နှလုံးသားရဲ့ လမ်းညွှန်မှုအတိုင်းpart-27(🔞🔞)

3.9K 138 4
                                    

#zawgyi

ထိုညနေစောင်းလေး ကုန်လွန်သွားတော့ ကျွန်တော်လည်း ပူတူးလေးရဲ့ တိုက်ခန်းလေးမှာပဲ နေဖြစ်ခဲ့တယ်...ပူတူးလေးကို တစ်ယောက်ထဲ စိတ်မချလို့ပါ...

မွေ့ယာပေါ်မှာ အိပ်စက်အနားယူနေတဲ့ ကျွန်တော့်ရဲ့ နတ်သားလေးကို ကျွန်တော့်မှာ နှိုးဖို့ရာတောင် မထိရက်မကိုင်ရက်...ကျွန်တော့်ရဲ့ နတ်သားလေးကို ငေးစိုက်ကြည့်နေတုန်းမှာပဲ မျက်လုံးအိမ်လေးများက ဖြည်းဖြည်းချင်း ဖွင့်ဟလာလေပြီ...

"နိုးပြီလား ပူတူးလေး..."

ရောင်ဝါက နှုတ်ခမ်းလှုပ်ရုံလေး ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်တော့ ဝဠာထူးက ရောင်ဝါ့ရဲ့ ဆံပင်လေးတွေကို ဖြည်းညှင်းစွာ ဖွလိုက်ရင်း နွေးနွေးထွေးထွေးပြုံးလိုက်သည်။

"မျက်နှာသစ်ပြီး ဆင်းခဲ့တော့နော် ဦးမနက်စာပြင်ထားပြီးပြီ.."

"ဟုတ် ဦး"

ဦး ထွက်သွားတော့ ကျွန်တော်လည်း မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ ဝင်ခဲ့သည်။ ဘေစင်ဘေးမှာ သပ်သပ်ရပ်ရပ်တင်ထားတဲ့ သွားတိုက်တံစင်တူလေး နှစ်ချောင်း ကို မြင်တော့ ကျွန်တော့်မှာ အတိတ်ကိုပြင်မြင်ယောင်ပြီး မျက်ရည်တို့က ကျရပြန်ပြီ...မငိုနဲ့ရောင်ဝါ... ငါ့စိတ်ကိုမှ ငါမပျက်နိုင်ရင် သူနဲ့ တိုက်ရိုက်ရင်ဆိုင်တဲ့အခါ ငါ အရူးတစ်ပိုင်း ဖြစ်ရလိမ့်မယ်...စိတ်ကိုတင်းထားစမ်းပါ ရောင်ဝါ.....

မျက်နှာသစ်ပြီး မနက်စာစားဖို့ အောက်ထပ်ကို ဆင်းလာတော့ ထမင်းစား စားပွဲပေါ်မှာ အသင့် ထိုင်စောင့်နေတဲ့ ဦးက လှမ်းပြုံးပြသည်။

"လာ ပူတူးလေး..."

ဦး က စားပွဲအောက်က ထိုင်ခုံလေးကို ထုတ်ပေးတော့ ဦး ထုတ်ပေးတဲ့ခုံမှာပဲထိုင်လိုက်သည်။

ဟင်.....ပေါင်မုန့်ကြက်ဥကြော် နဲ့ နွားနို့လေး တစ်ခွက်.....အတိတ်တို့က ကျွန်တော့်ရင်ကို အစိတ်စိတ်အမြွာမြွာ ဖြစ်အောင် ထိုးနှက်နေကြချေပြီ....ကိုကိုလုပ်တတ်တဲ့ တစ်ခုထဲသော မနက်စာလေး..ဘယ်လောက်ပဲ ရိုးအီနေအောင် စားနေရပါစေ ကျွန်တော့်အတွက်တော့ ကိုကိုလုပ်ပေးတဲ့ မနက်စာလေးက အမြဲတမ်း အသစ်အဆန်း ဖြစ်လို့နေခဲ့တာ...ဪ..အတိတ်ကိုမေ့ဖို့ ကြံရွယ်ကာမှ တစ်ရိပ်ရိပ် တိုက်ဆိုင်နေလိုက်ကြတာနော်...အနုနည်းနဲ့သတ်နေသလိုပါပဲလား..🙂..

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now