ချစ်ခြင်းအသင်္ချေ (ခဈြခွငျးအသခ...
Od WaiLwin016
322K 24.6K 1.4K
သမီးလေးနဲ့ အဖေနှစ်ယောက်တို့ရဲ့မိသားစုလေးတစ်ခုမှာ ဖြစ်တည်လာမဲ့ ချစ်ခြင်းမေတ္တာနဲ့အတူ ဖြေရှင်းရမဲ့ အခက်အခဲတွေကို... Více
Intro (Z & U)
အပိုင်း ၁ (Z & U)
အပိုင်း ၂ (Z & U)
အပိုင်း ၃ (Z & U)
အပိုင်း ၄ (Z & U)
အပိုင်း ၅ (Z & U)
အပိုင်း ၆(Z & U)
အပိုင်း ၇ (Z & U)
အပိုင်း ၈(Z & U)
အပိုင်း ၉(Z & U)
အပိုင်း ၁၀ (Z & U)
အပိုင်း ၁၁ (Z & U)
အပိုင်း ၁၂ (Z & U)
အပိုင်း ၁၃ (Z & U)
အပိုင်း ၁၄ (Z & U)
အပိုင်း ၁၅ (Z & U)
အပိုင်း ၁၇(Z & U)
အပိုင်း ၁၈(Z & U)
အပိုင်း ၁၉(Z & U)
အပိုင်း ၂၀(Z & U)
အပိုင်း ၂၁(Z & U)
အပိုင်း ၂၂ (Z & U)
အပိုင်း ၂၃(Z & U)
အပိုင်း ၂၄ (Z & U)
အပိုင်း ၂၅ (Z & U)
အပိုင်း ၂၆(Z & U)
အပိုင်း ၂၇ (Z & U)
အပိုင်း ၂၈(Z & U)
အပိုင်း ၂၉(Z & U)
အပိုင်း ၃၀(Z & U)
အပိုင်း ၃၁ (Z & U)
အပိုင်း ၃၂(Z & U)
အပိုင်း ၃၃ (Z & U)
အပိုင်း ၃၄ (Z & U)
အပိုင်း ၃၅ (Z & U)
အပိုင်း ၃၆ (Z & U)
အပိုင်း ၃၇(Z & U)
အပိုင်း ၃၈(Z & U)
💜💜💜
ကျေးဇူးတင်လွှာ(Z & U)
မေတ္တာရပ်ခံခြင်း(Z & U)
အပိုင်း ၁၆ (Z & U)
5.4K 507 10
Od WaiLwin016
Zawgyi
#
"အေးပါ..."
"ဪ..ပြီးတော့''
#
"....''
"ဗ်ာ.''
"ခု...ဘယ်လိုနေသေးလဲဟင်''
#
"မင်း..ဘာလာလုပ္တာလဲ''
"မင်း...လိုက်တွေ့ပါလား"
#
Unicode
"ဟေ့ကောင်...ထေတာ့ ထတော့။မင်း လင်အိမ်မဟုတ်တော့ဘူးနော်။ပျင်းမနေနဲ့''
ကြားနေကျ နူးနူးညံ့ညံ့ အသံမဟုတ်တာမို့  အရိပ် မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်။ဟုတ်ပါရဲ့။သူ...အခုဦးတည်တံ့ဆီမှာမှ မဟုတ်တော့ပဲ။ဘာလို့များ ဦးတည်တံ့ အိပ်ရာကလာနိူးမှာကိုစောင့်နေမိတာလဲနားမလည်နိုင်။အိပ်ရာမှ လူးလဲထလိုက်ရင်း ကျောပြင်က နာကျင်မှုကို ခံစားလိုက်ရသည့်တခဏ မွေ့ယာအထူဖြင့်သက်တောင့်သက်တာ အိပ်ခဲ့ဖူးသော ကာလကိုတော့ တမ်းတမိသယောင်။
မျက်နှာသစ်တော့လည်း ရေချိုးခန်းထဲ သွားတိုက်ဆေး အဆင်သင့်မျက်နှာသစ်ဆေးအကောင်းစားနှင့် ဘေစင်မှာ မှန်ကြည့်ပြီး တိုက်ရသည့်ဘဝကနေ အိမ်ရှေ့ စည်ပိုင်းနား ရေချွေတာလောင်းရင်း LUXဆပ်ပြာဖြင့် မျက်နှာသစ်ရသည့်ဘဝ။ရေကလည်း မချွေတာလို့ကတော့ ဝယ်ယူရသည်က တစ်နေ့တစ်နေ့ နည်းမည် မဟုတ်။လောဆယ် အလုပ်ရသေးတာ မဟုတ်တော့ ထက်အောင်ကျော်ကို အားနာရမည်။
"ဟေ့ကောင်...ပြီးရင်အဆာပြေ လာစား။ငါ ထမင်းကြော်ထားတယ်။စားပြီးမှ ကျောင်းကိစ္စတွေ သွားလုပ်နော်။ငါ..ဒီနေ့အလုပ်ကစောဝင်ရမှာမို့လို့"
ထက်အောင်ကျော်ကို ခေါင်းငြိမ့်ပြလိုက်ပြီး မျက်နှာသုတ်ပုဝါအပိုင်းလေးနဲ့ မျက်နှာသုတ်လိုက်သည်။အရိပ်မျက်နှာသစ်ပြီးတိုင်း သုတ်ပေးဖို့ရာအဆင်သင့်ဖြစ်နေတတ်သည့် ဦးတည်တံ့ရော အဆင်မှပြေရဲ့လား။နောက်ဖေးစားပွဲပေါ်က နနွင်းရောင်ဝါဝါဖြင့်ကြော်ထားသော ထမင်းကြော်ကလည်း ဦးတည်တံ့လုပ်ပေးသလိုစားကောင်းမည့်ပုံမပေါ်၊ထားပါလေ၊မဝင်ဝင်အောင် ကြိတ်မှိတ်ထိုးသွင်းရတော့မှာပေါ့။ကိုယ့်ဘဝက ခုဆို အိမ်ရှေ့မင်းသားလေးမှ မဟုတ်တော့ပဲလေ။
ရေမိုးချိုးပြီးအဝတ်အစားလဲဖို့အထုပ်ဖြည်ကာမှ မနေ့ကထက်အောင်ကျော်မေးတာကို သတိရမိသေး၏။ကြည့်ပါဦး။အရိပ်ယူလာသမျှ ဦးတည်တံ့နဲ့ကင်းတာမရှိပါလား။အရိပ်အတွက်ဆို အရောင်နုတာလေးတွေကို အဆင်မထပ်အောင်ဝယ်ပေးတတ်သောသူ။နာရီတောင် နိုင်ငံခြားကမှာပေးတာဆိုတော့ အရိပ်မှာနှမြောပြီး ခူထိချမဝတ်ရက်သေး။ခေါင်းရင်းဘက်က နှစ်ယောက်တွဲပုံလေးကလည်း အခန့်သားပါလား။အပြီးဆင်းလာတာမဟုတ်ဘဲ စိတ်ပြေလက်ပျောက်ထွက်လာသလိုပါလားနော်။နှစ်နှစ်နီးပါး အတူနေခဲ့တာဆိုတော့လည်း သံယောဇဉ်က အနည်းအကျဉ်းတော့ကျန်မှာပေါ့လေ။
#
ဆေးရုံကုတင်ထက်မှာ လဲလှောင်းနေပြီး ပြတင်းပေါက်မှ တစ်ဆင့် အေဝးက ကောင်းကင်ကို လှမ်းမျှော်ကြည့်နေသည့် တည်တံ့ကို ကြည့်ကာ အာကာ ဘာစကားစပြောရမယ်မသိ။ဘေးက ဆန်ပြုတ်အရည်ကြည်ပန်းကန်ကလည်း အရာလုံးဝမယွင်းပေ၊
"တည်တံ့.....နေကောင်းရဲ့လား.."
ကုတင်ဘေးဝင်ထိုင်ပြီး ပြောလိုက်တော့ ရှူတည်တည်ဖြင့်လှည့်ကြည့်လာလေသည်၊
"အင်း...သက်သာပါတယ်။ဒါပေမဲ့ ဆေးရုံမှာ ဆက်နေရဦးမှာလား...''
"အင်း...ခဏတော့နေရဦးမယ် ထင်တယ်။နားလိုက်ပါကွာ။နားလက်စနဲ့.. "
"အေးပါ။မမနန္ဒာကိုလည်း ကျေးဇူးတင်ကြောင်း ပြောပေးဦး"
"အေးပါ..."
"ဪ..ပြီးတော့''
ထမယ်ပြင်ကာမှ တည်တံ့ဆီက နောက်ဆက်တွဲ အသံကြောင့် အာကာပြန်ထိုင်လိုက်ရသည်။
"အရိပ္က နိူင်ငံခြားသွားဖို့ရက် နီးနေပြီ။အဲ့ဒါ မင်းပဲဆက်ပြီးစီစဉ်ပေးလိုက်ပါ။သူ့ဘဏ်အကောင့်လည်း ငါအဆင်သင့်ဖွင့်ပေးပြီးသားမို့ လိုအပ်တဲ့ငွေကို ထည့်ပေးလိုက်နော်''
"မင်းအပေါ် ဒီလိုလုပ်သွားတဲ့ကောင်လေ၊မင်းက ဒီလောက်ထိ လုပ်ပေးဖို့လိုလို့လား"
အာကာ့ဒေါသသံကြောင့် နဂိုကမှမလန်းသည့် တည်တံ့မျက်နှာက ချက်ချင်းကို ညိုးကျသွား၏။
"ငါ..သူ့အတွက်နောက်ဆုံးလုပ်ပေးခြင်းပါ။ငါ ကူညီမယ်ပြောထားတဲ့ ကိစ္စမို့ အဆုံးထိ အပြီးသတ်ကူညီပေးချင်တယ်။ပညာဒါနလို့ပဲ သဘောထားလိုက်ပါကွာ''
ဆက်ပြီးတားမြစ်ချင်ပေမဲ့လည်း ခုလက်ရှိမှာ တည်တံ့က လူမမာမဟုတ်လား။ပြီးတော့ဒီကလေးအပေါ်လည်းဘယ်လောက်ထိအလေးထားသလဲ သူများမသိတောင် အာကာကတော့သိသည်လေ။
"အင်း...အင်း.။ငါဒီနေ့ပဲ စီစဉ်လိုက်မယ်"
#
မိုးအရိပ်ရောင်နေသည့် အိမ်ရှေ့ရောက်တော့ အိမ်ရှေ့တံခါးကသော့ခတ်လျက်သား။ကားထဲ ပြန်ဝင်ပြီး ကားထဲမှာပင် ထိုင်စောင့်နေလိုက်သည်။ပျံကျ ရပ်ကွက်တစ်ခုအတွင်းက အဆောင်ခန်းလေးတွေမို့ တော်တော်လေးကျဉ်းတဲ့အပြင် ဈေးကြီးကြီးကားတစ်စီးရပ်ထားခြင်းကြောင့်လည်း  ဖြတ်သွားဖြတ်လာတို့က လှည့်ကြည့်လို့မဆုံး။
"....''
တည်တံ့ကို လူနာစောင့်လုပ်ရသည့်အကျိုးဆက်က နေ့ခင်းကြီးတောင် ကားကူရှင်ကိုမှီလျက်အိပ်ပျော်သွားခြင်းပင်။ဘယ်လောက်အိပ်ပျော်သွားသည်မသိ။ကားကိုမိုးအရိပ် လာခေါက်မှ လူကနိုးတော့၏။
"ကိုအာကာ...ဘာကိစ္စရှိလို့လဲ''
"အေး...ရှိတယ်။မင်း အခန်းထဲ ဝင်လို့ရတယ်မဟုတ်လား"
"ရပါတယ်၊နေရာကကျဉ်းတော့အားနာလို့''
မိုးအရိပ်သော့ဖွင့်သည့်နောက် လိုက်ဝင်လိုက်ပြီး လူကုံထံများရဲ့အိပ်ခန်းတစ်ခန်းစာသာသာရှိသောအဆောင်ခန်းထဲ ဘယ်နားထိုင်ရမလဲ အရင်ရှာရသေးသည်။ဒီလိုနေရာမှာ နှစ်ယောက်ဘယ်လိုများနေသလဲ။ချက်ပြုတ်တာလည်းဒီနား၊အိပ်တာလည်း ဒီနား၊ထိုင်တာလည်းဒီနားသာဖြစ်မည်။
"ဦးတည်တံ့...အဆင်ပြေရဲ့လား"
မေးဖော်တော့ရရှာသားပဲ။
"ပြေမယ်လို့ မင်းထင်လို့လား"
မိုးအရိပ်ရောင်ရဲ့ခေါင်းလေးက သိသိသာသာကို ငုံ့ကျသွားလေသည်။သူ့အပြစ်တော့ သူသိပုံပင်။
"ရော့...ဒါ....မင်းနိုင်ငံခြားမှာ ကျောင်းတက်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ။ဒါက...ငွေ...မင်းအတွက်..လုံလောက်အောင်ထည့်ပေးထားတယ်။မင်း..ဟိုမှာကျောင်းတက်ဖို့ အပြင်ကို မင်းသုံးတတ်မယ်ဆိုအများကြီး ပိုနိုင်သေးတယ်။"
"ဟာ...ကျွန်တော်က ဒါတွေဘာလုပ်ဖို့လဲ''
"ဒါတွေအတွက် မင်း တည်တံ့နားကပ်ခဲ့တာမဟုတ်ဘူးလား။တည်တံ့က မင်းအတွက်နောက်ဆုံးအနေနဲ့အကောင်းဆုံးလုပ်ပေးချင်တယ်တဲ့ မင်းလက်ခံထားလိုက်ပါ''
"ကျွန်တော် လက်မခံချင်ဘူး ကိုအာကာ'''
ယုံပေးရမှာလား။ဒီပိုက်ဆံ မျက်နှာ တစ်ခုတည်းနဲ့ တည်တံ့နား ကပ်ခဲ့တဲ့လူက ပိုက်ဆံတွေကို လက်မခံချင်ဘူးဆိုပဲ၊အံ့သြလို့တောင် မဆုံးပေ။
"ဘာလဲ....နည်းနေသေးလို့လား ''
"ဗ်ာ..အဲ့လိုမဟုတ်ပါဘူး။ကျွန်တော် တကယ်လက်မခံနိုင်တာပါ''
"ဒီအခြေအနေရောက်မှာတော့ သူတော်ကောင်းမလုပ်ချင်နဲ့တော့ မိုးအရိပ်ရောင်၊ခု တည်တံ့က မင်းကောင်းမှူကြောင့် ဆေးရုံမှာ ပက်လက်။ဒီတော့ ဒီငွေတွေကိုယူ ပြီးရင် သူ့ရှေ့ပေါ်မလာနဲ့တော့။ငါ ဒါပဲတောင်းဆိုချင်တယ်''
နဂိုကမှမကြည်သည့်စိတ်က ပိုမိုပေါက်ကွဲထွက်လာသည်။တည်တံ့ ဘယ်လောက်နာကျင်နေကြောင်း မြင်ရလေလေ၊သိလေလေ။မိုးအရိပ်ရောင်ကို မုန်းလေလေပင်။ကလေးတစ်ယောက်ဆိုပေမဲ့ ညှာမနေချင်တော့။
"ဗ်ာ.''
စိတ်ပူသွားသည့်မျက်နှာဟာ ဟန်ဆောင်နေတာမဟုတ်မှန်း အာကာရိပ်မိသည်။ငွေအတွက်ကပ်ခဲ့တာပဲကို သေသေရှင်ရှင် စိတ်ပူနေစရာလိုလို့လား။
"မင်းနဲ့ပြသနာတက်တဲ့ ရက်ကတည်းက အစားမစားဘဲ အရက်တွေချည်း တောက်လျှောက်သောက်တာ "
"ကိုကို...အဲ...ဦးတည်တံ့က အရက်နဲ့ မတည့်ဘူးလေ။ဘယ်လိုဖြစ်လို့ ဒီလောက်တောင် "
မိုးအရိပ်ရောင်ရဲ့ အမူအရာက ချက်ချင်းကို တည်တံ့ဆီ ပြေးသွားချင်သည့်ပုံ။ဟန်ဆောင်ခဲ့တာပါဆိုသည့် လူတစ်ယောက်ဆီမှာ မြင်နေရတဲ့ ချစ်ခြင်းမေတ္တာအရိပ်အယောင်တွေကို အာကာ မယုံကြည်နိုင်။
"မင်း တည်တံ့နား ပြန်လာပေးလို့ရမလား မိုးအရိပ်ရောင်။သဘောတူလွန်းလို့တော့ မဟုတ်ပေမဲ့ ငါ့သူငယ်ချင်းအတွက် ငါတောင်းဆိုတာပါ။သူ့ကို အမျိုးကောင်းသမီးတစ်ယောက်နဲ့ပဲ ပုံမှန်ဘဝတစ်ခုကိုတည်ဆောက်စေချင်တာ၊ဒါပေမဲ့ သူကလည်း မင်းမှမင်းပဲဆိုတော့ ..''
မပတ်သက်စေချင်တော့ပေမဲ့ တည်တံ့စိတ်ချမ်းသာဖို့သာ အဓိကမို့ အာကာ ထပ်ကွန့်ပြီး မေးလိုက်မိသည်။
"ကျွန်တော်က မိဘမဲ့ တစ်ကောင်ကြွက်ပါ။ကျွန်တော် မိသားစုဘဝလိုချင်တယ်။အဲ့လိုဘဝကို ဦးတည်တံ့ကမပေးနိုင်ဘူး။သူ ဘယ်လောက်ချမ်းသာ ချမ်းသာ ကျွန်တော်အတွက် မိသားစုဆိုတာကို သူမပေးနိူင်ဘူး။သမာရိုးကျ အိမ်ထောင်ရေးတစ်ခုကမှ ကျွန်တော်လိုချင်တဲ့ ဘဝကိုပေးနိူင်မှာ။ကျွန်တော် သူ့ကို သံယောဇဉ်တော့ရှိပါတယ်။ကျွန်တော့ပညာရေးကအစ အလေးထားပေးခဲ့လို့လည်း ကျေးဇူးတင်မိပါတယ်။ဒါပေမဲ့ ကျွန်တော်တို့ဘဝတွေက ရှေ့မဆက်သင့်တော့ဘူးလေ''
မိုးအရိပ်ရောင် ပြောသော စကားတွေကလည်း မမှားပေ။နှစ်ယောက်လုံးက မိသားစုလိုအပ်တဲ့သူ။သမာရိုးကျ အိမ်ထောင်ရေးကို ရွေးပါမှ မိသားစုဆိုတာကို သေချာပိုင်ဆိုင်ရမှာပေါ့။
"ခု...ဘယ်လိုနေသေးလဲဟင်''
"အစာအိမ်ယောင်သွားတာဆိုတော့ ဆန်ပြုတ်အရည်ကျဲပဲ။ဆေးတော့ သွင်းနေရသေးတာပေါ့''
"ကျွန်တော့ကြောင့်ဖြစ်ရတာမို့ ကျွန်တော်တကယ်စိတ်မကောင်းပါဘူးဗျာ။ကိုအာကာကပဲ ဂရုစိုက်ပေးပါဗျာ။ကျောင်းတက်ဖို့လည်း ဒီမြာပဲ ပြန်လုပ်ပြီးပြီမို့ ဒီပိုက်ဆံတွေ ပြန်ယူသွားပါနော်၊ပြီးတော့ ဦးတည်တံ့ကိုလည်း ကျေးဇူးတင်ကြောင်းပြောပေးပါ''
အိမ်ပြန်ဖို့ ထပြီးကာမှ စီစီရီရီခေါက်ထားသည့် အိပ်ရာလေးဘေးမှာ ထောင်ထားသည့် ဓာတ်ပုံကို တွေ့လိုက်တော့ အာကာ အံ့သြမိပြန်သည်။ဒီပုံလေးကို သူ ကိုယ်တ်ိုင် ရိုက်ပေးထားတာလေ။မှတ်မှတ်ရရဆို ပြီးခဲ့သည့် မိုးအရိပ်ရောင်ရဲ့ မွေးနေ့မှာပေါ့။မိုးအရိပ်ရောင်ကို ကျောပိုးထားရင်း မျက်နှာနားကပ်နေသည့် ပါးလေးကို လှည့်နမ်းလိုက်သည့်အချိန် နှစ်ယောက်စလုံးရဲ့မျက်နှာကသိပ်ကို ကြည်နူးစရာကောင်းနေလို့ အမိအရရိုက်ယူထားခဲ့မိ၏။
ဒါကို မိုးအရိပ်ရောင်က ဘာလို့ယူလာရတာလဲ။ဒီကောင်လေး...သူ့ကိုသူရော ခ်စ္တယ္မခ်စ်ဘူး သေချာသိရဲ့လား။ဆယ်ကျော်သက်အရွယ်မို့ အခ်စ်ဆိုတာကို စိတ်ကစားခြင်းနှင့်ရောနေတာလည်းဖြစ်နိုင်၏။ထားပါလေ။လက်တလောကတော့ ဒီပိုက်ဆံတွေကို ပြန်ပေးဖို့အရေး လူမမာကိုနားချရပေဦးမည်။
#
မချစ်ဘူးလို့ အခါခါငြင်းပြီး ထွက်လာခဲ့ပေမဲ့ အခုကျတော့ အရိပ်ရဲ့ခြေထောက်တွေက ဆေးရုံရှေ့ ရပ်တန့်နေမိသည်၊ဝင်လည်း မတွေ့ရဲ။မြင်သွားမှဖြင့် သံယောဇဉ် မျပတ်ဘူး ထင်နေလျှင် တစ်ဒုက္ခ။ဆန်ပြုတ်ချိုင့်လေး ကိုင်ပြီး ဟိုလျှောက်ဒီလျှောက်လုပ်နေတုန်း ကိုအာကာကို လှမ်းတွေ့လိုက်တာမို့ အပြေးလိုက်သွားတော့...
"မင်း..ဘာလာလုပ္တာလဲ''
"ဟို...ဆန်ပြုတ်လာပို့တာ။ဦးတည်တံ့က ဆန်ပြုတ်မကြိုက်ပေမဲ့ ကျွန်တော် ပြုတ်ပေးတဲ့ အရသာကိုတော့ သူ ကောင်းကောင်းစားတယ်။ကျွန်တော် အရည်ကျဲကျဲနဲ့ အရသာရှိနေအောင် ပြုတ်ထားပေးတယ်။ပေးပေးပါနော်။ဟိုလေ. ကျွန်တော်ပေးတယ်တော့ မသိပါစေနဲ့"
"မင်းဘာရည်ရွယ်ချက်နဲ့လဲ မိုးအရိပ်ရောင်။ဘာရည်ရွယ်ချက်နဲ့ တည်တံ့အပေါ် လာကောင်းပေးနေရတာလဲ"
ကိုအာကာ့အသံက အနည်းငယ်ကျယ်သွားသည်မို့ ဘေးဘီကလူအချို့ ကြည့်သွားကြလေသည်။ထိုအဖြေကို အရိပ်လည်းမသိ။ရင်ထဲမှာ စိတ်မကောင်းဖြစ်လွန်းလို့သာ အရဲစွန့်ပြီးထွက်လာမိခြင်းဖြစ်သည်။
"ကျွန်တော့ကျေးဇူးရှင်မို့လို့ပါ။သူနေမကောင်းနေတာ ကျွန်တော့ကြောင့်ဆိုတော့ ကျွန်တော် ဒီတိုင်းနေရမှာ လိပ်ပြာမသန့်လို့''
ထိုအခါမှဆန်ပြုတ်ချိုင့်လေးကို လှမ်းယူသည်။
"မင်း...လိုက်တွေ့ပါလား"
ခပ်လှမ်းလှမ်းရောက်ကာမှ ကိုအာကာပြောသောစကားကြောင့် အရိပ်ခြေလှမ်းတွေ တုံ့ခနဲ။
"ဆေးအရှိန်နဲ့အိပ်နေတာမို့ သူ ချက်ချင်းမနိုးနိုင်ဘူး။မင်းတွေ့ချင်တယ်ဆိုရင်..လိုက်တွေ့လို့ရတယ်''
အရိပ်မငြင်းမိပါ။ကိုအာကာ သွားသည့်နောက်ကို အပြေးပင်လိုက်မိ၏။အခန်းရှေ့ရောက်တော့ ကိုအာကာက တံခါးကိုဟကာ အရင်ကြည့်ပြီး အိပ်နေတာသေချာပြီဆိုမှ အရိပ္ကို ဝင်စေသည်၊ကုတင်ထက်က လဲလှောင်းနေသည့် ခန္ဓာကိုယ်က ဦးတည်တံ့မှဟုတ်ပါလေစ။နှစ်ပတ်တောင်မပြည့်သေးသည့်ကာလအတွင်း အားကောင်းမောင်းသန်လူတစ်ယောက်က ခုလောက်ထိပြောင်းလဲသွားတာ အရိပ်ကြောင့်တဲ့လား။ကျဆင်းလာသည့်မျက်ရည်စတွေကို ခပ်ကြမ်းကြမ်းဖယ်သုတ်ပစ်လိုက်ပြီး ပိန်လှီနေသည့်လက်ချောင်းလေးတွေကို ဖွဖွဆုပ်ကိုင်ထားမိတော့သည်။
"မြန်မြန်နေကောင်းလာပါတော့ ဦးတည်တံ့ရယ်။ခင်ဗျားကိိုအသုံးချခဲ့တဲ့လူတစ်ယောက်အတွက် ဒီလောက်ထိမပျော့ညံ့ပါနဲ့ဗျာ။ကျွန်တော် ခင်ဗျားကို မြင်ရတာ ရင်တွေနာတယ်''
ဘာလို့ ကျလာမှန်းမသိသည့် ပါးပြင်ထက်က မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး ကိုအာကာကိုပင် နူတ်မဆက်ဘဲ အိမ်ပြန်ခဲ့မိတော့သည်။သူ တကယ်မချစ်ခဲ့ပါဘဲ ဦးတည်တံ့လဲလှောင်းနေတာ မြင်ရုံနဲ့ သူ ဘာလို့ ရင်တွေနာနေရတာလဲ။ဒီလိုဖြစ်ဖို့ သူကိုယ်တိုင်ပဲ ရွေးချယ်ခဲ့တာ မဟုတ်ဘူးလား။သံယောဇဉ်တွယ်မိရုံနဲ့ အိမ်ထောင်ပြုလို့ မဖြစ်ဘူးမဟုတ်လား။သူလိုချင်တာက သားသမီးတွေနဲ့ ပြီးပြည့်စုံနေမဲ့ ဘဝတစ်ခုလေ။
တစ်နေ့တော့ ခင်ဗျားရော ကျွန်တော်ရော အဆင်ပြေသွားမှာပါ ဦးတည်တံ့ရယ်။
#
Pokračovat ve čtení
Mohlo by se ti líbit
1K 113 13
An adoration of you.. ' ဗန်းတဲ့ 'ဆိုတဲ့ ရွာလေးမှာနေတဲ့ကောင်လေးနဲ့ နိုင်ငံခြားပြန်ကောင်လေးတို့ရဲ့ နှစ်ဦးကြား အချင်းချင်းဖေးမမှု ၊မြတ်နိုးမှုနဲ့ ဘဝရဲ့...
262K 9.5K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.2M 92.3K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.