{Zawgyi}
ပိုင္ရန္သိပ္ကိုေကာင္းမြန္တဲ့ အိမ္မက္တစ္ခုမက္ခဲ့တယ္။ သူ႔အိမ္မက္မွာ သူကအိမ္ျပန္ေရာက္သြားၿပီး သူ႔ရဲ႕အေဖနဲ႔အေမႏွစ္ေယာက္လုံးက သူ႔ကိုေစာင့္ေနၾကတယ္။ သူတို႔သူ႔ကိုျမင္တဲ့အခါ အေမကေျပးလာၿပီး သူ႔ကိုခဏႏွစ္သိမ့္ေပးတယ္။ သူ႔အေဖကေတာ့ ၿပဳံးၿပဳံးေလးနဲ႔ ေဘးနားမွာရပ္ေနခဲ့တယ္။ သူ႔အစ္ကိုျဖစ္သူက ေလွကားေပၚကဆင္းလာၿပီး ပိုင္ရန႔္ကိုေျပာတယ္ “မင္းေနာက္ဆုံးေတာ့ ျပန္ေရာက္လာၿပီေပါ့! ကိုႀကီးတို႔ေတြ မင္းကိုေစာင့္ေနရတာၾကာလွၿပီ”
အိမ္မက္ၿပီးသြားတာနဲ႔ ပိုင္ရန္ခ်က္ခ်င္းႏိုးလာတယ္။ သတိျပန္ဝင္လာခ်ိန္မွာ သူကႏူးညံ့တဲ့အိပ္ယာတစ္ခုေပၚေရာက္ေနတယ္ဆိုတာ သတိထားလိုက္မိတယ္။
မ်က္လုံးဖြင့္ၿပီး အတန္ၾကာရီေဝေဝျဖစ္ေနၿပီးေနာက္မွ အဲ့တာအိမ္မက္ဆိုတာသိလိုက္ရတယ္။
‘ငါတကယ္မေသေသးဘူးလား?’
သူ႔ကိုယ္က အနည္းငယ္တုန္လႈပ္ေနတယ္။
ေဘးဘီကိုၾကည့္လိုက္ေတာ့ သူကေသးၿပီး က်ဥ္းေျမာင္းတဲ့အခန္းထဲေရာက္ေနတာျဖစ္တယ္။ ေဘးႏွစ္ဖက္က ျပတင္းေပါက္ေတြကို ဖြင့္ထားၿပီး အေပၚကေနလိုက္ကာကို ခ်ိတ္ဆြဲထားတယ္။
ခဏေလာက္ၾကည့္လိုက္တာနဲ႔ သူကအခန္းတစ္ခုထဲမွာမဟုတ္ဘဲ ရထားလုံးထဲမွာဆိုတာကို သိလိုက္ရတယ္။
ထထိုင္ၿပီး ေခါင္းကိုက္သက္သာေစဖို႔ ႏွဖူးကို ႏွိပ္နယ္လိုက္တယ္။ နတ္ဆိုးဘုရင္ႀကီးသူ႔ကိုဖမ္းမိၿပီး သူ႔စြမ္းအင္ေတြေျခာက္ေသြ႕ေလာက္တဲ့ထိ စုပ္ယူလိုက္တာကို မွတ္မိတယ္။ ၿပီးေတာ့ေရာ ဘာဆက္ျဖစ္သြားလဲ?
သူမသိေတာ့ဘူး။
‘ငါျပန္ႏိုးလာတယ္ဆိုေတာ့ နတ္ဆိုးဘုရင္ႀကီးက ေနာက္ဆုံးမိနစ္မွာ သတိျပန္ဝင္လာတာေပါ့.. အဲ့တာေၾကာင့္ ငါေသမင္းလက္က လြတ္လာတာလား’
‘အဲ့တာျဖစ္ႏိုင္တယ္’
ႏိုးလာၿပီး ခဏၾကာေတာ့ ပိုင္ရန္တစ္စုံတစ္ခုကို သတိရသြားတယ္ _ ငါ့ရဲ႕အစြမ္း!
ပိုင္ရန္သူ႔စြမ္းအင္ေတြကို ဆင့္ေခၚဖို႔ႀကိဳးစားေပမယ့္လည္း ဘယ္ေလာက္ပဲလုပ္လုပ္ အစြမ္းေလးတစ္မႈန္ေလာက္ေတာင္ မျမင္ရဘူး။ သူ႔ရဲ႕တန္းထ်န္နဲ႔ မရီဒန္မွာလည္း ဘာဆိုဘာမွမရွိေတာ့ဘူး။ အတြင္းအားဘာမွမရွိေတာ့ဘူး။
ပိုင္ရန္စတင္ထိတ္လန႔္လာတယ္။ မျဖစ္ႏိုင္ဘူး။ သူမေသေပမယ့္ အဲ့အစားအသုံးမဝင္တဲ့သူျဖစ္သြားတာလား?
ပိုင္ရန္ နတ္ဆိုးဘုရင္ႀကီးကိုကယ္မိတဲ့အတြက္ ေနာင္တရတာေတြက ပိုပိုၿပီး နက္ရႈိင္းလာတယ္။ အဲ့ညတုန္းက နတ္ဆိုးဘုရင္ႀကီးနားမွာ ကပ္ေနမိတဲ့အတြက္ ေနာင္တရတယ္။ သူ ေက်ာင္ရႈိ႕ကိုေစာင့္ခိုင္းၿပီး ဒီတိုင္းထြက္လာလိုက္ရမွာ။ အဲ့က်ရင္ သူကကယ္တင္သူျဖစ္႐ုံသာမကဘူး၊ ထိခိုက္ဒဏ္ရာလည္း ရမွာမဟုတ္ဘူး။
သူဘာေၾကာင့္မ်ား နာနာခံခံနဲ႔ ဒီမွာေနလိုက္ရတာလဲ၊
သူပိုေတြးေလ.. သူ႔လက္ရွိအေျခအေနကို ပိုလက္မခံႏိုင္ေလျဖစ္လာတယ္။
ခုေတာ့ သူ႔မွာစြမ္းအင္ေတြမရွိေတာ့ဘူး။ သူဘယ္လိုလုပ္ တာဝန္ကိုၿပီးေအာင္လုပ္ရေတာ့မလဲ?
“ေရွာင္လင္း၊ ငါဘယ္လိုလုပ္ရေတာ့မလဲ? ငါ့မွာေငြေမွာ္အစြမ္းေတာင္မရွိေတာ့ဘူးဆိုေတာ့ တာဝန္ၿပီးေအာင္ဘယ္လိုလုပ္ရေတာ့မလဲ?” သူ႔စြမ္းအင္ေတြမရွိေတာ့ဘူးဆိုေတာ့ လူသားနယ္ေျမနဲ႔ နတ္ဆိုးနယ္ေျမက ျဖတ္လမ္းကိုသူျဖတ္ႏိုင္ေတာ့မွာမဟုတ္ဘူး။ အဲ့လိုဆို သူေခ်ာေခ်ာေမြ႕ေမြ႕အဆင့္တက္ႏိုင္ဖို႔ ဇာတ္လိုက္ႀကဳံလာမယ့္ အႏၲရာယ္ေတြကို သူဘယ္လိုေျဖရွင္းေပးႏိုင္ေတာ့မလဲ?
“သခင္၊ ထိတ္လန႔္မေနပါနဲ႔… ဝတၱဳထဲမွာ ရွဲ႕ဇီထ်န္းဆီမွာ ႀကီးမားတဲ့စစ္တပ္အင္အားရွိတယ္တဲ့၊ အဲ့တာေၾကာင့္ သူ႔ရဲ႕အတိုက္အခိုက္စြမ္းရည္ကေတာ့ မေပ်ာက္ကြယ္သြားပါဘူး”
“ဒီကမာၻႀကီးရဲ႕အနာဂတ္က မတည္ၿမဲဘူးလို႔ မင္းအရင္ကေျပာဖူးတယ္မွတ္လား… ၿပီးေတာ့ အဲ့လိုမေတာ္တဆေတြလည္း ျဖစ္လာႏိုင္ေသးတယ္ဆို?”
ေရွာင္လင္းလည္း ဘယ္လိုတုန႔္ျပန္ရမလဲ မေသခ်ာေတာ့ဘူး “အဲ့တာက…”
ပိုင္ရန္ အသက္ျပင္းျပင္းရႈၿပီး သူ႔ကိုသူတည္ၿငိမ္ေအာင္ ႀကိဳးစားလိုက္တယ္။ ခဏေတြးေတာေနၿပီး အမူအယာကေအးစက္သြားျပန္တယ္။ “နတ္ဆိုးဘုရင္ႀကီးက ငါ့ကိုအမႈိက္ျဖစ္သြားေအာင္လုပ္လိုက္တာ၊ အဲ့တာအတြက္ သူတာဝန္ယူရမယ္”
နတ္ဆိုးဘုရင္ႀကီးက ပိုင္ရန႔္ဆီကေန သူ႔ရဲ႕အစြမ္းေတြအကုန္စုပ္လိုက္ၿပီးေတာ့ ေျပးခ်င္တယ္ေပါ့? အခြင့္အေရးေတာင္ မရေစရဘူး!
ေရွာင္လင္းက “ဟုတ္တယ္၊ သူ႔ကိုရွာ… သူ႔မွာသခင္ကို ကူညီဖို႔နည္းလမ္းေတာ့ ရွိမွာပဲ”
ထိုကိစၥကို စာရင္းရွင္းဖို႔ ဆုံးျဖတ္႐ုံပဲရွိေသးတယ္၊ လိုက္ကာဟသြားၿပီး ထုံးစံအတိုင္း နတ္ဆိုးဘုရင္ႀကီးရဲ႕ ႏႈတ္ခမ္းမွာ အၿပဳံးေလးခ်ိတ္ဆြဲေပမယ့္ ေအးတိေအးစက္ျဖစ္ေနဆဲ မ်က္ႏွာႀကီးေပၚလာတယ္။ “မင္းသတိရလာၿပီလား?”
ပိုင္ရန္ပဲစိတ္ထင္တာလားေတာ့ မသိဘူး၊ ဒါေပမယ့္ ပိုင္ရန္ေတြးေနမိတာက သူ႔အၿပဳံးက ‘ၾကင္နာ’ေနပုံေပၚေနတယ္။
နတ္ဆိုးအေၾကာင္းေျပာလိုက္တာနဲ႔ ေပၚလာေတာ့တာပဲ။ ႐ုတ္တရက္ အေႂကြးရွင္လို ႐ုပ္မ်ိဳးနဲ႔ ပိုင္ရန္ဘာေျပာရမွန္းမေတြးႏိုင္ေသးဘူးျဖစ္ေနတယ္။ အဲ့တာေၾကာင့္ အခ်ိန္ခဏေလာက္ထိ အဲ့လိုျဖစ္ေနၿပီးမွ အသံတိုးတိုးနဲ႔ ေျပာလိုက္တယ္ “ကြၽန္ေတာ့္အစြမ္းေတြမရွိေတာ့ဘူး”
သူ႔ရင္ထဲမွာေတာ့ မီးေတာက္ေနၿပီ ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ ေဒါသကိုထုတ္ျပတာက အႀကံေကာင္းမဟုတ္ဘူး။ ေဒါသကိုထုတ္ျပလိုက္ရင္ သူ႔ရဲ႕အရင္ကရစရာရွိတာေတာင္ မရေတာ့ဘဲ နတ္ဆိုးဘုရင္ႀကီးပါ စိတ္မေပ်ာ္ျဖစ္သြားႏိုင္တယ္။ လီယုေသဆုံးမႈကိုၾကည့္ၿပီး နတ္ဆိုးဘုရင္ႀကီးမွာလည္း လူစိတ္နည္းနည္းေတာ့ ရွိေသးေၾကာင္း ပိုင္ရန္သိတယ္။ တျခားလူေတြကိုကူညီတတ္တဲ့သူေတြက လူစိတ္မရွိတဲ့သူေတြနဲ႔ မဆက္ဆံသင့္ဘူးဆိုကာ ေတြးရင္းသူ႔ကိုယ္သူေျဖသိမ့္လိုက္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ နတ္ဆိုးဘုရင္ႀကီးရဲ႕ရက္စက္တတ္ၿပီး ႀကီးမားတဲ့ရည္မွန္းခ်က္ေတြကိုလည္း ေမ့လိုက္လို႔မျဖစ္ဘူး။ တကယ္လို႔ပိုင္ရန္သာ နတ္ဆိုးဘုရင္ႀကီးကို ကာဆီးကာဆီးလုပ္ေနမယ္ဆိုရင္ သူလည္း အေနာက္ပိုင္းနတ္ဆိုးအရွင္လို ဇာတ္သိမ္းသြားရလိမ့္မယ္။
အဲ့ေတာ့ကာ ပိုင္ရန္တစ္ေယာက္ သူစိတ္ဆိုးေနေၾကာင္းနတ္ဆိုးဘုရင္ႀကီးကိုေတာ့ ျမင္ေအာင္မျပရဲဘူး။
“ကိုယ္ေတာ္မင္းကိုလာဝင္ၾကည့္တာ… အဲ့လိုျဖစ္တာက ခဏေလာက္ပါပဲ” နတ္ဆိုးဘုရင္ႀကီး ေျပာျပလိုက္တယ္။ “ကိုယ္ေတာ့္လမ္းၫႊန္မႈနဲ႔ဆိုရင္ ခဏေလာက္နားၿပီးတာနဲ႔ ျပန္ေကာင္းသြားမွာ”
ေျပာခ်င္တာက ျပန္ေကာင္းလာႏိုင္တယ္ေပါ့?
ပိုင္ရန႔္အမူအယာက အနည္းငယ္ပိုေကာင္းလာတယ္။
ဒါေပမယ့္ သူကနားဖို႔လိုေသးတာလား?
‘အဲ့လိုဆိုေတာ့ ငါကလူသားနယ္ေျမကို သြားလို႔မရေသးဘူးေပါ့?’
အဲ့ေနာက္ ပိုင္ရန္စိတ္ဓာတ္က်သြားျပန္တယ္။
နတ္ဆိုးဘုရင္ႀကီးက သူ႔အမူအယာကိုေလ့လာၿပီး ခဏေလာက္ေတြးေတာလိုက္တယ္ “မင္းေနလို႔မေကာင္းဘူးလား?”
ပိုင္ရန္ခမ်ာမွာေတာ့ ‘ငါမင္းကို စိတ္ဆိုးေနတာ’လို႔လည္း မေျပာရဲဘူးဆိုေတာ့ စိတ္မပါတပါေခါင္းၿငိတ္ျပ႐ုံသာတတ္ႏိုင္တယ္။
နတ္ဆိုးဘုရင္ႀကီးက လိုက္ကာကိုျပန္ခ်လိုက္ၿပီး ခဏမွာရထားလုံးရပ္သြားတာကို ပိုင္ရန္ခံစားလိုက္ရတယ္။ အဲ့ေနာက္သူ႔ေရွ႕မွာရွိတဲ့ လိုက္ကာအႀကီးႀကီးပြင့္သြားၿပီး နတ္ဆိုးဘုရင္ႀကီးဝင္လာတယ္။
ရထားလုံးက အရမ္းမႀကီးတာေၾကာင့္ သူလည္းဝင္လာေရာ က်ပ္ပိတ္သြားသလိုခံစားရတယ္။
နတ္ဆိုးဘုရင္ႀကီးေျခေထာက္က မေတာ္တဆပိုင္ရန႔္ေျခေထာက္နဲ႔ထိမိသြားတာေၾကာင့္ ပိုင္ရန္မသက္မသာသူ႔ကိုယ္ကိုေ႐ြ႕လိုက္တယ္။
နတ္ဆိုးဘုရင္ႀကီးက လက္ကိုဆန႔္ထုတ္ၿပီး သူ႔ပုခုံးကိုကိုင္ကာ ျငင္ျငင္သာသာေလးေျပာလိုက္တယ္ “မလႈပ္နဲ႔”
ပိုင္ရန္ခဏေလာက္ ေတာင့္သြားၿပီးေတာ့မွ စိတ္သက္သာရာရၿပီး မလႈပ္မယွက္ေနေနေတာ့တယ္။
နတ္ဆိုးဘုရင္ႀကီးသူ႔ကို ခ်ဳပ္ထားၿပီး သူ႔ရဲ႕စြမ္းအင္ေတြကို စုပ္လိုက္တည္းက ပိုင္ရန႔္ရင္ထဲမွာ စိတၱဇျဖစ္ကာ အရိပ္ႀကီးတစ္ခုလိုေနာက္ကလိုက္ေနတယ္။
နတ္ဆိုးဘုရင္ႀကီးဘာလုပ္ခ်င္မွန္းေတာ့မသိေပမယ့္ သူ႔စကားနားေထာင္လိုက္တာက ပိုေကာင္းတယ္။
နတ္ဆိုးဘုရင္ႀကီးက ပိုင္ရန္လက္ကိုယူလိုက္ၿပီး ခဏအၾကာသူ႔လက္ဖဝါးကေန စြမ္းအင္ေတြထုတ္ေပးေတာ့တယ္။ အဲ့တာကပိုင္ရန႔္ရဲ႕မရီဒန္ေတြဆီကို ေႏြးေထြးတဲ့ျမစ္တစ္ခုလိုစီးဆင္းသြားၿပီး အဲ့တာေရာက္သြားတဲ့ေနရာတိုင္း သူ႔ရဲ႕ေျခာက္ေသြ႕ေနခဲ့တဲ့မရီဒန္ေတြက စိုေျပၿပီးျပန္လည္လန္းဆန္းလာတယ္။
ပိုင္ရန္လည္း သူ႔ကိုယ္သူစြမ္းအင္အနည္းငယ္ျပန္ရလာတာကို ခံစားမိတယ္။
နတ္ဆိုးဘုရင္ႀကီးက အခ်ိန္တစ္ခုေလာက္ထိသူ႔လက္ကေန စြမ္းအင္ေတြ ထုတ္ေပးခဲ့တယ္ “အခုနည္းနည္းပိုေကာင္းလာၿပီမွတ္လား?”
“အမ်ားႀကီးေကာင္းလာပါၿပီ” ပိုင္ရန္ပြင့္ပြင့္လင္းလင္းေျပာလိုက္တယ္။
“မင္းရဲ႕စြမ္းအင္ေတြဆုံးရႈံးရတာက ကိုယ္ေတာ္မင္းရဲ႕စြမ္းအင္အမ်ားစုကို စုပ္ယူလိုက္တာေၾကာင့္ မရီဒန္ေတြ ကုန္လုနီးနီးျဖစ္သြားရတာ… ကိုယ္ေတာ္တို႔ ထာဝရအေမွာင္ထုနန္းေတာ္ကိုျပန္ေရာက္ရင္ စိတ္ဝိဉာဥ္ေရပူစမ္းမွာသာ ေနလိုက္ရင္ လဝက္ေလာက္အတြင္းမွာ သက္သာလာႏိုင္တယ္”
စိတ္ဝိဉာဥ္ေရပူစမ္း!
ပိုင္ရန္ဒဏ္ရာရတုန္းက နတ္ဆိုးဘုရင္ႀကီးက သူ႔အတြက္အေမွာင္ထုနန္းေတာ္မွာရွိတဲ့ စိတ္ဝိဉာဥ္ေရပူစမ္းမွာ စီစဥ္ေပးဖူးတာကို သတိရသြားတယ္။ အဲ့ေရပူစမ္းမွာက ဝိဉာဥ္စြမ္းအင္ေတြနဲ႔ျပည့္ဝေနတာ။ သူသာစိမ္လိုက္မယ္ဆိုရင္ မရီဒန္ေတြကိုအားျဖည့္ေပးႏိုင္ၿပီး စြမ္းအင္ေတြျပန္ေကာင္းမြန္လာလိမ့္မယ္။
အဲ့တာကို အမွတ္ရသြားတာနဲ႔ ပိုင္ရန္ၿငိမ္ၿငိမ္မေနႏိုင္ေတာ့ဘူး။
“အရွင္ ရထားလုံးက အရမ္းေႏွးလြန္းတယ္ေလ.. ကြၽန္ေတာ္တို႔ ဘာေၾကာင့္ေျပာင္းေ႐ြ႕ျခင္းသုံးၿပီး အေမွာင္ထုနန္းေတာ္ကို မသြားၾကတာလဲ?”
ဒီလိုမ်ိဳးပ်ံသန္းသြားတာျဖစ္ျဖစ္၊ ေျပာင္းေ႐ြ႕ျခင္းကိုသုံးၿပီးပဲျဖစ္ျဖစ္ သြားခ်င္ရာသြားႏိုင္တဲ့ ေမွာ္စြမ္းအင္အသိုင္းအဝိုင္းမွာက ရထားလုံးစီးတယ္ဆိုတာ ရွားတယ္။ စစ္ပြဲအတြင္းတုန္းကသာ ေရွာင္တိမ္းႏိုင္ေအာင္လို႔လူေတြက ေျခက်င္တက္ရတာပဲရွိတယ္။
“မင္းရဲ႕ကိုယ္က ေျပာင္းေ႐ြ႕တာလုပ္ဖို႔အတြက္ အရမ္းအားနည္းေနတယ္” နတ္ဆိုးဘုရင္ႀကီးေျပာလိုက္တယ္။
“အရွင္၊ ကြၽန္ေတာ္သည္းခံႏိုင္ပါတယ္” ပိုင္ရန္က “ကြၽန္ေတာ္ျမန္ျမန္ျပန္ေကာင္းခ်င္ေနၿပီ” လို႔ေျပာလာတယ္။
နတ္ဆိုးဘုရင္ႀကီး မ်က္ေမွာင္ၾကဳတ္သြားၿပီး ျပန္ေျဖေလ်ာ့ကာ “ေကာင္းၿပီေလ၊ ကိုယ္ေတာ္မင္းကိုအရင္ေခၚသြားေပးမယ္”
သူကပိုင္ရန႔္ပုခုံးကို ႏွစ္သိမ့္သလိုမ်ိဳး ပုတ္ကာအျပင္ထြက္သြားတယ္။
နတ္ဆိုးဘုရင္ႀကီးနဲ႔ ေက်ာင္ရႈိ႕ရဲ႕အသံေတြက ရထားလုံးအျပင္ဘက္ကေန ပဲ့တင္ထပ္လာတယ္။
“ေက်ာင္ရႈိ႕၊ ကိုယ္ေတာ္အေမွာင္ထုနန္းေတာ္ကို အရင္ျပန္ႏွင့္မယ္… က်န္တာေတြကို မင္းလက္ထဲလႊဲေပးလိုက္မယ္”
“အရွင္!” ေက်ာင္ရႈိ႕ေလသံမွာ အံ့ၾသတာေတြပါဝင္ေနတယ္။ “အရွင္ အရင္ျပန္ႏွင့္မယ္? မီးေတာက္ဆူးၿမိဳ႕ေတာ္ကေရာ?”
“သူတို႔ရဲ႕သံတမာန္ေတြေရာက္လာၿပီလား?”
“မေရာက္ေသးပါဘူး၊ သူတို႔လမ္းေပၚမွာပဲရွိေသးတယ္”
“တကယ္လို႔သူတို႔ေရာက္လာရင္ ကိုယ္ေတာ့္အစားဂ႐ုစိုက္လိုက္… သူတို႔ကို အေမွာင္ထုနန္းေတာ္ကိုေရာက္ေအာင္ ေသခ်ာလုပ္ေပး”
ပိုင္ရန္ရထားလုံးနံရံကို မွီၿပီးနားေထာင္ေနတယ္။ သူမီးေတာက္ဆူးၿမိဳ႕ေတာ္အေၾကာင္းကို သူၾကားၿပီးသားျဖစ္တယ္။ နတ္ဆိုးနယ္ေျမက အေမွာင္ထုနန္းေတာ္ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာ လုံးဝက်ေရာက္ေနတာမဟုတ္ဘူး။ တျခားထူးျခားတဲ့အစိုးရနယ္ေျမေတြရွိေသးတယ္… ၿပီးေတာ့ မီးေတာက္ဆူးၿမိဳ႕ေတာ္ကလည္း အဲ့တာေတြထဲက တစ္ခုျဖစ္တယ္။
မီးေတာင္ဆူးၿမိဳ႕ေတာ္က တကယ့္အစစ္အမွန္မရွိသလိုေတာင္ အရမ္းထူးဆန္းလွတဲ့ၿမိဳ႕ျဖစ္တယ္။ တကယ္လို႔အေဝးကေနအဲ့ၿမိဳ႕ကိုလွမ္းျမင္ေနရရင္ေတာင္မွ အဲ့ထဲကိုဘယ္ေတာ့မွမဝင္ႏိုင္ဘူး။ အဲ့ၿမိဳ႕ကိုတိုက္ခိုက္ဖို႔ႀကိဳးစားရင္ေတာင္ ဘယ္ကစလို႔စရမွန္းမသိၾကဘူး။ ထိုထဲမွာေနၾကတဲ့သူေတြကလည္း ထြက္လာခဲၿပီးေတာ့ ထူးျခားတဲ့စြမ္းအင္ေတြ ပိုင္ဆိုင္ၾကတာေၾကာင့္ သူတို႔ကိုတျခားသူေတြက မိတ္ဖြဲ႕လာခ်င္ေအာင္ ဆြဲေဆာင္ႏိုင္စြမ္းရွိၾကတယ္။ နတ္ဆိုးဘုရင္ႀကီးကလည္း ဘယ္လိုပဲျဖစ္ျဖစ္သူတို႔နဲ႔အဆင္ေျပလာေအာင္ ႀကိဳးစားေနခဲ့တာျဖစ္တယ္။ ႏွစ္တိုင္းဖိတ္ေခၚစာကို ပို႔ခဲ့တာဆယ္ႏွစ္တိုင္ရွိၿပီး ဒီတစ္ႀကိမ္ေတာ့ မီးေတာက္ဆူးၿမိဳ႕ေတာ္က တကယ္လက္ခံလိုက္တယ္။
ပိုင္ရန္မထင္တာက နတ္ဆိုးဘုရင္ႀကီးက မီးေတာက္ဆူးၿမိဳ႕ေတာ္ကသံတမာန္ေတြကို သူ႔အတြက္ေၾကာင့္ လက္ေလ်ာ့လိုက္တာကိုပဲ။
ပိုင္ရန္စိတ္ေတာ့ အနည္းငယ္ရႈပ္ေထြးသြားရတယ္။
____________________________________
{Unicode}
ပိုင်ရန်သိပ်ကိုကောင်းမွန်တဲ့ အိမ်မက်တစ်ခုမက်ခဲ့တယ်။ သူ့အိမ်မက်မှာ သူကအိမ်ပြန်ရောက်သွားပြီး သူ့ရဲ့အဖေနဲ့အမေနှစ်ယောက်လုံးက သူ့ကိုစောင့်နေကြတယ်။ သူတို့သူ့ကိုမြင်တဲ့အခါ အမေကပြေးလာပြီး သူ့ကိုခဏနှစ်သိမ့်ပေးတယ်။ သူ့အဖေကတော့ ပြုံးပြုံးလေးနဲ့ ဘေးနားမှာရပ်နေခဲ့တယ်။ သူ့အစ်ကိုဖြစ်သူက လှေကားပေါ်ကဆင်းလာပြီး ပိုင်ရန့်ကိုပြောတယ် “မင်းနောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့! ကိုကြီးတို့တွေ မင်းကိုစောင့်နေရတာကြာလှပြီ”
အိမ်မက်ပြီးသွားတာနဲ့ ပိုင်ရန်ချက်ချင်းနိုးလာတယ်။ သတိပြန်ဝင်လာချိန်မှာ သူကနူးညံ့တဲ့အိပ်ယာတစ်ခုပေါ်ရောက်နေတယ်ဆိုတာ သတိထားလိုက်မိတယ်။
မျက်လုံးဖွင့်ပြီး အတန်ကြာရီဝေဝေဖြစ်နေပြီးနောက်မှ အဲ့တာအိမ်မက်ဆိုတာသိလိုက်ရတယ်။
‘ငါတကယ်မသေသေးဘူးလား?’
သူ့ကိုယ်က အနည်းငယ်တုန်လှုပ်နေတယ်။
ဘေးဘီကိုကြည့်လိုက်တော့ သူကသေးပြီး ကျဉ်းမြောင်းတဲ့အခန်းထဲရောက်နေတာဖြစ်တယ်။ ဘေးနှစ်ဖက်က ပြတင်းပေါက်တွေကို ဖွင့်ထားပြီး အပေါ်ကနေလိုက်ကာကို ချိတ်ဆွဲထားတယ်။
ခဏလောက်ကြည့်လိုက်တာနဲ့ သူကအခန်းတစ်ခုထဲမှာမဟုတ်ဘဲ ရထားလုံးထဲမှာဆိုတာကို သိလိုက်ရတယ်။
ထထိုင်ပြီး ခေါင်းကိုက်သက်သာစေဖို့ နှဖူးကို နှိပ်နယ်လိုက်တယ်။ နတ်ဆိုးဘုရင်ကြီးသူ့ကိုဖမ်းမိပြီး သူ့စွမ်းအင်တွေခြောက်သွေ့လောက်တဲ့ထိ စုပ်ယူလိုက်တာကို မှတ်မိတယ်။ ပြီးတော့ရော ဘာဆက်ဖြစ်သွားလဲ?
သူမသိတော့ဘူး။
‘ငါပြန်နိုးလာတယ်ဆိုတော့ နတ်ဆိုးဘုရင်ကြီးက နောက်ဆုံးမိနစ်မှာ သတိပြန်ဝင်လာတာပေါ့.. အဲ့တာကြောင့် ငါသေမင်းလက်က လွတ်လာတာလား’
‘အဲ့တာဖြစ်နိုင်တယ်’
နိုးလာပြီး ခဏကြာတော့ ပိုင်ရန်တစ်စုံတစ်ခုကို သတိရသွားတယ် _ ငါ့ရဲ့အစွမ်း!
ပိုင်ရန်သူ့စွမ်းအင်တွေကို ဆင့်ခေါ်ဖို့ကြိုးစားပေမယ့်လည်း ဘယ်လောက်ပဲလုပ်လုပ် အစွမ်းလေးတစ်မှုန်လောက်တောင် မမြင်ရဘူး။ သူ့ရဲ့တန်းထျန်နဲ့ မရီဒန်မှာလည်း ဘာဆိုဘာမှမရှိတော့ဘူး။ အတွင်းအားဘာမှမရှိတော့ဘူး။
ပိုင်ရန်စတင်ထိတ်လန့်လာတယ်။ မဖြစ်နိုင်ဘူး။ သူမသေပေမယ့် အဲ့အစားအသုံးမဝင်တဲ့သူဖြစ်သွားတာလား?
ပိုင်ရန် နတ်ဆိုးဘုရင်ကြီးကိုကယ်မိတဲ့အတွက် နောင်တရတာတွေက ပိုပိုပြီး နက်ရှိုင်းလာတယ်။ အဲ့ညတုန်းက နတ်ဆိုးဘုရင်ကြီးနားမှာ ကပ်နေမိတဲ့အတွက် နောင်တရတယ်။ သူ ကျောင်ရှို့ကိုစောင့်ခိုင်းပြီး ဒီတိုင်းထွက်လာလိုက်ရမှာ။ အဲ့ကျရင် သူကကယ်တင်သူဖြစ်ရုံသာမကဘူး၊ ထိခိုက်ဒဏ်ရာလည်း ရမှာမဟုတ်ဘူး။
သူဘာကြောင့်များ နာနာခံခံနဲ့ ဒီမှာနေလိုက်ရတာလဲ၊
သူပိုတွေးလေ.. သူ့လက်ရှိအခြေအနေကို ပိုလက်မခံနိုင်လေဖြစ်လာတယ်။
ခုတော့ သူ့မှာစွမ်းအင်တွေမရှိတော့ဘူး။ သူဘယ်လိုလုပ် တာဝန်ကိုပြီးအောင်လုပ်ရတော့မလဲ?
“ရှောင်လင်း၊ ငါဘယ်လိုလုပ်ရတော့မလဲ? ငါ့မှာငွေမှော်အစွမ်းတောင်မရှိတော့ဘူးဆိုတော့ တာဝန်ပြီးအောင်ဘယ်လိုလုပ်ရတော့မလဲ?” သူ့စွမ်းအင်တွေမရှိတော့ဘူးဆိုတော့ လူသားနယ်မြေနဲ့ နတ်ဆိုးနယ်မြေက ဖြတ်လမ်းကိုသူဖြတ်နိုင်တော့မှာမဟုတ်ဘူး။ အဲ့လိုဆို သူချောချောမွေ့မွေ့အဆင့်တက်နိုင်ဖို့ ဇာတ်လိုက်ကြုံလာမယ့် အန္တရာယ်တွေကို သူဘယ်လိုဖြေရှင်းပေးနိုင်တော့မလဲ?
“သခင်၊ ထိတ်လန့်မနေပါနဲ့… ဝတ္တုထဲမှာ ရှဲ့ဇီထျန်းဆီမှာ ကြီးမားတဲ့စစ်တပ်အင်အားရှိတယ်တဲ့၊ အဲ့တာကြောင့် သူ့ရဲ့အတိုက်အခိုက်စွမ်းရည်ကတော့ မပျောက်ကွယ်သွားပါဘူး”
“ဒီကမ္ဘာကြီးရဲ့အနာဂတ်က မတည်မြဲဘူးလို့ မင်းအရင်ကပြောဖူးတယ်မှတ်လား… ပြီးတော့ အဲ့လိုမတော်တဆတွေလည်း ဖြစ်လာနိုင်သေးတယ်ဆို?”
ရှောင်လင်းလည်း ဘယ်လိုတုန့်ပြန်ရမလဲ မသေချာတော့ဘူး “အဲ့တာက…”
ပိုင်ရန် အသက်ပြင်းပြင်းရှုပြီး သူ့ကိုသူတည်ငြိမ်အောင် ကြိုးစားလိုက်တယ်။ ခဏတွေးတောနေပြီး အမူအယာကအေးစက်သွားပြန်တယ်။ “နတ်ဆိုးဘုရင်ကြီးက ငါ့ကိုအမှိုက်ဖြစ်သွားအောင်လုပ်လိုက်တာ၊ အဲ့တာအတွက် သူတာဝန်ယူရမယ်”
နတ်ဆိုးဘုရင်ကြီးက ပိုင်ရန့်ဆီကနေ သူ့ရဲ့အစွမ်းတွေအကုန်စုပ်လိုက်ပြီးတော့ ပြေးချင်တယ်ပေါ့? အခွင့်အရေးတောင် မရစေရဘူး!
ရှောင်လင်းက “ဟုတ်တယ်၊ သူ့ကိုရှာ… သူ့မှာသခင်ကို ကူညီဖို့နည်းလမ်းတော့ ရှိမှာပဲ”
ထိုကိစ္စကို စာရင်းရှင်းဖို့ ဆုံးဖြတ်ရုံပဲရှိသေးတယ်၊ လိုက်ကာဟသွားပြီး ထုံးစံအတိုင်း နတ်ဆိုးဘုရင်ကြီးရဲ့ နှုတ်ခမ်းမှာ အပြုံးလေးချိတ်ဆွဲပေမယ့် အေးတိအေးစက်ဖြစ်နေဆဲ မျက်နှာကြီးပေါ်လာတယ်။ “မင်းသတိရလာပြီလား?”
ပိုင်ရန်ပဲစိတ်ထင်တာလားတော့ မသိဘူး၊ ဒါပေမယ့် ပိုင်ရန်တွေးနေမိတာက သူ့အပြုံးက ‘ကြင်နာ’နေပုံပေါ်နေတယ်။
နတ်ဆိုးအကြောင်းပြောလိုက်တာနဲ့ ပေါ်လာတော့တာပဲ။ ရုတ်တရက် အကြွေးရှင်လို ရုပ်မျိုးနဲ့ ပိုင်ရန်ဘာပြောရမှန်းမတွေးနိုင်သေးဘူးဖြစ်နေတယ်။ အဲ့တာကြောင့် အချိန်ခဏလောက်ထိ အဲ့လိုဖြစ်နေပြီးမှ အသံတိုးတိုးနဲ့ ပြောလိုက်တယ် “ကျွန်တော့်အစွမ်းတွေမရှိတော့ဘူး”
သူ့ရင်ထဲမှာတော့ မီးတောက်နေပြီ ဒါပေမယ့် ကံမကောင်းစွာနဲ့ ဒေါသကိုထုတ်ပြတာက အကြံကောင်းမဟုတ်ဘူး။ ဒေါသကိုထုတ်ပြလိုက်ရင် သူ့ရဲ့အရင်ကရစရာရှိတာတောင် မရတော့ဘဲ နတ်ဆိုးဘုရင်ကြီးပါ စိတ်မပျော်ဖြစ်သွားနိုင်တယ်။ လီယုသေဆုံးမှုကိုကြည့်ပြီး နတ်ဆိုးဘုရင်ကြီးမှာလည်း လူစိတ်နည်းနည်းတော့ ရှိသေးကြောင်း ပိုင်ရန်သိတယ်။ တခြားလူတွေကိုကူညီတတ်တဲ့သူတွေက လူစိတ်မရှိတဲ့သူတွေနဲ့ မဆက်ဆံသင့်ဘူးဆိုကာ တွေးရင်းသူ့ကိုယ်သူဖြေသိမ့်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နတ်ဆိုးဘုရင်ကြီးရဲ့ရက်စက်တတ်ပြီး ကြီးမားတဲ့ရည်မှန်းချက်တွေကိုလည်း မေ့လိုက်လို့မဖြစ်ဘူး။ တကယ်လို့ပိုင်ရန်သာ နတ်ဆိုးဘုရင်ကြီးကို ကာဆီးကာဆီးလုပ်နေမယ်ဆိုရင် သူလည်း အနောက်ပိုင်းနတ်ဆိုးအရှင်လို ဇာတ်သိမ်းသွားရလိမ့်မယ်။
အဲ့တော့ကာ ပိုင်ရန်တစ်ယောက် သူစိတ်ဆိုးနေကြောင်းနတ်ဆိုးဘုရင်ကြီးကိုတော့ မြင်အောင်မပြရဲဘူး။
“ကိုယ်တော်မင်းကိုလာဝင်ကြည့်တာ… အဲ့လိုဖြစ်တာက ခဏလောက်ပါပဲ” နတ်ဆိုးဘုရင်ကြီး ပြောပြလိုက်တယ်။ “ကိုယ်တော့်လမ်းညွှန်မှုနဲ့ဆိုရင် ခဏလောက်နားပြီးတာနဲ့ ပြန်ကောင်းသွားမှာ”
ပြောချင်တာက ပြန်ကောင်းလာနိုင်တယ်ပေါ့?
ပိုင်ရန့်အမူအယာက အနည်းငယ်ပိုကောင်းလာတယ်။
ဒါပေမယ့် သူကနားဖို့လိုသေးတာလား?
‘အဲ့လိုဆိုတော့ ငါကလူသားနယ်မြေကို သွားလို့မရသေးဘူးပေါ့?’
အဲ့နောက် ပိုင်ရန်စိတ်ဓာတ်ကျသွားပြန်တယ်။
နတ်ဆိုးဘုရင်ကြီးက သူ့အမူအယာကိုလေ့လာပြီး ခဏလောက်တွေးတောလိုက်တယ် “မင်းနေလို့မကောင်းဘူးလား?”
ပိုင်ရန်ခမျာမှာတော့ ‘ငါမင်းကို စိတ်ဆိုးနေတာ’လို့လည်း မပြောရဲဘူးဆိုတော့ စိတ်မပါတပါခေါင်းငြိတ်ပြရုံသာတတ်နိုင်တယ်။
နတ်ဆိုးဘုရင်ကြီးက လိုက်ကာကိုပြန်ချလိုက်ပြီး ခဏမှာရထားလုံးရပ်သွားတာကို ပိုင်ရန်ခံစားလိုက်ရတယ်။ အဲ့နောက်သူ့ရှေ့မှာရှိတဲ့ လိုက်ကာအကြီးကြီးပွင့်သွားပြီး နတ်ဆိုးဘုရင်ကြီးဝင်လာတယ်။
ရထားလုံးက အရမ်းမကြီးတာကြောင့် သူလည်းဝင်လာရော ကျပ်ပိတ်သွားသလိုခံစားရတယ်။
နတ်ဆိုးဘုရင်ကြီးခြေထောက်က မတော်တဆပိုင်ရန့်ခြေထောက်နဲ့ထိမိသွားတာကြောင့် ပိုင်ရန်မသက်မသာသူ့ကိုယ်ကိုရွေ့လိုက်တယ်။
နတ်ဆိုးဘုရင်ကြီးက လက်ကိုဆန့်ထုတ်ပြီး သူ့ပုခုံးကိုကိုင်ကာ ငြင်ငြင်သာသာလေးပြောလိုက်တယ် “မလှုပ်နဲ့”
ပိုင်ရန်ခဏလောက် တောင့်သွားပြီးတော့မှ စိတ်သက်သာရာရပြီး မလှုပ်မယှက်နေနေတော့တယ်။
နတ်ဆိုးဘုရင်ကြီးသူ့ကို ချုပ်ထားပြီး သူ့ရဲ့စွမ်းအင်တွေကို စုပ်လိုက်တည်းက ပိုင်ရန့်ရင်ထဲမှာ စိတ္တဇဖြစ်ကာ အရိပ်ကြီးတစ်ခုလိုနောက်ကလိုက်နေတယ်။
နတ်ဆိုးဘုရင်ကြီးဘာလုပ်ချင်မှန်းတော့မသိပေမယ့် သူ့စကားနားထောင်လိုက်တာက ပိုကောင်းတယ်။
နတ်ဆိုးဘုရင်ကြီးက ပိုင်ရန်လက်ကိုယူလိုက်ပြီး ခဏအကြာသူ့လက်ဖဝါးကနေ စွမ်းအင်တွေထုတ်ပေးတော့တယ်။ အဲ့တာကပိုင်ရန့်ရဲ့မရီဒန်တွေဆီကို နွေးထွေးတဲ့မြစ်တစ်ခုလိုစီးဆင်းသွားပြီး အဲ့တာရောက်သွားတဲ့နေရာတိုင်း သူ့ရဲ့ခြောက်သွေ့နေခဲ့တဲ့မရီဒန်တွေက စိုပြေပြီးပြန်လည်လန်းဆန်းလာတယ်။
ပိုင်ရန်လည်း သူ့ကိုယ်သူစွမ်းအင်အနည်းငယ်ပြန်ရလာတာကို ခံစားမိတယ်။
နတ်ဆိုးဘုရင်ကြီးက အချိန်တစ်ခုလောက်ထိသူ့လက်ကနေ စွမ်းအင်တွေ ထုတ်ပေးခဲ့တယ် “အခုနည်းနည်းပိုကောင်းလာပြီမှတ်လား?”
“အများကြီးကောင်းလာပါပြီ” ပိုင်ရန်ပွင့်ပွင့်လင်းလင်းပြောလိုက်တယ်။
“မင်းရဲ့စွမ်းအင်တွေဆုံးရှုံးရတာက ကိုယ်တော်မင်းရဲ့စွမ်းအင်အများစုကို စုပ်ယူလိုက်တာကြောင့် မရီဒန်တွေ ကုန်လုနီးနီးဖြစ်သွားရတာ… ကိုယ်တော်တို့ ထာဝရအမှောင်ထုနန်းတော်ကိုပြန်ရောက်ရင် စိတ်ဝိဉာဉ်ရေပူစမ်းမှာသာ နေလိုက်ရင် လဝက်လောက်အတွင်းမှာ သက်သာလာနိုင်တယ်”
စိတ်ဝိဉာဉ်ရေပူစမ်း!
ပိုင်ရန်ဒဏ်ရာရတုန်းက နတ်ဆိုးဘုရင်ကြီးက သူ့အတွက်အမှောင်ထုနန်းတော်မှာရှိတဲ့ စိတ်ဝိဉာဉ်ရေပူစမ်းမှာ စီစဉ်ပေးဖူးတာကို သတိရသွားတယ်။ အဲ့ရေပူစမ်းမှာက ဝိဉာဉ်စွမ်းအင်တွေနဲ့ပြည့်ဝနေတာ။ သူသာစိမ်လိုက်မယ်ဆိုရင် မရီဒန်တွေကိုအားဖြည့်ပေးနိုင်ပြီး စွမ်းအင်တွေပြန်ကောင်းမွန်လာလိမ့်မယ်။
အဲ့တာကို အမှတ်ရသွားတာနဲ့ ပိုင်ရန်ငြိမ်ငြိမ်မနေနိုင်တော့ဘူး။
“အရှင် ရထားလုံးက အရမ်းနှေးလွန်းတယ်လေ.. ကျွန်တော်တို့ ဘာကြောင့်ပြောင်းရွေ့ခြင်းသုံးပြီး အမှောင်ထုနန်းတော်ကို မသွားကြတာလဲ?”
ဒီလိုမျိုးပျံသန်းသွားတာဖြစ်ဖြစ်၊ ပြောင်းရွေ့ခြင်းကိုသုံးပြီးပဲဖြစ်ဖြစ် သွားချင်ရာသွားနိုင်တဲ့ မှော်စွမ်းအင်အသိုင်းအဝိုင်းမှာက ရထားလုံးစီးတယ်ဆိုတာ ရှားတယ်။ စစ်ပွဲအတွင်းတုန်းကသာ ရှောင်တိမ်းနိုင်အောင်လို့လူတွေက ခြေကျင်တက်ရတာပဲရှိတယ်။
“မင်းရဲ့ကိုယ်က ပြောင်းရွေ့တာလုပ်ဖို့အတွက် အရမ်းအားနည်းနေတယ်” နတ်ဆိုးဘုရင်ကြီးပြောလိုက်တယ်။
“အရှင်၊ ကျွန်တော်သည်းခံနိုင်ပါတယ်” ပိုင်ရန်က “ကျွန်တော်မြန်မြန်ပြန်ကောင်းချင်နေပြီ” လို့ပြောလာတယ်။
နတ်ဆိုးဘုရင်ကြီး မျက်မှောင်ကြုတ်သွားပြီး ပြန်ဖြေလျော့ကာ “ကောင်းပြီလေ၊ ကိုယ်တော်မင်းကိုအရင်ခေါ်သွားပေးမယ်”
သူကပိုင်ရန့်ပုခုံးကို နှစ်သိမ့်သလိုမျိုး ပုတ်ကာအပြင်ထွက်သွားတယ်။
နတ်ဆိုးဘုရင်ကြီးနဲ့ ကျောင်ရှို့ရဲ့အသံတွေက ရထားလုံးအပြင်ဘက်ကနေ ပဲ့တင်ထပ်လာတယ်။
“ကျောင်ရှို့၊ ကိုယ်တော်အမှောင်ထုနန်းတော်ကို အရင်ပြန်နှင့်မယ်… ကျန်တာတွေကို မင်းလက်ထဲလွှဲပေးလိုက်မယ်”
“အရှင်!” ကျောင်ရှို့လေသံမှာ အံ့သြတာတွေပါဝင်နေတယ်။ “အရှင် အရင်ပြန်နှင့်မယ်? မီးတောက်ဆူးမြို့တော်ကရော?”
“သူတို့ရဲ့သံတမာန်တွေရောက်လာပြီလား?”
“မရောက်သေးပါဘူး၊ သူတို့လမ်းပေါ်မှာပဲရှိသေးတယ်”
“တကယ်လို့သူတို့ရောက်လာရင် ကိုယ်တော့်အစားဂရုစိုက်လိုက်… သူတို့ကို အမှောင်ထုနန်းတော်ကိုရောက်အောင် သေချာလုပ်ပေး”
ပိုင်ရန်ရထားလုံးနံရံကို မှီပြီးနားထောင်နေတယ်။ သူမီးတောက်ဆူးမြို့တော်အကြောင်းကို သူကြားပြီးသားဖြစ်တယ်။ နတ်ဆိုးနယ်မြေက အမှောင်ထုနန်းတော်ရဲ့ထိန်းချုပ်မှုအောက်မှာ လုံးဝကျရောက်နေတာမဟုတ်ဘူး။ တခြားထူးခြားတဲ့အစိုးရနယ်မြေတွေရှိသေးတယ်… ပြီးတော့ မီးတောက်ဆူးမြို့တော်ကလည်း အဲ့တာတွေထဲက တစ်ခုဖြစ်တယ်။
မီးတောင်ဆူးမြို့တော်က တကယ့်အစစ်အမှန်မရှိသလိုတောင် အရမ်းထူးဆန်းလှတဲ့မြို့ဖြစ်တယ်။ တကယ်လို့အဝေးကနေအဲ့မြို့ကိုလှမ်းမြင်နေရရင်တောင်မှ အဲ့ထဲကိုဘယ်တော့မှမဝင်နိုင်ဘူး။ အဲ့မြို့ကိုတိုက်ခိုက်ဖို့ကြိုးစားရင်တောင် ဘယ်ကစလို့စရမှန်းမသိကြဘူး။ ထိုထဲမှာနေကြတဲ့သူတွေကလည်း ထွက်လာခဲပြီးတော့ ထူးခြားတဲ့စွမ်းအင်တွေ ပိုင်ဆိုင်ကြတာကြောင့် သူတို့ကိုတခြားသူတွေက မိတ်ဖွဲ့လာချင်အောင် ဆွဲဆောင်နိုင်စွမ်းရှိကြတယ်။ နတ်ဆိုးဘုရင်ကြီးကလည်း ဘယ်လိုပဲဖြစ်ဖြစ်သူတို့နဲ့အဆင်ပြေလာအောင် ကြိုးစားနေခဲ့တာဖြစ်တယ်။ နှစ်တိုင်းဖိတ်ခေါ်စာကို ပို့ခဲ့တာဆယ်နှစ်တိုင်ရှိပြီး ဒီတစ်ကြိမ်တော့ မီးတောက်ဆူးမြို့တော်က တကယ်လက်ခံလိုက်တယ်။
ပိုင်ရန်မထင်တာက နတ်ဆိုးဘုရင်ကြီးက မီးတောက်ဆူးမြို့တော်ကသံတမာန်တွေကို သူ့အတွက်ကြောင့် လက်လျော့လိုက်တာကိုပဲ။
ပိုင်ရန်စိတ်တော့ အနည်းငယ်ရှုပ်ထွေးသွားရတယ်။
_____
Thanks😉