နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part -21

3.8K 147 1
                                    

ညနေခင်း ရုံးဆင်းချိန် ရောက်တော့....

"Babe လာ..."

ကောင်းသတင်းက ရောင်ဝါ့လက်ကလေးကို ဆုပ်ကိုင်ထားရင်း ကားပါကင်ဆီ ခေါ်လာခဲ့သည်။

"အကို...ဘယ်သွားမို့လဲ..."

"ရှူး"

ကောင်းသတင်းက နှုတ်ခမ်းပေါ် လက်ညိုးလေးကာပြီး ပြောတာကြောင့် ရောင်ဝါလည်း ဆက်မမေးတော့ပဲ တိတ်တိတ်လေးသာ ခေါ်ရာနောက်သို့ လိုက်ပါခဲ့တော့သည်။

.......

ဟင်....ဒါ...အကို့ရဲ့ အိမ်ပဲ...သူ့အိမ်ကို ဘာလို့ခေါ်လာရတာလဲ.. ဒုက္ခပါပဲ....

ကောင်းသတင်း ကားကိုရပ်လိုက်ပြီး ရောင်ဝါ့ရဲ့ လက်တွေကို မလွှတ်ပေးပဲ အိမ်ထဲဝင်မည်လုပ်တော့ ရောင်ဝါက မဝင်ပဲ ရပ်နေသည်။

"အကို...ဘာလုပ်မလို့လဲ..."

"Babeနဲ့ တူတူနေဖို့ကိုကိုက အဝတ်အစားတွေ ထုပ်ထားတာ ယူရအုန်းမယ်လေ.."

တော်တော် နောက်တီးနောက်တဲ့နဲ့ လူကြီး...ဒီမှာရင်တွေကို ပူထူသွားတာပဲ...😒😒

ကောင်းသတင်း နဲ့ ရောင်ဝါတို့ လက်တွဲပြီး ဝင်လာတာကို ကြည့်နေသူက ရှေးရိုးဖြူ နှင့် သူမ၏ သူငယ်ချင်းဖြစ်သူ သီရိ......

"မောင်တောင် ပြန်လာပြီ..ဪ ရိုးရောင်ဝါလဲ ပါလာတာကိုး..လာထိုင်... ''

ကောင်းသတင်း နဲ့ရောင်ဝါတို့ အတူတူ ဆိုဖာပေါ်မှာ ထိုင်လိုက်ကြသည်။

"သီရိရေ....ရှေးကို ဂရုစိုက်ပေးထားပါအုန်းနော်..
ရှေးက ရုပ်ရှင်တွေ ဘာတွေ ကြည့်ပြီဟေ့ဆိုတာနဲ့လေ ထမင်းမေ့ဟင်းမေ့ကို ဖြစ်နေတော့တာ..."

"မောင်ကလည်း....ရှေးက ကလေးမှ မဟုတ်တော့တာကို...ရှေးကို စိတ်ချ မောင်သာ ကျန်းမာရေးကို ဂရုစိုက်..."

ရှေးရိုးဖြူက ကောင်းသတင်းကို အသင့်ပြင်ထားပြီးသော အဝတ်အစားအိတ်ကို လှမ်းပေးရင်း ပြောလိုက်ခြင်းဖြစ်သည်။

"ဟုတ်ပါပြီ ဗျာ..ကဲ..ရှေး ဒါဆိုမောင်တို့သွားတော့မယ်နော်"

"ဟုတ်...မောင်"

ကောင်းသတင်း မတ်တပ်ထရပ်လိုက်တော့ ရောင်ဝါကပါ ကောင်းသတင်း နောက်ကနေ မတ်တပ်ရပ်လိုက်သည်။

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now