ချစ်ခြင်းအသင်္ချေ (ခဈြခွငျးအသခ...
By WaiLwin016
322K 24.6K 1.4K
သမီးလေးနဲ့ အဖေနှစ်ယောက်တို့ရဲ့မိသားစုလေးတစ်ခုမှာ ဖြစ်တည်လာမဲ့ ချစ်ခြင်းမေတ္တာနဲ့အတူ ဖြေရှင်းရမဲ့ အခက်အခဲတွေကို... More
အပိုင်း ၁ (Z & U)
အပိုင်း ၂ (Z & U)
အပိုင်း ၃ (Z & U)
အပိုင်း ၄ (Z & U)
အပိုင်း ၅ (Z & U)
အပိုင်း ၆(Z & U)
အပိုင်း ၇ (Z & U)
အပိုင်း ၈(Z & U)
အပိုင်း ၉(Z & U)
အပိုင်း ၁၀ (Z & U)
အပိုင်း ၁၁ (Z & U)
အပိုင်း ၁၂ (Z & U)
အပိုင်း ၁၃ (Z & U)
အပိုင်း ၁၄ (Z & U)
အပိုင်း ၁၅ (Z & U)
အပိုင်း ၁၆ (Z & U)
အပိုင်း ၁၇(Z & U)
အပိုင်း ၁၈(Z & U)
အပိုင်း ၁၉(Z & U)
အပိုင်း ၂၀(Z & U)
အပိုင်း ၂၁(Z & U)
အပိုင်း ၂၂ (Z & U)
အပိုင်း ၂၃(Z & U)
အပိုင်း ၂၄ (Z & U)
အပိုင်း ၂၅ (Z & U)
အပိုင်း ၂၆(Z & U)
အပိုင်း ၂၇ (Z & U)
အပိုင်း ၂၈(Z & U)
အပိုင်း ၂၉(Z & U)
အပိုင်း ၃၀(Z & U)
အပိုင်း ၃၁ (Z & U)
အပိုင်း ၃၂(Z & U)
အပိုင်း ၃၃ (Z & U)
အပိုင်း ၃၄ (Z & U)
အပိုင်း ၃၅ (Z & U)
အပိုင်း ၃၆ (Z & U)
အပိုင်း ၃၇(Z & U)
အပိုင်း ၃၈(Z & U)
💜💜💜
ကျေးဇူးတင်လွှာ(Z & U)
မေတ္တာရပ်ခံခြင်း(Z & U)
Intro (Z & U)
34K 1.2K 17
By WaiLwin016
Zawgyi
မိုးအရိပ်ရောင်....
#
တည်တံ့နေနိုင်
#
မိုးရိပ်တည်ကြည်
#
Unicode
မိုးအရိပ်ရောင်....
ယောကျာ်းသားနှစ်ယောက် အတူလက်တွဲပြီး ဖန္တီးထားတဲ့ မိသားစုမို့ လူအမ်ားက ကဲ့ရဲ့ချင်ကြတယ်။ရှုံ့ချချင်ကြတယ်။ကာယကံရှင်တွေဖြစ်တဲ့ ကျွန်တော်တို့ကရော ဒီလို အေနအထားကို လြယ္လြယ္ကူကူ ဆုံးဖြတ်ခဲ့ကြတယ်များ ထင်နေကြတာလားဗျာ။ခေတ်အခါအရ ဒီလိုပတ်သက်မှုဆိုတာ လူ့အသိုင်းအဝိုင်းမှာ ပွင့်လင်းမြင်သာနေတဲ့ အနေအထားမဟုတ်ဘူးလေ။ကျွန်တော့ဘက်က ကျွန်တော့စိတ်ကို ထိန်းချုပ်ထားခဲ့သလို ကိုကိုကေရာ မထိန်းချုပ်ဘဲ နေခဲ့ပါ့မလား။ဪ...ကိုကိုဆိုတာက ကျွန်တော့အမျိုးသား။ကျွန်တော်တို့နှစ်ယောက်မှာ အသက်အရွယ်၊ပိုင်ဆိုင်မှု၊ရုပ်ရည် ဒါတွေ ကွာခြားသလို တူညီတဲ့ အနေအထားတွေလည်း တော်တော်များများ ရှိတယ်။
ကျွန်တော်က မိဘဆိုတာ မြင်တောင်မမြင်ဖူးဘဲ မိဘမဲ့ကလေးတွေကို ခေါ်ယူမွေးစားထားတဲ့ ဘုန်းကြီးကျောင်းကနေ ဘဝစတင်ခဲ့ရတယ်။ဘဝတူမိဘမဲ့ကလေးတွေနဲ့ ဘဘုန်းတို့ကသာ ကျွန်တော့မိသားစု ဖြစ်ခဲ့တာ။ကျွန်တော် အ်မဲ တောင့်တခဲ့တာ သာယာပျော်ရွှင်တဲ့ မိသားစုလေးတစ်ခု။ကျွန်တော်ရယ် ကျွန်တော်ချစ်တဲ့သူရယ် ကျွန်တော့တို့ ရင်သွေးလေးရယ် ။မချမ်းသာရင်နေပါဗျာ။ပြီးပြည့်စုံတဲ့ မိသားစုလေး တစ်ခုတော့ သိပ်ကိုလိုချင်ခဲ့မိတယ်။ဒီလိုအခြေအနေမှာ ကျွန်တော့ဘဝထဲ ဝင်ဖို့ခြေလှမ်းလာသူက ကိုကိုပေါ့။ ဖြစ်လာတဲ့ အနေအထားကြီးကို မနှစ်မြို့လို့ ကျွန်တော်ကိုယ်တိုင် ကိုကို့ရင်ကို ခြေစုံကန်ကာ ထွက်ခဲ့ပေမဲ့ လက်မခံနိုင်ခြင်းတွေ ကြားမှာပဲ ကျွန်တော် ,ကိုကို့ကို ချစ်မိသွားခဲ့တယ်။
ခင်ဗျားတို့သိလား။ကိုယ်က ယောကျာ်းတစ်ယောက် ဖြစ်ရက်နဲ့ တခြားယောကျာ်းတစ်ယောက်ကို ချစ်မိနေပြီဆိုတဲ့ စိတ္ခံစားခ်က္ကို သိလာတဲ့အချိန် ကျွန်တော်တို့အတွက် ဘယ်လောက် ခက်ခဲသလဲဆိုတာ။ကိုယ့်ကိုယ်ကိုယ် ရွံရှာရမလား၊မိန်းမတစ်ယောက်လို မိတ္ကပ္လူး,ထမီဝတ်ပြီးနေချင်တာလား ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်စိတ်ကိုယ် ဒွိဟ ဖြစ်ခဲ့ရတဲ့ အခိုက်အတန့်တွေ ။ကျွန်တော့လို ပျော့တိပျော့ညံ့ လူတစ်ယောက်ကတောင် အဲ့လိုအတွေးတွေနဲ့ ဗျာများခဲ့ရင် ကျွန်တော်ထက် အရပ်အမောင်းတွေ ရုပ်ရည်တွေကအစ အနေအထိုင် အမူအကျင့်တွေပါအဆုံး ယောကျာ်းပီသလွန်းနေတဲ့ ကိုကိုကေရာ ဒီလို ခက်ခဲတဲ့ အချိန်တွေ မရှိဘဲ နေမှာတဲ့လား ။
ကိုယ့်စိတ်ကိုယ် သေချာပြီဆိုတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုကို ကျွန်တော်တို့ လက်ခံလာနိုင်ကြတယ်။မိန်းမစိတ်ဝင်နေလို့ ယောကျာ်းတစ်ယောက်ကို ခ်စ္တာမဟုတ္သလို ယောကျာ်းတိုင်းကို မြင်သမျှသဘောကျတာမျိုးလည်းမဟုတ်ခဲ့ဘူး။အဓိက အခ်က္က ကျွန်တော်မို့လို့ ကိုကိုက ချစ်ခဲ့သလို ကျွန်တော်ကလည်း ကိုကို့မို့လို့ မြတ်နိုးခဲ့ရုံပါ။တကယ်လို့ ကျွန်တော်တို့ အချင်းချင်းသာ မတွေ့ဖြစ်ခဲ့ကြရင် သေချာတာတစ်ခုက ကျွန်တော်တို့ နှစ်ဦးစလုံးပုံမှန်အိမ်ထောင်ရေးတစ်ခုကိုပဲ ဖန်တီးမိကြမယ်လို့ ကျွန်တော်ထင်တယ်၊၊ပြီးတော့ နားမလည်တဲ့ လူတွေကို နားလည်အောင် လိုက်ရှင်းပြနေတာထက် နားလည်ပေးတဲ့လူတွေကြားမှာ ဘဝကို မြှုပ်နှံလိုက်တာ အကောင်းဆုံးပါပဲ။
#
တည်တံ့နေနိုင်
"ကိုကိုရေ''ဆိုတဲ့ခေါ်သံလေးနဲ့တင် ကျွန်တော့စိတ်တွေ အရည်ပျော်သွားအောင် ဖန်တီးနိုင်သူက ကျွန်တော် ချစ်ရသူ ။ကျွန်တော့အတွက်ဆို အသက်ပါမငဲ့ဘဲ စေတးရဲတဲ့ သူ။ကျွန်တော်တို့နှစ်ယောက်လုံးမှာ တူညီတဲ့ ဆန္ဒလေး တစ်ခုရှိတယ် ။ပျော်ရွှင်တဲ့ မိသားစုဘေဝလးကို လိုချင်ခဲ့တာပါ။ဒီဆန္ဒလေး တစ္ခုကပဲ မတူညီတဲ့ အလွှာခြားနားခြင်းတွေကို အငွေ့ပျံကာ ပျောက်သွားသည်အထိ စွမ်းခဲ့တယ် ထင်ပါရဲ့ ။အဲ့လိုဆို မေးစရာတော့ ရှိလိမ့်မယ်။မိသားစုလိုချင်တာကို ဘာလို့ မိန်းမ မယူခဲ့သလဲလို့ပေါ့။ဒါကတော့ ဖြေရှင်းရခက်တဲ့ အရာတစ်ခုပဲ။သာယာချမ်းမြေ့တဲ့မိသားစုကို လိုချင်ပါတယ်ဆိုကတည်းက သူနဲ့မှ ကိုယ္က သာယာချမ်းမြေ့နိုင်မှာမို့ သူ့ကို လက်ထပ်ခဲ့တာလို့ပဲဖြေရှင်းတာ အကောင်းဆုံးဖြစ်မယ် ထင်ပါတယ်။ယောကျာ်းတစ်ယောက်ကို ချစ်မိခဲ့တဲ့ စိတ်ကဘယ်လောက်တောင် အဖြေရှာခဲ့ရသလဲဆိုတာတော့ မပြောချင်တော့ပါဘူး ။သေချာတာကတော့ သူက ယောကျာ်းတစ်ယောက် ဖြစ်နေတာက လွဲရင် ကျွန်တော် တစ်သက်လုံး မျှော်လင့်နေတဲ့ အရာကို ပေးနိုင်ခဲ့တယ်။
ပြီးတော့ ကျွန်တော်ကို တော်တော်များများက ထင်ကြတယ်။ပြည့်စုံတဲ့ အမျိုးကောင်းသားတစ်ယောက်လို့။လူထဲက လူတစ်ယောက်ပဲဗျာ ။အရာခပ်သိမ်း ပြီးပြည့်စုံတယ်တော့ ဘယ်ရှိပါ့မလဲ။ပြင်ပအမြင်မှာ ကျွန်တော်က အထင်ကရသူဌေးကြီးတစ်ယောက်ရဲ့ တစ်ဦးတည်းသော မြေး။တစ်ဦးတည်းကျန်တဲ့ မျိုးဆက်။အမွေဆက်ခံသူ။လက်ရှိလည်း လုပ်ငန်းစုတော်တော်များများကို လက်က်ိုင်ထားတဲ့ လူငယ်လုပ်ငန်းရှင်တစ်ယောက်။အားကျတဲ့သူတော့ အများသားဗျ။ဟုတ်တယ်...ခင်ဗျားတို့ပြောသလို ငွေကို ရေလိုသုံးနိူင်တယ်။ကားထည်လဲစီးနိုင်တယ်။ကောင်းပေ့ညွန့်ပေမှ ကိုယ်ပေါ် တင်တယ်။အစားကောင်းကောင်းစားနိူင်တယ်။ငွေနဲ့ လဲလှယ်လို့ ရသမ်ွ အရာအားလုံး ကျွန်တော် ရယူနိုင်တယ်။
ဒါပေမဲ့ ခင်ဗျားတို့ မသိတဲ့ အမှောင်တစ်ခြမ်းမှာ ကျွန်တော် ဘယ်လောက် အထိီးကျန်သလဲ ဘယ်သူမှ မသိဘူး။မိဘတွေဆုံးသွားတဲ့အပြင် တစ်ဦးတည်းသောအဖိုးက မြာပွေတဲ့နေရာမှာ နှစ်ယောက်မရှိ။ပုံမှန်ဆို ပြင်ပမှာသာ  ရှုပ်ပွေတတ်ပေမဲ့ ဖွားဖွားဆုံးပြီးချိန်မှစလို့ အယောက်ပေါင်းမနည်းအောင် ထည်လဲပြီး အိမ်ပေါ်ခေါ်တငိလာတော့တာပါပဲ။ဒီတော့ တစ်ဦးတည်းသောမြေး ကျွန်တော့ကို ခပ်ငယ်ငယ် အရွယ်ကတည်းက တစ်အိမ်သက်သက်မှာ ထားခဲ့တာ။ထားပေးတာပေါ့ အိမ်အကူတွေ ခြွေရံသင်းပင်းတွေ။ဒါတွေက ဘယ်လောက်ပဲ ကျွန်တော့အပေါ် ကောင်းနေပါစေ။ကျွန်တော် လိုအပ္တာက မိသားစုမေတ္တာ။
ကျွန်တော်လိုချင်တဲ့ အရာကို ဘေးလူတွေဆီကပဲ ကျွန်တော်ရခဲ့တယ်။ဖိုးဖိုးကတော့ ပိုက်ဆံရှာတတ်အောင်ပဲ သင်ပေးခဲ့တာမို့ ဆယ်တန်းအောင်ပြီးတဲ့ အချိန်ကတည်းက ဖိုးဖိုးစီးပွားရေးတွေကို ကျွန်တော် စတင်ကိုင်တွယ်နိုင်နေပြီ။ဘွဲ့ရပြီးချိန်မှာတော့ ကျွန်တော့လက်ထဲ ကိုယ်ပိုင်လုပ်ငန်းစုတွေ ပိုင်ဆိုင်လာရပြီ။ကလေးဘဝက မက်မောခဲ့တဲ့ မေတ္တာတွေကိုလည်း ကျွန်တော်မမက်မောတော့သလို ကျွန်တော့်ခြေ ကျွန်တော်လက်နဲ့ ဘဝလမ်းကို လျှောက်ရင်း သူနဲ့အတူတူ မိသားစုဖန်တီးနိုင်ခဲ့တယ်။ကျွန်တော်တို့နှစ်ယောက်တင် မဟုတ်ဘဲ သိပ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက်လည်း ကျွန်တော်တို့ ပိုင်ဆိုင်ထားခဲ့ပြီဆိုမှတော့ ကျွန်တော့အတွက်တခြားဘာများ ထပ်ပြီး လိုအပ်ဦးမှာလဲဗျာ...။
#
မိုးရိပ်တည်ကြည်
ကိုယ့်နာမည်က မိုးရိပ်တည်ကြည်။ဖေနဲ့ပါးပါးတို့ရဲ့ နာမည်ကို ပေါင်းစပ်ပြီး ခေါ်တွင်ထားတဲ့ အမည်နာမ။နားများ ရှုပ်သွားမလား ဖေနဲ့ပါးပါးဆိုတော့လေ.။ရှင်းပြမယ်နော်။တကယ်တော့ ကိုယ္က လိင်တူစုံတွဲကနေ ဖန္တီးထားတဲ့ မိန်းမပျို။ကိုယ့်ဖေ နာမည်က တည်တံ့နေနိုင်။အနေတည်တယ်။အေးဆေးတယ်။ဖေ့ရုပ်ရည်ကို ရည်ညွန်းရရင် ချောတာထက်ပိုတယ်။အသားအရည်က ကိုယ့်လိုပဲ ဝါညက်ညက်။ဖေက ထက်မြက်တယ်။တည်ကြည်တယ်။အရာအားလုံး ဖေ့ရဲ့ အကြည့်အောက်မှာ ပြားပြားဝပ်သွားနိုင်တဲ့ အထိ ဖေ့ရဲ့အကြည့်က စူးရှတယ်။
ပါးပါးကေတာ့ မိုးအရိပ်ရောင်တဲ့။နာမည်နဲ့ လိုက်အောင်ကို ပျော့ပျောင်းနူးညံ့လွန်းတယ်။ပြီးတော့ သွက်တယ်။ဖေ အမြဲပြောဖူးတယ်။ကိုယ့်အကျင့်တော်တော်များများက ပါးပါးနဲ့တူတာတဲ့။အသားအရည်တော့ မတူပါဘူးကွယ်။ပါးပါးအသားအရည်က ဖြူလွန်းပြီး ပန်းရောင်တောင်ပြေးနေတာ။ဖေက ချောတယ်ခန့်ညားတယ်ဆိုရင် ပါးပါးကေတာ့ ချစ်စရာကောင်းတယ်။နူးညံ့တယ်။ဖေ့လို အကြည့်မစူးရှပေမဲ့ ပါးပါးရဲ့ မျက်လုံးဝိုင်းဝို်င်းလေးတွေရဲ့ အကြည့်က ဖေ့လိုလူကို ငြိမ်သက်သွားစေတာပဲ။
ကိုယ်လား။ဖေနဲ့ပါးပါးဆို...။အင်း...နှစ်ယောက်လုံးကိုတော့ ချစ်ပေမယ့် ပါးပါးကိုတော့ ပိုရင်းနှီးတယ်။ကိုယ် ငယ်ငယ်ကတည်းက ပါးပါးနဲ့ပဲ အနေများတာလေ။ဖေက အလုပ်သွားနေတော့ ညဘက်လေးပဲ တွေ့ရတာမဟုတ်လား။ပြီးတော့ ပါးပါးက အလိုလိုက်တယ်။ဖေကတော့ နေရာတိုင်းကို စည်းနဲ့စနစ်နဲ့ နေစေချင်တယ်။ကိုယ့်ကိုလည်း  လိုတာထက် ပိုပြီး အလိုမလိုါ်ဘူး။ပါးပါး ကာစီးနေလို့သာ ကိုယ်ကအနေချောင်နေတာ။ပြီးတော့ ကိုယ်သိတယ်။ဖေက ပါးပါးကို ကိုယ့်ထက်တောင် ပိုချစ်တယ်ဆိုတာ။ကျန်းမာရေးချူချာတဲ့ ပါးပါးကို ကိုယ့်ကြောင့် အထူးတလည် မပင်ပန်းစေချင်တဲ့စိတ်ကိုလည်း နားလည်တယ်။
အဖေနှစ်ယောက်နဲ့နေရတဲ့ ဒုက္ခလား။အို...အများသားပေါ့။ဥပမာ ပြောပြရင် အဝတ်အစား။အဖေတွေနဲ့နေရတာဆိုတော့ လုံခြုံမှ ရမယ်ဆိုပြီး ဝယ်ပေးလိုက်သမျှ လည်ပင်းလေးနဲ့ လက်ဖျားခြေဖျားလေးသာ ပေါ်တယ်လေ။ပါးပါးခေါ်သွားပြီး ဝယ်မှသာ ဂါဝန်အတိုလေး ဘာလေး ဝယ်ရတာ။ရေကူးကန်ကြီး ခြံထဲရှိပါရဲ့ ရေကူးဝတ်စုံဆို တစ်ကိုယ်လုံး လုံနေမှ ဝတ်ရတယ်။ဖအေတွေရှေ့ မရိုင်းပျရဘူးတဲ့။အိပ်တာတော့ ငယ္ငယ္က ဖေတို့နဲ့ တစ်ခန်းတည်း ကုတင်သီးသန့်နဲ့ အိပ်တယ်။၇နှစ် ၈နှစ်လောက်မှာထင်တယ်...။ကိုယ်.. သီးသန့်အခန်းနဲ့ ပြောင်းအိပ်တော့တာ။
ဟင့်အင်း။ဖေတို့က မပြောင်းခိုင်းပါဘူး။ကိုယ်,ကိုယ်တိုင်က သီးသန့်နေချင်လာတာ။နောက်ပြီး ပတ်ဝန်းကျင်မှာ ကြားနေရတဲ့ ဝေါဟာရတစ်ခုအတွက်လည်း မေးရဦးမယ်။ငယ်စဉ်ကလည်း မကြာခဏ မေးခဲ့ဖူးတယ် ထင်ပါတယ်။ဒါပေမဲ့ သေချာ အဖြေမရခဲ့ဘူး။ကိုယ်မှတ်မိသလောက် အဲ့ဒီမေးခွန်းမေးတိုင်း ပါးပါးက ငိုတော့တာပဲ။ဖေကတော့ သိတဲ့အတိုင်း ပါးပါးငိုပြီဆို ဖေတို့ နေစရာမရှိတော့။ဘာလို့ ဒါက ဒီလောက်ဖြေရခက်နေတာလဲ ကိုယ်မသိဘူး။အရေးတကြီးလည်း သိစရာတော့ မလိုဘူး ထင်ပေမဲ့ ကြားရပါများတော့လည်း သိချင်စိတ်က ပြင်းထန်လာပြီ။
ပြီးတော့ သိချင်တယ်။ကိုယ့်ကို ဖေနဲ့ပါးပါး ဘယ်သူကများမွေးခဲ့တာလဲဆိုတာ ။ယောကျာ်းတစ်ယောက်က ကလေးမမွေးနိုင်ဘူးဆိုတာမျိုး အရိပ်အပါးတော့ သိထားပေမဲ့ မွေးစားထားတာလားလို့လည်းမတွေးမိနိုင်အောင် ကိုယ္က ဖေတို့ပါးပါးတို့နဲ့ တူလွန်းနေတာ။အထူးသဖြင့် ပါးပါးနဲ့ပေါ့။ရုပ်ရည်အရ ကြည့်ရင် ကိုယ္က ပါးပါးနဲ့တူတဲ့သမီးပဲ။ဉာဏ်ရည်ထက်မြက်ပြီးသွက်လက်တာကကတော့ဖေနဲ့ ပါးကို ပေါင်းစပ်ထားတာ ဖြစ်မည်။အသားအရည်နဲ့ ဆံပင် ညိုညိုတွေကို ကြည့်ရင်တော့ ကိုယ္က ဖေနဲ့တူတာ။ဖေကနဂိုဆံပင်အရောင်ကိုက နက်မှောင်နေတာမျိုး မဟုတ်ဘဲ အညိုရင့်ဘက် သွားတယ်လေ။
ပြည့်စုံတဲ့ အရာတွေကိုပဲ ပိုင်ဆိုင်ထားပေမဲ့ ကိုယ့်မှာ လိုအပ်နေတာတစ်ခုက ကိုယ့်အမေဘယ်သူဆိုတာကို သိချင်စိတ်ပြင်းပနေခြင်းပါပဲ။
#
Continue Reading
You'll Also Like
89.4K 6.4K 36
ကိုယ်ကအားလုံးအတွက် ဧည့်လမ်းညွှန် ဖြစ်ခဲ့ပေမဲ့ မင်းအတွက်တော့ နှလုံးသားလမ်းညွှန် ဖြစ်ပါရစေ.....။ (27.1.2021) - (27.6.2021) ( ဇာတ်လမ်းပါအကြောင်းအရာများသ...
243K 23.6K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
9.9K 726 10
221K 13.5K 55
အချစ်ဆိုတာရဲ့နောက်မှာ ပိုင်ဆိုင်ခြင်းဆိုတာက ကပ်ပါလာခဲ့ရင်. . .ကိုယ့်ရဲ့ပိုင်ဆိုင်ခြင်းမှာ မင်းကိုချည်ဖို့ကြိုးတစ်ချောင်းပျောက်နေခဲ့တယ်။ အခ်စ္ဆိုတာရဲ႕...