နှလုံးသားရဲ့ လမ်းညွှန်မှု အတိ...

By ZarZarMay

146K 6K 73

#zawgyi ကောင်းသတင်းဆောင်နဲ့ ရှေးရိုးဖြူတို့ရဲ့သာယာအေးချမ်းလှတဲ့အိမ်ထောင်ရေးဘဝထဲကို တိတ်တဆိတ်ရောက်ရှိလာခဲ့တဲ့... More

နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-1
နှလုံးသားရဲ့ လမ်းညွှန်မှုအတိုင်း part-2
နှလုံးသားရဲ့ လမ်းညွှန်မှုအတိုင်း part-3
နှလုံးသားရဲ့ လမ်းညွှန်မှုအတိုင်း part-4
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-5
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-6
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-7
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-8
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-9
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-10(🔞🔞)
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-11
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-13
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-14
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-15(🔞🔞)
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-16(🔞🔞)
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-17
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-18
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-19
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part -20
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part -21
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-22(🔞🔞)
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-23
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-24
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-25
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-26
နှလုံးသားရဲ့ လမ်းညွှန်မှုအတိုင်းpart-27(🔞🔞)
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-28
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်းpart - 29
နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-30 (final❤)
Extra🔞🔞

နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-12

3.9K 191 8
By ZarZarMay

#zawgyi








.....


...........



"ဟုတ်ဖြစ်ပါတယ်.. အကို.. "



"အေးအေး..."




"အာ...ဟမ်...ဘာ...ကိုလဲကွ...''










"အေး..''




"အင်း....ရှေး''





"ဟုတ်ပါပြီကွာ...''










🍇🍇🍇


🍇🍇

#unicode

"မာမီ ဘယ်လိုလုပ်လိုက်တာလဲ....မာမီလုပ်လိုက်တဲ့ပုံက ရောင်ဝါ့သိက္ခာကို အများကြီးထိခိုက်စေတယ်...."

"သြော်....မင်းက အခြေအမြစ်မရှိ တဲ့ gayတစ်ကောင် ရဲ့ သိက္ခာကိုကျတော့ထည့်တွက်တယ်...မာမီတို့ကျတော့ ဘာဖြစ်ဖြစ် ဖြစ်ပါစေပေါ့...ဟုတ်သလား....ပြောလေ ဝဠာထူး..."

"မာမီ....ရောင်ဝါ့ကို အဲ့သလို မပြောပါနဲ့....''

"တော်ပြီသား....မာမီ ရဲ့ လုပ်ရပ်က မှားနေတယ် ဆိုရင်တောင် ဒါဟာ မင်းကောင်းဖို့အတွက်ပဲ မာမီ ဘာမှထပ်မကြားချင်တော့ဘူး မင်းဆက်ရှာဖို့လည်းမစဉ်းစားနဲ့ အေး နောက်ပြီးတော့ မင်း မာမီ့သူငယ်ချင်း ရိုစီရဲ့ သမီးဟန်နီထိပ်ထားနဲ့ လက်ထပ်ရမယ် ဒါပဲ "

ဒေါ်မူယာနှင်းဆီ ရဲ့ တစ်ချက်လွှတ်အမိန့်က အရမ်းပြင်းထန်လွန်းသည်။ ဝဠာထူး ဆက်ငြင်းဆန်လို့ မရတော့တာကြောင့် အတော်ကို စိတ်ပျက်နေသည်။

"သား....အခုကိစ္စမှာ သားမာမီ အရမ်းလွန်ခဲ့တယ်ဆိုတာ ဒယ်ဒီနားလည်ပါတယ်ကွာဒါပေမဲ့ ဒယ်ဒီကသားကို normalလူသားတစ်ယောက်ပဲဖြသ်စေချင်တာ...သားစိတ်မပူပါနဲ့.. ရောင်ဝါအဆင်ပြေမှာပါ...ဒယ်ဒီသူ့ကို မတွေ့တွေ့အောင် ရှာပြီး....အစစအရာရာ ထောက်ပံ့ပေးလိုက်ပါ့မယ်"

ဒယ်ဒီ့ရဲ့ စကားကို ကျွန်တော် ယုံချင်ပါသည်။ ရောင်ဝါ့ရဲ့ ဘဝလေးကို သည်အိမ်ကြီးထဲမှာ အစေခံအဖြစ် ချုပ်နှောင်မထားပဲ ပညာတတ်လူရည်ချွန်ကြိး တစ်ယောက်အဖြစ် ကျွန်တော်မြင်ချင်မိသည်။ sorryပါပူတူးလေးရယ်.....ဦးရဲ့ အမှားကြောင့် ဦးအနူးညွန့်တောင်းပန်ပါတယ်...ဦးက ပူတူးလေးရဲ့အချစ်နဲ့ မတန်တော့ပါဘူး...

.....

ဝဠာထူးရဲ့ ဒယ်ဒီ ကလည်း ရောင်ဝါ့ကို အသေအချာ လိုက်ရှာပေးသည်။ အဘစံက ဝဠာထူး ဒယ်ဒီရဲ့ ရည်ရွယ်ချက်ကိုသိတော့ ရောင်ဝါ့ တည်နေရာကိုပြောပြသည်။ ရောင်ဝါလည်း ဝဠာထူးရဲ့ ဒယ်ဒီထောက်ပံမှုကြောင့် ဆယ်တန်းစာမေးပွဲ အောင်အောင်မြင်မြင် ဖြေနိုင်ခဲ့ပြီး တက္ကသိုလ် ဆက်တက်ဖြစ်ခဲ့သည်။ ဝဠာထူးကတော့ ဒေါ်မူယာနှင်းဆီ စီစဉ်တာကို မငြင်းခဲ့ပေမဲ့ သူဟာgayတစ်ယောက်ဖြစ်ကြောင်းကို ဟန်နီထိပ်ထားကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာကြောင့် မင်္ဂလာပွဲကို ဟန်နီ့ဖက်က သဘောတူကြည်ဖြူစွာ ဖျက်သိမ်းပေးခဲ့သည်။ ဝဠာထူးလည်း မေ့ပျောက်ရာမေ့ပျောက်ငြား စင်ကာပူမှာပဲ ကုမ္ပဏီ ခွဲဖွင့်ပြီး နေထိုင်ခဲ့သည်။ ဒါပေမဲ့ ရောင်ဝါ့ သတင်းတွေကို တော့ နားစွင့်ဆဲပါ....

...........

"အာ......ရောင်ဝါ အကို ဒီနေ့ရုံးစောစော ဆင်းလိုက်မယ်...ရောင်ဝါ ရုံးဆက်ထိုင်လိုက်နော်...ဖြစ်တယ်မလား..."

ကောင်သတင်း ရဲ့ အသံကြားတော့မှ ရောင်ဝါခေါင်းလေးတစ်ချက် မော့ကြည့်ရင်း....

"ဟုတ်ဖြစ်ပါတယ်.. အကို.. "

ရောင်ဝါ သူ့ခုံမှာသူပြန်ထိုင်ရင်း အလုပ်ကိုမသိချင်ယောင်ဆောင်ရင်း ဆက်လုပ်နေလိုက်သည်။

"ကဲ..ငထူး လာကွာ တစ်ခါထဲ အိမ်လိုက်ခဲ့.. .''

"အေးအေး..."

ကောင်းသတင်း ဝဠာထူးကို ရုံးခန်းထဲက အပြင်မြန်မြန်ခေါ်ထုတ်သွားသည်။ ဝဠာထူး မျက်နှာကတော့ မကောင်းပေ....
ဝဠာထူးနဲ့ ကောင်းသတင်းဆောင်က အသက်ငါး နှစ်ကွာပေမဲ့ အရမ်းချစ်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပါ....

"ငထူး...မင်း...အခု...ဘာဆက်လုပ်မယ်စိတ်ကူးထားလဲ"

ကောင်းသတင်း ကားပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေတဲ့ ဝဠာထူးကို မေးလိုက်သည်။

"အာ...ဟမ်...ဘာ...ကိုလဲကွ...''

"မင်းအဖြစ်ကို ငါနားလည်ပါတယ်ကွာ...မင်းအသဲအသန်လိုက်ရှာခဲ့ရတဲ့ သူကို အခုပြန်တွေ့ပြီဆိုတော့...."

ဝဠာထူး သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ရင်း ကားပြတင်းပေါက်မှ အပြင်ကို ပြန်ငေးလျက်....

"ငါ သူ့ဘဝလေးကို သာသာယာယာလေးပဲ ဖြစ်စေချင်ပါတယ်ကွာ....နောက်တစ်ခေါက်ထပ်ပြီးသူ့ကို မနာကျင်စေချင်တော့တာတော့ အမှန်ပဲ....အခုအချိန်မှာ သူ့စိတ်သဘောအတိုင်းပဲ ဖြစ်စေချင်တာပါ...."

နေပါအုန်း...ကျွန်တော်ဘာလို့ အဲ့လောက်ထိ လိုက်စပ်စုနေရတာပါလိမ့်...တကယ်ဆို သူတို့ကိစ္စက ကျွန်တော်နဲ့မဆိုင်ပါ.....ရောင်ဝါဆိုတာ ကျွန်တော့်ညီလေးလိုပါပဲ...ဝဠာထူးဆိုတာကလည်း ကျွန်တော် အချစ်ဆုံးသူငယ်ချင်းအရင်းကြီးလေ....ကျွန်တော့်ရဲ့စိတ်တွေ ကပြောင်းကပြန်ဖြစ်နေသလိုပင်...

သူတို့နှစ်ဦး အတွေးကိုယ်စီနဲ့ ကားမောင်းလာလိုက်တာ...ကောင်းသတင်းတို့အိမ်ရောက်မှ အတွေးများရပ်တန့်ကြသည်။

"ဟာ..မောင်...ပြန်လာတာစောလှချေလား...''

"အင်း...ဟုတ်တယ်...ရှေး...မောင့် ဧည့်သည်ပါလာလို့..."

မောင်ပြောတာကြောင့် မောင့်ကားပေါ်ကို တစ်ချက်ကြည့်လိုက်သည်။ အရမ်းsmartကျလွန်းတဲ့သူတစ်ယောက် ကားပေါ်မှ styleကျကျ ဆင်းလာလေသည်။

"ကဲ... လာရှေး...အိမ်ထဲဝင်ရအောင်...လာငထူး...အိမ်ထဲဝင်...''

"အေး..''

အဖြူရောင်သုတ်ဆေးလွင်လွင်နဲ့ ခန့်ညားထည်ဝါလှတဲ့ အိမ်ကြီးရဲ့ ဧည့်ခန်းမှာ တောသဘာဝအလှအပကို ဖော်ကျူးထားတဲ့ ပန်းချီကားကြီးကြိးတစ်ချပ်က ချိတ်ဆွဲနေရာယူလျက်...

ဝဠာထူးတို့ဧည့်ခန်းထဲမှာ ထိုင်လိုက်ကြသည်။

"မောင်...ဧည့်သည်အတွက် တစ်ခုခုစားဖို့ စီ ိစဉ်လိုက်အုန်းမယ်နော်....''

"အင်း....ရှေး''

ရှေးရိုး အိမ်နောက်ဖေးဝင်သွားတော့ အိမ်ကိုအကဲခတ်လိုက်ကြည့်နေတဲ့ ဝဠာထူးကို ကြည့်ရင်း.....

"ဟေ့ကောင်...ဘယ်လိုလဲ..ငါတို့အိမ်....မိုက်တယ်မလား...''

"အေး..မိုက်သားပဲ.. နေရာအကွက်အကွင်းလေးလဲ မဆိုးဘူး..အလှဆင်ထားတာလေးလဲ...လှတယ်..."

"ဟ..ဟ...ဒါတွေအကုန်လုံးက ငါ့ရဲ့ ချစ်ဇနီးချောလေးရဲ့ planတွေပေါ့..."

"ဟုတ်ပါပြီကွာ...''

"ဒါနဲ့ မင်းအခုတစ်ခေါက်ပြန်လာတာက...အပြီးလား....''

"မဟုတ်ပါဘူးကွာ....ခြောက်လပဲ...ခဏပြန်လာတာ...ဒယ်ဒီနဲ့မာမီကို လာတွေ့ရင်း မြန်မာနိုင်ငံက ကုမ္ပဏီ ကိုလည်းတစ်ချက်လာကြည့်ရင်းနဲ့ပေါ့ကွာ....."

"သြော်.. အေးပါ...ခြောက်လဆိုလြ ခြောက်လပေါ့ကွာ....နောက်ပြီးရောက်တုန်းလေး မင်းကိစ္စလေးကိုလဲ အဆင်ပြေအောင်လုပ်သွားပေါ့...''

ကျွန်တော်ရီကျဲကျဲနဲ့ ပြောလိုက်တော့ ဝဠာထူး တစ်ချက်ပြုံးလိုက်သည်။

"အအေးသောက်ပါအုန်းရှင်..."

ရှေးရိုးဖြူ အအေးခွက်လေးကို ဝဠာထူးရှေ့ချပေးလိုက်သည်။

" ငထူး မိတ်ဆက်ပေးမယ်... ဒါက ငါရဲ့ဇနီးချောလေး ရှေးရိုးဖြူတဲ့.. ရှေးရိုးဒါက မောင်ပြောပြောနေတဲ့ မောင့်အချစ်ဆုံးငယ်သူငယ်ချင်းကြိး ဝဠာထူးတဲ့..."

"တွေ့ရတာ ဝမ်းသာပါတယ်ရှင်....မောင်က ကိုဝဠာထူးအကြောင်း ခဏခဏပြောလို့ နာမည်ကို ရင်းနှီးနေတာတော့ကြာပါပြိ လူချင်းကတော့ အခုမှပဲ တွေ့ဖူးတော့တယ်..."

သူ.....မျက်ဝန်းနက်နက် အရပ်မြင့်မြင့် မျက်ခုံးထူထူနဲ့.....အကြည့်တွေကလည်းမာန်ပါသည်။ တစ်ချက်တစ်ချက် သွားထက်လေးပေါ်အောင်လဲ ရီတတ်သေးသည်။ မောင်ရှိနေရင်းနဲ့တောင် သူ့အကြည့်မှာ တစ်ခါတစ်ခါ ကျွန်မ မျှောချင်သလိုလို ဖြစ်သည်။ ဒါက မကောင်းပေဘူးမို့လား....မောင်ကသာ ကျွန်မ ဘဝပါ....ဒါကမောင့်သူငယ်ချင်း....ကျွန်မကိုယ့်စိတ်ကိုကိုယ် အတက်နိုင်ဆုံးထိန်းရမည်လေ......

🍇🍇🍇

သာသာ..သူတို့နှစ်ယောက်ကို ဘာလုပ်လိုက်ရမလဲ....😁😁😁😁

🍇🍇

Continue Reading

You'll Also Like

289K 7.2K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
13.8K 565 49
Mafia ​​ကောင်​​လေးနဲ့ အမှန်​တရားကိုမြတ်​နိုးတဲ့ ပညာရှိ​ Lawyer​လေး တို့ရဲ့ဇာတ်​လမ်း​လေးတစ်​ပုဒ်​... လမ်း​ကြောင်း​ရော ရွည်​ရွယ်​ချက်​ပါမတူတဲ့​ကောင်...
157K 5.8K 81
Zawgyi မင်းသိလား မင်းကငါ့ရဲ့အရာရာဆိုတာ... Unicode မင်းသိလား မင်းကငါ့ရဲ့အရာရာဆိုတာ... Cover photo from pinterest 》Notebook《 Starting date - 21.12.2018...
88.8K 3.2K 36
ကျနော့်အတွက်မရှိမဖြစ်အလိုအပ်ဆုံးသောသူက ထိုလူတစ်ဦးတည်းသာ......