလ်က္ အိပ္ေပ်ာ္သြားခဲ့ေလၿပီ။ဟိူလူေဆးရံုတက္ရကတည္းက ေသခ်ာမအိပ္ခဲ့သည့္ ညပိုင္းမ်ားစြာက ခုေတာ့မဟန္ႏိုင္ေတာ့ဘူးထင္ပါရဲ႕။
အိပ္ရာေပၚအသာေလး မ ေရြ႔ေပးၿပီး ေခါင္းရင္းဘက္ကေထာင္ထားသည့္ဓာတ္ပံုကိုပါ ေမွာက္ခ်ပစ္လိုက္သည္။သူ႔ကိုခ်စ္လြန္းလို႔ သူခ်စ္တဲ့သူကို ၾကည္ျဖဴေပးခဲ့ေပမဲ့ မ်က္ရည္က်ရတာခဏခဏဆိုေတာ့လည္း မ်က္လံုးထဲမျမင္ခ်င္ေတာ့ေပ၊မိုးအရိပ္ကလြန္ခဲ့တာေတြလည္း အမ်ားႀကီး႐ွိေပမဲ့ လူဆိုတာ လိပ္မ်ိဳးပဲမဟုတ္လား။ကိုယ့္အသားထိမွ နာတတ္ၾကတာမ်ိဳးေလ။သူေဌးအိမ္မွာေနလာရသည့္ မိုးအရိပ္အတြက္ ၾကမ္းျပင္ေပၚမသိပ္ရက္လို႔ လစာမ႐ွိမဲ့႐ွိမဲ့ၾကားကေနအရစ္က်နဲ႔ဝယ္ေပးခဲ့သည့္ေမြ႔ယာေလး။ကိုယ္ကေတာ့ ၾကမ္းျပင္ေပၚ ဖ်ာေခ်ာတစ္ခ်ပ္႐ွိရံုျဖင့္ လံုေလာက္သည္ထက္ပိုေနေလၿပီ၊သူ႔ကိုေတာ့ျဖင့္ ထိုသို႔မထားရက္။
မိုးအရိပ္ကိုေလ ဟိုးကေလးဘဝကတည္းက ခ်စ္ခဲ့ရ၏။ဘယ္လိုအခ်စ္ကစခဲ့သလဲ မေသခ်ာေပမဲ့ ခုခ်ိန္ထိမိုးအရိပ္တစ္ေယာက္သာ ရင္ထဲ႐ွိသည္။မိဘမဲ့ေတြထားတဲ့ဘုန္းႀကီးေက်ာင္းမွာအတူႀကီးျပင္းခဲ့ၿပီး ညီအကိုအရင္းအျခာလိုကို ေစာင့္ေ႐ွာက္ေပးခဲ့ရသူ။ဘုန္းႀကီးဆူမယ္႐ိုက္မယ္ၾကံလည္း အေ႐ွ႕က ကာ၊အမွားလုပ္မိလည္း ၾကားဝင္ခံျဖင့္ ဘူန္းႀကီး႐ိုက္တာမၾကာခဏခံရသူက ထက္ေအာင္ေက်ာ္။ဒီအတြက္ ဘာေမ်ွာ္လင့္ခဲ့သလဲေမးရင္ မိုးအရိပ္ဆီက မထင္ရင္မထင္သလို ပ်စ္ပ်စ္ႏွစ္ႏွစ္ ဆဲလာတာေလးေလာက္သာ။ထိုထက္ပို၍ ဘာမွမေမ်ွာ္လင့္။
ျဖဴျဖဴသန္႔သန္႔ေလးနဲ႔ ႏုနယ္လြန္းသည့္ အရိပ္ကို ပတ္ဝန္းက်င္ေကာင္းမွာမိသားစုေကာင္းေကာင္းေလးနဲ႔ ျဖစ္ေစခ်င္ခဲ့သည္။သို႔ေသာ္လည္း သူ ပတ္သက္မိတာက အရြယ္ေရာက္ၿပီး စီးပြားေရးလုပ္ငန္း႐ွင္သူေဌးတစ္ေယာက္တဲ့ေလ။တားျမစ္ခ်င္တာေပါ့။မျဖစ္သင့္တာကို သိသိႀကီးနဲ႔ဟာ။ဒါေပမဲ့ အဲ့လူေၾကာင့္ မိုးအရိပ္ေကာင္းေကာင္းေနရတာေတြ၊ေက်ာင္းေကာင္းေကာင္းတက္ခြင့္ရမွာေတြ သိေနျပန္ေတာ့ ေျပာမဲ့စကားေတြ လက္ေလ်ွာ့လိုက္ရျပန္ေရာ။မိုးအရိပ္ကလည္း သူ႔ရည္မွန္းခ်က္ျပည့္တဲ့တစ္ေန႔ ဒီလူကို ျဖတ္မွာလို႔ တစ္ခ်ိန္လံုးကို ေႂကြးေၾကာ္ေနခဲ့တာကိုး။
ဒီလိုဆိုေပမဲ့ မိုးအရိပၠို သိမ္းပိုက္လိုစိတ္ေတြ မ႐ွိတာေတာ့တကယ္အမွန္။မိုးအရိပ္ကို ခ်စ္တဲ့အခ်စ္က ပိုင္ဆိုင္လိုစိတ္ တစ္ရာခိုင္ႏႈန္းေတာင္မ႐ွိဘဲ ကိုယ့္ဘက္ကခ်ည္းေပးဆပ္ခ်င္ခဲ့တာမ်ိဳးပါ။သူ ေပ်ာ္ေနရင္ကို ကိုယ္ေပ်ာ္ေနတာမ်ိဳး၊ၾကားဖူးတယ္မဟုတ္လား။ေႏွာင္ဖြဲ႔ျခင္းကင္းတဲ့ခ်စ္ျခင္းက ေအးခ်မ္းသတဲ့ေလ။
#
Unicode
ကိုကို့ ဓာတ်ပုံလေးကို မည်မျှကြာအောင် စိုက်ကြည့်နေမိသည်မသိ။မျက်ရည်တစ်စက်က လက်ဖမိုးပေါ် ပေါက်ခနဲ ပြုတ်ကျသွားမှ အသိဝင်မိသည်။ကိုကို့ကို ဘာလို့ သတိရေနမိလဲ အဖြေရှာမရ။ချစ်နေတာလား ဆိုရအောင်လည်း မချစ်လို့ဘဲ ပြောဆိုပြီးထွက်လာခဲ့တာမဟုတ်လား။ချမ်းသာပြည့်စုံတဲ့ဘဝမို့ သာယာနေတာ ဖြစ်မှာပါ။ကိုကိုက သူ့အပေါ် လိုတာမရှိအောင် ဖြည့်ဆည်းပေးခဲ့တာကိုး။ငွေကြေးမက်မောမှုကို အချစ်လို့ ခေါင်းစဉ်မတပ်ချင်တော့ပါဘူးလေ။အချိန်တန်ရင် ကိုယ့်လမ်းကိုယ့်လျှောက်ကြရမှာပဲ။
"မိုးအရိပ်....အခန်းထဲခွေမနေပါနဲ့ကွာ။ငါဒီနေ့ အလုပ်ပိတ်တယ်။အပြင် လိုက်ပို့ရမလား''
အနားလာကပ်ထိုင်ပြီး ခပ်တိုးတိုးပြောနေသည့် ထက်အောင်ကျော်ကို ခေါင်းသာ ခါပြလိုက်သည်။လူတွေကြားထဲလည်း မသွားချင်။ဘယ်သူ့ကိုမှလည်း မတွေ့ချင်။ခုချိန်မှာ တွေ့ချင်တာ ကိုကိုတစ်ယောက်သာ ရှိသည်။
"လာပါကြာ..ရေခဲမုန့်လိုက်ကျွေးမယ်"
"မစားချင်ပါဘူးကွာ''
"လာပါ...မိုးအရိပ်ရာ....ထ..ထ...လိမ္မာတယ်။ရေခဲမုန့် မဟုတ်လည်း တစ်ခုခုသွားစားကြမယ်''
အတင်းကာရော ဆွဲမနေတာမို့ ထက်အောင်ကျော်လက်ထဲ အရိပ်ခန္ဓာကိုယ်က စွေ့ခနဲ။အင်းလေ။အိမ်ထဲနေလည်း လူက ဟိုတွေးဒီတွေး။အပြင်လိုက်သွားတာမှ ကောင်းပေဦးမည်။ထက်အောင်ကျော်ဆွဲခေါ်ရာနောက် လိုက်လာရင်း သတိထားမိတော့ ကိုကိုနဲ့အရိပ် နေတဲ့ အိမ်နားရောက်နေတာပါလား..။
"ဟေ့ကောင်...ဘာလို့..ဒီကိုလာတာလဲ...''
"မင်း တွေ့ချင်နေတာ မဟုတ်လား။သွားလိုက်နော်။ငါ ဒီကစောင့်နေမယ်''
အိမ်နားရောက်နေပြီးမှတော့ လှည့်ပြန်ဖို့ရာ စိတ္က မစွမ်းနိုင်တော့။ပိုက်ဆံအိတ်ထဲမှ သော့အပိုကလည်း ကိုကို့ဆီပြန်မရောက်သေး။ခြံတံခါးကိုကြည့်လိုက်တော့အထဲကသော့ခတ်ထားတာမို့ အထဲမှာကိုကိုရှိနေတာ သေချာသည်။ကိုကို့ကိုတွေ့ရတော့မည်ဆိုသောစိတ်က သော့ဖွင့်နေသည့် လက်များကိုပင် တုန်ယင်နေစေ၏။အိမ်တံခါးဖွင့်ဖွင့်ချင်း အမှောင်ထုကဆီးကြိုသည်။
လုပ်ချင်တာတွေ လုပ်နေတော့တာပဲလား။နှစ်ပေါက်အောင်နေခဲ့ဖူးသည့်အိမ်မို့ ဘယ်နားဘာရှိလဲအလွတ်ရနေ၍ တော်သေးသည်။မီးလင်းသွားသည့်အခိုက် မြင်လိုက်ရသည့်မြင်ကွင်းက ရင်နာစရာအတိ၊၊ကိုကိုတစ်ယောက် အရိပ်ရဲ့အခန်းရှေ့မှာ တံခါးကိုမှီကာထိုင်ရင်း ဘေးမှာလည်း ဘယ်အချိန်ကတည်းကသောက်ထားမှန်းမသိသော ဘီယာဘူးခြံမ်ား။
"ကိုကို....ကိုကို....သတိထားပါဦးလေ..ကိုကို''
"အရိပ်..ကိုကို့ဆီလာတယ်။ဟက်..မင်း ငါ့ဆီလာစရာအကြောင်းမှ မရှိတာ။ဘာလဲ။ပိုက်ဆံရှာမရလ်ို့လား ဟုတ္လား''
ရီဝေဝေဖြင့် လေသံအပြောင်းအလဲမမှန်သော စကားတို့က ကိုကို့နှုတ်မှ အစီအရီ။အရက်တွေသောက်မိလို့ ဆေးရုံတက်ရတာတောင် တစ်ပတ်မပြည့်သေးသည့်အခြေအနေမှာ ခုလိုတွေ ထပ်မလုပ်သင့်ပေ။
"ထြက်သြား..မင်း...ငါ့အသားကိုမထိနဲ့။ငါ ..မင်းကိုရွံ့တယ်''
"ကျွန်တော် မှားပါတယ်ကိုကိုရယ်။ကိုကို မကျေနပ်ရင် ကျွန်တော့ကို ရိုက်ပါ။ခုလိုတွေ မလုပ်ပါနဲ့။ကိုကို့ကျန်းမာရေးအတွက် မကောင်းလို့ပါ''
ပြောနေသည့် ကြားမှ ဘေးမှ ဘီယာဘူးကို အမိအရယူရင်း ထပ်မော့နေပြန်သည်။
"တော်စမ်းပါကွာ။မင်းက ငါ့ကို ဘာအတွက် စိတ်လာပူပြနေရတာလဲ။မင်း..ဘဲအသစေ္ကငြမက်ဘူးလား ဟုတ္လား''
ကိုကို့စကားက ဘာကိုဆိုလိုမှန်းအရိပ်မသိ။ကိုကို့ကိုငွေကြောင့်ကပ်ခဲ့ပေမဲ့ ယောကျာ်းတိုင်းကို လိုက်ကပ်နေတာမျိုးမှ မဟုတ္တာပဲ၊
"ကိုကို အရမ်းမူးနေပြီ။တော်ရအောင်နော်၊ပေး..ဒီဘူးကြီး ကျွန်တော်သိမ်းလိုက်မယ်။ထပ်သောက်ရင် ဗိုက်ပြန်အောင့်လာလိမ့်မယ် ကိုကိုရ''
"သွားစမ်းကွာ။ငါ့ဘဝထဲထပ်ပြီး ဝင်မလာပါနဲ့တော့။သွားပါ။ငါတောင်းပန်ပါတယ်။ငါ့မျက်စိရှေ့က သွားပါတော့ မိုးအရိပ်ရောင်ရယ်''
တွန်းထိုးရင်းဖြင့် အရိပ္နဖူးက စားပွဲစောင်းဆီကိုခွပ်ခနဲပြေးဆောင့်သည်။နာသွားပေမဲ့ ကိုကို့ကိုလှည့်ကြည့်တော့ ဗိုက်ကိုနှိပ်လျက် ခွေခေါက်နေသည့်အခြေအနေမို့ ဆောင့်တွန်းနေသည့်ကြားမှ အနားကိုမရမက ပြန်ကပ်ရတော့၏။
"ကိုကို..ကိုကို ဗိုက်အောင့်တာလား ။ခေဏလး ခဏလေး။ကျွန်တော် ဆေးသွားယူပေးမယ်''
အစာအိမ်နဲ့ပတ်သက်ပြီး ဆေးအမြဲမှီဝဲရသောကိုကို့အတွက် ဘယ်အခြေအနေမှာဘယ်ဆေးဆိုတာကိုလည်း အရိပ္မမွတၳား၍ မရ။ဆေးလုံးအချိူ့ကို ရေတစ်ခွက်နှင့်အတူ ကိုကို့နူတ်ခမ်းဝတေ့ပေးပြီး...
"ကိုကို...ကျွန်တော့ကိုတွဲလိုက်နော်။အခန်းထဲ ပြန်လှဲရအောင်နော်.''
ကိုကို့လက်မောင်းအောက် ခေါင်းကို လျိုဝင်လိုက်ပြီးနောက် ကိုကို့ခန္ဓာကိုယ်ကို အသေအချာထိန်းရင်း ကုတင်ပေါ်တွဲပို့ရသည်။သေသပ်သန့်ရှင်းနေသောအိပ်ရာတစ်ခုကြောင့် ဒီအခန်းထဲကို ကိုကို ဝင်မအိပ်ထားတာ သေချာနေပြီ။
"အိပ်လိုက်နော်...ကျွန်တော် ဘေးမှာရှိမယ်''
ဘာမှပြန်မဖြေပေမဲ့ ငြိမ်သက်သွားသည့်အနေအထားကိုကြည့်ရင် ဗိုက်အောင့်တော့ သက်သာသွားပြီထင်ပါရဲ့။သိပ်ပြီးဆိုးဆိုးရွားရွားထပ်မဖြစ်တာမို့ တော်ပါသေး၏။ကိုကို အိပ်ပျော်သွားမှပဲ အခန်းအပြင်ကို တစ်ခါပြန်ထွက်လို့ ရှုပ်ထားသမျှအမှိုက်သရိုက်တွေရှင်းလင်းရမည်။အိမ်ရှေ့ကြမ်းပြင်တစ်ခုလုံး စီးကရက်အတိုတွေ၊ဘီယာဘူးခွံတွေက ဟိုဟိုဒီဒီ ကြဲပြန့်နေတာမှ မြင်မကောင်း။အရိပ်အတွက်နဲ့ မလုပ်ဖူးတာတွေအကုန်လုပ်ပြီး ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပါလား၊
အရိပ်မသွားခင်က အခန်းကိုသေချာရှင်းလင်းခဲ့တာမို့ ခုလိုစောင်တွေခေါင်းအုံးတွေဖရိုဖရဲဖြစ်နေခြင်းက ကိုကို့ကြောင့်သာဖြစ်လိမ့်မည်။စောင်တွေခေါက်၊အိပ်ရာခါရင်း အရိပ်ပုံတွေ ထွက်ကျလာပြန်တော့ ကိုကို့ကို ဒုက္ခပေးမိလေခြင်းဆိုသောစိတ်ဖြင့် ဝမ်းနည်းရပြန်သည်။ကိုကို့အတွက် အရိပ်ဘယ်လိုလုပ်ပေးရမလဲ။ပုံမှန်မဟုတ်တဲ့ အိမ်ထောင်ရေးတစ်ခုထဲကို ခြေစုံပစ်ဝင်လိုက်ရမလား၊ဒါကရော ကိုကို့အတွက် ဆုံးဖြတ်တာလား။သို့တည်းမဟုတ်..အရိပ်ကိုယ်တိုင်က ကိုကို့ကိုလိုအပ်နေခြင်းလားဆိုတာတော့ အမှန်တကယ်ကိုဝေခွဲလို့မရချေ။
#
ကိုယ့်အပေါ်မကောင်းတာသိသိကြီးနဲ့တောင် စိတ်အာရုံထဲ ဖျောက်မရသည့်အခြေအနေက တော်တော်ဆိုးသည်။မူးအောင် ဘီယာသောက်တော့လည်း အရိပ္ကိုပဲ မြင်ယောင်နေပြီး အိမ်မက်ထဲအထိကိုအရိပ်ကပါသည်။ပစ်ပစ်ခါခါတွေပြောပြီးနှင်နေတာကို အနားကမခွာဘဲပေကပ်နေတာတဲ့လေ။အရိပ်တကယ်များ ရောက်လာသလားဆိုသည့်မျှော်လင့်ချက်ဖြင့် တစ်ဖက်အခန်းကို အပြေးသွားကြည့်မိသေး၏။
အရိပ်အယောင်ဘာဆိုဘာမှမမြင်ဘဲ အခန်းကသေသပ်ရှင်းလင်းလျက်။ထိုသို့ဆိုမှ အိမ်ရှေ့အခန်းမှာ တည်တံ့ပွစာကြဲထားသည့် အမှိုက်သရိုက်တွေလည်း မရှိတော့တာပါလား။အရိပ်လာတာမဟုတ်ဘူး ဆိုရင် ဒါတွေ......။
"အကို....''
လက်ထဲမှာ အထုပ်အထည်တွေအပြည့်နဲ့ ကောင်းထက်က အိမ်ရှေ့တံခါးကနေ တည်တံ့ကိုလှမ်းခေါ်ရင်း စပ်ဖြဲဖြဲအမူအရာဖြင့်ဝင်လာလေသည်။အမြဲလိုလိုမျက်နှာပြောင်စပ်နေပြီး အသစ်ခန့်ထားတာ မကြာသေးသော စာရေးပေါက်စ။
"ခုနကတည်းက ရောက်နေတာ။အကို အိပ်နေတာနဲ့ ကျွန်တော် စားစရာတွေ သြားဝယ္တာ''
"မင်း...ဘယ်လိုဝင်လာတာလဲ''
အိမ်သော့က အရိပ်နဲ့ တည်တံ့ဆီမှာသာ ရှိနေတာမို့ ဒီမေးခွန်းကို မေးရခြင်းဖြစ်သည်။
"တံခါးက ပွင့်နေတာ အကိုရ...ဒါကြောင့်''
ဒီလောက်တောင် သတိလက်လွတ်နေမိတာများ ကိုယ့်ကိုယ်ကိုယ် အံ့သြမဆုံးပေ။အရိပ်အတွက်နဲ့ ခေါင်းထဲဘာမှကိုမရှိတော့တဲ့အထိပါလား။
"မင်းကို..အာကာလွှတ်လိုက်တာမဟုတ်လား။လာလက်စနဲ့ အကုန်ပြန်ယူသွား။ငါ တစ်ခါတည်း လက်မှတ်ထိုးပေးလ်ိုက်မယ်''
ကောင်းထက်က အလုပ်ဝင်ခါစဖြစ်တဲ့အပြင်ကိုငယ်ကလည်းငယ်တော့ ခိုင်းကောင်းတယ်၊ဖင်ပေါ့တယ်နဲ့ စာရေးကနေ ပြာတာဖြစ်လို့ဖြစ်မှန်းမသိ။တကယ်လည်း ဘာခိုင်းခိုင်း မျက်နှာတစ်ချက်ပဲ လုပ်ရှာပါသည်။ခုပဲကြည့်လေ။လာရင်းနဲ့ အိမ်ထဲရှုပ်ပွနေတာတွေကို မနေနိူင်မထိုင်နိုင် ရှင်းသွားပေးတယ်မဟုတ်လား။စာရွက်စာတမ်းတွေ ပြန်စီပေးပြီး မုန့်ဖိုးတစ်ထပ်ပါထုတ်ပေးတော့...
"ဟီး....မုန့်ဖိုးတွေ အများကြီး ပေးတယ်။ကျေးဇူးနော် အကို။နောက်ရက်လည်း ထပ်လာခဲ့ဦးမယ်''
ခိုင်းလို့ရသလောက် မုန့်ဖိုးကတော့အသေမက်သည့်ကောင်။ဘယ်လောက်ပေးပေး ရသမျှအကုန်ယူသည်၊တစ်ခါတရံဆို ဘယ်သူကဘယ်လောက်ပေးတာတောင် ကြေးကတိုက်လိုက်သေး၏၊
"Ok...ok...မင်းလိမ္မာရင်မင်းအတွက်ပဲ။သွား။ကောင်းကောင်းပြန်ဦး''
"ဟုတ်..အကို...တာ့တာ.''
ကလေးလိုလိုခွေးလိုလို ကောင်းထက်တစ်ယောက် အပြင်ရောက်တာတောင်လက်ပြလို့မဆုံးသေး။မုန့်ဖိုးများများပေးသည့်မျက်နှာအတော်ကြီး၏။ပိုက်ဆံ..ပိုက်ဆံ။အရာတိုင်းကို ဒင်းကအတော်လေးခြယ်လှယ်နိူင်တာကိုး။
"အရိပ်....''
ခြံတံခါးဆင်းပိတ်ရင်း ရုတ်တရက်မြင်လိုက်ရသည့်ကျောပြင်သေးသေး။ဒါအရိပ်ဆိုတာ မှားစရာမရှိ။သို့ပေမဲ့ တည်တံ့မျက်လုံးတွေအကြည့်မှားပုံပါ။မြင်လိုက်ရတဲ့နေရာမှာ အရိပ်မှရှိမနေပဲလေ။ဒီနေရာကို အရိပေ္ကရာ လာမြာတဲ့လား။
"အား....မုန်းပစ်လိုက်ပါတော့ တည်တံ့ရာ''
#
အပင်ကို ကျောမှီထားရင်း လက်ထဲမှ ဆင့်ချိုင့်လေးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။ကိုကို့အိမ်ထဲကနေ ကောင်လေးတစ်ယောက် ထွက်လာပြီး ပိုက်ဆံတွေလည်း အထပ်လိုက်ကိုင်ထားသလို လိမ္မာရင်မင်းအတွက်ပဲဆိုသည့်ကိုကို့စကား။အရိပ် ဘာတွေကို မြင်တွေ့ခဲ့ရတာလဲ။ခုနကအထိ အရိပ်ကိုတမ်းတနေတဲ့ကိုကိုက ခုကျတော့ တခြားတစ်ယောက်ကို မြန်မြန်ဆန်ဆန်ပဲ အစားထိုးလိုက်နိုင်ပြီတဲ့လား။
ဗိုက်အောင့်နေတဲ့ ကိုကို့အတွက် ဆန်ပြုတ်တစ်ချိူင့်စာပြန်ပြေးပြုတ်ရုံအချိန်ခဏလေးအတွင်းမှာ ဘာတွေဖြစ်သွားခဲ့တာလဲ။ကိုကို ပြုံးနေတာကို အရိပ်သဘောမကျတာမျိူးမဟုတ်ပေမဲ့ အရိပ်မဟုတ်တဲ့တခြားကောင်လေးအရှေ့မှာလေ။ဝမ်းနည်းစိတ်ကြောင့် ကျဆင်းလာသည့်မျက်ရည်တွေကိုလည်း မသုတ်ဖယ်နိူင်တော့ပေ။လမ်းတစ်လျှောက်သွားလာရင်း အရိပ္ကို ငဲ့ကြည့်သွားကြပေမဲ့ ရှက်နေဖို့လောက်ထိ ဂရုမစိုက်နိုင်။
ကိုယ်ရွေးတဲ့လမ်းကို ကိုယ်လျှောက်ရတာပဲ မိုးအရိပ်ရောင်ရယ်..ဘာလို့ဝမ်းနည်းနေရသေးတာလဲ။
#
"ဘာဖြစ်လာတာလဲ..ဟမ်..မိုးအရိပ်။ဘာဖြစ်လာတာလဲလို့၊ဟာ..ဆန်ပြုတ်ချိုင့်ကအပူကြီးလေ ပေးစမ်းငါ့က်ိုပေးစမ်း။မင်းရင်ဘက်တွေ လောင်ကုန်ပြီလေ။မင်းရူးနေတာလား''
အဖြေပြန်မလာသူကို မေးနေရတာ အတော်မောသည်။စောနကအထိ ကိုတည်တံ့အတွက်ဆန်ပြုတ်ပြုတ်ပြီး တက်ကြွနေခဲ့တဲ့ကောင်က ချက်ချင်းကို ငိုကြီးချက်မဖြစ်လာသည်။ပူလောင်နေသည့်ဆန်ပြုတ်ချိုင့်ကိုလည်း ရင်ဝယ်ပိုက်ထားများ မပူသည့်အတိုင်း။
"ဘာဖြစ်လာတာလဲ...မိုးအရိပ်ရာ။ပြစမ်း မင်းရင်ဘက်။ဟာ မင်းရူးနေတာလား။တကယ်ရူးသွားပြီလား။ဒီဆန်ပြုတ်ချိုင့်ကို သေမလို့ပိုက်ထားတာလားကွ''
ဘာပြောပြောတစ်ခွန်းမှ ပြန်မပြောပါပဲ တတွတ်တွတ်ဆူနေသည့်ထက်အောင်ကျော် ရင်ခွင်ထဲသာအတင်းတိုးလို့ ရှိုက်ကြီးတငင် ငိုနေပြန်တော့သည်။မိုးအရိပ်တစ်ယောက်နဲ့တော့ ခက်နေချေပြီ။
"ဘာဖြစ်လာတာလဲ ပြော၊မင်း မပြောရင် ငါအဲ့လူကိုသွားသတ်မှာနော် မလုပ်ဖူးမထင်နဲ့နော် မိုးအရိပ်''
ဒေါသစိတ်ဖြင့် အော်မိလေ၊အရိပ်ရဲ့ရှိုက်သံကပိုပြင်းလာလေပင်။ဒီကောင့်ရင်က ဘာသားနဲ့ထုထားတာမို့ ဒီလောက်ထိ နှိပ်စက်ချင်နေရတာလဲ။ငယ်ငယ်ကတည်းက မငိုတတ်မှန်းသိသိရဲ့နဲ့တောင် မျက်ရည်မကျအောင် ထားခဲ့ရတာလေ။ငိုရင်းဖြင့် အသံကတဖြည်းဖြည်းတိုးသွားတာမို့ ငုံ့ကြည့်တော့ ပါးစပ်ဟောင်းလောင်းလေးဟလျက် အိပ်ပျော်သွားခဲ့လေပြီ။ဟိူလူဆေးရုံတက်ရကတည်းက သေချာမအိပ်ခဲ့သည့် ညပိုင်းများစွာက ခုတော့မဟန်နိုင်တော့ဘူးထင်ပါရဲ့။
အိပ်ရာပေါ်အသာလေး မ ရွေ့ပေးပြီး ခေါင်းရင်းဘက်ကထောင်ထားသည့်ဓာတ်ပုံကိုပါ မှောက်ချပစ်လိုက်သည်။သူ့ကိုချစ်လွန်းလို့ သူချစ်တဲ့သူကို ကြည်ဖြူပေးခဲ့ပေမဲ့ မျက်ရည်ကျရတာခဏခဏဆိုတော့လည်း မျက်လုံးထဲမမြင်ချင်တော့ပေ၊မိုးအရိပ်ကလွန်ခဲ့တာတွေလည်း အများကြီးရှိပေမဲ့ လူဆိုတာ လိပ်မျိုးပဲမဟုတ်လား။ကိုယ့်အသားထိမှ နာတတ်ကြတာမျိုးလေ။သူဌေးအိမ်မှာနေလာရသည့် မိုးအရိပ်အတွက် ကြမ်းပြင်ပေါ်မသိပ်ရက်လို့ လစာမရှိမဲ့ရှိမဲ့ကြားကနေအရစ်ကျနဲ့ဝယ်ပေးခဲ့သည့်မွေ့ယာလေး။ကိုယ်ကတော့ ကြမ်းပြင်ပေါ် ဖျာချောတစ်ချပ်ရှိရုံဖြင့် လုံလောက်သည်ထက်ပိုနေလေပြီ၊သူ့ကိုတော့ဖြင့် ထိုသို့မထားရက်။
မိုးအရိပ်ကိုလေ ဟိုးကလေးဘဝကတည်းက ချစ်ခဲ့ရ၏။ဘယ်လိုအချစ်ကစခဲ့သလဲ မသေချာပေမဲ့ ခုချိန်ထိမိုးအရိပ်တစ်ယောက်သာ ရင်ထဲရှိသည်။မိဘမဲ့တွေထားတဲ့ဘုန်းကြီးကျောင်းမှာအတူကြီးပြင်းခဲ့ပြီး ညီအကိုအရင်းအခြာလိုကို စောင့်ရှောက်ပေးခဲ့ရသူ။ဘုန်းကြီးဆူမယ်ရိုက်မယ်ကြံလည်း အရှေ့က ကာ၊အမှားလုပ်မိလည်း ကြားဝင်ခံဖြင့် ဘူန်းကြီးရိုက်တာမကြာခဏခံရသူက ထက်အောင်ကျော်။ဒီအတွက် ဘာမျှော်လင့်ခဲ့သလဲမေးရင် မိုးအရိပ္ဆီက မထင်ရင်မထင်သလို ပျစ်ပျစ်နှစ်နှစ် ဆဲလာတာလေးလောက်သာ။ထိုထက်ပို၍ ဘာမှမမျှော်လင့်။
ဖြူဖြူသန့်သန့်လေးနဲ့ နုနယ်လွန်းသည့် အရိပ္ကို ပတ်ဝန်းကျင်ကောင်းမှာမိသားစုကောင်းကောင်းလေးနဲ့ ဖြစ်စေချင်ခဲ့သည်။သို့သော်လည်း သူ ပတ်သက်မိတာက အရွယ်ရောက်ပြီး စီးပွားရေးလုပ်ငန်းရှင်သူဌေးတစ်ယောက်တဲ့လေ။တားမြစ်ချင်တာပေါ့။မဖြစ်သင့်တာကို သိသိကြီးနဲ့ဟာ။ဒါပေမဲ့ အဲ့လူကြောင့် မိုးအရိပ်ကောင်းကောင်းနေရတာတွေ၊ကျောင်းကောင်းကောင်းတက်ခွင့်ရမှာတွေ သိနေပြန်တော့ ပြောမဲ့စကားတွေ လက်လျှော့လိုက်ရပြန်ရော။မိုးအရိပ်ကလည်း သူ့ရည်မှန်းချက်ပြည့်တဲ့တစ်နေ့ ဒီလူကို ဖြတ်မှာလို့ တစ်ချိန်လုံးကို ကြွေးကြော်နေခဲ့တာကိုး။
ဒီလိုဆိုပေမဲ့ မိုးအရိပ္ကို သိမ်းပိုက်လိုစိတ်တွေ မရှိတာတော့တကယ်အမှန်။မိုးအရိပ်ကို ချစ်တဲ့အချစ်က ပိုင်ဆိုင်လိုစိတ် တစ်ရာခိုင်နှုန်းတောင်မရှိဘဲ ကိုယ့်ဘက်ကချည်းပေးဆပ်ချင်ခဲ့တာမျိုးပါ။သူ ပျော်နေရင်ကို ကိုယ်ပျော်နေတာမျိုး၊ကြားဖူးတယ်မဟုတ်လား။နှောင်ဖွဲ့ခြင်းကင်းတဲ့ချစ်ခြင်းက အေးချမ်းသတဲ့လေ။
#