နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-17

4K 181 0
                                    

#zawgyi

ကျွန်တော်တို့ နှစ်ယောက် ​ရေကိုခပ်မြန်.မြန်လေးပဲ ချိုးခဲ့ကြသည်။ ဘယ်သူသိနိုင်မလဲ..
.ဒီအချိန်တွေက ကျွန်တော်အပျော်ဆုံးအချိန်တွေ ဆိုတာ....

ရေချိုးပြီးတော့ အကိုက သူ့အဝတ်အစားတွေပဲ ပြန်ဝတ်ပြီး ကျွန်တော့်အတွက် အဝတ်အစားကို သူကိုယ်တိုင် ဗီရိုဖွင့်ရင်း ရွေးပေးသည်။

"အင်း...ဒါလေးနဲ့ဆို လိုက်မှာ"

ကျွန်တော့်အတွက် အဝတ်အစားတွေကို ကုတင်ပေါ်တင်ရင်း မေးထောက်ပြီး ငေးကြည့်နေတဲ့ကျွန်တော့်ကို ဘာကြည့်နေတာလဲ ဆိုသည့်သဘောဖြင့် မေးဆက်ပြသည်။

"အကျီဝတ်ထားလိုက်နော် babe...ကိုကို babeစားဖို့ တစ်ခုခုသွားပြင်လိုက်အုန်းမယ်...''

ကျွန်တော့်နားထင်ကြော တွေ စိတ်ကနဲနေအောင် ဖြစ်သွားသည်။ babeတဲ့...သူ့ကိုယ်သူ ကိုကို တဲ့... ကျွန်တော် တွေးရင်း ရယ်မိသွားသည်။ ကျွန်တော်လည်း အချိန်ဆွဲမနေတော့ပဲ သူရွေးပေးတဲ့ အဝတ်အစားတွေကို ဝတ်ရင်း အောက်ထပ်ကို ဆင်းလာခဲ့လိုက်တယ်....

.....

T shirt အဖြူရောင် ဂျင်းဘောင်ဘီ ဒူးပေါ် အပြဲလေးနဲ့ ကောင်လေးတစ်ယောက် ရေမခြောက်သေးတဲ့ ဆံပင်လေးတွေကို သဘက်အဖြူလေးနဲ့ သုတ်ရင်း တစ်လှမ်းချင်း အပေါ်ထပ်မှ ဆင်းလာနေသည်။ အား...အရမ်းချစ်ဖို့ကောင်းတာပဲကွာ...ကလေးဆန်လွန်းတဲ့ မင်းကို ကိုယ် ပိုင်ဆိုင်ထားရပြီဆိုတာ ကိုယ့်အတွက် အိပ်မက်များ မက်နေသလားပဲ...

''လာပြီလား..."

ကျွန်တော့်ဘေးမှာ ကြောင်တောင်တောင်လေး ရပ်နေတဲ့ ကလေးလေးရဲ့ နဖူးကို ဖွဖွလေး တစ်ချက်နမ်းလိုက်တော့ ခေါင်းလေးငုံ့ပြီး ရှက်နေလေရဲ့....

"ဟင်....အနံ့....အနံ့တခုခုရလား အကို..."

"အဲ့တာကိုကို့ရဲ့ အချစ်ရနံ့တွေလေ....ပိစိပေါက်စလေးရဲ့"

ကောင်းသတင်း နှုတ်ခမ်းကိုစူပြီး သူ့အနားကပ်လာတော့ လက်ကိုကာလိုက်ရင်း...မီးဖိုချောင်ကို ကြည့်၍ မျက်စောင်းလေးထိုးလျက်...

"အာ..ဘယ်က အချစ်ရဲ့ ရနံ့လည်း...ဟိုမှာ ဘာတွေတည်ထားတာလဲ...တူးကုန်ပြီ..."

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now