(zawgyi)
ဝိုင့္ နံေဘးနားတြင္ ေဒးဘတ္မ႐ွိခဲ့သည့္ အခ်ိန္မွစၿပီး အထီးက်န္မွဳေတြက မဖိတ္ေခၚပဲ ဝိုင့္ဆီအလံုးအရင္းဝင္ေရာက္လာခဲ့သည္...။
တည္ၾကည္က ဝိုင့္အနား အခ်ိန္ျပည့္႐ွိေနေပးႏိုင္ခဲ့တာမဟုတ္ဘူးေလ..။တည္ၾကည့္ခမ်ာ သူ႔ေက်ာင္းကိစၥေတြႏွင့္ တစ္ေယာက္တည္းလံုးခ်ာ လိုက္ေနရရွာတာ။
တကၠသိုလ္ ေနာက္ဆံုးႏွစ္ဆိုေတာ့ ပိုဆိုးသည္။သူ႔ဖာသာ စာလုပ္လိုက၊္Thesisေတြလုပ္လိုက္၊အျပင္သြားရလိုက္ႏွင့္ အလုပ္ရွဳပ္ေနတာ။
တည္ၾကည္ ႏွင့္ စိမ္းကား သြားစရာအေၾကာင္းေတာ့မရွိေပမယ့္ တစ္အိမ္ထဲေနၿပီး ညဘက္မွဆံုျဖစ္ၾကတာကမ်ားသည္။
စကားေျပာျဖစ္ၾကေတာ့လည္း အခ်ိန္က ခဏေလးပဲ။တည္ၾကည္က စာလုပ္လွ်င္ လုပ္ မလုပ္ရင္ဘဖုန္းၾကည့္ေနတတ္တာ။ေဒးဘတ္ကပဲ ဝိုင့္အနားအခ်ိန္ျပည့္႐ွိေနေပးခဲ့တာမဟုတ္လား..။႐ုတ္တရက္ ႀကီး အခုလို အနားကေနေပ်ာက္ကြယ္သြားခဲ့ေတာ့ သတိရေနမိတာ ဆန္းေတာ့မဆန္း....။
မနက္ထသည္အခ်ိန္...မီးဖိုေခ်ာင္ထဲဝင္ၿပီး ေရပိုက္ေခါင္းကို လွမ္းၾကည့္မိခ်ိန္...အသံတစ္ခုခု ခၽြတ္ခ်က္ႏွင့္ ၾကားသည့္အခါ.လွည့္ၾကည့္မိတာမ်ိဳး....အဆိုးဆံုးက ဝရံတာကိုေရာက္လွ်င္ပင္။
သီခ်င္းဆိုျပခဲ့တာေတြ၊ေဒးဘတ္၏ တည္ရွိမွဳႏွင့္ ခ်စ္သည္ဟု ဝန္ခံခဲ့သည့္ ေၾကကြဲတုန္ယင္ေနခဲ့သည့္အသံ ....။သူႏွင့္ ပတ္သက္ဆက္ႏြယ္ခဲ့သည့္ အရာအားလံုး ကို သတိရသည္...။လြမ္းဆြတ္သည္။
ေဒးဘတ္ အသံကို ခဏေလးျဖစ္ျဖစ္ၾကားခ်င္ေသးသည္...။မိုး ဟု ႏူးႏူးညံ့ညံ့ေခၚသည့္ အသံက ဝိုင့္ရင္ထဲထိ ထိသည္။
ဟုတ္ပါတယ္။ေဒးဘတ္ကဝိုင့္ရဲ႕အနီးေလးမွာ႐ွိေနပါေသးတယ္။
အဲ့ဒီ့အသိေလးနဲ႔သာ ေျဖသိမ့္ေနခဲ့ရသည္..။ေဒးဘတ္ ဆီအ ေျပးသြားလိုက္ခ်င္ေပမယ့္ ဝိုင္သိခဲ့ဖူးသည့္ သူ ဟာ ေဒးဘတ္ မဟုတ္ေလဆတာ့..။
ေဒးဘတ္ ေဆးရံုမွာ႐ွိေနခဲ့သည့္ အေတာအတြင္း...သူ႔အေၾကာင္းေတြကို ပုလဲဆီကေန မသိသလိုႏွင့္ တစ္ျဖည္းျဖည္း စံုစမ္းခဲ့သည္။ပုလဲကလည္း စိတ္ပါလက္ပါႏွင့္ ေျပာျပလာခဲ့သည္။သူေဆးရံုဆင္းရမည္ဟု ပုလဲေျပာသည့့္ေန႔ မွာ ပုလဲက သူ႔ကို သြားမႀကိဳပဲ မုန္႔သြားစားရေအာင္ဟု ဆိုကာ ဝိုင့္ကို လာေခၚခဲ့သည္။
ဆိုင္တစ္ဆိုင္ ေရာက္ေလေတာ့ ကိုဆက္ပါ႐ွိေနခဲ့သည္။ဝိုင္ မထင္ထားခဲ့ပါေပ။ေဆးရံု ဆင္းမည့္ ခ်စ္သူကို သြားမႀကိဳပဲႏွင့္ ကိုဆက္ႏွင့္အတူ ရွိေနခဲ့လို႔ ဝိုင့္စိတ္ထဲတစ္မ်ိဳးႀကီးျဖစ္သြားခဲ့သည္။
တကယ္ဆို ထာဝရေသာ္အနား ပုလဲရွိေနေပးသင့္သည္မဟုတ္လား။သူတို႔ ႏွစ္ေယာက္က တရားဝင္ ပ်က္ဆဲေသးတာမွ မဟုတ္ေသးတာပင္။ကိုယ့္ခ်စ္သူ တစ္ေယာက္လံုး ေနျပန္ေကာင္းၿပီး ေဆးရံုဆင္းမည့္ကိစၥကိုပင္ ပုလဲ က လ်စ္လ်ဴရွဳထားခဲ့ၿပီး ခ်စ္သူအသစ္ႏွင့္ ဆိုင္ထိုင္ေနလိုက္ေသးသည္။
သို႔ေသာ္ သူတို႔သံုးေယာက္ၾကားက ျဖစ္သည့္ ျပသာနာရယ္မို႔ ဝိုင္ႏွင့္ မသက္ဆိုင္ပါေပ။
မၾကာလိုက္ ဝိုင္တို႔ ရယ္လိုက္ေမာလိုက္
စကားေျပာေနသည့္အခ်ိန္တြင္ ထာဝရေသာ္က ႐ုတ္တရက္ႀကီး ဝိုင္တို႔ ထိုင္ေနသည့္ဆိုင္ကို ေရာက္ခ်လာခဲ့သည္။ေသာ္ ႏွင့္ပုလဲ ျပသာနာေတြတက္ၾကၿပီး ေသာ္က ပုလဲကို ျပတ္ၿပီဟု ဆိုကာ ဝ႐ုန္းသုန္းကားႏွင့္ ဆိုင္ထဲမွ ဒုန္းဆိုင္းထြက္သြားေတာ့သည္။ရွဴးရွဴးရွားရွား ျဖစ္သြားခဲ့သည့္ ေသာ့္ ေက်ာျပင္ကိုၾကည့္ၿပီး တိတ္တဆိတ္ ဝမ္းနည္းခဲ့ရသူက ဝိုင္ပင္။
သစၥာေဖာက္ျခင္း ခံလိုက္ရသည့္ ေဝဒနာဆိုးဆိုးရြားရြားကို ေသာ္ ဘယ္ေလာက္ေတာင္ခံစားလိုက္ရ ႐ွာမလဲ..။ေသာ္ ကားေပၚသို႔ ေရာက္သြားသည့္တိုင္ေအာင္ စိတ္မေကာင္းႀကီးစြာ ႏွင့္ ဝိုင့္ ခမ်ာ ေငးၾကည့္ေနခဲ့မိသည္။
အိမ္ျပန္လာခဲ့သည့္ လမ္းတစ္ေလ်ွာက္လံုးလည္း စိတ္ထဲေနလို႔မေကာင္းခဲ့ပါေလ...။
ေသာ့္က သနားစရာေကာင္းေနသည္လား ကိုယ္ကိုတိုင္ကပဲ သနားစရာေကာင္းေနသည္လား ဝိုင္မသိေတာ့။
ည ခုႏွစ္နာရီေလာက္မွာ တည္ၾကည္ ႏွင့္စိတ္ေျပလက္ေပ်ာက္လမ္းထြက္ေလ်ွာက္ရင္း စကားေတြေျပာကာ တိုက္ခန္းသို႔ ျပန္လာခဲ့သည္။တည္ၾကည္ကလည္း ဝိုင့္ အလိုက်ေနေပးကာ ဝိုင္ေျပာသည့္ စကားကိုပင္ အင္း၊အဲ ပဲ အလိုက္တသိ ျပန္ေျပာေပးခဲ့သည္။
ဝိုင္ အခုခ်ိန္ထိ အနာက်က္မလာခဲ့ေသးပါေပ။
ေဒးဘတ္ဆိုသည့္ ဒဏ္ရာက အခုထက္ထိ အနာရင္းေနခဲ့တုန္းပင္။
တီးေတာင္...တီးေတာင္...
" ဘယ္သူပါလိမ့္..."
ဝိုင္ အေတြးစေတြပ်က္ကာ ႏွဳတ္မွ ေရရြတ္လိုက္ရင္း မတ္တပ္ထရပ္လိုက္မိသည္။ညႀကီးမိုးခ်ဳပ္ဘယ္သူမွမလာဖူးသျဖင့္ တည္ၾကည္ ကဝိုင့္မ်က္ႏွာကို လွမ္းၾကည့္၏။
ဒီအခ်ိန္ပုလဲတို႔ ဘိုေကာင္းတို႔လည္း ေရာက္လာေနၾကမဟုတ္ပါဘူး။ဝိုင္လည္း ပုခံုးႏွစ္ဖက္ကို ဟန္ပါပါတြန္႔လိုက္ရင္း တံခါးဆီသြားကာ ဖြင့္လိုက္ေတာ့သည္။
ဝိုင္ အရမ္း အံ့ၾသသြားခဲ့ရသည္။ဝိုင္ျမင္လိုက္ရသည္က ေဒးဘတ္ ကိုပင္...။
ဝိုင့္ အိမ္ တံခါးေပါက္ေရွ႕တြင္ မတ္တပ္ရပ္ေနသည့္သူသည္ ဝိုင္အခုထက္ထိ စြဲလမ္းေနရေသာ ေဒးဘတ္ပါပင္။
အရက္နံ႔ေတြေထာင္းခနဲ ထေနကာ ေခါင္းကလည္း မေထာင္ႏိုင္ေလာက္ေအာင္ပဲ ေအာက္သို႔ငိုက္စိုက္က်ေနသည္။ဝိုင္မ်က္လံုးျပဴးႏွင့္ ၾကည့္ လိုက္မိသည့္ အခ်ိန္ခဏမွာပင္ ေဒးဘတ္ တစ္ကိုယ္လံုးက ဝိုင့္ရင္ခြင္ထက္ဆီ သို႔ ျပိဳက်လာခဲ့ေတာ့သည္။
ဝိုင့္ခမ်ာ အလန္႔တၾကားႏွင့္ အလိုက္သင့္ပင္ ဖမ္းလိုက္ေသာ္လည္း ေဒးဘတ္ ကိုယ္လံုးၾကီးက ေတာ္ေတာ္ ေလးေနခဲ့တာေၾကာင့္ ဝိုင့္မွာ မထိန္းႏိုင္ေတာ့ပဳ ႏွစ္ေယာက္သား ၾကမ္းျပင္ေပၚသို႔ လဲက်သြားခဲ့ေတာ့သည္။
တည္ၾကည္လည္း မထင္ထားခဲ့သလို မင္သက္စြာႏွင့္ပင္ ဝိုင္ တို႔ႏွစ္ေယာက္ကို ေၾကာင္ေတာင္ေတာင္ အေနအထားႏွင့္ ျကည့္ေနမိပါ၏။
ထိုအခိုက္ ဝိုင့္မွာလည္း ေဒးဘတ္ ကိုယ္ႀကီးႏွင့္ ပိေနခဲ့သျဖင့္ ဘယ္လိုမွ ထျပဳလို႔မရသည့္အေျခအေနကိုေရာက္ေနခဲ့သည္ပင္.။ေဒးဘတ္ သူ ဘယ္လိုလုပ္ၿပီးမ်ား ဝိုင္ဆီေရာက္လာခဲ့ပါသလဲ...။
" တည္ၾကည္ ငါ့ကိုေၾကာင္ၾကည့္မေနနဲ႔ဟ လာထူေပးပါဦး..."
" ေအာ္...ေအး..."
တည္ၾကည္လည္း အံ့ျသေနရာမွ ဝိုင္ေျပာလိုက္သည္ေၾကာင့္ ေဒးဘတ္ ၏ ေလးပင္လွေသာခႏၶာကိုယ္ ႀကီးကို လာထူမေပးေလသည္။ႏွစ္ေယာက္သား မႏိုင္မနင္း ႏွင့္ မ ျပဳခဲ့ၿပီးထိုင္ခံုေပၚသို႔ ပစ္စလတ္ခတ္ သာ ပစ္တင္လိုက္ေတာ့၏။
" သူကဘယ္သူလဲ...ဝိုင္ ငါလည္း တစ္ခါမွမျမင္ဖူးပါလား..."
" အင္း...ဟို...သူငယ္ခ်င္းပါ..."
တည္ၾကည့္ ကိုမင္ေသေသႏွင့္ ျပန္ေျပာလိုက္ေပမယ့္ ဘာရယ္ေၾကာင့္မွန္းမသိ စိတ္ကမလံု။အရက္ေတြတအားေသာက္လာသည္ထင္သည္။သူ႔မွာဘာအသိစိတ္မွမ႐ွိေတာ့ေပ..။ဟင္းခနဲသက္ျပင္းခ်မိ ရင္း ဖုန္းကို လွမ္းယူကာ ပုလဲဆီကို ဖုန္းေခၚလိုက္ေတာ့၏။
" ဟယ္...ဟုတ္လား...ငါလဲ အျပင္ေရာက္ေနတာ ....ဝိုင္ရယ္...သူက နင့္ဆီ ဘယ္လိုေရာက္လာရတာလဲ...နင့္အိမ္လည္း သူသိတာမဟုတ္ဘူး...ဒီလိုလုပ္ ငါနင့္အိမ္လိပ္စာေပးၿပီးဘိုေကာင္းကို လာေခၚခိုင္းလိုက္မယ္...ငါလာေခၚေပးလို႔မရလို႔ပါ အဆင္ေျပတယ္မလားဟင္...ဝိုင္"
" အင္း....ဟုတ္ပီ...ပုလဲ...ငါဘိုေကာင္းကို ေစာင့္
ေနလိုက္ပါ့မယ္...အဆင္ေျပပါတယ္..."
ဝိုင္ဖုန္းခ်ၿပီး အခန္းထဲကိုေျပးဝင္ကာ ေစာင္
အပါးေလးတစ္ထည္ျဖင့္ သူ႔ကိုယ္ေပၚကိုလႊမ္းျခံဳ
ေပးလိုက္သည္။ေဒးဘတ္ကား အိပ္ေမာက်ေနဆဲပင္။
" သူကဘယ္သူလဲ ဝိုင္ ပုလဲတို႔အုပ္စုထဲကပဲလား..."
" အင္း ဟုတ္တယ္..."
" အင္း မင္းသူတို႔နဲ႔ေကာင္းေကာင္းအဆင္ေျပေနသားပဲ....မင္းကိုဂ႐ုစိုက္ၾကတယ္မလား..."
" အင္း သူတို႔က ခင္ဖို႔ေကာင္းၾကတယ္ ငါ့အေပၚလည္းေကာင္းၾကပါတယ္.."
" အာ...ငါဝမ္းသာပါတယ္ ဒီအေတာအတြင္း ငါမင္းကို ဂ႐ုမစိုက္ႏိုင္တာ ငါေတာင္းပန္တယ္ကြာ..."
" မင္းကလည္း ငါေဆးရံုမွာရွိေနတဲ့အေတာအတြင္းမင္းဘယ္ေလာက္ပင္ပန္းခဲ့သလဲ ငါသိေနသားပဲ
ဘာလို႔ေတာင္းပန္ေနရတာလဲ အခုငါအကုန္အဆင္ေျပတယ္ မင္းသာ ငါ့ကိုမပူပဲႀကိဳးစား မင္းကဂုဏ္ထူးတန္းတက္ေနတာဆိုေတာ့အေရးႀကီးတယ္...ဒီေလာက္ငါ့အေပၚေကာင္းေပးတာပဲေက်းဇူးတင္လွပါၿပီ..."
" ေအးကြာ..."
တည္ၾကည္ ကဘာမွထပ္မေျပာေတာ့ပဲသူ႔ဖာသာ အခန္းထဲ ဝင္လိုက္အျပင္ထြက္လာလိုက္ႏွင့္ အလုပ္ေတြ႐ွဳပ္ေနခဲ့ေတာ့သည္။ဝိုင္ကေတာ့ ေဒးဘတ္ ေဘးနားက ခံုမွာဝင္ထိုင္ရင္း သူ႔မ်က္ႏွာကို ေသေသခ်ာခ်ာၾကည့္ေနမိသည္။
အခု ဝိုင့္ ေရွ႕မွာ ရွိေနတာက ဝိုင့္ရဲ႕ ေဒးဘတ္...။အသံႏွင့္ ဝိုင့္ကို ခ်ဳပ္ခဲ့ပါေလေသာ ဝိုင့္၏
ျမတ္ႏိုးေနရပါေသာ...ေဒးဘတ္ ပင္...။
သူဘာေၾကာင့္ ဒီေလာက္ေတာင္လူမွန္းသူမွန္းမူးေနရတာလဲ..။အသည္းကြဲေနတာလား...။
ဒါဆိုလည္း ပုလဲဆီသြားၿပီး ေသာင္းက်န္းသင့္ တာ မဟုတ္လား။
ဘာေၾကာင့္ ဝိုင့္ဆီ ေရာက္လာခဲ့ရတာလဲ..။
သူ႔ရဲ႕ မသိစိတ္က ဝိုင့္ဆီမွာ႐ွိေနတာလား..။
ဒါေၾကာင့္ သူ...သူ...ဝိုင့္ဆီေရာက္လာခဲ့တာလား...။မဟုတ္ဘူး ဟုပဲဆိုဆို ႐ူးေနတယ္လို႔ပဲဆိုဆို ဝိုင္လိုရာ ဆြဲေတြးလိုက္မိသည္။
သူဘယ္ေတာ့မွ ဝိုင့္ကို မွတ္မိႏိုင္ပါ့မလဲ...။တစ္သက္လံုး....မမွတ္မိေတာ့ဘူးလား...။ရင္ဘတ္ထဲကဆစ္ခနဲနာက်င္ေနရေပမယ့္ ဝိုင့္ဘက္ကေတာ့ သူ႔ကိုေမ့ဖို႔ဘယ္ေတာ့မွႀကိဳးစားမွာမဟုတ္ဘူး...။သူမွတ္မိသည္ျဖစ္ေစမမွတ္မိသည္ျဖစ္ေစ..သူနဲ႔ သူ႔ရဲ႕အသံက ဝိုင့္ႏွလံုးသား ရဲ႕ ဟိုးအနက္႐ွိဳင္းဆံုးတစ္ေနရာမွာထာဝရ တည္႐ွိေနလို႔ပါပဲ...။
# # # # #
" ေဟ့ေကာင္....ေသာ္...ထေတာ့....ထေတာ့...
မင္းကို ဖုန္းဆက္ႏိုးထားတယ္ေလကြာ...ဘိုေကာင္း...ဘိုေကာင္းမင္းလည္း ထေတာ့.....အာ
မင္းတို႔ႏွစ္ေကာင္လံုး တအား အိပ္ႏိုင္တာပဲ..."
စစ္ေသြးခမ်ာ ေသာ့္ေဘးကပ္ၿပီး ႏွစ္ေယာက္လံုးကို ႏိုးေနတာကို မထၾကေသးပဲ ေပေတၿပီး အိပ္ေနၾကတာပင္။
ေသာ္ဆို သူအံုးထားသည့္ ေခါင္းအံုးႏွင့္ စစ္ေသြးေအာ္ေနတာ မၾကားေအာင္ နားကိုအတင္းဖိထားကာ ျပန္အိပ္ေနလိုက္ေသးသည္။
စစ္ေသြးက ရွဴးရွဴးရွားရွား ႏွင့္ ႏွဳတ္မွ ပြစိပြစိ ေရရြတ္ေတာ့၏။
ေသာ့္မွာ ေခါင္းထဲမွ တစ္ဆစ္ဆစ္ထိုးကိုက္
ေနခဲ့သည္ေၾကာင့္ မထႏိုင္ျဖစ္ေနခဲ့တာပင္။မေန႔ည စိတ္ခံစားခ်က္ေတြ မေကာင္းတာေၾကာင့္ ဘီယာအရမ္းေသာက္ခ်င္တာႏွင့္ပင္ ဘယ္သူ႔ကိုမွလည္း ေခၚလို႔မရသျဖင့္
တစ္ေယာက္တည္း စိတ္တိုတိုႏွင့္ ဘီယာဆိုင္သြားကာ အသားကုန္ ေသာက္မိခဲ့သည္။
ဘယ္အခ်ိန္အိမ္ကိုျပန္ေရာက္လာျပီး ဘယ္လိုေရာက္လာခဲ့သလဲပင္မသိေတာ့...။စစ္ေသြး ဖုန္းဆက္လာမွပင္ သူ႔ႏွင့္အတူ ဘိုေကာင္းပါ႐ွိေနသည္ကို သိလိုက္ရသည္။
ဘီယာေခၚေသာက္တုန္းကၾကေတာ့ႏွစ္ေယာက္စလံုး မအားၾကဘူးဟုဆိုကာ အသည္းအသန္ ျငင္းဆိုၿပီး တစ္ေယာက္မွမလိုက္ခဲပါပဲႏွင္႔...ဘယ္လိုကဘယ္လိုဘိုေကာင္းက သူ႔အနားေရာက္ေနခဲ့သလဲ သူမသိ...။
" မေန႔ညက ဝိုင့္ဆီ ဘယ္လိုေရာက္သြားတာလဲ...ေသာ္..."
ေမးခြန္းက ထူးဆန္းေနသည့္အျပင္ ေမးေနသည့္ သူက ပုလဲျဖစ္ေန၍ ေသာ့္မွာ ဆက္ မအိပ္ႏိုင္ေတာ့ပဲ
အလန္႔တၾကားႏွင့္ အိပ္ယာထက္မွ အိပ္ခ်င္းမူးတူးႏွင့္ ကမူး႐ူးထူး ထထိုင္လိုက္ရေတာ့သည္။
" နင့္ကိုဘယ္သူကေခၚလို႔ ....အိမ္ထဲေရာက္ေန
ရတာလဲ...ပုလဲ...."
သူ ခပ္ဆတ္ဆတ္ေျပာလိုက္ရင္းအနားတြင္တင္ထားသည့္ေရဗူးကိုလွမ္းယူကာေသာက္လိုက္သည္။သူႏွင့္ ပုလဲက ကမေန႔ကတင္ပူပူေႏြးေႏြးျပတ္ထားၾကသည့္ စံုတြဲေတြ။အဲ့ဒါကိုဒင္းက မ်က္ႏွာေျပာင္တိုက္ၿပီး သူ႔အိမ္ေပၚေရာက္လာခဲ့သည္ေပါ့။အဲ့ဒါ ဘာအထာလဲ။
" နင့္အေပၚ...ငါအရမ္းမွားေနတယ္ဆိုတာငါသိပါတယ္....ေသာ္....ဒါေပမယ့္ ငါတို႔က ငယ္သူငယ္ခ်င္းေတြေလ...."
" သူငယ္ခ်င္း ဆိုတာနဲ႔ အခုျဖစ္သြားခဲ့တဲ့ကိစၥကို
ငါက ေလ်ွာ္ေပးရမယ္ေပါ့....အဟက္ အရမ္းရယ္စရာေကာင္းေနတယ္လို႔နင္မထင္ဘူးလား...ပုလဲ ပြင့္ပြင့္လင္းလင္းေျပာလာမယ္ဆိုရင္ေတာင္ငါလက္ခံဦးမွာပါ...အခုက ဘာလဲ အေရးႀကီးကိစၥဟုတ္လား ခ်ီးကိုအေရးသြားႀကီးေနလိုက္ ..."
" ေသာ္....ငါတကယ္...ေတာင္းပန္..."
" က်စ္...ထားလိုက္ေတာ့.....ေလာေလာဆယ္
ငါနင္နဲ႔ မ်က္ႏွာခ်င္းဆိုင္ၿပီး...စကားေျပာခ်င္စိတ္မ႐ွိေသးဘူး....အခုေျပာ...နင္ကဘာကိစၥ
ငါ့ဆီေရာက္ေနရတာလဲ....နင္ငါ့အေပၚအားနာတာေတြ နည္းနည္းပါးပါးေတာင္မရွိဘူးလား..."
" မုန္႔သြားစားမလို႔ေလကြာ...ငါခုဏက ....မင္းကိုဖုန္းဆက္ထားတယ္ေလ..."
စစ္ေသြးစကားေၾကာင့္ သူမ်က္ေမွာင္ၾကဳတ္ကာ စစ္ေသြးကို လွမ္းၾကည့္သည္။ဘာလဲ သူႏွင့္ပုလဲတို႔ ႏွစ္ေယာက္ၾကားကျပသာနာက အဲ့ေလာက္႐ိုးရွင္းေနသည္ေပါ့။
ဘယ္သူမွဘာမွ အေလးမထားရေလာက္ေအာင္ အေရးမႀကီးဘူးေပါ့။သို႔ေသာ္ ေသာ့္ မ်က္ႏွာမွာ မွဳန္ကုတ္ေနခဲ့၏။
" သူ႔ပါ....ေခၚထားတာလား..."
ပုလဲ ကိုေမးေငါ့ကာ သူ ခပ္ဆတ္ဆတ္ေမးပစ္လိုက္ေလေတာ့...
" အင္းေလခါတိုင္းလည္း အတူတူသြားေနတာပဲ...အခုအတူတူသြားတာ ဘာဆန္းလဲ...မင္းကလဘ္း စကားမ်ားမေနနဲ႔ သြား...မ်က္ႏွာသစ္ေတာ့ မင္းသစ္ၿပီးရင္ငါသစ္မယ္..."
ဘိုေကာင္းက ၾကားထဲကေန အိပ္ေနရာမွလွမ္းေျပာလာသည္။သူ ဟား ခနဲရယ္လိုက္မိသည္။
ဒါ ဘာအေျခအေနႀကီးလဲ.....ခါတိုင္းႏွင့္ မတူတာသူတို႔ေတြ မသိေလဘူးလား...။ပုလဲႏွင႔္သူ႔ၾကားက ဘာဆိုဘာမွမျဖစ္သင့္တဲ့ အေျခအေနလား။
ဟက္ ဒါဆို သူတစ္ေယာက္တည္းကပဲ ဆတ္ဆတ္ထိမခံျဖစ္ေနသည့္ ပံုေပါ့ေလ။အိုေကေလ...
အားလံုး က ဘာမွမျဖစ္သလို ႐ွိေနေတာ့လည္း
သူက ဘာလို႔ ေနရခက္ေနေတာ့မလဲ..။
ဂ႐ုစိုက္မေနေတာ့ဘူး...။ပုလဲေတာင္ မ်က္ႏွာေျပာင္တိုက္ၿပီး ဘာမွမျဖစ္သလိုအထာႏွင္႔သူ႔ေရွ႕ေရာက္လာခဲ့ေသးတာ။သူ လည္း ပုလဲ ကို တစ္ခ်က္ေလးမွ ဂ႐ုတစိုက္ၾကည္႕မေနေတာ့ပါပဲ ေရခ်ိဳးခန္း ထဲ ဝင္ဖို႔ျပင္လိုက္ေတာ့သည္။
" ဝိုင့္ကိုပါ...ေခၚထားတယ္....နင္ဝိုင့္ကိုေတာင္းပန္သင့္တယ္....မေန႔ကဆိုင္မွာ ဝိုင့္ရဲ႕ လက္နာသြားေသးတယ္ ....ၾကားထဲက ေျဖ႐ွင္းေပးတဲ့သူကိုနင္အဲ့လိုမလုပ္သင့္ဘူးျပီးေတာ့လည္းမူးမူးရူးရူး နဲ႔ သူအိမ္ထိသြားလိုက္ေသးတယ္....နင္္ဝိုင့္အိမ္ကို ဘယ္လိုသိလို႔ေရာက္သြားရတာလဲ....နင္ဝိုင့္ကိုဒုကၡမေပးနဲ႔ေလ မေန႔ကတင္ ရန္ရွာထားၿပီးေတာ့
ဒီျပသာနာကငါတို႔ ႏွစ္ေယာက္ၾကားကျပသာနာ
ဝိုင္နဲ႔ဘာမွမဆိုင္ဘူး ဝိုင့္ေၾကာင့္....ကိုဆက္နဲ႔ ငါခ်စ္သူေတြျဖစ္သြားတာမဟုတ္သလို ဝိုင့္ေၾကာင့္ နင္နဲ႔ျပတ္သြားခဲ့ရတာလည္း မဟုတ္ဘူး နင္မေက်နပ္ရင္ ငါနဲ႔ရွင္းေလ
ဝိုင့္အိမ္ထိေရာက္သြားတာဘာအထာလဲ နင္ကေလးလိုလုပ္မေနနဲ႔..."
ပုလဲစကားေၾကာင့္ သူ အလ်င္အျမန္ပင္ ေခါင္းထဲ အေတြးမ်ားစြာႏွင့္ စဥ္းစားလိုက္ရသည္။
မေန႔က အရမ္းမူးေနၿပီးကားေတာင္ဘယ္လို
ေမာင္းလို႔ေမာင္းေနမွန္းမသိသည့္ အေျခအေနမွာ
သူဘယ္လိုလုပ္ၿပီး မိုးေသာက္ဝိုင္ရဲ႕ အိမ္ကိုေရာက္ သြားခဲ့တာပါလိမ့္...။သူတို႔ျဖစ္ခဲ့သည့္ ျပသာနာက အဲ့ဒီ့ေကာင္ေလးနဲ႔ဘာမွမဆိုင္တာသူသိသည္။အဲ့ေလာက္ သူမတံုးဘူး။ျပသနာရွာဖို႔ေရာက္သြားခဲ့တာလဲ မဟုတ္ဘူး။အဲ့ေကာင္ေလးဘယ္မွာေနသလဲေတာင္သူမသိတဲ့ဟာ။ဒါေပမယ့္
ဘယ္မွတ္ဉာဏ္ေၾကာင့္အဲ့ေကာင္ေလးဆီေရာက္သြားခဲ့ရတာလဲ။သူက ဘာေၾကာင့္အဲ့ငတံုးေလးအိမ္ကိုသိေနရတာလဲ။က်စ္ ဘာမွစဥ္းစားလို႔မထြက္ေတာ့ဘူး။
" ငါေတာင္းပန္လိုက္မယ္...."
တစ္ခြန္းတည္းသာေျပာၿပီး ေရခ်ိဴးခန္းထဲသို႔
ဝင္ခဲ့လိုက္သည္။ေခါင္းေတြတစ္ဆစ္ဆစ္ထိုးကိုက္ေနတာက ဘယ္လိုမွမေပ်ာက္သြားခဲ့ေပ...။
ဘယ္လိုလုပ္ၿပီး မိုးေသာက္ဝိုင္ရဲ႕အိမ္ကိုေရာက္
သြားရတာလဲကြာ တကယ္ျပသာနာပဲ။တကယ္ဆို အိမ္က ဘယ္နားေလးမွာ႐ွိေနမွန္းေတာင္သူလံုးဝသိတာလဲမဟုတ္ပဲနဲ႔ကြာ။အား စိတ္ပ်က္ပါတယ္။ေတြးရတာ မုန္းပါတယ္ဆို။
႐ုတ္တရက္ လက္စြပ္ဆီအၾကည့္ေရာက္သြားမိေတာ့ မျဖစ္ႏိုင္သည့္ အေတြးေတြက ေခါင္းထဲ
အစီအရီ ဝင္လာခဲ့သည္။မျဖစ္ႏိုင္....လံုးဝ
မျဖစ္ႏိုင္ေပ...။သူေခါင္းေတြရမ္းခါလိုက္ရင္း
ေရကိုအျမန္ပင္ခ်ိဴးလိုက္ေတာ့သည္။
.....................................................................
ဘိုေကာင္း က ကားေမာင္း ျပီး ေဘးတြင္ပုလဲကစကားတစ္ေျပာေျပာႏွင့္ ပါလာခဲ့သည္။ေသာ္ သူႏွင့္စစ္ေသြးကေတာ့ေနာက္ခန္းတြင္ တိတ္ဆိတ္စြာ
ႏွင့္သာလိုက္လာခဲ့သည္။
Monster ဟု ဆိုင္းဘုတ္တတ္ထားသည့္အေအးဆိုင္ေ႐ွ႕တြင္...သူတို႔ကားေလးထိုးရပ္လိုက္ၿပီး
ကားေပၚမွဆင္းကာ ဆိုင္ထဲသို႔ဝင္လာခဲ့လိုက္ၾကသည္။ပုလဲ က သူ႔မ်က္ႏွာကိုအရိပ္တၾကည့္ၾကည့္ႏွင့္ၾကည့္ေနကာ စကားေျပာခ်င္ေနသည့္ ပံုေပၚသည္။
ေသာ္ သူ႔႐ုပ္ကခပ္တည္တည္ႀကီးႏွင့္မို႔ မေျပာရဲတာေၾကာင့္ဒီအတိုင္းၾကည့္ေနသည့္ပံုေပၚေနသည္ကို ပုလဲကိုမၾကည့္လည္း မ်က္လံုးေထာင့္ ကေနျမင္ေနရသည္။
ဘယ္လိုပဲသူငယ္ခ်င္းေတြပဲေျပာေျပာ သူ႔ကို လွည့္စားခဲ့သည္ကို ေတာ့ မေက်နပ္ႏိုင္ေသးသည္မို႔ မွတ္ေလာက္သားေလာက္ေအာင္ေတာ့ ပညာျပထားရမည္ေလ...။သူသာစကားလက္ခံေျပာလိုက္မည္ဆိုလွ်င္ သူ႔ေလာက္ 'အ' သည့္သူဒီကမ႓ာေပၚမွာရွိေတာ့မွာကို မဟုတ္ဘူး။
~~~~~~~~~<<>>~~~~~~~~~
ဝိုင္....ပုလဲတို႔ႏွင့္ခ်ိန္းထား၍ အေအးဆိုင္ထဲ႐ွိ ေဒါင့္ က်က်တစ္ေနရာတြင္ထိုင္ေစာင့္ေနမိသည္။ပုလဲ တို႔မလာေသး၍ ဆိုင္ထဲ႐ွိ Toiletထဲသို႔
ဝင္လာခဲ့လိုက္သည္။
ဖလပ္...ဖလပ္...
Toiletထဲတြင္ တပ္ဆင္ထားသည့္ မီးေခ်ာင္းေတြမွ မီးေတြက ဖြင့္လိုက္ပိတ္လိုက္ျဖစ္ေနျခင္းပင္...။ဝိုင္ မ်က္ေမွာင္ၾကဳတ္လိုက္မိကာ မွန္ထဲတြင္ျမင္ေနရေသာကိုယ့္
မ်က္ႏွာကို ၾကည့္ေနလိုက္သည္။
" ကူညီပါ....ကူညီပါ...."
" ဟင္..."
ေဒးဘတ္ ဝိုင့္အနားမွာ စ႐ွိစဥ္ကတည္းက ဒီလိုအသံ
ေတြမၾကားရေတာ့တာမေန႔ကထိပင္။အခုမွ ပထမဆံုးစၿပီးျပန္ၾကားလိုက္ရျခင္း။
ဝိုင္ စိတ္ေတြေလသြားပါ၏။ျပသနာေတာ့ တတ္ၿပီပဲ အခုေတာ့မျဖစ္ဘူးေလ။ဝိုင္တစ္ေယာက္တည္းရွိေနတာမဟုတ္ဘူး။ခက္လိုက္တာ...
" ကူညီပါ..."
မတတ္ႏိုင္ေတာ့ ဝိုင္နားေထာင္ေပးလိုက္ရံုသာ႐ွိေတာ့သည္။နားမေထာင္လွ်င္ ဒီအသံကိုအျပင္ဘက္ထိတစ္ဝဲလည္လည္ၾကားေနရလိမ့္မည္။မ်က္လံုးမွိတ္ထားကာ နားေထာင္ရင္းအားလံုးၿပီးစီးေလေတာ့ ဝိုင္သက္ျပင္းခ်လိုက္မိသည္။ဝိုင့္ကိုအကူအညီလာေတာင္းေသာ ဝိဥာဥ္ကို ကူညီေပးရန္ Toiletထဲမွထြက္လာခဲ့လိုက္သည္။
ဆိုင္ေပါက္ဝကိုလွမ္းၾကည့္မိစဥ္ ပုလဲတို႔ႏွင့္ အတူတူပါလာသည့္ ေဒးဘတ္ကိုေတြ႔လိုက္ သည္။ဝိုင္ရင္ဘတ္ထဲကဒိန္းခနဲျမည္ဟည္းသံႏွင့္အတူ အံ့ျသသြားခဲ့ရသည္။ေသာ္ ႏွင့္ပုလဲ ျပသာနာေတြတက္ထားၾကတာမဟုတ္လား။တကယ္ဆို သူပါမလာသင့္ဘူးေလ။သူ႔ေ႐ွ႕မွာ ဝိုင္ ကူညီရမည့္ကိစၥ ဘယ္လိုလုပ္ႏိုင္ပါေတာ့မလဲ...။ပုလဲတို႔က ဝိုင္ ေျပာျပထားလို႔ အနည္းက်ဥ္းသိေနေတာ့ ကိစၥသိပ္မ႐ွိလွ...။ေသာ့္ ေရွ႕မွာက်ဘယ္လိုလုပ္ရမလဲ...။ဝိုင္စိုးရိမ္စိတ္ေတြရင္ထဲျဖစ္တည္လာရင္း ဘယ္လိုလုပ္ရမလဲ မသိကာ ေဇာေခြၽးေတြျပန္လာရသည္။
ေသာ့္ ေ႐ွ႕မွာ ဘယ္လိုမွယံုၾကည္ႏိုင္ဖြယ္ရာမ႐ွိေသာ အျဖစ္ကိုလုပ္ရေတာ့မည္။အင္းေလ ဘယ္တတ္ႏိုင္ပါ့မလဲ...။ေသာ္ မသိဘူးဆိုေပမယ့္
သူကိုယ္တိုင္ေတာင္ဝိုင့္အနားေတာင္ေရာက္လာခဲ့ဖူးေသးတာပဲ...။ဝိုင္အပိုေတြလုပ္ျပေနတာမွမဟုတ္ပဲေလ..။စိတ္ကိုတင္းလိုက္မိကာ...အရင္ဦးဆံုး...မကူညီေသးပဲ ပုလဲတို႔ဝင္အလာကိုသာေစာင့္ေနလိုက္ေတာ့သည္။
~~~~~~~~~~~~~~~~~~~
(unicode)
(zawgyi)
ဝိုင့် နံဘေးနားတွင် ဒေးဘတ်မရှိခဲ့သည့် အချိန်မှစပြီး အထီးကျန်မှုတွေက မဖိတ်ခေါ်ပဲ ဝိုင့်ဆီအလုံးအရင်းဝင်ရောက်လာခဲ့သည်...။
တည်ကြည်က ဝိုင့်အနား အချိန်ပြည့်ရှိနေပေးနိုင်ခဲ့တာမဟုတ်ဘူးလေ..။တည်ကြည့်ခမျာ သူ့ကျောင်းကိစ္စတွေနှင့် တစ်ယောက်တည်းလုံးချာ လိုက်နေရရှာတာ။
တက္ကသိုလ် နောက်ဆုံးနှစ်ဆိုတော့ ပိုဆိုးသည်။သူ့ဖာသာ စာလုပ်လိုက၊်Thesisတွေလုပ်လိုက်၊အပြင်သွားရလိုက်နှင့် အလုပ်ရှုပ်နေတာ။
တည်ကြည် နှင့် စိမ်းကား သွားစရာအကြောင်းတော့မရှိပေမယ့် တစ်အိမ်ထဲနေပြီး ညဘက်မှဆုံဖြစ်ကြတာကများသည်။
စကားပြောဖြစ်ကြတော့လည်း အချိန်က ခဏလေးပဲ။တည်ကြည်က စာလုပ်လျှင် လုပ် မလုပ်ရင်ဘဖုန်းကြည့်နေတတ်တာ။ဒေးဘတ်ကပဲ ဝိုင့်အနားအချိန်ပြည့်ရှိနေပေးခဲ့တာမဟုတ်လား..။ရုတ်တရက် ကြီး အခုလို အနားကနေပျောက်ကွယ်သွားခဲ့တော့ သတိရနေမိတာ ဆန်းတော့မဆန်း....။
မနက်ထသည်အချိန်...မီးဖိုချောင်ထဲဝင်ပြီး ရေပိုက်ခေါင်းကို လှမ်းကြည့်မိချိန်...အသံတစ်ခုခု ချွတ်ချက်နှင့် ကြားသည့်အခါ.လှည့်ကြည့်မိတာမျိုး....အဆိုးဆုံးက ဝရံတာကိုရောက်လျှင်ပင်။
သီချင်းဆိုပြခဲ့တာတွေ၊ဒေးဘတ်၏ တည်ရှိမှုနှင့် ချစ်သည်ဟု ဝန်ခံခဲ့သည့် ကြေကွဲတုန်ယင်နေခဲ့သည့်အသံ ....။သူနှင့် ပတ်သက်ဆက်နွယ်ခဲ့သည့် အရာအားလုံး ကို သတိရသည်...။လွမ်းဆွတ်သည်။
ဒေးဘတ် အသံကို ခဏလေးဖြစ်ဖြစ်ကြားချင်သေးသည်...။မိုး ဟု နူးနူးညံ့ညံ့ခေါ်သည့် အသံက ဝိုင့်ရင်ထဲထိ ထိသည်။
ဟုတ်ပါတယ်။ဒေးဘတ်ကဝိုင့်ရဲ့အနီးလေးမှာရှိနေပါသေးတယ်။
အဲ့ဒီ့အသိလေးနဲ့သာ ဖြေသိမ့်နေခဲ့ရသည်..။ဒေးဘတ် ဆီအ ပြေးသွားလိုက်ချင်ပေမယ့် ဝိုင်သိခဲ့ဖူးသည့် သူ ဟာ ဒေးဘတ် မဟုတ်လေဆတာ့..။
ဒေးဘတ် ဆေးရုံမှာရှိနေခဲ့သည့် အတောအတွင်း...သူ့အကြောင်းတွေကို ပုလဲဆီကနေ မသိသလိုနှင့် တစ်ဖြည်းဖြည်း စုံစမ်းခဲ့သည်။ပုလဲကလည်း စိတ်ပါလက်ပါနှင့် ပြောပြလာခဲ့သည်။သူဆေးရုံဆင်းရမည်ဟု ပုလဲပြောသည့့်နေ့ မှာ ပုလဲက သူ့ကို သွားမကြိုပဲ မုန့်သွားစားရအောင်ဟု ဆိုကာ ဝိုင့်ကို လာခေါ်ခဲ့သည်။
ဆိုင်တစ်ဆိုင် ရောက်လေတော့ ကိုဆက်ပါရှိနေခဲ့သည်။ဝိုင် မထင်ထားခဲ့ပါပေ။ဆေးရုံ ဆင်းမည့် ချစ်သူကို သွားမကြိုပဲနှင့် ကိုဆက်နှင့်အတူ ရှိနေခဲ့လို့ ဝိုင့်စိတ်ထဲတစ်မျိုးကြီးဖြစ်သွားခဲ့သည်။
တကယ်ဆို ထာဝရသော်အနား ပုလဲရှိနေပေးသင့်သည်မဟုတ်လား။သူတို့ နှစ်ယောက်က တရားဝင် ပျက်ဆဲသေးတာမှ မဟုတ်သေးတာပင်။ကိုယ့်ချစ်သူ တစ်ယောက်လုံး နေပြန်ကောင်းပြီး ဆေးရုံဆင်းမည့်ကိစ္စကိုပင် ပုလဲ က လျစ်လျူရှုထားခဲ့ပြီး ချစ်သူအသစ်နှင့် ဆိုင်ထိုင်နေလိုက်သေးသည်။
သို့သော် သူတို့သုံးယောက်ကြားက ဖြစ်သည့် ပြသာနာရယ်မို့ ဝိုင်နှင့် မသက်ဆိုင်ပါပေ။
မကြာလိုက် ဝိုင်တို့ ရယ်လိုက်မောလိုက်
စကားပြောနေသည့်အချိန်တွင် ထာဝရသော်က ရုတ်တရက်ကြီး ဝိုင်တို့ ထိုင်နေသည့်ဆိုင်ကို ရောက်ချလာခဲ့သည်။သော် နှင့်ပုလဲ ပြသာနာတွေတက်ကြပြီး သော်က ပုလဲကို ပြတ်ပြီဟု ဆိုကာ ဝရုန်းသုန်းကားနှင့် ဆိုင်ထဲမှ ဒုန်းဆိုင်းထွက်သွားတော့သည်။ရှူးရှူးရှားရှား ဖြစ်သွားခဲ့သည့် သော့် ကျောပြင်ကိုကြည့်ပြီး တိတ်တဆိတ် ဝမ်းနည်းခဲ့ရသူက ဝိုင်ပင်။
သစ္စာဖောက်ခြင်း ခံလိုက်ရသည့် ဝေဒနာဆိုးဆိုးရွားရွားကို သော် ဘယ်လောက်တောင်ခံစားလိုက်ရ ရှာမလဲ..။သော် ကားပေါ်သို့ ရောက်သွားသည့်တိုင်အောင် စိတ်မကောင်းကြီးစွာ နှင့် ဝိုင့် ခမျာ ငေးကြည့်နေခဲ့မိသည်။
အိမ်ပြန်လာခဲ့သည့် လမ်းတစ်လျှောက်လုံးလည်း စိတ်ထဲနေလို့မကောင်းခဲ့ပါလေ...။
သော့်က သနားစရာကောင်းနေသည်လား ကိုယ်ကိုတိုင်ကပဲ သနားစရာကောင်းနေသည်လား ဝိုင်မသိတော့။
ည ခုနှစ်နာရီလောက်မှာ တည်ကြည် နှင့်စိတ်ပြေလက်ပျောက်လမ်းထွက်လျှောက်ရင်း စကားတွေပြောကာ တိုက်ခန်းသို့ ပြန်လာခဲ့သည်။တည်ကြည်ကလည်း ဝိုင့် အလိုကျနေပေးကာ ဝိုင်ပြောသည့် စကားကိုပင် အင်း၊အဲ ပဲ အလိုက်တသိ ပြန်ပြောပေးခဲ့သည်။
ဝိုင် အခုချိန်ထိ အနာကျက်မလာခဲ့သေးပါပေ။
ဒေးဘတ်ဆိုသည့် ဒဏ်ရာက အခုထက်ထိ အနာရင်းနေခဲ့တုန်းပင်။
တီးတောင်...တီးတောင်...
" ဘယ်သူပါလိမ့်..."
ဝိုင် အတွေးစတွေပျက်ကာ နှုတ်မှ ရေရွတ်လိုက်ရင်း မတ်တပ်ထရပ်လိုက်မိသည်။ညကြီးမိုးချုပ်ဘယ်သူမှမလာဖူးသဖြင့် တည်ကြည် ကဝိုင့်မျက်နှာကို လှမ်းကြည့်၏။
ဒီအချိန်ပုလဲတို့ ဘိုကောင်းတို့လည်း ရောက်လာနေကြမဟုတ်ပါဘူး။ဝိုင်လည်း ပုခုံးနှစ်ဖက်ကို ဟန်ပါပါတွန့်လိုက်ရင်း တံခါးဆီသွားကာ ဖွင့်လိုက်တော့သည်။
ဝိုင် အရမ်း အံ့သြသွားခဲ့ရသည်။ဝိုင်မြင်လိုက်ရသည်က ဒေးဘတ် ကိုပင်...။
ဝိုင့် အိမ် တံခါးပေါက်ရှေ့တွင် မတ်တပ်ရပ်နေသည့်သူသည် ဝိုင်အခုထက်ထိ စွဲလမ်းနေရသော ဒေးဘတ်ပါပင်။
အရက်နံ့တွေထောင်းခနဲ ထနေကာ ခေါင်းကလည်း မထောင်နိုင်လောက်အောင်ပဲ အောက်သို့ငိုက်စိုက်ကျနေသည်။ဝိုင်မျက်လုံးပြူးနှင့် ကြည့် လိုက်မိသည့် အချိန်ခဏမှာပင် ဒေးဘတ် တစ်ကိုယ်လုံးက ဝိုင့်ရင်ခွင်ထက်ဆီ သို့ ပြိုကျလာခဲ့တော့သည်။
ဝိုင့်ခမျာ အလန့်တကြားနှင့် အလိုက်သင့်ပင် ဖမ်းလိုက်သော်လည်း ဒေးဘတ် ကိုယ်လုံးကြီးက တော်တော် လေးနေခဲ့တာကြောင့် ဝိုင့်မှာ မထိန်းနိုင်တော့ပု နှစ်ယောက်သား ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့တော့သည်။
တည်ကြည်လည်း မထင်ထားခဲ့သလို မင်သက်စွာနှင့်ပင် ဝိုင် တို့နှစ်ယောက်ကို ကြောင်တောင်တောင် အနေအထားနှင့် ကြည့်နေမိပါ၏။
ထိုအခိုက် ဝိုင့်မှာလည်း ဒေးဘတ် ကိုယ်ကြီးနှင့် ပိနေခဲ့သဖြင့် ဘယ်လိုမှ ထပြုလို့မရသည့်အခြေအနေကိုရောက်နေခဲ့သည်ပင်.။ဒေးဘတ် သူ ဘယ်လိုလုပ်ပြီးများ ဝိုင်ဆီရောက်လာခဲ့ပါသလဲ...။
" တည်ကြည် ငါ့ကိုကြောင်ကြည့်မနေနဲ့ဟ လာထူပေးပါဦး..."
" အော်...အေး..."
တည်ကြည်လည်း အံ့သြနေရာမှ ဝိုင်ပြောလိုက်သည်ကြောင့် ဒေးဘတ် ၏ လေးပင်လှသောခန္ဓာကိုယ် ကြီးကို လာထူမပေးလေသည်။နှစ်ယောက်သား မနိုင်မနင်း နှင့် မ ပြုခဲ့ပြီးထိုင်ခုံပေါ်သို့ ပစ်စလတ်ခတ် သာ ပစ်တင်လိုက်တော့၏။
" သူကဘယ်သူလဲ...ဝိုင် ငါလည်း တစ်ခါမှမမြင်ဖူးပါလား..."
" အင်း...ဟို...သူငယ်ချင်းပါ..."
တည်ကြည့် ကိုမင်သေသေနှင့် ပြန်ပြောလိုက်ပေမယ့် ဘာရယ်ကြောင့်မှန်းမသိ စိတ်ကမလုံ။အရက်တွေတအားသောက်လာသည်ထင်သည်။သူ့မှာဘာအသိစိတ်မှမရှိတော့ပေ..။ဟင်းခနဲသက်ပြင်းချမိ ရင်း ဖုန်းကို လှမ်းယူကာ ပုလဲဆီကို ဖုန်းခေါ်လိုက်တော့၏။
" ဟယ်...ဟုတ်လား...ငါလဲ အပြင်ရောက်နေတာ ....ဝိုင်ရယ်...သူက နင့်ဆီ ဘယ်လိုရောက်လာရတာလဲ...နင့်အိမ်လည်း သူသိတာမဟုတ်ဘူး...ဒီလိုလုပ် ငါနင့်အိမ်လိပ်စာပေးပြီးဘိုကောင်းကို လာခေါ်ခိုင်းလိုက်မယ်...ငါလာခေါ်ပေးလို့မရလို့ပါ အဆင်ပြေတယ်မလားဟင်...ဝိုင်"
" အင်း....ဟုတ်ပီ...ပုလဲ...ငါဘိုကောင်းကို စောင့်
နေလိုက်ပါ့မယ်...အဆင်ပြေပါတယ်..."
ဝိုင်ဖုန်းချပြီး အခန်းထဲကိုပြေးဝင်ကာ စောင်
အပါးလေးတစ်ထည်ဖြင့် သူ့ကိုယ်ပေါ်ကိုလွှမ်းခြုံ
ပေးလိုက်သည်။ဒေးဘတ်ကား အိပ်မောကျနေဆဲပင်။
" သူကဘယ်သူလဲ ဝိုင် ပုလဲတို့အုပ်စုထဲကပဲလား..."
" အင်း ဟုတ်တယ်..."
" အင်း မင်းသူတို့နဲ့ကောင်းကောင်းအဆင်ပြေနေသားပဲ....မင်းကိုဂရုစိုက်ကြတယ်မလား..."
" အင်း သူတို့က ခင်ဖို့ကောင်းကြတယ် ငါ့အပေါ်လည်းကောင်းကြပါတယ်.."
" အာ...ငါဝမ်းသာပါတယ် ဒီအတောအတွင်း ငါမင်းကို ဂရုမစိုက်နိုင်တာ ငါတောင်းပန်တယ်ကွာ..."
" မင်းကလည်း ငါဆေးရုံမှာရှိနေတဲ့အတောအတွင်းမင်းဘယ်လောက်ပင်ပန်းခဲ့သလဲ ငါသိနေသားပဲ
ဘာလို့တောင်းပန်နေရတာလဲ အခုငါအကုန်အဆင်ပြေတယ် မင်းသာ ငါ့ကိုမပူပဲကြိုးစား မင်းကဂုဏ်ထူးတန်းတက်နေတာဆိုတော့အရေးကြီးတယ်...ဒီလောက်ငါ့အပေါ်ကောင်းပေးတာပဲကျေးဇူးတင်လှပါပြီ..."
" အေးကွာ..."
တည်ကြည် ကဘာမှထပ်မပြောတော့ပဲသူ့ဖာသာ အခန်းထဲ ဝင်လိုက်အပြင်ထွက်လာလိုက်နှင့် အလုပ်တွေရှုပ်နေခဲ့တော့သည်။ဝိုင်ကတော့ ဒေးဘတ် ဘေးနားက ခုံမှာဝင်ထိုင်ရင်း သူ့မျက်နှာကို သေသေချာချာကြည့်နေမိသည်။
အခု ဝိုင့် ရှေ့မှာ ရှိနေတာက ဝိုင့်ရဲ့ ဒေးဘတ်...။အသံနှင့် ဝိုင့်ကို ချုပ်ခဲ့ပါလေသော ဝိုင့်၏
မြတ်နိုးနေရပါသော...ဒေးဘတ် ပင်...။
သူဘာကြောင့် ဒီလောက်တောင်လူမှန်းသူမှန်းမူးနေရတာလဲ..။အသည်းကွဲနေတာလား...။
ဒါဆိုလည်း ပုလဲဆီသွားပြီး သောင်းကျန်းသင့် တာ မဟုတ်လား။
ဘာကြောင့် ဝိုင့်ဆီ ရောက်လာခဲ့ရတာလဲ..။
သူ့ရဲ့ မသိစိတ်က ဝိုင့်ဆီမှာရှိနေတာလား..။
ဒါကြောင့် သူ...သူ...ဝိုင့်ဆီရောက်လာခဲ့တာလား...။မဟုတ်ဘူး ဟုပဲဆိုဆို ရူးနေတယ်လို့ပဲဆိုဆို ဝိုင်လိုရာ ဆွဲတွေးလိုက်မိသည်။
သူဘယ်တော့မှ ဝိုင့်ကို မှတ်မိနိုင်ပါ့မလဲ...။တစ်သက်လုံး....မမှတ်မိတော့ဘူးလား...။ရင်ဘတ်ထဲကဆစ်ခနဲနာကျင်နေရပေမယ့် ဝိုင့်ဘက်ကတော့ သူ့ကိုမေ့ဖို့ဘယ်တော့မှကြိုးစားမှာမဟုတ်ဘူး...။သူမှတ်မိသည်ဖြစ်စေမမှတ်မိသည်ဖြစ်စေ..သူနဲ့ သူ့ရဲ့အသံက ဝိုင့်နှလုံးသား ရဲ့ ဟိုးအနက်ရှိုင်းဆုံးတစ်နေရာမှာထာဝရ တည်ရှိနေလို့ပါပဲ...။
# # # # #
" ဟေ့ကောင်....သော်...ထတော့....ထတော့...
မင်းကို ဖုန်းဆက်နိုးထားတယ်လေကွာ...ဘိုကောင်း...ဘိုကောင်းမင်းလည်း ထတော့.....အာ
မင်းတို့နှစ်ကောင်လုံး တအား အိပ်နိုင်တာပဲ..."
စစ်သွေးခမျာ သော့်ဘေးကပ်ပြီး နှစ်ယောက်လုံးကို နိုးနေတာကို မထကြသေးပဲ ပေတေပြီး အိပ်နေကြတာပင်။
သော်ဆို သူအုံးထားသည့် ခေါင်းအုံးနှင့် စစ်သွေးအော်နေတာ မကြားအောင် နားကိုအတင်းဖိထားကာ ပြန်အိပ်နေလိုက်သေးသည်။
စစ်သွေးက ရှူးရှူးရှားရှား နှင့် နှုတ်မှ ပွစိပွစိ ရေရွတ်တော့၏။
သော့်မှာ ခေါင်းထဲမှ တစ်ဆစ်ဆစ်ထိုးကိုက်
နေခဲ့သည်ကြောင့် မထနိုင်ဖြစ်နေခဲ့တာပင်။မနေ့ည စိတ်ခံစားချက်တွေ မကောင်းတာကြောင့် ဘီယာအရမ်းသောက်ချင်တာနှင့်ပင် ဘယ်သူ့ကိုမှလည်း ခေါ်လို့မရသဖြင့်
တစ်ယောက်တည်း စိတ်တိုတိုနှင့် ဘီယာဆိုင်သွားကာ အသားကုန် သောက်မိခဲ့သည်။
ဘယ်အချိန်အိမ်ကိုပြန်ရောက်လာပြီး ဘယ်လိုရောက်လာခဲ့သလဲပင်မသိတော့...။စစ်သွေး ဖုန်းဆက်လာမှပင် သူ့နှင့်အတူ ဘိုကောင်းပါရှိနေသည်ကို သိလိုက်ရသည်။
ဘီယာခေါ်သောက်တုန်းကကြတော့နှစ်ယောက်စလုံး မအားကြဘူးဟုဆိုကာ အသည်းအသန် ငြင်းဆိုပြီး တစ်ယောက်မှမလိုက်ခဲပါပဲနှင့်...ဘယ်လိုကဘယ်လိုဘိုကောင်းက သူ့အနားရောက်နေခဲ့သလဲ သူမသိ...။
" မနေ့ညက ဝိုင့်ဆီ ဘယ်လိုရောက်သွားတာလဲ...သော်..."
မေးခွန်းက ထူးဆန်းနေသည့်အပြင် မေးနေသည့် သူက ပုလဲဖြစ်နေ၍ သော့်မှာ ဆက် မအိပ်နိုင်တော့ပဲ
အလန့်တကြားနှင့် အိပ်ယာထက်မှ အိပ်ချင်းမူးတူးနှင့် ကမူးရူးထူး ထထိုင်လိုက်ရတော့သည်။
" နင့်ကိုဘယ်သူကခေါ်လို့ ....အိမ်ထဲရောက်နေ
ရတာလဲ...ပုလဲ...."
သူ ခပ်ဆတ်ဆတ်ပြောလိုက်ရင်းအနားတွင်တင်ထားသည့်ရေဗူးကိုလှမ်းယူကာသောက်လိုက်သည်။သူနှင့် ပုလဲက ကမနေ့ကတင်ပူပူနွေးနွေးပြတ်ထားကြသည့် စုံတွဲတွေ။အဲ့ဒါကိုဒင်းက မျက်နှာပြောင်တိုက်ပြီး သူ့အိမ်ပေါ်ရောက်လာခဲ့သည်ပေါ့။အဲ့ဒါ ဘာအထာလဲ။
" နင့်အပေါ်...ငါအရမ်းမှားနေတယ်ဆိုတာငါသိပါတယ်....သော်....ဒါပေမယ့် ငါတို့က ငယ်သူငယ်ချင်းတွေလေ...."
" သူငယ်ချင်း ဆိုတာနဲ့ အခုဖြစ်သွားခဲ့တဲ့ကိစ္စကို
ငါက လျှော်ပေးရမယ်ပေါ့....အဟက် အရမ်းရယ်စရာကောင်းနေတယ်လို့နင်မထင်ဘူးလား...ပုလဲ ပွင့်ပွင့်လင်းလင်းပြောလာမယ်ဆိုရင်တောင်ငါလက်ခံဦးမှာပါ...အခုက ဘာလဲ အရေးကြီးကိစ္စဟုတ်လား ချီးကိုအရေးသွားကြီးနေလိုက် ..."
" သော်....ငါတကယ်...တောင်းပန်..."
" ကျစ်...ထားလိုက်တော့.....လောလောဆယ်
ငါနင်နဲ့ မျက်နှာချင်းဆိုင်ပြီး...စကားပြောချင်စိတ်မရှိသေးဘူး....အခုပြော...နင်ကဘာကိစ္စ
ငါ့ဆီရောက်နေရတာလဲ....နင်ငါ့အပေါ်အားနာတာတွေ နည်းနည်းပါးပါးတောင်မရှိဘူးလား..."
" မုန့်သွားစားမလို့လေကွာ...ငါခုဏက ....မင်းကိုဖုန်းဆက်ထားတယ်လေ..."
စစ်သွေးစကားကြောင့် သူမျက်မှောင်ကြုတ်ကာ စစ်သွေးကို လှမ်းကြည့်သည်။ဘာလဲ သူနှင့်ပုလဲတို့ နှစ်ယောက်ကြားကပြသာနာက အဲ့လောက်ရိုးရှင်းနေသည်ပေါ့။
ဘယ်သူမှဘာမှ အလေးမထားရလောက်အောင် အရေးမကြီးဘူးပေါ့။သို့သော် သော့် မျက်နှာမှာ မှုန်ကုတ်နေခဲ့၏။
" သူ့ပါ....ခေါ်ထားတာလား..."
ပုလဲ ကိုမေးငေါ့ကာ သူ ခပ်ဆတ်ဆတ်မေးပစ်လိုက်လေတော့...
" အင်းလေခါတိုင်းလည်း အတူတူသွားနေတာပဲ...အခုအတူတူသွားတာ ဘာဆန်းလဲ...မင်းကလဘ်း စကားများမနေနဲ့ သွား...မျက်နှာသစ်တော့ မင်းသစ်ပြီးရင်ငါသစ်မယ်..."
ဘိုကောင်းက ကြားထဲကနေ အိပ်နေရာမှလှမ်းပြောလာသည်။သူ ဟား ခနဲရယ်လိုက်မိသည်။
ဒါ ဘာအခြေအနေကြီးလဲ.....ခါတိုင်းနှင့် မတူတာသူတို့တွေ မသိလေဘူးလား...။ပုလဲနှင့်သူ့ကြားက ဘာဆိုဘာမှမဖြစ်သင့်တဲ့ အခြေအနေလား။
ဟက် ဒါဆို သူတစ်ယောက်တည်းကပဲ ဆတ်ဆတ်ထိမခံဖြစ်နေသည့် ပုံပေါ့လေ။အိုကေလေ...
အားလုံး က ဘာမှမဖြစ်သလို ရှိနေတော့လည်း
သူက ဘာလို့ နေရခက်နေတော့မလဲ..။
ဂရုစိုက်မနေတော့ဘူး...။ပုလဲတောင် မျက်နှာပြောင်တိုက်ပြီး ဘာမှမဖြစ်သလိုအထာနှင့်သူ့ရှေ့ရောက်လာခဲ့သေးတာ။သူ လည်း ပုလဲ ကို တစ်ချက်လေးမှ ဂရုတစိုက်ကြည့်မနေတော့ပါပဲ ရေချိုးခန်း ထဲ ဝင်ဖို့ပြင်လိုက်တော့သည်။
" ဝိုင့်ကိုပါ...ခေါ်ထားတယ်....နင်ဝိုင့်ကိုတောင်းပန်သင့်တယ်....မနေ့ကဆိုင်မှာ ဝိုင့်ရဲ့ လက်နာသွားသေးတယ် ....ကြားထဲက ဖြေရှင်းပေးတဲ့သူကိုနင်အဲ့လိုမလုပ်သင့်ဘူးပြီးတော့လည်းမူးမူးရူးရူး နဲ့ သူအိမ်ထိသွားလိုက်သေးတယ်....နင်ဝိုင့်အိမ်ကို ဘယ်လိုသိလို့ရောက်သွားရတာလဲ....နင်ဝိုင့်ကိုဒုက္ခမပေးနဲ့လေ မနေ့ကတင် ရန်ရှာထားပြီးတော့
ဒီပြသာနာကငါတို့ နှစ်ယောက်ကြားကပြသာနာ
ဝိုင်နဲ့ဘာမှမဆိုင်ဘူး ဝိုင့်ကြောင့်....ကိုဆက်နဲ့ ငါချစ်သူတွေဖြစ်သွားတာမဟုတ်သလို ဝိုင့်ကြောင့် နင်နဲ့ပြတ်သွားခဲ့ရတာလည်း မဟုတ်ဘူး နင်မကျေနပ်ရင် ငါနဲ့ရှင်းလေ
ဝိုင့်အိမ်ထိရောက်သွားတာဘာအထာလဲ နင်ကလေးလိုလုပ်မနေနဲ့..."
ပုလဲစကားကြောင့် သူ အလျင်အမြန်ပင် ခေါင်းထဲ အတွေးများစွာနှင့် စဉ်းစားလိုက်ရသည်။
မနေ့က အရမ်းမူးနေပြီးကားတောင်ဘယ်လို
မောင်းလို့မောင်းနေမှန်းမသိသည့် အခြေအနေမှာ
သူဘယ်လိုလုပ်ပြီး မိုးသောက်ဝိုင်ရဲ့ အိမ်ကိုရောက် သွားခဲ့တာပါလိမ့်...။သူတို့ဖြစ်ခဲ့သည့် ပြသာနာက အဲ့ဒီ့ကောင်လေးနဲ့ဘာမှမဆိုင်တာသူသိသည်။အဲ့လောက် သူမတုံးဘူး။ပြသနာရှာဖို့ရောက်သွားခဲ့တာလဲ မဟုတ်ဘူး။အဲ့ကောင်လေးဘယ်မှာနေသလဲတောင်သူမသိတဲ့ဟာ။ဒါပေမယ့်
ဘယ်မှတ်ဉာဏ်ကြောင့်အဲ့ကောင်လေးဆီရောက်သွားခဲ့ရတာလဲ။သူက ဘာကြောင့်အဲ့ငတုံးလေးအိမ်ကိုသိနေရတာလဲ။ကျစ် ဘာမှစဉ်းစားလို့မထွက်တော့ဘူး။
" ငါတောင်းပန်လိုက်မယ်...."
တစ်ခွန်းတည်းသာပြောပြီး ရေချိူးခန်းထဲသို့
ဝင်ခဲ့လိုက်သည်။ခေါင်းတွေတစ်ဆစ်ဆစ်ထိုးကိုက်နေတာက ဘယ်လိုမှမပျောက်သွားခဲ့ပေ...။
ဘယ်လိုလုပ်ပြီး မိုးသောက်ဝိုင်ရဲ့အိမ်ကိုရောက်
သွားရတာလဲကွာ တကယ်ပြသာနာပဲ။တကယ်ဆို အိမ်က ဘယ်နားလေးမှာရှိနေမှန်းတောင်သူလုံးဝသိတာလဲမဟုတ်ပဲနဲ့ကွာ။အား စိတ်ပျက်ပါတယ်။တွေးရတာ မုန်းပါတယ်ဆို။
ရုတ်တရက် လက်စွပ်ဆီအကြည့်ရောက်သွားမိတော့ မဖြစ်နိုင်သည့် အတွေးတွေက ခေါင်းထဲ
အစီအရီ ဝင်လာခဲ့သည်။မဖြစ်နိုင်....လုံးဝ
မဖြစ်နိုင်ပေ...။သူခေါင်းတွေရမ်းခါလိုက်ရင်း
ရေကိုအမြန်ပင်ချိူးလိုက်တော့သည်။
.....................................................................
ဘိုကောင်း က ကားမောင်း ပြီး ဘေးတွင်ပုလဲကစကားတစ်ပြောပြောနှင့် ပါလာခဲ့သည်။သော် သူနှင့်စစ်သွေးကတော့နောက်ခန်းတွင် တိတ်ဆိတ်စွာ
နှင့်သာလိုက်လာခဲ့သည်။
Monster ဟု ဆိုင်းဘုတ်တတ်ထားသည့်အအေးဆိုင်ရှေ့တွင်...သူတို့ကားလေးထိုးရပ်လိုက်ပြီး
ကားပေါ်မှဆင်းကာ ဆိုင်ထဲသို့ဝင်လာခဲ့လိုက်ကြသည်။ပုလဲ က သူ့မျက်နှာကိုအရိပ်တကြည့်ကြည့်နှင့်ကြည့်နေကာ စကားပြောချင်နေသည့် ပုံပေါ်သည်။
သော် သူ့ရုပ်ကခပ်တည်တည်ကြီးနှင့်မို့ မပြောရဲတာကြောင့်ဒီအတိုင်းကြည့်နေသည့်ပုံပေါ်နေသည်ကို ပုလဲကိုမကြည့်လည်း မျက်လုံးထောင့် ကနေမြင်နေရသည်။
ဘယ်လိုပဲသူငယ်ချင်းတွေပဲပြောပြော သူ့ကို လှည့်စားခဲ့သည်ကို တော့ မကျေနပ်နိုင်သေးသည်မို့ မှတ်လောက်သားလောက်အောင်တော့ ပညာပြထားရမည်လေ...။သူသာစကားလက်ခံပြောလိုက်မည်ဆိုလျှင် သူ့လောက် 'အ' သည့်သူဒီကမ္ဘာပေါ်မှာရှိတော့မှာကို မဟုတ်ဘူး။
~~~~~~~~~<<>>~~~~~~~~~
ဝိုင်....ပုလဲတို့နှင့်ချိန်းထား၍ အအေးဆိုင်ထဲရှိ ဒေါင့် ကျကျတစ်နေရာတွင်ထိုင်စောင့်နေမိသည်။ပုလဲ တို့မလာသေး၍ ဆိုင်ထဲရှိ Toiletထဲသို့
ဝင်လာခဲ့လိုက်သည်။
ဖလပ်...ဖလပ်...
Toiletထဲတွင် တပ်ဆင်ထားသည့် မီးချောင်းတွေမှ မီးတွေက ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေခြင်းပင်...။ဝိုင် မျက်မှောင်ကြုတ်လိုက်မိကာ မှန်ထဲတွင်မြင်နေရသောကိုယ့်
မျက်နှာကို ကြည့်နေလိုက်သည်။
" ကူညီပါ....ကူညီပါ...."
" ဟင်..."
ဒေးဘတ် ဝိုင့်အနားမှာ စရှိစဉ်ကတည်းက ဒီလိုအသံ
တွေမကြားရတော့တာမနေ့ကထိပင်။အခုမှ ပထမဆုံးစပြီးပြန်ကြားလိုက်ရခြင်း။
ဝိုင် စိတ်တွေလေသွားပါ၏။ပြသနာတော့ တတ်ပြီပဲ အခုတော့မဖြစ်ဘူးလေ။ဝိုင်တစ်ယောက်တည်းရှိနေတာမဟုတ်ဘူး။ခက်လိုက်တာ...
" ကူညီပါ..."
မတတ်နိုင်တော့ ဝိုင်နားထောင်ပေးလိုက်ရုံသာရှိတော့သည်။နားမထောင်လျှင် ဒီအသံကိုအပြင်ဘက်ထိတစ်ဝဲလည်လည်ကြားနေရလိမ့်မည်။မျက်လုံးမှိတ်ထားကာ နားထောင်ရင်းအားလုံးပြီးစီးလေတော့ ဝိုင်သက်ပြင်းချလိုက်မိသည်။ဝိုင့်ကိုအကူအညီလာတောင်းသော ဝိဉာဉ်ကို ကူညီပေးရန် Toiletထဲမှထွက်လာခဲ့လိုက်သည်။
ဆိုင်ပေါက်ဝကိုလှမ်းကြည့်မိစဉ် ပုလဲတို့နှင့် အတူတူပါလာသည့် ဒေးဘတ်ကိုတွေ့လိုက် သည်။ဝိုင်ရင်ဘတ်ထဲကဒိန်းခနဲမြည်ဟည်းသံနှင့်အတူ အံ့သြသွားခဲ့ရသည်။သော် နှင့်ပုလဲ ပြသာနာတွေတက်ထားကြတာမဟုတ်လား။တကယ်ဆို သူပါမလာသင့်ဘူးလေ။သူ့ရှေ့မှာ ဝိုင် ကူညီရမည့်ကိစ္စ ဘယ်လိုလုပ်နိုင်ပါတော့မလဲ...။ပုလဲတို့က ဝိုင် ပြောပြထားလို့ အနည်းကျဉ်းသိနေတော့ ကိစ္စသိပ်မရှိလှ...။သော့် ရှေ့မှာကျဘယ်လိုလုပ်ရမလဲ...။ဝိုင်စိုးရိမ်စိတ်တွေရင်ထဲဖြစ်တည်လာရင်း ဘယ်လိုလုပ်ရမလဲ မသိကာ ဇောချွေးတွေပြန်လာရသည်။
သော့် ရှေ့မှာ ဘယ်လိုမှယုံကြည်နိုင်ဖွယ်ရာမရှိသော အဖြစ်ကိုလုပ်ရတော့မည်။အင်းလေ ဘယ်တတ်နိုင်ပါ့မလဲ...။သော် မသိဘူးဆိုပေမယ့်
သူကိုယ်တိုင်တောင်ဝိုင့်အနားတောင်ရောက်လာခဲ့ဖူးသေးတာပဲ...။ဝိုင်အပိုတွေလုပ်ပြနေတာမှမဟုတ်ပဲလေ..။စိတ်ကိုတင်းလိုက်မိကာ...အရင်ဦးဆုံး...မကူညီသေးပဲ ပုလဲတို့ဝင်အလာကိုသာစောင့်နေလိုက်တော့သည်။
~~~~~~~~~~~~~~~~~~~