ကျွန်တော်ချစ်သောကိုကို(comple...

By kabyar_144

436K 19.5K 847

ပထမဆုံး Yizhan fan fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့သာရေးရတာ သိပ်တော့မရေးတတ်ဘူးရယ်😁 More

ကျွန်တော်ချစ်သောကိုကို Part(2)
ကျွန်တော်ချစ်သောကိုကို(3)
ကျွန်တော်ချစ်သောကိုကို Part(4)
ကျွန်တော်ချစ်သောကိုကို Part(5)
ကျွန်တော်ချစ်သောကိုကို Part(6)
ကျွန်တော်ချစ်သောကိုကိုPart(7)
ကျွန်တော်ချစ်သောကိုကိုPart(8)
ကျွန်တော်ချစ်သောကိုကိုPart(9)
ကျွန်တော်ချစ်သောကိုကို Part(10)
ကျွန်တော်ချစ်သောကိုကို Part (11)
ကျွန်တော်ချစ်သောကိုကို Part (12)
ကျွန်တော်ချစ်သောကိုကို part (14)
ကျွန်တော်ချစ်သောကိုကို part(15) ကြှနျတျောခဈြသောကိုကို part(15)
ကျွန်တော်ချစ်သောကိုကို part(16) ကြှနျတျောခဈြသောကိုကို part(16)
ကျွန်တော်ချစ်သောကိုကို(17) ကြှနျတျောခဈြသောကိုကို(17)
ကျွန်တော်ချစ်သောကိုကို (18) ကျြန်တ္ခော်စ်သောကိုကို (18)
ကျွန်တော်ချစ်သောကိုကို(19) ကြှနျတျောခဈြသောကိုကို(19)
ကျွန်တော်ချစ်သောကိုကို (20)
ကျွန်တော်ချစ်သောကိုကို (21)
ကျွန်တော်ချစ်သောကိုကို (22) Unicode
ကျွန်တော်ချစ်သောကိုကို (23) unicode
ကျွန်တော်ချစ်သောကိုကို(24)
ကျွန်တော်ချစ်သောကိုကို (25)
ကျွန်တော်ချစ်သောကိုကို(26)
ကျွန်တော်ချစ်သောကိုကို(27)
ကျွန်တော်ချစ်သောကိုကို(28)
ကျွန်တော်ချစ်သောကိုကို (29)
ကျွန်တော်ချစ်သောကိုကို(30)
ကျွန်တော်ချစ်သောကိုကို(31)
ကျွန်တော်ချစ်သောကိုကို (32)
ကျွန်တော်ချစ်သောကိုကို(33)
ကျွန်တော်ချစ်သောကိုကို(33) unicode
ကျွန်တော်ချစ်သောကိုကို (34)
ကျွန်တော်ချစ်သောကိုကို (36)
ကျွန်တော်ချစ်သောကိုကို (37)(final)
New Fic
Still Just Love
ကျွန်တော်ချစ်သောကိုကို (extra)
dဝင်နေပြီ😥😥
ကျွန်တော်ချစ်သောကိုကို (Extra End)

ကျွန်တော်ချစ်သောကိုကို(35)

7.1K 341 14
By kabyar_144

ရိပေါ် ကလေးအိပ်ပျော်နေတဲ့ သူတို့နှစ်ယောက်ရဲ့ အခန်းစီ တက်လာခဲ့သည်

ကလေးစိတ်ဆိုးမှာကို အသေကြောက်တာမို့ စိတ်ဆိုးနေတဲ့ ကလေးကို သူချော့ရပေဦးမည်

ကိုယ်က အပြင်မှာ အန္တရာယ်များလို့ သူလေးကို မထွက်စေချင်တာကို သူလေးက အတွေးမှားပြီး စိတ်ကောက်သွားရှာသည်

စီးပွားရေး ပြိုင်ဘက်တွေ ပေါတဲ့ကိုယ့်ကြောင့် သူလေးကိုမထိခိုက်စေချင်

ကိုယ့်အတွက်ကိုယ်က စိတ်မပူပါ

တစ်ခုပဲ သူလေးကိုတော့ မှဲ့တစ်ပေါက်တောင် မစွန်းစေချင်ပါ

ဒါကြောင့်လည်း သူလေးကို အိမ်ထဲမှာပဲ အပူအပင်ကင်းမဲ့စွာ နေနိုင်ဖို့ စီစဉ်ပေးထားတာပင်

အရင် မားတို့နဲ့ အတူနေတဲ့ အိမ်ကနေ အခု ရှုခင်းကောင်းပြီး လေကောင်းလေသန့်ရတဲ့ နေရာကိုပြောင်းပြီး

ခြံကျယ်တစ်ခြံဝယ်ကာ ကလေးအတွက် ကိုယ်တိုင် designဆွဲကာ စီစဉ်ပေးခဲ့သည်

ရေကြိုက်တဲ့ကလေးအတွက် ရေကူးကန်တစ်ခုကိုအိမ်ရှေ့မှာ ထားထားပေးသည်

အိမ်နောက်မှာ ညနေကလေး လမ်းလျှောက်လို့ ရအောင် ဥယျာဉ်လေးနဲ့

အပန်းဖြေနိုင်အောင် ခြံငယ်လေးတစ်ခု ထည့်ထားပေးသေးသည်

ကုမ္ပဏီ နဲ့ နဲနဲလှမ်းပေမယ့် ကလေးက ဒီနေရာလေးကို ကြိုက်တယ်ဆိုလို့ ဒီနေရာလေးမှာပဲ နေဖြစ်သည်

ခြံအနောက်ဘက် ဥယျာဉ်နားလေးမှာ ဘောလုံးကွင်း အသေးစားလေးပါ ထည့်ထားသေးသည်




မားတို့ကလည်း ဒီနေရာလေးကို ကြိုက်တော့ တစ်လမှာ ၇ရက်လောက်တော့ လာနေကြတယ်

သူငယ်ချင်းတွေက ပွဲတွေလုပ်ချင်ရင်လည်း ဒီအိမ်ကို လာငှားကြတယ်လေ

ကြာတော့ ကလေးအနှောင့်အယှက် ဖြစ်မှာစိုးလို့ partyလုပ်ဖို့ အိမ်ကို သက်သက် တစ်ဝိုင်းဝယ်ပြီး နောက်တစ်လုံး ဆောက်ပေးလိုက်သည်



ငွေကုန်သွားတာ အရေးမကြီး ကလေး အနှောင့်အယှက်မဖြစ်ဖို့ အရေးကြီးသည်

ငွေဘယ်လောက်ကုန်ကုန် ကုန်ပါစေ ကလေးကိုတော့ စိတ်အနှောင့်အယှက် အဖြစ်မခံနိုင်ပါ

ကလေးမှာ ကိုယ်ဝန်ကြောင့် အနေအထိုင် ကြပ်ပါတယ်ဆို သူတို့ကြောင့်ပါ အနှောင့်အယှက် မဖြစ်စေချင်ပါ

ကုမ္ပဏီ ကိုလဲ ရိဟန်Geတို့နဲ့သာ လွှဲထားသည်

အရမ်းမှ အရေးမကြီးရင် သိပ်မသွားဖြစ်တော့

ကလေးအနားမှာသာ နေဖြစ်တော့တယ်

ဖန်ရှင်းတို့ကလည်း ကလေးစီ ခဏခဏလာကြတော့ သူတို့နဲ့လည်း တွေ့ဖြစ်နေတယ်

ဒီကောင်တွေက ကလေးချက်တဲ့ ဟင်းစားချင်တိုင်း ခဏခဏ လာနေကြတာ

ကလေးကလည်း မချက်ပါနဲ့ဆိုပြောမရဘူး

အမြဲတမ်း သူ့အကိုတွေဖို့ ချက်ပေးတယ် မငြီးမညူနဲ့

အခု ဗိုက်ကလေးထွက်လာမှ မနည်းပြောထားရတယ်

အခန်းထဲကို ချောင်းကြည့်လိုက်တော့

ကျွန်တော့်ကလေးက စိတ်ကောက်ပြီး စောင်အောက်အှာ ပုန်းနေတယ်လေ

အခန်းထဲဝင် တံခါးပိတ်ပြီး သူအိပ်နေတဲ့ ဘေးနားမှာ အသာလေး ဝင်လှဲလိုက်တယ်

ဘေးမှာ လှဲလိုက်တာကို သိတဲ့ကလေးက အရှေ့ကိုပဲ ဆက်တိုးနေတာမို့

ကိုယ်လုံးလေးကို ရင်ခွင်ထဲ အသာဆွဲယူလိုက်တော့ ရုန်းနေတဲ့ကလေး

ပိုတိုးပြီးဖက်လိုက်တော့မှ ငြိမ်ကျသွားတော့တယ်

ဒါတောင် ဖက်ထားတဲ့ ကိုယ်လုံးလေးက တစ်ချက်တစ်ချက် တုန်သွားသေးတယ်

*အဟင့်~အဟင့်~*

ဟင် ရှိုက်သံ

ကျွန်တော့် ကလေးလေး ငိုနေတာလား

'ငယ်  ငယ် ကိုကို့ဘက် လှည့်ပါဦးငယ်ရာ'

လက်နဲ့ ဆွဲလှည့်လိုက်ကာမှ ပါလာသော ငယ်ရယ်ပါ

သေချာတာပေါ့

ကျွန်တော့်ငယ်လေး ငိုနေရှာတာ ကျွန်တော့်ကြောင့် ကျွန်တော်ကြောင့်

'ငယ် ...ငယ်ရာ မငိုပါနဲ့ ငယ်မျက်ရည်တွေမြင်ရတာ ကိုကိုနာကျင်ရလို့ပါ

မငိုပါနဲ့နော်

ငယ်ဘာလို့ ငိုနေတာလဲ အပြင်မသွားရလို့လား ကိုကိုလိုက်ပို့မယ်လေနော် မငိုနဲ့တော့နော်'

'အဟင့် ကို ကိုကိုက ငယ့်ကို အပြင်မပို့ချင်တာ ငယ်က အဟင့် ငယ်က ရုပ်စိုးနေလို့မို့လား

ငယ်က အဟင့် ငယ်နဲ့အတူ သွားရမှာ မသွားချင်လို့မို့လား အဟင့် ကိုကိုက ငယ့်ကို မချစ်တော့ဘူး မို့လား'

'ငယ်ရာ ကိုကိုက ဘာလို့ ငယ့်ကို မချစ်ရတော့မှာလဲ
ကိုကို့မှာလေ ငယ့်ကို ချစ်လို့တောင် မဝသေးဘူး
ပြီးတော့ ကိုကိုတို့ babyလေးလည်း ရှိနေတာကို ကိုကိုက ငယ့်ကို မချစ်ပဲနေပါ့မလား
ချစ်တာပေါ့

အခုက အပြင်မှာ ငယ့်အတွက် အန္တရာယ်များလွန်းလို့ပါ ငယ်ရယ် ကိုကိုလည်း ငယ်နဲ့ အပြင်လျှောက်လည်ချင်တာပေါ့

မငိုနဲ့တော့နော် ငယ်အပြင်သွားချင်ရင် ကိုကိုလိုက်ပို့မယ် ဟုတ်ပြီလား'

'ကိုကို တစ်ကယ်ပြောတာနော် ကိုကိုငယ့်ကို တစ်ကယ်ချစ်သေးတယ်နော်'

'ချစ်တာပေါ့ ငယ်ရဲ့ ကိုကိုကလေ ငယ့်ကို အရင်ကရော အခုရော နောင်ရော အမြဲတမ်းချစ်နေမှာ ဟုတ်ပြီလား ဒါ့ကြောင့် နောက်ဆို အဲ့လိုတွေ လျှောက်တွေးပြီး မငိုရဘူးနော်'

'ဟုတ် ကိုကို ငယ်ဗိုက်ဆာတယ် ဟီး'

'ဟုတ်ပါပြီ ကိုကို့ငယ်လေး ဘာစားချင်လည်းပြော'

'ထမင်းကိုလေ ကြက်သားချဉ်စပ်လေးနဲ့ စားချင်တယ် ကြက်သားကို ကိုကိုချက်ပေးနော် ကိုကို့လက်ရာစားချင်လို့'

'ဟုတ်ပါပြီ ကိုကိုချက်ခဲ့မယ် ကလေးက အိပ်ရင်းနဲ့ စောင့်နေနော်'

ကလေးကို စောင်လေးခြုံပေးပြီး သူစားချင်တာ ချက်ပေးဖို့ အောက်ကိုပြန်ဆင်းခဲ့တယ်

နာရီဝက်လောက်ကြာတော့ ထမင်းနဲ့ ကြက်သားချဉ်စပ်ကိုယူပြီး အပေါ်တက်ခဲ့တယ်

အနံရလို့နဲ့တူပါတယ် အိပ်ရာကနေထထိုင်ပြီး အားရပါးရစားနေတော့တဲ့

ကလေးကိုကြည့်ပြီး ကျွန်တော့်မှာ ပီတိအဖြာဖြာနဲ့ ကြည်နူးမှုအတိပင်

Babyလေးရှိလာမှ ငယ်ဟာလည်း တစ်နေ့တစ်နေ့ ကလေးပိုဆန်လာတယ်

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကလေးကြီးကိုရော ကလေးလေးကိုရော နှစ်ယောက်လုံးက ကျွန်တော့် အသည်းအသက်တွေပါပဲ

သူတို့ကို အမြဲတမ်းချစ်ပေးပြီး ပျော်ရွှင်စေချင်တာ ကျတော့်ဆန္ဒပါပဲ
........................
Unicode









Continue Reading

You'll Also Like

60.4K 15.7K 55
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
30.2K 1.3K 5
Lan Wangji Wei Wuxian
441K 62.1K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
156K 9.9K 22
ကိုယ်ချစ်တဲ့သူကို ကာကွယ်ဖို့ဆို ကိုယ်တိုင်သန်မာနေမှ ရမယ်လေ