I Can Hear Your Voice (Comple...

By Light730

501K 60.3K 1.5K

The boy, who had been in a coma for three years due to an accident, woke up to hear the voice of the spirits... More

I Can Hear Your Voice - 1(Z,U)
I Can Hear Your Voice -2(Z,U)
I Can Hear Your Voice - 3(Z,U)
I Can Hear Your Voice - 4(Z,U)
I Can Hear Your Voice - 5(Z,U)
I Can Hear Your Voice-6(Z,U)
I Can Hear Your Voice - 7(Z,U)
I Can Hear You Voice-8(Z,U)
I Can Hear Your Voice-9(Z,U)
I Can Hear Your Voice-10(Z,U)
I Can Hear Your Voice-11(Z,U)
I Can Hear Your Voice-12(Z,U)
I Can Hear Your Voice-13(Z,U)
I Can Hear Your Voice-14(Z,U)
I Can Hear Your Voice-15(Z,U)
I Can Hear Your Voice-16(Z,U)
I Can Hear Your Voice-17(Z,U)
I Can Hear Your Voice-18(Z,U)
I Can Hear Your Voice-19(Z,U)
I Can Hear Your Voice-20(Z,U)
I Can Hear Your Voice-21(Z,U)
I Can Hear Your Voice-22(Z,U)
I Can Hear Your Voice-23(Z,U)
I Can Hear Your Voice-24(Z,U)
I Can Hear Your Voice-25(Z,U)
I Can Hear Your Voice-26(Z,U)
I Can Hear Your Voice-27(Z,U)
I Can Hear Your Voice-28(Z,U)
I Can Hear Your Voice-29(Z,U)
I Can Hear Your Voice-30(Z,U)
I Can Hear Your Voice-31(Z,U)
I Can Hear Your Voice-32(Z,U)
I Can Hear Your Voice-33(Z,U)
I Can Hear Your Voice-34(Z,U)
I Can Hear Your Voice-35(Z,U)
I Can Hear Your Voice-36(Z,U)
I Can Hear Your Voice-37(Z,U)
I Can Hear Your Voice-The End (Z,U)
Extra-1
Extra-2
Extra-3
Extra-4
Extra-5
Extra-6
Extra-7
Extra-8
Extra-9
Extra-10
Extra-11(Final Part)
I Can Hear Your Voice-39(Z,U)
I Can Hear Your Voice-40(Z,U)
စျေးဗန်း(ေစ်းဗန္း)
(ေတာင္းပန္ျခင္းႏွင့္အသိေပးျခင္း)

I Can Hear Your Voice-38(Z,U)

7.8K 1K 44
By Light730

(Zawgyi)

ေနရင္းထိုင္ရင္း ဗိုက္ဆာလာသည္မို႔ လမ္းထိပ္သို႔မုန္႔ထြက္ဝယ္ရန္ ဝိုင္ျပင္လိုက္မိသည္။ေရခဲေသတၱာထဲမွာလည္း ဘာမွရွိမေန။ ေခါက္ဆြဲေလးဘာေလးျပဳတ္စားရန္ ေဝါက္ဆြဲေျခာက္ဖို႔ ထြက္ခဲ့လိုက္သည္။တိုက္ခန္းတံခါးေသာ့ကိုေသခ်ာခတ္ကာ ေလွကားတစ္ေလွ်ာက္ဆင္းလာသည့္ခ်ိန္တြင္ဝိုင့္အေနာက္ဘက္ဆီမွ ေျခသံခပ္တိုးတိုးကို
ၾကားလိုက္ရသည္။

ဝိုင္ လွမ္းလိုက္သည့္
ေျခလွမ္းအတိုင္း ထပ္ၾကပ္မကြာလိုက္
လွမ္းေနသည္။

ဝိုင္မ်က္ေမွာင္ၾကဳတ္မိကာအေနာက္သို႔လွည့္ၾကည့္လိုက္မိစဥ္တြင္ ေလွကားထိပ္တြင္ဝိုင္ မွလြဲၿပီးတစ္ျခားသူရွိမေနခဲ့ပါ...။ဝိုင္ ပိုၿပီးမ်က္ေမွာင္ၾကဳတ္မိသြားရသည္...။

ေလွကားတစ္ေလွ်ာက္ အလ်င္အျမန္ေျပးဆင္းကာ မုန္႔ဆိုင္
သို႔ သာ လာလိုက္သည္...။မုန္႔ကိုအျမန္ဝယ္ၿပီး
အိမ္သို႔ျပန္လာခ်ိန္တြင္ တစ္ေယာက္ေယာက္အေနာက္ကလိုက္လာေနသည့္ခံစား
ခ်က္ႀကီးက ဝိုင့္ကိုအနည္းငယ္ထိတ္လန္႔သြားေေလသည္။ဝိုင္ ဒီတစ္ေခါက္ေတာ့မကူညီပါရေစနဲ႔...။

ဝိုင့္ေနာက္ကို လိုက္လာသည့္
ဝိဉာဥ္မွာ ဝိုင့္ေရွ႕တြင္ေျမျမႇပ္ခံလိုက္ရ
သည့္သူျဖစ္ေနမွာ ေသကိုေသခ်ာေနေပလိမ့္မည္...။

ခုဏ ေလးတင္အဲ့ဒီ့အိမ္ကိုသြားခဲ့သည္မဟုတ္ပါလား။အခုဝိုင့္အနားကို
တြယ္ကပ္ၿပီးလိုက္ပါလာၿပီ...။ထိုဝိဉာဥ္မွမဟုတ္
ရင္မည္သည့္ဝိဉာဥ္မွမျဖစ္ႏိုင္ေပ...။ဝိုင္ မကူညီႏိုင္တဲ့ ဝိဉာဥ္ဆီမွထြက္
က်လာမည့္စကားလံုးေတြကိုဝိုင္နား
မေထာင္ပါရေစနဲ႔.....။

ဒီတစ္ခါတာ့ဝိုင္
ေအးေအးေဆးေဆးေနပါရေစ...။တရားခံကိုအေသအခ်ာႀကီးသိေနေပမယ့္ ဝိုင့္ကိုယ္ဝိုင္ေရာဝိုင့္အတြက္ေၾကာင့္ႏွင့္ ေရာ ဘယ္သူ႔ကိုမွအထိအခိုက္မခံစခ်င္ေတာ့..။ဝိုင္ကရဲလည္း ဟုတ္သလိုစံုေထာက္လည္းမဟုတ္ေပ..။ထို႔ေၾကာင့္ လူသတ္မွဳထဲ
ဝိုင္ ပါဝင္မပတ္သက္ခ်င္ေတာ့...။

တိုက္ခန္းတံခါးကိုအျမန္ဖြင့္ကာအထဲသို႔
အျမန္ဝင္ခဲ့လိုက္သည္။ဝိုင္ ဟူးခနဲ
သက္ျပင္းခ်မိကာ မုန္႔ထုပ္ေတြကိုစားပြဲခံု
ေပၚတင္ထားလိုက္သည္။ဝိုင္တစ္ေယာက္
တည္း ဒီဝိဉာဥ္နဲ႔ႏွစ္ပါးသြားရဦးမည္ကိုေတြးၿပီးစိတ္ရွဳပ္ေနမိသည္။ဝိုင္မကူညီရင္ေရာ ဒီဝိဉာဥ္ကဝိုင့္အနားကေန ထြက္သြားပါ့မလား...။

ေလာေလာဆယ္ ဝိုင့္ကိုစကားလည္း လာမေျပာေသးေပ...။အခန္းထဲသို႔ဝင္ကာ အိပ္ေပ်ာ္ရန္ႀကိဳးစားလိုက္သည္။

အိပ္တစ္ဝက္ႏိုးတစ္ဝက္ျဖစ္ေနခ်ိန္တြင္ စိတ္ထဲတြင္ ဆြဲေနေလသည့္ အေလာင္း
ျမႇပ္သည့္ ကိစၥကို အိမ္မက္အျဖစ္ျမင္မက္ေလသည္။ဝိုင္ႏိုးထလာခ်ိန္တြင္တစ္ကိုယ္လံုးေခၽြးေတြရႊဲႏွစ္ကာ ႏိုးထလာခဲ့သည္။ဘယ္အခ်ိန္ထိ ဒီကိစၥႀကီးဟာဝိုင့္ စိတ္ထဲစြဲၿမဲေနမွာလဲ...။ဝိုင္အသက္ကို
ခပ္ျပင္းျပင္းရွဴရင္းစဥ္းစားေနမိသည္။

ေတာက္....ေတာက္...ေတာက္

ဟင္....
ေရက်သံ

မၾကားရတာၾကာေနၿပီျဖစ္ေသာ
ေရပိုက္ေခါင္းမွေရက်သံက ဝိုင့္
ပ်က္ျပားေနသည့္ စိတ္အစဥ္ကိုျပန္စုစည္းေစသည္။ဝိုင္ ကုတင္ေပၚမွဆင္းကာ
မီးဖိုခန္းထဲသို႔သြားရန္ အခန္းထဲမွထြက္
လိုက္သည္။

ဟာ...

အံ့ၾသသြားသည့္စိတ္ကိုမထိန္းခ်ဳပ္လိုက္
ႏိုင္..။ၾကမ္းျပင္ေပၚတြင္ျပန္႔က်ဲေနသည့္ စာအုပ္ေတြ...ဟိုေနရာဒီေနရာတြင္
တစ္ကြဲဆီျဖစ္ေနသည့္ လမင္းဖတ္ေလ့ရွိသည့္
သတင္းစာအေဟာင္းေတြ...။ဒုကၡပဲ
ေျခခ်စရာေနရာပင္မရွိေတာ့သည့္ဝိုင္ရဲ႕
ဧည့္ခန္းေလး...။

စိတ္ေတြအႀကီးႀကီးေလ
သြားမိသည္။ဝိုင့္ကိုအသံမထြက္ ထြက္
ေဒါသမထြက္ ထြက္ေအာင္လုပ္ေနသလို
ပဲ...။ေပါက္ကြဲခ်င္ေနသည့္ေဒါသေတြကို
မ်ိဳခ်လိုက္ရကာ ျပန္႔က်ဲေနသည့္အရာေတြအားလံုးကိုတစ္ခုခ်င္းျပန္လိုက္ေကာက္ရသည္။စိတ္ထဲတြင္လဲ ကိုယ့္ကိုကိုယ္စိတ္ထိန္းရန္ အဆတ္မျပတ္ေျပာေနမိသည္။ေဒးဘတ္တုန္းကလဲ ဒီလိုျဖစ္ခဲ့တာပဲ။ေနာက္ၿပီး ဝိုင့္ႏွဳတ္က တစ္ခုခုေျပာလိုက္လွ်င္ အကူအညီေတာင္းလာေတာ့မွာ...။အဲ့ဒီ့အကူအညီကိုဝိုင္ မကူညီႏိုင္တာမို႔...ႏွဳတ္မွ
ထိုဝိဉာဥ္ႏွင့္ပတ္သက္သည့္ဘာစကား
တစ္ခြန္းမွ မထြက္တာအေကာင္းဆံုးပင္....။

အားလံုးသူ႔ေနရာႏွင့္သူေနထားတက်
ထားၿပီးသြားေတာ့ မီးဖိုခန္းထဲဝင္ကာ
ေရပိုက္ေခါင္းကို ပိတ္ရျပန္သည္။
မီးဖိုခန္းထဲမွထြက္ၿပီးသိပ္မၾကာ ဧည့္ခန္း
ထဲထိုင္ေနသည့္တစ္ခဏတြင္မီးဖိုခန္းထဲမွေရတေတာက္ေတာက္က်သည့္အသံကိုၾကားရျပန္ေလသည္။

ေရက်လို႔ျပန္ထပိတ္လိုက္ ျပန္ထိုင္လိုက္
ျပန္က်လိုက္ျပန္ပိတ္လိုက္ႏွင့္ထြက္လာသည့္ေဒါသေတြကိုဝိုင္..မထိန္းႏိုင္ေတာ့
ေပ..။ေရက်သံကို ဝိုင္မႀကိဳက္။တိတ္ဆိတ္ေနမွ အိပ္တတ္သည့္ဝိုင္ တစ္ေတာက္ေတာက္ႏွင့္က်ေနသည့္အသံေၾကာင့္ အိပ္လို႔ရမည္မဟုတ္ေပ။ေဒါသတႀကီးေအာ္ဟစ္ကာေပါက္ကြဲ
မည္အျပဳတြင္ အျပင္ဘက္ဆီမွဘဲလ္တီး
သံေၾကာင့္ ဝိုင့္ေဒါသေတြ မီးကိုေရႏွင့္
ၿငိမ္းလိုက္သလိုဟုတ္ခနဲ ၿငိမ္းသြားရသည္။

လက္သီးကိုဆုပ္လိုက္မိကာဟူးခနဲ
သက္ျပင္းခ်ရင္း တံခါးဖြင့္ေပးလိုက္သည္။

" ဟင္...ေသာ္..."

တံခါးဖြင့္ဖြင့္ခ်င္းဝိုင့္ကိုျပံဳးကာၾကည့္ေနသည့္ေသာ့္ကိုျမင္လိုက္ရ၍ဝိုင္ အံ့အား
သင့္သြားရသည္။

" ဘာလို႔ျပဴးၾကည့္ေနတာလဲ ကိုယ့္ကို
အထဲေပးမဝင္ေတာ့ဘူးလား..."
ေသာ္ကေျပာလဲေျပာ ဝိုင့္ကိုယ္ေလးကို တိုက္ရင္းအခန္းထဲဝင္လာသည္။

" ေနမေကာင္းတဲ့သူက ဘာလို႔ဒီအထိ
လာရတာလဲ...ေနာက္ၿပီးမိုးခ်ဳပ္ေနၿပီေလ..."
ဝိုင္ဆူပုတ္ပုတ္ေျပာလိုက္သည္။ဟုတ္သည္ေလ...
ေသာ္က ေနမွမေကာင္းတာ။

" ေအာ္...ေတြ႕ခ်င္လို႔ေပါ့ကြာ..."
ေညာင္နာနာအသံေလးက တကယ့္ကို သနားကမားေလး။

" ခုဏကလည္း ေတြ႕ၿပီးၿပီေလ...ေအးေအး
ေဆးေဆးအိမ္မွာပဲ နားနားေနေန ေနေပါ့.."

" အရမ္းေနမေကာင္းျဖစ္ေနတာမွမဟုတ္
ပဲ...မင္းမ်က္ႏွာျမင္ခ်င္လို႔လာတဲ့ဟာကို.."

" အခုျမင္ရၿပီမလား..ျပန္ေတာ့..."

" ဟာ...ႏွင္ထုတ္ျပန္ၿပီ...မွန္းစမ္းဒီရက္ပိုင္း မင္းစိတ္ေတြ ဆိုက္ကိုေဖာက္ေနတာလား
မေန႔ကလည္း ကိုယ့္ကိုအတင္းႏွင္လြတ္တယ္ အခုလည္း ႏွင္ျပန္ၿပီ..."

ဝိုင့္ နဖူးေပၚက်ေရာက္လာသည့္ေသာ့္
လက္ဖဝါးေတြကိုဖယ္ခ်လိုက္ကာဝိုင္
တံခါးေပါက္ဝနားကေနအထဲျပန္ဝင္ခဲ့ရင္း

" ဘာမွမျဖစ္ပါဘူး..."

လို႔ေျပာလိုက္မိသည္။ေသာ္ကသက္ျပင္း
ခပ္သဲ့သဲ့ခ်ကာ ဝိုင့္ေနာက္မွလိုက္ဝင္
လာခဲ့ေလသည္။

" မင္းေနမေကာင္းဘူးလား...ဝိုင္..."

" ေကာင္းပါတယ္...အခုမွအိပ္ယာထလို႔
ဘာလို႔ေကာက္ခါငင္ခါႀကီးေရာက္လာရ
တာလဲ..."

" ေဟာ...ေတြ႕ခ်င္လို႔ပါဆို...ဘာလဲ
လာတာမႀကိဳက္ဘူးလား.."

" ေလွ်ာက္ေျပာမေနနဲ႔...ကိုယ့္ခ်စ္သူ
ကိုယ့္အိမ္လာတာဘာမႀကိဳက္စရာရွိလဲ
ေနမွမေကာင္းေသးတာေအးေဆးနားေပါ့တကူးတကႀကီး လာေနလို႔ေျပာေနတာ..."

ဝိုင့္ဆီမွ ကိုယ့္ခ်စ္သူဆိုတဲ့စကား
ေၾကာင့္ ေသာ္အရမ္းေပ်ာ္ရႊင္သြားရကာ သူ႔ပါးစပ္ကနားရြက္ကိုတပ္ခ်ိတ္ေလေတာ့မည္။ဆူပုပ္ကာေျပာေနသည့္ ဝိုင့္ပါးေဖာင္းေဖာင္းေလးေတြကို သူ႔လက္ ႏွစ္ဖက္ႏွင့္ ဆြဲကိုင္လိုက္မိသည္။

" အ...နာတယ္...ဘာလို႔လာဆြဲေနတာလဲ..."

" အသည္းယားလို႔..."

သူ႔အေျပာေၾကာင့္ဝိုင္ကႏွာေခါင္းရွံဳ႕လိုက္ကာ သူ႔ကိုမ်က္ေစာင္းထိုးျပန္သည္။

" မနက္ျဖန္သင္တန္းကဘယ္အခ်ိန္လဲ.."

" မနက္ကိုးနာရီ..."

" ဘယ္အခ်ိန္ဆင္းမွာလဲ..."

" ညေနေလာက္မွ....သင္တန္းေတြက
ဆက္ေနတာ...စာရင္းကိုင္ေရာကြန္ပ်ဴတာေတြေရာ..စာဖိုမွဴးသင္တန္းေတြေရာspeakingေတြေရာ..."

" ဘာလို႔အကုန္ေလွ်ာက္တက္ေနတာလဲ....ေက်ာင္းလည္း တက္ရေတာ့မွာမလား..ၿပီးရင္ဟုတ္တာလည္းမဟုတ္ဘူး..."

" ေက်ာင္းက ကိုးလပိုင္းေလာက္မွတက္
ရမွာအီးေမဂ်ာဆိုေတာ့practicalမရွိဘူး
အာ့ေၾကာင့္...အခ်ိန္ေတြကအလဟသ
ျဖစ္ေနမွာစိုးလို႔...အကုန္တက္ေနတာ
အသက္ကလည္းႀကီးေနၿပီေလ..သူမ်ားေတြေတာင္ဘြဲ႕ယူေနၾကၿပီ..."

" အဲ့ဒါနဲ႔သင္တန္းေတြေလွ်ာက္တတ္ေနတယ္ေပါ့ စာဖိုမွဴးက ဘာလဲကြာ..."
ေသာ္က မေက်မနပ္ေျပာလိုက္သည္။စာဖိုမွဴးႏွင့္ ဝိုင္နဲ႔ဘာမွမဆိုင္သလို လိုက္လဲမလိုက္ဖက္...။အဲ မလိုက္ဖက္တာနဲ႔မဆိုင္ေသာ္လဲ ဝါသနာပါလို႔တက္သည္ကထားေတာ့။အခုဟာက အခ်ိန္ရေနလို႔ အားယားေနလို႔ သင္တန္းကိုတက္ျခင္းပင္။

" ဒီလိုပဲတက္တာပါ...ထိုင္ဦးအိမ္မွာလည္း ဘာမွမရွိဘူး..."
ထိုင္ခံုတစ္ခံုမွာ ဝင္ထိုင္ရင္း ေခါင္းညိတ္ျပလိုက္ေတာ့ အေတြးထဲေပၚလာတာက အလင္း...။

" အလင္းလာသြားေသးတယ္ဆို..."

" ဟမ္...ေအာ္...ဟုတ္တယ္ေန႔လည္တုန္းကလာသြားတာ...မေတြ႕ရတာၾကာ
လို႔တဲ့..."
ဝိုင့္ကိုအကဲခတ္ၾကည့္ေတာ့ဝိုင့္မ်က္ႏွာက ခပ္ေအးေအးနဲ႔။

" မနက္ျဖန္သင္တန္းသြားရင္လိုက္ပို႔ေပး
မယ္...ျပန္ရင္လဲလာႀကိဳေပးမယ္ဖုန္းဆက္ခဲ့..."

အလင္းဖုန္းဆက္လာကတည္းက ေသာ့္စိတ္ေတြဂဏာသိပ္မၿငိမ္ခ်င္ေတာ့တာ။ထူးထူးဆန္းဆန္းဖုန္းေတြဆက္ၿပီ းဝိုင့္ကိုဂ႐ုစိုက္ဖို႔ေျပာကတည္းကသူ႔စိတ္ေတြထင့္ခဲ့တာ...။မေန႔တုန္းကလဲ
ဝိုင္ကဘာျဖစ္လို႔ျဖစ္ေနမွန္းမသိ
သူ႔ကိုေတာင္ဝုန္းဒိုင္းႀကဲၿပီး ႏွင္ထုတ္လိုက္ေသးသည္မလား...။အရင္တစ္ခါက အလင္းကဝိုင္ႏွင့္ ပတ္သက္ၿပီး ထိန္ခ်န္ထားဖူးတာလည္း ရွိေသးသည္။ထို႔ေၾကာင့္သူအေျခအေနသိ
ခ်င္လို႔လာခဲ့မိတာပဲ...။

ဝရံတာကိုအၾကည့္ေရာက္သြားေတာ့
အရင္ကျမင္ကြင္းေတြက သူ႔မ်က္လံုးထဲ
ခပ္ေရးေရးေပၚလာေလသည္။
သူဝရံတာသို႔ေလွ်ာက္သြားရင္းသေဘာက်စြာခပ္တိုးတိုးရယ္လိုက္မိသည္။ဘယ္လိုစိတ္ကူးမ်ိဳးႏွင့္ ဒီလိုေနရာမွာခ်စ္တယ္လို႔ေျပာခဲ့မိတာပါလိမ့္...။
ေနာက္ သူ ခပ္တိုးတိုး သီခ်င္းဆိုေနသည့္ပံုရိပ္ေတြ...ဟား သူ႐ူးခဲ့သည္။

" တစ္ေယာက္တည္းဘာေတြႀကိတ္ၿပီး
သေဘာက်ေနတာလဲ...ျပံဳးၿဖီးၿဖီးနဲ႔..."

" ဒီလိုပဲ...ဟဟ ဘာဟုတ္ပါဘူး..."
လက္တစ္ဖက္ႏွင့္ ေခါင္းကို တစ္ခ်က္ကုတ္ရင္း အရွက္ေျပရယ္မိသည္။

" ဘာလဲ...ကိုယ့္ကိုကိုယ္ငါေဒးဘတ္ျဖစ္
ခဲ့တာရွက္စရာႀကီးလို႔ေတြးေနတာမလား..."
ဝိုင္က သိသည္။သူျဖစ္ေနတာကို ၾကည့္ၿပီး ႏွာေခါင္းရွံဳ႕ကာေမးသည္။

" ရွက္စရာလား ဒါေပမယ့္ ဘယ္လိုေျပာရမလဲ..."

" ဘယ္လိုမွေျပာမေနနဲ႔ေတာ့..."
ဝိုင္ကရြဲ႕ၿပီးေျပာလာသည္။

" ပုလဲတို႔အလင္းတို႔ယံုမယံုေတာ့မသိဘူး
ကိုယ္ေတာင္ကိုယ့္ကိုကိုယ္မယံုႏိုင္ဘူး.."

" ဘာကိုလဲ..."

" ေအာ္ကိုးမားဘဝတုန္းကမင္းဆီေရာက္ခဲ့တာကိုေပါ့..."

" ေအာ္..."

ေမးမည္ဟုပါးစပ္ဟၿပီးမွ မေမးျဖစ္လိုက္ေပ...။အလင္းေျပာသည့္အေၾကာင္းကိုသူလဲသိခ်င္သည္။ဝိုင္ ကိုးမားဝင္ခဲ့တုန္းကကိစၥေတြကို ဝိုင္လည္း
ဘာ၁ခုမွမွတ္မိသည့္ပံုမေပၚ..။ေျပာသံလဲ၁ခါမွမၾကားမိ။သူ႔လိုပဲ တစ္ေနရာရာကိုေရာက္ခဲ့ႏိုင္သလား...။

အလင္းေျပာမွပင္ ေတြးၾကည့္ရေတာ့မလိုျဖစ္လာသည္။ဝိုင္ႏွင့္စသိကတည္းက အခုခ်ိန္ထိသူ မစဥ္းစားမိခဲ့သည့္အခ်က္ပင္ျဖစ္သည္။ဒါပမယ့္ဒီကိစၥကိုဝိုင္ကနည္းနည္းေလးမွမဟခဲ့ေပ...။ထို႔ေၾကာင့္သူလဲေမးဖို႔မလိုအပ္ေတာ့သည္ဟုေတြးကာႏွဳတ္ဆိတ္ေနလိုက္ေတာ့သည္။

ေသာ္ျပန္သြားမွပင္ဝိုင္ ေနရထိုင္ရ
သက္သာသြားေလေတာ့သည္။
ေသာ္ရွိေနသည့္ အခ်ိန္ ဝိဉာဥ္ေႏွာင့္ယွက္
မွာစိုးတာေၾကာင့္ေသာ့္ကိုအျမန္ျပန္လြတ္ေနရျခင္းပင္...။စိတ္ပင္ပန္းလို႔
ထိုင္ခံုေပၚထိုင္ရံုရွိေသးမီးဖိုခန္းထဲမွ
ေရက်လာသံေၾကာင့္ဝိုင့္ရဲ႕ရွိရွိသမွ်အားေတြကုန္ခမ္းသြားသလိုေတာင္ခံစားလိုက္
ရေလသည္။

ညဘက္အိပ္ေတာ့လည္း ေဘးနားကေနရပ္ၾကည့္ေနသလိုခံစားခ်က္ႀကီးေၾကာင့္ ေတာ္ေတာ္ႏွင့္အိပ္မေပ်ာ္ႏိုင္ခဲ့ေပ...။
မနက္သင္တန္းသြားဖို႔ ေစာေစာထလိုက္ေတာ့ စကားလာေျပာသံမၾကားရေသာ္လဲဝိုင့္အနားတြင္တစ္ေကာက္ေကာက္ေတာက္ေလွ်ာက္လိုက္
ေနသည္ကိုေတာ့ခံစားမိခဲ့သည္။

ေသာ္ကလိုက္ပို႔လိုက္ႀကိဳလုပ္ေပးခ်ိန္
တြင္လဲ ဝိုင့္အနားတြင္ရွိေနခဲ့သည္ကိုခံစားမိေနသည္။ဝိုင္ကေတာ့လြတ္လြတ္လပ္လပ္ပင္တမင္ေနျပကာ စိတ္ထဲမထားမိေအာင္ေနခဲ့ရေလသည္။

# # #

" လာ...လာ..နင္တို႔အတြဲပဲက်န္တယ္.."

ပုလဲတို႔အိမ္အလွဴလုပ္တယ္ဆိုလို႔လာၾကျခင္းျဖစ္သည္။အိမ္အတြင္းဝိုင္ မသိသည့္
လူႀကီးေတြလဲရွိသည္။ဟိုတစ္ေခါက္ခရီး
မသြားခင္က ေတြ႕ဖူးလိုက္သည့္ပုလဲ
မိဘႏွစ္ပါးကိုျပံဳးျပလိုက္သည္။

ပုလဲ
ေဒၚေလးကလည္း အလုပ္ေတြရွဳပ္ေနေလသည္။ပုလဲေခၚသြားသည့္ေနာက္လိုက္သြား
ေတာ့ ဘိုေကာင္းအလင္းစစ္ေသြးႏွင့္ကိတ္ကိုစားပြဲဝိုင္း၁ခုတြင္ထိုင္ေနၾကသည္
ကိုေတြ႕လိုက္ရသည္။ေသာ္ကဘိုေကာင္းေဘးဝင္ထိုင္လိုက္သလိုဝိုင္လည္း ကိတ္
ေဘးဝင္ထိုင္လိုက္ေလသည္။ဝိုင္တို႔ႏွစ္
ေယာက္ဝင္ထိုင္လိုက္ေတာ့ စားဝိုင္းေလးက
ျပည့္လို႔သြားခဲ့သည္။

" ေအးေဆးမွျပန္ၾကေနာ္ခဏေန...ငါျပန္
လာခဲ့မယ္..."

ပုလဲကျပံဳးၿပီးေျပာကာတစ္ျခားသူေတြကို
ဧည့္ခံရန္ေနရာမွ ထြက္သြားခဲ့သည္။
အလွဴေတြမဂၤလာေဆာင္ေတြမွာဆို
သိပ္မစားတတ္တဲ့သူပီပီတို႔ခနဲဆိတ္ခနဲသာဝိုင္စားလိုက္သည္။ေသာ္ႏွင့္အလင္းတို႔
ဘိုေကာင္းတို႔ကအဖြဲ႕က်ေနကာမေတြ႕ရ
တာၾကာသလိုမ်ိဳးတစ္ဝါးဝါးတစ္ဟားဟားႏွင့္ပြဲက်ေနေလသည္။ဝိုင္ကေတာ့
ဘာမွလဲဝင္မေျပာ ဒီအတိုင္းသာထိုင္ေနမိသည္။

အားလံုးျပန္သြားမွ ကိုဆက္လည္း
ပုလဲဆီေရာက္လာခဲ့သည္။ပုလဲက
ကိုဆက္ကိုသူမမိဘေတြႏွင့္မိတ္ဆက္
ေပးေနတာကို ဝိုင္တို႔ဝိုင္းၾကည့္ေနခဲ့
ၾကသည္။

" အင္း...ပုလဲကေက်ာင္းလည္း ျပီးေရာ
ေယာက်ာ္းလည္းယူေတာ့မယ္ထင္တယ္..."
စစ္ေသြးကပုလဲျပံဳးေပ်ာ္ေနတာကိုၾကည့္ၿပီးရယ္က်ဲက်ဲႏွင့္ေျပာေလသည္။ဝိုင္က
လွမ္းေငးၾကည့္မိေသာ္လည္း စိတ္ကေတာ့
ပုလဲဆီမွာရွိမေနခဲ့ေပ...။ဝိုင့္အနားမွာ
တစ္ခ်ိန္လံုးကပ္ေနေသးသည့္ဝိဉာဥ္ဆီ
စိတ္ကေရာက္ေနခဲ့သည္။တစ္ခ်ိန္လံုးအနား
မွာေရာက္ေနကာ ဘာမွအကူအညီ
မေတာင္းခဲ့ေပမယ့္ ဝိုင္ကရွိေနမွန္း
သိေလေတာ့ စိတ္အေႏွာင့္ယွက္ျဖစ္ရေလသည္။ေနာက္ၾကာလာရင္လဲ တစ္ျခား
သူေတြရိပ္မိသြားႏိုင္ေသးသည္။
ဝိုင္ သက္ျပင္းႀကိတ္ခ်မိျပန္သည္။

" ဝိုင့္ အသြားအျပန္ေတြမင္းပဲႀကိဳ
ေပးတာလား...ေသာ္..."

ဝိုင္ တို႔ျပန္ခါနီးတြင္ ေျပာလိုက္သည့္
မိုးလင္းစကားေၾကာင့္ေသာ္ကေျခလွမ္းေတြရပ္
ျပစ္ကာမိုးလင္းကိုျပံဳးျပလိုက္ရင္း

" ေအးေပါ့...ငါပဲပို႔တာေပါ့..."

" ဝိုင္ မင္းလည္းတစ္ေယာက္တည္း
သြားလာေနရတာေတြဂ႐ုစိုက္ဦး
တကၠစီေတြဘာေတြလည္း ၾကည့္စီးဦး..."
မိုးလင္းစကားက တစ္မ်ိဳးႀကီး...။ဝိုင့္စိတ္ေတြထင့္ကာ တုန္ယင္စြာေမးမိသည္။

" ဘာလို႔လဲ..."

" မဟုတ္ပါဘူးကြာ...ငါေဖ့ဘုတ္သံုးရင္း
သတင္းတစ္ခုေတြ႕လိုက္မိလို႔ပါ.." မိုးလင္းအေျဖက ခပ္ေအးေအးပါပဲ။ဒါေပမယ့္ သတင္းဆိုတာႏွင့္ ဝိုင့္မ်က္ႏွာျဖဴၿပီးလန္႔ခ်င္ေနၿပီ...။

" ဘာသတင္းလဲ..."

" တကၠစီသမားတစ္ေယာက္ ေပ်ာက္ေနတယ္ဆိုလား...ကားေပၚမွာလည္း ေသြးကြက္
ေတြ ေတြ႕တယ္တဲ့ လူသတ္မွဳပဲျဖစ္မွာေပါ့ အေလာင္းကေတာ့ေပ်ာက္ေနတယ္
တဲ့...ဒါေၾကာင့္ ဒီအတိုင္းစိုးရိမ္လို႔
ေျပာလိုက္တာ..မင္းတို႔သတင္းမေတြ႕ၾကဘူးလား..."

" ေအာ္...ေအး အဲ့သတင္းငါလည္း ေတြ႕လိုက္တယ္..."

" ဟုတ္တယ္..ဒီေန႔ပဲတက္လာတာပဲ.."

မိုးလင္းႏွင့္ဘိုေကာင္းရယ္စစ္ေသြးတို႔
အျပန္အလွန္ေျပာေနၾကခ်ိန္ ဝိုင္ဒီအတိုင္းပဲနားေထာင္ေနလိုက္သည္။မိုးလင္းက
ဝိုင့္ကို စိုးရိမ္လို႔ေျပာတာမို႔ မနည္းျပံဳးကာနားေထာင္ေနစဥ္ အျဖစ္အပ်က္အခ်ိဳ႕ကေခါင္းထဲ အစီအရီေပၚလာၿပီး ဝိုင္မလြယ္ထားပဲကိုင္ထားသည့္လက္က
အိတ္ကၾကမ္းျပင္ေအာက္သို႔က်သြားေလသည္။

" ဘာျဖစ္တာလဲ ဝိုင္.အဆင္ေျပရဲ႕လား..."

ဘိုေကာင္းကဝိုင့္အိတ္ေလးကိုေကာက္
ကာဝိုင့္လက္ထဲသို႔ထည့္ေပးလိုက္သည္။
ေျခဖ်ားလက္ဖ်ားေတြက ခ်က္ခ်င္းပင္
ေအးစက္လာသည္။တကၠစီသမား
တစ္ေယာက္အသတ္ခံရတာဝိုင့္ေၾကာင့္
သာဆိုဘယ္လိုလုပ္မလဲ...။ဝိုင့္ကိုလိုက္ပို႔ေပးခဲ့သည့္ဦးေလးႀကီးသာေသသြားခဲ့တယ္ဆိုရင္ဘယ္လိုလုပ္မလ။ေနရင္းထိုင္ရင္းႏွင့္ တက္လာခဲ့သည့္ သတင္းက တကၠစီသမားအသတ္ခံရသည့္သတင္းတဲ့လား...။ဝိုင့္ရဲ႕ ပ်က္ယြင္းေနသည့္မ်က္ႏွာကိုေသာ္ကၾကည့္ၿပီး

" မင္းကလည္း ေလွ်ာက္ေျပာေန ေတာ္ၾကာဝိုင္ကၠစီမစီးရဲပဲေနပါဦးမယ္ကြာ တစ္ခါတစ္ေလ ငါက အလုပ္ကိစၥနဲ႔ သြားမႀကိဳျဖစ္တာေတြရွိတယ္ေလကြာ..."
ဟုအလင္းကိုသတိေပးလိုက္သည္။မိုးလင္းယုန္ သူကေတာ့ ဝိုင့္ကိုသာေငးၾကည့္ေနမိသည္။မဟုတ္ေသးဘူး ဝိုင္က တကၠစီမစီးရဲလို႔ေၾကာက္ေနသည့္ ပံုမ်ိဳးမဟုတ္ဘူး...။ဝိုင္ သိထားသည့္ အရာတစ္ခုခုကိုအမွန္ျဖစ္ေၾကာင္းၾကားလိုက္ရသလိုလန္႔ဖ်တ္သြားသလိုမ်ိဳး...။ေသာ္ကဘာမွမသိေပမယ့္
သူက ဝိုင္ႏွင့္ အတူမေန႔တစ္ေန႔ကတင္ ဟိုအိမ္ႀကီးကိုလိုက္ေပးခဲ့ဖူးတာမို႔ ဝိုင္အဲ့ဒီ့ကတည္းကလန္႔ေနခဲ့သည္ဆိုတာသူသိသည္။အဲ့ကိစၥႏွင့္
အခုေၾကာက္လန္႔ေနသည့္ ကိစၥကဆက္စပ္
ေနသလိုလိုပင္...။သူသိခ်င္တာေတြကို
ေမးလိုက္ခ်င္ေပမယ့္ အေနခက္သြားမွာ
လဲစိုးေသးသည္။သူသက္ျပင္းခ်ကာ
အိမ္အျပင္ဘက္သို႔ မ်က္လံုးကေရာက္
သြားေလသည္။ရစ္သီရစ္သီႏွင့္ပုလဲအိမ္
ေရွ႕မွာေယာင္လည္လည္ေလးျဖစ္ေန
သည့္ေကာင္ေလးတစ္ေယာက္ကိုသူေတြ႕
လိုက္ေသးသည္။သူမ်က္ေမွာင္ၾကဳတ္
လိုက္ကာထံုးစံအတိုင္းမျမင္ခ်င္ေယာင္
ေဆာင္လိုက္ရျပန္သည္။

" ကိုယ္ကဒီအတိုင္း တကၠစီေတြစီးေနၾက
ဆိုေတာ့ ျမင္လိုက္ရတဲ့သတင္းနဲ႔ ဆက္စပ္မိၿပီးေျပာလိုက္မိတာ...အရမ္းလည္း စိုးရိမ္
မေနပါနဲ႔..ဝိုင္..ကိုယ္ကေသာ့္ကို
ပိုၿပီးဂ႐ုစိုက္ေပးဖို႔ေျပာတာပါ..."

" အင္းေလ..ဝိုင္ရာ..ကိုယ္လဲရွိေနတာ ဘာေၾကာက္စရာရွိလဲ...ဘာမွမဟုတ္ဘူး အလင္း....ဒီေကာင္ေလွ်ာက္ေျပာေနတာ...အခုလဲကိုယ္အသြားအျပန္လိုက္ပို႔လိုက္ႀကိဳေနတာပဲ ေနာ္...မင္းကလည္း ဘာေတြေလွ်ာက္ေျပာေနတာလဲကြာ..."

ေသာ္ကဝိုင့္ကိုေျပာကာသူ႔ဘက္ကိုလည္း မ်က္လံုးႀကီးျပဴးကာသတိေပးေလသည္။ဟုတ္သည္ သူေျပာလိုက္တာသိပ္ကိုမွားသြားၿပီ...။အေျခအေနေတြကဘယ္လိုမွန္းသူအတိအက်မသိေပမယ့္
ဝိုင္တစ္ခုခုကို စိုးရိမ္ေနကာသူ႔စကား
ေၾကာင့္ပိုၿပီးေၾကာက္သြားခဲ့တာေသခ်ာေနသည္။ပ်က္ယြန္းေနေသာ မ်က္ႏွာေလး
ကိုသူ႔မွာၾကည့္ၿပီးစိတ္မေကာင္းေပ..။

" ကဲ...ကဲ...ငါတို႔ျပန္ေတာ့မယ္ ဝိုင္သင္တန္းသြားရဦးမွာ...."

" ပုလဲ...ကၽြန္ေတာ္သြားေတာ့မယ္ေနာ္.."

" ဟုတ္ၿပီ...ဝိုင္ ေလွ်ာက္ေတြးၿပီး
ေၾကာက္မေနနဲ႔ေနာ္..တကၠစီစီးတဲ့သူျဖစ္တာ
မွမဟုတ္တာ...ၿပီးေတာ့ေသာ္၁ေယာက္
လံုး ရွိေနတာကို.."

ပုလဲကိုယဲ့ယဲ့ေလးျပံဳးၾကည့္ကာေခါင္းညိတ္ျပရရွာသည္။ေနာက္ဝိုင္ႏွင့္ေသာ္
ပုလဲအိမ္မွထြက္သြားေလေတာ့သည္။

" ေၾကာက္ေနေသးလား..."

" အင္..."

ကားေမာင္းေနရင္းမွ ဝိုင့္ဘက္ကိုငဲ့ၾကည့္ကာ႐ုတ္တရက္ေမးလိုက္သံေၾကာင့္ နည္းနည္းေတာ့လန္႔သြားရသည္။ဝိုင္က အေတြးေတြထဲႏွစ္ျမႇပ္ေနခဲ့သည္မဟုတ္လား.....။

" မေၾကာက္နဲ႔ကိုယ္ရွိတယ္...တကၠစီ
စီးရမွာေၾကာက္လို႔ဆိုဘယ္သြားသြား
ကိုယ့္ကိုဖုန္းဆက္....ကိုယ္လိုက္ပို႔ေပး
မယ္ဟုတ္ၿပီလား..."

" အဟက္...ဟုတ္ပါၿပီ...နည္းနည္းလန္႔
သြားရံုပဲရွိတာပါ...အရမ္းႀကီးေတာ့ေၾကာက္လန္႔
မသြားပါဘူး..."

" တကယ္လား..."

" တကယ္ပါ...စိတ္ထဲထားမေနနဲ႔
အလုပ္ကတစ္ဖက္နဲ႔ ေတာ္ၾကာငါ့ဆီပဲ စိတ္ေရာက္ေနမွာစိုးလို႔...."

" အဲ့ကိစၥမရွိလည္း....ကိုယ့္စိတ္ကဝိုင့္
ဆီအၿမဲေရာက္ေနၿပီးသား..."

" အဟမ္း...ေအးပါ..."

တိတ္တိတ္ဆိတ္ဆိတ္လိုက္ပါလာေသာ္
လည္းဝိုင္တစ္ေယာက္တည္းသက္ျပင္းေတြ
ခိုးခ်ေနတာ ေသာ္မသိပါ...။ေသာ္စိတ္မပူ
ဖို႔သာအပူ႐ုပ္ကိုအျပံဳးတုႏွင့္ တပ္ဆင္ၿပီး
ေျပာေနရေပမယ့္စိတ္ကေတာ့ဂဏာမၿငိမ္ေတာ့ေပ...။တကၠစီသမားအသတ္ခံ
လိုက္ရၿပီ...။တကၠစီသမားကိုသတ္လိုက္
တာဦးေအာင္သိုက္မဟုတ္ဘူးလို႔ဘယ္သူေျပာႏိုင္သလဲ..။ဝိုင့္ေရွ႕တင္
ျမႇပ္လိုက္တဲ့ေနရာမွာ တကၠစီသမားရဲ႕
အေလာင္းပါရွိခ်င္ရွိေနေလာက္သည္။

ဒါေၾကာင့္အေလာင္းက ေပ်ာက္ေနတာ
ျဖစ္ရမည္။ဝိုင့္ကိုျမင္လိုက္စဥ္ အေနာက္
ကေနေျပးလိုက္သည့္ဦးေအာင္သိုက္က
တကၠစီနံပါတ္ျပားကိုျမင္လိုက္လို႔
သတ္ျပစ္လိုက္တာလဲျဖစ္ႏိုင္တာပဲ...။

စဥ္းစားလိုက္သမွ်အမွန္ေတြဘက္သက္
ေရာက္ေနတဲ့အေတြးေတြထြက္က်လာ
တာမို႔ဘာဆိုဘာမွ မေတြးခ်င္ေတာ့ေပ..။
ေသာ္လဲအလကားေနရင္းစိုးရိမ္ေနမွာစိုး
လို႔ ေသာ့္ဘက္လွည့္ကာျပံဳးျပရင္းထပ္ၿပီး
သက္ျပင္းကိုခိုးခ်လိုက္မိျပန္ေလသည္။
ေသာ္ က ဝိုင့္ကိုသင္တန္းေရွ႕တြင္ခ်ေပးလိုက္ေတာ့ဝိုင္လဲသင္တန္းထဲဝင္လာလိုက္သည္။တစ္ေနကုန္ စာေတြသင္ေနေပမယ့္ စိတ္ကစာထဲမွာလံုးဝရွိမေနခဲ့ေပ...။သင္တန္းကလဲ၁ေနရာႏွင့္
တစ္ေနရာမတူတာေၾကာင့္ တကၠစီစီးကာ
သြားရေသးသည္။တစ္ခါတစ္ေလမွ
လိုင္းကားတိုးစီးေပမယ့္ ယခုအေျခအေနမွာေတာ့ တကၠစီလံုးဝစီးခ်င္စိတ္မရွိသျဖင့္ မစီးတတ္စီးတတ္ႏွင့္လိုင္းကားတိုးစီး
မိျပန္သည္။ေနာက္ဆံုးအခ်ိန္ေတြသာ
ကုန္ၿပီးသင္တန္းသာၿပီးသြားတယ္ဘာေတြသင္လို႔သင္ခဲ့မွန္းဝိုင္မသိလိုက္ေပ....။

ေသာ့္ကိုဖုန္းဆက္ကာ ဝိုင့္ကိုလာႀကိဳခိုင္းလိုက္သည္။ဝိုင္ သင္တန္းအျပင္ဘက္မွာမတ္တပ္ရပ္ေစာင့္ေနစဥ္မွာပင္ ဝိုင့္အနားမွာ၁ေယာက္ေယာက္ရွိေနသလိုခံစားခ်က္ေၾကာင့္ဝိုင္စိတ္ညစ္ရျပန္သည္။ဘယ္လိုလုပ္ေပးရမလဲဝိုင္ မသိေပ...။ဒီလူသတ္မွဳကိစၥႀကီးထဲ ဝိုင္ဝင္ပါသင့္သလား...။

စဥ္းစားရခက္ေနစဥ္မွာ ေသာ့္ကားေလး
ေရာက္လာေလသည္။ေသာ့္ကိုျမင္ေတာ့
စဥ္းစားေနသည့္အေတြးေတြကိုေခါင္းထဲ
ကထုတ္ျပစ္လိုက္သည္။
ဝိုင္တို႔ညစာ သြားစားျဖစ္ၾကသည္။

ဝိုင့္ကိုစကားေျပာေနရင္း တည္သြားသည့္ ေသာ့္မ်က္ႏွာေၾကာင့္ ဝိုင္ ေသာ္
ၾကည့္ေနသည့္ေနရာကိုလိုက္ၾကည့္မိလိုက္သည္။

" ဟင္...ေဒၚစံပယ္ညိဳ...."

ႏွဳတ္မွခပ္တိုးတိုးေရရြတ္မိသည္။ေသာ္
ကေတာ့မၾကားေပ...။ေသာ့္ရဲ႕မိေထြး......
ဝိုင္တို႔ကိုေတာ့ျမင္ပံုမရဘူး....။ၾကည့္
မိလိုက္ေတာ့ မ်က္ႏွာကေနမေကာင္းသ
လိုလို စိတ္ပ်က္စရာအေျခအေန၁ခုခု
ၾကံဳေနရသလို ပံုစံမ်ိဳးျဖစ္သည္။
ဝိုင့္ အိမ္လာၿပီးေသာ္ႏွင့္သေဘာမတူႏိုင္
ဘူးဟုလာေျပာသည့္ကိစၥကိုေသာ့္ကို
ျပန္မေျပာျဖစ္ခဲ့ပါ...။အလကားေဒါသ
မထြက္ေစခ်င္ဘူး...။မိုးလင္း...မိုးလင္း
ေတာ့ျပန္ေျပာမလားမသိဘူး...။မိုးလင္း
ေသာ့္ကိုေျပာမွဝိုင္လဲ ေသာ့္ကိုဖြင့္ေျပာဖို႔စိတ္ကူး
လိုက္ေတာ့သည္။အိမ္ကိုျပန္ေရာက္ေတာ့ ခဏနားကာေျခလက္ေဆးၿပီးအိပ္ယာဝင္ခဲ့လိုက္သည္။အိပ္ဖို႔ႀကိဳးစားမိေသာ္လဲ ဘယ္လိ္ုမွ
အိပ္မေပ်ာ္ေပ...။

တြီ တြီ တြီ

အိပ္မေပ်ာ္သည့္ၾကားက ဆက္လာသည့္ဖုန္းကို ဝိုင္ယူၾကည့္လိုက္မိသည္။ေသာ့္ဆီမွဖုန္း.....။
ဝိုင္ခ်က္ခ်င္းကိုင္လိုက္သည္။

" ဟဲလို..."

" ဟဲလို...ခ်စ္...အိပ္ေနျပီလား..."

" အမ္....ဘာလဲ ဘာခ်စ္လဲ ေသာ္ရာ ဝိုင္လို႔ပဲေခၚစမ္းပါ ..."

" အဟား...ဟား..ဘာလို႔လဲ ရင္ခုန္စရာေကာင္းပါတယ္.."

" ေပါက္ကရေတြမေျပာနဲ႔ ေသာ္ရာ..."

" ဘာလို႔လဲ ခ်စ္လြန္းလို႔ ခ်စ္လို႔ေခၚတဲ့ဟာကို...."

" ပုလဲတို႔ၾကားရင္ ရယ္မွာေပါ့ မင္းဘယ္တုန္းကႏူးညံ့ခဲ့လို႔လဲ..."

" အဲ့လိုေတာ့မေျပာနဲ႔ေလကြာ...အဲ့ဒါအရင္တုန္းက ကိစၥေတြ မႏူးညံ့ခဲ့တာလဲမဟုတ္ပါဘူးကြာ..."

" အင္း....ထားပါ..မင္းက.အခုထိမအိပ္ေသးဘူးလား...မနက္အလုပ္သြားရမွာကို..."

" အိပ္ေတာ့မွာပါ...မင္းအသံကိုကိုယ္
ၾကားခ်င္လို႔ေလ..."

" အင္းပါ...ဟုတ္ပါၿပီ....ဒါဆိုလဲအိပ္ေတာ့ေလငါလည္း အိပ္ေတာ့မယ္..."

" ကိုယ့္ကိုခ်စ္လား....ကိုယ္ကသာအၿမဲ
ေျပာေနေပမယ့္ ဝိုင္ကတစ္ခါမွ
ကိုယ့္ကိုခ်စ္တယ္လို႔မေျပာဘူးမလား..."

" ေျပာစရာလိုေသးလို႔လားကြာ ငါ့
ရင္ထဲရွိေနရင္ၿပီးၿပီေပါ့..."

" ေျပာစရာလိုတာေပါ့ကြာ...ကိုယ္ခ်စ္သူႏွဳတ္ကထြက္လာတာပဲ ၾကားခ်င္တာေပါ့ ရင္ထဲရွိေနရံုနဲ႔ဘယ္ၿပီးပ့ါမလဲ..."

" အာ...."

" လုပ္ပါကြာ....ကိုယ့္ကိုခ်စ္တယ္လို႔ေျပာပါ..."

" ခ်စ္တယ္ကြာ...ခ်စ္တယ္ မင္းကိုအရမ္းခ်စ္တယ္ ရၿပီလား..."

" အဟားဟား...ေက်နပ္သြားၿပီ...."

" ဟြန္း ၿပီးေရာ အိပ္ေတာ့ မင္း..."

" အိုေက...ကိုယ္အိပ္ေတာ့မယ္...
မနက္လာေခၚမယ္ေနာ္ဂြတ္ႏိုက္
အရမ္းခ်စ္တယ္..."

ေသာ္ကေျပာၿပီးဖုန္းခ်သြားခဲ့သည္။ဝိုင့္ရင္ထဲတစ္သိမ့္သိမ့္ၾကည္ႏူးမွဳႏွင့္အတူ ေသာ့္မ်က္ႏွာက ဝိုင့္အေတြးေတြထဲဝင္ေရာက္လာခဲ့သည္။ေသာ္က ဝိုင့္အေပၚစိတ္ရွည္သည့္အျပင္ နားလည္ၿပီးခ်စ္ေပးလို႔ေတာ္ေသးသည္။ဝိုင္က အရမ္းတာခ်စ္ေနတာ ခ်စ္သည့္အေၾကာင္းကိုေတာ့ ထုတ္ေဖာ္မျပသတတ္ေပ။ခ်စ္တယ္လို႔ ေျပာရမွာေတာင္ ရွက္တာနဲ႔ေရာၿပီးေၾကာက္တတ္တဲ့သူ။ေသာ္နဲ႔တကယ္တမ္းခ်စ္သူေတြျဖစ္သြားေတာ့ အေတြးေတြထက္ လက္ရွိက ဝိုင့္အတြက္အနည္းငယ္ပိုခက္ခဲ့သည္။ဝိုင္ ျပံဳးလိုက္ကာ ဖုန္းကိုကုတင္ေဘးရွိစားပြဲေပၚျပန္တင္ကာ အိပ္ရန္ႀကိဳးစားလိုက္စဥ္ မီးဖိုခန္းထဲမွ ေရတစ္စက္စက္က်သံကိုၾကားလိုက္ရျပန္သည္။ဝိုင္ကုတင္ေပၚမွဆင္းကာ မီးဖြင့္လိုက္ၿပီး မီးဖိုခန္းရဲ႕မီးပါဖြင့္လိုက္ကာ ေရပိုက္ေခါင္းကိုက်ပ္ေနေအာင္ပိတ္လိုက္သည္။ျပန္ထြက္ရန္ မီးဖိုခန္းတံခါးနားအေရာက္ ထပ္မံက်လာသည့္ေရတစ္စက္စက္ေၾကာင့္ မ်က္လံုးေတြ
ကိုမွိတ္ခ်ကာသက္ျပင္းသဲ့သဲ့ခ်မိျပန္သည္။

ဒီရက္ပိုင္းသက္ျပင္းေတြပဲဇြတ္ခ်ေနရပါလား...။ေရပိုက္ေခါင္းကိုက်ပ္ေနေအာင္ပိတ္လိုက္သည္။ေနာက္အနည္းငယ္ဆုတ္ကာ ထပ္က်လာမလားလို႔ေစာင့္ေနလိုက္သည္။ေရက ထပါက်မလာေပမယ့္ ဒီမီးဖိုခန္းထဲမွာရွိေနသည္ဆိုတာကို
ေတာ့ဝိုင့္ စိတ္ကခံစားမိသည္။ထို႔ေၾကာင့္ဝိုင္စိတ္ေတြကိုေလ်ာ့ခ်လိုက္ကာ....

" မင္း....ဘယ္သူလဲ...ဘယ္ေလာက္ၾကာၾကာငါ့အနားမွာဒီလိုကပ္တြယ္ေနမွာ
လဲ..."
ဟုေမးလိုက္မိသည္။
ျပန္ေျဖသံမၾကားရေပ...။ဝိုင္ျပန္ေျဖသံ
ကို ေစာင့္မေနေတာ့ပဲ မီးဖိုခန္းမွ
ထြက္သြားမည္အျပဳတြင္ ထူးဆန္းလြန္းသည့္စကားကိုဝိုင္ၾကားလိုက္ရသည္။

" ကၽြန္ေတာ္...ဘယ္သူလဲ...ဘယ္ကလာ
သလဲ....ဒီအိမ္ထဲဘယ္လိုေရာက္ေနသလဲ ကၽြန္ေတာ္မသိဘူး..."

" ဟင္..."

" ကၽြန္ေတာ္ေၾကာက္တယ္...သူတို႔
ကၽြန္ေတာ့္ကိုမျမင္ၾကဘူး....ကၽြန္ေတာ္
ဘာလုပ္ရမလဲဟင္..."

အသံေသးေသးေလးႏွင့္ေကာင္ေလး
၁ေယာက္အသံကိုထူးဆန္းစြာၾကားလိုက္ရသည္။အသံကမထူးဆန္းေပမယ့္
ေကာင္ေလးေျပာတဲ့စကားေတြကဝိုင့္အတြက္အရမ္းကို အံ့အားသင့္ဖို႔ေကာင္းေနသည္။
ဒီေကာင္ေလးက ေဒးဘတ္ျဖစ္သလို
ပံုစံမ်ိဳးျဖစ္ေနပါလား...။

" ကၽြန္ေတာ္...ကၽြန္ေတာ္ကဘာလဲဟင္..
ေသသြားတာလား...ဝိ...ဝိဉာဥ္လားဟင္..."
ဝိုင္ ဘာျပန္ေျပာလို႔ေျပာရမွန္းမသိေအာင္ကို ပင္ စိတ္ဓါတ္ေတြက်သြားရေလသည္။

Thanks All

(unicode)

နေရင်းထိုင်ရင်း ဗိုက်ဆာလာသည်မို့ လမ်းထိပ်သို့မုန့်ထွက်ဝယ်ရန် ဝိုင်ပြင်လိုက်မိသည်။ရေခဲသေတ္တာထဲမှာလည်း ဘာမှရှိမနေ။ ခေါက်ဆွဲလေးဘာလေးပြုတ်စားရန် ဝေါက်ဆွဲခြောက်ဖို့ ထွက်ခဲ့လိုက်သည်။တိုက်ခန်းတံခါးသော့ကိုသေချာခတ်ကာ လှေကားတစ်လျှောက်ဆင်းလာသည့်ချိန်တွင်ဝိုင့်အနောက်ဘက်ဆီမှ ခြေသံခပ်တိုးတိုးကို
ကြားလိုက်ရသည်။

ဝိုင် လှမ်းလိုက်သည့်
ခြေလှမ်းအတိုင်း ထပ်ကြပ်မကွာလိုက်
လှမ်းနေသည်။

ဝိုင်မျက်မှောင်ကြုတ်မိကာအနောက်သို့လှည့်ကြည့်လိုက်မိစဉ်တွင် လှေကားထိပ်တွင်ဝိုင် မှလွဲပြီးတစ်ခြားသူရှိမနေခဲ့ပါ...။ဝိုင် ပိုပြီးမျက်မှောင်ကြုတ်မိသွားရသည်...။

လှေကားတစ်လျှောက် အလျင်အမြန်ပြေးဆင်းကာ မုန့်ဆိုင်
သို့ သာ လာလိုက်သည်...။မုန့်ကိုအမြန်ဝယ်ပြီး
အိမ်သို့ပြန်လာချိန်တွင် တစ်ယောက်ယောက်အနောက်ကလိုက်လာနေသည့်ခံစား
ချက်ကြီးက ဝိုင့်ကိုအနည်းငယ်ထိတ်လန့်သွားေလေသည်။ဝိုင် ဒီတစ်ခေါက်တော့မကူညီပါရစေနဲ့...။

ဝိုင့်နောက်ကို လိုက်လာသည့်
ဝိဉာဉ်မှာ ဝိုင့်ရှေ့တွင်မြေမြှပ်ခံလိုက်ရ
သည့်သူဖြစ်နေမှာ သေကိုသေချာနေပေလိမ့်မည်...။

ခုဏ လေးတင်အဲ့ဒီ့အိမ်ကိုသွားခဲ့သည်မဟုတ်ပါလား။အခုဝိုင့်အနားကို
တွယ်ကပ်ပြီးလိုက်ပါလာပြီ...။ထိုဝိဉာဉ်မှမဟုတ်
ရင်မည်သည့်ဝိဉာဉ်မှမဖြစ်နိုင်ပေ...။ဝိုင် မကူညီနိုင်တဲ့ ဝိဉာဉ်ဆီမှထွက်
ကျလာမည့်စကားလုံးတွေကိုဝိုင်နား
မထောင်ပါရစေနဲ့.....။

ဒီတစ်ခါတာ့ဝိုင်
အေးအေးဆေးဆေးနေပါရစေ...။တရားခံကိုအသေအချာကြီးသိနေပေမယ့် ဝိုင့်ကိုယ်ဝိုင်ရောဝိုင့်အတွက်ကြောင့်နှင့် ရော ဘယ်သူ့ကိုမှအထိအခိုက်မခံစချင်တော့..။ဝိုင်ကရဲလည်း ဟုတ်သလိုစုံထောက်လည်းမဟုတ်ပေ..။ထို့ကြောင့် လူသတ်မှုထဲ
ဝိုင် ပါဝင်မပတ်သက်ချင်တော့...။

တိုက်ခန်းတံခါးကိုအမြန်ဖွင့်ကာအထဲသို့
အမြန်ဝင်ခဲ့လိုက်သည်။ဝိုင် ဟူးခနဲ
သက်ပြင်းချမိကာ မုန့်ထုပ်တွေကိုစားပွဲခုံ
ပေါ်တင်ထားလိုက်သည်။ဝိုင်တစ်ယောက်
တည်း ဒီဝိဉာဉ်နဲ့နှစ်ပါးသွားရဦးမည်ကိုတွေးပြီးစိတ်ရှုပ်နေမိသည်။ဝိုင်မကူညီရင်ရော ဒီဝိဉာဉ်ကဝိုင့်အနားကနေ ထွက်သွားပါ့မလား...။

လောလောဆယ် ဝိုင့်ကိုစကားလည်း လာမပြောသေးပေ...။အခန်းထဲသို့ဝင်ကာ အိပ်ပျော်ရန်ကြိုးစားလိုက်သည်။

အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေချိန်တွင် စိတ်ထဲတွင် ဆွဲနေလေသည့် အလောင်း
မြှပ်သည့် ကိစ္စကို အိမ်မက်အဖြစ်မြင်မက်လေသည်။ဝိုင်နိုးထလာချိန်တွင်တစ်ကိုယ်လုံးချွေးတွေရွှဲနှစ်ကာ နိုးထလာခဲ့သည်။ဘယ်အချိန်ထိ ဒီကိစ္စကြီးဟာဝိုင့် စိတ်ထဲစွဲမြဲနေမှာလဲ...။ဝိုင်အသက်ကို
ခပ်ပြင်းပြင်းရှူရင်းစဉ်းစားနေမိသည်။

တောက်....တောက်...တောက်

ဟင်....
ရေကျသံ

မကြားရတာကြာနေပြီဖြစ်သော
ရေပိုက်ခေါင်းမှရေကျသံက ဝိုင့်
ပျက်ပြားနေသည့် စိတ်အစဉ်ကိုပြန်စုစည်းစေသည်။ဝိုင် ကုတင်ပေါ်မှဆင်းကာ
မီးဖိုခန်းထဲသို့သွားရန် အခန်းထဲမှထွက်
လိုက်သည်။

ဟာ...

အံ့သြသွားသည့်စိတ်ကိုမထိန်းချုပ်လိုက်
နိုင်..။ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲနေသည့် စာအုပ်တွေ...ဟိုနေရာဒီနေရာတွင်
တစ်ကွဲဆီဖြစ်နေသည့် လမင်းဖတ်လေ့ရှိသည့်
သတင်းစာအဟောင်းတွေ...။ဒုက္ခပဲ
ခြေချစရာနေရာပင်မရှိတော့သည့်ဝိုင်ရဲ့
ဧည့်ခန်းလေး...။

စိတ်တွေအကြီးကြီးလေ
သွားမိသည်။ဝိုင့်ကိုအသံမထွက် ထွက်
ဒေါသမထွက် ထွက်အောင်လုပ်နေသလို
ပဲ...။ပေါက်ကွဲချင်နေသည့်ဒေါသတွေကို
မျိုချလိုက်ရကာ ပြန့်ကျဲနေသည့်အရာတွေအားလုံးကိုတစ်ခုချင်းပြန်လိုက်ကောက်ရသည်။စိတ်ထဲတွင်လဲ ကိုယ့်ကိုကိုယ်စိတ်ထိန်းရန် အဆတ်မပြတ်ပြောနေမိသည်။ဒေးဘတ်တုန်းကလဲ ဒီလိုဖြစ်ခဲ့တာပဲ။နောက်ပြီး ဝိုင့်နှုတ်က တစ်ခုခုပြောလိုက်လျှင် အကူအညီတောင်းလာတော့မှာ...။အဲ့ဒီ့အကူအညီကိုဝိုင် မကူညီနိုင်တာမို့...နှုတ်မှ
ထိုဝိဉာဉ်နှင့်ပတ်သက်သည့်ဘာစကား
တစ်ခွန်းမှ မထွက်တာအကောင်းဆုံးပင်....။

အားလုံးသူ့နေရာနှင့်သူနေထားတကျ
ထားပြီးသွားတော့ မီးဖိုခန်းထဲဝင်ကာ
ရေပိုက်ခေါင်းကို ပိတ်ရပြန်သည်။
မီးဖိုခန်းထဲမှထွက်ပြီးသိပ်မကြာ ဧည့်ခန်း
ထဲထိုင်နေသည့်တစ်ခဏတွင်မီးဖိုခန်းထဲမှရေတတောက်တောက်ကျသည့်အသံကိုကြားရပြန်လေသည်။

ရေကျလို့ပြန်ထပိတ်လိုက် ပြန်ထိုင်လိုက်
ပြန်ကျလိုက်ပြန်ပိတ်လိုက်နှင့်ထွက်လာသည့်ဒေါသတွေကိုဝိုင်..မထိန်းနိုင်တော့
ပေ..။ရေကျသံကို ဝိုင်မကြိုက်။တိတ်ဆိတ်နေမှ အိပ်တတ်သည့်ဝိုင် တစ်တောက်တောက်နှင့်ကျနေသည့်အသံကြောင့် အိပ်လို့ရမည်မဟုတ်ပေ။ဒေါသတကြီးအော်ဟစ်ကာပေါက်ကွဲ
မည်အပြုတွင် အပြင်ဘက်ဆီမှဘဲလ်တီး
သံကြောင့် ဝိုင့်ဒေါသတွေ မီးကိုရေနှင့်
ငြိမ်းလိုက်သလိုဟုတ်ခနဲ ငြိမ်းသွားရသည်။

လက်သီးကိုဆုပ်လိုက်မိကာဟူးခနဲ
သက်ပြင်းချရင်း တံခါးဖွင့်ပေးလိုက်သည်။

" ဟင်...သော်..."

တံခါးဖွင့်ဖွင့်ချင်းဝိုင့်ကိုပြုံးကာကြည့်နေသည့်သော့်ကိုမြင်လိုက်ရ၍ဝိုင် အံ့အား
သင့်သွားရသည်။

" ဘာလို့ပြူးကြည့်နေတာလဲ ကိုယ့်ကို
အထဲပေးမဝင်တော့ဘူးလား..."
သော်ကပြောလဲပြော ဝိုင့်ကိုယ်လေးကို တိုက်ရင်းအခန်းထဲဝင်လာသည်။

" နေမကောင်းတဲ့သူက ဘာလို့ဒီအထိ
လာရတာလဲ...နောက်ပြီးမိုးချုပ်နေပြီလေ..."
ဝိုင်ဆူပုတ်ပုတ်ပြောလိုက်သည်။ဟုတ်သည်လေ...
သော်က နေမှမကောင်းတာ။

" အော်...တွေ့ချင်လို့ပေါ့ကွာ..."
ညောင်နာနာအသံလေးက တကယ့်ကို သနားကမားလေး။

" ခုဏကလည်း တွေ့ပြီးပြီလေ...အေးအေး
ဆေးဆေးအိမ်မှာပဲ နားနားနေနေ နေပေါ့.."

" အရမ်းနေမကောင်းဖြစ်နေတာမှမဟုတ်
ပဲ...မင်းမျက်နှာမြင်ချင်လို့လာတဲ့ဟာကို.."

" အခုမြင်ရပြီမလား..ပြန်တော့..."

" ဟာ...နှင်ထုတ်ပြန်ပြီ...မှန်းစမ်းဒီရက်ပိုင်း မင်းစိတ်တွေ ဆိုက်ကိုဖောက်နေတာလား
မနေ့ကလည်း ကိုယ့်ကိုအတင်းနှင်လွတ်တယ် အခုလည်း နှင်ပြန်ပြီ..."

ဝိုင့် နဖူးပေါ်ကျရောက်လာသည့်သော့်
လက်ဖဝါးတွေကိုဖယ်ချလိုက်ကာဝိုင်
တံခါးပေါက်ဝနားကနေအထဲပြန်ဝင်ခဲ့ရင်း

" ဘာမှမဖြစ်ပါဘူး..."

လို့ပြောလိုက်မိသည်။သော်ကသက်ပြင်း
ခပ်သဲ့သဲ့ချကာ ဝိုင့်နောက်မှလိုက်ဝင်
လာခဲ့လေသည်။

" မင်းနေမကောင်းဘူးလား...ဝိုင်..."

" ကောင်းပါတယ်...အခုမှအိပ်ယာထလို့
ဘာလို့ကောက်ခါငင်ခါကြီးရောက်လာရ
တာလဲ..."

" ဟော...တွေ့ချင်လို့ပါဆို...ဘာလဲ
လာတာမကြိုက်ဘူးလား.."

" လျှောက်ပြောမနေနဲ့...ကိုယ့်ချစ်သူ
ကိုယ့်အိမ်လာတာဘာမကြိုက်စရာရှိလဲ
နေမှမကောင်းသေးတာအေးဆေးနားပေါ့တကူးတကကြီး လာနေလို့ပြောနေတာ..."

ဝိုင့်ဆီမှ ကိုယ့်ချစ်သူဆိုတဲ့စကား
ကြောင့် သော်အရမ်းပျော်ရွှင်သွားရကာ သူ့ပါးစပ်ကနားရွက်ကိုတပ်ချိတ်လေတော့မည်။ဆူပုပ်ကာပြောနေသည့် ဝိုင့်ပါးဖောင်းဖောင်းလေးတွေကို သူ့လက် နှစ်ဖက်နှင့် ဆွဲကိုင်လိုက်မိသည်။

" အ...နာတယ်...ဘာလို့လာဆွဲနေတာလဲ..."

" အသည်းယားလို့..."

သူ့အပြောကြောင့်ဝိုင်ကနှာခေါင်းရှုံ့လိုက်ကာ သူ့ကိုမျက်စောင်းထိုးပြန်သည်။

" မနက်ဖြန်သင်တန်းကဘယ်အချိန်လဲ.."

" မနက်ကိုးနာရီ..."

" ဘယ်အချိန်ဆင်းမှာလဲ..."

" ညနေလောက်မှ....သင်တန်းတွေက
ဆက်နေတာ...စာရင်းကိုင်ရောကွန်ပျူတာတွေရော..စာဖိုမှူးသင်တန်းတွေရောspeakingတွေရော..."

" ဘာလို့အကုန်လျှောက်တက်နေတာလဲ....ကျောင်းလည်း တက်ရတော့မှာမလား..ပြီးရင်ဟုတ်တာလည်းမဟုတ်ဘူး..."

" ကျောင်းက ကိုးလပိုင်းလောက်မှတက်
ရမှာအီးမေဂျာဆိုတော့practicalမရှိဘူး
အာ့ကြောင့်...အချိန်တွေကအလဟသ
ဖြစ်နေမှာစိုးလို့...အကုန်တက်နေတာ
အသက်ကလည်းကြီးနေပြီလေ..သူများတွေတောင်ဘွဲ့ယူနေကြပြီ..."

" အဲ့ဒါနဲ့သင်တန်းတွေလျှောက်တတ်နေတယ်ပေါ့ စာဖိုမှူးက ဘာလဲကွာ..."
သော်က မကျေမနပ်ပြောလိုက်သည်။စာဖိုမှူးနှင့် ဝိုင်နဲ့ဘာမှမဆိုင်သလို လိုက်လဲမလိုက်ဖက်...။အဲ မလိုက်ဖက်တာနဲ့မဆိုင်သော်လဲ ဝါသနာပါလို့တက်သည်ကထားတော့။အခုဟာက အချိန်ရနေလို့ အားယားနေလို့ သင်တန်းကိုတက်ခြင်းပင်။

" ဒီလိုပဲတက်တာပါ...ထိုင်ဦးအိမ်မှာလည်း ဘာမှမရှိဘူး..."
ထိုင်ခုံတစ်ခုံမှာ ဝင်ထိုင်ရင်း ခေါင်းညိတ်ပြလိုက်တော့ အတွေးထဲပေါ်လာတာက အလင်း...။

" အလင်းလာသွားသေးတယ်ဆို..."

" ဟမ်...အော်...ဟုတ်တယ်နေ့လည်တုန်းကလာသွားတာ...မတွေ့ရတာကြာ
လို့တဲ့..."
ဝိုင့်ကိုအကဲခတ်ကြည့်တော့ဝိုင့်မျက်နှာက ခပ်အေးအေးနဲ့။

" မနက်ဖြန်သင်တန်းသွားရင်လိုက်ပို့ပေး
မယ်...ပြန်ရင်လဲလာကြိုပေးမယ်ဖုန်းဆက်ခဲ့..."

အလင်းဖုန်းဆက်လာကတည်းက သော့်စိတ်တွေဂဏာသိပ်မငြိမ်ချင်တော့တာ။ထူးထူးဆန်းဆန်းဖုန်းတွေဆက်ပြီ းဝိုင့်ကိုဂရုစိုက်ဖို့ပြောကတည်းကသူ့စိတ်တွေထင့်ခဲ့တာ...။မနေ့တုန်းကလဲ
ဝိုင်ကဘာဖြစ်လို့ဖြစ်နေမှန်းမသိ
သူ့ကိုတောင်ဝုန်းဒိုင်းကြဲပြီး နှင်ထုတ်လိုက်သေးသည်မလား...။အရင်တစ်ခါက အလင်းကဝိုင်နှင့် ပတ်သက်ပြီး ထိန်ချန်ထားဖူးတာလည်း ရှိသေးသည်။ထို့ကြောင့်သူအခြေအနေသိ
ချင်လို့လာခဲ့မိတာပဲ...။

ဝရံတာကိုအကြည့်ရောက်သွားတော့
အရင်ကမြင်ကွင်းတွေက သူ့မျက်လုံးထဲ
ခပ်ရေးရေးပေါ်လာလေသည်။
သူဝရံတာသို့လျှောက်သွားရင်းသဘောကျစွာခပ်တိုးတိုးရယ်လိုက်မိသည်။ဘယ်လိုစိတ်ကူးမျိုးနှင့် ဒီလိုနေရာမှာချစ်တယ်လို့ပြောခဲ့မိတာပါလိမ့်...။
နောက် သူ ခပ်တိုးတိုး သီချင်းဆိုနေသည့်ပုံရိပ်တွေ...ဟား သူရူးခဲ့သည်။

" တစ်ယောက်တည်းဘာတွေကြိတ်ပြီး
သဘောကျနေတာလဲ...ပြုံးဖြီးဖြီးနဲ့..."

" ဒီလိုပဲ...ဟဟ ဘာဟုတ်ပါဘူး..."
လက်တစ်ဖက်နှင့် ခေါင်းကို တစ်ချက်ကုတ်ရင်း အရှက်ပြေရယ်မိသည်။

" ဘာလဲ...ကိုယ့်ကိုကိုယ်ငါဒေးဘတ်ဖြစ်
ခဲ့တာရှက်စရာကြီးလို့တွေးနေတာမလား..."
ဝိုင်က သိသည်။သူဖြစ်နေတာကို ကြည့်ပြီး နှာခေါင်းရှုံ့ကာမေးသည်။

" ရှက်စရာလား ဒါပေမယ့် ဘယ်လိုပြောရမလဲ..."

" ဘယ်လိုမှပြောမနေနဲ့တော့..."
ဝိုင်ကရွဲ့ပြီးပြောလာသည်။

" ပုလဲတို့အလင်းတို့ယုံမယုံတော့မသိဘူး
ကိုယ်တောင်ကိုယ့်ကိုကိုယ်မယုံနိုင်ဘူး.."

" ဘာကိုလဲ..."

" အော်ကိုးမားဘဝတုန်းကမင်းဆီရောက်ခဲ့တာကိုပေါ့..."

" အော်..."

မေးမည်ဟုပါးစပ်ဟပြီးမှ မမေးဖြစ်လိုက်ပေ...။အလင်းပြောသည့်အကြောင်းကိုသူလဲသိချင်သည်။ဝိုင် ကိုးမားဝင်ခဲ့တုန်းကကိစ္စတွေကို ဝိုင်လည်း
ဘာ၁ခုမှမှတ်မိသည့်ပုံမပေါ်..။ပြောသံလဲ၁ခါမှမကြားမိ။သူ့လိုပဲ တစ်နေရာရာကိုရောက်ခဲ့နိုင်သလား...။

အလင်းပြောမှပင် တွေးကြည့်ရတော့မလိုဖြစ်လာသည်။ဝိုင်နှင့်စသိကတည်းက အခုချိန်ထိသူ မစဉ်းစားမိခဲ့သည့်အချက်ပင်ဖြစ်သည်။ဒါပမယ့်ဒီကိစ္စကိုဝိုင်ကနည်းနည်းလေးမှမဟခဲ့ပေ...။ထို့ကြောင့်သူလဲမေးဖို့မလိုအပ်တော့သည်ဟုတွေးကာနှုတ်ဆိတ်နေလိုက်တော့သည်။

သော်ပြန်သွားမှပင်ဝိုင် နေရထိုင်ရ
သက်သာသွားလေတော့သည်။
သော်ရှိနေသည့် အချိန် ဝိဉာဉ်နှောင့်ယှက်
မှာစိုးတာကြောင့်သော့်ကိုအမြန်ပြန်လွတ်နေရခြင်းပင်...။စိတ်ပင်ပန်းလို့
ထိုင်ခုံပေါ်ထိုင်ရုံရှိသေးမီးဖိုခန်းထဲမှ
ရေကျလာသံကြောင့်ဝိုင့်ရဲ့ရှိရှိသမျှအားတွေကုန်ခမ်းသွားသလိုတောင်ခံစားလိုက်
ရလေသည်။

ညဘက်အိပ်တော့လည်း ဘေးနားကနေရပ်ကြည့်နေသလိုခံစားချက်ကြီးကြောင့် တော်တော်နှင့်အိပ်မပျော်နိုင်ခဲ့ပေ...။
မနက်သင်တန်းသွားဖို့ စောစောထလိုက်တော့ စကားလာပြောသံမကြားရသော်လဲဝိုင့်အနားတွင်တစ်ကောက်ကောက်တောက်လျှောက်လိုက်
နေသည်ကိုတော့ခံစားမိခဲ့သည်။

သော်ကလိုက်ပို့လိုက်ကြိုလုပ်ပေးချိန်
တွင်လဲ ဝိုင့်အနားတွင်ရှိနေခဲ့သည်ကိုခံစားမိနေသည်။ဝိုင်ကတော့လွတ်လွတ်လပ်လပ်ပင်တမင်နေပြကာ စိတ်ထဲမထားမိအောင်နေခဲ့ရလေသည်။

# # #

" လာ...လာ..နင်တို့အတွဲပဲကျန်တယ်.."

ပုလဲတို့အိမ်အလှူလုပ်တယ်ဆိုလို့လာကြခြင်းဖြစ်သည်။အိမ်အတွင်းဝိုင် မသိသည့်
လူကြီးတွေလဲရှိသည်။ဟိုတစ်ခေါက်ခရီး
မသွားခင်က တွေ့ဖူးလိုက်သည့်ပုလဲ
မိဘနှစ်ပါးကိုပြုံးပြလိုက်သည်။

ပုလဲ
ဒေါ်လေးကလည်း အလုပ်တွေရှုပ်နေလေသည်။ပုလဲခေါ်သွားသည့်နောက်လိုက်သွား
တော့ ဘိုကောင်းအလင်းစစ်သွေးနှင့်ကိတ်ကိုစားပွဲဝိုင်း၁ခုတွင်ထိုင်နေကြသည်
ကိုတွေ့လိုက်ရသည်။သော်ကဘိုကောင်းဘေးဝင်ထိုင်လိုက်သလိုဝိုင်လည်း ကိတ်
ဘေးဝင်ထိုင်လိုက်လေသည်။ဝိုင်တို့နှစ်
ယောက်ဝင်ထိုင်လိုက်တော့ စားဝိုင်းလေးက
ပြည့်လို့သွားခဲ့သည်။

" အေးဆေးမှပြန်ကြနော်ခဏနေ...ငါပြန်
လာခဲ့မယ်..."

ပုလဲကပြုံးပြီးပြောကာတစ်ခြားသူတွေကို
ဧည့်ခံရန်နေရာမှ ထွက်သွားခဲ့သည်။
အလှူတွေမင်္ဂလာဆောင်တွေမှာဆို
သိပ်မစားတတ်တဲ့သူပီပီတို့ခနဲဆိတ်ခနဲသာဝိုင်စားလိုက်သည်။သော်နှင့်အလင်းတို့
ဘိုကောင်းတို့ကအဖွဲ့ကျနေကာမတွေ့ရ
တာကြာသလိုမျိုးတစ်ဝါးဝါးတစ်ဟားဟားနှင့်ပွဲကျနေလေသည်။ဝိုင်ကတော့
ဘာမှလဲဝင်မပြော ဒီအတိုင်းသာထိုင်နေမိသည်။

အားလုံးပြန်သွားမှ ကိုဆက်လည်း
ပုလဲဆီရောက်လာခဲ့သည်။ပုလဲက
ကိုဆက်ကိုသူမမိဘတွေနှင့်မိတ်ဆက်
ပေးနေတာကို ဝိုင်တို့ဝိုင်းကြည့်နေခဲ့
ကြသည်။

" အင်း...ပုလဲကကျောင်းလည်း ပြီးရော
ယောကျာ်းလည်းယူတော့မယ်ထင်တယ်..."
စစ်သွေးကပုလဲပြုံးပျော်နေတာကိုကြည့်ပြီးရယ်ကျဲကျဲနှင့်ပြောလေသည်။ဝိုင်က
လှမ်းငေးကြည့်မိသော်လည်း စိတ်ကတော့
ပုလဲဆီမှာရှိမနေခဲ့ပေ...။ဝိုင့်အနားမှာ
တစ်ချိန်လုံးကပ်နေသေးသည့်ဝိဉာဉ်ဆီ
စိတ်ကရောက်နေခဲ့သည်။တစ်ချိန်လုံးအနား
မှာရောက်နေကာ ဘာမှအကူအညီ
မတောင်းခဲ့ပေမယ့် ဝိုင်ကရှိနေမှန်း
သိလေတော့ စိတ်အနှောင့်ယှက်ဖြစ်ရလေသည်။နောက်ကြာလာရင်လဲ တစ်ခြား
သူတွေရိပ်မိသွားနိုင်သေးသည်။
ဝိုင် သက်ပြင်းကြိတ်ချမိပြန်သည်။

" ဝိုင့် အသွားအပြန်တွေမင်းပဲကြို
ပေးတာလား...သော်..."

ဝိုင် တို့ပြန်ခါနီးတွင် ပြောလိုက်သည့်
မိုးလင်းစကားကြောင့်သော်ကခြေလှမ်းတွေရပ်
ပြစ်ကာမိုးလင်းကိုပြုံးပြလိုက်ရင်း

" အေးပေါ့...ငါပဲပို့တာပေါ့..."

" ဝိုင် မင်းလည်းတစ်ယောက်တည်း
သွားလာနေရတာတွေဂရုစိုက်ဦး
တက္ကစီတွေဘာတွေလည်း ကြည့်စီးဦး..."
မိုးလင်းစကားက တစ်မျိုးကြီး...။ဝိုင့်စိတ်တွေထင့်ကာ တုန်ယင်စွာမေးမိသည်။

" ဘာလို့လဲ..."

" မဟုတ်ပါဘူးကွာ...ငါဖေ့ဘုတ်သုံးရင်း
သတင်းတစ်ခုတွေ့လိုက်မိလို့ပါ.." မိုးလင်းအဖြေက ခပ်အေးအေးပါပဲ။ဒါပေမယ့် သတင်းဆိုတာနှင့် ဝိုင့်မျက်နှာဖြူပြီးလန့်ချင်နေပြီ...။

" ဘာသတင်းလဲ..."

" တက္ကစီသမားတစ်ယောက် ပျောက်နေတယ်ဆိုလား...ကားပေါ်မှာလည်း သွေးကွက်
တွေ တွေ့တယ်တဲ့ လူသတ်မှုပဲဖြစ်မှာပေါ့ အလောင်းကတော့ပျောက်နေတယ်
တဲ့...ဒါကြောင့် ဒီအတိုင်းစိုးရိမ်လို့
ပြောလိုက်တာ..မင်းတို့သတင်းမတွေ့ကြဘူးလား..."

" အော်...အေး အဲ့သတင်းငါလည်း တွေ့လိုက်တယ်..."

" ဟုတ်တယ်..ဒီနေ့ပဲတက်လာတာပဲ.."

မိုးလင်းနှင့်ဘိုကောင်းရယ်စစ်သွေးတို့
အပြန်အလှန်ပြောနေကြချိန် ဝိုင်ဒီအတိုင်းပဲနားထောင်နေလိုက်သည်။မိုးလင်းက
ဝိုင့်ကို စိုးရိမ်လို့ပြောတာမို့ မနည်းပြုံးကာနားထောင်နေစဉ် အဖြစ်အပျက်အချို့ကခေါင်းထဲ အစီအရီပေါ်လာပြီး ဝိုင်မလွယ်ထားပဲကိုင်ထားသည့်လက်က
အိတ်ကကြမ်းပြင်အောက်သို့ကျသွားလေသည်။

" ဘာဖြစ်တာလဲ ဝိုင်.အဆင်ပြေရဲ့လား..."

ဘိုကောင်းကဝိုင့်အိတ်လေးကိုကောက်
ကာဝိုင့်လက်ထဲသို့ထည့်ပေးလိုက်သည်။
ခြေဖျားလက်ဖျားတွေက ချက်ချင်းပင်
အေးစက်လာသည်။တက္ကစီသမား
တစ်ယောက်အသတ်ခံရတာဝိုင့်ကြောင့်
သာဆိုဘယ်လိုလုပ်မလဲ...။ဝိုင့်ကိုလိုက်ပို့ပေးခဲ့သည့်ဦးလေးကြီးသာသေသွားခဲ့တယ်ဆိုရင်ဘယ်လိုလုပ်မလ။နေရင်းထိုင်ရင်းနှင့် တက်လာခဲ့သည့် သတင်းက တက္ကစီသမားအသတ်ခံရသည့်သတင်းတဲ့လား...။ဝိုင့်ရဲ့ ပျက်ယွင်းနေသည့်မျက်နှာကိုသော်ကကြည့်ပြီး

" မင်းကလည်း လျှောက်ပြောနေ တော်ကြာဝိုင်က္ကစီမစီးရဲပဲနေပါဦးမယ်ကွာ တစ်ခါတစ်လေ ငါက အလုပ်ကိစ္စနဲ့ သွားမကြိုဖြစ်တာတွေရှိတယ်လေကွာ..."
ဟုအလင်းကိုသတိပေးလိုက်သည်။မိုးလင်းယုန် သူကတော့ ဝိုင့်ကိုသာငေးကြည့်နေမိသည်။မဟုတ်သေးဘူး ဝိုင်က တက္ကစီမစီးရဲလို့ကြောက်နေသည့် ပုံမျိုးမဟုတ်ဘူး...။ဝိုင် သိထားသည့် အရာတစ်ခုခုကိုအမှန်ဖြစ်ကြောင်းကြားလိုက်ရသလိုလန့်ဖျတ်သွားသလိုမျိုး...။သော်ကဘာမှမသိပေမယ့်
သူက ဝိုင်နှင့် အတူမနေ့တစ်နေ့ကတင် ဟိုအိမ်ကြီးကိုလိုက်ပေးခဲ့ဖူးတာမို့ ဝိုင်အဲ့ဒီ့ကတည်းကလန့်နေခဲ့သည်ဆိုတာသူသိသည်။အဲ့ကိစ္စနှင့်
အခုကြောက်လန့်နေသည့် ကိစ္စကဆက်စပ်
နေသလိုလိုပင်...။သူသိချင်တာတွေကို
မေးလိုက်ချင်ပေမယ့် အနေခက်သွားမှာ
လဲစိုးသေးသည်။သူသက်ပြင်းချကာ
အိမ်အပြင်ဘက်သို့ မျက်လုံးကရောက်
သွားလေသည်။ရစ်သီရစ်သီနှင့်ပုလဲအိမ်
ရှေ့မှာယောင်လည်လည်လေးဖြစ်နေ
သည့်ကောင်လေးတစ်ယောက်ကိုသူတွေ့
လိုက်သေးသည်။သူမျက်မှောင်ကြုတ်
လိုက်ကာထုံးစံအတိုင်းမမြင်ချင်ယောင်
ဆောင်လိုက်ရပြန်သည်။

" ကိုယ်ကဒီအတိုင်း တက္ကစီတွေစီးနေကြ
ဆိုတော့ မြင်လိုက်ရတဲ့သတင်းနဲ့ ဆက်စပ်မိပြီးပြောလိုက်မိတာ...အရမ်းလည်း စိုးရိမ်
မနေပါနဲ့..ဝိုင်..ကိုယ်ကသော့်ကို
ပိုပြီးဂရုစိုက်ပေးဖို့ပြောတာပါ..."

" အင်းလေ..ဝိုင်ရာ..ကိုယ်လဲရှိနေတာ ဘာကြောက်စရာရှိလဲ...ဘာမှမဟုတ်ဘူး အလင်း....ဒီကောင်လျှောက်ပြောနေတာ...အခုလဲကိုယ်အသွားအပြန်လိုက်ပို့လိုက်ကြိုနေတာပဲ  နော်...မင်းကလည်း ဘာတွေလျှောက်ပြောနေတာလဲကွာ..."

သော်ကဝိုင့်ကိုပြောကာသူ့ဘက်ကိုလည်း မျက်လုံးကြီးပြူးကာသတိပေးလေသည်။ဟုတ်သည် သူပြောလိုက်တာသိပ်ကိုမှားသွားပြီ...။အခြေအနေတွေကဘယ်လိုမှန်းသူအတိအကျမသိပေမယ့်
ဝိုင်တစ်ခုခုကို စိုးရိမ်နေကာသူ့စကား
ကြောင့်ပိုပြီးကြောက်သွားခဲ့တာသေချာနေသည်။ပျက်ယွန်းနေသော မျက်နှာလေး
ကိုသူ့မှာကြည့်ပြီးစိတ်မကောင်းပေ..။

" ကဲ...ကဲ...ငါတို့ပြန်တော့မယ် ဝိုင်သင်တန်းသွားရဦးမှာ...."

" ပုလဲ...ကျွန်တော်သွားတော့မယ်နော်.."

" ဟုတ်ပြီ...ဝိုင် လျှောက်တွေးပြီး
ကြောက်မနေနဲ့နော်..တက္ကစီစီးတဲ့သူဖြစ်တာ
မှမဟုတ်တာ...ပြီးတော့သော်၁ယောက်
လုံး ရှိနေတာကို.."

ပုလဲကိုယဲ့ယဲ့လေးပြုံးကြည့်ကာခေါင်းညိတ်ပြရရှာသည်။နောက်ဝိုင်နှင့်သော်
ပုလဲအိမ်မှထွက်သွားလေတော့သည်။

" ကြောက်နေသေးလား..."

" အင်..."

ကားမောင်းနေရင်းမှ ဝိုင့်ဘက်ကိုငဲ့ကြည့်ကာရုတ်တရက်မေးလိုက်သံကြောင့် နည်းနည်းတော့လန့်သွားရသည်။ဝိုင်က အတွေးတွေထဲနှစ်မြှပ်နေခဲ့သည်မဟုတ်လား.....။

" မကြောက်နဲ့ကိုယ်ရှိတယ်...တက္ကစီ
စီးရမှာကြောက်လို့ဆိုဘယ်သွားသွား
ကိုယ့်ကိုဖုန်းဆက်....ကိုယ်လိုက်ပို့ပေး
မယ်ဟုတ်ပြီလား..."

" အဟက်...ဟုတ်ပါပြီ...နည်းနည်းလန့်
သွားရုံပဲရှိတာပါ...အရမ်းကြီးတော့ကြောက်လန့်
မသွားပါဘူး..."

" တကယ်လား..."

" တကယ်ပါ...စိတ်ထဲထားမနေနဲ့
အလုပ်ကတစ်ဖက်နဲ့ တော်ကြာငါ့ဆီပဲ စိတ်ရောက်နေမှာစိုးလို့...."

" အဲ့ကိစ္စမရှိလည်း....ကိုယ့်စိတ်ကဝိုင့်
ဆီအမြဲရောက်နေပြီးသား..."

" အဟမ်း...အေးပါ..."

တိတ်တိတ်ဆိတ်ဆိတ်လိုက်ပါလာသော်
လည်းဝိုင်တစ်ယောက်တည်းသက်ပြင်းတွေ
ခိုးချနေတာ သော်မသိပါ...။သော်စိတ်မပူ
ဖို့သာအပူရုပ်ကိုအပြုံးတုနှင့် တပ်ဆင်ပြီး
ပြောနေရပေမယ့်စိတ်ကတော့ဂဏာမငြိမ်တော့ပေ...။တက္ကစီသမားအသတ်ခံ
လိုက်ရပြီ...။တက္ကစီသမားကိုသတ်လိုက်
တာဦးအောင်သိုက်မဟုတ်ဘူးလို့ဘယ်သူပြောနိုင်သလဲ..။ဝိုင့်ရှေ့တင်
မြှပ်လိုက်တဲ့နေရာမှာ တက္ကစီသမားရဲ့
အလောင်းပါရှိချင်ရှိနေလောက်သည်။

ဒါကြောင့်အလောင်းက ပျောက်နေတာ
ဖြစ်ရမည်။ဝိုင့်ကိုမြင်လိုက်စဉ် အနောက်
ကနေပြေးလိုက်သည့်ဦးအောင်သိုက်က
တက္ကစီနံပါတ်ပြားကိုမြင်လိုက်လို့
သတ်ပြစ်လိုက်တာလဲဖြစ်နိုင်တာပဲ...။

စဉ်းစားလိုက်သမျှအမှန်တွေဘက်သက်
ရောက်နေတဲ့အတွေးတွေထွက်ကျလာ
တာမို့ဘာဆိုဘာမှ မတွေးချင်တော့ပေ..။
သော်လဲအလကားနေရင်းစိုးရိမ်နေမှာစိုး
လို့ သော့်ဘက်လှည့်ကာပြုံးပြရင်းထပ်ပြီး
သက်ပြင်းကိုခိုးချလိုက်မိပြန်လေသည်။
သော် က ဝိုင့်ကိုသင်တန်းရှေ့တွင်ချပေးလိုက်တော့ဝိုင်လဲသင်တန်းထဲဝင်လာလိုက်သည်။တစ်နေကုန် စာတွေသင်နေပေမယ့် စိတ်ကစာထဲမှာလုံးဝရှိမနေခဲ့ပေ...။သင်တန်းကလဲ၁နေရာနှင့်
တစ်နေရာမတူတာကြောင့် တက္ကစီစီးကာ
သွားရသေးသည်။တစ်ခါတစ်လေမှ
လိုင်းကားတိုးစီးပေမယ့် ယခုအခြေအနေမှာတော့ တက္ကစီလုံးဝစီးချင်စိတ်မရှိသဖြင့် မစီးတတ်စီးတတ်နှင့်လိုင်းကားတိုးစီး
မိပြန်သည်။နောက်ဆုံးအချိန်တွေသာ
ကုန်ပြီးသင်တန်းသာပြီးသွားတယ်ဘာတွေသင်လို့သင်ခဲ့မှန်းဝိုင်မသိလိုက်ပေ....။

သော့်ကိုဖုန်းဆက်ကာ ဝိုင့်ကိုလာကြိုခိုင်းလိုက်သည်။ဝိုင် သင်တန်းအပြင်ဘက်မှာမတ်တပ်ရပ်စောင့်နေစဉ်မှာပင် ဝိုင့်အနားမှာ၁ယောက်ယောက်ရှိနေသလိုခံစားချက်ကြောင့်ဝိုင်စိတ်ညစ်ရပြန်သည်။ဘယ်လိုလုပ်ပေးရမလဲဝိုင် မသိပေ...။ဒီလူသတ်မှုကိစ္စကြီးထဲ ဝိုင်ဝင်ပါသင့်သလား...။

စဉ်းစားရခက်နေစဉ်မှာ သော့်ကားလေး
ရောက်လာလေသည်။သော့်ကိုမြင်တော့
စဉ်းစားနေသည့်အတွေးတွေကိုခေါင်းထဲ
ကထုတ်ပြစ်လိုက်သည်။
ဝိုင်တို့ညစာ သွားစားဖြစ်ကြသည်။

ဝိုင့်ကိုစကားပြောနေရင်း တည်သွားသည့် သော့်မျက်နှာကြောင့် ဝိုင် သော်
ကြည့်နေသည့်နေရာကိုလိုက်ကြည့်မိလိုက်သည်။

" ဟင်...ဒေါ်စံပယ်ညို...."

နှုတ်မှခပ်တိုးတိုးရေရွတ်မိသည်။သော်
ကတော့မကြားပေ...။သော့်ရဲ့မိထွေး......
ဝိုင်တို့ကိုတော့မြင်ပုံမရဘူး....။ကြည့်
မိလိုက်တော့ မျက်နှာကနေမကောင်းသ
လိုလို စိတ်ပျက်စရာအခြေအနေ၁ခုခု
ကြုံနေရသလို ပုံစံမျိုးဖြစ်သည်။
ဝိုင့် အိမ်လာပြီးသော်နှင့်သဘောမတူနိုင်
ဘူးဟုလာပြောသည့်ကိစ္စကိုသော့်ကို
ပြန်မပြောဖြစ်ခဲ့ပါ...။အလကားဒေါသ
မထွက်စေချင်ဘူး...။မိုးလင်း...မိုးလင်း
တော့ပြန်ပြောမလားမသိဘူး...။မိုးလင်း
သော့်ကိုပြောမှဝိုင်လဲ သော့်ကိုဖွင့်ပြောဖို့စိတ်ကူး
လိုက်တော့သည်။အိမ်ကိုပြန်ရောက်တော့ ခဏနားကာခြေလက်ဆေးပြီးအိပ်ယာဝင်ခဲ့လိုက်သည်။အိပ်ဖို့ကြိုးစားမိသော်လဲ ဘယ်လိုမှ
အိပ်မပျော်ပေ...။

တွီ တွီ တွီ

အိပ်မပျော်သည့်ကြားက ဆက်လာသည့်ဖုန်းကို ဝိုင်ယူကြည့်လိုက်မိသည်။သော့်ဆီမှဖုန်း.....။
ဝိုင်ချက်ချင်းကိုင်လိုက်သည်။

" ဟဲလို..."

" ဟဲလို...ချစ်...အိပ်နေပြီလား..."

" အမ်....ဘာလဲ ဘာချစ်လဲ သော်ရာ ဝိုင်လို့ပဲခေါ်စမ်းပါ ..."

" အဟား...ဟား..ဘာလို့လဲ ရင်ခုန်စရာကောင်းပါတယ်.."

" ပေါက်ကရတွေမပြောနဲ့ သော်ရာ..."

" ဘာလို့လဲ ချစ်လွန်းလို့ ချစ်လို့ခေါ်တဲ့ဟာကို...."

" ပုလဲတို့ကြားရင် ရယ်မှာပေါ့ မင်းဘယ်တုန်းကနူးညံ့ခဲ့လို့လဲ..."

" အဲ့လိုတော့မပြောနဲ့လေကွာ...အဲ့ဒါအရင်တုန်းက ကိစ္စတွေ မနူးညံ့ခဲ့တာလဲမဟုတ်ပါဘူးကွာ..."

" အင်း....ထားပါ..မင်းက.အခုထိမအိပ်သေးဘူးလား...မနက်အလုပ်သွားရမှာကို..."

" အိပ်တော့မှာပါ...မင်းအသံကိုကိုယ်
ကြားချင်လို့လေ..."

" အင်းပါ...ဟုတ်ပါပြီ....ဒါဆိုလဲအိပ်တော့လေငါလည်း အိပ်တော့မယ်..."

" ကိုယ့်ကိုချစ်လား....ကိုယ်ကသာအမြဲ
ပြောနေပေမယ့် ဝိုင်ကတစ်ခါမှ
ကိုယ့်ကိုချစ်တယ်လို့မပြောဘူးမလား..."

" ပြောစရာလိုသေးလို့လားကွာ ငါ့
ရင်ထဲရှိနေရင်ပြီးပြီပေါ့..."

" ပြောစရာလိုတာပေါ့ကွာ...ကိုယ်ချစ်သူနှုတ်ကထွက်လာတာပဲ ကြားချင်တာပေါ့ ရင်ထဲရှိနေရုံနဲ့ဘယ်ပြီးပ့ါမလဲ..."

" အာ...."

" လုပ်ပါကွာ....ကိုယ့်ကိုချစ်တယ်လို့ပြောပါ..."

" ချစ်တယ်ကွာ...ချစ်တယ် မင်းကိုအရမ်းချစ်တယ် ရပြီလား..."

" အဟားဟား...ကျေနပ်သွားပြီ...."

" ဟွန်း ပြီးရော အိပ်တော့ မင်း..."

" အိုကေ...ကိုယ်အိပ်တော့မယ်...
မနက်လာခေါ်မယ်နော်ဂွတ်နိုက်
အရမ်းချစ်တယ်..."

သော်ကပြောပြီးဖုန်းချသွားခဲ့သည်။ဝိုင့်ရင်ထဲတစ်သိမ့်သိမ့်ကြည်နူးမှုနှင့်အတူ သော့်မျက်နှာက ဝိုင့်အတွေးတွေထဲဝင်ရောက်လာခဲ့သည်။သော်က ဝိုင့်အပေါ်စိတ်ရှည်သည့်အပြင် နားလည်ပြီးချစ်ပေးလို့တော်သေးသည်။ဝိုင်က အရမ်းတာချစ်နေတာ ချစ်သည့်အကြောင်းကိုတော့ ထုတ်ဖော်မပြသတတ်ပေ။ချစ်တယ်လို့ ပြောရမှာတောင် ရှက်တာနဲ့ရောပြီးကြောက်တတ်တဲ့သူ။သော်နဲ့တကယ်တမ်းချစ်သူတွေဖြစ်သွားတော့ အတွေးတွေထက် လက်ရှိက ဝိုင့်အတွက်အနည်းငယ်ပိုခက်ခဲ့သည်။ဝိုင် ပြုံးလိုက်ကာ ဖုန်းကိုကုတင်ဘေးရှိစားပွဲပေါ်ပြန်တင်ကာ အိပ်ရန်ကြိုးစားလိုက်စဉ် မီးဖိုခန်းထဲမှ ရေတစ်စက်စက်ကျသံကိုကြားလိုက်ရပြန်သည်။ဝိုင်ကုတင်ပေါ်မှဆင်းကာ မီးဖွင့်လိုက်ပြီး မီးဖိုခန်းရဲ့မီးပါဖွင့်လိုက်ကာ ရေပိုက်ခေါင်းကိုကျပ်နေအောင်ပိတ်လိုက်သည်။ပြန်ထွက်ရန် မီးဖိုခန်းတံခါးနားအရောက် ထပ်မံကျလာသည့်ရေတစ်စက်စက်ကြောင့် မျက်လုံးတွေ
ကိုမှိတ်ချကာသက်ပြင်းသဲ့သဲ့ချမိပြန်သည်။

ဒီရက်ပိုင်းသက်ပြင်းတွေပဲဇွတ်ချနေရပါလား...။ရေပိုက်ခေါင်းကိုကျပ်နေအောင်ပိတ်လိုက်သည်။နောက်အနည်းငယ်ဆုတ်ကာ ထပ်ကျလာမလားလို့စောင့်နေလိုက်သည်။ရေက ထပါကျမလာပေမယ့် ဒီမီးဖိုခန်းထဲမှာရှိနေသည်ဆိုတာကို
တော့ဝိုင့် စိတ်ကခံစားမိသည်။ထို့ကြောင့်ဝိုင်စိတ်တွေကိုလျော့ချလိုက်ကာ....

" မင်း....ဘယ်သူလဲ...ဘယ်လောက်ကြာကြာငါ့အနားမှာဒီလိုကပ်တွယ်နေမှာ
လဲ..."
ဟုမေးလိုက်မိသည်။
ပြန်ဖြေသံမကြားရပေ...။ဝိုင်ပြန်ဖြေသံ
ကို စောင့်မနေတော့ပဲ မီးဖိုခန်းမှ
ထွက်သွားမည်အပြုတွင် ထူးဆန်းလွန်းသည့်စကားကိုဝိုင်ကြားလိုက်ရသည်။

" ကျွန်တော်...ဘယ်သူလဲ...ဘယ်ကလာ
သလဲ....ဒီအိမ်ထဲဘယ်လိုရောက်နေသလဲ ကျွန်တော်မသိဘူး..."

" ဟင်..."

" ကျွန်တော်ကြောက်တယ်...သူတို့
ကျွန်တော့်ကိုမမြင်ကြဘူး....ကျွန်တော်
ဘာလုပ်ရမလဲဟင်..."

အသံသေးသေးလေးနှင့်ကောင်လေး
၁ယောက်အသံကိုထူးဆန်းစွာကြားလိုက်ရသည်။အသံကမထူးဆန်းပေမယ့်
ကောင်လေးပြောတဲ့စကားတွေကဝိုင့်အတွက်အရမ်းကို အံ့အားသင့်ဖို့ကောင်းနေသည်။
ဒီကောင်လေးက ဒေးဘတ်ဖြစ်သလို
ပုံစံမျိုးဖြစ်နေပါလား...။

" ကျွန်တော်...ကျွန်တော်ကဘာလဲဟင်..
သေသွားတာလား...ဝိ...ဝိဉာဉ်လားဟင်..."
ဝိုင် ဘာပြန်ပြောလို့ပြောရမှန်းမသိအောင်ကို ပင် စိတ်ဓါတ်တွေကျသွားရလေသည်။

Thanks All

Continue Reading

You'll Also Like

71.1K 4.7K 12
္​(yeol) -နတ္​ဆရာရဲ ့ယုတ္​မာမႉ​ေၾကာင္​့ ပန္​းခ်ီကားထဲတြင္​ ႏွစ္​​ေပါင္​းမ်ားစြာပိတ္​မိခံထားရသူူ (Baek) -အခ်စ္​ဆိုတာ ဂ်ိဳနဲ ့လား​​​ေတာင္​ေမး ရမယ္​ ​ေမ...
6.5K 582 20
ကမ္ဘာမြေပေါ်မှာ အပြုံး သန်းပေါင်းခုနစ်ထောင်၊ သဘောအကျဆုံးကတော့ သွားစွယ်ထက်က ကွေးညွတ်မှုတစ်ခု။ ဘာကြောင့်များ...၊ ခဏခဏ မပြုံးရသလဲ။ Title : Smile Author...
105K 12.2K 134
ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြေ...
117K 11.9K 81
ေရွးေခတ္သမိုင္းေႀကာင္းကို စိတ္ကူးးျပီးးေရးးထားးလို႔ တကယ့္အစစ္အမွန္တိုင္း နာမည္ေတြထပ္တူ မက် ပါဘူးးေရွးေခတ္ဘုရင္ မ်ားကို ေစာ္ကားးလိုျခင္းးတစ္စိုးးတစ္စိ...