နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-12

3.9K 191 8
                                    

#zawgyi

"မာမီ ဘယ်လိုလုပ်လိုက်တာလဲ....မာမီလုပ်လိုက်တဲ့ပုံက ရောင်ဝါ့သိက္ခာကို အများကြီးထိခိုက်စေတယ်...."

"သြော်....မင်းက အခြေအမြစ်မရှိ တဲ့ gayတစ်ကောင် ရဲ့ သိက္ခာကိုကျတော့ထည့်တွက်တယ်...မာမီတို့ကျတော့ ဘာဖြစ်ဖြစ် ဖြစ်ပါစေပေါ့...ဟုတ်သလား....ပြောလေ ဝဠာထူး..."

"မာမီ....ရောင်ဝါ့ကို အဲ့သလို မပြောပါနဲ့....''

"တော်ပြီသား....မာမီ ရဲ့ လုပ်ရပ်က မှားနေတယ် ဆိုရင်တောင် ဒါဟာ မင်းကောင်းဖို့အတွက်ပဲ မာမီ ဘာမှထပ်မကြားချင်တော့ဘူး မင်းဆက်ရှာဖို့လည်းမစဉ်းစားနဲ့ အေး နောက်ပြီးတော့ မင်း မာမီ့သူငယ်ချင်း ရိုစီရဲ့ သမီးဟန်နီထိပ်ထားနဲ့ လက်ထပ်ရမယ် ဒါပဲ "

ဒေါ်မူယာနှင်းဆီ ရဲ့ တစ်ချက်လွှတ်အမိန့်က အရမ်းပြင်းထန်လွန်းသည်။ ဝဠာထူး ဆက်ငြင်းဆန်လို့ မရတော့တာကြောင့် အတော်ကို စိတ်ပျက်နေသည်။

"သား....အခုကိစ္စမှာ သားမာမီ အရမ်းလွန်ခဲ့တယ်ဆိုတာ ဒယ်ဒီနားလည်ပါတယ်ကွာဒါပေမဲ့ ဒယ်ဒီကသားကို normalလူသားတစ်ယောက်ပဲဖြသ်စေချင်တာ...သားစိတ်မပူပါနဲ့.. ရောင်ဝါအဆင်ပြေမှာပါ...ဒယ်ဒီသူ့ကို မတွေ့တွေ့အောင် ရှာပြီး....အစစအရာရာ ထောက်ပံ့ပေးလိုက်ပါ့မယ်"

ဒယ်ဒီ့ရဲ့ စကားကို ကျွန်တော် ယုံချင်ပါသည်။ ရောင်ဝါ့ရဲ့ ဘဝလေးကို သည်အိမ်ကြီးထဲမှာ အစေခံအဖြစ် ချုပ်နှောင်မထားပဲ ပညာတတ်လူရည်ချွန်ကြိး တစ်ယောက်အဖြစ် ကျွန်တော်မြင်ချင်မိသည်။ sorryပါပူတူးလေးရယ်.....ဦးရဲ့ အမှားကြောင့် ဦးအနူးညွန့်တောင်းပန်ပါတယ်...ဦးက ပူတူးလေးရဲ့အချစ်နဲ့ မတန်တော့ပါဘူး...

.....

ဝဠာထူးရဲ့ ဒယ်ဒီ ကလည်း ရောင်ဝါ့ကို အသေအချာ လိုက်ရှာပေးသည်။ အဘစံက ဝဠာထူး ဒယ်ဒီရဲ့ ရည်ရွယ်ချက်ကိုသိတော့ ရောင်ဝါ့ တည်နေရာကိုပြောပြသည်။ ရောင်ဝါလည်း ဝဠာထူးရဲ့ ဒယ်ဒီထောက်ပံမှုကြောင့် ဆယ်တန်းစာမေးပွဲ အောင်အောင်မြင်မြင် ဖြေနိုင်ခဲ့ပြီး တက္ကသိုလ် ဆက်တက်ဖြစ်ခဲ့သည်။ ဝဠာထူးကတော့ ဒေါ်မူယာနှင်းဆီ စီစဉ်တာကို မငြင်းခဲ့ပေမဲ့ သူဟာgayတစ်ယောက်ဖြစ်ကြောင်းကို ဟန်နီထိပ်ထားကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာကြောင့် မင်္ဂလာပွဲကို ဟန်နီ့ဖက်က သဘောတူကြည်ဖြူစွာ ဖျက်သိမ်းပေးခဲ့သည်။ ဝဠာထူးလည်း မေ့ပျောက်ရာမေ့ပျောက်ငြား စင်ကာပူမှာပဲ ကုမ္ပဏီ ခွဲဖွင့်ပြီး နေထိုင်ခဲ့သည်။ ဒါပေမဲ့ ရောင်ဝါ့ သတင်းတွေကို တော့ နားစွင့်ဆဲပါ....

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Donde viven las historias. Descúbrelo ahora