(zawgyi)
ေဒးဘတ္ အိမ္မွ ဝိုင္ျပန္လာခဲ့ေတာ့ ဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္ မရွိသျဖင့္ အိမ္ေရာက္တာႏွင့္အခန္းထဲသို႔ ဝင္ကာ တန္းအိပ္လိုက္မိသည္။
အိမ္မက္ထဲတြင္ေဒးဘတ္ကို ဝိုင္ေတြ႔လိုက္ရသည္။ေဒးဘတ္ ႏွင့္ ဝိုင္တို႔ႏွစ္ေယာက္ၾကားထဲတြင္..
ျမဴေတြကျခားေနခဲ့သည္။ေဒးဘတ္ကိုဝိုင္
အသည္းအသန္ လိုက္႐ွာေနမိသည္။ျမဴေတြၾကားထဲ ပုန္းလ်ွိဳးေပ်ာက္ကြယ္သြားတာေတာင္ ဝိုင္...ေဒးဘတ္နာမည္ကိုတေၾကာ္ေၾကာ္ေအာ္ကာ လိုက္႐ွာခဲ့သည္။ေနာက္ဆံုး....ေဒးဘတ္ဆီမေရာက္ႏိုင္ပဲ ေခြၽးေတြတစ္လံုးလံုးႏွင့္ အိမ္မက္ကေနႏိုးထလာခဲ့သည္။
ဒီတစ္ေလာ အိမ္မက္ေတြထဲမွာေဒးဘတ္ကို မၾကာခဏေတြ႔ေနရသည္။အိမ္မက္ေတြထဲတြင္ ေဒးဘတ္က ဝိုင့္ဆီကိုမေရာက္ေရာက္ေအာင္လာခဲ့ၿပီး ဝိုင့္ကို အျမဲလာ႐ွာတတ္သည္။အျပင္က လက္ေတြ႔ ေဒးဘတ္ႏွင့္ ေတာ့တစ္ျခားဆီပင္...။
အိပ္ယာမွေလးပင္စြာ ထလိုက္ျပီးအျပင္ထြက္လိုက္မိေတာ့ ထမင္းစားေနသည့္ တည္ၾကည္ကိုေတြ႔လိုက္ရသည္။နံရံတြင္ကပ္ထားသည့္နာရီကို
ၾကည့္မိေတာ့ ရွစ္နာရီမတ္တင္းေနၿပီ.....။
တည္ၾကည္က ဝိုင္အခန္းထဲမွ ထြက္လာသည္ကိုမျမင္ပဲ ေငးတိေငးငိုင္စြာႏွင့္ ထမင္းစားေနေလသည္။ဝိုင္ accidentျဖစ္ခဲ့ၿပီးျပန္ႏိုးထလာသည့္အခ်ိန္တြင္ တည္ၾကည္ ႏွင့္ေဝးသြားသလိုခံစားရသည္။ဟုတ္သည္....တည္ၾကည္ ႏွင့္ဝိုင္ေက်ာင္းတက္တာျခင္းမတူေတာ့လို႔ပဲလားေတာ့မသိ...။တည္ၾကည္က အိမ္မွာမ႐ွိတာမ်ားသည္။အျမဲေက်ာင္းပဲသြားေနသည္.။ေန႔လည္ခင္းဆိုလည္း အိမ္သို႔ ျပန္မလာတတ္...။ေက်ာင္းဒါမွမဟုတ္ ဆိုင္တစ္ဆိုင္ဆိုင္တြင္ အဆင္ေျပသလို ၾကံဳရာစားသည္။
ဝိုင့္အတြက္ေတာ့တည္ၾကည္က မေမ့မေလ်ာ့ထမင္းႏွင့္ ဟင္းေတြစီစဥ္ေပးသြားတတ္ၿမဲပင္။ဝိုင့္ ခမ်ာေတာ့ ဘာအလုပ္မွမလုပ္ပဲ ပ်င္းသည့္အခါအျပင္ထြက္ ၊ၿပီးမွ တိုက္ခန္းသို႔ ျပန္လာခဲ့ၿပီး တည္ၾကည္ျပင္ထားေပးသည့္ အစားအေသာက္ေတြပဲစားခဲ့တာခ်ည္း။ညေနခင္းဆိုလွ်င္လည္း ဝိုင္က ပုလဲတို႔ႏွင့္ အၿမဲလိုက္သြားတတ္တာမ်ားေတာ့ တည္ၾကည္အနားမွာ႐ွိမေနႏိုင္ေပ...။တည္ၾကည္မ်ား ဝိုင့္ကိုစိတ္ခုေနၿပီလားလို႔ ေတြးထင္မိေသာ္လည္း တည္ၾကည့္ပံုစံက ထိုသို႔လည္းမဟုတ္။ထမင္းစားေနေသာ တည္ၾကည္ေဘးတြင္ ဝိုင္ဝင္ထိုင္လိုက္သည္။
" ႏိုးလာၿပီလား...ဘာစားၿပီးၿပီလဲ...ငါခူးလိုက္ရေတာ့မလား...."
တည္ၾကည္ကဝိုင့္ကိုျမင္သည္ ႏွင့္ေငးငိုင္ေနရာမွခ်က္ခ်င္းအသိ ျပန္ဝင္လာသလို ျပံဳးကာေျပာေနသည္ကိုၾကည့္ရင္း ဝိုင့္အေတြးေတြမွားယြင္းေနေၾကာင္းသတိျပဳမိသည္။ငယ္သူငယ္ခ်င္းမို႔လို႔လားမသိ
တည္ၾကည္ အျပံဳးနဲ႔တင္ ဝိုင့္တစ္ကိုယ္လံုးေႏြးေထြးသြားခဲ့သည္။တည္ၾကည့္ကိုျပန္လည္ျပံဳးျပရင္း...မတ္တပ္ထရပ္ကာ ထိုင္ေနသည့္ တည္ၾကည့္ အေနာက္ကေန ပုခံုးကိုသိုင္းဖက္လိုက္မိသည္။
" ဟာ....လန္႔လိုက္တာဝိုင္ရာ...ဘယ္လိုျဖစ္တာလဲ.....ေကာက္ခါငင္ခါႀကီးပါလား...ေနပါဦး ....ေျပာ...မင္းဘာေတြျဖစ္လာျပန္တာလဲ...."
ေဒးဘတ္ ဝိုင့္အနားကထြက္သြားခဲ့သည့္အခ်ိန္တုန္းက တည္ႀကည့္ကိုအတင္းဖက္ကာဝိုင္ ငိုးေႂကြးဖူးခဲ့သည့္ ကိစၥကို သတိျပန္ရရင္း စိုးရိမ္တႀကီး ေျပာမိသည္။ဝိုင္ သိုင္းဖက္ထားေလေသာ လက္ႏွစ္ဖက္ကို တည္ၾကည္ကသူ႔လက္ေတြႏွင့္ကိုင္လိုက္ကာ ေဘးမွာျပန္ထိုင္ေစၿပီး အေလာတႀကီးေမးေလသည္။
" မဟုတ္ပါဘူး...႐ုတ္တရက္ႀကီးမင္းကိုဖက္ခ်င္
လာလို႔ပါကြာ..မင္းကလဲ..."
" အမေလးေလး....အထူးအဆန္းပါလားကြာ.."
" အရင္ကလည္း...အဲ့လိုဖက္ေနၾကပဲေလ...ထူးဆန္းလို႔လား...."
" မေျပာတတ္ဘူးေလ...အခုတေလာ..မင္းစိတ္ေတြ ဘယ္လိုျဖစ္ေနလဲ...ငါမွမသိႏိုင္တာ....
ဟိုတစ္ေခါက္ကလည္း...အသည္းအသန္ႀကီး ငိုခ်လာေတာ့...ငါ့မွာဘာမ်ားျဖစ္သလဲဆိုျပီး....မင္းကို အရိပ္တၾကည့္ၾကည့္နဲ႔ေစာင့္ၾကည့္ေနရတာရင္တမမပဲ...ေဟာ..ေနာက္ၾကေတာ့....ဘာမွမျဖစ္သလိုပံုမွန္ျပန္ျဖစ္သြားေရာ...အခုလည္း...ငါ့ကိုဘာမေျပာညာမေျပာနဲ႔... ဖက္ျပန္ၿပီ....မင္း ဟုတ္မွဟုတ္ေသးရဲ႕လား ငါလည္း အဆိုင္းမန္႔ေတြနဲ႔ project ေတြ ေန႔မအိပ္ညမအိပ္လုပ္ေနရတာနဲ႔ မင္းကို လြတ္ထားမိသလို ျဖစ္ေနတယ္ မဟုတ္ကဟုတ္ကေတြမ်ား ေလွ်ာက္လုပ္ေနသလား ငါေျပာထားတယ္ေနာ္ ငါ့စကားနားမေထာင္ရင္ အိမ္ျပန္ရမယ္သာမွတ္..."
" အာ အဲ့လိုမဟုတ္ပါဘူး တကယ္ အႏၲရာယ္မရွိပါဘူးဆို ဒီအတိုင္း...မင္းကိုမေျပာျပျဖစ္ေသးတဲ့ ....ကိစၥေလးေတြေတာ့ အမ်ားႀကီးျဖစ္သြားခဲ့တယ္...မင္းကိုတစ္ေန႔ေတာ့ေျပာျပျဖစ္မွာပါ...ငါ့စိတ္ေတြအဆင္သင့္မျဖစ္ေသးလို႔.....ခုဏကဖက္လိုက္တာကဘယ္လိုေျပာရမလဲ...မင္းနဲ႔ငါနဲ႔တစ္အိမ္ထဲအတူတူေနျဖစ္ေနေပမယ့္...ငါတို႔ေဝးေနသလို
ႀကီးျဖစ္ေနသလိုပဲေလ...ငါကလည္းအျမဲ ပုလဲတို႔နဲ႔
သြားၿပီးအခ်ိန္ကုန္တာမ်ားေနတာ မင္းကိုပစ္ထားသလိုျဖစ္ေနတာ....မင္းကိုလည္း အားနာလို႔ပါ...မင္းတစ္ေယာက္တည္းအထီးက်န္ေနမလားေတြးမိလို႔....."
ဝိုင့္စကားသံအဆံုးမွာ တည္ၾကည္က ခပ္ယဲ့ယဲ့ေလးျပံဳးလာခဲ့သည္။စားေနတာကို လက္စသတ္
လိုက္ၿပီးထမင္းပန္းကန္ကိုေဘစင္နားမွာသြားထားကာ
" မင္းမေျပာျပႏိုင္တဲ့ကိစၥ ကိုငါအခုသိခ်င္ေပမယ့္ မင္းေျပာျပလာမယ့္အခ်ိန္ထိေစာင့္မွာပါ...ဘာလို႔ဆိုငါနားလည္ေပးႏိုင္လို႔ပဲ...ငါတို႔ကသူငယ္ခ်င္းေတြေလ ....ညီအစ္ကိုေတြဆိုလည္း ဟုတ္တယ္...မင္းကိုငါ့ညီေလးအျဖစ္အျမဲေတြးထားတယ္..ငါကိုယ္တိုင္လည္း မင္းကို ေျပာျပစရာေတြ႐ွိတယ္...အင္း..မင္းေျပာသလို....ငါလည္းအဆင္သင့္မျဖစ္ေသးလို႔ေျပာျပဖို႔အ႐ွိန္ယူေနတယ္ေပါ့......မင္း ပုလဲတို႔နဲ႔သြားတာ...ငါဘယ္လိုမွမေနပါဘူး...မင္းေဆးရံု တက္ေနရကတည္းက ငါ၁ေယာက္တည္းေနခဲ့တာေနသားက်ေနၿပီ...အထီးက်န္မယ္ဆိုရင္လည္း အဲ့ကတည္းက အထီးက်န္ေနတာဆိုေတာ့ငါ့အတြက္က႐ိုးေနၿပီ...ငါက အခုဂုဏ္ထူးတန္းဆိုေတာ့စာေတြကလည္းမ်ားတယ္..စာတမ္းဖတ္တာေတြလည္း ရွိေတာ့ ေက်ာင္းကိုအခ်ိန္တိုင္းသြားေနရတယ္...တကယ္ေတာ့ငါကမင္းကိုပစ္ထားမိတာပါ...မင္း၁ေယာက္တည္းျဖစ္မွာအထီးက်န္မွာစိုးရိမ္ေနတာ...ဒါေၾကာင့့္...ပုလဲတို႔နဲ႔သြားစရာ႐ွိတာသြား...ငါကဘာမွမျဖစ္ဘူးအားနာမေနနဲ႔...အကုန္ငါနားလည္တယ္...သူငယ္ခ်င္းအသစ္ေတြနဲ႔ေပ်ာ္ေနတာျမင္ေနရတာနဲ႔တင္ငါစိတ္ခ်ေနၿပီ...ဒါေပမယ့္ အႏၲရာယ္ရွိႏိုင္မယ့္ မျမင္ရတဲ့ဟာေတြနဲ႔ သြားမပတ္သက္ပါနဲ႔ကြာေနာ္ မင္းကုတင္ေပၚမွာ လဲ ေနတာ ငါျပန္မျမင္ႏိုင္ေတာ့လို႔ပါ...."
တည္ၾကည္ ေျပာေနရင္းမွပင္...အျပင္တံခါး မွဘဲလ္သံေၾကာင့္ ႏွစ္ေယာက္သား ခံစားခ်က္ေတြ ေျပာေနရာမွ ရပ္လိုက္ၾကၿပီး မီးဖိုခန္းထဲမွ ထြက္လာခဲ့လိုက္သည္။တည္ၾကည္က ဇြတ္ဇြတ္ဇတ္ဇတ္ႏွင့္ အျမန္ပင္ အခန္းတံခါးကို သြားဖြင့္ၾကည့္လိုက္သည္။
အျပင္ဘက္တြင္ ဘယ္သူမွ ရွိမေနခဲ့။
" ဘယ္သူ မွလည္း မ႐ွိဘူး..."
" တံခါးမွားေခါက္တာထင္တယ္..
ႏွစ္ေယာက္သား ဇေဝဇဝါႏွင့္ ထင္ျမင္ခ်က္အသီးသီးေပးလိုက္ၾကျပီး တံခါးျပန္ပိတ္လိုက္ကာ လွည့္ ထြက္မည္အျပဳတြင္ ဘဲလ္သံ ထပ္ျမည္လာခဲ့သည္။
တည္ၾကည္ မ်က္ေမွာင္ၾကဳတ္လိုက္မိပီး ထပ္တစ္ခါ ျပန္သြားဖြင့္ၾကည့္လိုက္ေတာ့ ခုဏကအတိုင္းပင္ မည္သူမွမ႐ွိေန...။
" ဘာလဲ...ဘယ္သူစေနတာလဲ..."
ႏွစ္ေယာက္သား ပိုလို႔ပင္ ဇေဝဇဝါျဖစ္သြားခဲ့ျပီး..တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကသည္။
" မင္းမွတ္မိေသးလားဝိုင္...ဟိုးတစ္ေခါက္က...ျဖစ္ဖူးသလိုမ်ိဳး..မေန႔တစ္ေန႔ကတင္...ၾကမ္းေပၚမွာစာအုပ္ေတြ႐ွဳပ္ပြေနေသးတယ္..."
" ဘာ..."
" ေအး မင္းပုလဲတို႔နဲ႔အျပင္ေရာက္ေနတုန္း ထင္တယ္...အဲ့အခ်ိန္..."
တည္ၾကည္စကားကို ဝိုင္အံျသစြာေမးၾကည့္လိုက္မိသည္...။ၾကမ္းျပင္ေပၚစာအုပ္ေတြ ရွဳပ္ပြထားသည္တဲ့လား။တကယ္တမ္းဆို အခန္းေတြေလွ်ာက္ဖြ တတ္သည့္ ေဒးဘတ္မွမ႐ွိေတာ့ပါပဲ။
အခုလိုေတြျဖစ္ေနတာ ဘာေၾကာင့္ပါလိမ့္..။
စဥ္းစားေနမိသည့္အခ်ိန္မွာပင္..ဘဲလ္တီးသံထပ္ၾကားလိုက္ရတာေၾကာင့္ ဝိုင္အနည္းငယ္တုန္တက္သြားမိသည္။ဒီတစ္ခါေတာ့ တည္ၾကည္မဟုတ္ပဲ...ဝိုင္ကိုယ္တိုင္တံခါးသြားဖြင့္လိုက္ေတာ့သည္။
" Hey...ဝိုင္..ဟယ္...ဘာမွလဲမျပင္ဆင္ရေသးပါလား...သြားသြားျမန္ျမန္သြားျပင္ေတာ့ေလ barသြားရေအာင္သြားကဲၾကမယ္ေလ...."
ဝိုင္ တံခါးဖြင့္လိုက္ခ်ိန္ ပုလဲ မ်က္ႏွာႀကီး႐ုတ္တရက္ေပၚလာျခင္းပင္...။ဝိုင့္ကိုျမင္လိုက္ေတာ့ပုလဲက
အသည္းအသန္အခန္းထဲဝင္လာရင္း..ဝိုင့္ကို
ျပင္ဆင္ခိုင္းေတာ့သည္။ပုလဲ ပံုစံၾကည့္ရတာ
ဘဲလ္ႏွစ္ခါတီးၿပီးစေနသည့္ ပံုမေပၚေပ...။
ဝိုင့္အၾကည့္ေတြက တည္ၾကည္ဆီမွာ..။တည္ၾကည္ လည္း တစ္ခုခုကိုအျပင္းအထန္စဥ္းစားေနပံုေပၚသည္။
ပုလဲရဲ႕ေဆာ္ျသမႈေၾကာင့္ ဝိုင္အလ်င္အျမန္ျပင္ဆင္ၿပီးတည္ၾကည့္ကိုေျပာကာပုလဲႏွင့္ထြက္ခဲ့လိုက္သည္။ကားနား.ေရာက္ေတာ့ ကားေပၚမွာ မိုးလင္းယုန္ ၊ဘိုေကာင္းႏွင့္စစ္ေသြးကိုေတြ႔လိုက္ရသည္။ကားေပၚမွာ မိုးလင္းက ဝိုင့္ကိုစကားေတြေပါက္ေပါက္ေဖာက္ကာေျပာေနေသာ္လည္း ဝိုင္ကေတာ့ စိတ္မပါေပမယ့္ ေရလိုက္ငါးလိုက္ ေနေနရသည္။ဝိုင့္ကိုေခၚၿပီး မွ ေဒးဘတ္ကိုဝင္ေခၚၾကသည္။
ေဒးဘတ္မ်က္ႏွာမွာလည္း ဝိုင္ပါေနလို႔လားမသိ...မ်က္ႏွာေသႀကီးႏွင့္ စကားေတာင္မေျပာေပ...။
Barထဲကိုစဝင္လာကတည္းက ဆူညံလြန္းသည့္ အသံေတြေၾကာင့္ ဝိုင္ မခံႏိုင္ျဖစ္လာခဲ့သည္။ပထမဦးဆံုးေရာက္ဖူးျခင္းပင္..။ဟိုဟိုဒီဒီ ေလ်ွာက္ၾကည့္ ေနသည့္အခ်ိန္ ပုလဲက ဝိုင့္အေနာက္ကေန လိုက္ပါလာခဲ့သည္။
ဝိုင္းတစ္ဝိုင္းမွာ ဝင္ထိုင္လိုက္ျကၿပီးခဏမွာ စစ္ေသြးႏွင့္ဘိုေကာင္းက ဘီယာေတြေသာက္ၿပီး ထထြက္သြားၾကသည္။မိုးလင္းကလည္း ေဘးနားကေန သြား က ဖို႔ရန္တတြတ္တြတ္ေျပာေနသည္။အိမ္ကလာကတည္းက စိတ္မပါ ပါဘူးဆိုေန...။ေနာက္ဆံုးလက္ေလ်ာ့ကာ မိုးလင္းကသူ တစ္ေယာက္တည္း ထြက္သြားခဲ့ေတာ့သည္။မိုးလင္းထြက္သြားေတာ့ပုလဲက ဝိုင့္ကိုအတင္းအက်ပ္လုပ္ျပန္သည္။
သူ႔ေ႐ွ႕တြင္႐ွိေနေသာ ဘီယာေတြကို တဂြပ္ဂြပ္ေမာ့ေသာက္ရင္း ဝိုင့္ကိုပါတိုက္ျပန္ေလသည္။ဝိုင္ကေသာက္တတ္သည့္အက်င့္မရွိသည့္အျပင္ေသာက္ခ်င္စိတ္လည္း မ႐ွိသျဖင့္ အတင္းျငင္းေနေသာ္လည္း ပုလဲကမရမကပင္..။အားနာစြာႏွင့္ေသာက္မည္အျပဳမွာ...ပုလဲလက္ထဲမွ ဘီယာခြက္ကို ဆြဲလုျခင္းခံလိုက္ရၿပီး...
" မေသာက္ခ်င္တာကို...အတင္းဇြတ္တိုက္မေနနဲ႔ေလ..."
ဟုဆိုကာ ခြက္ကို ဒုန္းခနဲ စားပြဲေပၚတင္လိုက္ၿပီး ေဒးဘတ္ ေျပာလိုက္သည္..။ဝိုင္လန္႔လည္း လန္႔သြားခဲ့ကာ အံ့အားသင့္လြန္းလို႔ ေဒးဘတ္ ကိုအေၾကာင္သားေငးၾကည့္ေနမိသည္..။ေနာက္..ပုလဲက 'က' ရေအာင္ဟု ေခၚသည္ႏွင္႔ဝိုင့္မွာ မလိုက္ခ်င္လိုက္ခ်င္ႏွင့္ ပါသြားခဲ့ရျပန္သည္..။အဲ့ဒီ့အခ်ိန္ အဲ့ဒီ့အခ်ိန္မွာပဲ...ထူးဆန္းလြန္းသည့္ခံစားမွဳႀကီးကိုဝိုင္ခံစားလိုက္ရသည္..။
ရင္ဘတ္ထဲက တုန္ယင္လာခဲ့သည့္ အမ်ိဳးအမည္မသိခံစားခ်က္ႀကီးႏွင့္ အတူ...ဝိုင့္ကိုတစ္ေယာက္ေယာက္ ရပ္ၾကည့္ေနသည္ဟု ခံစားလိုက္မိတာပဲ..။နားထဲမွာလည္း..ရယ္သံလိုလိုဘာလိုလိုႏွင္ ႔ပတ္ဝန္းက်င္ကို လွည့္ပတ္ၾကည့္မိေသာ္လည္း ေရာင္စံုမီးေရာင္ႏွင့္ကေနၾကသည့္ သူေတြအျပင္ဘယ္သူမွမေတြ႔...။
စိတ္ေတြ႐ွဳပ္ေနရသည့္ ၾကားထဲမွာဘယ္ကေကာင္မေလးမွန္းမသိ...ဝိုင့္အနားမွာရစ္သီရစ္သီနဲ႔ လာကပ္ေနျပန္သည္.။ပုလဲကိုၾကည့္မိေတာ့ဘယ္ေရာက္သြားလည္း မသိေတာ့..။ေဘးနားက သတၱ၀ါ မေလးကလည္း အလိုက္ကန္းဆိုးမသိစြာ လိုက္ကပ္ၿပီးအတင္းကို ကေနသည္။ပံုစံၾကည့္လိုက္ေတာ့လည္း ဆံပင္နီေၾကာင္ၾကားကေလး႐ုပ္ႀကီးႏွင့္..။ဝိုင္စိတ္ပ်က္စြာ ပုလဲကို.႐ွာေနစဥ္မွာပင္...ေဒးဘတ္ က႐ုတ္တရက္ႀကီးေရာက္ခ်လာၿပီး...ဝိုင့္ကို မိန္းကေလးတစ္ေယာက္ကို ကာကြယ္ေပးသလိုႏွင့္ကာကြယ္ေပးေနေတာ့သည္..။အခုလိုၾကေတာ့လည္း..ဝိုင့္ကိုဂ႐ုစိုက္ေနသလိုပါပဲလား...။
အျပံဳးႏွင့္ သူ႔စကားကို နာခံစြာလွည့္ထြက္မိေတာ့.. ရင္ဘတ္ထဲက အဆမတန္နာက်င္လာခဲ့သည္။အသံေတြစူးၿပီး...ေခါင္းကမတရားထိုးကိုက္လာသည္။
" အဟက္....ဟက္...ဟက္..."
ေၾကာက္စရာေကာင္းလွေသာ ရယ္သံႀကီး...။
ဝိုင့္အနားနားတိုးကပ္ရယ္လိုက္သလို...
အေဝးကေနလည္း ျကားရျပန္သည္။ဘယ္သူလဲ...
အကူအညီ လာေတာင္းသည့္ သူေတြေတာ့မျဖစ္ႏိုင္..။ဒါဆို ဘယ္သူလဲ...ဘယ္သူ႐ွိႏိုင္မလဲ...။
ေတြးရင္းေတြးရင္းႏွင့္ အျမင္အာရံုေတြေဝဝါးစြာ
ၾကမ္းျပင္ေပၚသို႔ ဝိုင္ျပစ္လဲက်သြားေတာ့သည္။
ဝိုင့္ကို ဘယ္သူ လာထူ သလဲ...ဝိုင့္အနား
ဘယ္သူအေျပးေရာက္လာသလဲ...ဝိုင္မသိ...။
ဝိုင္သိတာ တစ္ခု႐ွိသည္။ဝိုင့္ရင္ထဲ...စိတ္ထဲကေန..ခံစားသိေနရသည္။ဝိုင့္ကို တစ္ေယာက္ေယာက္ က မတ္တပ္ရပ္ၾကည့္ေနခဲ့သည္။ဝိုင္ မျမင္ႏိုင္ေသာ တစ္ေယာက္ေယာက္က...ဝိုင့္ကို ခပ္လွမ္းလွမ္းကေနၾကည့္ေနတာ ကို ခံစားသိေနခဲ့သည္။
" ေဒးဘတ္................."
က်ယ္ေလာင္ေသာအသံနက္ႀကီးေၾကာင့္ သူေကာ...ဝိုင့္ကိုေစာင့္ၾကည့္ေနၾကသည့္ လူေတြအကုန္လံုးေခါင္းေထာင္လာကုန္ၾကသည္။ဝိုင္က သူတို႔မသိေသာ နာမည္တစ္ခုကို ေအာ္ေခၚကာ...ႏိုးထလာခဲ့သည္။
" ဝိုင္...ဝိုင္...စိတ္ၿငိမ္ၿငိမ္ထားေလ.."
" ေဒးဘတ္..သူ...သူ...ဘယ္မွာလဲ...အင့္...
မဟုတ္ဖူး...တစ္ေယာက္ေယာက္.....ငါ့ကို....ငါ့ကို
ၾကည့္...ၾကည့္ေနတယ္...."
တုန္ယင္တိုးခိုက္ေနေသာ အသံႏွင့္အတူ ဝိုင့္ ပါးျပင္ေပၚမွ မ်က္ရည္ ေတြစီးက်လာေတာ့
ေသာ္မ်က္ေမွာင္ၾကဳတ္ ၾကည့္လိုက္မိသည္။ဒီလိုနဲ႔...႐ူးမွာပဲ...။ဘာကိစၥ မ်က္ရည္ေတြက်ေနရတာလဲ။မ်က္ရည္ေတြျမင္ၿပီး ေသာ့္ရင္ထဲမေကာင္းေတာ့။ထို႔ေၾကာင့္
" ဘယ္သူမွ...ဘာမွမ႐ွိဘူး.....ငါ့အိမ္ေရာက္ေနတာ...ဘယ္ဝိဥာဥ္...ဘာသရဲမွမ႐ွိဘူး...." ဟုေအာ္ေျပာလိုက္မိသည္။
ပုလဲက သူ႔ကို မ်က္ေထာင့္နီႀကီးႏွင့္ စိိုက္ၾကည့္လာခဲ့သည္။ေသာ္ဂ႐ုမစိုက္ ေျပာခ်င္တာကိုသာဇြတ္ေျပာလိုက္မိသည္။
" ဟုတ္တယ္ေလ...အိမ္မက္ဆိုးေတြမက္ၿပီး...
ေလ်ွာက္ျမင္ေနတာကို...ဘယ္သူကၾကည့္ေနမွာလဲ...အားမ႐ွိလို႔....ေမ့လဲသြားခဲ့တာ..မသိရင္..တစ္ေယာက္ေယာက္က တစ္ခုခုလုပ္လိုက္သလိုနဲ႔
ဘယ္လိုေတာင္လားကြာ စိတ္ရွဳပ္ေနရတဲ့ၾကားထဲ...က်စ္...တကယ့္အရွဳပ္ထုပ္ပဲ..."
" ေသာ္...မင္းပါးစပ္ပိတ္ၿပီးအသာေနစမ္းပါ..."
ေသာ့္ထံမွစိတ္ပ်က္လက္ပ်က္စကားေၾကာင့္ ဝိုင္ကဝမ္းနည္းေနသည့္ မ်က္လံုးဝိုင္းေတြႏွင့္ စိုက္ၾကည့္လာခဲ့သလို...အလင္းက စိုးရိမ္စြာတားျမစ္ေလသည္..။ထိုသို႔ဆိုေတာ့လည္း ေသာ့္မွာ ေျပာၿပီးဆိုၿပီး ရင္ထဲမေကာင္း။မ်က္ႏွာငယ္ေလးႏွင့္ ႐ွိဳက္႐ွိဳက္ၿပီး ဝမ္းနည္းေနသည့္ ပံုေလးကိုၾကည့္ၿပီး ေသာ္ပါ လိုက္ၿပီးငိုခ်င္လာသလို။
တကယ္ဆို ေဖ်ာ့ေတာ့ေနသည့္ ေကာင္ေလးကို သူ႔မွာ စိုးရိမ္စိတ္ေတြႏွင့္ အတင္းကာေရာ ေပြ႕ခ်ီျပီး ဘယ္ကိုေခၚသြားရမလဲမသိ ျဖစ္ေနခဲ့တာ။အသည္းအသန္ စိတ္ေတြပူၿပီး သူ႔အိမ္ကိုသာေခၚလာျဖစ္ခဲ့သည္။သူ႔အိမ္ကနီးသည္ကိုး...။သူေနမေကာင္းျဖစ္ရင္အျမဲလာေနၾက ေဒါက္တာကိုဖုန္းဆက္ေခၚထားလိုက္သည္။
သူတို႔အိမ္လည္း အေ႐ာက္ေဒါက္တာကလည္း အေ႐ာက္ျဖစ္သည္။အားလံုးစမ္းသပ္ၿပီးသြားေတာ့ အဓိကအခ်က္က ဝိုင္အားပ်က္သြားၿပီးေမ့လဲသြားျခင္းပင္..။အားေဆးပုလင္းကိုခ်ိတ္ေပးကာ...လံုးဝမစိုးရိမ္ရေတာ့မွ ေဒါက္တာကျပန္သြားခဲ့သည္။
ထိုအခါမွ သူ႔မွာ ဘာမွန္းမသိခံေနသည့္ အလံုးႀကီးက်သြားခဲ့သည္။အခု ႏိုးလာေလေတာ့ ဘယ္သူမွန္းမသိသည့္ နာမည္ကို ေအာ္ေခၚၿပီး ဒီေကာင္ေလး ႏိုးလာခဲ့သည္။ျဖစ္သင့္ရဲ႕လား။
သို႔ႏွင့္ ဘာေၾကာင့္မွန္းမသိ ေဒါသေတြ ထြက္လာၿပီး အကန္ေတြခ်ည္း ေျပာလိုက္မိသည္။
ဝိုင့္ကို ျပန္ၾကည့္မိေတာ့ ပုလဲဖက္တြယ္ထားသည့္လက္ေတြထဲတြင္အတန္ၾကာတိတ္ဆိတ္ၿငိမ္သက္ေနရွာသည္။သူ သက္ျပင္းခပ္သဲ့သဲ့ ခ်မိ၏။
" sorry...အားလံုး ကိုေတာင္းပန္ပါတယ္ ငါ့ေၾကာင့္အလုပ္႐ွဳပ္သြားၾကရၿပီ..."
" ေသခ်ာတာေပါ့...အလုပ္႐ွဳပ္သြားတာေတာ့အမွန္ပဲ..."
ေသာ္ေျပာခ်င္တာ တစ္ျခား ႏွဳတ္မွထြက္သြားသည္ ကတစ္ျခားျဖစ္ေနသည္။ဝိုင့္ကိုကမန္းကတန္းၾကည့္မိေတာ့ ကေလးေလး တစ္ေယာက္လိုငိုမဲ့မဲ့ပံုစံႏွင့္ပါေလ။
" ေသာ္...နင္ဘယ္လိုျဖစ္ေနတာလဲ..."
" ေသာ္...မင္းခဏေလးတိတ္တိတ္ေနေပးစမ္းပါ..."
ေသာ့္ ထံမွ ေနာက္ဆက္တြဲ ထြက္လာသည့္ စကားေတြေၾကာင့္ ပုလဲႏွင့္အလင္းက အသံထြက္သတိေပးသလို ဘိုေကာင္းက လည္း ႏွဳတ္ခမ္းမွာလက္ညိဳးကိုဖိကပ္ရင္း အသံတိတ္ေနဖို႔သတိေပးေလသည္။သူလည္း သက္ျပင္းထပ္မံခိုးခ်မိကာဘာမွထပ္မေျပာေတာ့ပဲ တိတ္တိတ္ဆိတ္ဆိတ္ ေနေပးလိုက္ေတာ့သည္။ခဏအၾကာငတိေလးလံုးဝ အဆင္ေျပသြားေလမွ အလင္းက ဝိုင့္ကို အိမ္လိုက္ပို႔ေပးရန္ ပုလဲကိုပါအေဖာ္ေခၚသြားခဲ့သည္။
တကယ္ေတာ့ ေသာ္ကိုယ္တိုင္လိုက္ပို႔ေပးခ်င္တာ။
သူ႔ရဲ႕ စိတ္ထဲကမပါသည့္ စကားေတြေၾကာင့္ လိုက္ပို႔ဖို႔အခြင့္အေရးမရွိေလေတာ့။
" ေက်းဇူးအမ်ားႀကီးတင္ပါတယ္...ေသာ္..."
ထိုငတိေလးထြက္သြား မည့္အခ်ိန္တြင္သူ႔ကိုေနာက္ျပန္လွည့္ကာ ေျပာလိုက္သည့္ ဝိုင့္ေၾကာင့္ သူတစ္မ်ိဳးႀကီးခံစားလိုက္ရသည္။
ေသာ္..လို႔ေခၚလိုက္သည့္ ဝိုင့္အသံ...။
တစ္ျခားသူေတြေခၚေနၾကျဖစ္ေပမယ့္.....ဝိုင္ေခၚလိုက္သည့္ ေသာ္ ဆိုသည့္ အသံက ေၾကကြဲဆို႔နင့္မွဳ
ေတြပါေနသလိုလို...။
သူလွည့္ၾကည့္စဥ္က...
ဝိုင့္မ်က္ဝန္းေတြထဲတြင္...မ်က္ရည္ၾကည္ေတြစိုစြတ္ေနေနသလို ......။ဝိုင္ထြက္သြားၿပီးသည့္အခ်ိန္ထိ ေနရာတြင္မလႈပ္မယွက္ ထြက္ခြာသြားသည့္ထိုငတိေလးကိုၾကည့္ေနမိတုန္းပင္...။အဲ့ဒီ့ခံစားခ်က္ႀကီးကဘာလဲ...။မိုးေသာက္ဝိုင္ရဲ႕
မ်က္ဝန္းေတြကို ေတြ႔လိုက္ရခ်ိန္ခဏမွာ...ေျပးသြားၿပီး အေနာက္ကေန ဖက္ထားလိုက္ခ်င္တဲ့စိတ္... မသြားပါနဲ႔လို႔တားခ်င္တဲ့စိတ္ေတြ ရွိေနရတာလဲ။
ဘာလို႔....အမ်ိဳးအမည္မသိတဲ့ ခံစားခ်က္ႀကီးကို
သူခံစားေနရတာပါလိမ့္။
# # #
" ငါ့ကို...အိမ္ေပၚထပ္က...ဝိုင္ထည့္တဲ့ပန္းကန္လံုးေတြသြားယူေပးစမ္းပါ...."
" ဘာ...."
" လုပ္ပါဟယ္....နင္ကလဲ...ဘိုေကာင္းတို႔က
ဘီယာေတြသြားဝယ္ေနလို႔ပါ...."
ပုလဲရဲ႕ေမြးေန႔ပြဲတြင္ျဖစ္သည္။တကယ္တမ္းသူ႔စိတ္နဲ႔သာဆို လံုးဝမလာခ်င္ေပ။စိတ္မပါတာကတစ္ေၾကာင္း...ပုလဲကိုအျမင္ကတ္ေနတာကတစ္ေၾကာင္း...ဟိုငတိေလးကိုျမင္လွ်င္ အလိုလိုဝမ္းနည္းလာသည့္စိတ္ႀကီးေၾကာင့္ ျဖစ္သည္။ရည္းစားေဟာင္းရဲ႕ေမြးေန႔ပြဲမွာရွိေနရသည့္အျပင္ ထိုရည္းစားေဟာင္းႏွင့္ သူ ၏ ဆက္ဆံေရးကလည္း ဘာမွအဖုအထစ္မရွိေလေတာ့သည့္ ဆက္ဆံေရးႀကီး။တကယ္ဆို ပုလဲႏွင့္သူႏွင့္က မေခၚမေျပာျဖစ္ေနရမွာအခုကထိုသို႔လည္းမဟုတ္။မိုးေသာက္ဝိုင္ေနမေကာင္းျဖစ္ၿပီးေနာက္ပိုင္းၾကားထဲမွာပုလဲနဲ႔မေတြ႕ျဖစ္တာ ၁ရက္နဲ႔ေန႔တစ္ပိုင္းေလာက္ၾကာသြားသည္။ပုလဲကေတာ့ ငတိေလးဆီတစ္ေန႔လံုးသြားေနေပးေလသည္။သူကေတာ့ သူ႔ခံစားခ်က္ေတြဘာျဖစ္ေနသလဲ ဆိုတာ စဥ္းစားရင္း...အခ်ိန္ေတြကုန္ခဲ့သည္။အခ်ိန္ေတြကုန္ခဲ့သည့္တိုင္ေအာင္...ဘာအေျဖမွ သူ႔ရဲ႕ဦးေႏွာက္ထဲကထြက္မလာခဲ့ေပ....။
" အလင္းက...လာျဖစ္ခ်င္မွလာျဖစ္မယ္...သူ႔ရဲ႕
ပေဟသီ ကို ခစားေနရတယ္တဲ့ေလ..."
ပုလဲက မဲ့ကာရြဲ႔ကာေျပာေလသည္။သူကေတာ့
ႏႈတ္ခမ္းေထာင့္စြန္းတြင္ ျပံဳးရိပ္ထင္သည္။
အလင္းက ဘယ္တုန္းက သူ႔အေဖစကားကို
လြန္ဆန္ခဲ့ဖူးလို႔လဲ...။ဒါေတာင္မ်ား သူ႔ကိုစကားနဲ႔ အႏိုင္ပိုင္းခ်င္ေနေသး။
" တီတီရဲ႕ မိတ္ေဆြေတြေရာက္ေနၿပီ.....ျမန္ျမန္သြားယူေပးစမ္းပါဟာ...."
ပုလဲ မရမက သူ႔ကိုယ္လံုးကို တြန္းလြတ္ေနေတာ့ သူသက္ျပင္းခ်ရင္း...ပုလဲတို႔အိမ္ထဲဝင္ခဲ့လိုက္သည္။ေနာက္လွည့္ၾကည့္လိုက္ေတာ့ ပုလဲက
သူမရဲ႕လူနဲ႔သာယာေနၿပီ...။ပုလဲေရြးခ်ယ္လိုက္တဲ့သူကလည္း သူ႔ထက္ႀကီးတယ္သာဆို...႐ုပ္ကိုက ကေလးကလား႐ုပ္ႀကီးနဲ႔....။ဘာၾကည့္ႀကိဳက္သလဲမသိ...။ပုလဲရဲ႕လူက သူ႔ထက္သာမေနသည့္အတြက္အနည္းငယ္ေတာ့ေက်နပ္သြားရသည။္သူ႔အေတြးကို သူသေဘာက်စြာရယ္ရင္း...အိမ္ေပၚထက္ ပန္းကန္ခြက္ေရာက္ေတြထားရာဘက္သို႔ သူတက္ခဲ့သည္။
ဝိုင္ေတြ သိုေလွာင္ထားသည့္ ဘက္သို႔အၾကည့့္ေရာက္မိေတာ့ တံခါးအနည္းငယ္ ဟထားသည္ကိုေတြ႔လိုက္ရသည္။ဒီအခန္းက ဝိုင္ေတြခ်ည္းသာသိုေလွာင္ထားသည့္အခန္း။ပုလဲ တို႔မိသားစုက ဝိုင္လုပ္ငန္းလုပ္သည္မို႔ ဝိုင္ေတြသီးသန္႔ထားသည့္အခန္းရွိသည္။ထိုအခန္းကဘာလို႔တံခါးဟ ထားသည္မသိသူ႔အလုပ္မဟုတ္တာေၾကာင့္ ေ႐ွ႕ဆက္သြားမည္ျပင္လိုက္ေတာ့...တံခါးၾကားထဲကေန အရိပ္၁ခုခုကို ျဖတ္ခနဲေတြ႕လိုက္ရသည္။ဘယ္သူလဲသူခိုးလား...အထင္ျဖင့္အနားကပ္ကာ တံခါးဆြဲဖြင့္လိုက္ေတာ့....ဝိုင္ေတြအျပင္ဘာဆုိဘာမွ႐ွိမေနခဲ့ေပ...။သူ ဇေဝဇဝါႏွင့္ တံခါးကိုျပန္ပိတ္လိုက္ကာအေနာက္သို႔လွည့္လိုက္မိေတာ့
" ဟား....လန္႔တာကြာ...အသံေလးဘာေလးေပးပါလား....က်စ္..."
႐ုတ္တရက္ႀကီး ငတိေလးရဲ႕ မ်က္ႏွာႀကီးကိုေတြ႕လိုက္ရသည္ေလ။မေတြ႕ခ်င္ပါဘူးဆို ပက္ပင္းကိုလာတိုးတာ။ပုလဲေမြးေန႔မို႔ မရမကေရွာင္ခ်င္ရင္ေတာင္သူေရွာင္လို႔ရမွာမဟုတ္။
" ဟို...sorry...sorryပါ...ပုလဲက...ဝိုင္ေတြလာယူခိုင္းလိုက္တာ..."
" ဟိုမွာ...ျမင္လား....ဟို....ေရခဲေသတၱာ ထဲမွာ...ဒီဟာကဝိုင္သိုေလွာင္ခန္း.."
သူက လန္႔သြားသည့္ရင္အစံု ဖိရင္း မိုးေသာက္ဝိုင္ ကိုၫႊန္ျပလိုက္သည္။ဝိုင္က မ်က္လံုးေလးကလယ္ကလယ္ႏွင့္ သူၫႊန္ျပသည့္ေနရာကိုသြားလိုက္ကာ ေရခဲေသတၱာ ကိုဖြင့္လိုက္ရင္းဝိုင္ႏွစ္ပုလင္းယူသြားလိုက္သည္။သူလည္း ဗီ႐ိုထဲဖန္ခြက္ေတြကိုယူလိုက္ရင္း...မိုးေသာက္ဝိုင္ရဲ႕အေနာက္ကေန လိုက္သြားလိုက္မိသည္။
ဘယ္လိုမွ ထင္မွတ္မထားေသာ....
ဘယ္လိုမွ မေမ်ာ္လင့္ထားေသာ...ျဖစ္ရပ္ႀကီးကို
သူရင္ဆိုင္လိုက္ရသည္။
သူ႔အေနာက္ဘက္က...တစ္ေယာက္ေယာက္က
တြန္းလိုက္သလို....မဟုတ္ဖူး....တကယ့္ကို
သူအတြန္းခံလိုက္ရတာ...။ဟုတ္တယ္...။
သူ႔ကိုယ္သူမထိန္းႏိုင္ခဲ့ဘူး...။
သူဖန္ခြက္ေတြ ပိုက္ထားရင္း...သူ႔ကိုယ္သူ မထိန္းႏိုင္စြာ...အေ႐ွ႕တြင္ သြားေနေသာ...မိုးေသာက္ဝိုင္ကို သူကလဲ ျပန္လည္တြန္းလိုက္သလို ျဖစ္သြားခဲ့သည္။အျဖစ္အပ်က္ေတြက ျမန္ဆန္လွသလိုတိုက္ဆိုင္လြန္းေနသည္ကလည္း အံ့ျသဖို႔ေကာင္းလွသည္။မိုးေသာက္ဝိုင္ ေလွကားထစ္ ေတြဆင္းေနရင္း...ေအာက္သို႔ေရာက္ရန္...ေလးထစ္၅ထစ္ေလာက္အလိုမွာျဖစ္သည္။သူ႔ရဲ႕ အားပါလွေသာတြန္းလိုက္မွဳေၾကာင့္ ဝိုင့္လက္ထဲက ဝိုင္ပုလင္းေတြလြတ္က်သြားကာ ဝိုင္ကိုယ္တိုင္လဲေလွကားေပၚမွ ဒလိမ့္ေကာက္ေကြးျပဳတ္က်သြားခဲ့သည္။သူကေတာ့...အေ႐ွ႕မွာ ဝိုင္႐ွိေနသည့္အတြက္ေၾကာင့္ ဘာမွမျဖစ္သြားခဲ့ေပ...။ဝိုင့္ဦးေခါင္းထက္မွ တစ္စိမ့္စိမ့္ထြက္က်ေနသည့္ ေသြးေတြကို ျမင္မွ သူအသိဝင္ကာဝိုင့္ဆီကိုသြားဖို႔ျပင္လိုက္သည္။သို႔ေသာ္...သ႔ူေျခေထာက္ေတၤကိုလႈပ္လို႔မရ...။တစ္ကိုယ္လံုးတုန္ယင္ေနကာေၾကာက္လန္႔စြာ ရပ္ေနခဲ့မိသည္။
" ဝိုင္...."
" ဘုရားေရ....ဘာေတြျဖစ္ကုန္တာလဲ..."
အိမ္ထဲဝင္လာၾကသည့္ ပုလဲႏွင့္အလင္းက ၾကမ္းျပင္ထက္တြင္ ေခါင္းမွေသြးေတြထြက္ေနသည့္ဝိုင့္ကိုျမင္ကာထေအာ္ၾကသည္။အလင္းက ဝိုင့္ကို စိုးရိမ္တႂကီးေျပးေပြ႔ကာ ေမး႐ိုးေလးကိုကိုင္ၿပီး လွဳပ္ႏိုးေနသည္။ဝိုင္ကေတာ့ တုပ္တုပ္မ်ွပင္မလုပ္ပါ...။
" ဘာ..ဘာေတြျဖစ္ကုန္တာလဲ...ေသာ္ရယ္..."
ပုလဲရဲ႕ငိုသံႏွင့္ေရာေထြးေနသည့္အသံၾကားမွသူ
အသိေတြျပန္ဝင္လာသည္။သူေလွကားထစ္ေတြကေန အျမန္ေျပးဆင္းခဲ့မိသည္။မဟုတ္ဘူး အဲ့လိုမဟုတ္ဘူး...။ဝိုင့္ကိုသူနည္းနည္းေလးမွ မထိခိုက္ေစခ်င္ခဲ့ဘူး...။
" မထိနဲ႔..."
ဝိုင့္ကိုေပြ႔ယူရန္ သူ ႀကိဳးစားလိုက္မိသည့္အခ်ိန္တြင္အလင္းက သူ႔လက္ကို ပုတ္ခ်ကာ...အသံနက္ႀကီးႏွင့္ၾကံဳးေအာ္ေလသည္။သူ႐ုတ္တရက္ ေၾကာင္သြားရကာ လက္ျပန္႐ုတ္လိုက္သည့္အခ်ိန္တြင္အလင္းက ဝိုင့္ ကိုခ်ီေပြ႔ကာ ေခၚသြားေလေတာ့သည္။ပုလဲကလဲ စိုးရိမ္တႀကီးႏွင့္...အလင္းေပြ႔ခ်ီရာေနာက္ကိုပါသြားခဲ့သည္။သူကေတာ့ ငူငူႀကီးရပ္ေနမိဆဲပင္ျဖစ္သည္။
ေတာင္းပန္ပါတယ္.....ေတာင္းပန္ပါတယ္....
မိုးေသာက္ဝိုင္ရာ...ငါ...ငါ....တမင္တြန္းခ်တာမဟုတ္ပါဘူး....မင္းကိုငါ ဘယ္လိုတြန္းခ်ရက္ပါ့မလဲ မင္းသိတယ္မလား...ငါ့ကိုမင္းယံုတယ္မလား....
သူ မ်က္လံုးေတြ မွိတ္ခ်ၿပီး အဆတ္မျပတ္ေျပာေနမိသည္။ေနာက္..သူၾကမ္းျပင္ေပၚထိုင္ခ်လိုက္မိသည္။သူ႔ ေျခေထာက္တြင္စူးေနေသာ
ပုလင္းကြဲစေတြကို အတန္ၾကာေငးေနမိသည္။
မဟုတ္ဖူး...သူ...မိုးေသာက္ဝိုင္ေနာက္လိုက္သြားရမည္ေလ...။သူကမန္းကတန္းထကာ..
အိမ္ျပင္သို႔ အေျပးထြက္လာခဲ့လိုက္သည္။
အျပင္က ဝိုင္းၾကည့္ေနၾကသည့္လူေတြကို
ဂ႐ုမစိုက္ႏိုင္...။နာက်င္ေနသည့္ ေျခဖဝါးျပင္ေတြကိုလည္း သူဂ႐ုမစိုက္အားေတာ့ေပ....။
~~~~~~~~~~~~~~~~~~~~~
(unicode)
(zawgyi)
ဒေးဘတ် အိမ်မှ ဝိုင်ပြန်လာခဲ့တော့ ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိသဖြင့် အိမ်ရောက်တာနှင့်အခန်းထဲသို့ ဝင်ကာ တန်းအိပ်လိုက်မိသည်။
အိမ်မက်ထဲတွင်ဒေးဘတ်ကို ဝိုင်တွေ့လိုက်ရသည်။ဒေးဘတ် နှင့် ဝိုင်တို့နှစ်ယောက်ကြားထဲတွင်..
မြူတွေကခြားနေခဲ့သည်။ဒေးဘတ်ကိုဝိုင်
အသည်းအသန် လိုက်ရှာနေမိသည်။မြူတွေကြားထဲ ပုန်းလျှိုးပျောက်ကွယ်သွားတာတောင် ဝိုင်...ဒေးဘတ်နာမည်ကိုတကြော်ကြော်အော်ကာ လိုက်ရှာခဲ့သည်။နောက်ဆုံး....ဒေးဘတ်ဆီမရောက်နိုင်ပဲ ချွေးတွေတစ်လုံးလုံးနှင့် အိမ်မက်ကနေနိုးထလာခဲ့သည်။
ဒီတစ်လော အိမ်မက်တွေထဲမှာဒေးဘတ်ကို မကြာခဏတွေ့နေရသည်။အိမ်မက်တွေထဲတွင် ဒေးဘတ်က ဝိုင့်ဆီကိုမရောက်ရောက်အောင်လာခဲ့ပြီး ဝိုင့်ကို အမြဲလာရှာတတ်သည်။အပြင်က လက်တွေ့ ဒေးဘတ်နှင့် တော့တစ်ခြားဆီပင်...။
အိပ်ယာမှလေးပင်စွာ ထလိုက်ပြီးအပြင်ထွက်လိုက်မိတော့ ထမင်းစားနေသည့် တည်ကြည်ကိုတွေ့လိုက်ရသည်။နံရံတွင်ကပ်ထားသည့်နာရီကို
ကြည့်မိတော့ ရှစ်နာရီမတ်တင်းနေပြီ.....။
တည်ကြည်က ဝိုင်အခန်းထဲမှ ထွက်လာသည်ကိုမမြင်ပဲ ငေးတိငေးငိုင်စွာနှင့် ထမင်းစားနေလေသည်။ဝိုင် accidentဖြစ်ခဲ့ပြီးပြန်နိုးထလာသည့်အချိန်တွင် တည်ကြည် နှင့်ဝေးသွားသလိုခံစားရသည်။ဟုတ်သည်....တည်ကြည် နှင့်ဝိုင်ကျောင်းတက်တာခြင်းမတူတော့လို့ပဲလားတော့မသိ...။တည်ကြည်က အိမ်မှာမရှိတာများသည်။အမြဲကျောင်းပဲသွားနေသည်.။နေ့လည်ခင်းဆိုလည်း အိမ်သို့ ပြန်မလာတတ်...။ကျောင်းဒါမှမဟုတ် ဆိုင်တစ်ဆိုင်ဆိုင်တွင် အဆင်ပြေသလို ကြုံရာစားသည်။
ဝိုင့်အတွက်တော့တည်ကြည်က မမေ့မလျော့ထမင်းနှင့် ဟင်းတွေစီစဉ်ပေးသွားတတ်မြဲပင်။ဝိုင့် ခမျာတော့ ဘာအလုပ်မှမလုပ်ပဲ ပျင်းသည့်အခါအပြင်ထွက် ၊ပြီးမှ တိုက်ခန်းသို့ ပြန်လာခဲ့ပြီး တည်ကြည်ပြင်ထားပေးသည့် အစားအသောက်တွေပဲစားခဲ့တာချည်း။ညနေခင်းဆိုလျှင်လည်း ဝိုင်က ပုလဲတို့နှင့် အမြဲလိုက်သွားတတ်တာများတော့ တည်ကြည်အနားမှာရှိမနေနိုင်ပေ...။တည်ကြည်များ ဝိုင့်ကိုစိတ်ခုနေပြီလားလို့ တွေးထင်မိသော်လည်း တည်ကြည့်ပုံစံက ထိုသို့လည်းမဟုတ်။ထမင်းစားနေသော တည်ကြည်ဘေးတွင် ဝိုင်ဝင်ထိုင်လိုက်သည်။
" နိုးလာပြီလား...ဘာစားပြီးပြီလဲ...ငါခူးလိုက်ရတော့မလား...."
တည်ကြည်ကဝိုင့်ကိုမြင်သည် နှင့်ငေးငိုင်နေရာမှချက်ချင်းအသိ ပြန်ဝင်လာသလို ပြုံးကာပြောနေသည်ကိုကြည့်ရင်း ဝိုင့်အတွေးတွေမှားယွင်းနေကြောင်းသတိပြုမိသည်။ငယ်သူငယ်ချင်းမို့လို့လားမသိ
တည်ကြည် အပြုံးနဲ့တင် ဝိုင့်တစ်ကိုယ်လုံးနွေးထွေးသွားခဲ့သည်။တည်ကြည့်ကိုပြန်လည်ပြုံးပြရင်း...မတ်တပ်ထရပ်ကာ ထိုင်နေသည့် တည်ကြည့် အနောက်ကနေ ပုခုံးကိုသိုင်းဖက်လိုက်မိသည်။
" ဟာ....လန့်လိုက်တာဝိုင်ရာ...ဘယ်လိုဖြစ်တာလဲ.....ကောက်ခါငင်ခါကြီးပါလား...နေပါဦး ....ပြော...မင်းဘာတွေဖြစ်လာပြန်တာလဲ...."
ဒေးဘတ် ဝိုင့်အနားကထွက်သွားခဲ့သည့်အချိန်တုန်းက တည်ကြည့်ကိုအတင်းဖက်ကာဝိုင် ငိုးကြွေးဖူးခဲ့သည့် ကိစ္စကို သတိပြန်ရရင်း စိုးရိမ်တကြီး ပြောမိသည်။ဝိုင် သိုင်းဖက်ထားလေသော လက်နှစ်ဖက်ကို တည်ကြည်ကသူ့လက်တွေနှင့်ကိုင်လိုက်ကာ ဘေးမှာပြန်ထိုင်စေပြီး အလောတကြီးမေးလေသည်။
" မဟုတ်ပါဘူး...ရုတ်တရက်ကြီးမင်းကိုဖက်ချင်
လာလို့ပါကွာ..မင်းကလဲ..."
" အမလေးလေး....အထူးအဆန်းပါလားကွာ.."
" အရင်ကလည်း...အဲ့လိုဖက်နေကြပဲလေ...ထူးဆန်းလို့လား...."
" မပြောတတ်ဘူးလေ...အခုတလော..မင်းစိတ်တွေ ဘယ်လိုဖြစ်နေလဲ...ငါမှမသိနိုင်တာ....
ဟိုတစ်ခေါက်ကလည်း...အသည်းအသန်ကြီး ငိုချလာတော့...ငါ့မှာဘာများဖြစ်သလဲဆိုပြီး....မင်းကို အရိပ်တကြည့်ကြည့်နဲ့စောင့်ကြည့်နေရတာရင်တမမပဲ...ဟော..နောက်ကြတော့....ဘာမှမဖြစ်သလိုပုံမှန်ပြန်ဖြစ်သွားရော...အခုလည်း...ငါ့ကိုဘာမပြောညာမပြောနဲ့... ဖက်ပြန်ပြီ....မင်း ဟုတ်မှဟုတ်သေးရဲ့လား ငါလည်း အဆိုင်းမန့်တွေနဲ့ project တွေ နေ့မအိပ်ညမအိပ်လုပ်နေရတာနဲ့ မင်းကို လွတ်ထားမိသလို ဖြစ်နေတယ် မဟုတ်ကဟုတ်ကတွေများ လျှောက်လုပ်နေသလား ငါပြောထားတယ်နော် ငါ့စကားနားမထောင်ရင် အိမ်ပြန်ရမယ်သာမှတ်..."
" အာ အဲ့လိုမဟုတ်ပါဘူး တကယ် အန္တရာယ်မရှိပါဘူးဆို ဒီအတိုင်း...မင်းကိုမပြောပြဖြစ်သေးတဲ့ ....ကိစ္စလေးတွေတော့ အများကြီးဖြစ်သွားခဲ့တယ်...မင်းကိုတစ်နေ့တော့ပြောပြဖြစ်မှာပါ...ငါ့စိတ်တွေအဆင်သင့်မဖြစ်သေးလို့.....ခုဏကဖက်လိုက်တာကဘယ်လိုပြောရမလဲ...မင်းနဲ့ငါနဲ့တစ်အိမ်ထဲအတူတူနေဖြစ်နေပေမယ့်...ငါတို့ဝေးနေသလို
ကြီးဖြစ်နေသလိုပဲလေ...ငါကလည်းအမြဲ ပုလဲတို့နဲ့
သွားပြီးအချိန်ကုန်တာများနေတာ မင်းကိုပစ်ထားသလိုဖြစ်နေတာ....မင်းကိုလည်း အားနာလို့ပါ...မင်းတစ်ယောက်တည်းအထီးကျန်နေမလားတွေးမိလို့....."
ဝိုင့်စကားသံအဆုံးမှာ တည်ကြည်က ခပ်ယဲ့ယဲ့လေးပြုံးလာခဲ့သည်။စားနေတာကို လက်စသတ်
လိုက်ပြီးထမင်းပန်းကန်ကိုဘေစင်နားမှာသွားထားကာ
" မင်းမပြောပြနိုင်တဲ့ကိစ္စ ကိုငါအခုသိချင်ပေမယ့် မင်းပြောပြလာမယ့်အချိန်ထိစောင့်မှာပါ...ဘာလို့ဆိုငါနားလည်ပေးနိုင်လို့ပဲ...ငါတို့ကသူငယ်ချင်းတွေလေ ....ညီအစ်ကိုတွေဆိုလည်း ဟုတ်တယ်...မင်းကိုငါ့ညီလေးအဖြစ်အမြဲတွေးထားတယ်..ငါကိုယ်တိုင်လည်း မင်းကို ပြောပြစရာတွေရှိတယ်...အင်း..မင်းပြောသလို....ငါလည်းအဆင်သင့်မဖြစ်သေးလို့ပြောပြဖို့အရှိန်ယူနေတယ်ပေါ့......မင်း ပုလဲတို့နဲ့သွားတာ...ငါဘယ်လိုမှမနေပါဘူး...မင်းဆေးရုံ တက်နေရကတည်းက ငါ၁ယောက်တည်းနေခဲ့တာနေသားကျနေပြီ...အထီးကျန်မယ်ဆိုရင်လည်း အဲ့ကတည်းက အထီးကျန်နေတာဆိုတော့ငါ့အတွက်ကရိုးနေပြီ...ငါက အခုဂုဏ်ထူးတန်းဆိုတော့စာတွေကလည်းများတယ်..စာတမ်းဖတ်တာတွေလည်း ရှိတော့ ကျောင်းကိုအချိန်တိုင်းသွားနေရတယ်...တကယ်တော့ငါကမင်းကိုပစ်ထားမိတာပါ...မင်း၁ယောက်တည်းဖြစ်မှာအထီးကျန်မှာစိုးရိမ်နေတာ...ဒါကြောင့့်...ပုလဲတို့နဲ့သွားစရာရှိတာသွား...ငါကဘာမှမဖြစ်ဘူးအားနာမနေနဲ့...အကုန်ငါနားလည်တယ်...သူငယ်ချင်းအသစ်တွေနဲ့ပျော်နေတာမြင်နေရတာနဲ့တင်ငါစိတ်ချနေပြီ...ဒါပေမယ့် အန္တရာယ်ရှိနိုင်မယ့် မမြင်ရတဲ့ဟာတွေနဲ့ သွားမပတ်သက်ပါနဲ့ကွာနော် မင်းကုတင်ပေါ်မှာ လဲ နေတာ ငါပြန်မမြင်နိုင်တော့လို့ပါ...."
တည်ကြည် ပြောနေရင်းမှပင်...အပြင်တံခါး မှဘဲလ်သံကြောင့် နှစ်ယောက်သား ခံစားချက်တွေ ပြောနေရာမှ ရပ်လိုက်ကြပြီး မီးဖိုခန်းထဲမှ ထွက်လာခဲ့လိုက်သည်။တည်ကြည်က ဇွတ်ဇွတ်ဇတ်ဇတ်နှင့် အမြန်ပင် အခန်းတံခါးကို သွားဖွင့်ကြည့်လိုက်သည်။
အပြင်ဘက်တွင် ဘယ်သူမှ ရှိမနေခဲ့။
" ဘယ်သူ မှလည်း မရှိဘူး..."
" တံခါးမှားခေါက်တာထင်တယ်..
နှစ်ယောက်သား ဇဝေဇဝါနှင့် ထင်မြင်ချက်အသီးသီးပေးလိုက်ကြပြီး တံခါးပြန်ပိတ်လိုက်ကာ လှည့် ထွက်မည်အပြုတွင် ဘဲလ်သံ ထပ်မြည်လာခဲ့သည်။
တည်ကြည် မျက်မှောင်ကြုတ်လိုက်မိပီး ထပ်တစ်ခါ ပြန်သွားဖွင့်ကြည့်လိုက်တော့ ခုဏကအတိုင်းပင် မည်သူမှမရှိနေ...။
" ဘာလဲ...ဘယ်သူစနေတာလဲ..."
နှစ်ယောက်သား ပိုလို့ပင် ဇဝေဇဝါဖြစ်သွားခဲ့ပြီး..တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
" မင်းမှတ်မိသေးလားဝိုင်...ဟိုးတစ်ခေါက်က...ဖြစ်ဖူးသလိုမျိုး..မနေ့တစ်နေ့ကတင်...ကြမ်းပေါ်မှာစာအုပ်တွေရှုပ်ပွနေသေးတယ်..."
" ဘာ..."
" အေး မင်းပုလဲတို့နဲ့အပြင်ရောက်နေတုန်း ထင်တယ်...အဲ့အချိန်..."
တည်ကြည်စကားကို ဝိုင်အံသြစွာမေးကြည့်လိုက်မိသည်...။ကြမ်းပြင်ပေါ်စာအုပ်တွေ ရှုပ်ပွထားသည်တဲ့လား။တကယ်တမ်းဆို အခန်းတွေလျှောက်ဖွ တတ်သည့် ဒေးဘတ်မှမရှိတော့ပါပဲ။
အခုလိုတွေဖြစ်နေတာ ဘာကြောင့်ပါလိမ့်..။
စဉ်းစားနေမိသည့်အချိန်မှာပင်..ဘဲလ်တီးသံထပ်ကြားလိုက်ရတာကြောင့် ဝိုင်အနည်းငယ်တုန်တက်သွားမိသည်။ဒီတစ်ခါတော့ တည်ကြည်မဟုတ်ပဲ...ဝိုင်ကိုယ်တိုင်တံခါးသွားဖွင့်လိုက်တော့သည်။
" Hey...ဝိုင်..ဟယ်...ဘာမှလဲမပြင်ဆင်ရသေးပါလား...သွားသွားမြန်မြန်သွားပြင်တော့လေ barသွားရအောင်သွားကဲကြမယ်လေ...."
ဝိုင် တံခါးဖွင့်လိုက်ချိန် ပုလဲ မျက်နှာကြီးရုတ်တရက်ပေါ်လာခြင်းပင်...။ဝိုင့်ကိုမြင်လိုက်တော့ပုလဲက
အသည်းအသန်အခန်းထဲဝင်လာရင်း..ဝိုင့်ကို
ပြင်ဆင်ခိုင်းတော့သည်။ပုလဲ ပုံစံကြည့်ရတာ
ဘဲလ်နှစ်ခါတီးပြီးစနေသည့် ပုံမပေါ်ပေ...။
ဝိုင့်အကြည့်တွေက တည်ကြည်ဆီမှာ..။တည်ကြည် လည်း တစ်ခုခုကိုအပြင်းအထန်စဉ်းစားနေပုံပေါ်သည်။
ပုလဲရဲ့ဆော်သြမှုကြောင့် ဝိုင်အလျင်အမြန်ပြင်ဆင်ပြီးတည်ကြည့်ကိုပြောကာပုလဲနှင့်ထွက်ခဲ့လိုက်သည်။ကားနား.ရောက်တော့ ကားပေါ်မှာ မိုးလင်းယုန် ၊ဘိုကောင်းနှင့်စစ်သွေးကိုတွေ့လိုက်ရသည်။ကားပေါ်မှာ မိုးလင်းက ဝိုင့်ကိုစကားတွေပေါက်ပေါက်ဖောက်ကာပြောနေသော်လည်း ဝိုင်ကတော့ စိတ်မပါပေမယ့် ရေလိုက်ငါးလိုက် နေနေရသည်။ဝိုင့်ကိုခေါ်ပြီး မှ ဒေးဘတ်ကိုဝင်ခေါ်ကြသည်။
ဒေးဘတ်မျက်နှာမှာလည်း ဝိုင်ပါနေလို့လားမသိ...မျက်နှာသေကြီးနှင့် စကားတောင်မပြောပေ...။
Barထဲကိုစဝင်လာကတည်းက ဆူညံလွန်းသည့် အသံတွေကြောင့် ဝိုင် မခံနိုင်ဖြစ်လာခဲ့သည်။ပထမဦးဆုံးရောက်ဖူးခြင်းပင်..။ဟိုဟိုဒီဒီ လျှောက်ကြည့် နေသည့်အချိန် ပုလဲက ဝိုင့်အနောက်ကနေ လိုက်ပါလာခဲ့သည်။
ဝိုင်းတစ်ဝိုင်းမှာ ဝင်ထိုင်လိုက်ကြပြီးခဏမှာ စစ်သွေးနှင့်ဘိုကောင်းက ဘီယာတွေသောက်ပြီး ထထွက်သွားကြသည်။မိုးလင်းကလည်း ဘေးနားကနေ သွား က ဖို့ရန်တတွတ်တွတ်ပြောနေသည်။အိမ်ကလာကတည်းက စိတ်မပါ ပါဘူးဆိုနေ...။နောက်ဆုံးလက်လျော့ကာ မိုးလင်းကသူ တစ်ယောက်တည်း ထွက်သွားခဲ့တော့သည်။မိုးလင်းထွက်သွားတော့ပုလဲက ဝိုင့်ကိုအတင်းအကျပ်လုပ်ပြန်သည်။
သူ့ရှေ့တွင်ရှိနေသော ဘီယာတွေကို တဂွပ်ဂွပ်မော့သောက်ရင်း ဝိုင့်ကိုပါတိုက်ပြန်လေသည်။ဝိုင်ကသောက်တတ်သည့်အကျင့်မရှိသည့်အပြင်သောက်ချင်စိတ်လည်း မရှိသဖြင့် အတင်းငြင်းနေသော်လည်း ပုလဲကမရမကပင်..။အားနာစွာနှင့်သောက်မည်အပြုမှာ...ပုလဲလက်ထဲမှ ဘီယာခွက်ကို ဆွဲလုခြင်းခံလိုက်ရပြီး...
" မသောက်ချင်တာကို...အတင်းဇွတ်တိုက်မနေနဲ့လေ..."
ဟုဆိုကာ ခွက်ကို ဒုန်းခနဲ စားပွဲပေါ်တင်လိုက်ပြီး ဒေးဘတ် ပြောလိုက်သည်..။ဝိုင်လန့်လည်း လန့်သွားခဲ့ကာ အံ့အားသင့်လွန်းလို့ ဒေးဘတ် ကိုအကြောင်သားငေးကြည့်နေမိသည်..။နောက်..ပုလဲက 'က' ရအောင်ဟု ခေါ်သည်နှင့်ဝိုင့်မှာ မလိုက်ချင်လိုက်ချင်နှင့် ပါသွားခဲ့ရပြန်သည်..။အဲ့ဒီ့အချိန် အဲ့ဒီ့အချိန်မှာပဲ...ထူးဆန်းလွန်းသည့်ခံစားမှုကြီးကိုဝိုင်ခံစားလိုက်ရသည်..။
ရင်ဘတ်ထဲက တုန်ယင်လာခဲ့သည့် အမျိုးအမည်မသိခံစားချက်ကြီးနှင့် အတူ...ဝိုင့်ကိုတစ်ယောက်ယောက် ရပ်ကြည့်နေသည်ဟု ခံစားလိုက်မိတာပဲ..။နားထဲမှာလည်း..ရယ်သံလိုလိုဘာလိုလိုနှင့်ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိသော်လည်း ရောင်စုံမီးရောင်နှင့်ကနေကြသည့် သူတွေအပြင်ဘယ်သူမှမတွေ့...။
စိတ်တွေရှုပ်နေရသည့် ကြားထဲမှာဘယ်ကကောင်မလေးမှန်းမသိ...ဝိုင့်အနားမှာရစ်သီရစ်သီနဲ့ လာကပ်နေပြန်သည်.။ပုလဲကိုကြည့်မိတော့ဘယ်ရောက်သွားလည်း မသိတော့..။ဘေးနားက သတ္တဝါ မလေးကလည်း အလိုက်ကန်းဆိုးမသိစွာ လိုက်ကပ်ပြီးအတင်းကို ကနေသည်။ပုံစံကြည့်လိုက်တော့လည်း ဆံပင်နီကြောင်ကြားကလေးရုပ်ကြီးနှင့်..။ဝိုင်စိတ်ပျက်စွာ ပုလဲကို.ရှာနေစဉ်မှာပင်...ဒေးဘတ် ကရုတ်တရက်ကြီးရောက်ချလာပြီး...ဝိုင့်ကို မိန်းကလေးတစ်ယောက်ကို ကာကွယ်ပေးသလိုနှင့်ကာကွယ်ပေးနေတော့သည်..။အခုလိုကြတော့လည်း..ဝိုင့်ကိုဂရုစိုက်နေသလိုပါပဲလား...။
အပြုံးနှင့် သူ့စကားကို နာခံစွာလှည့်ထွက်မိတော့.. ရင်ဘတ်ထဲက အဆမတန်နာကျင်လာခဲ့သည်။အသံတွေစူးပြီး...ခေါင်းကမတရားထိုးကိုက်လာသည်။
" အဟက်....ဟက်...ဟက်..."
ကြောက်စရာကောင်းလှသော ရယ်သံကြီး...။
ဝိုင့်အနားနားတိုးကပ်ရယ်လိုက်သလို...
အဝေးကနေလည်း ကြားရပြန်သည်။ဘယ်သူလဲ...
အကူအညီ လာတောင်းသည့် သူတွေတော့မဖြစ်နိုင်..။ဒါဆို ဘယ်သူလဲ...ဘယ်သူရှိနိုင်မလဲ...။
တွေးရင်းတွေးရင်းနှင့် အမြင်အာရုံတွေဝေဝါးစွာ
ကြမ်းပြင်ပေါ်သို့ ဝိုင်ပြစ်လဲကျသွားတော့သည်။
ဝိုင့်ကို ဘယ်သူ လာထူ သလဲ...ဝိုင့်အနား
ဘယ်သူအပြေးရောက်လာသလဲ...ဝိုင်မသိ...။
ဝိုင်သိတာ တစ်ခုရှိသည်။ဝိုင့်ရင်ထဲ...စိတ်ထဲကနေ..ခံစားသိနေရသည်။ဝိုင့်ကို တစ်ယောက်ယောက် က မတ်တပ်ရပ်ကြည့်နေခဲ့သည်။ဝိုင် မမြင်နိုင်သော တစ်ယောက်ယောက်က...ဝိုင့်ကို ခပ်လှမ်းလှမ်းကနေကြည့်နေတာ ကို ခံစားသိနေခဲ့သည်။
" ဒေးဘတ်................."
ကျယ်လောင်သောအသံနက်ကြီးကြောင့် သူကော...ဝိုင့်ကိုစောင့်ကြည့်နေကြသည့် လူတွေအကုန်လုံးခေါင်းထောင်လာကုန်ကြသည်။ဝိုင်က သူတို့မသိသော နာမည်တစ်ခုကို အော်ခေါ်ကာ...နိုးထလာခဲ့သည်။
" ဝိုင်...ဝိုင်...စိတ်ငြိမ်ငြိမ်ထားလေ.."
" ဒေးဘတ်..သူ...သူ...ဘယ်မှာလဲ...အင့်...
မဟုတ်ဖူး...တစ်ယောက်ယောက်.....ငါ့ကို....ငါ့ကို
ကြည့်...ကြည့်နေတယ်...."
တုန်ယင်တိုးခိုက်နေသော အသံနှင့်အတူ ဝိုင့် ပါးပြင်ပေါ်မှ မျက်ရည် တွေစီးကျလာတော့
သော်မျက်မှောင်ကြုတ် ကြည့်လိုက်မိသည်။ဒီလိုနဲ့...ရူးမှာပဲ...။ဘာကိစ္စ မျက်ရည်တွေကျနေရတာလဲ။မျက်ရည်တွေမြင်ပြီး သော့်ရင်ထဲမကောင်းတော့။ထို့ကြောင့်
" ဘယ်သူမှ...ဘာမှမရှိဘူး.....ငါ့အိမ်ရောက်နေတာ...ဘယ်ဝိဉာဉ်...ဘာသရဲမှမရှိဘူး...." ဟုအော်ပြောလိုက်မိသည်။
ပုလဲက သူ့ကို မျက်ထောင့်နီကြီးနှင့် စိုက်ကြည့်လာခဲ့သည်။သော်ဂရုမစိုက် ပြောချင်တာကိုသာဇွတ်ပြောလိုက်မိသည်။
" ဟုတ်တယ်လေ...အိမ်မက်ဆိုးတွေမက်ပြီး...
လျှောက်မြင်နေတာကို...ဘယ်သူကကြည့်နေမှာလဲ...အားမရှိလို့....မေ့လဲသွားခဲ့တာ..မသိရင်..တစ်ယောက်ယောက်က တစ်ခုခုလုပ်လိုက်သလိုနဲ့
ဘယ်လိုတောင်လားကွာ စိတ်ရှုပ်နေရတဲ့ကြားထဲ...ကျစ်...တကယ့်အရှုပ်ထုပ်ပဲ..."
" သော်...မင်းပါးစပ်ပိတ်ပြီးအသာနေစမ်းပါ..."
သော့်ထံမှစိတ်ပျက်လက်ပျက်စကားကြောင့် ဝိုင်ကဝမ်းနည်းနေသည့် မျက်လုံးဝိုင်းတွေနှင့် စိုက်ကြည့်လာခဲ့သလို...အလင်းက စိုးရိမ်စွာတားမြစ်လေသည်..။ထိုသို့ဆိုတော့လည်း သော့်မှာ ပြောပြီးဆိုပြီး ရင်ထဲမကောင်း။မျက်နှာငယ်လေးနှင့် ရှိုက်ရှိုက်ပြီး ဝမ်းနည်းနေသည့် ပုံလေးကိုကြည့်ပြီး သော်ပါ လိုက်ပြီးငိုချင်လာသလို။
တကယ်ဆို ဖျော့တော့နေသည့် ကောင်လေးကို သူ့မှာ စိုးရိမ်စိတ်တွေနှင့် အတင်းကာရော ပွေ့ချီပြီး ဘယ်ကိုခေါ်သွားရမလဲမသိ ဖြစ်နေခဲ့တာ။အသည်းအသန် စိတ်တွေပူပြီး သူ့အိမ်ကိုသာခေါ်လာဖြစ်ခဲ့သည်။သူ့အိမ်ကနီးသည်ကိုး...။သူနေမကောင်းဖြစ်ရင်အမြဲလာနေကြ ဒေါက်တာကိုဖုန်းဆက်ခေါ်ထားလိုက်သည်။
သူတို့အိမ်လည်း အရောက်ဒေါက်တာကလည်း အရောက်ဖြစ်သည်။အားလုံးစမ်းသပ်ပြီးသွားတော့ အဓိကအချက်က ဝိုင်အားပျက်သွားပြီးမေ့လဲသွားခြင်းပင်..။အားဆေးပုလင်းကိုချိတ်ပေးကာ...လုံးဝမစိုးရိမ်ရတော့မှ ဒေါက်တာကပြန်သွားခဲ့သည်။
ထိုအခါမှ သူ့မှာ ဘာမှန်းမသိခံနေသည့် အလုံးကြီးကျသွားခဲ့သည်။အခု နိုးလာလေတော့ ဘယ်သူမှန်းမသိသည့် နာမည်ကို အော်ခေါ်ပြီး ဒီကောင်လေး နိုးလာခဲ့သည်။ဖြစ်သင့်ရဲ့လား။
သို့နှင့် ဘာကြောင့်မှန်းမသိ ဒေါသတွေ ထွက်လာပြီး အကန်တွေချည်း ပြောလိုက်မိသည်။
ဝိုင့်ကို ပြန်ကြည့်မိတော့ ပုလဲဖက်တွယ်ထားသည့်လက်တွေထဲတွင်အတန်ကြာတိတ်ဆိတ်ငြိမ်သက်နေရှာသည်။သူ သက်ပြင်းခပ်သဲ့သဲ့ ချမိ၏။
" sorry...အားလုံး ကိုတောင်းပန်ပါတယ် ငါ့ကြောင့်အလုပ်ရှုပ်သွားကြရပြီ..."
" သေချာတာပေါ့...အလုပ်ရှုပ်သွားတာတော့အမှန်ပဲ..."
သော်ပြောချင်တာ တစ်ခြား နှုတ်မှထွက်သွားသည် ကတစ်ခြားဖြစ်နေသည်။ဝိုင့်ကိုကမန်းကတန်းကြည့်မိတော့ ကလေးလေး တစ်ယောက်လိုငိုမဲ့မဲ့ပုံစံနှင့်ပါလေ။
" သော်...နင်ဘယ်လိုဖြစ်နေတာလဲ..."
" သော်...မင်းခဏလေးတိတ်တိတ်နေပေးစမ်းပါ..."
သော့် ထံမှ နောက်ဆက်တွဲ ထွက်လာသည့် စကားတွေကြောင့် ပုလဲနှင့်အလင်းက အသံထွက်သတိပေးသလို ဘိုကောင်းက လည်း နှုတ်ခမ်းမှာလက်ညိုးကိုဖိကပ်ရင်း အသံတိတ်နေဖို့သတိပေးလေသည်။သူလည်း သက်ပြင်းထပ်မံခိုးချမိကာဘာမှထပ်မပြောတော့ပဲ တိတ်တိတ်ဆိတ်ဆိတ် နေပေးလိုက်တော့သည်။ခဏအကြာငတိလေးလုံးဝ အဆင်ပြေသွားလေမှ အလင်းက ဝိုင့်ကို အိမ်လိုက်ပို့ပေးရန် ပုလဲကိုပါအဖော်ခေါ်သွားခဲ့သည်။
တကယ်တော့ သော်ကိုယ်တိုင်လိုက်ပို့ပေးချင်တာ။
သူ့ရဲ့ စိတ်ထဲကမပါသည့် စကားတွေကြောင့် လိုက်ပို့ဖို့အခွင့်အရေးမရှိလေတော့။
" ကျေးဇူးအများကြီးတင်ပါတယ်...သော်..."
ထိုငတိလေးထွက်သွား မည့်အချိန်တွင်သူ့ကိုနောက်ပြန်လှည့်ကာ ပြောလိုက်သည့် ဝိုင့်ကြောင့် သူတစ်မျိုးကြီးခံစားလိုက်ရသည်။
သော်..လို့ခေါ်လိုက်သည့် ဝိုင့်အသံ...။
တစ်ခြားသူတွေခေါ်နေကြဖြစ်ပေမယ့်.....ဝိုင်ခေါ်လိုက်သည့် သော် ဆိုသည့် အသံက ကြေကွဲဆို့နင့်မှု
တွေပါနေသလိုလို...။
သူလှည့်ကြည့်စဉ်က...
ဝိုင့်မျက်ဝန်းတွေထဲတွင်...မျက်ရည်ကြည်တွေစိုစွတ်နေနေသလို ......။ဝိုင်ထွက်သွားပြီးသည့်အချိန်ထိ နေရာတွင်မလှုပ်မယှက် ထွက်ခွာသွားသည့်ထိုငတိလေးကိုကြည့်နေမိတုန်းပင်...။အဲ့ဒီ့ခံစားချက်ကြီးကဘာလဲ...။မိုးသောက်ဝိုင်ရဲ့
မျက်ဝန်းတွေကို တွေ့လိုက်ရချိန်ခဏမှာ...ပြေးသွားပြီး အနောက်ကနေ ဖက်ထားလိုက်ချင်တဲ့စိတ်... မသွားပါနဲ့လို့တားချင်တဲ့စိတ်တွေ ရှိနေရတာလဲ။
ဘာလို့....အမျိုးအမည်မသိတဲ့ ခံစားချက်ကြီးကို
သူခံစားနေရတာပါလိမ့်။
# # #
" ငါ့ကို...အိမ်ပေါ်ထပ်က...ဝိုင်ထည့်တဲ့ပန်းကန်လုံးတွေသွားယူပေးစမ်းပါ...."
" ဘာ...."
" လုပ်ပါဟယ်....နင်ကလဲ...ဘိုကောင်းတို့က
ဘီယာတွေသွားဝယ်နေလို့ပါ...."
ပုလဲရဲ့မွေးနေ့ပွဲတွင်ဖြစ်သည်။တကယ်တမ်းသူ့စိတ်နဲ့သာဆို လုံးဝမလာချင်ပေ။စိတ်မပါတာကတစ်ကြောင်း...ပုလဲကိုအမြင်ကတ်နေတာကတစ်ကြောင်း...ဟိုငတိလေးကိုမြင်လျှင် အလိုလိုဝမ်းနည်းလာသည့်စိတ်ကြီးကြောင့် ဖြစ်သည်။ရည်းစားဟောင်းရဲ့မွေးနေ့ပွဲမှာရှိနေရသည့်အပြင် ထိုရည်းစားဟောင်းနှင့် သူ ၏ ဆက်ဆံရေးကလည်း ဘာမှအဖုအထစ်မရှိလေတော့သည့် ဆက်ဆံရေးကြီး။တကယ်ဆို ပုလဲနှင့်သူနှင့်က မခေါ်မပြောဖြစ်နေရမှာအခုကထိုသို့လည်းမဟုတ်။မိုးသောက်ဝိုင်နေမကောင်းဖြစ်ပြီးနောက်ပိုင်းကြားထဲမှာပုလဲနဲ့မတွေ့ဖြစ်တာ ၁ရက်နဲ့နေ့တစ်ပိုင်းလောက်ကြာသွားသည်။ပုလဲကတော့ ငတိလေးဆီတစ်နေ့လုံးသွားနေပေးလေသည်။သူကတော့ သူ့ခံစားချက်တွေဘာဖြစ်နေသလဲ ဆိုတာ စဉ်းစားရင်း...အချိန်တွေကုန်ခဲ့သည်။အချိန်တွေကုန်ခဲ့သည့်တိုင်အောင်...ဘာအဖြေမှ သူ့ရဲ့ဦးနှောက်ထဲကထွက်မလာခဲ့ပေ....။
" အလင်းက...လာဖြစ်ချင်မှလာဖြစ်မယ်...သူ့ရဲ့
ပဟေသီ ကို ခစားနေရတယ်တဲ့လေ..."
ပုလဲက မဲ့ကာရွဲ့ကာပြောလေသည်။သူကတော့
နှုတ်ခမ်းထောင့်စွန်းတွင် ပြုံးရိပ်ထင်သည်။
အလင်းက ဘယ်တုန်းက သူ့အဖေစကားကို
လွန်ဆန်ခဲ့ဖူးလို့လဲ...။ဒါတောင်များ သူ့ကိုစကားနဲ့ အနိုင်ပိုင်းချင်နေသေး။
" တီတီရဲ့ မိတ်ဆွေတွေရောက်နေပြီ.....မြန်မြန်သွားယူပေးစမ်းပါဟာ...."
ပုလဲ မရမက သူ့ကိုယ်လုံးကို တွန်းလွတ်နေတော့ သူသက်ပြင်းချရင်း...ပုလဲတို့အိမ်ထဲဝင်ခဲ့လိုက်သည်။နောက်လှည့်ကြည့်လိုက်တော့ ပုလဲက
သူမရဲ့လူနဲ့သာယာနေပြီ...။ပုလဲရွေးချယ်လိုက်တဲ့သူကလည်း သူ့ထက်ကြီးတယ်သာဆို...ရုပ်ကိုက ကလေးကလားရုပ်ကြီးနဲ့....။ဘာကြည့်ကြိုက်သလဲမသိ...။ပုလဲရဲ့လူက သူ့ထက်သာမနေသည့်အတွက်အနည်းငယ်တော့ကျေနပ်သွားရသည။်သူ့အတွေးကို သူသဘောကျစွာရယ်ရင်း...အိမ်ပေါ်ထက် ပန်းကန်ခွက်ရောက်တွေထားရာဘက်သို့ သူတက်ခဲ့သည်။
ဝိုင်တွေ သိုလှောင်ထားသည့် ဘက်သို့အကြည့့်ရောက်မိတော့ တံခါးအနည်းငယ် ဟထားသည်ကိုတွေ့လိုက်ရသည်။ဒီအခန်းက ဝိုင်တွေချည်းသာသိုလှောင်ထားသည့်အခန်း။ပုလဲ တို့မိသားစုက ဝိုင်လုပ်ငန်းလုပ်သည်မို့ ဝိုင်တွေသီးသန့်ထားသည့်အခန်းရှိသည်။ထိုအခန်းကဘာလို့တံခါးဟ ထားသည်မသိသူ့အလုပ်မဟုတ်တာကြောင့် ရှေ့ဆက်သွားမည်ပြင်လိုက်တော့...တံခါးကြားထဲကနေ အရိပ်၁ခုခုကို ဖြတ်ခနဲတွေ့လိုက်ရသည်။ဘယ်သူလဲသူခိုးလား...အထင်ဖြင့်အနားကပ်ကာ တံခါးဆွဲဖွင့်လိုက်တော့....ဝိုင်တွေအပြင်ဘာဆိုဘာမှရှိမနေခဲ့ပေ...။သူ ဇဝေဇဝါနှင့် တံခါးကိုပြန်ပိတ်လိုက်ကာအနောက်သို့လှည့်လိုက်မိတော့
" ဟား....လန့်တာကွာ...အသံလေးဘာလေးပေးပါလား....ကျစ်..."
ရုတ်တရက်ကြီး ငတိလေးရဲ့ မျက်နှာကြီးကိုတွေ့လိုက်ရသည်လေ။မတွေ့ချင်ပါဘူးဆို ပက်ပင်းကိုလာတိုးတာ။ပုလဲမွေးနေ့မို့ မရမကရှောင်ချင်ရင်တောင်သူရှောင်လို့ရမှာမဟုတ်။
" ဟို...sorry...sorryပါ...ပုလဲက...ဝိုင်တွေလာယူခိုင်းလိုက်တာ..."
" ဟိုမှာ...မြင်လား....ဟို....ရေခဲသေတ္တာ ထဲမှာ...ဒီဟာကဝိုင်သိုလှောင်ခန်း.."
သူက လန့်သွားသည့်ရင်အစုံ ဖိရင်း မိုးသောက်ဝိုင် ကိုညွှန်ပြလိုက်သည်။ဝိုင်က မျက်လုံးလေးကလယ်ကလယ်နှင့် သူညွှန်ပြသည့်နေရာကိုသွားလိုက်ကာ ရေခဲသေတ္တာ ကိုဖွင့်လိုက်ရင်းဝိုင်နှစ်ပုလင်းယူသွားလိုက်သည်။သူလည်း ဗီရိုထဲဖန်ခွက်တွေကိုယူလိုက်ရင်း...မိုးသောက်ဝိုင်ရဲ့အနောက်ကနေ လိုက်သွားလိုက်မိသည်။
ဘယ်လိုမှ ထင်မှတ်မထားသော....
ဘယ်လိုမှ မမျော်လင့်ထားသော...ဖြစ်ရပ်ကြီးကို
သူရင်ဆိုင်လိုက်ရသည်။
သူ့အနောက်ဘက်က...တစ်ယောက်ယောက်က
တွန်းလိုက်သလို....မဟုတ်ဖူး....တကယ့်ကို
သူအတွန်းခံလိုက်ရတာ...။ဟုတ်တယ်...။
သူ့ကိုယ်သူမထိန်းနိုင်ခဲ့ဘူး...။
သူဖန်ခွက်တွေ ပိုက်ထားရင်း...သူ့ကိုယ်သူ မထိန်းနိုင်စွာ...အရှေ့တွင် သွားနေသော...မိုးသောက်ဝိုင်ကို သူကလဲ ပြန်လည်တွန်းလိုက်သလို ဖြစ်သွားခဲ့သည်။အဖြစ်အပျက်တွေက မြန်ဆန်လှသလိုတိုက်ဆိုင်လွန်းနေသည်ကလည်း အံ့သြဖို့ကောင်းလှသည်။မိုးသောက်ဝိုင် လှေကားထစ် တွေဆင်းနေရင်း...အောက်သို့ရောက်ရန်...လေးထစ်၅ထစ်လောက်အလိုမှာဖြစ်သည်။သူ့ရဲ့ အားပါလှသောတွန်းလိုက်မှုကြောင့် ဝိုင့်လက်ထဲက ဝိုင်ပုလင်းတွေလွတ်ကျသွားကာ ဝိုင်ကိုယ်တိုင်လဲလှေကားပေါ်မှ ဒလိမ့်ကောက်ကွေးပြုတ်ကျသွားခဲ့သည်။သူကတော့...အရှေ့မှာ ဝိုင်ရှိနေသည့်အတွက်ကြောင့် ဘာမှမဖြစ်သွားခဲ့ပေ...။ဝိုင့်ဦးခေါင်းထက်မှ တစ်စိမ့်စိမ့်ထွက်ကျနေသည့် သွေးတွေကို မြင်မှ သူအသိဝင်ကာဝိုင့်ဆီကိုသွားဖို့ပြင်လိုက်သည်။သို့သော်...သ့ူခြေထောက်င်္တေကိုလှုပ်လို့မရ...။တစ်ကိုယ်လုံးတုန်ယင်နေကာကြောက်လန့်စွာ ရပ်နေခဲ့မိသည်။
" ဝိုင်...."
" ဘုရားရေ....ဘာတွေဖြစ်ကုန်တာလဲ..."
အိမ်ထဲဝင်လာကြသည့် ပုလဲနှင့်အလင်းက ကြမ်းပြင်ထက်တွင် ခေါင်းမှသွေးတွေထွက်နေသည့်ဝိုင့်ကိုမြင်ကာထအော်ကြသည်။အလင်းက ဝိုင့်ကို စိုးရိမ်တကြီးပြေးပွေ့ကာ မေးရိုးလေးကိုကိုင်ပြီး လှုပ်နိုးနေသည်။ဝိုင်ကတော့ တုပ်တုပ်မျှပင်မလုပ်ပါ...။
" ဘာ..ဘာတွေဖြစ်ကုန်တာလဲ...သော်ရယ်..."
ပုလဲရဲ့ငိုသံနှင့်ရောထွေးနေသည့်အသံကြားမှသူ
အသိတွေပြန်ဝင်လာသည်။သူလှေကားထစ်တွေကနေ အမြန်ပြေးဆင်းခဲ့မိသည်။မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး...။ဝိုင့်ကိုသူနည်းနည်းလေးမှ မထိခိုက်စေချင်ခဲ့ဘူး...။
" မထိနဲ့..."
ဝိုင့်ကိုပွေ့ယူရန် သူ ကြိုးစားလိုက်မိသည့်အချိန်တွင်အလင်းက သူ့လက်ကို ပုတ်ချကာ...အသံနက်ကြီးနှင့်ကြုံးအော်လေသည်။သူရုတ်တရက် ကြောင်သွားရကာ လက်ပြန်ရုတ်လိုက်သည့်အချိန်တွင်အလင်းက ဝိုင့် ကိုချီပွေ့ကာ ခေါ်သွားလေတော့သည်။ပုလဲကလဲ စိုးရိမ်တကြီးနှင့်...အလင်းပွေ့ချီရာနောက်ကိုပါသွားခဲ့သည်။သူကတော့ ငူငူကြီးရပ်နေမိဆဲပင်ဖြစ်သည်။
တောင်းပန်ပါတယ်.....တောင်းပန်ပါတယ်....
မိုးသောက်ဝိုင်ရာ...ငါ...ငါ....တမင်တွန်းချတာမဟုတ်ပါဘူး....မင်းကိုငါ ဘယ်လိုတွန်းချရက်ပါ့မလဲ မင်းသိတယ်မလား...ငါ့ကိုမင်းယုံတယ်မလား....
သူ မျက်လုံးတွေ မှိတ်ချပြီး အဆတ်မပြတ်ပြောနေမိသည်။နောက်..သူကြမ်းပြင်ပေါ်ထိုင်ချလိုက်မိသည်။သူ့ ခြေထောက်တွင်စူးနေသော
ပုလင်းကွဲစတွေကို အတန်ကြာငေးနေမိသည်။
မဟုတ်ဖူး...သူ...မိုးသောက်ဝိုင်နောက်လိုက်သွားရမည်လေ...။သူကမန်းကတန်းထကာ..
အိမ်ပြင်သို့ အပြေးထွက်လာခဲ့လိုက်သည်။
အပြင်က ဝိုင်းကြည့်နေကြသည့်လူတွေကို
ဂရုမစိုက်နိုင်...။နာကျင်နေသည့် ခြေဖဝါးပြင်တွေကိုလည်း သူဂရုမစိုက်အားတော့ပေ....။
~~~~~~~~~~~~~~~~~~~~~