နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-15(🔞🔞)

4.6K 178 1
                                    

#zawgyi

"အကို...အကို...မင်းကိုအရမ်းချစ်တယ်..."

"အကို သားကိုလွှတ် ပါ...အကို့မှာ....အကို့ မှာ...မရှေးရိုးဖြူ.."

ရောင်ဝါ့နှုတ်ခမ်းလေးတွေကို ဆက်မပြောနိုင်အောင် လက်ညိုးလေးကာလိုက်သည်။

"အကိုမသိဘူး....အကိုသိတာ...မင်း...
မင်းနဲ့ဝဠာထူးတို့ အတူတူရှိနေတဲ့အချိန်တွေ ကို အကိုမကြိုက်ဘူး မင်းကအကို့နားမှာပဲရှိနေရမယ်...အကိုမင်းကိုချစ်တယ်..မင်း...အကို့ကို မချစ်ဘူးလား....ဟင်..''

ကံတရားက ကောင်းသတင်း ဘက်မှာ ရှိနေသည်ထင်၏။ မီးကပြတ်သွားလေသည်။ ရုံးခန်းတစ်ခုလုံး မှောင်မဲလျက်....အရင်ကဆို မီးပျက်ရင် မီးစက်နှိုးပေးမည့် လုံခြုံရေးတွေ ရှိသည်။ အခုအချိန်ဆို သူတို့လည်းပြန်လောက်ပြီပေါ့....

"အာ...မီးပျက်သွားပြီ..."

ကျွန်တော် ဖုန်းflashမီးဖွင့်ဖို့ ဖုန်းလှမ်းယူလို့ရအောငိ ရောင်ဝါ့ကိုဖက်ထားတဲ့ လက်တွေကို ခဏဖြေလျော့လိုက်သည်။ ထိုစဉ် ရောင်ဝါ့ရဲ့ တုန်တုန်ယီယီဖြစ်နေတဲ့ နူးနူးညံ့ညံ့ လက်တစ်စုံက ကျွန်တော့်ခါးကို ရုတ်တရက် တင်းတင်းကြပ်ကြပ် လာဖက်ထားသည်။

"သား...သား...မှောင်နေတာကြောက်တယ်....သားကို တစ်ယောက်ထဲ မထားခဲ့ပါနဲ့...သားကြောက်တယ်..."

ကြောက်ကန်ကန်ပြီး တရစပ်ပြောနေတဲ့ ရောင်ဝါ့ကို ပြန်ဖက်ထားရင်း အကြောက်ပြေအောင် သူ့ကျောပြင်လေးကို ပွတ်သပ်ပေးနေလိုက်သည်။

"ရှူး..ရှူး...ရောင်ဝါ...ဘာမှမဖြစ်ဘူးနော် အကိုရှိတယ်...အကိုရှိတယ်နော်..."

သူ ကျွန်တော့်နှဖူးလေးကို ဖွဖွလေးလာနမ်းသည်။ ဆိုင်ပါ့မလား...ကျွန်တော် အကြောက်ပြေအောင် အနမ်းပေးသည်တဲ့...တော်တော် အသားယူတတ်တဲ့သူကြီး...ကျွန်တော့်ရင်ထဲမှာတော့ ကြိတ်ပြီးပျော်ရွင်လျက်ပါ...ကျွန်တော် ချစ်တဲ့သူက ကျွန်တော့်ကို ချစ်သည်တဲ့....ကံတရားက ကျွန်တော့်အပေါ် အရမ်းသိတတ်လွန်းသည်ဟုထင်မိသည်။ ဒါပေမဲ့ သူ...သူ..က ဇနီးနဲ့....

အို....ဘာဖြစ်လဲ....အကို့က ကျွန်တော့်ကို ချစ်တယ် ကျွန်တော်လဲအကို့ကို ချစ်တာ ပဲ....ကံတရားကလည်း ကျွန်တော်တို့နှစ်ယောက်ဘက်မှာရှိနေပြီ... ကျွန်တော်က ဘာဖြစ်လို့ အလျော့ပေးရမာတဲ့လဲ...ကျွန်တော်လည်း နှလုံးသားနဲ့သူပါ....ကျွန်တော်ချစ်တဲ့သူနားမှာ ဘယ်လိုပုံစံနဲ့ပဲရှိရရှိရ ကျွန်တော်ကျေနပ်ပြီးသားပါ...

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now