Zawgyi
အတန္းေဖာ္ သူငယ္ခ်င္းကို ေပတံေစာင္းျဖင့္ ႐ိုက္လိုက္သည့္ ကိစၥေၾကာင့္ ကိုကို႔ခမ်ာ အလုပ္မအားသည့္ၾကားမွ အေျပးအလြွားလိုက္သြားရျပန္သည္။သမီးကေလ တကယ္ကိုမဟုတ္မခံ။သူ႔ကို စတာေနာက္တာမႀကိဳက္သလို စိတ္မထင္ရင္လည္း တစ္ခုခုတံု႔ျပန္ဖို႔ဝန္မေလးတတ္ေပ။ခုလည္း တစ္ဖက္ကေလးက ဘာမ်ားစေနာက္မိလို႔ ခုေလာက္ထိလုပ္လိုက္သလဲမသိ။အေျခအေနကိုမသိရေသးေတာ့ အိမ္မွာေစာင့္ရင္းကိုယ္တႂကြႂကြ၊ရင္တပူပူ။
ကားသံၾကားၾကားခ်င္း ေျပးထြက္ေတာ့ အေ႐ွ႕ကေနေကာ့ေတာ့ေကာ့ေတာ့ဝင္လာသည့္သမီးက အရိပ္ကိုေျပးဖက္သည္။အေနာက္မွာက သမီးရဲ႕ပစၥည္းမ်ားအျပင္ အလုပ္သြားသည့္လက္ဆြဲအိတ္ကိုပါကိုင္လို႔ ကိုကိုကလိုက္ဝင္လာသည္၊၊သမီးကို ခဏေလးေဘးဖယ္ၿပီး ကိုကို႔ဆီကအထုပ္အပိုးေတြကို ကူသယ္ေပးေတာ့...
"မသယ္ေပးနဲ႔ ပါးပါး..ေဖက မီးကို ဆူတယ္''
ေကာက္ခါငင္ခါ ထေျပာလိုက္သည့္ သမီးေၾကာင့္ ကိုကို႔ မ်က္ႏွာက စူးခနဲ။လက္ထဲကိုင္ထားသည့္အထုပ္ေတြက္ိုအရိပ္ဆီလည္းမေပးဘဲ ဆိုဖာေပၚသာပစ္တင္လိုက္ကာ..
"မိုးရိပ္တည္ၾကည္...လာ...ေဖ့ နားကို...''
ကိုကိုေခၚသံေၾကာင့္ သမီးခႏၶာကိုယ္ေလး မသိမသာတြန္႔သြားေပမဲ့ ေျကာက္ရြ႔ံေနဟန္မျပဘဲ ခပ္တည္တည္ပဲထသြားေလသည္၊ကိုကို႔မ်က္ႏွာကစိတ္ဆိုးေနပံုရတာမို႔ မေတာ္တဆထ႐ိုက္လိုက္မွာလည္းစိုးရ၏။ေတြးသာပူေနေပမဲ့ ဒီေလာက္ထိေတာ့ ကိုကိုမလုပ္ေလာက္ေပ။လုပ္စရာမလိုေအာင္လည္း ကိုကို႔ကိုဆို ေလသံမာရံုျဖင့္သမီးကအလိုလို႐ွိန္ေနၿပီးသားမဟုတ္လား။
"ဘာလို႔ သူမ်ားကိုလုပ္ရတာလဲ''
"မီး ကို လာေျပာလို႔ လုပ္တာ''
"ဘာေတြမ်ား ေျပာလို႔..သမီးက လက္ပါရတာတုန္း..သမီးကို ေမြးထားတာ ပါးစပ္ပါတယ္ေလ..ျပန္ေျပာေပါ့ ''
"ျပန္ေျပာေနဖို႔အထိ သည္းမခံႏိုင္လို႔ ထလုပ္လိုက္တာ''
"ေျပာေနရင္းနဲ႔ေတာင္ ေတာ္ေတာ္စြာေနတယ္ေပါ့။ဖေအေတြက အဲ့လို႐ိုင္းစိုင္းဖို႔သင္ထားေပးတာလား။ဟုတ္လား။ခုၾကည့္စမ္း။လက္မွတ္ေခၚထိုးခိုင္းရံုမကဘူး ဟိုဘက္ကမေက်နပ္မခ်င္းေတာင္းပန္ရဦးမယ္''
ကိုကို႔အသံက ခပ္တင္းတင္းျဖစ္လာသလို သမီးကလည္း မ်က္ႏွာေၾကာက တစ္စက္ေလးေတာင္မေလ်ွာ့။အရင္ဆို ကိုကို႔ေလသံေျပာင္းတာနဲ႔ အမူအရာပ်က္သည့္သမီးကဒီေန႔ေတာ့ သူတင္းကိုယ္တင္းျဖစ္ေနေလသည္။
"ဘာေတြမ်ား သမီးက လုပ္လိုက္လို႔လဲ ကိုကိုရယ္...ဘာျဖစ္သြားလို႔လဲ..''
"သံေပတံေစာင္းနဲ႔ ေခါက္ခ်ပစ္လိုက္တာ..ဂ်ိဳေစာင္းက ဟက္တက္ကြဲၿပီး ၂ခ်က္ ခ်ဳပ္ရတယ္။''
အမယ္ေလး။လက္သံ ေျပာင္လိုက္တာ။ဒီေသြးက ဘယ္ကေသြးလဲ။အရိပ္ကေတာ့ ဒီေလာက္ထိလက္မရဲတာအမွန္ပါ။ဒီလိုေနရာက် သူ႔အေဖစိတ္ကို တေသြမတိမ္းသြားတူေနပါေရာ့လား။
"သမီး သည္းမခံႏိုင္ေအာင္ ဘာေတြ လုပ္လိုက္လဲမွ မသိတာ။သမီးကိုခ်ည္း ဖိဆူမေနပါနဲ႔။အက်ိဳးသင့္အေၾကာင္းသင့္လည္းေမးၾကည့္ပါဦး။လာ သမီးေလး..ပါးဆီကို။ေျပာျပပါးကို။သမီးကို ဟိုကဘာေျပာလိုက္လို႔လဲ''
၇ႏွစ္ခန္႔ ႐ွိၿပီး အရြယ္လည္းထြားပါရဲ႕နဲ႔ အရိပ္ေပၚကို တက္ထိုင္ခ်င္သည့္စိတ္ကမေပ်ာက္။ခုလည္းေခၚလိုက္တာနဲ႔ အရိပ္ေပါင္ေပၚေစြ႔ခနဲတက္ထိုင္ေလသည္။
"မီးကို ေျပာတယ္။အေမ မ႐ွိတဲ့ ေကာင္မတဲ့။မီးဘာသာ အေမ႐ွိ႐ွိ မ႐ွိ႐ွိ သူတို႔နဲ႔ ဘာဆိုင္လို႔လဲ။မီး ေျပာျပထားၿပီးၿပီေလ။သူတို႔မွာ အေဖနဲ႔ ေအမ ႐ွိသလို မီးမွာလဲ ပါးပါးနဲ႔ ေဖ ႐ွိတယ္လို႔။ဒါကိုပဲ...အေမမ႐ွိဘူး အေမ မ႐ွိဘူး ဆိုၿပီး လိုက္လိုက္ေျပာတယ္. "
ေပါင္ေပၚထိုင္ေနတဲ့ သမီးေလးကို တင္းတင္းဖက္ရင္း ကိုကို႔ဆီသာ လွမ္းၾကည့္လိုက္မိေတာ့၏။ကိုကိုလည္း ခုမွအေၾကာင္းစံုသိရဟန္ျဖင့္ သိသိသာသာကိုမ်က္ႏွာပ်က္ယြင္းလာသည္။ႏွစ္ဦးသား ဘာစကားကိုဘယ္လိုစေျပာရမလဲဆိုတာေတာင္ မေတြးတတ္ေတာ့ေပ။ငိုခ်င္ေနသည့္စိတ္ကို အတန္တန္မ်ိဳခ်ပစ္ၿပီး..
"ေနာက္တစ္ခါက် ရန္မျဖစ္ပါနဲ႔ သမီးရယ္...သူတို႔က မသိလို႔ ေျပာတာေလ...ေနာ္။အရြယ္ေရာက္လာတဲ့အခါက် သိသြါးမွာပါ''
ကိုကို႔ကိုေတာင္ မေျပာရဲေျပာရဲျဖင့္ ျပန္ေျပာထားသည့္သမီးက အရိပ္ကိုေတာ့ေထြထူးၿပီးေၾကာက္မေန။ဖက္ထားသည့္လက္ထဲကေန႐ုန္းထြက္ၿပီး ...
"Noပါ...မီးကို အဲ့လို ထပ္ေျပာရင္ေတာ့ မီးက ထပ္လုပ္ဦးမွာ။ဒီတစ္ခါ ႏွစ္ခ်က္ဆို ေနာက္တစ္ခါ.၄...၅ခ်က္ခ်ဳပ္ရေအာင္ လုပ္ပစ္မယ္'''
အရိပ္တို႔ ေရြးခ်ယ္ထားသည့္ လမ္းက သမီးေလးကို ဆိုးရြားေစၿပီလား မသိ။ဒီလိုေတြေျဖ႐ွင္းရမွာသိေပမဲ့ျပသနာနည္းႏိုင္သမ်ွနည္းေအာင္ ႏိုင္ငံျခားပုဂၢလိကေက်ာင္းကိုမွ ေငြကုန္ခံၿပီးထားခဲ့တာေလ။သမီးေလးရဲ႕ပတ္ဝန္းက်င္မွာဆိုလည္း အရိပ္ဆိုတာ အေယာင္ေတာင္မျပခဲ့ဖူးေပ၊ဒါေတာင္မွ ဒီျပသနာေတြက ၾကံဳျဖစ္ေအာင္ၾကံဳလာရ၏။
#
သမီးျပသနာေၾကာင့္ ထင္ပါရဲ႕...။အရိပ္တစ္ေယာက္ ညစာပင္ ေသခ်ာမစား။သမီးကလည္း စားၿပီးတာနဲ႔ သူ႔အခန္းထဲ သူ ဝင္သြားေလၿပီ။ခုဆိုသမီးက အခန္းသီးသန္႔ျဖစ္ၿပီး အရိပ္နဲ႔တည္တံ႔ကေတာ့ ညေရးညတာက အလွည့္က်ထထၾကည့္ရ၏။သမီးက ေဖတို႔ႏွစ္ေယာက္လြတ္လြတ္လပ္လပ္ေနပါေျပာေပမဲ့ ကိုယ္ေတြကမွ စိတ္မခ်ႏိုင္ပဲေလ။သမီး အခန္းကို ေရာက္ေတာ့ တံခါးက အတန္ငယ္ဟေနၿပီး သမီးကေတာ့ စာၾကည့္စားပြဲမွာငုတ္တုတ္ေလး။အေျခအေနကိုေသခ်ာမသိဘဲ ေျပာဆိုမိထားၿပီး တည္တံ႔စိတ္ထဲနည္းနည္းမွေကာင္းမေန။တကယ္ဆို ကိုယ့္ေၾကာင့္ကေလးကအေျပာခံေနရတာမဟုတ္လား။
"ေဖ....ဝင္လာေလ''
အခန္းဝမွာရပ္ေနတာကို သမီးကျမင္သြားၿပီး လွမ္းေခၚလို႔ သူ႔ေဘးကခံုမွာေနရာေပးေလသည္။သမီးစာလုပ္ရင္ အရိပ္ျဖစ္ျဖစ္တည္တံ႔ျဖစ္ျဖစ္ လာထိုင္ေပးေနက်မို႔ ခံုတစ္လံုးကအျမဲအပို႐ွိ၏။
"စာလုပ္ေနတာလား...သမီး''
"ဟုတ္တယ္...ေဖ...ဒီစကားလံုးေတြက နည္းနည္းခက္တယ္''
သမီးကိုထားသည့္ေက်ာင္းက ႏိုင္ငံျခားတကၠသို္လ္မ်ားႏွင့္ခ်ိတ္ဆက္ထားၿပီး သင္ရသည့္စာကလည္း အေတာ္ပင္ ခက္ခဲသည္။၇ႏွစ္အရြယ္နဲ႔ေတာင္ သိပ္ၿပီးမလိုက္ဖက္ခ်င္။ဒါေၾကာင့္ပဲ တည္တံ႔နဲ႔အရိပ္ တစ္လွည့္စီကူေပးရ၏။
"ညေနက ေဖ ဆူမိတာ ေတာင္းပန္တယ္ေနာ္။တကယ္ဆို အေၾကာင္းအရင္းကို ေသခ်ာေမးခဲ့သင့္တာပါ''
သမီးရဲ႕ေခါင္းလံုးလံုးေလးကို ခပ္ဖြဖြပြတ္ေပးရင္း တည္တံ႔ေျပာေတာ့ သမီးကျပံဳးရင္းေမာ့ၾကည့္လာေလသည္။
"မီးမွာ အေမမ႐ွိတာ ဘာလို႔ ထူးဆန္းေနတာလဲ ေဖ။အထူးသျဖင့္ ေဖတို႔အေၾကာင္းကို ေျပာျပတိုင္း လူထူးဆန္းတစ္ေယာက္လို ၾကည့္ၾကတယ္။ အေဖႏွစ္ေယာက္က သမီးကလြဲၿပီး ဘယ္သူ႔မွာမွ မ႐ွိဘူးလားဟင္''
ေခတ္ကိုက လိင္တူလက္ထပ္ျခင္း မထြန္းကားေသးေလေတာ့ အေဖႏွစ္ေယာက္ဆိုတာကလည္း ၾကားေကာင္းသည့္စကားဟုတ္ပံုမရ။လူအမ်ားအျမင္မွာကဲ့ရဲ႕စရာ၊႐ွံု႔ခ်စရာျဖစ္ေနရ၏။ကိုယ္ေတြဘဝသာယာဖို္႔အတြက္နဲ႔ အျပစ္မ႐ွိတဲ့ကေလးဘဝကို ဒဏ္ရာေတြေပးမိေနေလၿပီ။
"သမီး...ေဖ...ေျပာျပမယ္...နားေထာင္ေနာ္...ဘယ္သူေတြ ဘာေျပာေျပာ ေခါင္းထဲ မထည့္နဲ႔။သမီးမွာအေမမ႐ွိေပမဲ့ အေမ ႐ွိတဲ့လူေတြထက္သာေအာင္ ပါးပါးက လုပ္ေပးခဲ့တယ္ မဟုတ္လား။ၿပီးေတာ့ ေဖပိုင္ဆိုင္သမ်ွ က သမီးအတြက္ပဲမို႔ ဘယ္သူ႔ေအာက္မွ မက်ေအာင္ သမီးေခါင္းေမာ့ထားလို႔ရတယ္။သမီး လိုခ်င္တာ သမီး ျဖစ္ခ်င္တာ အကုန္လုပ္လို႔ရတယ္။ေဖ ေျပာတာ နားလည္လား။အဲ့ေတာ့...သူမ်ားေျပာတာေတြ ေမ့ပစ္လိုက္....ေနာက္တစ္ခါ ခုလိုမ်ိဳးလည္း ရန္မျဖစ္နဲ႔။သူငယ္ခ်င္းကလည္း မသိလို႔ ေျပာတာမို႔ သမီးက ခြင့္လႊတ္ေပးလိုက္...ေနာ္...''
တည္တံ႔စကားကို နားလည္ေလသလား..နားမလည္ေလသလားေတာ့ မသိ။ေခါင္းေတာ့ ၿငိမ့္ျပ႐ွာသည္။၇ႏွစ္အရြယ္ အသိဥာဏ္ေလးေပမဲ့ ႏွစ္ဖက္စလံုးရဲ႕ ဥာဏ္ရည္ကို ပိုင္ဆိုင္ထားတဲ့ သမီးက ဆိုဆံုးမရ မခက္။နားလည္လြယ္သလို နာခံရေကါင္းမွန္းလည္းသိသည္။ဒါေၾကာင့္ပဲ ငယ္စဥ္ကတည္းက ႀကီးႀကီးက်ယ္က်ယ္ ဆူ ရတာမ်ိဳး မ႐ွိခဲ့။ခုလည္း တည္တံ႔ေျပာတာကို နားလည္ေလာက္မယ္ ထင္ပါရဲ႕။
"သမီး..စာလုပ္ေနေတာ့ေနာ္...ေဖ...ပါးပါးဆီ သြားဦးမယ္''
"ဟုတ္.. ပါးပါး..ထမင္းနည္းနည္းပဲစားတယ္။.ေဖ...မီးေၾကာင့္ပါးပါးစိတ္ဆင္းရဲသြားတယ္ ထင္တယ္...တစ္ခုခု ေကြၽးလိုက္ပါဦးေနာ္''
"သမီးကကြာ...ပါးပါးကို ခ်စ္လြန္းတာ..ေဖေတာင္ မနာလို ျဖစ္လာၿပီေနာ္...''
တည္တံ႔က စေတာ့ သမီးက ေမးေလးေထာက္ရင္း မ်က္လံုးေတြ ပိတ္ေအာင္ ရယ္လိုက္ေသးသည္။ၿပီးမွ..
"အားနာေပမဲ့....သမီး..ပါးပါးကိုပိုခ်စ္တာေတာ့အမွန္ပဲ.ေဖရ''
"ဟုတ္ပါၿပီကြာ...ဒါဆိုေဖ သြားေတာ့မယ္။အိပ္ခါနီးမွ ႏြားႏို႔လာပို႔ေပးမယ္''
"Oki...ေဖ''
အခန္းဘက္ျပန္ေရာက္ေတာ့ အရိပ္ကမ႐ွိ။ေအာက္ကိုတစ္ခါျပန္ဆင္းၿပီး ျခံထဲကိုၾကည့္မွ စံပယ္ပင္အံုမ်ားၾကား ၿငိမ္ၿငိမ္ေလးထိုင္ေနသည့္ အရိပ္။ေျခသံမၾကားေအာင္ဖြဖြေလးသြားလိုက္ကာ ပခံုးက်ဥ္းက်ဥ္းကိုသိုင္းဖက္မိေတာ့ ခႏၶာကိုယ္ေလးကဆတ္ခနဲ တုန္သြားေလသည္။
"အရိပ္...ဘာလုပ္ေနတာတုန္းကေလးရ။မိုးျဖင့္ခ်ဳပ္ေနၿပီကို''
"ျခံထဲ မဆင္းတာၾကာလို႔ပါ....လာထိုင္ေလကိုကို''
စိတ္ပင္ပန္းတိုင္း အသက္ဝဝရွူရေအာင္ဟုဆိုကာ ျခံထဲဆင္းထိုင္တတ္သူအတြက္ ျခံဝန္းထဲလည္းမီးသီးေလးေတြကို ထိန္ေနေအာင္ထြန္းေပးထားရသည္။ေဘးမွာတည္တံ႔ဝင္ထိုင္လိုက္ေတာ့ ပခံုးေပၚကိုေခါင္းေလးတိမ္းကာမွီလာၿပီး ၿငိမ္သက္ေန႐ွာသည္၊သမီးအတြက္နဲ႔ အရိပ္လည္းပင္ပန္းေနေလၿပီ။
"ကိုကို....ကြၽန္ေတာ္တို႔ ေ႐ွ႕ဆက္ၿပီး ဘယ္လိုလုပ္ၾကမလဲဟင္''
"သမီးနားလည္လာမွာပါ...ခုေနသြား႐ွင္းျပလို႔လည္း သမီးကဘယ္နားလည္ပါ့မလဲ။ေနာက္က် တစ္ျဖည္းျဖည္း ေျပာျပၾကတာေပါ့...ေနာ္...''
"ခုက ကြၽန္ေတာ္ ေမြးထားတာလို႔ပဲ သမီးက ယံုၾကည္ေနတာေလ။အရြယ္ေရာက္လာတာနဲ႔အမ်ွ အမွန္တရားကိုသိလာမွာပဲ။အဲ့ခါက်မွ လိမ္ထားရေကာင္းလား ဆိုၿပီး ကြၽန္ေတာ႔ကို မုန္းသြားရင္ ဘယ္လိုလုပ္မလဲ''
"မျဖစ္ႏိုင္တာအရိပ္ရာ။ကိုကို့ကိုယံုပါ။ကိုကို..ခဏခဏေျပာသလိုပဲ. အရိပ္ကို သမီးက သိပ္ခ်စ္တာေလ။သိသြားခဲ့ရင္ေတာင္ သမီးက နားလည္ေပးမွာပါ''
"အဲ့လုိ ျဖစ္ပါေစပဲ ဆုေတာင္းပါတယ္ ကိုကိုရယ္...ကြၽန္ေတာ္ေလ သမီးကိုခုထက္ပိုၿပီးမႀကီးလာေစခ်င္ေတာ့ဘူး''
"ကဲ...ေတာ္ၿပီ။သမီးက မွာလိုက္တယ္။ပါးပါးကိုတစ္ခုခု ေကြၽးလိုက္ပါဦးတဲ့။ပါးပါး ထမင္းနည္းနည္းပဲ စားတယ္တဲ့''
သမီးက မွာသည္ဆိုသည့္ စကားေၾကာင့္ အရိပ္ မ်က္ႏွာက ခ်က္ခ်င္းကို ျပံဳးေယာင္သန္းသြားသည္။သူတို႔သားအဖ ခ်စ္ၾကတာ ကိုယ္ေတာင္ ၾကာေလ ေဘးေရာက္ေလပါပဲ...။
"ကဲ...''
"ဟာ...ကိုကို..ဘာလုပ္တာလဲ''
ထိုင္ရာက ႐ုတ္တရက္ ထကာ ဆြဲေပြ႔လို္က္တာမို႔ အရိပ္လက္ေတြက တည္တံ႔ ခါးေပၚ တင္းတင္းၾကပ္ၾကပ္။
"အေပၚတက္မယ္..ဒီေန႔ေတာ့...ဒီသိုးေပါက္ေလးကို ကိုကို စားခ်င္တယ္ေနာ္.အိုေကလား''
"ကိုကိုရာ...သူမ်ား ၾကားဦးမယ္...႐ွက္စရာႀကီး ''
အရိပ္ရဲ႕မ်က္ႏွာကခ်က္ခ်င္းကိုရဲတက္လာသည္၊သူအ႐ွက္သည္းမွန္းသိေလ ကိုယ္ကစခ်င္ေလပင္။
"႐ွဴး....ဘယ္သဴမွ.မၾကားေအာင္အခန္းထဲ သြားမယ္''
နားနားကပ္ၿပီး တိုးတိုး ေျပာလိုက္သည္ကိုပင္ အရိပၡမ္ာ အသည္းယားၿပီး တြန္႔လိမ္ေနေလသည္၊ခ်ီထားရက္မွ ပတ္ခ်ာလွည့္ပစ္လိုက္ေတာ့.တခစ္ခစ္ ရယ္ရင္း သေဘာက်ေနေတာ့၏။။ရယ္လို႔ ဝကာမွ ႏႈတ္ခမ္းဖူးဖူးေလးကို ၾကည့္ေကာင္းေအာင္ မဲ့ထားၿပီး..
"ကိုကို....ဘယ္လိုျဖစ္ေနတာလဲ''
"စတာပါကြာ...အရိပ္ ခုလို ရယ္ေနတာ ျမင္ခ်င္လို႔'''
ၿငိမ္ၿငိမ္သက္သက္ေလးျပံဳးၾကည့္ေနသည့္ အၾကင္သူသည္ တည္တံ႔အတြက္ေတာ့ တကယ္ကိုေအးရိပ္ရာေလးပင္။ဒီလူသားေလးျပံဳးေနလ်ွင္၊ေပ်ာ္ေနလ်ွင္ တည္တံ႔အတြက္ ဘာဆိုဘာမွမလိုအပ္ေတာ့ေခ်။
#
Unicode
အတန်းဖော် သူငယ်ချင်းကို ပေတံစောင်းဖြင့် ရိုက်လိုက်သည့် ကိစ္စကြောင့် ကိုကို့ခမျာ အလုပ်မအားသည့်ကြားမှ အပြေးအလွှားလိုက်သွားရပြန်သည်။သမီးကလေ တကယ်ကိုမဟုတ်မခံ။သူ့ကို စတာနောက်တာမကြိုက်သလို စိတ်မထင်ရင်လည်း တစ်ခုခုတုံ့ပြန်ဖို့ဝန်မလေးတတ်ပေ။ခုလည်း တစ္ဖက္ကေလးက ဘာများစနောက်မိလို့ ခုလောက်ထိလုပ်လိုက်သလဲမသိ။အခြေအနေကိုမသိရသေးတော့ အိမ်မှာစောင့်ရင်းကိုယ်တကြွကြွ၊ရင်တပူပူ။
ကားသံကြားကြားချင်း ပြေးထွက်တော့ အရှေ့ကနေကော့တော့ကော့တော့ဝင်လာသည့်သမီးက အရိပ်ကိုပြေးဖက်သည်။အနောက်မှာက သမီးရဲ့ပစ္စည်းများအပြင် အလုပ်သွားသည့်လက်ဆွဲအိတ်ကိုပါကိုင်လို့ ကိုကိုကလိုက်ဝင်လာသည်၊၊သမီးကို ခဏလေးဘေးဖယ်ပြီး ကိုကို့ဆီကအထုပ်အပိုးတွေကို ကူသယ်ပေးတော့...
"မသယ်ပေးနဲ့ ပါးပါး..ဖေက မီးကို ဆူတယ်''
ကောက်ခါငင်ခါ ထပြောလိုက်သည့် သမီးကြောင့် ကိုကို့ မျက်နှာက စူးခနဲ။လက်ထဲကိုင်ထားသည့်အထုပ်တွေက်ိုအရိပ်ဆီလည်းမပေးဘဲ ဆိုဖာပေါ်သာပစ်တင်လိုက်ကာ..
"မိုးရိပ်တည်ကြည်...လာ...ဖေ့ နားကို...''
ကိုကိုခေါ်သံကြောင့် သမီးခန္ဓာကိုယ်လေး မသိမသာတွန့်သွားပေမဲ့ ကြောက်ရွ့ံနေဟန်မပြဘဲ ခပ်တည်တည်ပဲထသွားလေသည်၊ကိုကို့မျက်နှာကစိတ်ဆိုးနေပုံရတာမို့ မတော်တဆထရိုက်လိုက်မှာလည်းစိုးရ၏။တွေးသာပူနေပေမဲ့ ဒီလောက်ထိတော့ ကိုကိုမလုပ်လောက်ပေ။လုပ်စရာမလိုအောင်လည်း ကိုကို့ကိုဆို လေသံမာရုံဖြင့်သမီးကအလိုလိုရှိန်နေပြီးသားမဟုတ်လား။
"ဘာလို့ သူများကိုလုပ်ရတာလဲ''
"မီး ကို လာပြောလို့ လုပ္တာ''
"ဘာတွေများ ပြောလို့..သမီးက လက်ပါရတာတုန်း..သမီးကို မွေးထားတာ ပါးစပ်ပါတယ်လေ..ပြန်ပြောပေါ့ ''
"ပြန်ပြောနေဖို့အထိ သည်းမခံနိုင်လို့ ထလုပ္လိုက္တာ''
"ပြောနေရင်းနဲ့တောင် တော်တော်စွာနေတယ်ပေါ့။ဖအေတွေက အဲ့လိုရိုင်းစိုင်းဖို့သင်ထားပေးတာလား။ဟုတ်လား။ခုကြည့်စမ်း။လက်မှတ်ခေါ်ထိုးခိုင်းရုံမကဘူး ဟိုဘက်ကမကျေနပ်မချင်းတောင်းပန်ရဦးမယ်''
ကိုကို့အသံက ခပ်တင်းတင်းဖြစ်လာသလို သမီးကလည်း မျက်နှာကြောက တစ်စက်လေးတောင်မလျှော့။အရင်ဆို ကိုကို့လေသံပြောင်းတာနဲ့ အမူအရာပျက်သည့်သမီးကဒီနေ့တော့ သူတင်းကိုယ်တင်းဖြစ်နေလေသည်။
"ဘာတွေများ သမီးက လုပ်လိုက်လို့လဲ ကိုကိုရယ်...ဘာဖြစ်သွားလို့လဲ..''
"သံပေတံစောင်းနဲ့ ခေါက်ချပစ်လိုက်တာ..ဂျိုစောင်းက ဟက်တက်ကွဲပြီး ၂ချက် ချုပ်ရတယ်။''
အမယ်လေး။လက်သံ ပြောင်လိုက်တာ။ဒီသွေးက ဘယ္ကေသြးလဲ။အရိပ္ကေတာ့ ဒီလောက်ထိလက်မရဲတာအမှန်ပါ။ဒီလိုနေရာကျ သူ့အဖေစိတ်ကို တသွေမတိမ်းသွားတူနေပါရော့လား။
"သမီး သည်းမခံနိုင်အောင် ဘာတွေ လုပ်လိုက်လဲမှ မသိတာ။သမီးကိုချည်း ဖိဆူမနေပါနဲ့။အကျိုးသင့်အကြောင်းသင့်လည်းမေးကြည့်ပါဦး။လာ သမီးလေး..ပါးဆီကို။ပြောပြပါးကို။သမီးကို ဟိုကဘာပြောလိုက်လို့လဲ''
၇နှစ်ခန့် ရှိပြီး အရွယ်လည်းထွားပါရဲ့နဲ့ အရိပ်ပေါ်ကို တက်ထိုင်ချင်သည့်စိတ်ကမပျောက်။ခုလည်းခေါ်လိုက်တာနဲ့ အရိပ်ပေါင်ပေါ်စွေ့ခနဲတက်ထိုင်လေသည်။
"မီးကို ပြောတယ်။အမေ မရှိတဲ့ ကောင်မတဲ့။မီးဘာသာ အမေရှိရှိ မရှိရှိ သူတို့နဲ့ ဘာဆိုင်လို့လဲ။မီး ပြောပြထားပြီးပြီလေ။သူတို့မှာ အဖေနဲ့ အေမ ရှိသလို မီးမွာလဲ ပါးပါးနဲ့ ဖေ ရှိတယ်လို့။ဒါကိုပဲ...အမေမရှိဘူး အေမ မရှိဘူး ဆိုပြီး လိုက်လိုက်ပြောတယ်. "
ပေါင်ပေါ်ထိုင်နေတဲ့ သမီးလေးကို တင်းတင်းဖက်ရင်း ကိုကို့ဆီသာ လှမ်းကြည့်လိုက်မိတော့၏။ကိုကိုလည်း ခုမှအကြောင်းစုံသိရဟန်ဖြင့် သိသိသာသာကိုမျက်နှာပျက်ယွင်းလာသည်။နှစ်ဦးသား ဘာစကားကိုဘယ်လိုစပြောရမလဲဆိုတာတောင် မတွေးတတ်တော့ပေ။ငိုချင်နေသည့်စိတ်ကို အတန်တန်မျိုချပစ်ပြီး..
"နောက်တစ်ခါကျ ရန်မဖြစ်ပါနဲ့ သမီးရယ်...သူတို့က မသိလို့ ပြောတာလေ...နော်။အရွယ်ရောက်လာတဲ့အခါကျ သိသြါးမွာပါ''
ကိုကို့ကိုတောင် မပြောရဲပြောရဲဖြင့် ပြန်ပြောထားသည့်သမီးက အရိပ်ကိုတော့ထွေထူးပြီးကြောက်မနေ။ဖက်ထားသည့်လက်ထဲကနေရုန်းထွက်ပြီး ...
"Noပါ...မီးကို အဲ့လို ထပ်ပြောရင်တော့ မီးက ထပ်လုပ်ဦးမှာ။ဒီတစ်ခါ နှစ်ချက်ဆို နောက်တစ်ခါ.၄...၅ချက်ချုပ်ရအောင် လုပ်ပစ်မယ်'''
အရိပ်တို့ ရွေးချယ်ထားသည့် လမ်းက သမီးလေးကို ဆိုးရွားစေပြီလား မသိ။ဒီလိုတွေဖြေရှင်းရမှာသိပေမဲ့ပြသနာနည်းနိုင်သမျှနည်းအောင် နိုင်ငံခြားပုဂ္ဂလိကကျောင်းကိုမှ ငွေကုန်ခံပြီးထားခဲ့တာလေ။သမီးလေးရဲ့ပတ်ဝန်းကျင်မှာဆိုလည်း အရိပ္ဆိုတာ အယောင်တောင်မပြခဲ့ဖူးပေ၊ဒါတောင်မှ ဒီပြသနာတွေက ကြုံဖြစ်အောင်ကြုံလာရ၏။
#
သမီးပြသနာကြောင့် ထင်ပါရဲ့...။အရိပ်တစ်ယောက် ညစာပင် သေချာမစား။သမီးကလည်း စားပြီးတာနဲ့ သူ့အခန်းထဲ သူ ဝင်သွားလေပြီ။ခုဆိုသမီးက အခန်းသီးသန့်ဖြစ်ပြီး အရိပ်နဲ့တည်တံ့ကတော့ ညေရးညတာက အလှည့်ကျထထကြည့်ရ၏။သမီးက ဖေတို့နှစ်ယောက်လွတ်လွတ်လပ်လပ်နေပါပြောပေမဲ့ ကိုယ်တွေကမှ စိတ်မချနိုင်ပဲလေ။သမီး အခန်းကို ရောက်တော့ တံခါးက အတန်ငယ်ဟနေပြီး သမီးကေတာ့ စာကြည့်စားပွဲမှာငုတ်တုတ်လေး။အခြေအနေကိုသေချာမသိဘဲ ပြောဆိုမိထားပြီး တည်တံ့စိတ်ထဲနည်းနည်းမှကောင်းမနေ။တကယ်ဆို ကိုယ့်ကြောင့်ကလေးကအပြောခံနေရတာမဟုတ်လား။
"ဖေ....ဝင်လာလေ''
အခန်းဝမှာရပ်နေတာကို သမီးကမြင်သွားပြီး လှမ်းခေါ်လို့ သူ့ဘေးကခုံမှာနေရာပေးလေသည်။သမီးစာလုပ်ရင် အရိပ်ဖြစ်ဖြစ်တည်တံ့ဖြစ်ဖြစ် လာထိုင်ပေးနေကျမို့ ခုံတစ်လုံးကအမြဲအပိုရှိ၏။
"စာလုပ်နေတာလား...သမီး''
"ဟုတ်တယ်...ဖေ...ဒီစကားလုံးတွေက နည်းနည်းခက်တယ်''
သမီးကိုထားသည့်ကျောင်းက နိုင်ငံခြားတက္ကသို်လ်များနှင့်ချိတ်ဆက်ထားပြီး သင်ရသည့်စာကလည်း အတော်ပင် ခက်ခဲသည်။၇နှစ်အရွယ်နဲ့တောင် သိပ်ပြီးမလိုက်ဖက်ချင်။ဒါကြောင့်ပဲ တည်တံ့နဲ့အရိပ် တစ်လှည့်စီကူပေးရ၏။
"ညေနက ဖေ ဆူမိတာ တောင်းပန်တယ်နော်။တကယ်ဆို အကြောင်းအရင်းကို သေချာမေးခဲ့သင့်တာပါ''
သမီးရဲ့ခေါင်းလုံးလုံးလေးကို ခပ်ဖွဖွပွတ်ပေးရင်း တည်တံ့ပြောတော့ သမီးကပြုံးရင်းမော့ကြည့်လာလေသည်။
"မီးမွာ အမေမရှိတာ ဘာလို့ ထူးဆန်းနေတာလဲ ဖေ။အထူးသဖြင့် ဖေတို့အကြောင်းကို ပြောပြတိုင်း လူထူးဆန်းတစ်ယောက်လို ကြည့်ကြတယ်။ အဖေနှစ်ယောက်က သမီးကလွဲပြီး ဘယ်သူ့မှာမှ မရှိဘူးလားဟင်''
ခေတ်ကိုက လိင်တူလက်ထပ်ခြင်း မထွန်းကားသေးလေတော့ အဖေနှစ်ယောက်ဆိုတာကလည်း ကြားကောင်းသည့်စကားဟုတ်ပုံမရ။လူအများအမြင်မှာကဲ့ရဲ့စရာ၊ရှုံ့ချစရာဖြစ်နေရ၏။ကိုယ်တွေဘဝသာယာဖို့်အတွက်နဲ့ အပြစ်မရှိတဲ့ကလေးဘဝကို ဒဏ်ရာတွေပေးမိနေလေပြီ။
"သမီး...ဖေ...ပြောပြမယ်...နားထောင်နော်...ဘယ်သူတွေ ဘာပြောပြော ခေါင်းထဲ မထည့်နဲ့။သမီးမှာအမေမရှိပေမဲ့ အေမ ရှိတဲ့လူတွေထက်သာအောင် ပါးပါးက လုပ်ပေးခဲ့တယ် မဟုတ်လား။ပြီးတော့ ဖေပိုင်ဆိုင်သမျှ က သမီးအတွက်ပဲမို့ ဘယ်သူ့အောက်မှ မကျအောင် သမီးခေါင်းမော့ထားလို့ရတယ်။သမီး လိုချင်တာ သမီး ဖြစ်ချင်တာ အကုန်လုပ်လို့ရတယ်။ဖေ ပြောတာ နားလည်လား။အဲ့တော့...သူများပြောတာတွေ မေ့ပစ်လိုက်....နောက်တစ်ခါ ခုလိုမျိုးလည်း ရန်မဖြစ်နဲ့။သူငယ်ချင်းကလည်း မသိလို့ ပြောတာမို့ သမီးက ခွင့်လွှတ်ပေးလိုက်...နော်...''
တည်တံ့စကားကို နားလည်လေသလား..နားမလည်လေသလားတော့ မသိ။ခေါင်းတော့ ငြိမ့်ပြရှာသည်။၇နှစ်အရွယ် အသိဉာဏ်လေးပေမဲ့ နှစ်ဖက်စလုံးရဲ့ ဉာဏ်ရည်ကို ပိုင်ဆိုင်ထားတဲ့ သမီးက ဆိုဆုံးမရ မခက်။နားလည်လွယ်သလို နာခံရကေါင်းမှန်းလည်းသိသည်။ဒါကြောင့်ပဲ ငယ်စဉ်ကတည်းက ကြီးကြီးကျယ်ကျယ် ဆူ ရတာမျိုး မရှိခဲ့။ခုလည်း တည်တံ့ပြောတာကို နားလည်လောက်မယ် ထင်ပါရဲ့။
"သမီး..စာလုပ်နေတော့နော်...ဖေ...ပါးပါးဆီ သွားဦးမယ်''
"ဟုတ်.. ပါးပါး..ထမင်းနည်းနည်းပဲစားတယ်။.ဖေ...မီးကြောင့်ပါးပါးစိတ်ဆင်းရဲသွားတယ် ထင်တယ်...တစ္ခုခု ကျွေးလိုက်ပါဦးနော်''
"သမီးကကြာ...ပါးပါးကို ချစ်လွန်းတာ..ဖေတောင် မနာလို ဖြစ်လာပြီနော်...''
တည်တံ့က စေတာ့ သမီးက မေးလေးထောက်ရင်း မျက်လုံးတွေ ပိတ်အောင် ရယ်လိုက်သေးသည်။ပြီးမှ..
"အားနာပေမဲ့....သမီး..ပါးပါးကိုပိုချစ်တာတော့အမှန်ပဲ.ဖေရ''
"ဟုတ်ပါပြီကွာ...ဒါဆိုဖေ သွားတော့မယ်။အိပ်ခါနီးမှ နွားနို့လာပို့ပေးမယ်''
"Oki...ဖေ''
အခန်းဘက်ပြန်ရောက်တော့ အရိပ်ကမရှိ။အောက်ကိုတစ်ခါပြန်ဆင်းပြီး ခြံထဲကိုကြည့်မှ စံပယ်ပင်အုံများကြား ငြိမ်ငြိမ်လေးထိုင်နေသည့် အရိပ်။ခြေသံမကြားအောင်ဖွဖွလေးသွားလိုက်ကာ ပခုံးကျဉ်းကျဉ်းကိုသိုင်းဖက်မိတော့ ခန္ဓာကိုယ်လေးကဆတ်ခနဲ တုန်သွားလေသည်။
"အရိပ်...ဘာလုပ်နေတာတုန်းကလေးရ။မိုးဖြင့်ချုပ်နေပြီကို''
"ခြံထဲ မဆင်းတာကြာလို့ပါ....လာထိုင်လေကိုကို''
စိတ်ပင်ပန်းတိုင်း အသက်ဝဝရှူရအောင်ဟုဆိုကာ ခြံထဲဆင်းထိုင်တတ်သူအတွက် ခြံဝန်းထဲလည်းမီးသီးလေးတွေကို ထိန်နေအောင်ထွန်းပေးထားရသည်။ဘေးမှာတည်တံ့ဝင်ထိုင်လိုက်တော့ ပခုံးပေါ်ကိုခေါင်းလေးတိမ်းကာမှီလာပြီး ငြိမ်သက်နေရှာသည်၊သမီးအတွက်နဲ့ အရိပ်လည်းပင်ပန်းနေလေပြီ။
"ကိုကို....ကျွန်တော်တို့ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ကြမလဲဟင်''
"သမီးနားလည်လာမှာပါ...ခုနေသွားရှင်းပြလို့လည်း သမီးကဘယ်နားလည်ပါ့မလဲ။နောက်ကျ တစ်ဖြည်းဖြည်း ပြောပြကြတာပေါ့...နော်...''
"ခုက ကျွန်တော် မွေးထားတာလို့ပဲ သမီးက ယုံကြည်နေတာလေ။အရွယ်ရောက်လာတာနဲ့အမျှ အမွန္တရားကိုသိလာမွာပဲ။အဲ့ခါက်မွ လိမ်ထားရကောင်းလား ဆိုပြီး ကျွန်တော့ကို မုန်းသွားရင် ဘယ္လိုလုပ္မလဲ''
"မဖြစ်နိုင်တာအရိပ်ရာ။ကိုကို့ကိုယုံပါ။ကိုကို..ခဏခဏပြောသလိုပဲ. အရိပ္ကို သမီးက သိပ်ချစ်တာလေ။သိသွားခဲ့ရင်တောင် သမီးက နားလည်ပေးမှာပါ''
"အဲ့လို ဖြစ်ပါစေပဲ ဆုတောင်းပါတယ် ကိုကိုရယ်...ကျွန်တော်လေ သမီးကိုခုထက်ပိုပြီးမကြီးလာစေချင်တော့ဘူး''
"ကဲ...တော်ပြီ။သမီးက မှာလိုက်တယ်။ပါးပါးကိုတစ်ခုခု ကျွေးလိုက်ပါဦးတဲ့။ပါးပါး ထမင်းနည်းနည်းပဲ စားတယ်တဲ့''
သမီးက မှာသည်ဆိုသည့် စကားကြောင့် အရိပ် မျက်နှာက ချက်ချင်းကို ပြုံးယောင်သန်းသွားသည်။သူတို့သားအဖ ချစ်ကြတာ ကိုယ်တောင် ကြာလေ ဘေးရောက်လေပါပဲ...။
"ကဲ...''
"ဟာ...ကိုကို..ဘာလုပ္တာလဲ''
ထိုင်ရာက ရုတ်တရက် ထကာ ဆွဲပွေ့လို်က်တာမို့ အရိပ်လက်တွေက တည်တံ့ ခါးပေါ် တင်းတင်းကြပ်ကြပ်။
"အပေါ်တက်မယ်..ဒီနေ့တော့...ဒီသိုးပေါက်လေးကို ကိုကို စားချင်တယ်နော်.အိုကေလား''
"ကိုကိုရာ...သူမ်ား ကြားဦးမယ်...ရှက်စရာကြီး ''
အရိပ်ရဲ့မျက်နှာကချက်ချင်းကိုရဲတက်လာသည်၊သူအရှက်သည်းမှန်းသိလေ ကိုယ်ကစချင်လေပင်။
"ရှူး....ဘယ်သူမှ.မကြားအောင်အခန်းထဲ သွားမယ်''
နားနားကပ်ပြီး တိုးတိုး ပြောလိုက်သည်ကိုပင် အရိပ္ခမ်ာ အသည်းယားပြီး တွန့်လိမ်နေလေသည်၊ချီထားရက်မှ ပတ်ချာလှည့်ပစ်လိုက်တော့.တခစ်ခစ် ရယ်ရင်း သဘောကျနေတော့၏။။ရယ်လို့ ဝကာမွ နှုတ်ခမ်းဖူးဖူးလေးကို ကြည့်ကောင်းအောင် မဲ့ထားပြီး..
"ကိုကို....ဘယ်လိုဖြစ်နေတာလဲ''
"စတာပါကြာ...အရိပ် ခုလို ရယ်နေတာ မြင်ချင်လို့'''
ငြိမ်ငြိမ်သက်သက်လေးပြုံးကြည့်နေသည့် အကြင်သူသည် တည်တံ့အတွက်တော့ တကယ်ကိုအေးရိပ်ရာလေးပင်။ဒီလူသားလေးပြုံးနေလျှင်၊ပျော်နေလျှင် တည်တံ့အတွက် ဘာဆိုဘာမှမလိုအပ်တော့ချေ။
#