ချစ်ခြင်းအသင်္ချေ (ခဈြခွငျးအသခ...
By WaiLwin016
323K 24.6K 1.4K
သမီးလေးနဲ့ အဖေနှစ်ယောက်တို့ရဲ့မိသားစုလေးတစ်ခုမှာ ဖြစ်တည်လာမဲ့ ချစ်ခြင်းမေတ္တာနဲ့အတူ ဖြေရှင်းရမဲ့ အခက်အခဲတွေကို... More
Intro (Z & U)
အပိုင်း ၂ (Z & U)
အပိုင်း ၃ (Z & U)
အပိုင်း ၄ (Z & U)
အပိုင်း ၅ (Z & U)
အပိုင်း ၆(Z & U)
အပိုင်း ၇ (Z & U)
အပိုင်း ၈(Z & U)
အပိုင်း ၉(Z & U)
အပိုင်း ၁၀ (Z & U)
အပိုင်း ၁၁ (Z & U)
အပိုင်း ၁၂ (Z & U)
အပိုင်း ၁၃ (Z & U)
အပိုင်း ၁၄ (Z & U)
အပိုင်း ၁၅ (Z & U)
အပိုင်း ၁၆ (Z & U)
အပိုင်း ၁၇(Z & U)
အပိုင်း ၁၈(Z & U)
အပိုင်း ၁၉(Z & U)
အပိုင်း ၂၀(Z & U)
အပိုင်း ၂၁(Z & U)
အပိုင်း ၂၂ (Z & U)
အပိုင်း ၂၃(Z & U)
အပိုင်း ၂၄ (Z & U)
အပိုင်း ၂၅ (Z & U)
အပိုင်း ၂၆(Z & U)
အပိုင်း ၂၇ (Z & U)
အပိုင်း ၂၈(Z & U)
အပိုင်း ၂၉(Z & U)
အပိုင်း ၃၀(Z & U)
အပိုင်း ၃၁ (Z & U)
အပိုင်း ၃၂(Z & U)
အပိုင်း ၃၃ (Z & U)
အပိုင်း ၃၄ (Z & U)
အပိုင်း ၃၅ (Z & U)
အပိုင်း ၃၆ (Z & U)
အပိုင်း ၃၇(Z & U)
အပိုင်း ၃၈(Z & U)
💜💜💜
ကျေးဇူးတင်လွှာ(Z & U)
မေတ္တာရပ်ခံခြင်း(Z & U)
အပိုင်း ၁ (Z & U)
17.7K 1.1K 21
By WaiLwin016
Zawgyi
"အင်း...ရေသောက်ဦး ကိုကို''
"အေးပါ....အရိပ်ရယ်"
"ကိုကို့ဆီလာ''
"ဟုတ်"
#
သိပ်ချစ်တယ်..အရိပ်ရယ်။
#
မမမွာ ကိုယ်ဝန်ရှိနေပြီဆိုသည့် စကားက သမီးလေးမွေးဖွားစဉ်ကလိုပင် တည်တံ့ရင်ထဲ တသိမ့်သိမ့် ကြည်နူးလာရသည်။
"အေးပါ."
"အေး."
"မဖ်ားပါဘူး...အရိပ်ရ"
"ကိုယ်လည်း မပူပါဘူး..."
"အရိပ္ကို လွမ်းလို့''
"ဖေ့ကို...လွမ်း''
"ကဲပါ..ဒီမှာလာထိုင်''
"အင်း "
"မမ မွာ...ကလေးလေးရှိနေပြီတဲ့''
#
Unicode
ခြံရှေ့မှ ကားစက်ရပ်သံကို ကြားသည့်တိုင် အရိပ်တစ်ယောက် ကုတင်ထက်မှ ဖင်မကြွနိုင်သေး။အကြောင်းကတော့ သမီးပင်။တစ်ခါမှ ဂျီမကျစဖူး ဂျီကျရင်း အရိပ်ကိုယ်ပေါ်မှာ အိပ်ပျော်သွားခဲ့သည် မဟုတ်လား။ခဏကြာတော့ အခန်းတံခါးဖွင့်သံနှင့်အတူ ကိုကို့မျက်နှာလေး ပေါ်လာလေသည်။အရိပ် နူတ်ခမ်းပေါ် လက်ညိုးလေးတင်ပြတော့ ကိုကိုက ခေါင်းညိတ်ပြပြီး အခန်းတံခါးကို အသံမမြည်စေရန် အသာတွန်းပိတ်လိုက်၏။အရိပ်ဘေးက လွတ်နေသည့် နေရာကို ဖွဖွလေးဝင်ထိုင်လိုက်ရင်းက သမီးရဲ့ နဖူးကို စမ်းသည်။သမီးက ပုံမှန်ဆို ဒီအချိန် အိပ်လေ့အိပ်ထ မရှိဘူးလေ။
"ကိုယ်တော့မပူဘူး ကိုကို။ကျွန်တော့အထင် နို့မှုန့်ပြောင်းတိုက်တာမှာ ဗိုက်နာသွားတာနဲ့တူတယ်။အင်းအင်းတွေလည်း အရည်တွေသွားတယ်။တစ်နေ့လုံးလည်း  ဂျီကျနေတာ ကျွန်တော့လက်ပေါ်ကနေချမရဘူး။ခုမှမောပြီး အိပ်သွားရှာတာ"
လေသံလေးဖြင့် အရိပ်ပြောတော့ က်ိုကိုရဲ့ နှုတ်ခမ်းတစ်စုံက အရိပ်နဖူးပေါ်ကျရောက်လာသည်။ပင်ပန်းသွားပြီဆိုတဲ့သဘော။ဒီလိုအမူအရာကလည်း ကိုကိုအလုပ်မသွားခင်နဲ့အလုပ်ကပြန်လာပြီးတိုင်းမပျက်မကွက်လုပ်တတ်သည့်အပြုအမူ။
"ကိုကို...ရေချိုးဦးမယ်နော် ''
"အင်း...ရေသောက်ဦး ကိုကို''
ဟုတ်ကဲ့ခင်ဗျ...ဆိုသည့်စကားကို အရိပ္နားကပ္ကာ ပြောရင်း ရေချိုးခန်းထဲ ဝင်သွားလေတော့သည်။သမီးလေးလည်း အိပ်မောကျနေပြီမို့ ဖြည်းဖြည်းချီမကာ ပုခက်ထဲ ထည့်ပြီး ကိုကို့အတွက်အဝတ်အစားထုတ်ဖို့ရာ ခြေဖွဖွနင်းလို့ အသာထရသည်။ကိုကိုကလေ အေအးကြောက်သည်သာဆိုပေမဲ့ ရေတစ်ခါချိုးရင်တော်တော်နှင့် မပြီး။အရိပ်ရဲ့ ဆော်သြသံမကြားမချင်း အပြင်ပြန်မရောက်တာက ထုံးစံလိုပင်။
"ကိုကို....တော်ပြီလို့....မြန်မြန်ထွက်လာတော့."
"အေးပါ...အေးပါ...ပြီးပြီ...ပြီးပြီ."
တံခါးကိုနှစ်ချက်လောက် ဆင့်ထုမှ ရေစက်လက်ခန္ဓာကိုယ်ဖြင့် ကိုကို ထွက်လာလေသည်။
"ခေါင်းတွေလည်း လျှော်ပြန်ပြီ ကိုကိုရာ။ညနေဘက်ကြီးကို ။ကိုကိုပါနေမကောင်းဖြစ်ရင် ဘယ္လိုလုပ္မလဲ၊သမီး ဂျီနေရတဲ့ကြားက ။မမလည်း အရင်လိုဘေးမှာရှိတာမဟုတ်ဘူးနော်"
"အေးပါ....အရိပ်ရယ်"
ကိုကို့ကို ဆူဆောင့်ပြီး ရေချိုးခန်းထဲရောက်ကာမှ လျှော်ပြီးသားအီးဝတ်များနှင့် အရိပ္ပုဆိုးမ်ားကိုတွေ့ပြီး ကိုကို့အပေါ် အားတုံ့အားနာဖြစ်ရပြန်တော့သည်။ဒါတွေလုပ်နေလို့ ရေချိုးချိန်ကြာမြင့်သွားခြင်းသာ။ခပ်မြန်မြန်ရေချိုးပြီး အရိပ်ပြန်ထွက်လာတော့ တံခါးဝမြာ သပတ်တစ်ထည်ဖြင့် ကိုကိုက အဆင်သင့်ရပ်စောင့်လျက်။
"ကိုကို့ဆီလာ''
သပတ်ကိုင်ထားသည့် ကိုကို့လက်အောက် ဝင်လိုက်သည်နှင့် အရိပ်ရဲ့ ခေါင်းလုံးလုံးက ကိုကို့မေးဖျားနားဝယ် ကြက္တိအနေအထား။
"အနှီးတွေ လျှော်ပေးနေတာ မသိဘဲ ကျွန်တော်ပြောမိတာ တောင်းပန်ပါတယ် ကိုကိုရာ''
ကိုကို့ကို တောင်းပန်စကားဆိုမိချိန်တွင် ကိုကိုကတော့မူမပျက် ပြုံးရင်း အရိပ်ရဲ့ဆံသားမ်ားပေါ်မှ လက်ချောင်းအချို့ကိုသာ ဟန်ချက်ညီညီလှုပ်ရှားနေလေသည်။
"ရပါတယ် အရိပ်ရယ်။ကိုကို့ကို စိတ်ပူလို့ ပြောတာပဲဟာကို။ကိုကိုရော၊သမီးပါနေမကောင်းဖြစ်ရင်အရိပ် ပိုပင်ပန်းမှာ ကိုကိုသိတာပေါ့ "
"ကျွန်တော်ပင်ပန်းတာထက် ကိုကို့ကို နေမကောင်းနေတာ မမြင်ချင်တာပါ''
"ဟုတ်ပါပြီ။ကိုကို့ကလေး စိတ်မကောင်းမဖြစ်နဲ့တော့။လာအကျႌဝတ်ပေးမယ်။ပြီးရင် ထမင်းစားကြမယ်။နော်။တော်ကြာ သမီးနိုးလာရင် လောပြီးစားနေရလိမ့်မယ်''
"ဟုတ်"
#
လုပ်လက်စတွေပြီးမှ အရိပ်ကိုကြည့်တော့ တည်တံ့ဘေးမှာ ခွေခွေလေး အိပ်ပျော်နေလေသည်။တည်တံ့ အိပ်ရာပေါ် မရောက်သေးဘဲ အရင် ဝင်မအိပ်တတ်တာလည်း အရိပ်အကျင့်။ခုလည်းကြည့်  သမီးကို သိပ်ပြီး အရင်အိပ်နှင့်ပါဆိုသည်ကို တည်တံ့ အလုပ်လုပ်သည့်နား လာခွေနေရင်း အိပ်ပျော်သွားရှာ၏။
အရိပ်ရဲ့ ခန္ဓာကိုယ်လေးကို ပွေ့ချီပြီး ကုတင်ပေါ်တင်ရင်းမှ ဘေးက ပုခက်ထဲ အိပ်ပျော်နေသည့် သမီးကိုလည်း လှမ်းကြည့်ရသေးသည်။သမီးလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီမို့ မီးအရောင်ကို ပြောင်းကာ အရိပ်ဘေး ဝင်လှဲလိုက်၏။အရိပ်က မီးမှောင်နေရင် လန့်လန့်နိုးတတ်သည်လေ။ဒါ့အပြင်ကို တည်တံ့က အအေးကြောက်ပြီး အရိပ်နဲ့သမီးက အေးနေမှ အိပ်ပျော်တာမို့ airconကို အရှိန်လျော့လျော့ ဖွင့်ထားပေးရသည်က အလုပ်တစ်လုပ်။
အရိပ်ရဲ့ ခန္ဓာကိုယ်လေးကို ထွေးဖက်ထားရင်း နဖူးပေါ်က ဆံပင်လေးများကို သပ်တင်ကာ အမာရွတ်လေးပေါ် အနမ်းဖွဖွ ချွေလိုက်မိသည်။ကိုယ့်အတွက် သူပေးခဲ့သည့် ချစ်သက်သေ မဟုတ္လား။အရိပ္ကို လက်ထပ်ခွင့်တောင်းသည့်နေ့က အရိပ်ရဲ့အပြုံးဟာ ခုပြန်တွေးရင်တောင်ခုကြည်နူးလာတာမျိူး။သမီးလေးကိုလည်း သနေ္ဓတည်၊အရိပ်နဲ့သူနဲ့လည်းပဲ ခရီးတစ်ခုကိုအတူတူစတင်။ဘယ်လောက်တောင် အမှတ်ရစရာကောင်းနေခဲ့သလဲ။
သမီးလေး ရလာပြန်တော့ ကေလးက ကလေးထိန်းသလို ဖြစ်နေမလားလို့ စိတ်ပူခဲ့ပေမဲ့ အရိပ်ကသမီးအပေါ်မိခင်တစ်ယောက်လို အကောင်းဆုံး ပြုစုယုယပေးနိုင်ခဲ့ရုံမက  တည်တံ့ အတွက်လည်း အစစအရာရာကို ဂရုစိုက်ပေးနိုင်ခဲ့သေး၏။တစ်ခါတလေများအတွေးပေါက်မိတာလေ တည်တံ့မိန်းမယူခဲ့ရင်တောင် ခုလောက်အဆင်ပြေပါ့မလားပေါ့။ကိုယ့်ပတ်ဝန်းကျင်မြင်ဖူးသမျှဆိုတာကလည်း အဆင်မပြေတစ်ကျက်ကျက်ဖြစ်ကြသူ အမ်ားသားမဟုတ္လား။
အရိပ္ကို စိတ်ပူရတာဆိုလို့ မကြာခဏ ခေါင်းကိုက်တတ်ခြင်းသာ။အလုပ်ကနေ  နားခိုင်းထားပေမယ့် သမီးအတွက် တည်တံ့အတွက် အစစအရာရာ လိုက်လုပ်ပေးနေရတာကိုက အရိပ်ခင်မျာ အတော်လေး ပင်ပန်းနေရှာပြီ။ကလေးထိန်းငှါးပေးပါမည်ဆိုတော့လည်း လက်မခံ။သမီးကို သူစိမ်းလက်ထဲ မထည့်နိုင်ဘူးတဲ့လေ။ဒီလိုဆို တည်တံ့အတွက် တော်ရုံပဲ လုပ်ပေးပါဆိုတော့လည်း လက်မခံ။အဲ့တော့ အရိပ္ကို အရိပ်တကြည့်ကြည့် ပူပန်ရသူက ဒီကလူပဲပေါ့။
"အင်း....ကိုကို...မအိပ်သေးဘူးလား"
အရိပ်ရဲ့ မျက်နှာလေးကို ငေးကြည့်ရင်း အတွေးလွန်နေတုန်း လက်လေးတစ်ဖက်က ရင်ဘက်ပေါ် ရောက်လာလေသည်။မပွင့်တပွင့် မျက်လုံးလေးများဖြင့် တည်တံ့ကို ကြည့်ရင်း နူတ်ခမ်းဖူးဖူးလေးဖြင့် လှမ်းမေးနေတာကြောင့် အသည်းယားစွာ ဖိကပ်နမ်းမိလိုက်တော့ မျက်လုံးလေးတွေ မှိတ်သွားသည်အထိ ပြုံးပြနေတော့သည်။
"အိပ်မှာပေါ့။အရိပ်ကို ကြည့်ရင်း ကြည့်မဝလို့ "
တည်တံ့စကားကြောင့် မျက်စောင်းလေး မထိတထိထိုးရင်း ရင်ခွင်ထဲ တိုးဝင်လာလေသည်။
"မနက်မှ. ကြည့်တော့ကွာ။အိပ်တော့။မနက်လည်း ကိုကို အလုပ်သွားရဦးမှာကို။အိပ်ရေးပျက်မယ်။ခုပဲ အချိန်မနည်းလောက်တော့ဘူး''
"ဟုတ်ပါပြီ။အိပ်မယ်...အိပ်မယ်။အရိပ်လည်း ပြန်အိပ်တော့။မနက်လည်း သိပ်အစောကြီး မထပါနဲ့။ကိုကိုလည်းအလုပ်ကအစောကြီးသွားတာမှမဟုတ်ဘဲ။မနက်စာက ကြီးကြီးမြ ထလုပ်ပေးတာနဲ့တင် အဆင်ပြေပါတယ်''
"အရိပ်ကိုယ်တိုင်လုပ်ပေးချင်လို့ပါ "
"ဟုတ်ပါပြီ..အစောကြီးတော့ မထနဲ့.။တစ်နေ့လုံးလည်း ပင်ပန်းထားတာကို''
ရင်ခွင်ထဲ တိုးဝင်နေရင်းမှ ခေါင်းကို ညိတ်ပြနေသည့် အကောင်ငယ်လေးကို တင်းတင်းကြပ်ကြပ်သာ ဖက်ထားလိုက်မိတော့၏။
သိပ်ချစ်တယ်..အရိပ်ရယ်။
#
မမမြာ ကိုယ်ဝန်ရှိနေပြီဆိုသည့် စကားက သမီးလေးမွေးဖွားစဉ်ကလိုပင် တည်တံ့ရင်ထဲ တသိမ့်သိမ့် ကြည်နူးလာရသည်။
"အာကာ..မင်း...မင်း...တကယ်ပြောနေတာလား''
"တကယ်ပေါ့...ဒါမျိုးကနောက်စရာလား"
"ဟုတ်တယ်.. ငါ့မောင်ရေ ဟုတ်တယ်။နင့်အတွက် တူလေးရတော့မှာ"
ဖုန်းထဲက မမ အသံပါ ကြားလိုက်ရသည်မို့ တည်တံ့ကြားသည့်စကားက အမှန်ပင်။
"ဘာလို့...ကျွန်တော့တူလဲ။မမသား အာကာ့သားက ကျွန်တော်နဲ့အရိပ်ရဲ့သားပဲပေါ့ "
"ဟုတ်ပါပြီ...ဟုတ်ပါပြီ။ငယ်လေးကိုလည်းပြောပြလိုက်ပါဦး။မမ, မပြောပြရသေးဘူး "
မမက အရိပ်ကိုဆိုရင် တည်တံ့တို့ အာကာတို့ထက်ပင် ပိုချစ်ကြောင့် တည်တံံ့ အသိဆုံးဖြစ်သည်။အရိပ်ကလည်း မမကိုသာမက မချစ်တတ်သည့်နေရာမှာနာမည်ကြီးသော ဖိုးဖိုးဆီက အခ်စ္ကိုပါ ရအောင်ယူနိုင်သည်အထိ ချစ်မွှေးပါ၏။
"ဟုတ်...ဟုတ်...ခုကိုအိမ်ပြန်ပြီးပြေးပြောမှာ''
"ဟေ့ကောင်...ဖုန်းဆက်ပြောလည်းရတယ်။သူ့ဘာသူပြန်ချင်တာနဲ့ အကြောင်းလိုက်ပြ''
"အေးပါကွာ....ငါတွေ့ချင်လို့။ငါတွေ့ချင်လို့.။ဒါပဲ။အာကာရေ..မမကိုလည်း ဂရုစိုက်ဦးနော် ငါစိတ်ပူတယ်''
"အေးပါ."
ဖုန်းဆက်သွယ်မှုလေးက ပြီးဆုံးသွားပေမဲ့ ရင်ထဲက အေပ်္ကာတော့ ပျောက်မသွား။တည်တံ့တောင် ဒီလိုဆိုတော့ အိမ်ထောင်သက်နှစ်နှစ်ကြာမှ ကလေးအဖေဖြစ်ရရှာသော အာကာတစ်ယောက် ဘယ်လောက် ပျော်နေလိုက်မလဲ။မမ အသက်ကလည်း ၃၀ကို တော်တော်စွန်းနေပြီမို့ စိတ်ပူမိပေမဲ့ ဆေးဝန်ထမ်းတစ်ယောက်ပေမို့ ဆောင်ရန်ရှောင်ရန်အချက်အလက်များကို သာမာန်လူထက်ပိုသိလိမ့်မည်။
"ပိုးဝတီရေ...ငါ.ပြန်လိုက်တော့မယ်။အရောင်းကိုယ်စားလှယ်လာရင် ကြည့်ပြီး လုပ်ထားလိုက်တော့နော်''
"ဟာ...သူဌေး...အငယ်နေမကောင်းလို့စောပြန်တာလား "
အရိပ္ကို သည်းသည်းလှုပ်ချစ်ပြီးဂရုစိုက်သော လူများစာရင်းတွင် ပိုးဝတီသည်လည်း တစ်ယောက်အပါအဝင်။
"ဟမ်လို့...သူဌေး။အငယ်ဘာဖြစ်လို့လဲလို့။သူဌေးကလည်းလေယူတော့ယူတတ်ပြီး ဂရုတော့မစိုက်ဘူးလားမသိ။ ဒါပဲ ယောကျာ်းတွေ''
"ဟ...ငါ့ကိုနင့်အလုပ်ရှင်ဆိုတာလည်းသတိရဦး။ပြောနေဆ်ိုနေလိုက်တာများ။ဘာမှမဖြစ်ဘူး။ငါ့ဘာငါပြန်ချင်လို့ပြန်တာ။မယုံ အိမ်လိုက်ကြည့်''
ခပ်ဟောက်ဟောက်လေး ပြောမှ လျှာကလေးထုတ်ပြီး ဇကေ္ကလး ပုသည်။ပိုးဝတီမက အရိပ်နှင့် ပတ်သက်လာလျှင် သူဌေးလည်း သိပ်ပြီး ခေါင်းထဲ ရှိသူ မဟုတ်။
"အဟီး...ဟုတ်ကဲ့. ဟုတ်ကဲ့။ပြန်ပြန် သူဌေး။ကျွန်မ ကြည့်လုပ်ထားလိုက်မယ်''
"အေး."
ကုမ္မဏီအလုပ်ကိစ္စနှင့် ပတ်သက်လာရင်သာ တည်တံ့တို့က ဟာကွက်မရှိဆိုပေသိ အရိပ်နှင့် ပတ်သက်ပြီဆိုပါက ဒေါ်ပိုးဝတီ ပါးစပ်၌ ပြောစရာကြီးသာ ဖြစ်နေတော့၏။အတိတ်ကဖြစ်ခဲ့သည့်ကိစ္စအချို့က ယခုတိုင် ၎င်းတို့စိတ်ထဲ ထင်ကျန်နေဆဲ။
အိမ်ပေါက်ဝ ခြေချမိသည်နှင့် အရိပ်၏ သီချင်းညည်းသံသဲ့သဲ့ကို ကြားလိုက်ရသည်။သမီးကို ချော့သိပ်နေပုံပင်။ယခင်ကဆို ကားစက်သံကြားသည်နှင့် အပြေးအလွှား လာကြိုတတ်သူက ခုချိန်မှာတော့ ကလေးတစ်ဖက်ဖြင့် အလုပ်ရှုပ်နေသည်ကခပ်များများမို့ လူအကောင်လိုက်မြင်တာတောင် တစ်ခါတလေအဖက်မလုပ်နိုင်။
အမြဲချီပိုးနေရသည့် သမီးကလည်း ၂နှစ်ဆိုပေမဲ့ အလေးချိန်က ခပ်ပေါ့ပေါ့မဟုတ်။ဆေးဝါးကအစ ဖြည့်စွက်အစားအဆုံး ဂရုစိုက်လေတော့ သမီးက ဖွံ့ဖွံ့ထွားထွားဖြစ်လို့နေသည်။နှစ်ယောက်ယှဉ်လာသည့်အခါ အရိပ္ကိုသာ သိသိသာသာကပ်တတ်သည့်သမီးအကျင့်ကြောင့် အရိပ္ခမ်ာ နားရသည်က်ိုမရှိချေ။တည်တံ့နဖူးကို ဖ်က္ခနဲက်ရောက်လာသော အရိပ်၏ လက်ဖဝါးပြင်သေးသေးက တည်တံ့တစ်ယောက် ပြန်မလာစဖူး စောပြန်လာ၍သာဖြစ်မည်။
"မဖ်ားပါဘူး...အရိပ်ရ"
မဖ်ားပါဘူး ပြောတာတောင် လည်ပင်းတွေ ဘာတွေအထိ ကျေနပ်အောင် စမ်းပြီးမှ
"ကိုယ်လည်း မပူပါဘူး..."
"မဖ်ားပါဘူးဆို ဘယ္လိုလုပ္ကိုယ္ပူမွာလဲ''
"မသိဘူးလေ။ကိုကိုက တစ်ခါမှ မှစောပြန်မလာဖူးဘဲနဲ့''
"အရိပ္ကို လွမ်းလို့''
"ဖေ့ကို...လွမ်း''
တည်တံ့စကားအတိုင်း သမီးလေးကပါ မပီကလာ လိုက်ပြောတော့ အရိပ်ရဲ့ မျက်နှာလေး နီရဲသွားချေသည်။
"ဘာတွေလျှောက်ပြောနေတာတုန်း။သမီးက စကားသင်တဲ့ အရွယ်ရောက်နေပြီကို"
ပြောလည်းပြောရင်း အရိပ်ရဲ့လက်လေးတစ်ဖက်က တည်တံ့ရင်ဘက်ကိုထုတော့ သမီးကပါ သူ့ပါးပါးအတိုင်းလိုက်ပြုမူပြီး သဘောတကျဖြင့် ရယ်နေလေတော့၏။
"သမီးလေး သဘောကျနေတယ်ဟုတ်လား။သမီး ပါးပါးရှက်နေတာကို သမီးကသဘောကျနေတယ်ပေါ့''
"ကိုကို့...ဘယ်လိုဖြစ်နေတာတုန်း''
အရိပ္က ရှက်ပြီးအော်လေ သမီးက သူ့မြူတယ်ထင်ပြီးရယ်လေလေဖြင့် အရိပ္ခမ်ာ ရောယောင်ပြီး လိုက်ရယ်ရတော့သည့်အခြေအနေ။
"သမီးနော်။ပါးပါးဘက်ကမပါဘဲ ဖေ့ဘက်ပါနေတယ်ပေါ့ဟုတ်လား။ကြည့်နေ..နောက်ရက်သမီးဖေမရှိရင် ပါးပါးကိုနို့မတောင်းနဲ့။ချီလည်းမချီဘူး မှတ်''
သမီးကို နူတ်ခမ်းတဆူဆူဖြင့် ရန်ထောင်နေသော တည်တံ့ရဲ့အမျိုးသားလေးကို အသည်းယားစွာဖြင့် ဆွဲဖက်လိုက်ပြီးမှ....
"ပြောစရာရှိလို့ပြန်လာတာ အရိပ်ရ"
"အွန်း..မကောင်းတာတစ်ခုခုလားကိုကို။ဟို..မိန်းမယူမယ်လို့ပြောမလို့လား။အဲ့လို မလုပ်ရဘူးနော် ကျွန်တော့မှာ ကိုကိုတစ်ယောက်တည်းရှိတာ''
မဟုတ်တဲ့အတွေးက အရင်ဆုံးဝင်ပြီး မျက်လုံးအိမ်ထဲမျက်ရည်မြစ်က  ချက်ချင်းကိုအိုင်လာတော့သည်။
"မဟုတ်တာအရိပ်ရာ။ကိုကိုက ကလေးအဖေတောင်ဖြစ်နေမှ မိန်းမယူစရာလား။ဒီကလေးဟာလေ ပေါက်ကရတွေပဲ လျှောက်လျှောက်တွေး"
"မသိဘူးလေ။အထူးတလည်တောင် ပြန်လာပြောရတဲ့စကားဆိုတော့''
"ကဲပါ..ဒီမှာလာထိုင်''
သမီးကို ချီထားရက်က ကုတင်ပေါ် ထိုင်လိုက်ပြီးအရိပ်ကိုပါ တစ်ဖက်ပေါင်ပေါ် ဆွဲထိုင်လိုက်သည်။
"အင်း "
"မမ မြာ...ကလေးလေးရှိနေပြီတဲ့''
"ဟာ...တ...တကယ်ပြောတာလားကိုကို''
"အင်း...တကယ်။ဒီနေ့တင် အာကာဖုန်းဆက်လာတာ''
"ဟာ...ပျော်လိုက်တာကွာ။သမီး..သမီး...သမီးအတွက် မောင်မောင်လေးလား. ညီမေလးလား ရတော့မယ် သိလား။သမီးသိလား"
ပျော်နေသော အရိပ်ရဲ့မျက်နှာနုနုကို မှတ်တမ်းတင်ချင်မိ၏။သမီးကိုဝှေ့ယမ်းလှုပ်ခါရင်း သူကိုယ်တိုင်လည်း ဖင်တကြွကြွဖြင့် အော်ဟစ်နေလေသည်၊တက်ထိုင်ထားသည့်နေရာက တည့်တံ့ပေါင်ပေါ်ဆိုတာများမေ့သွားသလားမသိ။ကိုယ့်မှာ ကလေးနှစ်ကောင်ကို ပြုတ်မကျအောင် အနိုင်နိုင်ထိန်းရင်း ရင်ထဲမှာလည်း မမအတွက် ဖြစ်ပေါ်နေသည့်ဝမ်းသာမှုက ပြောမပြတတ်အောင်ပင်။
#
Continue Reading
You'll Also Like
12.9K 443 45
286K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
10K 731 10