ခ်စ္ျခင္းအသေခ်ၤ (ချစ်ခြင်းအသခ...

By WaiLwin016

322K 24.6K 1.4K

သမီးေလးနဲ႔ အေဖႏွစ္ေယာက္တို႔ရဲ႕မိသားစုေလးတစ္ခုမွာ ျဖစ္တည္လာမဲ့ ခ်စ္ျခင္းေမတၱာနဲ႔အတူ ေျဖ႐ွင္းရမဲ့ အခက္အခဲေတြကို... More

Intro (Z & U)
အပိုင္း ၁ (Z & U)
အပိုင္း ၂ (Z & U)
အပိုင္း ၃ (Z & U)
အပိုင္း ၄ (Z & U)
အပိုင္း ၅ (Z & U)
အပိုင္း ၆(Z & U)
အပိုင္း ၇ (Z & U)
အပိုင္း ၈(Z & U)
အပိုင္း ၁၀ (Z & U)
အပိုင္း ၁၁ (Z & U)
အပိုင္း ၁၂ (Z & U)
အပိုင္း ၁၃ (Z & U)
အပိုင္း ၁၄ (Z & U)
အပိုင္း ၁၅ (Z & U)
အပိုင္း ၁၆ (Z & U)
အပိုင္း ၁၇(Z & U)
အပိုင္း ၁၈(Z & U)
အပိုင္း ၁၉(Z & U)
အပိုင္း ၂၀(Z & U)
အပိုင္း ၂၁(Z & U)
အပိုင္း ၂၂ (Z & U)
အပိုင္း ၂၃(Z & U)
အပိုင္း ၂၄ (Z & U)
အပိုင္း ၂၅ (Z & U)
အပိုင္း ၂၆(Z & U)
အပိုင္း ၂၇ (Z & U)
အပိုင္း ၂၈(Z & U)
အပိုင္း ၂၉(Z & U)
အပိုင္း ၃၀(Z & U)
အပိုင္း ၃၁ (Z & U)
အပိုင္း ၃၂(Z & U)
အပိုင္း ၃၃ (Z & U)
အပိုင္း ၃၄ (Z & U)
အပိုင္း ၃၅ (Z & U)
အပိုင္း ၃၆ (Z & U)
အပိုင္း ၃၇(Z & U)
အပိုင္း ၃၈(Z & U)
💜💜💜
ေက်းဇူးတင္လႊာ(Z & U)
ေမတၱာရပ္ခံျခင္း(Z & U)

အပိုင္း ၉(Z & U)

6.3K 602 23
By WaiLwin016

Zawgyi

ခါတိုင္းဆို ႏြားႏို႔ေသာက္ၿပီးသည္နဲ႔ အိပ္ေပ်ာ္သြားေပမဲ့ ဒီေန႔မွ မ်က္စိကက်ယ္ေနေလသည္။ေပၿပီးအိပ္မရသည့္အဆံုး အခန္းမီးထဖြင့္ၿပီး ကုတင္ေပၚဒီအတိုင္းလွဲေနလိုက္၏။အရင္က ဒီအခန္းကို ပါးပါးသံုးခဲ့ေၾကာင္း နံရံထက္က ပံုရိပ္အခ်ိဳ႕ကိုၾကည့္လ်ွင္သိႏိုင္သည္။ဒီအခန္းကို မိုးရိပ္အတြက္ေပးခဲ့ေပမဲ့ အခန္းျပင္ဆင္ဖို႔ေတာ့ ေဖကခြင့္မျပဳခဲ့သလို မိုးရိပ္ကလည္း ပါးပါးရဲ႕ပံုရိပ္ေတြကိုမဖယ္႐ွားပစ္လိုေပ။

နံရံထက္မွာဝင့္ဝင့္ထည္ထည္ေနရာယူထားသည္က ပါးပါးႏွင့္ေဖ့ပံု။ပါးပါးက အေတာ္ပင္ ငယ္ေသးပံုရၿပီး အျဖဴအစိမ္းယူနီေဖာင္းကိုဝတ္ဆင္ထားကာ လက္ထဲမွာလည္း ဆုတံဆိပ္အႀကီးႀကီးကို ကိုင္ထားေသးသည္။မိုးရိပ္သိတတ္စကတည္းက နဖူးေပၚဆံပင္ေတြအုပ္မိုးခ်ထားတတ္သည့္ပါးပါးက ပံုထဲမွာေတာ့ ဆံပင္တိုကပ္ကပ္ကို ေသသပ္ေနေအာင္ၿဖီးထားေလသည္၊ေဖ့က္ိုၾကည့္ဦး။လက္ရွိမွာဆံပင္အေျပာင္သိမ္းျပီးေနတတ္သည္႔ေဖက ပံုထဲမွာေတာ့လူငယ္ေလးတစ္ေယာက္လို႔ ဆံပင္အနည္းငယ္ နဖူးထက္ဝဲလ်က္၊

ပါးပါးဆယ္တန္းေအာင္ေတာ့ ဘာသာစံုဂုဏ္ထူးရတာေတာင္ ဆုအတူယူေပးမဲ့မိဘမ႐ွိလို႔ ေဖကလိုက္ေပးခဲ့ရတာတဲ့ေလ။ပံုထဲမွာ ေဖေရာပါးပါးေရာျပံဳးေနၿပီး ေဖ့ရဲ႔လက္ေလးတစ္ဖက္က ပါးပခံုးေပၚ သိုင္းတင္ထားေသးသည္၊ႏွစ္ေတြၾကာခဲ့ပါၿပီ။သို႔ေပမဲ့ ေဖနဲ႔ပါးပါးရဲ႕ အျပံဳးေတြက ယခုထက္တိုင္ ထိုေန႔ထိုရက္ကလို ၾကည္ႏူးစရာေကာင္းေနဆဲ။ေဖနဲ႔ပါးပါးဆီကေန ေကာင္းတဲ့အခ်က္မွန္သမ်ွကို မိုးရိပ္က အျပည့္အဝရထားပံုပင္။

ပါးကေလ ေခြးလည္းခ်စ္တယ္ထင္ပါရဲ႕။နံရံထက္မွာအေမႊးပြေခြးေလးေတြရဲ႕ပံုေတြကလည္း အမ်ားႀကီး။ေခြးဆိုမွ..ဒီေန႔ေက်ာင္းမွာမိုးရိပ္ၾကံဳခဲ့တာကို သတိရမိသည္။ေက်ာင္းရဲ႕အေနာက္ေဆာင္ထဲမွာ ေခြးသားေပါက္တယ္ဆိုလို႔ မိုးရိပ္နဲ႔မ်က္ႏွာျဖဴသူငယ္ခ်င္းအခ်ိဳ႕ သြားေခ်ာင္းၾကည့္ၾကတာ တီခ်ယ္သိေတာ့ အကုန္လံုးတန္းစီၿပီးအဆူခံရပါေလေရာ။ေခြးမႀကီးက သားဆိပ္တက္ေနတာမို႔ လူကိုက္တတ္တယ္ဆိုေသာ စကားကိုနားမဝင္ဘဲ ခပ္လွမ္းလွမ္းမွာထိုင္ေနသည့္ေခြးထီးႀကီးကေလးေမြးမေမြးကိုသာ မိုးရိပ္သိခ်င္သည္။

သိခ်င္တဲ့အတိုင္းေမးမိေတာ့ တီခ်ယ္ကရယ္ၿပီး ေခြးျဖစ္ျဖစ္ေၾကာင္ျဖစ္ျဖစ္လူျဖစ္ျဖစ္ အေမေတြကပဲ ကေလးေမြးႏိုင္တာတဲ့ေလ။ဒီစကားကို မိုးရိပ္လက္မခံႏိုင္ေပ။မိုးရိပ္မွာအေမမ႐ွိသလို မိုးရိပ္ကိုေမြးေပးထားတာကလည္း ေယာက်ာ္းေလးျဖစ္တဲ့ပါးပါးကေလ။တီခ်ယ္နဲ႔အၿပိဳင္ျငင္းေနမိၿပီး မိုးရိပ္ရဲ႕အတန္းပိုင္ေရာက္လာကာမွ ျငင္းခံုမႈကအဆံုးသတ္သည္။မိုးရိပ္ဘက္ကေနကူၿပီး ဝင္ေျပာသြားသည့္တိုင္ ထိုကိစၥက မိုးရိပ္ရင္ထဲခုထိမတင္မက်။ေက်ာင္းမွာလူေပါင္း၁၀၀႐ွိရင္ မိုးရိပ္လိုလူမ်ိဳးက ဘာေၾကာင့္လက္ခ်ိဳးေရစရာေတာင္မ႐ွိရသလဲ။

ေမြးစားထားတာပါလို႔ေျပာရေအာင္လည္း မိုးရိပ္မွာေဖနဲ႔ပါးပါးကိုမတူတဲ့အခ်က္က ႐ွိမွမ႐ွိတာပဲေလ။ၿပီးေတာ့ မိုးရိပ္ဆို ဘယ္ေလာက္ေတာင္ ခ်စ္ၾကသလဲ မိုးရိပ္မသိတာမွမဟုတ္။

"အား.....''

စိတ္ထဲညစ္ညဴးစြာျဖင့္ နားကိုပိတ္ကာ ေအာ္ဟစ္မိေပမဲ့အသံေတာ့သိပ္မထြက္ရဲ။ဒီအခ်ိန္ဆို ေဖေရာပါးပါးေရာအိပ္ေနၿပီမို႔ မိုးရိပ္ေအာ္သံၾကားလ်ွင္ လန္႔ဖ်ပ္ၿပီး ေျပးလာၾကလိမ့္မည္။ဒီကိစၥအတြက္ ဘယ္သူ႔ကိုေမးၿပီး ဘယ္သူ႔ကိုေျပာျပသင့္လဲဆိုတာ မိုးရိပ္မေဝခြဲတတ္ေပ။အထီးနဲ႔အမ မွာ အမ ကသာ မ်ိဳးဆက္ျပန္႔ပြားႏိုင္ေၾကာင္း စာေတြ႔အေနျဖင့္သိထားေပမဲ့ ေရနဂါးေတာင္အထီးကကိုယ္ဝန္ေဆာင္ေသးတာပဲမို႔ ပါးပါးက မိုးရိပ္ကိုေမြးတယ္ဆိုတာေရာ မျဖစ္ႏိူင္စရာမ႐ွိဘူး မဟုတ္လား။

#

ညက ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္တာမို႔ မနက္က် အိပ္ရာထေနာက္က်ၿပီး ပါးပါး ျပင္ေပးသည့္ မနက္စာေတာင္ ကတိုက္က႐ိုက္ စားရသည္။ေဖကလည္း ေက်ာင္းေနာက္က်သည့္ကိစၥျဖင့္ ဆူခ်င္ေသး၏။ေဖကေလ နဂိုအသံကိုကမာတဲ့ဘက္သြားၿပီး ေဖညင္ညင္သာသာေျပာတာဆိုလို႔ပါးပါးတစ္ေယာက္ကိုသာ႐ွိသည္။တစ္ဦးတည္းေသာအဖိုးကိုေတာင္ သူလိုကိုယ္လိုေလသံနဲ႔ပဲ ေျပာတတ္ေသာသူ။

ေက်ာင္းခန္းထဲခပ္သုတ္သုတ္လွမ္းဝင္မိကာမွ ဘာကိုခလုတ္တိုက္လိုက္မွန္းမသိဘဲ ဗိုင္းခနဲ ပစ္လဲေတာ့သည္။ေျခေထာက္ေအာက္ကအရာကို ၾကည့္မိမွ သစ္သားတန္းတစ္ခု။

"ဟာ..sorry...sorry ကိုယ္ေတာင္းပန္တယ္ေနာ္။ကိုယ္ခုနက ခံုေရြ႔ရင္း ဒါျပဳတ္က်ခဲ့တာကို ျပန္ေကာက္ဖို႔ေမ့သြားတာ။ထ ထ ကိုယ္ထူေပးမယ္''

မိုးရိပ္ သံုးႏႈန္းပံုႏွင့္  ဆင္တူစြာ ကိုယ္လို႔ ေျပာဆိုလာသည့္ လူကို ေမာ့ၾကည့္ေတာ့ ဒီႏွစ္မွ ေက်ာင္းကို ေျပာင္းလာသည့္ ေက်ာင္းသားသစ္။သတိမထားမိတာမို့ နာမည္ေတာင္ ေသခ်ာမသိ။သူကမ္းေပးတဲ့လက္ကို မကိုင္ဘဲ ကိုယ့္ဘာကိုယ္ အားယူထလိုက္ၿပီး စကတ္ကိုလည္း အကုန္အစင္ျပန္ခါရေသးသည္။အိမ္မွာက အဝတ္ေတြကိုပါးပါးပဲေလ်ွာ္တာမို႔ မေတာ္မတရားေပက်ံလာလ်ွင္ ေဖကမႀကိဳက္။ပါးပါးက မေတာ္တဆထိခိုက္ထားသူမို႔ လက္ကေလးေတြမေကာင္းတာမိုးရိပ္လည္းသိေနပါသည္၊

"ဘယ္နား နာသြားလဲ။ကိုယ္ ဘာလုပ္ေပးရမလဲ''

ခႏၶာကိုယ္ကို လွည့္ပတ္ၾကည့္ရင္း အမွန္တကယ္ကို စိုးရိမ္ေနသည့္ အမူအရာေၾကာင့္ ျပံဳးျပလိုက္ရင္း ေျခေတြလက္ေတြကိုပါ လႈပ္႐ွားျပလိုက္သည္။

"ဘာမွမျဖစ္ပါဘူး။ဒီမွာ တံေတာင္ေလးပဲနည္းနည္းပြန္းတာ။ထားလိုက္...ကိုယ္ကမိန္းကေလးေပမဲ့ အဲ့ေလာက္မေပ်ာ့ဘူး''

"ဘယ္ေပ်ာ့ပါ့မလဲ....ေယာက်ာ္းႏွစ္ေယာက္ ေပါင္းၿပီး ေမြးထားတဲ့ မိန္းမပဲဟာ...''

ခနဲ႔တဲ့တဲ့ေလသံႏွင့္အတူ မိုးရိပ္တို႔အနားေရာက္လာၿပီး ေက်ာင္းသားသစ္ရဲ႕လက္ေမာင္းကို ဟန္ပါပါခ်ိတ္ကိုင္ထားသူက ထိပ္ကြဲမ။နာမည္အရင္းကေတာ့ေမဘရဏီေသာ္ဇင္ဆိုေပမဲ့ မိုးရိပ္ရဲ႕သံေပတံေၾကာင့္ ထပ္ကြဲထားသူမို႔ ထိပ္ကြဲမလို႔ ကိုယ့္ဘာကိုယ္ေျပာင္းေခၚထားျခင္းျဖစ္၏။ ပါးပါးကိုသနားစိတ္ေၾကာင့္ ထိုတစ္ခါကိစၥၿပီးကတည္းက မည္သူနဲ႔မွ ထပ္ျပသနာမတက္ေအာင္ ေနခဲ့သည့္တိုင္ ယခုလိုသူစိမ္းတစ္ေယာက္ေ႐ွ႕ လာၿပီးေစာ္ကားေနတာမ်ိဳးေတာ့အမွန္တကယ္ကိုသည္းမခံခ်င္။

"လာပါ...ထည္ဝါရယ္။သူ႔ကို အဖက္လုပ္မေနနဲ႔...သူ႔မွာ အေမလည္း မ႐ွိဘဲ ဘယ္ဥက ေပါက္တယ္မသိဘူး။ဖေအ ႏွစ္ေယာက္နဲ႔ေလ''

ထည္ဝါလို႔ အမည္တြင္တဲ့ ေကာင္ေလးက ထိုထိပ္ကြဲမဆြဲေခၚရာေနာက္ တရြတ္တိုက္ ပါသြားေလၿပီ။ဟက္။.ေယာက်ာ္းေလးတစ္ေယာက္ျဖစ္ၿပီး ဒီလို ႏွံျပည္စုတ္ ဆြဲေခၚတာမ်ား ပါသြားရတယ္လို႔။

အတန္းထဲ ျပန္ဝင္ထိုင္ၿပီးခဏေနေတာ့ တီခ်ယ္ဝင္လာသလို ေနာက္ကေန ထိပ္ကြဲမႏွင့္ ထည္ဝါလည္း ပါလာေလသည္။ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဥာဏ္ေကာင္းသေလာက္ နာမည္ေတြ မွတ္ဖို႔ဆို အလိုလို မိႈတက္ေနသည့္ဦးေႏွာက္က ဒီနာမည္က် တန္းခနဲမွတ္မိေနပါေရာလား။ထည္ဝါ့ဆီလွမ္းၾကည့္မိဆဲ မ်က္ေစာင္းတခဲခဲလာလုပ္ေနသည့္ထိပ္ကြဲမေၾကာင့္ အကုသိုလ္လည္းထပ္မတက္ခ်င္၍ အၾကည့္ေတြသာ လႊဲပစ္လိုက္ေတာ့သည္။

ေက်ာင္းစဖြင့္ကတည္းကေရာက္လာတာဆိုေပမဲ့ အတန္းမ်က္ေစာင္းထိုးကိုေတာင္ လွည့္မၾကည့္ခဲ့ဖူးေပ။ပါးပါးကဲ့သိဳ့အသားအရည္ျဖဴစပ္စပ္ကိုပိုင္ဆိုင္ထားၿပီး နက္ေမွာင္ေနသည့္ဆံသားတို႔ကိုေတာ့ေသသပ္ေနေအာင္ၿဖီးသင္ထားသည္မို႔ အင္မတန္ကို ၾကည့္လို႔ေကာင္းသည့္ ျမန္မာေကာင္ေလး။ဒီေက်ာင္းမွာက ဆံပင္အနက္နဲ႔ေက်ာင္းသားက ခပ္႐ွား႐ွားေလ။မိုးရိပ္ေတာင္ ေဖ့အေမြေၾကာင့္ ဆံပင္ကနဂိုညိဳေနၿပီး ေဆးမဆိုးျဖစ္ခဲ့တာမဟုတ္လား။

ေသသပ္ေနသည့္အဝတ္အစားနဲ႔အျပင္အဆင္ကိုၾကည့္လ်ွင္ သူ႔အိမ္က မည္မ်ွစည္းကမ္းႀကီးေၾကာင္းခန္႔မွန္းႏိုင္သည္။ေမးေထာက္ထားသည့္လက္တစ္ဖက္ဆီမွ စိမ္းျမေနသည့္အေၾကာမ်ွင္မ်ားက ၁၄ႏွစ္ဆိုေသာ အသက္အရြယ္နဲ႔ပင္မလိုက္ဖက္ခ်င္။မ်က္ႏွာျဖဴမ်ားၾကား ျမန္မာေကာင္ေလးကိုခန္႔ခန္႔ညားညားျမင္ေနရျခင္းအေပၚ မိုးရိပ္ ေတာ္ေတာ္ကိုဂုဏ္ယူေနမိ၏။ေငးၾကည့္ေနဆဲမွာပင္ ထည္ဝါ့ရဲ႕မ်က္ႏွာေျပေျပက မိုးရိပ္ဘက္လွည့္လာၿပီး ျပံဳးျပေလသည္။

ခန္႔ညားရံုမကဘဲ မိုးရိပ္သိပ္သေဘာက်သည့္ပါးခ်ိဳင့္ေလးကလည္း သူ႔ပါးျပင္ထက္ ထင္းလို႔ပါလား။ေယာင္အေနၿပီးျပန္ျပံဳးျပဖို႔ရာေမ့ေနခဲ့သည္မို႔ ထည္ဝါ့အၾကည့္ေတြ တီခ်ယ္ဆီျပန္ေရာက္သြားေလၿပီ။မိုးရိပ္လည္းပဲ ေယာက်ာ္းတစ္ေယာက္အေပၚ ပထမဆံုးေငးမိျခင္းမို႔ ကိုယ့္ဘာကိုယ္ေတြးရင္း ႐ွက္စိတ္ေတြက ခႏၶာကိုယ္တစ္ခုလံုးေတာင္ ေအးစက္သြားေတာ့မလိုပင္။

စာေတြစိတ္ဝင္စားရင္တျခားဘာမွမသိေတာ့သည့္ မိုးရိပ္ထံုးစံအတိုင္း ထမင္းစားဆင္းသည့္အထိ ထည္ဝါ့ကိုသတိမရေတာ့ေပ။ထမင္းစားခ်ိန္မွာလည္း ပါးပါးနဲ႔ေဖကလြဲလ်ွင္သူစိမ္းႏွင့္အတူစားတတ္သည့္အက်င့္မ႐ွိသလို ေပါင္းသည့္သူငယ္ခ်င္းထဲလည္းထမင္းဟင္းစားသူကမပါေတာ့ အျမဲလိုလိုမိုးရိပ္တစ္ေယာက္တည္းပင္စားျဖစ္သည္။

"ကိုယ္...လာထိုင္လို႔ရမလား''

အသံႏွင့္အတူ မိုးရိပ္ကို အုပ္မိုးၿပီးၾကည့္လာသူက ထည္ဝါ။ေတာင့္ခနဲေအးစက္သြားေပမဲ့ ဟန္ကိုယ္ဖို႔ထိန္းရင္း ေခါင္းညိတ္ျပလိုက္သည္။

"ကိုယ္က ထမင္းနဲ႔ဟင္းပဲ စားတတ္တာေနာ္''

မိုးရိပ္ေျပာေသာစကားကို သူကေတာ့ ခပ္ျပံဳးျပံဳးသာ တံု႔ျပန္သည္။

"ဪ..ကိုယ္လည္း ထမင္းနဲ႔ဟင္းပါပဲ။ဟိုက ကိုယ့္သူငယ္ခ်င္းေတြက ၾကက္ဥတို႔ ေပါင္မုန္႔တို႔ပဲ ထည့္လာတာဆိုေတာ့ ကိုယ္ စားဖို႔ အေဖာ္မ႐ွိလို႔''

အရင္ရက္ေတြက ဘယ္လိုစားလဲလို႔ေမးခ်င္ေပမဲ့ မေမးမိခဲ့ေပ။သူလည္း ျမန္မာတစ္ေယာက္ပဲဆိုေတာ့ ထမင္းစားေဖာ္ရသြားတာေပါ့။

"ဟာ...ထည္ဝါ။ဘာလို႔ ဒီမွာလာစားေနတာလဲ။တို႔နဲ႔လာစားေလ။တို႔ေမေမက ထည္ဝါ့အတြက္ပါဟင္းေတြပိုထည့္ေပးလိုက္တာ။သိတယ္မဟုတ္လား။တို႔ေမေမက သိပ္ဟင္းခ်က္ေကာင္းတာေလ။တခ်ိဳ႕တခ်ိဳ႕ကေတာ့ေလ အေမဆိုတာဘာမွန္းမသိေတာ့ ထမင္းဟင္းထည့္လာေပမဲ့ ခ်ိဳင့္ဆြဲစားေနရတာထင္ပါရဲ႕''

အရည္မရ အဖက္မရ စကားေတြကို ျပန္ၿပီးမတံု႔ျပန္လိုေပ။ပါးပါး ဘယ္ေလာက္ဟင္းခ်က္ေကာင္းတယ္ဆိုတာလည္း ေလကုန္ခံႂကြားေနစရာမွမလိုဘဲ။မိုးရိပ္က စားလကိစကို ငံု႔စားေနသည့္တိုင္ ထည္ဝါကေတာ့ ခ်ိဳင့္ေလးကိုျပန္ပိတ္လို႔ ထိပ္ကြဲမေနာက္လိုက္သြားေလၿပီ။အနံ႔ခံအာရံုထဲက ခပ္သင္းသင္းအနံ႔ေလးေပ်ာက္သြားၿပီးသည့္ေနာက္ အျမဲစားေနသည့္ထမင္းနဲ႔ဟင္းကေတာင္ အရသာမေပၚေတာ့သလိုပင္။

#
ကုမၼဏီမွာ အေရးတႀကီး အစည္းအေဝး႐ွိလို႔ အရင္ေရာက္ေနက်ထက္ ၁၀မိနစ္ေလာက္ ေနာက္က်မည္ျဖစ္ေၾကာင္း ေဖ့ဆီမွ စာပို႔ထားေလသည္။ေဖက အျမဲႀကိဳေရာက္ေနက်မို႔ ေနာက္က်မယ္ဆိုလည္း ကြက္တိေလာက္သာ ျဖစ္လိမ့္မည္။ေက်ာင္းျပင္မွာ မရပ္ေစာင့္စဖူးရပ္ေနရေတာ့ မျမင္ဖူးသည့္ျမင္ကြင္းေတြလည္းျမင္ေနရသည္။လာႀကိဳသည့္ကားေတြ၊မိဘေတြကိုဘာရယ္မဟုတ္ လိုက္ၾကည့္ေနမိရင္း ပါးပါးတစ္ခါေလာက္လာႀကိဳရင္ေကာင္းမွာပဲဟု စိတ္ထဲအေတြးေရာက္မိ၏။

"မိုးရိပ္တည္ၾကည္''

အသံလာရာကိုလွည့္ၾကည့္ေတာ့ ေက်ာပိုးအိတ္ကိုတေစာင္းလြယ္ရင္း မိုးရိပ္ဆီေလ်ွာက္လာေနေသာထည္ဝါ။အရင္ဆို မိုးရိပၠ အေစာဆံုးျပန္ႏွင့္တာမို႔ အိမ္ျပန္ခ်ိန္ကိုတစ္ခါမွမၾကံဳဖူးခဲ့ေပ။

"လာမႀကိဳေသးဘူးလား...အရင္ဆို ကိုယ္ထြက္လာရင္ မင္းရဲ႕ကားက ထြက္သြားၿပီေလ''

ထည္ဝါ စကားေျပာတာကေလ သိပ္ကိုလူႀကီးဆန္ၿပီး ေလသံကလည္း နားေထာင္ရတာအေတာ္ပင္ ေျပျပစ္သည္။အမ်ားစုက နင္နဲ႔ငါလို႔ သံုးႏႈန္းၾကေပမဲ့ ထည္ဝါကေတာ့သူ႔ကိုယ္သူလူႀကီးတစ္ေယာက္လိုပင္။အင္းေလ။မိုးရိပ္ကေရာ ဘာထူးလို႔လဲ။အျမင္ကတ္တဲ့သူနဲ႔ဆိုရင္သာ နင္နဲ႔ငါလို႔သံုးၿပီး ရင့္သီးပစ္လိုက္တာေလ။

"ဟုတ္တယ္။ဒီေန႔ ကိုယ့္အေဖ အလုပ္နည္းနည္း႐ွိလို႔''

"ဪ..ဒါဆို ကိုယ္ကူေစာင့္ေပးမယ္ေလ။မင္း တစ္ေယာက္တည္း ျဖစ္ေနလိမ့္မယ္''

ထည္ဝါရဲ႕ စကားကို ျငင္းထုတ္လိုက္ခ်င္ေပမဲ့ ႏူတ္ခမ္းတစ္စံုက အာေစးမိေနသလိုလို။ထည္ဝါကေတာ့ မိုးရိပ္ေဘးမွာ ယွဥ္ကာရပ္ရင္း တစ္စီးၿပီးတစ္စီးဝင္လာသည့္ကားမ်ားကို လိုက္ၾကည့္ေပးေနေလ၏။

"ဟိတ္...ထည္ဝါ'

လာျပန္ၿပီ ထိပ္ကြဲမ။ထည္ဝါ့ေနာက္ကို ကပ္ပါးလိုလိုက္ကပ္ၿပီး တဝါတည္းဝါေနေသာခြၽဲပ်စ္ပ်စ္ေလသံကို မိုးရိပ္ တကယ္မုန္း၏။

"မျပန္ေသးဘူးလား...ကားလာမႀကိဳတာဆိုရင္ တို႔နဲ႔အတူျပန္ေလ။ဟိုမွာတို႔ကားလာေနၿပီ''

မိုးရိပ္နားမွာ ထည္ဝါ႐ွိတိုင္း အသည္းအသန္ကို လာေခၚတတ္သည္က သူ႔ရဲ႕လုပ္႐ိုးလုပ္စဥ္။ယခုလည္း ထိုမိန္းမေခၚရာေနာက္ ထည္ဝါကေကာက္ေကာက္ပါသြားဦးမွာမို႔ မသိသလိုသာေနလိုက္ၿပီး ေဖ့ကားကိုသာ လိုက္ၾကည့္ေနလိုက္သည္။

"ငါ...မလိုက္ဘူး။နင္ သြားႏွင့္လိုက္ေတာ့''

ေမ်ွာ္လင့္မထားသည့္ ထည္ဝါ့ႏူတ္ကျငင္းဆိုသံေၾကာင့္ မိုးရိပ္ပင္ အံ႔အားသင့္မိသည္။ထိပ္ကြဲမကေတာ့ ေျခႏွစ္ဖက္ကို ေဆာင့္ေအာင့္ၿပီး တက္တေခါက္ေခါက္ျဖင့္ ထြက္သြားေလၿပီ။

"ဘာလို႔ လိုက္မသြားတာလဲ''

သိခ်င္တာဆို ေအာင့္အည္းမေနတတ္တာ မိုးရိပ္အက်င့္ျဖစ္သည္။မိုးရိပ္ရဲ႕အေမးကို ခ်က္ခ်င္းျပန္မေျဖဘဲ ျပံဳးၿပီးၾကည့္ေနေသး၏။ၿပီးမွ...

"ဟိုရက္က ကိုယ္သူ႔ဆီက သိခ်င္တာေလး႐ွိေနလို႔ လိုက္သြားတာ။ခုကေတာ့ မလိုေတာ့ဘူးေလ။သူနဲ႔ကိုယ္ မေပါင္းခ်င္ဘူး''

ထည္ဝါ့ရဲ႕အေျဖစကားကို မိုးရိပ္အလိုမက်ေပ။ထည္ဝါက လူတစ္ေယာက္အေပၚလိုမွ ေပါင္းတတ္သူလား။

"ဟို...ကိုယ့္ကို တစ္မ်ိဳးမထင္နဲ႔ေနာ္..ကိုယ္က လိုမွေပါင္းတတ္တာမဟုတ္ပါဘူး။သူလို လူမ်ိဳးက ေပါင္းဖို႔လိုမွ ေပါင္းသင့္တဲ့ လူမ်ိဳးမို႔လို႔ေလ။မင္းက ကိုယ့္ထက္ပိုသိမွာပါ သူ႔အေၾကာင္းကို၊ျပီးေတာ့.မင္းနဲ႔ အဆင္မေျပတဲ့လူနဲ႔ ကိုယ္ အေပါင္းအသင္း မလုပ္ခ်င္ဘူး...''

မိုးရိပ္ ေတြးေနတာကို တန္းခနဲ သိၿပီး ေျဖ႐ွင္းခ်က္ အလ်င္အျမန္ေပးေပမဲ့ ဒီေျဖ႐ွင္းမႈကပဲ မိုးရိပ္ကို ေခါင္းပို႐ႈပ္ေစသည္၊မိုးရိပ္နဲ႔အဆင္မေျပလို႔ မေပါင္းတာဆိုေတာ့...

"ကိုယ္...မင္းနဲ႔ခင္ခ်င္တယ္ ရမလား''

အတန္းထဲ ႐ွိတဲ့ ျမန္မာေတာ္ေတာ္မ်ားမ်ားက မိုးရိပ္ကိုဆို လူရာမသြင္းၾကသလို သူငယ္ခ်င္းအျဖစ္လည္းမေပါင္းၾကေပ။ထည္ဝါကေရာ အေၾကာင္းစံုမသိေသးလို႔မ်ားလား..။

"မင္းမွာ အေဖႏွစ္ေယာက္႐ွိတာလည္း ကိုယ္သိတယ္။အတန္းထဲက ျမန္မာေတြက မင္းကိုမေပါင္းတာလည္း ကိုယ္သိတယ္။ကိုယ့္အတြက္က မင္းေနာက္ခံထက္ မင္းကိုပဲ ပိုၿပီးစိတ္ဝင္စားတယ္၊ၿပီးေတာ့ သူမ်ားေျပာတာကိုလည္း အာရံုမစိုက္ပါနဲ႔၊မင္းမွာအေဖႏွစ္ေယာက္႐ွိေနတာက ခ်ိဳ႕ယြင္းခ်က္မဟုတ္ဘူးေလ။မင္းရဲ႕အျပဳအမူ၊အေျပာအဆိုကိုၾကည့္ရင္ မင္းအေဖႏွစ္ေယာက္က ပံုမွန္မိဘေတြထက္သာေအာင္ကို ျပဳစုပ်ိဴးေထာင္ေပးထားတယ္ဆိုတာ အသိသာႀကီးပါကြ။အဲ...ကိုယ္စကားေျပာတာ စကားႀကီးစကားက်ယ္ျဖစ္သြားလားမသိ၊ကိုယ္က မင္းထက္ေတာ့ တစ္ႏွစ္ပိုႀကီးလိမ့္မယ္။ဟိုနဲ႔ဒီေက်ာင္းအေျပာင္းမွာ အခ်ိန္ဟသြားလို႔ေလ''

၁ႏွစ္ေလာက္ႀကီးရံုေလးနဲ႔ လူႀကီးတစ္ေယာက္လို ေျပာဆို ဆက္ဆံသြားသည့္ ထည္ဝါ့ကို အံ႔ၾသတႀကီးနဲ႔သာ ၾကည့္ေနမိေတာ့၏။အေမ မ႐ွိျခင္းအေပၚ လူတကာက အျပစ္တစ္ခုလိုျမင္ေနခ်ိန္ ထည္ဝါကေတာ့ ဒါေတြအေရးမႀကီးဘူးတဲ့လား။သူစိမ္းတစ္ေယာက္ဆီမွ ပထမဆံုးရခဲ့ေသာအားအင္တစ္ခုပါေပ။

"ဟိုမွာ..မင္းရဲ႕ ေဖ မဟုတ္လား''

ထည္ဝါက ေကြ႔ဝင္လာသည့္ ကားကို လွမ္းၫႊန္ျပၿပီး ေမာင္းလာသည့္ ေဖကိုပင္ ေခါင္းငံု႔ကာ ႏူတ္ဆက္လိုက္ေသးသည္။ၿပီးမွ သူမကို လက္ျပကာ ကားလမ္းတစ္ဖက္မွာ ရပ္ထားသည့္ ကားျဖဴေလးေပၚ တက္သြားေလေတာ့၏၊။ဒီ ကားျဖဴေလးက ေရာက္ေနတာၾကာၿပီေလ။ဒါကို မျပန္ေသးဘဲ မိုးရိပ္ကို တမင္ေစာင့္ေပးသြားတာလား။ကားေပၚတက္ၿပီး လိုက္လာေပမဲ့ ထည္ဝါေျပာသြားသည့္ စကားေတြကေတာ့ နားထဲ တဝဲလည္လည္။ဒီအေတာအတြင္း မိုးရိပ္ အေၾကာင္းေတြကို ေလ့လာေနခဲ့တာလား ဆိုသည့္ အေတြးေၾကာင့္ ၾကက္သီးပါးပါးေလးပင္ ခႏၶာကိုယ္ထက္ ျဖတ္ေျပးသြားရေတာ့သည္၊

#

Unicode

ခါတိုင်းဆို နွားနို့သောက်ပြီးသည်နဲ့ အိပ်ပျော်သွားပေမဲ့ ဒီနေ့မှ မျက်စိကကျယ်နေလေသည်။ပေပြီးအိပ်မရသည့်အဆုံး အခန်းမီးထဖွင့်ပြီး ကုတင်ပေါ်ဒီအတိုင်းလှဲနေလိုက်၏။အရင်က ဒီအခန်းကို ပါးပါးသုံးခဲ့ကြောင်း နံရံထက္က ပုံရိပ်အချို့ကိုကြည့်လျှင်သိနိုင်သည်။ဒီအခန်းကို မိုးရိပ်အတွက်ပေးခဲ့ပေမဲ့ အခန်းပြင်ဆင်ဖို့တော့ ဖေကခွင့်မပြုခဲ့သလို မိုးရိပ်ကလည်း ပါးပါးရဲ့ပုံရိပ်တွေကိုမဖယ်ရှားပစ်လိုပေ။

နံရံထက်မှာဝင့်ဝင့်ထည်ထည်နေရာယူထားသည်က ပါးပါးနှင့်ဖေ့ပုံ။ပါးပါးက အတော်ပင် ငယ်သေးပုံရပြီး အဖြူအစိမ်းယူနီဖောင်းကိုဝတ်ဆင်ထားကာ လက်ထဲမှာလည်း ဆုတံဆိပ်အကြီးကြီးကို ကိုင်ထားသေးသည်။မိုးရိပ်သိတတ်စကတည်းက နဖူးပေါ်ဆံပင်တွေအုပ်မိုးချထားတတ်သည့်ပါးပါးက ပုံထဲမှာတော့ ဆံပင်တိုကပ်ကပ်ကို သေသပ်နေအောင်ဖြီးထားလေသည်၊ဖေ့က်ိုကြည့်ဦး။လက်ရှိမှာဆံပင်အပြောင်သိမ်းပြီးနေတတ်သည့်ဖေက ပုံထဲမှာတော့လူငယ်လေးတစ်ယောက်လို့ ဆံပင်အနည်းငယ် နဖူးထက်ဝဲလျက်၊

ပါးပါးဆယ်တန်းအောင်တော့ ဘာသာစုံဂုဏ်ထူးရတာတောင် ဆုအတူယူပေးမဲ့မိဘမရှိလို့ ဖေကလိုက်ပေးခဲ့ရတာတဲ့လေ။ပုံထဲမှာ ဖေရောပါးပါးရောပြုံးနေပြီး ဖေ့ရဲ့လက်လေးတစ်ဖက်က ပါးပခုံးပေါ် သိုင်းတင်ထားသေးသည်၊နှစ်တွေကြာခဲ့ပါပြီ။သို့ပေမဲ့ ဖေနဲ့ပါးပါးရဲ့ အပြုံးတွေက ယခုထက်တိုင် ထိုနေ့ထိုရက်ကလို ကြည်နူးစရာကောင်းနေဆဲ။ဖေနဲ့ပါးပါးဆီကနေ ကောင်းတဲ့အချက်မှန်သမျှကို မိုးရိပ္က အပြည့်အဝရထားပုံပင်။

ပါးကေလ ခွေးလည်းချစ်တယ်ထင်ပါရဲ့။နံရံထက်မှာအမွှေးပွခွေးလေးတွေရဲ့ပုံတွေကလည်း အများကြီး။ခွေးဆိုမှ..ဒီနေ့ကျောင်းမှာမိုးရိပ်ကြုံခဲ့တာကို သတိရမိသည်။ကျောင်းရဲ့အနောက်ဆောင်ထဲမှာ ခွေးသားပေါက်တယ်ဆိုလို့ မိုးရိပ်နဲ့မျက်နှာဖြူသူငယ်ချင်းအချို့ သွားချောင်းကြည့်ကြတာ တီချယ်သိတော့ အကုန်လုံးတန်းစီပြီးအဆူခံရပါလေရော။ခွေးမကြီးက သားဆိပ်တက်နေတာမို့ လူကိုက်တတ်တယ်ဆိုသော စကားကိုနားမဝင်ဘဲ ခပ်လှမ်းလှမ်းမှာထိုင်နေသည့်ခွေးထီးကြီးကလေးမွေးမမွေးကိုသာ မိုးရိပ်သိချင်သည်။

သိချင်တဲ့အတိုင်းမေးမိတော့ တီချယ်ကရယ်ပြီး ခွေးဖြစ်ဖြစ်ကြောင်ဖြစ်ဖြစ်လူဖြစ်ဖြစ် အေမေတြကပဲ ကလေးမွေးနိုင်တာတဲ့လေ။ဒီစကားကို မိုးရိပ်လက်မခံနိုင်ပေ။မိုးရိပ်မှာအမေမရှိသလို မိုးရိပ်ကိုမွေးပေးထားတာကလည်း ယောကျာ်းလေးဖြစ်တဲ့ပါးပါးကလေ။တီချယ်နဲ့အပြိုင်ငြင်းနေမိပြီး မိုးရိပ်ရဲ့အတန်းပိုင်ရောက်လာကာမှ ငြင်းခုံမှုကအဆုံးသတ်သည်။မိုးရိပ်ဘက်ကနေကူပြီး ဝင်ပြောသွားသည့်တိုင် ထိုကိစ္စက မိုးရိပ်ရင်ထဲခုထိမတင်မကျ။ကျောင်းမှာလူပေါင်း၁၀၀ရှိရင် မိုးရိပ်လိုလူမျိုးက ဘာကြောင့်လက်ချိုးရေစရာတောင်မရှိရသလဲ။

မွေးစားထားတာပါလို့ပြောရအောင်လည်း မိုးရိပ်မှာဖေနဲ့ပါးပါးကိုမတူတဲ့အချက်က ရှိမှမရှိတာပဲလေ။ပြီးတော့ မိုးရိပ္ဆို ဘယ်လောက်တောင် ချစ်ကြသလဲ မိုးရိပ်မသိတာမှမဟုတ်။

"အား.....''

စိတ်ထဲညစ်ညူးစွာဖြင့် နားကိုပိတ္ကာ အော်ဟစ်မိပေမဲ့အသံတော့သိပ်မထွက်ရဲ။ဒီအချိန်ဆို ဖေရောပါးပါးရောအိပ်နေပြီမို့ မိုးရိပ်အော်သံကြားလျှင် လန့်ဖျပ်ပြီး ပြေးလာကြလိမ့်မည်။ဒီကိစ္စအတွက် ဘယ်သူ့ကိုမေးပြီး ဘယ်သူ့ကိုပြောပြသင့်လဲဆိုတာ မိုးရိပ်မဝေခွဲတတ်ပေ။အထီးနဲ့အမ မွာ အမ ကသာ မျိုးဆက်ပြန့်ပွားနိုင်ကြောင်း စာတွေ့အနေဖြင့်သိထားပေမဲ့ ရေနဂါးတောင်အထီးကကိုယ်ဝန်ဆောင်သေးတာပဲမို့ ပါးပါးက မိုးရိပ်ကိုမွေးတယ်ဆိုတာရော မဖြစ်နိူင်စရာမရှိဘူး မဟုတ္လား။

#

ညက တော်တော်နဲ့ အိပ်မပျော်တာမို့ မနက္က် အိပ်ရာထနောက်ကျပြီး ပါးပါး ပြင်ပေးသည့် မနက်စာတောင် ကတိုက်ကရိုက် စားရသည်။ဖေကလည်း ကျောင်းနောက်ကျသည့်ကိစ္စဖြင့် ဆူချင်သေး၏။ဖေကလေ နဂိုအသံကိုကမာတဲ့ဘက်သွားပြီး ဖေညင်ညင်သာသာပြောတာဆိုလို့ပါးပါးတစ်ယောက်ကိုသာရှိသည်။တစ်ဦးတည်းသောအဖိုးကိုတောင် သူလိုကိုယ်လိုလေသံနဲ့ပဲ ပြောတတ်သောသူ။

ကျောင်းခန်းထဲခပ်သုတ်သုတ်လှမ်းဝင်မိကာမှ ဘာကိုခလုတ်တိုက်လိုက်မှန်းမသိဘဲ ဗိုင်းခနဲ ပစ်လဲတော့သည်။ခြေထောက်အောက်ကအရာကို ကြည့်မိမှ သစ်သားတန်းတစ်ခု။

"ဟာ..sorry...sorry ကိုယ်တောင်းပန်တယ်နော်။ကိုယ်ခုနက ခုံရွေ့ရင်း ဒါပြုတ်ကျခဲ့တာကို ပြန်ကောက်ဖို့မေ့သွားတာ။ထ ထ ကိုယ်ထူပေးမယ်''

မိုးရိပ် သုံးနှုန်းပုံနှင့်  ဆင်တူစွာ ကိုယ်လို့ ပြောဆိုလာသည့် လူကို မော့ကြည့်တော့ ဒီနှစ်မှ ကျောင်းကို ပြောင်းလာသည့် ကျောင်းသားသစ်။သတိမထားမိတာမို့ နာမည်တောင် သေချာမသိ။သူကမ်းပေးတဲ့လက်ကို မကိုင်ဘဲ ကိုယ့်ဘာကိုယ် အားယူထလိုက်ပြီး စကတ်ကိုလည်း အကုန်အစင်ပြန်ခါရသေးသည်။အိမ်မှာက အဝတ်တွေကိုပါးပါးပဲလျှော်တာမို့ မတော်မတရားပေကျံလာလျှင် ဖေကမကြိုက်။ပါးပါးက မတော်တဆထိခိုက်ထားသူမို့ လက်ကလေးတွေမကောင်းတာမိုးရိပ်လည်းသိနေပါသည်၊

"ဘယ္နား နာသွားလဲ။ကိုယ် ဘာလုပ်ပေးရမလဲ''

ခန္ဓာကိုယ်ကို လှည့်ပတ်ကြည့်ရင်း အမွန္တကယ္ကို စိုးရိမ်နေသည့် အမူအရာကြောင့် ပြုံးပြလိုက်ရင်း ခြေတွေလက်တွေကိုပါ လှုပ်ရှားပြလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ဒီမှာ တံတောင်လေးပဲနည်းနည်းပွန်းတာ။ထားလိုက်...ကိုယ်ကမိန်းကလေးပေမဲ့ အဲ့လောက်မပျော့ဘူး''

"ဘယ်ပျော့ပါ့မလဲ....ယောကျာ်းနှစ်ယောက် ပေါင်းပြီး မွေးထားတဲ့ မိန်းမပဲဟာ...''

ခနဲ့တဲ့တဲ့လေသံနှင့်အတူ မိုးရိပ်တို့အနားရောက်လာပြီး ကျောင်းသားသစ်ရဲ့လက်မောင်းကို ဟန်ပါပါချိတ်ကိုင်ထားသူက ထိပ်ကွဲမ။နာမည်အရင်းကတော့မေဘရဏီသော်ဇင်ဆိုပေမဲ့ မိုးရိပ်ရဲ့သံပေတံကြောင့် ထပ်ကွဲထားသူမို့ ထိပ်ကွဲမလို့ ကိုယ့်ဘာကိုယ်ပြောင်းခေါ်ထားခြင်းဖြစ်၏။ ပါးပါးကိုသနားစိတ်ကြောင့် ထိုတစ်ခါကိစ္စပြီးကတည်းက မည်သူနဲ့မှ ထပ်ပြသနာမတက်အောင် နေခဲ့သည့်တိုင် ယခုလိုသူစိမ်းတစ်ယောက်ရှေ့ လာပြီးစော်ကားနေတာမျိုးတော့အမှန်တကယ်ကိုသည်းမခံချင်။

"လာပါ...ထည်ဝါရယ်။သူ့ကို အဖက်လုပ်မနေနဲ့...သူ့မှာ အမေလည်း မရှိဘဲ ဘယ်ဥက ပေါက်တယ်မသိဘူး။ဖအေ နှစ်ယောက်နဲ့လေ''

ထည်ဝါလို့ အမည်တွင်တဲ့ ကောင်လေးက ထိုထိပ်ကွဲမဆွဲခေါ်ရာနောက် တရွတ်တိုက် ပါသွားလေပြီ။ဟက်။.ယောကျာ်းလေးတစ်ယောက်ဖြစ်ပြီး ဒီလို နှံပြည်စုတ် ဆွဲခေါ်တာများ ပါသွားရတယ်လို့။

အတန်းထဲ ပြန်ဝင်ထိုင်ပြီးခဏနေတော့ တီချယ်ဝင်လာသလို နောက်ကနေ ထိပ်ကွဲမနှင့် ထည်ဝါလည်း ပါလာလေသည်။နေရာတော်တော်များများမှာ ဉာဏ်ကောင်းသလောက် နာမည်တွေ မှတ်ဖို့ဆို အလိုလို မှိုတက်နေသည့်ဦးနှောက်က ဒီနာမည်ကျ တန်းခနဲမှတ်မိနေပါရောလား။ထည်ဝါ့ဆီလှမ်းကြည့်မိဆဲ မျက်စောင်းတခဲခဲလာလုပ်နေသည့်ထိပ်ကွဲမကြောင့် အကုသိုလ်လည်းထပ်မတက်ချင်၍ အကြည့်တွေသာ လွှဲပစ်လိုက်တော့သည်။

ကျောင်းစဖွင့်ကတည်းကရောက်လာတာဆိုပေမဲ့ အတန်းမျက်စောင်းထိုးကိုတောင် လှည့်မကြည့်ခဲ့ဖူးပေ။ပါးပါးကဲ့သို့အသားအရည်ဖြူစပ်စပ်ကိုပိုင်ဆိုင်ထားပြီး နက်မှောင်နေသည့်ဆံသားတို့ကိုတော့သေသပ်နေအောင်ဖြီးသင်ထားသည်မို့ အင်မတန်ကို ကြည့်လို့ကောင်းသည့် မြန်မာကောင်လေး။ဒီကျောင်းမှာက ဆံပင်အနက်နဲ့ကျောင်းသားက ခပ်ရှားရှားလေ။မိုးရိပ်တောင် ဖေ့အမွေကြောင့် ဆံပင်ကနဂိုညိုနေပြီး ဆေးမဆိုးဖြစ်ခဲ့တာမဟုတ်လား။

သေသပ်နေသည့်အဝတ်အစားနဲ့အပြင်အဆင်ကိုကြည့်လျှင် သူ့အိမ်က မည်မျှစည်းကမ်းကြီးကြောင်းခန့်မှန်းနိုင်သည်။မေးထောက်ထားသည့်လက်တစ်ဖက်ဆီမှ စိမ်းမြနေသည့်အကြောမျှင်များက ၁၄နှစ်ဆိုသော အသက်အရွယ်နဲ့ပင်မလိုက်ဖက်ချင်။မျက်နှာဖြူများကြား မြန်မာကောင်လေးကိုခန့်ခန့်ညားညားမြင်နေရခြင်းအပေါ် မိုးရိပ် တော်တော်ကိုဂုဏ်ယူနေမိ၏။ငေးကြည့်နေဆဲမှာပင် ထည်ဝါ့ရဲ့မျက်နှာပြေပြေက မိုးရိပ်ဘက်လှည့်လာပြီး ပြုံးပြလေသည်။

ခန့်ညားရုံမကဘဲ မိုးရိပ်သိပ်သဘောကျသည့်ပါးချိုင့်လေးကလည်း သူ့ပါးပြင်ထက် ထင်းလို့ပါလား။ယောင်အနေပြီးပြန်ပြုံးပြဖို့ရာမေ့နေခဲ့သည်မို့ ထည်ဝါ့အကြည့်တွေ တီချယ်ဆီပြန်ရောက်သွားလေပြီ။မိုးရိပ်လည်းပဲ ယောကျာ်းတစ်ယောက်အပေါ် ပထမဆုံးငေးမိခြင်းမို့ ကိုယ့်ဘာကိုယ်တွေးရင်း ရှက်စိတ်တွေက ခန္ဓာကိုယ်တစ်ခုလုံးတောင် အေးစက်သွားတော့မလိုပင်။

စာတွေစိတ်ဝင်စားရင်တခြားဘာမှမသိတော့သည့် မိုးရိပ်ထုံးစံအတိုင်း ထမင်းစားဆင်းသည့်အထိ ထည်ဝါ့ကိုသတိမရတော့ပေ။ထမင်းစားချိန်မှာလည်း ပါးပါးနဲ့ဖေကလွဲလျှင်သူစိမ်းနှင့်အတူစားတတ်သည့်အကျင့်မရှိသလို ပေါင်းသည့်သူငယ်ချင်းထဲလည်းထမင်းဟင်းစားသူကမပါတော့ အမြဲလိုလိုမိုးရိပ်တစ်ယောက်တည်းပင်စားဖြစ်သည်။

"ကိုယ်...လာထိုင်လို့ရမလား''

အသံနှင့်အတူ မိုးရိပ္ကို အုပ်မိုးပြီးကြည့်လာသူက ထည်ဝါ။တောင့်ခနဲအေးစက်သွားပေမဲ့ ဟန်ကိုယ်ဖို့ထိန်းရင်း ခေါင်းညိတ်ပြလိုက်သည်။

"ကိုယ္က ထမင်းနဲ့ဟင်းပဲ စားတတ်တာနော်''

မိုးရိပ်ပြောသောစကားကို သူကေတာ့ ခပ်ပြုံးပြုံးသာ တုံ့ပြန်သည်။

"ဪ..ကိုယ်လည်း ထမင်းနဲ့ဟင်းပါပဲ။ဟိုက ကိုယ့်သူငယ်ချင်းတွေက ကြက်ဥတို့ ပေါင်မုန့်တို့ပဲ ထည့်လာတာဆိုတော့ ကိုယ် စားဖို့ အဖော်မရှိလို့''

အရင်ရက်တွေက ဘယ်လိုစားလဲလို့မေးချင်ပေမဲ့ မမေးမိခဲ့ပေ။သူလည်း မြန်မာတစ်ယောက်ပဲဆိုတော့ ထမင်းစားဖော်ရသွားတာပေါ့။

"ဟာ...ထည်ဝါ။ဘာလို့ ဒီမှာလာစားနေတာလဲ။တို့နဲ့လာစားလေ။တို့မေမေက ထည်ဝါ့အတွက်ပါဟင်းတွေပိုထည့်ပေးလိုက်တာ။သိတယ်မဟုတ်လား။တို့မေမေက သိပ်ဟင်းချက်ကောင်းတာလေ။တချို့တချို့ကတော့လေ အမေဆိုတာဘာမှန်းမသိတော့ ထမင်းဟင်းထည့်လာပေမဲ့ ချိုင့်ဆွဲစားနေရတာထင်ပါရဲ့''

အရည်မရ အဖက်မရ စကားတွေကို ပြန်ပြီးမတုံ့ပြန်လိုပေ။ပါးပါး ဘယ်လောက်ဟင်းချက်ကောင်းတယ်ဆိုတာလည်း လေကုန်ခံကြွားနေစရာမှမလိုဘဲ။မိုးရိပ်က စားလကိစကို ငုံ့စားနေသည့်တိုင် ထည်ဝါကတော့ ချိုင့်လေးကိုပြန်ပိတ်လို့ ထိပ်ကွဲမနောက်လိုက်သွားလေပြီ။အနံ့ခံအာရုံထဲက ခပ်သင်းသင်းအနံ့လေးပျောက်သွားပြီးသည့်နောက် အမြဲစားနေသည့်ထမင်းနဲ့ဟင်းကတောင် အရသာမပေါ်တော့သလိုပင်။

#
ကုမ္မဏီမှာ အရေးတကြီး အစည်းအဝေးရှိလို့ အရင်ရောက်နေကျထက် ၁၀မိနစ်လောက် နောက်ကျမည်ဖြစ်ကြောင်း ဖေ့ဆီမှ စာပို့ထားလေသည်။ဖေက အမြဲကြိုရောက်နေကျမို့ နောက်ကျမယ်ဆိုလည်း ကွက်တိလောက်သာ ဖြစ်လိမ့်မည်။ကျောင်းပြင်မှာ မရပ်စောင့်စဖူးရပ်နေရတော့ မမြင်ဖူးသည့်မြင်ကွင်းတွေလည်းမြင်နေရသည်။လာကြိုသည့်ကားတွေ၊မိဘတွေကိုဘာရယ်မဟုတ် လိုက်ကြည့်နေမိရင်း ပါးပါးတစ်ခါလောက်လာကြိုရင်ကောင်းမှာပဲဟု စိတ်ထဲအတွေးရောက်မိ၏။

"မိုးရိပ်တည်ကြည်''

အသံလာရာကိုလှည့်ကြည့်တော့ ကျောပိုးအိတ်ကိုတစောင်းလွယ်ရင်း မိုးရိပ်ဆီလျှောက်လာနေသောထည်ဝါ။အရင်ဆို မိုးရိပ္က အစောဆုံးပြန်နှင့်တာမို့ အိမ်ပြန်ချိန်ကိုတစ်ခါမှမကြုံဖူးခဲ့ပေ။

"လာမကြိုသေးဘူးလား...အရင်ဆို ကိုယ်ထွက်လာရင် မင်းရဲ့ကားက ထွက်သွားပြီလေ''

ထည်ဝါ စကားပြောတာကလေ သိပ်ကိုလူကြီးဆန်ပြီး လေသံကလည်း နားထောင်ရတာအတော်ပင် ပြေပြစ်သည်။အများစုက နင်နဲ့ငါလို့ သုံးနှုန်းကြပေမဲ့ ထည်ဝါကတော့သူ့ကိုယ်သူလူကြီးတစ်ယောက်လိုပင်။အင်းလေ။မိုးရိပ်ကရော ဘာထူးလို့လဲ။အမြင်ကတ်တဲ့သူနဲ့ဆိုရင်သာ နင်နဲ့ငါလို့သုံးပြီး ရင့်သီးပစ်လိုက်တာလေ။

"ဟုတ်တယ်။ဒီနေ့ ကိုယ့်အဖေ အလုပ်နည်းနည်းရှိလို့''

"ဪ..ဒါဆို ကိုယ်ကူစောင့်ပေးမယ်လေ။မင်း တစ်ယောက်တည်း ဖြစ်နေလိမ့်မယ်''

ထည်ဝါရဲ့ စကားကို ငြင်းထုတ်လိုက်ချင်ပေမဲ့ နူတ်ခမ်းတစ်စုံက အာစေးမိနေသလိုလို။ထည်ဝါကတော့ မိုးရိပ်ဘေးမှာ ယှဉ်ကာရပ်ရင်း တစ်စီးပြီးတစ်စီးဝင်လာသည့်ကားများကို လိုက်ကြည့်ပေးနေလေ၏။

"ဟိတ်...ထည်ဝါ'

လာပြန်ပြီ ထိပ်ကွဲမ။ထည်ဝါ့နောက်ကို ကပ်ပါးလိုလိုက်ကပ်ပြီး တဝါတည်းဝါနေသောချွဲပျစ်ပျစ်လေသံကို မိုးရိပ် တကယ်မုန်း၏။

"မပြန်သေးဘူးလား...ကားလာမကြိုတာဆိုရင် တို့နဲ့အတူပြန်လေ။ဟိုမှာတို့ကားလာနေပြီ''

မိုးရိပ္နားမွာ ထည်ဝါရှိတိုင်း အသည်းအသန်ကို လာခေါ်တတ်သည်က သူ့ရဲ့လုပ်ရိုးလုပ်စဉ်။ယခုလည်း ထိုမိန်းမခေါ်ရာနောက် ထည်ဝါကကောက်ကောက်ပါသွားဦးမှာမို့ မသိသလိုသာနေလိုက်ပြီး ဖေ့ကားကိုသာ လိုက်ကြည့်နေလိုက်သည်။

"ငါ...မလိုက်ဘူး။နင် သွားနှင့်လိုက်တော့''

မျှော်လင့်မထားသည့် ထည်ဝါ့နူတ်ကငြင်းဆိုသံကြောင့် မိုးရိပ်ပင် အံ့အားသင့်မိသည်။ထိပ်ကွဲမကတော့ ခြေနှစ်ဖက်ကို ဆောင့်အောင့်ပြီး တက်တခေါက်ခေါက်ဖြင့် ထွက်သွားလေပြီ။

"ဘာလို့ လိုက်မသွားတာလဲ''

သိချင်တာဆို အောင့်အည်းမနေတတ်တာ မိုးရိပ်အကျင့်ဖြစ်သည်။မိုးရိပ်ရဲ့အမေးကို ချက်ချင်းပြန်မဖြေဘဲ ပြုံးပြီးကြည့်နေသေး၏။ပြီးမှ...

"ဟိုရက္က ကိုယ်သူ့ဆီက သိချင်တာလေးရှိနေလို့ လိုက္သြားတာ။ခုကေတာ့ မလိုတော့ဘူးလေ။သူနဲ့ကိုယ် မပေါင်းချင်ဘူး''

ထည်ဝါ့ရဲ့အဖြေစကားကို မိုးရိပ်အလိုမကျပေ။ထည်ဝါက လူတစ်ယောက်အပေါ်လိုမှ ပေါင်းတတ်သူလား။

"ဟို...ကိုယ့်ကို တစ်မျိုးမထင်နဲ့နော်..ကိုယ္က လိုမှပေါင်းတတ်တာမဟုတ်ပါဘူး။သူလို လူမျိုးက ပေါင်းဖို့လိုမှ ပေါင်းသင့်တဲ့ လူမျိုးမို့လို့လေ။မင်းက ကိုယ့်ထက်ပိုသိမှာပါ သူ့အကြောင်းကို၊ပြီးတော့.မင်းနဲ့ အဆင်မပြေတဲ့လူနဲ့ ကိုယ် အပေါင်းအသင်း မလုပ်ချင်ဘူး...''

မိုးရိပ် တွေးနေတာကို တန်းခနဲ သိပြီး ဖြေရှင်းချက် အလျင်အမြန်ပေးပေမဲ့ ဒီဖြေရှင်းမှုကပဲ မိုးရိပ္ကို ခေါင်းပိုရှုပ်စေသည်၊မိုးရိပ်နဲ့အဆင်မပြေလို့ မပေါင်းတာဆိုတော့...

"ကိုယ်...မင်းနဲ့ခင်ချင်တယ် ရမလား''

အတန်းထဲ ရှိတဲ့ မြန်မာတော်တော်များများက မိုးရိပ္ကိုဆို လူရာမသွင်းကြသလို သူငယ်ချင်းအဖြစ်လည်းမပေါင်းကြပေ။ထည်ဝါကရော အကြောင်းစုံမသိသေးလို့များလား..။

"မင်းမှာ အဖေနှစ်ယောက်ရှိတာလည်း ကိုယ်သိတယ်။အတန်းထဲက မြန်မာတွေက မင်းကိုမပေါင်းတာလည်း ကိုယ်သိတယ်။ကိုယ့်အတွက်က မင်းနောက်ခံထက် မင်းကိုပဲ ပိုပြီးစိတ်ဝင်စားတယ်၊ပြီးတော့ သူများပြောတာကိုလည်း အာရုံမစိုက်ပါနဲ့၊မင်းမှာအဖေနှစ်ယောက်ရှိနေတာက ချို့ယွင်းချက်မဟုတ်ဘူးလေ။မင်းရဲ့အပြုအမူ၊အပြောအဆိုကိုကြည့်ရင် မင်းအဖေနှစ်ယောက်က ပုံမှန်မိဘတွေထက်သာအောင်ကို ပြုစုပျိူးထောင်ပေးထားတယ်ဆိုတာ အသိသာကြီးပါကွ။အဲ...ကိုယ်စကားပြောတာ စကားကြီးစကားကျယ်ဖြစ်သွားလားမသိ၊ကိုယ်က မင်းထက်တော့ တစ်နှစ်ပိုကြီးလိမ့်မယ်။ဟိုနဲ့ဒီကျောင်းအပြောင်းမှာ အချိန်ဟသွားလို့လေ''

၁နှစ်လောက်ကြီးရုံလေးနဲ့ လူကြီးတစ်ယောက်လို ပြောဆို ဆက်ဆံသွားသည့် ထည်ဝါ့ကို အံ့သြတကြီးနဲ့သာ ကြည့်နေမိတော့၏။အမေ မရှိခြင်းအပေါ် လူတကာက အပြစ်တစ်ခုလိုမြင်နေချိန် ထည်ဝါကတော့ ဒါတွေအရေးမကြီးဘူးတဲ့လား။သူစိမ်းတစ်ယောက်ဆီမှ ပထမဆုံးရခဲ့သောအားအင်တစ်ခုပါပေ။

"ဟိုမွာ..မင်းရဲ့ ဖေ မဟုတ္လား''

ထည်ဝါက ကွေ့ဝင်လာသည့် ကားကို လှမ်းညွှန်ပြပြီး မောင်းလာသည့် ဖေကိုပင် ခေါင်းငုံ့ကာ နူတ်ဆက်လိုက်သေးသည်။ပြီးမှ သူမကို လက်ပြကာ ကားလမ်းတစ်ဖက်မှာ ရပ်ထားသည့် ကားဖြူလေးပေါ် တက်သွားလေတော့၏၊။ဒီ ကားဖြူလေးက ရောက်နေတာကြာပြီလေ။ဒါကို မပြန်သေးဘဲ မိုးရိပ္ကို တမင်စောင့်ပေးသွားတာလား။ကားပေါ်တက်ပြီး လိုက်လာပေမဲ့ ထည်ဝါပြောသွားသည့် စကားတွေကတော့ နားထဲ တဝဲလည်လည်။ဒီအတောအတွင်း မိုးရိပ် အကြောင်းတွေကို လေ့လာနေခဲ့တာလား ဆိုသည့် အတွေးကြောင့် ကြက်သီးပါးပါးလေးပင် ခန္ဓာကိုယ်ထက် ဖြတ်ပြေးသွားရတော့သည်၊

#

Continue Reading

You'll Also Like

221K 13.5K 55
အချစ်ဆိုတာရဲ့နောက်မှာ ပိုင်ဆိုင်ခြင်းဆိုတာက ကပ်ပါလာခဲ့ရင်. . .ကိုယ့်ရဲ့ပိုင်ဆိုင်ခြင်းမှာ မင်းကိုချည်ဖို့ကြိုးတစ်ချောင်းပျောက်နေခဲ့တယ်။ အခ်စ္ဆိုတာရဲ႕...
161K 19.8K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
243K 23.6K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
450K 23.4K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...