နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-8

4K 208 0
                                    

#zawgyi

"ပူတူးလေး... အဲ....​ရောင်...ရောင်ဝါ က...ဒီမှာ အလုပ်လုပ်နေတာလား"

"ဟုတ်...ဟုတ်"

သူတို့နှစ်ယောက်ကို တစ်အံ့တစ်ြသ ကြည့်နေသူက ကောင်းသတင်းဆောင်.......

"မင်းတို့က အချင်းချင်း....သိနေကြတာလား"

"သိ...သိယုံ ဘယ်ဟုတ်မလဲကွ ငါမင်းကိုပြောပြဖူးတဲ့ ငါပညာသင်ကြေး ထောက်ပံ့ဖူးတဲ့ ပူတူးလေးဆိုတာ....လေ..."

"ဪ......... ဒါ...ဒါဆို ဝဠာထူး အသက်လောက်ချစ်ခဲ့ရတဲ့ ပူတူးလေးဆိုတာ.... ရောင်...ရောင်ဝါပေါ့....."

ကောင်းသတင်းစိတ်ထဲမှ တွေး လိုက်မိသည်။ သူစိတ်ထဲမှာတော့ တစ်ခုခုကို မကျေမနပ် ခံစားမိနေရသလိုပါ။ ရောင်ဝါ ကတော့ ခေါင်းကလေးငုံ့လို့....... ဝဠာထူးကလည်း ကောင်းသတင်းက သူ့သူငယ်ချင်းအရင်းကြီးမို့ ခံစားရသမျှ ရင်ဖွင့်ထားဖူးတာကြောင့်  ဂနာမငြိမ် ပူထူပြီး လှုပ်ရွနေချေပြီ။

.......လွန်သည့် ခုနှစ် နှစ်ခန့်က........

"လာ...ကောင်လေး...မင်းအခုချိန်က စပြီး ဒီအိမ်မာ ပဲနေရမယ် ဟုတ်ပြီလား..."

ကျွန်တော် အိမ်ကြီးကို မရဲတရဲနဲ့ လှည့်ပတ်ကြည့်မိလိုက်တယ်....
တော်တော် ကြီးပြီးလှပလိုက်တဲ့ အိမ်ကြီး ...

"ဒယ်ဒီ ''

အသံလာရာဘက်ကို ကျွန်တော်ကြည့်လိုက်တယ်.....သေချာပါတယ်....သူပါပဲ.....လေးလေးကြီး...တစ်ချိန်လုံး ကားပေါ်မှာ ချီးမွမ်းခန်းဖွင့် ခဲ့တဲ့ ပညာရေးထူးချွန်လွန်းတဲ့ စင်ကာပူကျောင်းဆင်း သူရဲ့တစ်ဦးတည်းသောသားဆိုသူ.....နိုင်ငံခြားကပြန်လာတာ မကြာသေးဘူးတဲ့

အသားညိုညို အရပ်မြင့်မြင့် မျက်ခုံးမွှေး နက်နက် နဲ့ ကိုလူချောတစ်ယောက် အရယ်အပြုံးမဲ့စွာ  အိမ်ပေါ်ထပ်ကနေ လှေကားအတိုင်း အောက်ထပ်ကို ဆင်းလာနေသည်။

"သား ဝဠာထူး လာ...ထိုင်...."

"ဟုတ်ကဲ့"

"ဒီကောင်လေး နာမည်က ရိုးရောင်ဝါ တဲ့....သူ့အဖေက ဒယ်ဒီနဲ့ အရမ်း ချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေ.... ဒယ်ဒီ့ကုမ္ပဏီကြီး အရှုံးပေါ်ပြီး ပျက်ဆီးခါနီးဆဲဆဲမှာ ဒီကောင်လေးရဲ့အဖေက သူ့မှာရှိသမျှအရာတွေ အားလုံး ထုခွဲရောင်းချပြိး ဒယ်ဒီ့ကုမ္ပဏီ ကိုပြန်လည် လည်ပတ်စေခဲ့တယ် အခု သူဆုံးသွားပြီးနောက်မာ သူ့သားလေးကို  ဒယ်ဒီတို့တစ်လှည့်ပြန်ကြည့်ပေးရမဲ့ အချိန်ရောက်လာပြီ"

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now