(zawgyi)
" မင္းကို....မုန္းတယ္....မင္းကို....လံုးဝ
မေက်နပ္ဘူး...မင္းေၾကာင့္ငါေသရတာ....
မင္းအမွားေၾကာင့္ ငါေသရတာ....မင္းဘဝ
တ္ေလ်ွာက္လံုး..မင္းေနာက္တေကာက္ေကာက္
ငါလိုက္ေနမွာ....မင္းအနားမွာပဲ...ငါ႐ွိေနမွာ...မင္းကို....ငါမုန္းတယ္.....အရမ္းမုန္းတယ္......."
ေမွာင္မိုက္ေနသည့္ ပတ္ဝန္းက်င္တစ္ခြင္မွာ ေျခာက္ျခားဖြယ္ရာ ၾကားလိုက္ရသည့္ အသံႀကီးေၾကာင့္
ဝိုင့္တစ္ကိုယ္လံုး တုန္တက္ကာ ေခြၽးေတြရႊဲႏွစ္
စြာႏွင့္ ႏိုးထလာခဲ့သည္။ေမာဟိုက္လြန္းစြာ
အသက္ကိုခပ္ျပင္းျပင္းရွဴရွိဳက္လိုက္ပီး တဒိန္းဒိန္းခုန္ေနသည့္ ႏွလံုးကို တည္ၿငိမ္ေအာင္ႀကိဳးစားလိုက္သည္။တည္ၿငိမ္စျပဳလာၿပီးသည့္ ေနာက္ အိမ္မက္အေၾကာင္းက ေခါင္းထဲေရးေတးေတးထင္ဟပ္လာခဲ့သည္။
ဒါ...အိမ္မက္မျဖစ္ႏိုင္...ဝိုင့္ကို တစ္ေယာက္ေယာက္က သတိေပးလိုက္ျခင္းတစ္ခုပဲ..။ေမွာင္မည္းေနေသာ အခန္းအတြင္း လေရာင္အနည္းငယ္သာ ျဖာက်ေနသျဖင့္ ဘယ္ေနရာဘာ႐ွိေနသလဲ ဝိုင္ေကာင္းစြာမသိေပ။ေဘးနားက စာၾကည့္စားပြဲေပၚလက္လွမ္းရင္း ေရဗူးကို႐ွာမိေတာ့မေတြ႔...။ကုတင္ေပၚက ဆင္းၿပီး႐ွာရန္ ေအာက္ကိုဆင္းလိုက္ခ်ိန္ဝိုင္ၾကမ္းျပင္ေပၚသို႔ ဝုန္း ခနဲပစ္လဲက်သြားခဲ့သည္။
အိမ္မက္ထဲတြင္သာ စိတ္ေတြေရာက္ေနခဲ့သျဖင့္ ဝိုင္ေျခေထာက္က်ိဳးကာ ဝွီးခ်ဲႏွင့္သြားလာေနရသည္ကို ေမ့သြားခဲ့သည္။ဘုန္းခနဲ ျပဳတ္က်သည္ေၾကာင့္ အနည္းငယ္ နာက်င္ေနသည္ကို လ်စ္လ်ဴရွဳလိုက္ကာ ကုတင္ေပၚကို လက္ႏွင့္လွမ္းေထာက္ၿပီး ကုတင္ေပၚျပန္တက္ရန္ႀကိဳးစားလိုက္ခ်ိန္တြင္ ကြၽီ ခနဲတံခါးဖြင့္သြားသံႏွင့္အတူ အခန္းမီးက ခ်ပ္ ခနဲလင္းလာခဲ့သည္။ေမွာင္ေနရာမွ မီးကို ႐ုတ္တရက္ႀကီး ဖြင့္လိုက္သျဖင့္ အလင္းဒဏ္ကို မခံႏိုင္စြာ
မ်က္လံုးေတြကို မွိတ္ပစ္လိုက္မိသည္။
" ဘယ္လိုျဖစ္တာလဲ...အဆင္ေျပရဲ႕လား...လဲက် တာလား...ဘယ္နားထိခိုက္သြားေသးလဲ..."
အသံႏွင္႔အတူ ဝိုင့္အနားကို ေျခသံ ခပ္အုပ္အုပ္ႏွင့္ အလ်င္အျမန္ ေရာက္ခ်လာသျဖင့္ဝိုင္
မ်က္လံုးေတြျပန္ဖြင့္ၾကည့္မိေတာ့ ျမင္လိုက္ရတာက ဝိုင့္ရဲ႕ေဒးဘတ္ သို႔မဟုတ္ ေသာ္....။
" ဟို...အိမ္မက္...မက္လို႔....အဲ့ဒါနဲ႔....အား.."
ဝိုင့္စကားမဆံုးခင္ ေသာ္က ဝိုင့္ခႏၶာကိုယ္ေလးကို ေစြ႕ခနဲေပြ႔ခ်ီလိုက္တာေၾကာင့္ လန္႔သြားသည့္ စိတ္ႏွင့္ အားခနဲ ေအာ္လိုက္မိသည္။သူ႔ရင္ဘတ္ႏွင့္ ဝိုင့္ မ်က္ႏွာအပ္ေနသည့္အခိုက္အတန္႔ ဝိုင့္ ရင္ခုန္သံေတြကိုဝိုင္ျပန္ၾကားေနရသည္။
ဘုရားေရ....ရင္ေတြအရမ္းခုန္ေနပါလား....။ေသာ္...သာ...ၾကားသြားရင္ေတာ့..။
အေတြးေတြႏွင့္ ေသာ့္မ်က္ႏွာကိုေမာ့ၾကည့္မိေတာ့ သူကေတာ့ေအးေအေဆးေဆးပင္ ဝိုင္ဘာျဖစ္လို႔ျဖစ္ေနမွန္းေတာင္ သတိမထားမိ။ကုတင္ေပၚေရာက္မွ ေယာင္ယမ္းကာ ျပန္လည္ဖက္တြယ္ခဲ့မိေသာ ဝိုင့္ လက္ေတြကို ေသာ့္လည္ပင္း ကေန ဖယ္ခြာလိုက္ရေလသည္။ကုတင္ေဘးတြင္႐ွိေနေသာ ခံုတစ္လံုးကို ေသာ္ ဆြဲယူ ထိုင္လိုက္ကာ...စားပြဲေပၚတြင္႐ွိေနေသာ ေရကို ေရခြက္ထဲသို႔ သြန္ခ်လိုက္ၿပီး ဝိုင့္ထံကမ္းေပးေလသည္။
" ဘာျဖစ္သြားေသးလဲ...ေျခေထာက္ နာသြားေသးလား..."
ေသာ္ ခပ္ေပးသည့္ ေရကို အကုန္ေမာ့ေသာက္ရင္းဘာမွမျဖစ္ေၾကာင္း ေခါင္းခါျပမိသည္။ေတာ္ေသးလို႔ ေမေမတို႔မႏိုးတာ...။ေရေသာက္ၿပီး သြားေတာ့ဝိုင့္လက္ထဲမွ ခြက္ကို ေသာ္ လွမ္းယူရင္း ေသာ့္ႏွဳတ္မွ
သက္ျပင္းခ်သံသဲ့သဲ့ကိုၾကားလိုက္ရသည္။
သူအိပ္မွအိပ္ေပ်ာ္ရဲ႕လား...။အျပင္မွာေခါင္းအံုးနဲ႔ေစာင္အျပင္ဘာမွမ႐ွိပဲ...သူ႔လိုသူေဌးသားတစ္ေယာက္က ျခင္ကိုက္တဲ့ဒဏ္ကိုခံႏိုင္ပါ့မလား...။
" မင္း...အိပ္ရတာ...အဆင္ေျပရဲ႕လား...."
" ရတယ္...ငါ့အေၾကာင္းကိုထည့္စဥ္းစားမေနနဲ႔.....မင္းကို္ယ္မင္းသာဂ႐ုစိုက္...ဘယ္လိုအိမ္မက္ဆိုးေတြမက္ေနလို႔ ကုတင္ေပၚက လိမ့္က်ရတာလဲ..."
" အိမ္မက္ဆိုးမက္လို႔ ကုတင္ေပၚက လိမ့္က်တာမဟုတ္ဘူး...အိမ္မက္ဆိုးမက္လို႔လန္႔ႏိုးၿပီး
ေရထေသာက္တာ...ေရဗူး႐ွာမေတြ႔လို႔ ကုတင္ေပၚက ေမ့ၿပီးဆင္းလိုက္မိတာ....အဲ့ဒါ...ျပဳတ္က်သြားတာပဲ...."
" ဟင္း.....ကိုယ့္ကိုယ္ကို သတိထားမွေပါ့...
ကဲ....ကဲ ...ျပန္အိပ္ေတာ့ အိမ္မက္ပဲဘာမွမျဖစ္ဘူး....အျပင္မွာငါ႐ွိတယ္...လိုရင္လွမ္းေခၚလိုက္..."
သူက ေျပာေျပာဆိုဆိုႏွင့္ ဝိုင့္ကို အိပ္ယာထက္လွဲေစကာေစာင္ကို ရင္ဘတ္နားထိ ဆြဲျခံဳေပးရင္း...အခန္းထဲမွ ထြက္ဖို႔ျပင္လိုက္သည္။
" မင္းအျပင္မွာအိပ္တာျခင္ကိုက္မွာေပါ့...ေသာ္..မနက္ျဖန္ မင္းအိမ္မင္းျပန္အိပ္ပါ....ဒုကၡမ႐ွာပါနဲ႔ငါ...အဆင္ေျပ ပါတယ္...."
ဝိုင္လွမ္းေျပာလိုက္ေတာ့ သူ႔ေျခလွမ္းေတြ တံု႔ခနဲရပ္သြားကာ ဝိုင့္ကိုလည္ျပန္ၾကည့္လာခဲ့သည္။ေနာက္....
" မင္းလဲ ျခင္ေထာင္ ေထာင္မထားပါဘူး...ဝိုင္ရာ...ငါ့ကိုေတြးပူမေနနဲ႔...အိပ္ေပ်ာ္ေအာင္သာ အိပ္လိုက္ပါ...."
ဟုေျပာကာ အခန္းမီးကို ခ်ပ္ ခနဲ ပိတ္ရင္းသူထြက္သြားခဲ့သည္။ဝိုင့္အခန္းက ျခင္ေထာင္မ႐ွိေပမယ့္ အဲကြန္း႐ွိသည့္အတြက္ ျခင္ကိုက္မွာ မစိုးရိမ္ရေၾကာင္းကို သူ႔ကိုလွမ္းမေျပာျဖစ္ေတာ့ပါ...။ဝိုင္ေျပာလိုက္လည္း သူ႔မွာဝိုင့္စကားကိုျပန္လည္ေခ်ပဖို႔ ဆင္ျခင္ေတြအျပည့့္အဝ ႐ွိေနမွာေသခ်ာေလသည္။
# # #
နာရီကိုၾကည့္လိုက္မိေတာ့ ဆယ့္တစ္နာရီတိတိကိုၫႊန္ုျပေနသည္။ဝိုင္ပ်င္းရိစြာ တည္ၾကည္မနက္ကေပးထားခဲ့ေသာဝတၳဳစာအုပ္ေတြကို ကိုင္ရင္း ဖတ္ရမွာကို ပိုမိုပ်င္းလာခဲ့သည္။ေမေမ့ကို ၾကည့္လိုက္ေတာ့လည္း ထိုင္ခံုေပၚကို မွီကာ ေမွးအိပ္ေနေလသည္။
တည္ၾကည္က ေန႔လည္ၾကရင္ေတာ့ ျပန္လာခဲ့ပါ့မယ္ဆိုၿပီးေက်ာင္းသြားခဲ့သည္။ေသာ္ကလည္း သူ႔အိမ္ကျပန္သြားကာ ေန႔လည္ေလာက္မွ ပုလဲကိုေခၚရင္းလာခဲ့မည္ဟုေျပာသြားသည္။ခါတိုင္းဆို သင္တန္းကအျပန္ ပုလဲတို႔နဲ႔အျမဲလည္ေနၾကဆိုေတာ့ ဝိုင္ပ်င္းရိေနခဲ့မိသည္မွာ အမွန္ပင္ျဖစ္သည္။
" ပ်င္းလိုက္တာ...ဖုန္းလဲမၾကည့္ခ်င္ဘူး...
တီဗီၾကည့္ရမွာလဲ ပ်င္းစရာႀကီး ..."
၁ေယာက္တည္းေတြးေနရင္း ေမေမ့ကိုၾကည့္မိေတာ့ ေမေမက ေမွးေနရာမွ ထလာေလသည္။
" ဗိုက္ဆာ ၿပီလား...သား...."
" မဆာေသးပါဘူးေမေမ..."
" ေအးေအး...အဲ့ဒါဆိုလည္း....ေမေမေရခ်ိဳးလိုက္ဦးမယ္... ၿပီးမွအတူတူစားၾကတာေပါ့...."
" ဟုတ္ကဲ့..."
ေမေမက ထိုင္ေနရာမွထကာ တည္ၾကည့္ အခန္းထဲဝင္လိုက္ရင္း သားဘက္ေတြ ထမီေတြယူကာ ေရခ်ိဳးခန္း ထဲဝင္သြားေလသည္။
ဝိုင္လည္း လက္ထဲက စာအုပ္ေတြကို ေပါင္ေပၚတင္လိုက္ကာ စာအုပ္စင္မွာျပန္သြားထားရန္....တည္ၾကည့္ အခန္းထဲသို႔ ဝွီးခ်ဲကို လက္ႏွင့္လွည့္ကာ
သြားလိုက္သည္။
စာအုပ္စင္က နံရံမွာကပ္ထားၿပီး ဝိုင့္အရပ္ႏွင့္မတိမ္းမယိမ္း႐ွိေနေသာ္လည္း ကိုယ္က ဝွီးခ်ဲႏွင့္မို႔ စာအုပ္စင္ကႀကီးေနသေယာင္ေတာ့႐ွိေလသည္။ဝိုင့္အခန္းမွာအရင္က ေမေမႏွင့္ေဖေဖအိပ္တာမို႔ စာအုပ္စင္ကိုမထားေပ..။တည္ၾကည္က စာအုပ္သရဲ...။သုတ ရသ အကုန္ႀကိဳက္တာမို႔ စာအုပ္ေတြကိုအမ်ားႀကီးဝယ္ကာ စာအုပ္စင္ေလးႏွင့္ထားျခင္းျဖစ္သည္။မ မွီ႔တမွီႏွင့္ စာအုပ္စင္က သံုးထပ္႐ွိေသာ္လည္း ဒုတိယထပ္မွာပင္ ထားလိုက္သည္။
ဘုတ္....ဘုတ္....ဘုတ္...
ဝွီးခ်ဲဘီးကို ကိုင္ကာ လွည့္ထြက္ရန္ျပင္လိုက္ၿပီးမွ စာအုပ္ ေတြ တစ္အုပ္ၿပီး တစ္အုပ္ဝိုင့္ေရွ႕တင္ ျပဳတ္က်လာတာေၾကာင့္ ဝိုင္အေၾကာင္သားေငးၾကည့္ေနမိသည္။ဘယ္သူမွဘာမွမလုပ္ပါပဲ ေလတိုက္ျခင္းလည္း မျပဳပါပဲ စာအုပ္ေတြက ဝ႐ုန္းသုန္းကားႏွင့္ျပဳတ္က်လာတာပင္။ၾကည့္ေနရင္း....ၾကည့္ေနရင္းမွပင္..စာအုပ္စင္ႀကီးတစ္ခုလံုး.....တုန္ခါလာေလသည္။
တုန္ခါလာသည့္ စာအုပ္စင္ႀကီးကိုၾကည့္ကာ
ဝိုင့္နားထဲၾကားေယာင္ေနမိတာက အိမ္မက္ထဲကဘယ္သူဘယ္ဝါမွန္းမသိသည့္ သူတစ္ေယာက္ကေျပာလာသည့္ စကားမ်ားကိုျဖစ္သည္။ဘာေၾကာင့္လဲ ဘာေၾကာင့္လဲ ဘာေၾကာင့္ ဝိုင့္ကိုဒီလိုဒုကၡလိုက္ေပးေနရတာလဲ....။ဝိုင္ႏွင့္ အဲ့ဒီ့ဝိဥာဥ္ၾကားမွာ
ဘာအၿငိဳးေတြမ်ား႐ွိခဲ့ႏိုင္လို႔လဲ...။ေတြေဝကာ
စဥ္းစားေနမိစဥ္မွာပင္နံရံတြင္ကပ္ထားသည့္ စာအုပ္စင္ႀကီးက ဝိုင့္ေပၚသို႔ ဝုန္းခနဲ ဆိုသလို ၿပိဳက်လာေလေတာ့သည္။ဝိုင္ ေ႐ွာင္ခ်ိန္မ႐ွိေတာ့ ေ႐ွာင္ဖို႔ရာလဲဝိုင္အလ်င္အျမန္ေျပးလို႔မရသည့္အတြက္ လံုးဝ မမွီေတာ့ေပ...။မ်က္လံုးေတြကိုစံုမွိတ္ကာျဖစ္လာမည့္အရာကို ေခါင္းငံု႔ၿပီးေတာ့သာခံေနလိုက္မိေတာ့သည္။
သို႔ေပမယ့္....သို႔ေပမယ့္....ဝိုင့္တစ္ကိုယ္လံုး
ေႏြးေထြး သြားမွဳႏွင့္အတူ ဝုန္းခနဲၿပိဳက်သံကို
ၾကားလိုက္ရသည္။သို႔ေသာ္ စာအုပ္စင္ႀကီးကေတာ့ဝိုင့္ေပၚၿပိဳက်မလာခဲ့ေပ...။ဝိုင့္ မ်က္လံုးေတြဖြင့္ၾကည့္လိုက္မိေတာ့ စာအုပ္စင္ကို သူ႔ကိုယ္လံုး၁ခုလံုးႏွင့္ ခံ ထားၿပီး ဝိုင့္ကို ေထြးေပြ႔ထား႐ွာသည့္ မိုးလင္းယုန္ ကိုေတြ႔လိုက္ရသည္။
သူ႔ေပၚမွာ စာအုပ္စင္က အခန္႔သား ေနရာယူလ်က္..။သူကေတာ့ ဝိုင့္ေခါင္းေလးကိုသူ႔လက္ႏွင့္ အုပ္မိုးရင္း အံႀကိတ္ကာ ၿငိမ္ခံေန႐ွာသည္။
" မိုးလင္း...."
ဝိုင္ မိုးလင္းမ်က္ႏွာကိုေမာ့ၾကည့္ရင္း ခပ္တိုးတိုးေခၚလိုက္သည့္အခ်ိန္တြင္...အခန္းထဲ
ေရာက္လာသူမွာေသာ္ျဖစ္သည္။
" ဘယ္လိုျဖစ္တာလဲ..."
မယံုႏိုင္သည့္ မ်က္ဝန္းေတြႏွင့္ပိက်ေနသည့္
စာအုပ္စင္ႀကီးကို ဖယ္ၿပီး ေသာ္ေျပာလိုက္သည္။
" မိုးလင္း.....ရရဲ႕လား...အဆင္ေျပရဲ႕လားဘယ္နားနာသြားေသးလဲ...."
မိုးလင္းက ဝိုင့္ကို ဖက္တြယ္ထားသည့္လက္ေတြကို လႊတ္လိုက္ကာ မတ္တပ္ရပ္ရင္း လက္ေတြကို ဟိုလႊဲဒီလႊဲ လုပ္လိုက္သည္။
" ေက်ာနည္းနည္းေအာင့္သြားရံုက လြဲၿပီးဘာမွမျဖစ္ပါဘူး...ရပါတယ္...စာအုပ္စင္က ဖိုင္ဘာနဲ႔လုပ္ထားတာဆိုေတာ့မေလးပါဘူး...စာအုပ္ေတြ႐ွိေနလို႔ေလးေနတာပါ...."
" ဟုတ္ရဲ႕လား...ေဆးခန္းသြားျပၾကည့္ပါလား..မိုးလင္း...ကၽြန္ေတာ္စိတ္ပူလို႔ပါ...."
" ေဆးခန္းျပရေလာက္တဲ့အထိ မလိုပါဘူးကြာ
ေဆးပူႀကီး လိမ္းလိုက္ရင္ေပ်ာက္ပါတယ္...
ကိုယ့္ကိုစိတ္မပူပါနဲ႔ ကိုယ္တကယ္...ဘာမွမျဖစ္ဘူး....ေတာ္ေသးတယ္...မင္းဘာမွမျဖစ္လိုက္လို႔....မင္းကိုကယ္လိုက္ႏိုင္လို႔...."
မိုးလင္းက ဝိုင့္မ်က္ဝန္းေတြကိုစိုက္ၾကည့္ရင္း
ျပံဳးကာေျပာလာခဲ့သည္။ေသာ္က အခန္းထဲကေန အျမန္ထြက္သြားၿပီး...ေရတစ္ခြက္ယူလာကာ
ဝိုင့္ကိုလွမ္းေပးေလသည္။ဝိုင္လည္း အခုထိေၾကာက္စိတ္မေျပေသးသျဖင့္ သူ ကမ္းေပးလာသည့့္ ေရကို တုန္တုန္ယင္ယင္နွင့္လွမ္းယူကာေသာက္လိုက္မိေလသည္။
" ဟယ္...ဘယ္လိုျဖစ္ၾကတာလဲ...."
ေမေမက ေရခ်ိဳးခန္းထဲမွ ေရခ်ိဴးၿပီးလို႔ပိုးအိအခန္းထဲဝင္လာခ်ိန္မွာ စာအုပ္ေတြ႐ႈပ္ပြေနတာေၾကာင့္အံျသကာ ေမးလိုက္ျခင္းပင္...။
" ကၽြန္ေတာ္..မမွီမကမ္းနဲ႔စာအုပ္တင္လိုက္တာ...ဝွီးခ်ဲနဲ႔ လဲမလိုျဖစ္ၿပီးစာအုပ္စင္ကိုလွမ္းဆြဲမိလိုက္တာေမေမ...အဲ့ဒါ...စာအုပ္ေတြ ျပဳတ္က်လာတာ...ကၽြန္ေတာ္တို႔ျပန္္႐ွင္းမလို႔ ေမေမကၽြန္ေတာ့္အခန္းမွာပဲ အဝတ္အစားသြားလဲလိုက္ေလေနာ္..."
ေမေမ့ကို အတတ္ႏိုင္ဆံုး ယုတၱိ႐ွိေအာင္ေျပာလိုက္ရသည္။
" ဒါေၾကာင့္ေရခ်ိဳးရင္း ဝုန္းဆိုတဲ့အသံႀကီးၾကားလိုက္ရပါတယ္လို႔...ေအးေအးဟုတ္ၿပီ...သားအခန္းမွာသြားလဲလိုက္မယ္....မထိခိုက္မိလို႔ ေတာ္ေသးတာေပါ့ .....စာအုပ္ေတြက ထားလိုက္ပါ...ေမေမ႐ွင္းေပးလိုက္မယ္ .."
" မဟုတ္တာအန္တီ...ကြၽန္ေတာ္တို႔႐ွင္းလိုက္ပါ့မယ္...."
" အင္းေလ ေမေမကလည္း..ကၽြန္ေတာ္တို႔႐ွင္းလိုက္လို႔ျဖစ္ပါတယ္..."
" ေအေအ...ဒါဆိုလဲ...ၿပီးေရာ...."
ေမေမက တည္ၾကည့္အခန္းထဲမွ အဝတ္အစားေတြယူကာအဝတ္လဲရန္ ဝိုင့္အခန္းထဲသို႔ ဝင္သြားေလသည္။ဝိုင္ ေလးပင္စြာ သက္ျပင္းခ်လိုက္မိသည္။
" ဝိုင္...အဆင္ေျပရဲ႕လား....လန္႔ေနေသးလား.."
" အင္း...ေျပပါတယ္...မိုးလင္း....."
" ဘာေတြလဲ...ဘာျဖစ္ၾကတာလဲ.. ငါ့ကိုေျပာ..."
အလင္းႏွင့္ မိုးေသာက္ဝိုင္တို႔ရဲ႕ မ်က္ႏွာကိုတစ္လွည့္ စီၾကည့္ကာ ေသာ္ေမးလိုက္သည္။သူကပုလဲကိုသြားစရာ႐ွိတယ္ လိုက္ပို႔ေပးပါ...အေရးႀကီးတယ္ဆိုလို႔ ပို႔ေပးၿပီးမွ မိုးေသာက္ဝိုင္ဆီေရာက္လာခဲ့ျခင္းျဖစ္သည္။သူ တိုက္ခန္းထဲဝင္ဝင္ျခင္းမွာပင္ အလင္းရဲ႕ဖိနပ္ကိုေတြ႔သည္။အလင္း ေရာက္ႏွင့္ေနတာပဲဟုေတြးေနမိစဥ္မွာ ဝုန္း ခနဲအသံႀကီးၾကားလိုက္ရတာေၾကာင့္ သူေျပးဝင္မိေတာ့ ထင္မွတ္မထားသည့္ ျမင္ကြင္းကို ျမင္လိုက္ရျခင္းပင္...။
မိုးေသာက္ဝိုင္ သူ႔ အေမကိုေျပာလိုက္သလို ကိစၥကအဲ့ဒီ့ေလာက္မ႐ိုး႐ွင္းမွန္း ေသာ္ သူခပ္ေပးသည့္ေရကို တုန္တုန္ယင္ယင္ႏွင့္ လွမ္းယူလိုက္သည့္ဝိုင့္လက္ေတြက သက္ေသျပေနခဲ့သည္။သူ ဒီေလာက္ ဝိုင့္ကို ကာကြယ္ေပးေနသည့္ၾကားထဲကပင္ ထင္မွတ္မထားတာက ျဖစ္သြားရျပန္သည္။သူ သက္ျပင္းခ်လိုက္ရင္း ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်ေနေသာ စာအုပ္ေတြကိုလွမ္းေကာက္လိုက္သည္။အလင္းလည္း ငုတ္တုတ္ထိုင္ကာလိုက္ေကာက္ေပးေနသည္။
" မင္းကေတာ့....ဒီတိုင္းပဲ ထိုင္ေန....."
ဝိုင့္ကို ေသာ္ကေျပာလိုက္ျခင္းပင္...။ဝိုင္ဘာမွမေျပာေတာ့ပဲ ငုတ္တုတ္ထိုင္ကာစာအုပ္ေတြေကာက္ေန
သည့္ မိုးလင္းႏွင့္ေသာ့္ကိုသာ ၾကည့္ေနလိုက္သည္။
"........."
ဝိုင့္ဆီကဘာသံမွထြက္မလာေတာ့ ေသာ္ စာအုပ္ေတြကိုဆက္ေကာက္ေနလိုက္သည္။အဲ့အခ်ိန္မွာ
သူေကာက္လိုက္သည့္စာအုပ္ထဲကေန ဓာတ္ပံု
ေလး တစ္ပံုေလ်ွာ္ ခနဲ ထြက္က်လာျခင္းပင္...။
" ဟင္...."
ဓာတ္ပံုကို သူေကာက္လိုက္ေတာ့ ဝိုင့္ထံမွ
အာေမဋိတ္ အသံထြက္လာခဲ့သည္..။ေသာ္လည္း
ဘာထူးဆန္းလို႔လဲ ဆိုသည့္အေတြးႏွင့္ ဝိုင့္ကို
လွမ္းၾကည့္မိေတာ့ ဝိုင့္ မ်က္ဝန္းေတြက ဓာတ္ပံုကေန မခြာေပ...။သို႔ႏွင့္ အလိုက္တသိႏွင့္ သူ႔မွာ ဓါတ္ပံုေလးကို ဝိုင့္ထံ လွမ္းေပးလိုက္မိသည္။
" အာ...ဒါ ဒါက တည္ၾကည္နဲ႔ဘယ္သူ႔ပံုလဲ....ဒီလိုရင္းရင္းႏွီးႏွီးဖက္ထားတယ္...."
ဝိုင္သည္ ဓါတ္ပံုကိုၾကည့္ၿပီး ေတြးမိရပါ၏။ဓါတ္ပံုထဲတြင္ ရွိေနသည့္ တည္ၾကည္ႏွင့္လူႀကီးတစ္ေယာက္ပံုက သာမန္ေတြႏွင့္မတူ။အရမ္းကို ေႏြးေထြးၿပီး ျမတ္ႏိုးေနသည့္ပံုစံေတြလို အသက္ဝင္ေနသည္။
ဝိုင္ အံ့ၾသမိပါ၏။ဝိုင္ ေတြးေနသလို....။ဝိုင္က ေဒးဘတ္အေပၚ ခ်စ္မိသြားခဲ့သည့္ ပံုစံလို။
ဒါဆို တည္ၾကည္က...။
" တည္ၾကည္နဲ႔ သူ႔ရည္းစားပံုပဲ.....ရည္းစား႐ွိတာေတာင္...ငါ့ကိုမေျပာျပပါလား....သူ႔ရည္းစားကေယာက်ာ္းေလးတစ္ေယာက္ျဖစ္ေနလို႔ ..မေျပာျပခဲ့တာလား....ဟင္ဒါဘာလဲ.. ဒိုင္ယာရီ စာအုပ္ထင္တယ္...."
ဝိုင္က သူ႔ကိုယ္သူေရရြတ္ေျပာေနမိရင္း ေသာ့္လက္ထဲတြင္ပိုက္ထားသည့္ စာအုပ္ေတြၾကားထဲမွ
အျပာေရာင္စာအုပ္ေလးကို ဆြဲယူလိုက္သည္။
ေနာက္စာအုပ္ထဲမွ စာမ်က္ႏွာေတြကို တစ္ရြက္ႏွစ္ရြက္လွန္ၾကည့္ကာ ျပံဳးမိပါေတာ့၏။
" တကယ္...ရည္းစား႐ွိေနတာပဲ..ၾကည့္စမ္း...ငါကေယာက်ာ္းေလး၁ေယာက္ဆိုလဲၾကည္ျဖဴပါတယ္ဒါကိုဘာလို႔ မေျပာျပခဲ့တာပါလိမ့္....ငါ့ကိုလွ်ိ ဳ ထားတာေပါ့ေလ ျပန္လာမွေတြ႔ဦးမယ္..."
ဝိုင္ ဓါတ္ပံုေလးကိုေသခ်ာစိုက္ၾကည့္ကာ
ေရရြတ္မိျပန္သည္။ေသာ္လည္း ဝိုင့္လက္ထဲက
ဓါတ္ပံုေလးကို အမွတ္မထင္ တစ္ခ်က္ၾကည့္လိုက္မိသည္။ေနာက္ မတ္တပ္ထရပ္ကာ စာအုပ္ေတြ
ကို အစီအရီႏွင့္ စာအုပ္စင္ထဲ ျပန္ထည့္ေနမိသည္။
ေန...ေနစမ္းပါဦး....
သူ႔ေခါင္းထဲ ျဖတ္ခနဲ ေရာက္လာသည့္အေတြးတစ္ခု။
" ခဏျပၾကည့္...."
ပိုေသခ်ာသြားေအာင္ မိုးေသာက္ဝိုင္လက္ထဲမွဓါတ္ပံုကို ယူၾကည့္လိုက္မိေတာ့ သူ႔အေတြးေတြ အမွန္ျဖစ္ေၾကာင္းအတည္ျပဳမိသြားသည္။
အသက္ခပ္ႀကီးႀကီး ေကာင္ေလးတစ္ေယာက္က ေနာက္ထပ္ ္ရြယ္သည့္ ေကာင္ေလးတစ္ေယာက္၏ ပုခံုးကိုညင္ညင္သာသာေလးဖက္ထားကာ ထိုင္ခံုတစ္ခုေပၚမွာရယ္ေမာျပံဳးရႊင္ေနၾကေသာ ပံုကေလးျဖစ္သည္။
ဓါတ္ပံုထဲက အျပံဳးခ်ိဳခ်ိဳပိန္ေသးေသးနဲ႔ေကာင္ေလး ပံုမွာ မိုးေသာက္ဝိုင္၏ သူငယ္ခ်င္းျဖစ္သူ တညၾကည္ျဖစ္ၿပီးက်န္သည့္ ေယာက်ာ္းေလးကေတာ့ခုဏေလးတင္ သြားေရာက္ခဲ့သည့္ အိမ္ကျဖစ္သည္။ဒီအမ်ိဳးသားက ပုလဲအေဒၚ၏ခင္ပြန္းဘက္မွအမ်ိဳးေတာ္သည့္ တူတစ္ေယာက္ျဖစ္သည္။
ပုလဲ အေဒၚႏွင့္ သူမခင္ပြန္းက ေသာ္ ကိုးမားမဝင္ခင္အခ်ိန္ကတည္းကပင္ကြာ႐ွင္း ထားခဲ့ၾကသည့္ သူေတြလည္း ျဖစ္သည္။
ဒီအမ်ိဳးသားကို အရင္ကေတာ့ တစ္ခါမွေတြ႔ခဲ့ဖူးတာမဟုတ္...။ပုလဲကလည္း သူတို႔ႏွင့္ တစ္ခါမွမိတ္ဆက္ေပးခဲ့ျခင္းမ႐ွိခဲ့ပါ...။ပုလဲ အေဒၚမွာေမြးစားသားတစ္ေယာက္႐ွိသည္ဟု သာၾကားမိရံု...။
ပုလဲအေဒၚလည္း သူ႔ခင္ပြန္း ဘက္ကေတာ္သည့္ တူျဖစ္ေပမယ့္ေကာင္ေလးကိုေတာ့ ပုလဲလို တူအရင္းေလး တစ္ေယာက္လိုခ်စ္႐ွာသည္တဲ့...။ဒါပုလဲ ခုဏေလးတင္မွ ေျပာလိုက္ေသာစကား....။
" ဟင္း....ဒီတစ္ေယာက္သာ မင္းသူငယ္ခ်င္းရဲ႕.....ေကာင္ေလး ဆိုရင္ေတာ့ မင္းသူငယ္ခ်င္းသနားစရာပဲ...မိုးေသာက္ဝိုင္..."
" ဘာ....ဘာလို႔လဲ...သူ..သူက...မေကာင္းလို႔လား..."
" မဟုတ္ဘူး....သူ....ဆံုးသြားၿပီ...ဒီကေန႔က
သူဆံုးတာခုႏွစ္လျပည့္တဲ့ေန႔ပဲ...."
" ဘယ္လို...."
" ဘာ...."
သူ႔အေျပာေၾကာင့္ ဝိုင္ကလန္႔သြားသလို...အလင္းမွာလည္း စိတ္ဝင္စားစြာသူ႔ကိုၾကည့္လာခဲ့သည္။
" ဒီေကာင္ေလးက ပုလဲနဲ႔အမ်ိဳးေတာ္တယ္လို႔ေျပာလို႔ရတယ္...ပုလဲအေဒၚရဲ႕ အမ်ိဳးသားဘက္ကေတာ္တဲ့တူပဲ....ဒီကေန႔ ၇လျပည့္တဲ့ေန႔ဆိုေတာ့ ပုလဲအေဒၚက မနက္ကတည္းက ေကာင္ေလးအိမ္ကိုသြားတာ...ပုလဲက မသြားရင္မေကာင္းဘူးဆိုၿပီး သြားမလို႔ သူ႔ကားပ်က္ေနတာနဲ႔ ငါ့ကိုဖုန္းဆက္ၿပီး....အတင္းလိုက္ပို႔ခိုင္းလို႔ ငါလိုက္ပို႔ေပးရတာပဲ....အဲ့မွာငါေတြ႔ခဲ့တဲ့ေကာင္ေလးရဲ႕ဓါတ္ပံုက ဒီေကာင္ေလးပဲ...."
" ပုလဲ...ငါ့ဆီလည္း....ဖုန္းဆက္တယ္...ငါကဝိုင့္ဆီသြားမလို႔လို႔ေျပာလိုက္တာ...ဒါေၾကာင့္
မင္းကိုဖုန္းဆက္တာျဖစ္လိမ့္မယ္...."
အလင္းႏွင့္သူ တစ္ေယာက္ကလွည့္ေျပာေနၾကေပမယ့္ ဝိုင့္ဆီမွ ဘာစကားအသံမွထြက္မလာခဲ့ေပ...။ဝိုင္ကဓါတ္ပံုကိုၾကည့္ၿပီးေတြးေတာေနဆဲ...။
" ဒါ....ဒါ..ဒါဆိုရင္...."
ဝိုင္ဓါတ္ပံုေလးကို က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ရင္း တုန္လွဳပ္ေနမိသည္။တည္ၾကည့္မွာ ခ်စ္သူရွိၿပီမွန္း ဘာလို႔ ဝိုင့္ကို မေျပာျပခဲ့တာလဲ ဆိုသည့္အေၾကာင္းရင္းက.....တည္ၾကည့္ ေကာင္ေလးေသသြားခဲ့လို႔ေပါ့...။
တည္ၾကည္....ဘယ္ေလာက္ေတာင္မ်ားခံစားခဲ့ရ႐ွာမလဲ...။
" မင္းမေျပာျပႏိုင္တဲ့ကိစၥေလးကိုငါသိခ်င္ေပမယ့္မငး္ေျပာျပမယ့္အခ်ိန္ထိေစာင့္မွာပါ...ဘာလို႔ဆိုငါစာနာနားလည္ေပးႏိုင္လို႔ပဲ...ငါတို႔ကသူငယ္ခ်င္းေတြေလ ....ညီအစ္ကိုေတြဆိုလည္း ဟုတ္တယ္...မင္းကို ငါ့ညီေလးအျဖစ္အျမဲေတြးထားတယ္...မင္းကိုလဲငါေျပာျပစရာေတြ႐ွိပါတယ္...အင္း..မင္းေျပာသလို....ငါလဲအဆင္သင့္မျဖစ္ေသးလို႔မင္းကိုေျပာျပဖို႔အ႐ွိန္ယူေနတယ္ေပါ့......"
ဝိုင့္ကိုေျပာခဲ့ဖူးသည့္ တည္ၾကည့္စကား...။တည္ၾကည္...မေျပာျပႏိုင္ခဲ့တာက ဒါလား...ဒီကိစၥေတြလား...။
" သူ...ဘယ္လိုဆံုးသြားခဲ့တာလဲ..."
" ကား...accident ျဖစ္တယ္လို႔ေျပာတယ္...
သူ႔အေမတို႔ပုလဲကိုေျပာျပတာၾက အခန္းထဲမွာဖုန္းေျပာေနတာ...ေဒါသတႀကီးနဲ႔ေျပာေနတာလို႔ေျပာတယ္..။ဖုန္းလဲေျပာၿပီးေရာ ကားေမာင္းထြက္သြားတာ...လမ္းမွာ ကား ကားခ်င္းတိုက္မိၿပီးပြဲခ်င္းၿပီးဆံုးသြားခဲ့တာလို႔ေျပာတယ္...."
နားေထာင္ရင္း နားေထာင္ရင္း ဝိုင့္ ရင္ေတြအဆမတန္ မြန္းက်ပ္လာခဲ့သည္။ေနာက္
အေတြး၁ခု ဝိုင့္အခုေတြးလိုက္မိတဲ့အေတြးက
ရယ္ခ်င္စရာေတာ့ေကာင္းလွသည္။သို႔ေပမယ့္
သို႔ေပမယ့္...အဆက္အစပ္က႐ွိေနသည္။
" မင္းဘာလို႔ အထဲလိုက္မဝင္တာလဲ...."
" ငါဝင္လို႔မရဘူး...."
" ဟင္...ဟုတ္လား....ဘာလို႔လဲ..."
" မသိဘူး....ဒါေပမယ့္ ငါအဲ့အိမ္ထဲဝင္လို႔မရဘူး..."
တစ္ခ်ိန္က ေဒးဘတ္ ႏွင့္ေျပာခဲ့သည့္စကား။
ဘယ္သူေတြဘယ္ဝါေတြက အိမ္ထဲကိုဘာေၾကာင့္ေပးဝင္သလဲမသိေပမယ့္ ပုလဲရဲ႕အိမ္ကို
ေရာက္ေနကာ ဝိုင့္ကိုေလွကားေပၚက တြန္းခ်ျဖစ္ေအာင္လုပ္လိုက္သည့္ဝိဥာဥ္ ကိုသံသယ
ဝင္လာမိသည္။ပုလဲ တို႔အိမ္ထဲေရာက္ေနသည့္
ဝိဥာဥ္ က တည္ၾကည္ရဲ႕ ရည္းစား မ်ားလား....။
ဒါေၾကာင့္ ပုလဲတို႔နဲ႔ အမ်ိဳးေတာ္ေနလို႔ ပုလဲတို႔
အိမ္ထဲဝင္လို႔ရေနတာလား....။ဒါေပမယ့္
ဒါေပမယ့္....ဘာေၾကာင့္ ဝိုင့္ကို အၿငိဳးထားေနရတာလဲ...။
" ဟင္..ဝိုင္...စာအုပ္ေတြလဲ ျပဳတ္က်လို႔...ဘာျဖစ္တာလဲ အာ ဒါက..."
အေျဖ႐ွာမရေအာင္ စဥ္းစားေနခ်ိန္မွာပင္ တည္ကည့္ အသံကို ၾကားလိုက္ရသည္။ဝိုင့္ေခါင္းကို...ေစာင္းငဲ့ကာ လွည့္ၾကည့္မိေတာ့ တည္ၾကည္က ဝိုင့္လက္ထဲတြင္ကိုင္ထားသည့္ ဓါတ္ပံုႏွင့္အျပာေရာင္စာအုပ္ေလးကိုၾကည့္ေနခဲ့သည္။
" ေဟာ ...သား..တည္ၾကည္လဲေရာက္ေနျပီပဲ....အေတာ္ပဲ ထမင္းစားၾကရေအာင္...."
ေမေမက ဝိုင့္အခန္းထဲမွ ထြက္လာရင္းေျပာလိုက္ေသာ္လဲ ဝိုင့္အာရံုက ေမေမ့ဆီမေရာက္
ေတာ့။တည္ၾကည့္ မ်က္ဝန္း ေတြခ်က္ခ်င္းစိုစြတ္လာသလို ဝိုင္ ထင္လိုက္မိသည္။
တည္ၾကည္ထိန္ခ်န္ထားတဲ့ ကိစၥကို ဝိုင္ သိဖို႔လိုအပ္သည္။
ဘာေၾကာင့္ ခ်စ္သူ တစ္ေယာက္ရၿပီးအဲ့
ခ်စ္သူက ဘာေၾကာင့္ေသဆံုးသြားခဲ့ရသလဲ။
ဝိုင့္ကိုမေျပာျပခဲ့သလဲဆိုတာ...ဒီအခ်ိန္မွာဝိုင္သိဖို႔လိုအပ္ေလသည္။
တည္ၾကည္ဆီကအေျဖၾကားၿပီးတဲ့အခါ ကိစၥ တစ္ခုမဟုတ္တစ္ခုေတာ့ သိလာလိမ့္မယ္ဟု ဝိုင္ယံုၾကည္မိေလည္။
~~~~~~~<<<<>>>~~~~~~~~
(unicode)
(zawgyi)
" မင်းကို....မုန်းတယ်....မင်းကို....လုံးဝ
မကျေနပ်ဘူး...မင်းကြောင့်ငါသေရတာ....
မင်းအမှားကြောင့် ငါသေရတာ....မင်းဘဝ
တ်လျှောက်လုံး..မင်းနောက်တကောက်ကောက်
ငါလိုက်နေမှာ....မင်းအနားမှာပဲ...ငါရှိနေမှာ...မင်းကို....ငါမုန်းတယ်.....အရမ်းမုန်းတယ်......."
မှောင်မိုက်နေသည့် ပတ်ဝန်းကျင်တစ်ခွင်မှာ ခြောက်ခြားဖွယ်ရာ ကြားလိုက်ရသည့် အသံကြီးကြောင့်
ဝိုင့်တစ်ကိုယ်လုံး တုန်တက်ကာ ချွေးတွေရွှဲနှစ်
စွာနှင့် နိုးထလာခဲ့သည်။မောဟိုက်လွန်းစွာ
အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်လိုက်ပီး တဒိန်းဒိန်းခုန်နေသည့် နှလုံးကို တည်ငြိမ်အောင်ကြိုးစားလိုက်သည်။တည်ငြိမ်စပြုလာပြီးသည့် နောက် အိမ်မက်အကြောင်းက ခေါင်းထဲရေးတေးတေးထင်ဟပ်လာခဲ့သည်။
ဒါ...အိမ်မက်မဖြစ်နိုင်...ဝိုင့်ကို တစ်ယောက်ယောက်က သတိပေးလိုက်ခြင်းတစ်ခုပဲ..။မှောင်မည်းနေသော အခန်းအတွင်း လရောင်အနည်းငယ်သာ ဖြာကျနေသဖြင့် ဘယ်နေရာဘာရှိနေသလဲ ဝိုင်ကောင်းစွာမသိပေ။ဘေးနားက စာကြည့်စားပွဲပေါ်လက်လှမ်းရင်း ရေဗူးကိုရှာမိတော့မတွေ့...။ကုတင်ပေါ်က ဆင်းပြီးရှာရန် အောက်ကိုဆင်းလိုက်ချိန်ဝိုင်ကြမ်းပြင်ပေါ်သို့ ဝုန်း ခနဲပစ်လဲကျသွားခဲ့သည်။
အိမ်မက်ထဲတွင်သာ စိတ်တွေရောက်နေခဲ့သဖြင့် ဝိုင်ခြေထောက်ကျိုးကာ ဝှီးချဲနှင့်သွားလာနေရသည်ကို မေ့သွားခဲ့သည်။ဘုန်းခနဲ ပြုတ်ကျသည်ကြောင့် အနည်းငယ် နာကျင်နေသည်ကို လျစ်လျူရှုလိုက်ကာ ကုတင်ပေါ်ကို လက်နှင့်လှမ်းထောက်ပြီး ကုတင်ပေါ်ပြန်တက်ရန်ကြိုးစားလိုက်ချိန်တွင် ကျွီ ခနဲတံခါးဖွင့်သွားသံနှင့်အတူ အခန်းမီးက ချပ် ခနဲလင်းလာခဲ့သည်။မှောင်နေရာမှ မီးကို ရုတ်တရက်ကြီး ဖွင့်လိုက်သဖြင့် အလင်းဒဏ်ကို မခံနိုင်စွာ
မျက်လုံးတွေကို မှိတ်ပစ်လိုက်မိသည်။
" ဘယ်လိုဖြစ်တာလဲ...အဆင်ပြေရဲ့လား...လဲကျ တာလား...ဘယ်နားထိခိုက်သွားသေးလဲ..."
အသံနှင့်အတူ ဝိုင့်အနားကို ခြေသံ ခပ်အုပ်အုပ်နှင့် အလျင်အမြန် ရောက်ချလာသဖြင့်ဝိုင်
မျက်လုံးတွေပြန်ဖွင့်ကြည့်မိတော့ မြင်လိုက်ရတာက ဝိုင့်ရဲ့ဒေးဘတ် သို့မဟုတ် သော်....။
" ဟို...အိမ်မက်...မက်လို့....အဲ့ဒါနဲ့....အား.."
ဝိုင့်စကားမဆုံးခင် သော်က ဝိုင့်ခန္ဓာကိုယ်လေးကို စွေ့ခနဲပွေ့ချီလိုက်တာကြောင့် လန့်သွားသည့် စိတ်နှင့် အားခနဲ အော်လိုက်မိသည်။သူ့ရင်ဘတ်နှင့် ဝိုင့် မျက်နှာအပ်နေသည့်အခိုက်အတန့် ဝိုင့် ရင်ခုန်သံတွေကိုဝိုင်ပြန်ကြားနေရသည်။
ဘုရားရေ....ရင်တွေအရမ်းခုန်နေပါလား....။သော်...သာ...ကြားသွားရင်တော့..။
အတွေးတွေနှင့် သော့်မျက်နှာကိုမော့ကြည့်မိတော့ သူကတော့အေးအေဆေးဆေးပင် ဝိုင်ဘာဖြစ်လို့ဖြစ်နေမှန်းတောင် သတိမထားမိ။ကုတင်ပေါ်ရောက်မှ ယောင်ယမ်းကာ ပြန်လည်ဖက်တွယ်ခဲ့မိသော ဝိုင့် လက်တွေကို သော့်လည်ပင်း ကနေ ဖယ်ခွာလိုက်ရလေသည်။ကုတင်ဘေးတွင်ရှိနေသော ခုံတစ်လုံးကို သော် ဆွဲယူ ထိုင်လိုက်ကာ...စားပွဲပေါ်တွင်ရှိနေသော ရေကို ရေခွက်ထဲသို့ သွန်ချလိုက်ပြီး ဝိုင့်ထံကမ်းပေးလေသည်။
" ဘာဖြစ်သွားသေးလဲ...ခြေထောက် နာသွားသေးလား..."
သော် ခပ်ပေးသည့် ရေကို အကုန်မော့သောက်ရင်းဘာမှမဖြစ်ကြောင်း ခေါင်းခါပြမိသည်။တော်သေးလို့ မေမေတို့မနိုးတာ...။ရေသောက်ပြီး သွားတော့ဝိုင့်လက်ထဲမှ ခွက်ကို သော် လှမ်းယူရင်း သော့်နှုတ်မှ
သက်ပြင်းချသံသဲ့သဲ့ကိုကြားလိုက်ရသည်။
သူအိပ်မှအိပ်ပျော်ရဲ့လား...။အပြင်မှာခေါင်းအုံးနဲ့စောင်အပြင်ဘာမှမရှိပဲ...သူ့လိုသူဌေးသားတစ်ယောက်က ခြင်ကိုက်တဲ့ဒဏ်ကိုခံနိုင်ပါ့မလား...။
" မင်း...အိပ်ရတာ...အဆင်ပြေရဲ့လား...."
" ရတယ်...ငါ့အကြောင်းကိုထည့်စဉ်းစားမနေနဲ့.....မင်းကိုယ်မင်းသာဂရုစိုက်...ဘယ်လိုအိမ်မက်ဆိုးတွေမက်နေလို့ ကုတင်ပေါ်က လိမ့်ကျရတာလဲ..."
" အိမ်မက်ဆိုးမက်လို့ ကုတင်ပေါ်က လိမ့်ကျတာမဟုတ်ဘူး...အိမ်မက်ဆိုးမက်လို့လန့်နိုးပြီး
ရေထသောက်တာ...ရေဗူးရှာမတွေ့လို့ ကုတင်ပေါ်က မေ့ပြီးဆင်းလိုက်မိတာ....အဲ့ဒါ...ပြုတ်ကျသွားတာပဲ...."
" ဟင်း.....ကိုယ့်ကိုယ်ကို သတိထားမှပေါ့...
ကဲ....ကဲ ...ပြန်အိပ်တော့ အိမ်မက်ပဲဘာမှမဖြစ်ဘူး....အပြင်မှာငါရှိတယ်...လိုရင်လှမ်းခေါ်လိုက်..."
သူက ပြောပြောဆိုဆိုနှင့် ဝိုင့်ကို အိပ်ယာထက်လှဲစေကာစောင်ကို ရင်ဘတ်နားထိ ဆွဲခြုံပေးရင်း...အခန်းထဲမှ ထွက်ဖို့ပြင်လိုက်သည်။
" မင်းအပြင်မှာအိပ်တာခြင်ကိုက်မှာပေါ့...သော်..မနက်ဖြန် မင်းအိမ်မင်းပြန်အိပ်ပါ....ဒုက္ခမရှာပါနဲ့ငါ...အဆင်ပြေ ပါတယ်...."
ဝိုင်လှမ်းပြောလိုက်တော့ သူ့ခြေလှမ်းတွေ တုံ့ခနဲရပ်သွားကာ ဝိုင့်ကိုလည်ပြန်ကြည့်လာခဲ့သည်။နောက်....
" မင်းလဲ ခြင်ထောင် ထောင်မထားပါဘူး...ဝိုင်ရာ...ငါ့ကိုတွေးပူမနေနဲ့...အိပ်ပျော်အောင်သာ အိပ်လိုက်ပါ...."
ဟုပြောကာ အခန်းမီးကို ချပ် ခနဲ ပိတ်ရင်းသူထွက်သွားခဲ့သည်။ဝိုင့်အခန်းက ခြင်ထောင်မရှိပေမယ့် အဲကွန်းရှိသည့်အတွက် ခြင်ကိုက်မှာ မစိုးရိမ်ရကြောင်းကို သူ့ကိုလှမ်းမပြောဖြစ်တော့ပါ...။ဝိုင်ပြောလိုက်လည်း သူ့မှာဝိုင့်စကားကိုပြန်လည်ချေပဖို့ ဆင်ခြင်တွေအပြည့့်အဝ ရှိနေမှာသေချာလေသည်။
# # #
နာရီကိုကြည့်လိုက်မိတော့ ဆယ့်တစ်နာရီတိတိကိုညွှန်ုပြနေသည်။ဝိုင်ပျင်းရိစွာ တည်ကြည်မနက်ကပေးထားခဲ့သောဝတ္ထုစာအုပ်တွေကို ကိုင်ရင်း ဖတ်ရမှာကို ပိုမိုပျင်းလာခဲ့သည်။မေမေ့ကို ကြည့်လိုက်တော့လည်း ထိုင်ခုံပေါ်ကို မှီကာ မှေးအိပ်နေလေသည်။
တည်ကြည်က နေ့လည်ကြရင်တော့ ပြန်လာခဲ့ပါ့မယ်ဆိုပြီးကျောင်းသွားခဲ့သည်။သော်ကလည်း သူ့အိမ်ကပြန်သွားကာ နေ့လည်လောက်မှ ပုလဲကိုခေါ်ရင်းလာခဲ့မည်ဟုပြောသွားသည်။ခါတိုင်းဆို သင်တန်းကအပြန် ပုလဲတို့နဲ့အမြဲလည်နေကြဆိုတော့ ဝိုင်ပျင်းရိနေခဲ့မိသည်မှာ အမှန်ပင်ဖြစ်သည်။
" ပျင်းလိုက်တာ...ဖုန်းလဲမကြည့်ချင်ဘူး...
တီဗီကြည့်ရမှာလဲ ပျင်းစရာကြီး ..."
၁ယောက်တည်းတွေးနေရင်း မေမေ့ကိုကြည့်မိတော့ မေမေက မှေးနေရာမှ ထလာလေသည်။
" ဗိုက်ဆာ ပြီလား...သား...."
" မဆာသေးပါဘူးမေမေ..."
" အေးအေး...အဲ့ဒါဆိုလည်း....မေမေရေချိုးလိုက်ဦးမယ်... ပြီးမှအတူတူစားကြတာပေါ့...."
" ဟုတ်ကဲ့..."
မေမေက ထိုင်နေရာမှထကာ တည်ကြည့် အခန်းထဲဝင်လိုက်ရင်း သားဘက်တွေ ထမီတွေယူကာ ရေချိုးခန်း ထဲဝင်သွားလေသည်။
ဝိုင်လည်း လက်ထဲက စာအုပ်တွေကို ပေါင်ပေါ်တင်လိုက်ကာ စာအုပ်စင်မှာပြန်သွားထားရန်....တည်ကြည့် အခန်းထဲသို့ ဝှီးချဲကို လက်နှင့်လှည့်ကာ
သွားလိုက်သည်။
စာအုပ်စင်က နံရံမှာကပ်ထားပြီး ဝိုင့်အရပ်နှင့်မတိမ်းမယိမ်းရှိနေသော်လည်း ကိုယ်က ဝှီးချဲနှင့်မို့ စာအုပ်စင်ကကြီးနေသယောင်တော့ရှိလေသည်။ဝိုင့်အခန်းမှာအရင်က မေမေနှင့်ဖေဖေအိပ်တာမို့ စာအုပ်စင်ကိုမထားပေ..။တည်ကြည်က စာအုပ်သရဲ...။သုတ ရသ အကုန်ကြိုက်တာမို့ စာအုပ်တွေကိုအများကြီးဝယ်ကာ စာအုပ်စင်လေးနှင့်ထားခြင်းဖြစ်သည်။မ မှီ့တမှီနှင့် စာအုပ်စင်က သုံးထပ်ရှိသော်လည်း ဒုတိယထပ်မှာပင် ထားလိုက်သည်။
ဘုတ်....ဘုတ်....ဘုတ်...
ဝှီးချဲဘီးကို ကိုင်ကာ လှည့်ထွက်ရန်ပြင်လိုက်ပြီးမှ စာအုပ် တွေ တစ်အုပ်ပြီး တစ်အုပ်ဝိုင့်ရှေ့တင် ပြုတ်ကျလာတာကြောင့် ဝိုင်အကြောင်သားငေးကြည့်နေမိသည်။ဘယ်သူမှဘာမှမလုပ်ပါပဲ လေတိုက်ခြင်းလည်း မပြုပါပဲ စာအုပ်တွေက ဝရုန်းသုန်းကားနှင့်ပြုတ်ကျလာတာပင်။ကြည့်နေရင်း....ကြည့်နေရင်းမှပင်..စာအုပ်စင်ကြီးတစ်ခုလုံး.....တုန်ခါလာလေသည်။
တုန်ခါလာသည့် စာအုပ်စင်ကြီးကိုကြည့်ကာ
ဝိုင့်နားထဲကြားယောင်နေမိတာက အိမ်မက်ထဲကဘယ်သူဘယ်ဝါမှန်းမသိသည့် သူတစ်ယောက်ကပြောလာသည့် စကားများကိုဖြစ်သည်။ဘာကြောင့်လဲ ဘာကြောင့်လဲ ဘာကြောင့် ဝိုင့်ကိုဒီလိုဒုက္ခလိုက်ပေးနေရတာလဲ....။ဝိုင်နှင့် အဲ့ဒီ့ဝိဉာဉ်ကြားမှာ
ဘာအငြိုးတွေများရှိခဲ့နိုင်လို့လဲ...။တွေဝေကာ
စဉ်းစားနေမိစဉ်မှာပင်နံရံတွင်ကပ်ထားသည့် စာအုပ်စင်ကြီးက ဝိုင့်ပေါ်သို့ ဝုန်းခနဲ ဆိုသလို ပြိုကျလာလေတော့သည်။ဝိုင် ရှောင်ချိန်မရှိတော့ ရှောင်ဖို့ရာလဲဝိုင်အလျင်အမြန်ပြေးလို့မရသည့်အတွက် လုံးဝ မမှီတော့ပေ...။မျက်လုံးတွေကိုစုံမှိတ်ကာဖြစ်လာမည့်အရာကို ခေါင်းငုံ့ပြီးတော့သာခံနေလိုက်မိတော့သည်။
သို့ပေမယ့်....သို့ပေမယ့်....ဝိုင့်တစ်ကိုယ်လုံး
နွေးထွေး သွားမှုနှင့်အတူ ဝုန်းခနဲပြိုကျသံကို
ကြားလိုက်ရသည်။သို့သော် စာအုပ်စင်ကြီးကတော့ဝိုင့်ပေါ်ပြိုကျမလာခဲ့ပေ...။ဝိုင့် မျက်လုံးတွေဖွင့်ကြည့်လိုက်မိတော့ စာအုပ်စင်ကို သူ့ကိုယ်လုံး၁ခုလုံးနှင့် ခံ ထားပြီး ဝိုင့်ကို ထွေးပွေ့ထားရှာသည့် မိုးလင်းယုန် ကိုတွေ့လိုက်ရသည်။
သူ့ပေါ်မှာ စာအုပ်စင်က အခန့်သား နေရာယူလျက်..။သူကတော့ ဝိုင့်ခေါင်းလေးကိုသူ့လက်နှင့် အုပ်မိုးရင်း အံကြိတ်ကာ ငြိမ်ခံနေရှာသည်။
" မိုးလင်း...."
ဝိုင် မိုးလင်းမျက်နှာကိုမော့ကြည့်ရင်း ခပ်တိုးတိုးခေါ်လိုက်သည့်အချိန်တွင်...အခန်းထဲ
ရောက်လာသူမှာသော်ဖြစ်သည်။
" ဘယ်လိုဖြစ်တာလဲ..."
မယုံနိုင်သည့် မျက်ဝန်းတွေနှင့်ပိကျနေသည့်
စာအုပ်စင်ကြီးကို ဖယ်ပြီး သော်ပြောလိုက်သည်။
" မိုးလင်း.....ရရဲ့လား...အဆင်ပြေရဲ့လားဘယ်နားနာသွားသေးလဲ...."
မိုးလင်းက ဝိုင့်ကို ဖက်တွယ်ထားသည့်လက်တွေကို လွှတ်လိုက်ကာ မတ်တပ်ရပ်ရင်း လက်တွေကို ဟိုလွှဲဒီလွှဲ လုပ်လိုက်သည်။
" ကျောနည်းနည်းအောင့်သွားရုံက လွဲပြီးဘာမှမဖြစ်ပါဘူး...ရပါတယ်...စာအုပ်စင်က ဖိုင်ဘာနဲ့လုပ်ထားတာဆိုတော့မလေးပါဘူး...စာအုပ်တွေရှိနေလို့လေးနေတာပါ...."
" ဟုတ်ရဲ့လား...ဆေးခန်းသွားပြကြည့်ပါလား..မိုးလင်း...ကျွန်တော်စိတ်ပူလို့ပါ...."
" ဆေးခန်းပြရလောက်တဲ့အထိ မလိုပါဘူးကွာ
ဆေးပူကြီး လိမ်းလိုက်ရင်ပျောက်ပါတယ်...
ကိုယ့်ကိုစိတ်မပူပါနဲ့ ကိုယ်တကယ်...ဘာမှမဖြစ်ဘူး....တော်သေးတယ်...မင်းဘာမှမဖြစ်လိုက်လို့....မင်းကိုကယ်လိုက်နိုင်လို့...."
မိုးလင်းက ဝိုင့်မျက်ဝန်းတွေကိုစိုက်ကြည့်ရင်း
ပြုံးကာပြောလာခဲ့သည်။သော်က အခန်းထဲကနေ အမြန်ထွက်သွားပြီး...ရေတစ်ခွက်ယူလာကာ
ဝိုင့်ကိုလှမ်းပေးလေသည်။ဝိုင်လည်း အခုထိကြောက်စိတ်မပြေသေးသဖြင့် သူ ကမ်းပေးလာသည့့် ရေကို တုန်တုန်ယင်ယင်နှင့်လှမ်းယူကာသောက်လိုက်မိလေသည်။
" ဟယ်...ဘယ်လိုဖြစ်ကြတာလဲ...."
မေမေက ရေချိုးခန်းထဲမှ ရေချိူးပြီးလို့ပိုးအိအခန်းထဲဝင်လာချိန်မှာ စာအုပ်တွေရှုပ်ပွနေတာကြောင့်အံသြကာ မေးလိုက်ခြင်းပင်...။
" ကျွန်တော်..မမှီမကမ်းနဲ့စာအုပ်တင်လိုက်တာ...ဝှီးချဲနဲ့ လဲမလိုဖြစ်ပြီးစာအုပ်စင်ကိုလှမ်းဆွဲမိလိုက်တာမေမေ...အဲ့ဒါ...စာအုပ်တွေ ပြုတ်ကျလာတာ...ကျွန်တော်တို့ပြန်ရှင်းမလို့ မေမေကျွန်တော့်အခန်းမှာပဲ အဝတ်အစားသွားလဲလိုက်လေနော်..."
မေမေ့ကို အတတ်နိုင်ဆုံး ယုတ္တိရှိအောင်ပြောလိုက်ရသည်။
" ဒါကြောင့်ရေချိုးရင်း ဝုန်းဆိုတဲ့အသံကြီးကြားလိုက်ရပါတယ်လို့...အေးအေးဟုတ်ပြီ...သားအခန်းမှာသွားလဲလိုက်မယ်....မထိခိုက်မိလို့ တော်သေးတာပေါ့ .....စာအုပ်တွေက ထားလိုက်ပါ...မေမေရှင်းပေးလိုက်မယ် .."
" မဟုတ်တာအန်တီ...ကျွန်တော်တို့ရှင်းလိုက်ပါ့မယ်...."
" အင်းလေ မေမေကလည်း..ကျွန်တော်တို့ရှင်းလိုက်လို့ဖြစ်ပါတယ်..."
" အေအေ...ဒါဆိုလဲ...ပြီးရော...."
မေမေက တည်ကြည့်အခန်းထဲမှ အဝတ်အစားတွေယူကာအဝတ်လဲရန် ဝိုင့်အခန်းထဲသို့ ဝင်သွားလေသည်။ဝိုင် လေးပင်စွာ သက်ပြင်းချလိုက်မိသည်။
" ဝိုင်...အဆင်ပြေရဲ့လား....လန့်နေသေးလား.."
" အင်း...ပြေပါတယ်...မိုးလင်း....."
" ဘာတွေလဲ...ဘာဖြစ်ကြတာလဲ.. ငါ့ကိုပြော..."
အလင်းနှင့် မိုးသောက်ဝိုင်တို့ရဲ့ မျက်နှာကိုတစ်လှည့် စီကြည့်ကာ သော်မေးလိုက်သည်။သူကပုလဲကိုသွားစရာရှိတယ် လိုက်ပို့ပေးပါ...အရေးကြီးတယ်ဆိုလို့ ပို့ပေးပြီးမှ မိုးသောက်ဝိုင်ဆီရောက်လာခဲ့ခြင်းဖြစ်သည်။သူ တိုက်ခန်းထဲဝင်ဝင်ခြင်းမှာပင် အလင်းရဲ့ဖိနပ်ကိုတွေ့သည်။အလင်း ရောက်နှင့်နေတာပဲဟုတွေးနေမိစဉ်မှာ ဝုန်း ခနဲအသံကြီးကြားလိုက်ရတာကြောင့် သူပြေးဝင်မိတော့ ထင်မှတ်မထားသည့် မြင်ကွင်းကို မြင်လိုက်ရခြင်းပင်...။
မိုးသောက်ဝိုင် သူ့ အမေကိုပြောလိုက်သလို ကိစ္စကအဲ့ဒီ့လောက်မရိုးရှင်းမှန်း သော် သူခပ်ပေးသည့်ရေကို တုန်တုန်ယင်ယင်နှင့် လှမ်းယူလိုက်သည့်ဝိုင့်လက်တွေက သက်သေပြနေခဲ့သည်။သူ ဒီလောက် ဝိုင့်ကို ကာကွယ်ပေးနေသည့်ကြားထဲကပင် ထင်မှတ်မထားတာက ဖြစ်သွားရပြန်သည်။သူ သက်ပြင်းချလိုက်ရင်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျနေသော စာအုပ်တွေကိုလှမ်းကောက်လိုက်သည်။အလင်းလည်း ငုတ်တုတ်ထိုင်ကာလိုက်ကောက်ပေးနေသည်။
" မင်းကတော့....ဒီတိုင်းပဲ ထိုင်နေ....."
ဝိုင့်ကို သော်ကပြောလိုက်ခြင်းပင်...။ဝိုင်ဘာမှမပြောတော့ပဲ ငုတ်တုတ်ထိုင်ကာစာအုပ်တွေကောက်နေ
သည့် မိုးလင်းနှင့်သော့်ကိုသာ ကြည့်နေလိုက်သည်။
"........."
ဝိုင့်ဆီကဘာသံမှထွက်မလာတော့ သော် စာအုပ်တွေကိုဆက်ကောက်နေလိုက်သည်။အဲ့အချိန်မှာ
သူကောက်လိုက်သည့်စာအုပ်ထဲကနေ ဓာတ်ပုံ
လေး တစ်ပုံလျှော် ခနဲ ထွက်ကျလာခြင်းပင်...။
" ဟင်...."
ဓာတ်ပုံကို သူကောက်လိုက်တော့ ဝိုင့်ထံမှ
အာမေဋိတ် အသံထွက်လာခဲ့သည်..။သော်လည်း
ဘာထူးဆန်းလို့လဲ ဆိုသည့်အတွေးနှင့် ဝိုင့်ကို
လှမ်းကြည့်မိတော့ ဝိုင့် မျက်ဝန်းတွေက ဓာတ်ပုံကနေ မခွာပေ...။သို့နှင့် အလိုက်တသိနှင့် သူ့မှာ ဓါတ်ပုံလေးကို ဝိုင့်ထံ လှမ်းပေးလိုက်မိသည်။
" အာ...ဒါ ဒါက တည်ကြည်နဲ့ဘယ်သူ့ပုံလဲ....ဒီလိုရင်းရင်းနှီးနှီးဖက်ထားတယ်...."
ဝိုင်သည် ဓါတ်ပုံကိုကြည့်ပြီး တွေးမိရပါ၏။ဓါတ်ပုံထဲတွင် ရှိနေသည့် တည်ကြည်နှင့်လူကြီးတစ်ယောက်ပုံက သာမန်တွေနှင့်မတူ။အရမ်းကို နွေးထွေးပြီး မြတ်နိုးနေသည့်ပုံစံတွေလို အသက်ဝင်နေသည်။
ဝိုင် အံ့သြမိပါ၏။ဝိုင် တွေးနေသလို....။ဝိုင်က ဒေးဘတ်အပေါ် ချစ်မိသွားခဲ့သည့် ပုံစံလို။
ဒါဆို တည်ကြည်က...။
" တည်ကြည်နဲ့ သူ့ရည်းစားပုံပဲ.....ရည်းစားရှိတာတောင်...ငါ့ကိုမပြောပြပါလား....သူ့ရည်းစားကယောကျာ်းလေးတစ်ယောက်ဖြစ်နေလို့ ..မပြောပြခဲ့တာလား....ဟင်ဒါဘာလဲ.. ဒိုင်ယာရီ စာအုပ်ထင်တယ်...."
ဝိုင်က သူ့ကိုယ်သူရေရွတ်ပြောနေမိရင်း သော့်လက်ထဲတွင်ပိုက်ထားသည့် စာအုပ်တွေကြားထဲမှ
အပြာရောင်စာအုပ်လေးကို ဆွဲယူလိုက်သည်။
နောက်စာအုပ်ထဲမှ စာမျက်နှာတွေကို တစ်ရွက်နှစ်ရွက်လှန်ကြည့်ကာ ပြုံးမိပါတော့၏။
" တကယ်...ရည်းစားရှိနေတာပဲ..ကြည့်စမ်း...ငါကယောကျာ်းလေး၁ယောက်ဆိုလဲကြည်ဖြူပါတယ်ဒါကိုဘာလို့ မပြောပြခဲ့တာပါလိမ့်....ငါ့ကိုလျှိ ု ထားတာပေါ့လေ ပြန်လာမှတွေ့ဦးမယ်..."
ဝိုင် ဓါတ်ပုံလေးကိုသေချာစိုက်ကြည့်ကာ
ရေရွတ်မိပြန်သည်။သော်လည်း ဝိုင့်လက်ထဲက
ဓါတ်ပုံလေးကို အမှတ်မထင် တစ်ချက်ကြည့်လိုက်မိသည်။နောက် မတ်တပ်ထရပ်ကာ စာအုပ်တွေ
ကို အစီအရီနှင့် စာအုပ်စင်ထဲ ပြန်ထည့်နေမိသည်။
နေ...နေစမ်းပါဦး....
သူ့ခေါင်းထဲ ဖြတ်ခနဲ ရောက်လာသည့်အတွေးတစ်ခု။
" ခဏပြကြည့်...."
ပိုသေချာသွားအောင် မိုးသောက်ဝိုင်လက်ထဲမှဓါတ်ပုံကို ယူကြည့်လိုက်မိတော့ သူ့အတွေးတွေ အမှန်ဖြစ်ကြောင်းအတည်ပြုမိသွားသည်။
အသက်ခပ်ကြီးကြီး ကောင်လေးတစ်ယောက်က နောက်ထပ် ်ရွယ်သည့် ကောင်လေးတစ်ယောက်၏ ပုခုံးကိုညင်ညင်သာသာလေးဖက်ထားကာ ထိုင်ခုံတစ်ခုပေါ်မှာရယ်မောပြုံးရွှင်နေကြသော ပုံကလေးဖြစ်သည်။
ဓါတ်ပုံထဲက အပြုံးချိုချိုပိန်သေးသေးနဲ့ကောင်လေး ပုံမှာ မိုးသောက်ဝိုင်၏ သူငယ်ချင်းဖြစ်သူ တညကြည်ဖြစ်ပြီးကျန်သည့် ယောကျာ်းလေးကတော့ခုဏလေးတင် သွားရောက်ခဲ့သည့် အိမ်ကဖြစ်သည်။ဒီအမျိုးသားက ပုလဲအဒေါ်၏ခင်ပွန်းဘက်မှအမျိုးတော်သည့် တူတစ်ယောက်ဖြစ်သည်။
ပုလဲ အဒေါ်နှင့် သူမခင်ပွန်းက သော် ကိုးမားမဝင်ခင်အချိန်ကတည်းကပင်ကွာရှင်း ထားခဲ့ကြသည့် သူတွေလည်း ဖြစ်သည်။
ဒီအမျိုးသားကို အရင်ကတော့ တစ်ခါမှတွေ့ခဲ့ဖူးတာမဟုတ်...။ပုလဲကလည်း သူတို့နှင့် တစ်ခါမှမိတ်ဆက်ပေးခဲ့ခြင်းမရှိခဲ့ပါ...။ပုလဲ အဒေါ်မှာမွေးစားသားတစ်ယောက်ရှိသည်ဟု သာကြားမိရုံ...။
ပုလဲအဒေါ်လည်း သူ့ခင်ပွန်း ဘက်ကတော်သည့် တူဖြစ်ပေမယ့်ကောင်လေးကိုတော့ ပုလဲလို တူအရင်းလေး တစ်ယောက်လိုချစ်ရှာသည်တဲ့...။ဒါပုလဲ ခုဏလေးတင်မှ ပြောလိုက်သောစကား....။
" ဟင်း....ဒီတစ်ယောက်သာ မင်းသူငယ်ချင်းရဲ့.....ကောင်လေး ဆိုရင်တော့ မင်းသူငယ်ချင်းသနားစရာပဲ...မိုးသောက်ဝိုင်..."
" ဘာ....ဘာလို့လဲ...သူ..သူက...မကောင်းလို့လား..."
" မဟုတ်ဘူး....သူ....ဆုံးသွားပြီ...ဒီကနေ့က
သူဆုံးတာခုနှစ်လပြည့်တဲ့နေ့ပဲ...."
" ဘယ်လို...."
" ဘာ...."
သူ့အပြောကြောင့် ဝိုင်ကလန့်သွားသလို...အလင်းမှာလည်း စိတ်ဝင်စားစွာသူ့ကိုကြည့်လာခဲ့သည်။
" ဒီကောင်လေးက ပုလဲနဲ့အမျိုးတော်တယ်လို့ပြောလို့ရတယ်...ပုလဲအဒေါ်ရဲ့ အမျိုးသားဘက်ကတော်တဲ့တူပဲ....ဒီကနေ့ ၇လပြည့်တဲ့နေ့ဆိုတော့ ပုလဲအဒေါ်က မနက်ကတည်းက ကောင်လေးအိမ်ကိုသွားတာ...ပုလဲက မသွားရင်မကောင်းဘူးဆိုပြီး သွားမလို့ သူ့ကားပျက်နေတာနဲ့ ငါ့ကိုဖုန်းဆက်ပြီး....အတင်းလိုက်ပို့ခိုင်းလို့ ငါလိုက်ပို့ပေးရတာပဲ....အဲ့မှာငါတွေ့ခဲ့တဲ့ကောင်လေးရဲ့ဓါတ်ပုံက ဒီကောင်လေးပဲ...."
" ပုလဲ...ငါ့ဆီလည်း....ဖုန်းဆက်တယ်...ငါကဝိုင့်ဆီသွားမလို့လို့ပြောလိုက်တာ...ဒါကြောင့်
မင်းကိုဖုန်းဆက်တာဖြစ်လိမ့်မယ်...."
အလင်းနှင့်သူ တစ်ယောက်ကလှည့်ပြောနေကြပေမယ့် ဝိုင့်ဆီမှ ဘာစကားအသံမှထွက်မလာခဲ့ပေ...။ဝိုင်ကဓါတ်ပုံကိုကြည့်ပြီးတွေးတောနေဆဲ...။
" ဒါ....ဒါ..ဒါဆိုရင်...."
ဝိုင်ဓါတ်ပုံလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း တုန်လှုပ်နေမိသည်။တည်ကြည့်မှာ ချစ်သူရှိပြီမှန်း ဘာလို့ ဝိုင့်ကို မပြောပြခဲ့တာလဲ ဆိုသည့်အကြောင်းရင်းက.....တည်ကြည့် ကောင်လေးသေသွားခဲ့လို့ပေါ့...။
တည်ကြည်....ဘယ်လောက်တောင်များခံစားခဲ့ရရှာမလဲ...။
" မင်းမပြောပြနိုင်တဲ့ကိစ္စလေးကိုငါသိချင်ပေမယ့်မင်းပြောပြမယ့်အချိန်ထိစောင့်မှာပါ...ဘာလို့ဆိုငါစာနာနားလည်ပေးနိုင်လို့ပဲ...ငါတို့ကသူငယ်ချင်းတွေလေ ....ညီအစ်ကိုတွေဆိုလည်း ဟုတ်တယ်...မင်းကို ငါ့ညီလေးအဖြစ်အမြဲတွေးထားတယ်...မင်းကိုလဲငါပြောပြစရာတွေရှိပါတယ်...အင်း..မင်းပြောသလို....ငါလဲအဆင်သင့်မဖြစ်သေးလို့မင်းကိုပြောပြဖို့အရှိန်ယူနေတယ်ပေါ့......"
ဝိုင့်ကိုပြောခဲ့ဖူးသည့် တည်ကြည့်စကား...။တည်ကြည်...မပြောပြနိုင်ခဲ့တာက ဒါလား...ဒီကိစ္စတွေလား...။
" သူ...ဘယ်လိုဆုံးသွားခဲ့တာလဲ..."
" ကား...accident ဖြစ်တယ်လို့ပြောတယ်...
သူ့အမေတို့ပုလဲကိုပြောပြတာကြ အခန်းထဲမှာဖုန်းပြောနေတာ...ဒေါသတကြီးနဲ့ပြောနေတာလို့ပြောတယ်..။ဖုန်းလဲပြောပြီးရော ကားမောင်းထွက်သွားတာ...လမ်းမှာ ကား ကားချင်းတိုက်မိပြီးပွဲချင်းပြီးဆုံးသွားခဲ့တာလို့ပြောတယ်...."
နားထောင်ရင်း နားထောင်ရင်း ဝိုင့် ရင်တွေအဆမတန် မွန်းကျပ်လာခဲ့သည်။နောက်
အတွေး၁ခု ဝိုင့်အခုတွေးလိုက်မိတဲ့အတွေးက
ရယ်ချင်စရာတော့ကောင်းလှသည်။သို့ပေမယ့်
သို့ပေမယ့်...အဆက်အစပ်ကရှိနေသည်။
" မင်းဘာလို့ အထဲလိုက်မဝင်တာလဲ...."
" ငါဝင်လို့မရဘူး...."
" ဟင်...ဟုတ်လား....ဘာလို့လဲ..."
" မသိဘူး....ဒါပေမယ့် ငါအဲ့အိမ်ထဲဝင်လို့မရဘူး..."
တစ်ချိန်က ဒေးဘတ် နှင့်ပြောခဲ့သည့်စကား။
ဘယ်သူတွေဘယ်ဝါတွေက အိမ်ထဲကိုဘာကြောင့်ပေးဝင်သလဲမသိပေမယ့် ပုလဲရဲ့အိမ်ကို
ရောက်နေကာ ဝိုင့်ကိုလှေကားပေါ်က တွန်းချဖြစ်အောင်လုပ်လိုက်သည့်ဝိဉာဉ် ကိုသံသယ
ဝင်လာမိသည်။ပုလဲ တို့အိမ်ထဲရောက်နေသည့်
ဝိဉာဉ် က တည်ကြည်ရဲ့ ရည်းစား များလား....။
ဒါကြောင့် ပုလဲတို့နဲ့ အမျိုးတော်နေလို့ ပုလဲတို့
အိမ်ထဲဝင်လို့ရနေတာလား....။ဒါပေမယ့်
ဒါပေမယ့်....ဘာကြောင့် ဝိုင့်ကို အငြိုးထားနေရတာလဲ...။
" ဟင်..ဝိုင်...စာအုပ်တွေလဲ ပြုတ်ကျလို့...ဘာဖြစ်တာလဲ အာ ဒါက..."
အဖြေရှာမရအောင် စဉ်းစားနေချိန်မှာပင် တည်ကည့် အသံကို ကြားလိုက်ရသည်။ဝိုင့်ခေါင်းကို...စောင်းငဲ့ကာ လှည့်ကြည့်မိတော့ တည်ကြည်က ဝိုင့်လက်ထဲတွင်ကိုင်ထားသည့် ဓါတ်ပုံနှင့်အပြာရောင်စာအုပ်လေးကိုကြည့်နေခဲ့သည်။
" ဟော ...သား..တည်ကြည်လဲရောက်နေပြီပဲ....အတော်ပဲ ထမင်းစားကြရအောင်...."
မေမေက ဝိုင့်အခန်းထဲမှ ထွက်လာရင်းပြောလိုက်သော်လဲ ဝိုင့်အာရုံက မေမေ့ဆီမရောက်
တော့။တည်ကြည့် မျက်ဝန်း တွေချက်ချင်းစိုစွတ်လာသလို ဝိုင် ထင်လိုက်မိသည်။
တည်ကြည်ထိန်ချန်ထားတဲ့ ကိစ္စကို ဝိုင် သိဖို့လိုအပ်သည်။
ဘာကြောင့် ချစ်သူ တစ်ယောက်ရပြီးအဲ့
ချစ်သူက ဘာကြောင့်သေဆုံးသွားခဲ့ရသလဲ။
ဝိုင့်ကိုမပြောပြခဲ့သလဲဆိုတာ...ဒီအချိန်မှာဝိုင်သိဖို့လိုအပ်လေသည်။
တည်ကြည်ဆီကအဖြေကြားပြီးတဲ့အခါ ကိစ္စ တစ်ခုမဟုတ်တစ်ခုတော့ သိလာလိမ့်မယ်ဟု ဝိုင်ယုံကြည်မိလေည်။
~~~~~~~<<<<>>>~~~~~~~~