Zawgyi
ဆန္ျပဳတ္တိုက္တိုင္း ျငင္းဆန္ေနသည့္ တည္တံ႔က မိုးအရိပ္ လာပို႔သည့္ ဆန္ျပဳတ္အရည္က်ဲကိုေတာ့ တစ္ဇြန္းၿပီးတစ္ဇြန္း ခပ္ေသာက္ေနေလသည္။
"ဘယၠရတာလဲ''
"ဝယ္တာေပါ့ကြ ဘယၠရမလဲ''
မယံုသလိုလို စိုက္ၾကည့္ေနသည့္ မ်က္လံုးမ်ားကို လြဲဖယ္ၿပီးသာ ေနပစ္လိုက္ေတာ့သည္၊။မိုးအရိပ္ေရာင္ လာပို႔ေၾကာင္း ေျပာလို႔မွ မ်ဖစၱာ။ဘာပဲ ျဖစ္ျဖစ္ ဆန္ျပဳတ္တစ္ခ်ိဳင့္က တစ္ဝက္က်ိဳးသြားတာမို႔ ေတာ္ေသး၏။
"ငါ...ေဆးရံုဆင္းခ်င္ၿပီကြာ။မမနနၵာကို သြားေျပာေပးေတာ့"
"ေအးပါ....ခဏနားေနလိုက္ဦး။မမနႏၵာလူနာၾကည့္ေနတယ္ ခုခ်ိန္ဆို."
ေခါင္းသာတစ္ခ်က္ညိတ္ျပၿပီး ကုတင္ကို မွီအိပ္ေနသည့္ တည္တံ႔ပံုစံက ေလာကႀကီးကို လံုးဝအ႐ွံုးေပးထားသည့္ဟန္။အိမ္ျပန္ရင္ မိုးအရိပၠို သတိရၿပီး ေတာင္ေတြးေျမာက္ေတြးလုပ္ေနဦးမွာမို႔ ေဆးရံုမွာ တမင္ေနေစခဲ့ေပမဲ့ ေနတာၾကာေတာ့လည္း ပ်င္းေနပံုရပါရဲ႕။မမနားခ်ိန္က်ရင္ေတာ့ ေဆးရံုဆင္းဖို႔ သြားလုပ္ရေပဦးမည္၊
"မမ..''
"အင္း...အာကာ လာေလ''
လူအမ်ားေ႐ွ႕မွာဆို အာကာဟူေသာ အမည္နာမကိုသာ သံုးႏႈန္းတတ္သည့္ မမက အာကာနဲ႔ ၅ႏွစ္ကြာၿပီး လူေကာင္ေသးသူမို႔ အသက္ႀကီးေၾကာင္းလည္း သိပ္မသိသာေပ။
"တည္တံံ႔ေလး ဘယ္လိုေနလဲ''
မမ ရဲ႕မိဘေတြက ငယ္စဥ္ကတည္းကဆံုးပါးသြားၿပီး တည္တံ႔ဖိုးဖိုးရဲ႕ေစာင့္ေ႐ွာက္မႈျဖင့္ ဆရာဝန္ျဖစ္လာရသူ။တည္တံ႔ကိုလည္း ေမာင္အရင္းလိုကို ခ်စ္ခင္တြယ္တာ႐ွာ၏။ဒါေၾကာင့္ပဲ ငယ္စဥ္ကတည္းက တည္တံ႔ကို ျပဳစုေစာင့္ေ႐ွာက္ေပးၿပီး ၃ေယာက္အတူတူ ႀကီးျပင္းလာၾကရသည္။တည္တံ႔ကေတာ့ ဖခင္ရဲ႕ရက္ရက္စက္စက္ေသဆံုးမႈကို ကေလးအရြယ္နဲ႔မလိုက္ေအာင္ မ်က္ဝါးထင္ထင္ျမင္ေတြ႔လိုက္ရေတာ့ မမထက္ေတာင္ အေၾကာင္းဆိုးသည္ေျပာရမလားပဲ။
"ဟိတ္...မမ ေမးေနတာကိုမေျဖဘဲ ဘာေတြေတြး''
"တည္တံ႔အေဖဆံုးတုန္းက အေၾကာင္းပါ မမရာ''
မမရဲ႕မ်က္ႏွာက ႐ုတ္ျခည္းဆိုသလို ျဖဴေလ်ာ္သြားၿပီး ကိုင္ထားသည့္ေဘာပင္ေလးပင္ မသိမသာတုန္ခါေနသည္။လက္ျပန္ႀကိဳးခ်ည္ထားသည့္ တည္တံ႔အေဖရဲ႕ သက္မဲ့အေလာင္းကို ျမင္စဥ္က မမသည္ဆယ္ႏွစ္သမီးအရြယ္သာ ႐ွိေသး၏။ထိုျမင္ကြင္းကို မမတင္မက အာကာနဲ႔တည္တံ႔လည္း ဘယ္ေသာအခါမွမေမ့ခဲေပ။
"မေမလ ခုေတြးရင္ ခုတည္တံ႔ကို ခုသနားတယ္။မမေတာင္ ေသမေလာက္ေၾကာက္ခဲ့တာ တည္တံ႔ေလးခမ်ာ ဘယ္ေလာက္စိတ္ထိခိုက္ခဲ့႐ွာမလဲ''
မေၾကာက္တတ္ပါဘူးဆိုတဲ့ အာကာေတာင္ ထိုျမင္ကြင္းအတြက္ တုန္လႈပ္ခဲ့ေသးတာမို႔ တည္တံ႔အတြက္ ဆိုဖြယ္ရာမ႐ွိ။ျမင္ျမင္ခ်င္း မ်က္လံုးအျပဴးသားနဲ႔ မလႈပ္မယွက္ေပရပ္ေနလို႔ အာကာနဲ႔မမ အတင္း လႈပ္ခါခဲ့ရတာ မွတ္မွတ္ရရပဲေလ။
"သူေကလ သူ႔အေဖကို သိပ္ခ်စ္တာ။သူ႔အေဖ ဆံုးၿပီး ေအမကပါ ထပ္ဆံုးေတာ့ တည္တံ႔ခမ်ာ အရြယ္နဲ႔မလိုက္ေအာင္ကို ျဖစ္ရေရာေလ''
အာကာ့စကားကို ေထာက္ခံသည့္သေဘာျဖင့္ မမကေခါင္းညိတ္ျပေလသည္။
"တည္တံ႔က တကယ္သနားဖို႔ေကာင္းတာ။ဖိုးဖိုးကလည္း မိန္းမ႐ႈပ္တာကလြဲၿပီး တည္တံ႔ကိုေတာ့ ၾကင္နာေပးရေကာင္းမွန္းမသိခဲ့ဘူးေလ''
ဖိုးဖိုးက မိန္းမေပြ႐ႈပ္ေပမဲ့ ဖြားဖြားကလြဲၿပီး ဘယ္မိန္းမကိုမွ အိမ္ဦးခန္းမတင္။ဖြားဖြားကေမြးတဲ့ တည္တံ႔အေဖကလည္း လုပ္ၾကံခံလိုက္ရေတာ့ တစ္ဦးတည္းေသာ မ်ိဳးဆက္ျဖစ္သည့္ တည္တံ႔ကို စီးပြားေရးေလာကထဲအတင္းကို သြက္သြင္းေတာ့၏။ဂ႐ုစိုက္ေပးသလားဆိုေတာ့လည္း လံုးဝဥႆံုပင္။တည္တံ႔အတြက္ ရင္းႏွီးတာဆိုလို႔ မမႏွင့္အာကာသာ႐ွိသည္။ဒီလိုနဲ႔ပဲ အထီးက်န္စြာႀကီးျပင္းလာရသည့္တည္တံ႔အဖို႔ မိုးအရိပ္ေရာင္ကိုေတြ႔ခ်ိန္၌ အသက္မကကို တြယ္တာသြားခဲ့ၿပီး ယခုလိုျပသနာေတြ ျဖစ္လာရျခင္းသာ။
"ဟိုကေလးနဲ႔ကေရာ''
"ျပန္လာေပးလိုက္ပါလားလို႔ ေတာင္းဆိုေပမဲ့ မလာခ်င္ဘူးတဲ႔။သူက ပံုမွန္မိသားစုဘဝတစ္ခုကိုပဲ တည္ေထာင္ခ်င္တာတဲ့''
"အင္းေလ...တည္တံ႔ကိုလည္း အဲ့လိုပဲ ျဖစ္ေစခ်င္တာပါ''
မေမရာ အာကာပါ မတိုင္ပင္ထားပဲ သက္ျပင္းၿပိဳင္တူခ်လိုက္မိ၏။စိတ္ဒဏ္ရာ႐ိွၿပီးသား တည္တံ႔အတြက္ အေကာင္းဆံုးေတြသာ ဖန္တီးေပးခ်င္သည္။
#
အိမ္ျပန္ေရာက္ၿပီးေတာ့လည္း လူကပ်င္းတြဲတြဲ။အိမ္အကူေတြနဲ႔ တည္တံ႔သာ ႐ွိေသာဒီအိမ္က အလြန္ပင္ေျခာက္ကပ္၏။ဖိုးဖိုးကလည္း သီးသန္႔ေနတာမွ ႏွစ္ၿခိဳက္သူဆိုေတာ့ ေျပးၾကည့္မွေျမးအဖိုးႏွစ္ေယာက္တည္းေတာင္ တစ္အိမ္စီ ေနၾကသည့္ဘဝ။ဒါလည္း တစ္မ်ိဳးေကာင္းတာပါပဲ။မဟုတ္ရင္ ဖိုးဖိုး႐ႈပ္ေပြသမ်ွ မျမင္ခ်င္ဘဲ ျမင္ေနရဦးမည္။
အရိပၠို ေတြ႔ခ်င္စိတ္ကလည္း ရင္ထဲအျပည့္ဆိုေတာ့ လူမေတြ႔ရသည့္တိုင္ အေငြ႔အသက္ေလးေတာ့ရလိုရျငား အရိပ္ႏွင့္အတူေနသည့္အိမ္ဘက္သို႔ ေျခလွမ္းျပင္လိုက္သည္။တစ္အိမ္တည္းအတူေနေပမဲ့ အရိပၠို သီးသန္႔တစ္ခန္းေပးခဲ့ၿပီး အသက္မျပည့္ေသးသည့္ထိုေကာင္ေလးအတြက္ စည္းမွန္သမ်ွ ေစာင့္ထိန္းခဲ့သည္။
ဦးစြာတြန္းဖြင့္မိသည့္အရိပ္ရဲ႕အခန္းေလးက အရိပ္႐ွိစဥ္ကအတိုင္း သန္႔႐ွင္းသပ္ရပ္ေနဆဲ။ပစၥည္းအထားအသိုကအစ ဘာမွေျပာင္းလဲမေန၊ေနပါဦး..အရိပၠ တည္တံ႔ဝယ္ေပးထားသမ်ွ တစ္ခုေတာင္ မယူသြားပါလား။ကြန္ပ်ဴတာကလည္း အဖံုးအုပ္ရက္သား၊အဝတ္ဗီ႐ိုထဲလည္း ေလးငါးစံုအျပင္ ေလ်ာ့ေနတာမ်ိဳးမ႐ွိ။
ေမြ႔ယာထက္က အျဖဴေဖြးေဖြးေခါင္းအံုးေလးေပၚ လွဲခ်မိေတာ့ အရိပ္သံုးေနက် ေခါင္းေလ်ွာ္ရည္အနံ႔သင္းသင္းက တည္တံ႔ႏွာေခါင္းဝထဲ တိုးေဝွ့ဝင္ေရာက္လာေလသည္။ပိုက္ဆံေၾကာင့္ခ်ဥ္းကပ္ခဲ့ပါတယ္ဆိုၿပီး ခုက္ ဒီစည္းစိမ္ေတြကို ဘာေၾကာင့္စြန္႔ပစ္ခဲ့ရတာလဲ နားကိုမလည္ေပ။တည္တံ႔ေလ အရိပ္ကိုအမွန္တကယ္ကိုခ်စ္ခဲ့မိတာပါ။ေဖေဖ ၿပီးရင္ တည္တံ႔အခ်စ္ဆံုးေယာက်ာ္းက အရိပ္သာျဖစ္၏။
နံရံထကၠ အရိပ္ႏွင့္အတူ႐ိုက္ထားေသာ ဓာတ္ပံုကိုၾကည့္ရင္း ေတြ႔ခ်င္စိတ္ကထိန္းမရေတာ့။အရင္ေနတဲ့အေဆာင္မွာပဲ အရိပ္႐ွိေနႏိုင္သည္။အရိပ္ႀကိဳက္တတ္သမ်ွ စားစရာေတြဝယ္ျခမ္းၿပီး အေျပးကိုလွမ္းလာမိကာမွ လမ္းျပင္ေနသည္ဆိုေသာဆိုင္းဘုတ္ကအခန္႔သား။ကားကိုေဘးခ်ရပ္ခဲ့ၿပီး ထိုအေဆာင္ေရာက္သည္အထိ ေျခက်င္ေလ်ွာက္ရေတာ့သည္။မြန္းတည့္ေနျဖစ္ေနတာေတာင္ အရိပ္နဲ႔ေတြ႔ရဖို႔ဆိုေသာစိတ္ေၾကာင့္ တည္တံံ႔မွာ ပူရေကာင္းမွန္းမသိ။
အေဆာင္ေ႐ွ႕ေရာက္ေတာ့ အရိပ္ေနသည့္အခန္းက တံခါးဟရက္သား။ႏွစ္ေယာက္သားကေက်ာေပးထိုင္ေနၿပီး တည္တံ႔လာတာကို မျမင္။ပံုမွန္ထက္ ပိုေသးသြားသည့္ေက်ာျပင္ေလးကိုၾကည့္ရင္း အရိပ္လည္း တည္တံ႔ကိုလြမ္းေနတာမ်ားလားလို႔ ကိုယ္လိုရာဆြဲေတြးမိေသး၏။ျဖစ္ခ်င္တာျဖစ္။ဒီတစ္ခါေတာ့ မရရေအာင္ ေခ်ာ့ေမာ့ျပန္ေခၚရမည္။
"မင္း႐ုပ္ကကြာ။လဒ မိုင္းမွန္ထားတာ က်ေနတာပဲ။ဘာလဲ...သံုးစရာျပတ္ေနလို႔လား။အလုပ္မရခင္စပ္ၾကား ဘဲတစ္ေပြေလာက္ ထပ္႐ွာေပးရမလား မင္းအတြက္...ဟဟ''
အရိပ္အတြက္မ်ား ဘဲ႐ွာေပးဦးမတဲ့။အရိပ္ အသံုးလိုမွေတာ့ တည္တံ့ံတစ္ေယာက္လံုး႐ွိေနတာကို ဒီေကာင္ဘာေတြေျပာေနရတာလဲ။ထၿပီး ဆြဲထိုးပစ္လိုက္ဖို႔ ေမ်ွာ္လင့္မိေပမဲ့ ၾကားလိုက္ရသည့္ အရိပ္စကားေၾကာင့္ တည္တံ႔တစ္ကိုယ္လံုး ေတာင့္တင္းသြားရေတာ့သည္။
"Okေလ...မင္းဘဲႀကီးက ေရဘယ္ေလာက္တတ္ႏိုင္လဲ ေမးလိုက္ ။ေရမ်ားေလ မိုးအရိပ္တို႔က ခ်စ္တတ္ေလပဲ တစ္ည ဘယ္ေလာက္ေပးမလဲ ေျပာ''
ဒါ...အရိပ္ေျပာတာလို႔ သူမ္ားက လာေျပာလ်ွင္ တည္တံ႔ ယံုမိမွာ မဟုတ္။အရိပ္က တကယ္ပဲ ေငြတစ္ခုအတြက္နဲ႔ သူ႔အနားကပ္ခဲ့တာလား။ေငြရမယ္ဆို ဘယ္သူနဲ႔အိပ္ရအိပ္ရဆိုတဲ့အေျခအေနမ်ိဳးလား။တည္တံံ႔မွာေတာ့ မထိရက္မတို႔ရက္တန္ဖိုးထားလိုက္ရတာ။တကယ္မေကာင္းတဲ့ေကာင္ပဲကြာ။တစ္ေယာက္ဆီက ခ်ဴလို႔ဝေတာ့ ေနာက္တစ္ေယာက္ဆီေျပာင္းၿပီး ခ်စ္ျပဦးမတဲ့။ေဒါသစိတ္ေၾကာင့္ဘာကိုမွမျမင္ဘဲ ျပန္လွည့္ေျပးမိတာ ကားေပၚဘယ္လိုေရာက္ၿပီး ဘယ္လိုေမာင္းထြက္လာမိမွန္းေတာင္ သတိမထားမိေတာ့ေပ။
"ငါ...မုန္းတယ္.. မင္းကိုမုန္းတယ္ မိုးအရိပ္ေရာင္"
#
မိုးအရိပၠို ၾကည့္ရတာ တစ္ေန႔တစ္ေန႔ မိႈင္ေတြေနၿပီး ဒီေရာက္ၿပီးေနာက္ပိုင္းမွ ပိုလို႔ေတာင္ ပိန္သြားေသးသည္။ဒီေန႔ေတာ့ နားရက္လည္းျဖစ္ေနေတာ့ သူ စားတတ္တာေလးေတြ စီမံေပးရင္း နည္းပါး ရယ္ျပံဳးေအာင္ လိုက္စေနာက္ေနမိ၏။
"မင္း႐ုပ္ကကြာ...လဒမိုင္းမွန္ထားတာ က်ေနတာပဲ။ဘာလဲ သံုးစရာျပတ္ေနလို႔လား။အလုပ္မရခင္စပ္ၾကား ဘဲတစ္ေပြေလာက္ ထပ္႐ွာေပးရမလား မင္းအတြက္...ဟဟ''
"Okေလ...မင္းဘဲႀကီးက ေရဘယ္ေလာက္တတ္ႏိုင္လဲ ေမးလိုက္။ ေရမ်ားေလ မိုးအရိပ္တို႔က ခ်စ္တတ္ေလပဲ။တစ္ည ဘယ္ေလာက္ေပးမလဲ ေျပာ''
ထက္ေအာင္ေက်ာ္က စသလို ေျပာလိုက္သည့္စကားကို မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ အတည္ေပါက္ျပန္ေျပာေနေလေတာ့ စမိသူပင္ ဘာဆက္ေျပာရမယ္မသိ၊မိုးအရိပ္က ဒီလိုလူမ်ိဳး မဟုတ္တာ သူအသိဆံုးပဲေလ။
"ဘာလဲကြ၊၊ငါကစတာကို မင္းက အတည္ႀကီးလား''
မိုးအရိပ္က မ်က္ေမွာင္ေတြ ၾကဳတ္ထားရာကေန ျပန္လည္ေျဖေလ်ာ့လိုက္ၿပီး..
"ငါ တကယ္ပဲေယာက်ာ္းတစ္ေယာက္ကို သေဘာက်မိသြားတာလားဟင္။သာမာန္မိသားစုဘဝကိုပဲလိုခ်င္ပါတယ္လို႔ အႀကိမ္ႀကိမ္ေတြးခဲ့ဖူးတဲ့ၾကားက ဒီေယာက်ာ္း အိပ္ရာေပၚလဲေနတာကိုျမင္ေတာ့ ဘာလို႔ ငါကနာက်င္ေနရတာလဲကြာ။ငါတကယ္ပဲ သူ႔ကိုခ်စ္မိသြားတာလားကြာ။ဟမ္..ေျပာပါ၊ငါဘယ္လိုလုပ္ရမလဲ။ဘယ္လိုလုပ္သင့္လဲလို႔''
ငယ္စဥ္ကတည္းက ေတာ္ရံုမ်က္ရည္မက်တတ္သည့္မိုးအရိပ္လိုေကာင္က ႐ိႈက္ႀကီးတငင္ငိုေႂကြးေနေလေတာ့ ထက္ေအာင္ေက်ာ္တစ္ေယာက္ ေျခမကိုင္မိလက္မကိုင္မိ။
"မင္း...ကိုတည္တံ႔ကို သတိေရနတာလား ဟုတ္လား''
"ငါ...သူ႔ကိုသတိရတယ္ ။သူ ေနမေကာင္းေနတာ ငါ့မွာေသမတတ္ပဲ နာက်င္ရတယ္။ငါသာမ႐ွိရင္ သူ႔ဘဝေလးက ပံုမွန္မိသားစုတစ္ခုကိုပိုင္ဆိုင္ရမွာကြ။ၿပီးေတာ့ သူ႔လို သူေဌးနဲ႔ငါ့လို ေရသန္႔ပို႔တဲ့ေကာင္က ဘာမ်ားဆီဆိုင္ေနလို႔လဲကြာ။''
"မင္းပဲ..သူ႔ကိုမခ်စ္ဘူးဆို''
"ဟုတ္တယ္..ငါမခ်စ္ဘူး။ငါေယာက်ာ္းေတြက္ို မခ်စ္ဘူး။ဒါေပမဲ့ သူ႔ကိုငါ သတိရေနတယ္။ေတြ႔ခ်င္ေနတယ္။ဘယ္လိုလုပ္ရမလဲ...ဟမ္...ငါဘယ္လိုလုပ္ရမလဲလို႔''
ေျပာရင္းနဲ႔ကို ႐ိႈက္ႀကီး တငင္ ငိုေႂကြးေနတာေၾကာင့္ အရိပ္ရဲ႕ ေခါင္းလံုးလံုးေလးကို ရင္ခြင္ထဲ မွီထည့္ထားမိသည္။အရိပ္ရဲ႕ မ်က္ရည္ေတြကို ျမင္ရတာ သူ႔အတြက္လည္း အလြန္ပင္ နာက်င္ရပါ၏။
"ေတာ္ၿပီ...မငိုနဲ့ေတာ့။မင္းလူႀကီးက မင္းကို စိတ္မကုန္ပါဘူး။ေနာက္ရက္က် မင္းသြားျပန္ေခၚလိုက္...ေနာ္"
ထက္ေအာင္ေက်ာ္စကားေၾကာင့္ မ်က္ရည္ေတြအျပည့္ မ်က္လံုးေလးက ေတာက္ပသြားသေယာင္။သို႔ေသာ္လည္း ခ်က္ခ်င္းပင္ ေခါင္းကိုခါယမ္းပစ္လိုက္ၿပီး..
"ဟင့္အင္း...မျဖစ္ပါဘူး။ငါ့လိုလူနဲ႔ ဆက္တြဲလို႔ ကိုကို႔အတြက္ ဘာေကာင္းက်ိဳးမွ မ႐ွိဘူးေလ။ငါက ကိုကို႔အတြက္ ဘာမွလုပ္မေပးႏိုင္ဘူး..."
"မဟုတ္ဘူး မိုးအရိပ္ မဟုတ္ဘူး။ကိုတည္တံ႔လိုအပ္တာ မင္းပဲေလ။မင္းမေပးႏိုင္တဲ့ အရာေတြ ကိုတည္တံ႔ဆီမွာ အျပည့္႐ွိတယ္။မင္းဘက္က ေမတၱာမွန္မွန္ေလး ေပးဖို႔ပဲ လိုတာပါ''
"ငါ..မသြားရဲေတာ့ဘူး....ငါ..ပစ္ပစ္ခါခါ ေျပာၿပီး ထြက္လာတာေလ..."
တင္းတင္းက်ပ္က်ပ္ ဖက္ထားေပးသည့္ရင္ခြင္ထဲမွ ႐ုန္းထြက္ၿပီး ဒူးေပၚေခါင္းေမွာက္လ်က္ ႐ိႈက္ငိုေနဆဲျဖစ္ေသာ မိုးအရိပ္ကို ထိုင္ၾကည့္ေနရံုသာ တတ္ႏိုင္ေတာ့သည္။ကိုယ့္စိတ္ကိုယ္ မဆန္းစစ္ဘဲ စိတ္ထင္ရာလုပ္သည့္အက်ိဳးေက်းဇူးေတြ ခံေပဦးေပါ့။
#
Unicode
ဆန်ပြုတ်တိုက်တိုင်း ငြင်းဆန်နေသည့် တည်တံ့က မိုးအရိပ် လာပို့သည့် ဆန်ပြုတ်အရည်ကျဲကိုတော့ တစ်ဇွန်းပြီးတစ်ဇွန်း ခပ်သောက်နေလေသည်။
"ဘယ္ကရတာလဲ''
"ဝယ်တာပေါ့ကွ ဘယ္ကရမလဲ''
မယုံသလိုလို စိုက်ကြည့်နေသည့် မျက်လုံးများကို လွဲဖယ်ပြီးသာ နေပစ်လိုက်တော့သည်၊။မိုးအရိပ်ရောင် လာပို့ကြောင်း ပြောလို့မှ မျဖစ္တာ။ဘာပဲ ဖြစ်ဖြစ် ဆန်ပြုတ်တစ်ချိုင့်က တစ်ဝက်ကျိုးသွားတာမို့ တော်သေး၏။
"ငါ...ဆေးရုံဆင်းချင်ပြီကွာ။မမနန္ဒာကို သွားပြောပေးတော့"
"အေးပါ....ခဏနားနေလိုက်ဦး။မမနန္ဒာလူနာကြည့်နေတယ် ခုချိန်ဆို."
ခေါင်းသာတစ်ချက်ညိတ်ပြပြီး ကုတင်ကို မှီအိပ်နေသည့် တည်တံ့ပုံစံက လောကကြီးကို လုံးဝအရှုံးပေးထားသည့်ဟန်။အိမ်ပြန်ရင် မိုးအရိပ္ကို သတိရပြီး တောင်တွေးမြောက်တွေးလုပ်နေဦးမှာမို့ ဆေးရုံမှာ တမင်နေစေခဲ့ပေမဲ့ နေတာကြာတော့လည်း ပျင်းနေပုံရပါရဲ့။မမနားချိန်ကျရင်တော့ ဆေးရုံဆင်းဖို့ သွားလုပ်ရပေဦးမည်၊
"မမ..''
"အင်း...အာကာ လာလေ''
လူအများရှေ့မှာဆို အာကာဟူသော အမည်နာမကိုသာ သုံးနှုန်းတတ်သည့် မမက အာကာနဲ့ ၅နှစ်ကွာပြီး လူကောင်သေးသူမို့ အသက်ကြီးကြောင်းလည်း သိပ်မသိသာပေ။
"တည်တံံ့လေး ဘယ်လိုနေလဲ''
မမ ရဲ့မိဘတွေက ငယ်စဉ်ကတည်းကဆုံးပါးသွားပြီး တည်တံ့ဖိုးဖိုးရဲ့စောင့်ရှောက်မှုဖြင့် ဆရာဝန်ဖြစ်လာရသူ။တည်တံ့ကိုလည်း မောင်အရင်းလိုကို ချစ်ခင်တွယ်တာရှာ၏။ဒါကြောင့်ပဲ ငယ်စဉ်ကတည်းက တည်တံ့ကို ပြုစုစောင့်ရှောက်ပေးပြီး ၃ယောက်အတူတူ ကြီးပြင်းလာကြရသည်။တည်တံ့ကတော့ ဖခင်ရဲ့ရက်ရက်စက်စက်သေဆုံးမှုကို ကလေးအရွယ်နဲ့မလိုက်အောင် မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတော့ မမထက်တောင် အကြောင်းဆိုးသည်ပြောရမလားပဲ။
"ဟိတ်...မမ မေးနေတာကိုမဖြေဘဲ ဘာတွေတွေး''
"တည်တံ့အဖေဆုံးတုန်းက အကြောင်းပါ မမရာ''
မမရဲ့မျက်နှာက ရုတ်ခြည်းဆိုသလို ဖြူလျော်သွားပြီး ကိုင်ထားသည့်ဘောပင်လေးပင် မသိမသာတုန်ခါနေသည်။လက်ပြန်ကြိုးချည်ထားသည့် တည်တံ့အဖေရဲ့ သက်မဲ့အလောင်းကို မြင်စဉ်က မမသည်ဆယ်နှစ်သမီးအရွယ်သာ ရှိသေး၏။ထိုမြင်ကွင်းကို မမတင်မက အာကာနဲ့တည်တံ့လည်း ဘယ်သောအခါမှမမေ့ခဲပေ။
"မေမလ ခုတွေးရင် ခုတည်တံ့ကို ခုသနားတယ်။မမတောင် သေမလောက်ကြောက်ခဲ့တာ တည်တံ့လေးခမျာ ဘယ်လောက်စိတ်ထိခိုက်ခဲ့ရှာမလဲ''
မကြောက်တတ်ပါဘူးဆိုတဲ့ အာကာတောင် ထိုမြင်ကွင်းအတွက် တုန်လှုပ်ခဲ့သေးတာမို့ တည်တံ့အတွက် ဆိုဖွယ်ရာမရှိ။မြင်မြင်ချင်း မျက်လုံးအပြူးသားနဲ့ မလှုပ်မယှက်ပေရပ်နေလို့ အာကာနဲ့မမ အတင်း လှုပ်ခါခဲ့ရတာ မှတ်မှတ်ရရပဲလေ။
"သူကေလ သူ့အဖေကို သိပ်ချစ်တာ။သူ့အဖေ ဆုံးပြီး အေမကပါ ထပ်ဆုံးတော့ တည်တံ့ခမျာ အရွယ်နဲ့မလိုက်အောင်ကို ဖြစ်ရရောလေ''
အာကာ့စကားကို ထောက်ခံသည့်သဘောဖြင့် မမကခေါင်းညိတ်ပြလေသည်။
"တည်တံ့က တကယ်သနားဖို့ကောင်းတာ။ဖိုးဖိုးကလည်း မိန်းမရှုပ်တာကလွဲပြီး တည်တံ့ကိုတော့ ကြင်နာပေးရကောင်းမှန်းမသိခဲ့ဘူးလေ''
ဖိုးဖိုးက မိန်းမပွေရှုပ်ပေမဲ့ ဖွားဖွားကလွဲပြီး ဘယ်မိန်းမကိုမှ အိမ်ဦးခန်းမတင်။ဖွားဖွားကမွေးတဲ့ တည်တံ့အဖေကလည်း လုပ်ကြံခံလိုက်ရတော့ တစ်ဦးတည်းသော မျိုးဆက်ဖြစ်သည့် တည်တံ့ကို စီးပွားရေးလောကထဲအတင်းကို သွက်သွင်းတော့၏။ဂရုစိုက်ပေးသလားဆိုတော့လည်း လုံးဝဥဿုံပင်။တည်တံ့အတွက် ရင်းနှီးတာဆိုလို့ မမနှင့်အာကာသာရှိသည်။ဒီလိုနဲ့ပဲ အထီးကျန်စွာကြီးပြင်းလာရသည့်တည်တံ့အဖို့ မိုးအရိပ်ရောင်ကိုတွေ့ချိန်၌ အသက်မကကို တွယ်တာသွားခဲ့ပြီး ယခုလိုပြသနာတွေ ဖြစ်လာရခြင်းသာ။
"ဟိုကလေးနဲ့ကရော''
"ပြန်လာပေးလိုက်ပါလားလို့ တောင်းဆိုပေမဲ့ မလာချင်ဘူးတဲ့။သူက ပုံမှန်မိသားစုဘဝတစ်ခုကိုပဲ တည်ထောင်ချင်တာတဲ့''
"အင်းလေ...တည်တံ့ကိုလည်း အဲ့လိုပဲ ဖြစ်စေချင်တာပါ''
မေမရာ အာကာပါ မတိုင်ပင်ထားပဲ သက်ပြင်းပြိုင်တူချလိုက်မိ၏။စိတ်ဒဏ်ရာရှိပြီးသား တည်တံ့အတွက် အကောင်းဆုံးတွေသာ ဖန်တီးပေးချင်သည်။
#
အိမ်ပြန်ရောက်ပြီးတော့လည်း လူကပျင်းတွဲတွဲ။အိမ်အကူတွေနဲ့ တည်တံ့သာ ရှိသောဒီအိမ်က အလွန်ပင်ခြောက်ကပ်၏။ဖိုးဖိုးကလည်း သီးသန့်နေတာမှ နှစ်ခြိုက်သူဆိုတော့ ပြေးကြည့်မှမြေးအဖိုးနှစ်ယောက်တည်းတောင် တစ်အိမ်စီ နေကြသည့်ဘဝ။ဒါလည်း တစ်မျိုးကောင်းတာပါပဲ။မဟုတ်ရင် ဖိုးဖိုးရှုပ်ပွေသမျှ မမြင်ချင်ဘဲ မြင်နေရဦးမည်။
အရိပ္ကို တွေ့ချင်စိတ်ကလည်း ရင်ထဲအပြည့်ဆိုတော့ လူမတွေ့ရသည့်တိုင် အငွေ့အသက်လေးတော့ရလိုရငြား အရိပ်နှင့်အတူနေသည့်အိမ်ဘက်သို့ ခြေလှမ်းပြင်လိုက်သည်။တစ်အိမ်တည်းအတူနေပေမဲ့ အရိပ္ကို သီးသန့်တစ်ခန်းပေးခဲ့ပြီး အသက်မပြည့်သေးသည့်ထိုကောင်လေးအတွက် စည်းမှန်သမျှ စောင့်ထိန်းခဲ့သည်။
ဦးစွာတွန်းဖွင့်မိသည့်အရိပ်ရဲ့အခန်းလေးက အရိပ်ရှိစဉ်ကအတိုင်း သန့်ရှင်းသပ်ရပ်နေဆဲ။ပစ္စည်းအထားအသိုကအစ ဘာမှပြောင်းလဲမနေ၊နေပါဦး..အရိပ္က တည်တံ့ဝယ်ပေးထားသမျှ တစ်ခုတောင် မယူသွားပါလား။ကွန်ပျူတာကလည်း အဖုံးအုပ်ရက်သား၊အဝတ်ဗီရိုထဲလည်း လေးငါးစုံအပြင် လျော့နေတာမျိုးမရှိ။
မွေ့ယာထက်က အဖြူဖွေးဖွေးခေါင်းအုံးလေးပေါ် လှဲချမိတော့ အရိပ်သုံးနေကျ ခေါင်းလျှော်ရည်အနံ့သင်းသင်းက တည်တံ့နှာခေါင်းဝထဲ တိုးဝှေ့ဝင်ရောက်လာလေသည်။ပိုက်ဆံကြောင့်ချဉ်းကပ်ခဲ့ပါတယ်ဆိုပြီး ခုက် ဒီစည်းစိမ်တွေကို ဘာကြောင့်စွန့်ပစ်ခဲ့ရတာလဲ နားကိုမလည်ပေ။တည်တံ့လေ အရိပ်ကိုအမှန်တကယ်ကိုချစ်ခဲ့မိတာပါ။ဖေဖေ ပြီးရင် တည်တံ့အချစ်ဆုံးယောကျာ်းက အရိပ်သာဖြစ်၏။
နံရံထက္က အရိပ်နှင့်အတူရိုက်ထားသော ဓာတ်ပုံကိုကြည့်ရင်း တွေ့ချင်စိတ်ကထိန်းမရတော့။အရင်နေတဲ့အဆောင်မှာပဲ အရိပ်ရှိနေနိုင်သည်။အရိပ်ကြိုက်တတ်သမျှ စားစရာတွေဝယ်ခြမ်းပြီး အပြေးကိုလှမ်းလာမိကာမှ လမ်းပြင်နေသည်ဆိုသောဆိုင်းဘုတ်ကအခန့်သား။ကားကိုဘေးချရပ်ခဲ့ပြီး ထိုအဆောင်ရောက်သည်အထိ ခြေကျင်လျှောက်ရတော့သည်။မွန်းတည့်နေဖြစ်နေတာတောင် အရိပ်နဲ့တွေ့ရဖို့ဆိုသောစိတ်ကြောင့် တည်တံံ့မှာ ပူရကောင်းမှန်းမသိ။
အဆောင်ရှေ့ရောက်တော့ အရိပ်နေသည့်အခန်းက တံခါးဟရက်သား။နှစ်ယောက်သားကကျောပေးထိုင်နေပြီး တည်တံ့လာတာကို မမြင်။ပုံမှန်ထက် ပိုသေးသွားသည့်ကျောပြင်လေးကိုကြည့်ရင်း အရိပ်လည်း တည်တံ့ကိုလွမ်းနေတာများလားလို့ ကိုယ်လိုရာဆွဲတွေးမိသေး၏။ဖြစ်ချင်တာဖြစ်။ဒီတစ်ခါတော့ မရရအောင် ချော့မော့ပြန်ခေါ်ရမည်။
"မင်းရုပ်ကကွာ။လဒ မိုင်းမှန်ထားတာ ကျနေတာပဲ။ဘာလဲ...သုံးစရာပြတ်နေလို့လား။အလုပ်မရခင်စပ်ကြား ဘဲတစ်ပွေလောက် ထပ်ရှာပေးရမလား မင်းအတွက်...ဟဟ''
အရိပ်အတွက်များ ဘဲရှာပေးဦးမတဲ့။အရိပ် အသုံးလိုမှတော့ တည်တံ့ံတစ်ယောက်လုံးရှိနေတာကို ဒီကောင်ဘာတွေပြောနေရတာလဲ။ထပြီး ဆွဲထိုးပစ်လိုက်ဖို့ မျှော်လင့်မိပေမဲ့ ကြားလိုက်ရသည့် အရိပ်စကားကြောင့် တည်တံ့တစ်ကိုယ်လုံး တောင့်တင်းသွားရတော့သည်။
"Okလေ...မင်းဘဲကြီးက ရေဘယ်လောက်တတ်နိုင်လဲ မေးလိုက် ။ရေများလေ မိုးအရိပ်တို့က ချစ်တတ်လေပဲ တစ္ည ဘယ်လောက်ပေးမလဲ ပြော''
ဒါ...အရိပ်ပြောတာလို့ သူမ်ားက လာပြောလျှင် တည်တံ့ ယုံမိမှာ မဟုတ်။အရိပ်က တကယ်ပဲ ငွေတစ်ခုအတွက်နဲ့ သူ့အနားကပ်ခဲ့တာလား။ငွေရမယ်ဆို ဘယ်သူနဲ့အိပ်ရအိပ်ရဆိုတဲ့အခြေအနေမျိုးလား။တည်တံံ့မှာတော့ မထိရက်မတို့ရက်တန်ဖိုးထားလိုက်ရတာ။တကယ်မကောင်းတဲ့ကောင်ပဲကွာ။တစ်ယောက်ဆီက ချူလို့ဝတော့ နောက်တစ်ယောက်ဆီပြောင်းပြီး ချစ်ပြဦးမတဲ့။ဒေါသစိတ်ကြောင့်ဘာကိုမှမမြင်ဘဲ ပြန်လှည့်ပြေးမိတာ ကားပေါ်ဘယ်လိုရောက်ပြီး ဘယ်လိုမောင်းထွက်လာမိမှန်းတောင် သတိမထားမိတော့ပေ။
"ငါ...မုန်းတယ်.. မင်းကိုမုန်းတယ် မိုးအရိပ်ရောင်"
#
မိုးအရိပ္ကို ကြည့်ရတာ တစ်နေ့တစ်နေ့ မှိုင်တွေနေပြီး ဒီရောက်ပြီးနောက်ပိုင်းမှ ပိုလို့တောင် ပိန်သွားသေးသည်။ဒီနေ့တော့ နားရက်လည်းဖြစ်နေတော့ သူ စားတတ်တာလေးတွေ စီမံပေးရင်း နည်းပါး ရယ်ပြုံးအောင် လိုက်စနောက်နေမိ၏။
"မင်းရုပ်ကကွာ...လဒမိုင်းမှန်ထားတာ ကျနေတာပဲ။ဘာလဲ သုံးစရာပြတ်နေလို့လား။အလုပ်မရခင်စပ်ကြား ဘဲတစ်ပွေလောက် ထပ်ရှာပေးရမလား မင်းအတွက်...ဟဟ''
"Okလေ...မင်းဘဲကြီးက ရေဘယ်လောက်တတ်နိုင်လဲ မေးလိုက်။ ရေများလေ မိုးအရိပ်တို့က ချစ်တတ်လေပဲ။တစ်ည ဘယ်လောက်ပေးမလဲ ပြော''
ထက်အောင်ကျော်က စသလို ပြောလိုက်သည့်စကားကို မျက်တောင်တစ်ချက်မခတ်ဘဲ အတည်ပေါက်ပြန်ပြောနေလေတော့ စမိသူပင် ဘာဆက်ပြောရမယ်မသိ၊မိုးအရိပ်က ဒီလိုလူမျိုး မဟုတ္တာ သူအသိဆုံးပဲလေ။
"ဘာလဲကြ၊၊ငါကစတာကို မင်းက အတည်ကြီးလား''
မိုးအရိပ္က မျက်မှောင်တွေ ကြုတ်ထားရာကနေ ပြန်လည်ဖြေလျော့လိုက်ပြီး..
"ငါ တကယ်ပဲယောကျာ်းတစ်ယောက်ကို သဘောကျမိသွားတာလားဟင်။သာမာန်မိသားစုဘဝကိုပဲလိုချင်ပါတယ်လို့ အကြိမ်ကြိမ်တွေးခဲ့ဖူးတဲ့ကြားက ဒီယောကျာ်း အိပ်ရာပေါ်လဲနေတာကိုမြင်တော့ ဘာလို့ ငါကနာကျင်နေရတာလဲကွာ။ငါတကယ်ပဲ သူ့ကိုချစ်မိသွားတာလားကွာ။ဟမ်..ပြောပါ၊ငါဘယ်လိုလုပ်ရမလဲ။ဘယ်လိုလုပ်သင့်လဲလို့''
ငယ်စဉ်ကတည်းက တော်ရုံမျက်ရည်မကျတတ်သည့်မိုးအရိပ်လိုကောင်က ရှိုက်ကြီးတငင်ငိုကြွေးနေလေတော့ ထက်အောင်ကျော်တစ်ယောက် ခြေမကိုင်မိလက်မကိုင်မိ။
"မင်း...ကိုတည်တံ့ကို သတိရေနတာလား ဟုတ္လား''
"ငါ...သူ့ကိုသတိရတယ် ။သူ နေမကောင်းနေတာ ငါ့မှာသေမတတ်ပဲ နာကျင်ရတယ်။ငါသာမရှိရင် သူ့ဘဝလေးက ပုံမှန်မိသားစုတစ်ခုကိုပိုင်ဆိုင်ရမှာကွ။ပြီးတော့ သူ့လို သူဌေးနဲ့ငါ့လို ရေသန့်ပို့တဲ့ကောင်က ဘာများဆီဆိုင်နေလို့လဲကွာ။''
"မင်းပဲ..သူ့ကိုမချစ်ဘူးဆို''
"ဟုတ်တယ်..ငါမချစ်ဘူး။ငါယောကျာ်းတွေက်ို မချစ်ဘူး။ဒါပေမဲ့ သူ့ကိုငါ သတိရနေတယ်။တွေ့ချင်နေတယ်။ဘယ်လိုလုပ်ရမလဲ...ဟမ်...ငါဘယ်လိုလုပ်ရမလဲလို့''
ပြောရင်းနဲ့ကို ရှိုက်ကြီး တငင် ငိုကြွေးနေတာကြောင့် အရိပ်ရဲ့ ခေါင်းလုံးလုံးလေးကို ရင်ခွင်ထဲ မှီထည့်ထားမိသည်။အရိပ်ရဲ့ မျက်ရည်တွေကို မြင်ရတာ သူ့အတွက်လည်း အလွန်ပင် နာကျင်ရပါ၏။
"တော်ပြီ...မငိုနဲ့တော့။မင်းလူကြီးက မင်းကို စိတ်မကုန်ပါဘူး။နောက်ရက်ကျ မင်းသွားပြန်ခေါ်လိုက်...နော်"
ထက်အောင်ကျော်စကားကြောင့် မျက်ရည်တွေအပြည့် မျက်လုံးလေးက တောက်ပသွားသယောင်။သို့သော်လည်း ချက်ချင်းပင် ခေါင်းကိုခါယမ်းပစ်လိုက်ပြီး..
"ဟင့်အင်း...မဖြစ်ပါဘူး။ငါ့လိုလူနဲ့ ဆက်တွဲလို့ ကိုကို့အတွက် ဘာကောင်းကျိုးမှ မရှိဘူးလေ။ငါက ကိုကို့အတွက် ဘာမှလုပ်မပေးနိုင်ဘူး..."
"မဟုတ္ဘူး မိုးအရိပ် မဟုတ်ဘူး။ကိုတည်တံ့လိုအပ်တာ မင်းပဲလေ။မင်းမပေးနိုင်တဲ့ အရာတွေ ကိုတည်တံ့ဆီမှာ အပြည့်ရှိတယ်။မင်းဘက်က မေတ္တာမှန်မှန်လေး ပေးဖို့ပဲ လိုတာပါ''
"ငါ..မသွားရဲတော့ဘူး....ငါ..ပစ်ပစ်ခါခါ ပြောပြီး ထွက်လာတာလေ..."
တင်းတင်းကျပ်ကျပ် ဖက်ထားပေးသည့်ရင်ခွင်ထဲမှ ရုန်းထွက်ပြီး ဒူးပေါ်ခေါင်းမှောက်လျက် ရှိုက်ငိုနေဆဲဖြစ်သော မိုးအရိပ္ကို ထိုင်ကြည့်နေရုံသာ တတ်နိုင်တော့သည်။ကိုယ့်စိတ်ကိုယ် မဆန်းစစ်ဘဲ စိတ်ထင်ရာလုပ်သည့်အကျိုးကျေးဇူးတွေ ခံပေဦးပေါ့။
#