I Can Hear Your Voice (Comple...

Light730

502K 60.3K 1.5K

The boy, who had been in a coma for three years due to an accident, woke up to hear the voice of the spirits... Еще

I Can Hear Your Voice - 1(Z,U)
I Can Hear Your Voice -2(Z,U)
I Can Hear Your Voice - 3(Z,U)
I Can Hear Your Voice - 4(Z,U)
I Can Hear Your Voice - 5(Z,U)
I Can Hear Your Voice-6(Z,U)
I Can Hear Your Voice - 7(Z,U)
I Can Hear You Voice-8(Z,U)
I Can Hear Your Voice-9(Z,U)
I Can Hear Your Voice-10(Z,U)
I Can Hear Your Voice-11(Z,U)
I Can Hear Your Voice-12(Z,U)
I Can Hear Your Voice-13(Z,U)
I Can Hear Your Voice-15(Z,U)
I Can Hear Your Voice-16(Z,U)
I Can Hear Your Voice-17(Z,U)
I Can Hear Your Voice-18(Z,U)
I Can Hear Your Voice-19(Z,U)
I Can Hear Your Voice-20(Z,U)
I Can Hear Your Voice-21(Z,U)
I Can Hear Your Voice-22(Z,U)
I Can Hear Your Voice-23(Z,U)
I Can Hear Your Voice-24(Z,U)
I Can Hear Your Voice-25(Z,U)
I Can Hear Your Voice-26(Z,U)
I Can Hear Your Voice-27(Z,U)
I Can Hear Your Voice-28(Z,U)
I Can Hear Your Voice-29(Z,U)
I Can Hear Your Voice-30(Z,U)
I Can Hear Your Voice-31(Z,U)
I Can Hear Your Voice-32(Z,U)
I Can Hear Your Voice-33(Z,U)
I Can Hear Your Voice-34(Z,U)
I Can Hear Your Voice-35(Z,U)
I Can Hear Your Voice-36(Z,U)
I Can Hear Your Voice-37(Z,U)
I Can Hear Your Voice-38(Z,U)
I Can Hear Your Voice-The End (Z,U)
Extra-1
Extra-2
Extra-3
Extra-4
Extra-5
Extra-6
Extra-7
Extra-8
Extra-9
Extra-10
Extra-11(Final Part)
I Can Hear Your Voice-39(Z,U)
I Can Hear Your Voice-40(Z,U)
စျေးဗန်း(ေစ်းဗန္း)
(ေတာင္းပန္ျခင္းႏွင့္အသိေပးျခင္း)

I Can Hear Your Voice-14(Z,U)

9.3K 1.3K 43
Light730

(Zawgyi)

" ဘာကိစၥရွိလို႔လဲကြဲ႕..."

အဘိုးဆီမွ တုန္ရီေနသည့္ အသံေလး ထြက္ေပၚလာခဲ့သည္။အရင္တစ္ေခါက္က ေတြ႕သည္ထက္ပိုၿပီး အဘိုးပိန္သြားခဲ့သည္မွာ ျမင္ရသူအဖို႔ စိတ္မေကာင္းျဖစ္စရာပင္။ညိဳးငယ္ေနသည့္ မ်က္လုံးေတြခမ်ာမွာလည္း အုံ႔မႈိင္းေနခဲ့ကာ ေမ်ာ္လင့္ခ်က္ေတြ ေပ်ာက္ဆုံးသြားခဲ့သည့္ လူတစ္ေယာက္လိုပင္။

အဘြားဆုံးၿပီးကတည္းက ေလာကႀကီးကို အရႈံးေပးထားပုံရေလသည္။

ဝိုင္ကေတာ့ အဘိုးႏွင့္ဆန႔္က်င္ဘက္ပါပင္။ဝိုင့္ရင္ထဲတြင္ ပန္းမ်ားပြင့္ေနသည္။အဘိုးကို အားနာေသာ္လည္း ရင္ထဲက အေပ်ာ္ကို မဖုံးဖိႏိုင္ေပ။ေဒးဘတ္ကို ဝိုင္ ကူညီခြင့္ရေတာ့မည္မဟုတ္ပါလား။ဝိုင့္ မ်က္လုံးေတြ တလက္လက္ေတာက္ပလာခဲ့သည္။ေမ်ာ္လင့္ခ်က္အျပည့္ႏွင့္ အားတက္သေရာ အဘိုးကို ေမးလိုက္ေတာ့၏။

" အဘိုး....ကြၽန္ေတာ့္ကိုမမွတ္မိဘူးလားဟင္...ဟိုအဘြားအသုဘတုန္းက အဘိုးဆီလာေသးတယ္ေလ....ကြၽန္ေတာ္စကားလာပါးေသးတယ္ေလ....မွတ္မိလားမသိဘူးခင္ဗ်...."

ဝိုင့္ႏႈတ္က အဘြားဟု ပါလာခဲ့ေတာ့ အဘိုးမ်က္ဝန္းေတြက သိသိသာသာလက္ေတာက္လာကာ ျပန္ၿပီးေမွးမွိန္သြားခဲ့သည္။ဝိုင္ မရည္႐ြယ္ပါ။သို႔ေပမယ့္ ဝိုင္၏ ရည္႐ြယ္ခ်က္က ဒါမို႔ ဒီစကားကေတာ့ မျဖစ္မေန ေျပာရပါမည္။

အဘိုးက ဝိုင့္ကိုေသခ်ာစိုက္ၾကည့္ကာမ်က္ေမွာင္ႀကဳံ႔ရင္းစဥ္းစားလာသည္။အဘိုး မွတ္မိပါေစ။

" အဘိုးကအသက္ႀကီးေနၿပီဆိုေတာ့ ဘာမွသိပ္မမွတ္မိခ်င္ေတာ့ဘူး...လူေလးေရ...ဒါေပမယ့္မိေလးအသုဘမွာ...ေရာက္လာတဲ့ ကေလးကိုေတာ့ အဘိုးအမွတ္ရေနပါတယ္....."

အဘိုးက ဝိုင့္ကို မွတ္မိသည္ဟုဆိုေတာ့ ဝမ္းေတာ့သာသြားရသည္။

" အဘိုးဆီ ဘာကိစၥရွိလို႔ ေရာက္လာတာလဲကြဲ႕..."

" ဟုတ္အဘိုး......ကြၽန္ေတာ္ေမးစရာေလးရွိလို႔ပါ..စိတ္ေတာ့မရွိပါနဲ႔ အဘိုးရယ္ ကြၽန္ေတာ္ အေရးႀကီးေနလို႔ပါ ဟိုေလ အဘြားရက္လည္ တုန္းက ဒီရပ္ကြက္ထဲမွာကားaccidentျဖစ္ခဲ့တာမ်ိဳး အဘိုးၾကားလိုက္သလားဟင္..."

ဝိုင့္မွာ စိတ္ေတြလည္းခုန္ ရင္ေတြလည္း တုန္ႏွင့္ အဘိုးစကားကို တထိတ္ထိတ္ ေစာင့္ေနမိတာ...။

" accident အဘိုးမၾကားမိပါဘူးကြယ္..
အဲ့တုန္းက မိေလးစိတ္နဲ႔ အဘိုးေဆာက္တည္ရာမရျဖစ္ေနခဲ့တာေၾကာင့္ မသိခဲ့တာလည္း ျဖစ္ခ်င္ျဖစ္လိမ့္မယ္...ဒါေပမယ့္အိမ္က တစ္ျခားသူေတြေျပာတာလည္း အဘိုးမၾကားမိပါဘူးကြယ္..."

အဘိုးရဲ႕စကားေၾကာင့္ ဝိုင့္ရဲ႕ ေမ်ာ္လင့္ခ်က္ေတြ
ဟိုးေအာက္ဆုံးအထိ က်ဆင္းသြားခဲ့ရသည္။ရင္ဘတ္ထဲ မည္ဟည္းေနသည့္ ဗုံသံေတြလို ရင္ခုန္သံက ျဖတ္ခနဲတိတ္က်သြားခဲ့ၿပီး ေတာက္ပေနသည့္မ်က္ဝန္းမ်ားက ေမွးမွိန္သြားခဲ့ရသည္။

ဒီပတ္ဝန္းက်င္မွာ accident မျဖစ္ခဲ့ဘူးတဲ့ေလ.....။
ေသခ်ာေပါက္ေတာ့ ဒီေနရာမွာ ေဒးဘတ္accident ျဖစ္ခဲ့လိမ့္မည္ ဟု ထင္ခဲ့မိတာ။

ဝိုင္ ဒီရပ္ကြက္ထဲေရာက္လာခဲ့ၿပီး ဝိုင္ အိမ္ျပန္သည့္အခ်ိန္ ေဒးဘတ္လိုက္ပါလာခဲ့သည္ ဟုပဲ စိတ္ထဲယုံၾကည္ခဲ့မိတာ...။

accident ျဖစ္ခဲ့ရာက ေဒးဘတ္အေၾကာင္း စုံစမ္းလို႔ရမည္။ဒါဆို ဝိုင္ ေဆး႐ုံသို႔ လိုက္သြားမည္။ေဆး႐ုံကေနတစ္ဆင့္ ေဒးဘတ္အိမ္လိပ္စာ စုံစမ္းၿပီး ကုသိုလ္ျပဳေပးရန္ ဝိုင္ ေျပာမည္ဟု ေတြးထားခဲ့မိေလျခင္း။

စိတ္ကူးထားတာေတြအကုန္ ၾကက္ေပ်ာက္ငွက္ေပ်ာက္...။အေတြးေတြက ေလဟာနယ္ထဲလြင့္ျပယ္သြားခဲ့ၿပီ။

ဒါဆိုဘယ္လိုလုပ္...ေဒးဘတ္က ဝိုင့္ဆီေရာက္လာခဲ့ရသလဲ...။တစ္ခုသာ ရွိေတာ့သည္။ဝိုင္အခုေနထိုင္ေနသည့္ အရင္တိုက္ခန္းပိုင္ရွင္ႏွင့္သာ ေဒးဘတ္ တနည္းတဖုံ ပတ္သက္မႈရွိေနတာသာ ျဖစ္ႏိုင္ေတာ့မည္။

" ေက်းဇူးပါပဲ အဘိုးရယ္..."

ဝိုင္သည္ စိတ္ပ်က္စြာႏွင့္ အဘိုးကိုေတာင္ေကာင္းေကာင္းမႏႈတ္ဆက္ႏိုင္ပဲ အဘိုးအိမ္ကေနေလးပင္ေနသည့္ေျခလွမ္းေတြႏွင့္ ေခါင္းငိုက္စိုက္ထြက္လာခဲ့လိုက္သည္။

" ဘယ္လိုလဲ အဆင္မေျပခဲ့ဘူးလား...."

အဘိုးၿခံထဲကထြက္ထြက္ျခင္းမွာပင္ ေဒးဘတ္ရဲ႕အသံကိုၾကားလိုက္ရတာေၾကာင့္ ဝိုင္ပိုၿပီးစိတ္မေကာင္းျဖစ္ကာ ေခါင္းယမ္းျပလိုက္မိသည္။

" ဒါဆိုလဲ....ေကာင္းတာေပါ့ကြာ မင္းအနားမွာ
ငါေနလို႔ရေသးတာေပါ့....ဘာလို႔အဲ့ေလာက္
မိုင္ေတြေနရတာလဲ....ငါအဆင္ေျပပါတယ္...တကယ္တမ္းေျပာရ ရင္အခုခ်ိန္မွာ ငါ ဘယ္လိုေသဆုံးခဲ့သလဲ ဆိုတာကို လက္ခံရမွာ ေၾကာက္ေနတယ္ မင္းအနားမွာပဲေနခ်င္ေသးတယ္ ငါဘယ္လိုေသဆုံးခဲ့သလဲဆိုတာ မသိရင္လည္း အခ်ိန္တန္ ငါေပ်ာက္ကြယ္သြားရမွာပဲေလ..."

" အခ်ိန္တန္ေပ်ာက္ကြယ္သြားတာက မင္းဝိဉာဥ္ ပ်က္စီးသြားမွာေလ ငါက ဘယ္လိုခံစားခ်က္မ်ိဳးနဲ႔ မင္းအဲ့လို ပ်က္စီးသြားမွာ ကို ခံစားႏိုင္မွာလဲ....ေနာက္ၿပီး အဲ့အခ်ိန္တန္က ဘယ္ေတာ့လဲ မေဝးေတာ့တဲ့ အခ်ိန္လား ဟိုး ႏွစ္ေပါင္းမ်ားစြာ ၾကာမွလား...ငါ ေသသြားတဲ့အထိ မင္းက တစ္ေယာက္တည္း ဒီလိုပုံစံနဲ႔ ျဖတ္သန္းေနမွာလား...."

ေဒးဘတ္က အသံထြက္မလာေတာ့ တိတ္ဆိတ္ေနသည္။ဝိုင္လည္း ေျပာၿပီးခါမွ စိတ္မေကာင္း ျဖစ္သြားရ၏။ဝိုင့္စကားေတြက အရႈိက္တည့္တည့္ကို ထိေစသည့္ စကားေတြ။

" မင္းဘာလို႔ အထဲ လိုက္မဝင္တာလဲ..."

ဝိုင္ စကားလမ္းေၾကာင္း ေျပာင္းလိုက္သည္။ေဒးဘတ္ထံမွ ဒီလိုတိတ္ဆိတ္ေနမႈကို ဝိုင္မလိုလား။

ေဒးဘတ္က ညိဳးငယ္စြာျပန္ေျပာလာခဲ့သည္။
" ငါဝင္လို႔မရဘူး...." ဟု။

" ဟင္...ဟုတ္လား....ဘာလို႔လဲ...မင္းေျပာေတာ့ ငါရွိတဲ့ေနရာ မင္းေနႏိုင္တယ္ဆို..."

" မသိေတာ့ပါဘူးကြာ ငါအဲ့အိမ္ထဲမင္းနဲ႔အတူလိုက္ဝင္လို႔မရတာပဲသိတယ္..."

ဝိုင္မ်က္ေမွာင္ၾကဳတ္ စဥ္းစားလိုက္မိသည္။
သို႔ေသာ္ ဝိုင့္မွာ ဝိဉာဥ္တစ္ေကာင္မဟုတ္သည့္
အတြက္ေၾကာင့္ ေဒးဘတ္ေနရာကေနဝင္စဥ္းစားေပးလို႔မရခဲ့ပါ...။အဲ့ထက္အေရးႀကီးတဲ့
အရာဟာ ေဒးဘတ္ဘယ္သူလဲဆိုတာပင္...။

သူ႔ကိုဒီလိုႀကီးဝိုင့္အနားမွာတစ္ဝဲလည္လည္နဲ႔ေလလႊင့္မေနေစခ်င္ပါ...။သူ႔ကို ၿငိမ္းခ်မ္းေစခ်င္သည္။သူ႔ကိုေနာက္ဘဝတစ္ခုမွာ ေအးေအးခ်မ္းခ်မ္းရွိေစခ်င္သည့္ အေတြးကသာ ဝိုင့္စိတ္ထဲႀကီးစိုးေနသည္။ ဝိုင္ ဘတ္ကားဂိတ္မွာ ရပ္ေနရင္း ဘတ္ကားမစီးပဲတကၠစီငွါးရန္ ငိုင္ငိုင္ေတြေတြႏွင့္ အခ်ိန္အၾကာႀကီးရပ္ေနမိသည္။

ေဒးဘတ္ႏွင့္လည္း စကားေျပာခ်င္စိတ္မရွိေတာ့။

" ဟယ္....ဝိုင္.ဘာလုပ္ေနတာလဲ...
ၾကည့္စမ္း တူပါတယ္လို႔ၾကည့္ေနတာ..."

ဝိုင္ရပ္ေနသည့္ေရွ႕တည့္တည့္တြင္ကားတစ္စီးရပ္လာကာကားမွန္ခ်လိုက္သည္ကိုေတြ႕ရသည္။ကားထဲမွ ဝမ္းသာအားရေျပာလာသူက ပုလဲရတုပင္...။သူမကကားေပၚမွ လွပစြာဆင္းလာခဲ့ကာ

" ဘာလုပ္ ေနတာလဲ ဝိုင္ေျခေထာက္ေကာသက္သာရဲ႕လား..." ဟု ဝိုင့္ကို ၿပဳံး႐ႊင္စြာေျပာရင္း ဝိုင့္ေျခေထာက္ကိုပါငုံ႔ၾကည့္လာေလသည္။

ဝိုင္က ေျခေထာက္ႀကီးကို ၾကင္ၾကင္နာနာႏွင့္ ငုံ႔ၾကည့္တာခံလိုက္ရသျဖင့္ မေနတတ္စြာ ေခါင္းတစ္ခ်က္ကုတ္ရင္း အေျဖျပန္ေပးလိုက္မိသည္။

" သက္သာပါတယ္...ပုလဲ...ဘယ္သြားမလို႔လဲခင္ဗ်..."
ပုလဲက အားပါးတရၿပဳံးရင္း...ေမးလာျပန္သည္။
" ေက်ာင္းကျပန္လာတာ...အိမ္ျပန္မလို႔ေလ...
ဝိုင္ေကာဒီမွာဘာလုပ္ေနတာလဲဟင္..."

" ကြၽန္ေတာ္လည္း အိမ္ျပန္မလို႔ပဲ ခင္ဗ် အိုးေဝေစာင့္ေနတယ္ ဆိုပါေတာ့ဗ်ာ..."

ျဖတ္သြားျဖတ္လာကားေတြႏွင့္ ခရီးသည္ေတြလိုက္ပါသြားသည့္ အိုးေဝေတြကိုၾကည့္ရင္းဝိုင္ေျပာမိသည္။သြားလာသည့္သူေတြအရမ္းမ်ားေနတာ ဝိုင္ေတာင္ အိုးေဝငွါးလို႔ရပါ့မလားမသိေပ။ျမင္ျမင္သမွ်က ခရီးသည္ေတြအျပည့္တင္သြားသည့္ တကၠစီႏွင့္အိုးေဝမ်ား။ဝိုင့္ျဖစ္အင္ကို ပုလဲကရိပ္မိသြားသည္ထင္...

" ေျခေထာက္ကျဖင့္ မသက္သာေသးပဲနဲ႔
လာလာ...ပုလဲ အိမ္လိုက္ပို႔ေပးမွာေပါ့..."ဟုေျပာလာခဲ့ေလသည္။

" မဟုတ္တာ......ပုလဲရပါတယ္..."
ဝိုင္ပ်ာပ်ာသလဲလဲ ျငင္းလိုက္ရသည္။ပုလဲက မိန္းကေလး...။ဝိုင္နဲ႔အခုမွသိသည့္သူ...။သူမေၾကာင့္ဝိုင္ ေျခေထာက္ခိုင္းမိထားေပမယ့္ ဝိုင္အားနာသည္ေလ။သူမက ဝိုင့္ကိုေဆးခန္းလည္းလိုက္ျပထားၿပီးၿပီ။

" အားမနာပါနဲ႔ ဝိုင္ကလဲ...ပုလဲလိုက္ပို႔ေပးပါ့မယ္ ....ဝိုင့္အိမ္လဲေရာက္ဖူးတာေပါ့ ေနာ္ ေခၚလည္မယ္မဟုတ္လား...."

ပုလဲက ပညာသားပါပါ ဝိုင့္ကို တကူးတကလိုက္ပို႔ေပးခ်င္မွန္းေျပာလာသည္။ဝိုင္ဘယ္မွာျငင္းသာပါေတာ့မလဲ...။

" ဗ်ာ...ေအာ္ ပုလဲ လိုက္ခ်င္ရင္ ကြၽန္ေတာ္ကေခၚပါတယ္..." ဟုေျပာလိုက္ရေတာ့သည္။

" ပုလဲကဝိုင့္ကိုစိတ္ပူေနတာ...ေျခေထာက္ မွသက္သာပါ့မလားလို႔ေလ...ျဖစ္ခ်င္ေတာ့ေမ့ၿပီးဖုန္းနံပါတ္ကလဲ မေတာင္းထားလိုက္မိဘူး...တိုက္ခန္းထိလာေမးဖို႔ကလည္း လုံးဝအခ်ိန္ရဘူး
ေဆး႐ုံနဲ႔ေက်ာင္းနဲ႔ လုံးခ်ာလိုက္ေနတာ ေက်ာင္းကေနာက္ဆုံးႏွစ္ဆိုေတာ့ Thesisေတြနဲ႔ရႈပ္ေနလို႔ေလ..."

" ကြၽန္ေတာ္..သက္သာပါတယ္...ပုလဲရဲ႕..."

ပုလဲကသူ႔ကားတံခါးကိုဖြင့္ေပးေတာ့ ဝိုင္လဲမသက္သာသည့္အဆုံး ကားေပၚတက္ထိုင္လိုက္ရသည္။ေဒးဘတ္ကက်န္ခဲ့ေလသလား...ဝိုင္ႏွင့္လိုက္ပါလာေလသလားမသိေပ...။ပုလင္ႏွင့္ စကားတေျပာေျပာ ကားစီးလာလိုက္တာ ေဒးဘတ္ကိုေမ့သြားခဲ့ၿပီး ဝိုင္တို႔တိုက္ခန္းေရွ႕သို႔ေရာက္လာေတာ့သည္။

ပုလဲက ခင္ဖို႔ေကာင္းသည့္ မိန္းကေလးတစ္ေယာက္ဟု ဝိုင္ ေကာက္ခ်က္ခ်မိသည္။ထပ္မေတြ႕ႏိုင္ေတာ့ဘူးဟု ေတြးထင္မိေသာ္လည္း အခုကေတာ့ျဖင့္ ဟိုးအရင္တည္းက ခင္မင္ခဲ့ၾကသည့္ ငယ္သူငယ္ခ်င္းအရင္းအခ်ာေတြလိုပင္ ခင္မင္ရင္းႏွီးသြားေလေတာ့၏။

ဒါလည္း တစ္မ်ိဳးေတာ့ ေကာင္းသား။ဝိုင့္တြင္ မိန္းကေလးသူငယ္ခ်င္း တစ္ေယာက္ရွိလာခဲ့သည္ေပါ့။မႏၲေလးမွာ တည္ၾကည္ တစ္ေယာက္တည္းသာ အေဖာ္ရွိသည့္ ဝိုင့္အတြက္ အေဖာ္ေကာင္းမိတ္ေဆြတစ္ေယာက္အျဖစ္ ထပ္ရလိုက္သလိုပါပဲ။

ပုလဲက ဝိုင့္လက္ေမာင္းကိုတြဲေပးလ်က္ ေလွကားထစ္ ေတြကိုတက္ခဲ့ၾကသည္။ေလွကားတစ္ေလွ်ာက္ လူအသြားအလာရွင္းေနသည္။

ဝိုင္ သက္ျပင္းဖြဖြ ခိုးခ်မိသည္။ပုလဲႏွင့္သူ႔ကို တစ္ျခားသူေတြ တစ္မ်ိဳးတမည္ ထင္ၾကမွာ သူစိုးရိမ္သည္။သူ႔အတြက္ ကိစၥမရွိေသာ္ျငား ပုလဲအတြက္ေတာ့ အဆင္မေျပေပ။

ဝိုင္ အခန္းတံခါး ဖြင့္လိုက္ၿပီး...ႏွစ္ေယာက္သားတိုက္ခန္းထဲသို႔ဝင္ခဲ့ၾကသည္။

" ပုလဲ အဆင္ေျပသလိုလြတ္လြတ္လပ္လပ္ေနေနာ္...ကြၽန္ေတာ့္ကိုအားမနာနဲ႔ ေၾကာက္လည္းမေၾကာက္နဲ႔...."

ဝိုင္ၿပဳံးကာေျပာလိုက္ေတာ့ ပုလဲကခ်က္ခ်င္းေခါင္းညိတ္ျပကာ...

" မေၾကာက္ပါဘူး ဝိုင္ရယ္ ဝိုင့္ကိုယုံလို႔ပဲ
ဒီအထိ လိုက္လာတာေပါ့...ဝိုင့္ၾကည့္ရတာ အၿမဲတမ္းတစ္ေယာက္တည္းျဖစ္ေနသလိုပဲ ပုလဲသူငယ္ခ်င္းေတြနဲ႔ ဝိုင့္ကိုမိတ္ဆက္ေပးရမယ္...သူတို႔ကအရမ္းခင္ဖို႔ေကာင္းတာ..."
ဟု တရင္းတႏွီးႏွင့္ေျပာလာခဲ့သည္။

" ေကာင္းတာေပါ့ဗ်ာ...ကြၽန္ေတာ္လည္း ခင္တတ္ပါတယ္..."
ဝိုင္လည္း ေဖာ္ေ႐ြတတ္ေၾကာင္းအၿပဳံးေလးႏွင့္ေျပာလိုက္သည္။ပုလဲႏွင့္ ဝိုင္တို႔စကားေျပာေနရင္းမွ
မီးဖိုခန္းဆီမွေရက်သံ တစက္စက္ေၾကာင့္ေဒးဘတ္ရွိေနတာကိုဝိုင္သိလိုက္ရေတာ့၏။ပုလဲက ေရက်သံကိုမၾကားလိုက္တာေၾကာင့္ မီးဖိုခန္းထဲ အလ်င္အျမန္ သြားၿပီးပိတ္ကာေဒးဘတ္ကိုမစဖို႔လွမ္းသတိေပးရေသးသည္။ၿပီးမွ မီးဖိုခန္းဆီမွ ဟန္ေဆာင္မပ်က္ ထြက္လာလိုက္၏။

" ဒါနဲ႔ ဝိုင္မနက္ျဖန္ ဘယ္အခ်ိန္အားလဲ..."

" အာ ကြၽန္ေတာ္က ဘယ္အခ်ိန္ေနေန အားပါတယ္...  ကြၽန္ေတာ္ အေဝးသင္ေျပာင္းလိုက္တာေလ... အခုေလာေလာဆယ္ ဘာမွလည္းမလုပ္ျဖစ္ေတာ့ ဒီအတိုင္းအားေနတာေပါ့ဗ်ာ..."

" ဒါဆို မနက္ျဖန္ေလာက္ ပုလဲလာေခၚမယ္ေလေနာ္....ပုလဲသူငယ္ခ်င္းေတြနဲ႔ လည္း မိတ္ဆက္ေပးရင္းေပါ့ ဘာမွအားနာစရာမလိုဘူးေနာ္...အခုသူငယ္ခ်င္းေတြျဖစ္သြားၿပီဆိုေတာ့ ဒီ့ထက္ပိုပိုၿပီးရင္းႏွီးခ်င္လို႔..."

ဟုပုလဲဆိုေတာ့ ဝိုင့္မွာတစ္အံ့တစ္ၾသ...။

" အာ ဟုတ္ ရပါတယ္ ပုလဲရာ....ကြၽန္ေတာ္ကေတာင္ဝယ္ေကြၽးရမွာပါ ဘယ့္ႏွယ့္ တကူးတကပုလဲက လာေခၚၿပီး မုန္႔ေကြၽးရမယ္လို႔..."

" အားနာစရာ မလိုဘူးေနာ္ ....ပုလဲကခင္ၿပီဆို စိတ္ရင္းနဲ႔ခင္တတ္တာေၾကာင့္ ပုလဲခင္ၿပီဆို ဝိုင္လည္း ျပန္ခင္ရမွာ မရဘူးေနာ္ မနက္ျဖန္ အတန္းၿပီးတာနဲ႔ ဝိုင့္ဆီ ေစာေစာထြက္ခဲ့မွာ....အဓိက ဝိုင့္ကို ပုလဲသူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးခ်င္တာ မုန႔္သြားစားၾကမယ္ေလေနာ္...ဝိုင္ကလည္း...လုပ္ပါ...."

" အဲ ကြၽန္ေတာ္ တကယ္ အားနာလို႔ပါ မခင္တာလည္းမဟုတ္ရပါဘူး ဒီလိုလုပ္ ပုလဲသြားခ်င္တဲ့ေနရာခ်ိန္းလိုက္ ကြၽန္ေတာ့္ဖာသာ လာခဲ့မယ္ ပုလဲတကူးတက လာေခၚေနရေတာ့ မဟုတ္ေသးဘူးေလဗ်ာ ေနာ္..."

" ေရာ္ တကူးတကလဲ ဘာျဖစ္သလဲ ပုလဲက လာကိုေခၚရမွကို ေက်နပ္တာ ဟိုေကာင္ေတြကိုလည္း ပုလဲက အိမ္ထိသြားၿပီးေခၚေနၾကပဲ ဘာလဲ ဝိုင္က ပုလဲကို မိန္းကေလးဆိုၿပီး မခင္ခ်င္တဲ့သေဘာလား မုန႔္သြားစားမွာပါဆို ပုလဲသူငယ္ခ်င္းေတြနဲ႔လည္း မိတ္ဆက္ေပးခ်င္တာလို႔ သူတို႔က အကုန္ ခင္တတ္တယ္ေနာ္ ေယာက်ာ္းေလးေတြခ်ည္းပါပဲဆို ဝိုင့္ကိုေတြ႕လိုက္တိုင္း အၿမဲတစ္ေယာက္တည္း မို႔ မိတ္ဆက္ေပးခ်င္တာ..."

" အဟား ပုလဲရာ ကြၽန္ေတာ္ မျငင္းေတာ့ဘူး ဟုတ္ၿပီလား ခင္ဗ်ားေလးပဲ ကြၽန္ေတာ္မ်ိဳးကို လာေခၚပါေတာ့ဗ်ာ သြားၾကတာေပါ့ေနာ္ ဟုတ္ၿပီလား..."

" ဒီလိုပဲ ျဖစ္ရမယ္ေလ....ပုလဲက ဝိုင့္ကို တကယ္ခင္တာပါဆို တစ္ခါတည္းေတြ႕႐ုံနဲ႔ ဝိုင္က ဘယ္လိုေအးေၾကာင္း ဘယ္လို အားနာတတ္ေၾကာင္း ပုလဲ သူငယ္ခ်င္းေတြကိုေျပာျပထားတာ ဟိုေကာင္ေတြေတာင္ နားအေတာ္ညည္းေနရွာၿပီ ဝိုင့္အေၾကာင္းေျပာဖို႔ ပုလဲခ်စ္သူပဲက်န္ေတာ့တာ အဟင္း ဒါနဲ႔ဝိုင္ ပုလဲေရခ်ိဳးခန္းခဏသုံးခ်င္တယ္..."

ပုလဲက ဝိုင့္ကိုမရမကေျပာဆိုေနရင္း
ေရခ်ိဳးခန္းကို ၫႊန္ျပကာ ခဏဆိုၿပီး အထဲဝင္သြားခဲ့သည္။ဝိုင့္မွာ အေျခအေနေတြကိုျပန္ေတြးေနရင္း...ပုလဲကိုငုတ္တုတ္ထိုင္ေစာင့္ေနလိုက္သည္။ပုလဲက ေရခ်ိဳးခန္းထဲမွ လက္ေဆးၿပီးထြက္လာခဲ့ကာ...

" ကဲ စကားေကာင္းေနတာနဲ႔ ေတာ္ေတာ္ၾကာသြားတယ္ ျပန္မွျဖစ္ေတာ့မွာမို႔ ဝိုင္ မနက္ျဖန္လာေခၚမွာေနာ္..." ဟုမရမကေျပာျပန္သည္။

" ေနပါဦး...ေကာ္ဖီေလးျဖစ္ျဖစ္ေသာက္သြားပါဦး..."

" ေနခ်င္ပါတယ္ ေဆး႐ုံသြားရဦးမွာမို႔..."

ေဆး႐ုံဆိုမွ ဝိုင့္အေတြးထဲ ပုလဲေကာင္ေလးရဲ႕
ေဆး႐ုံကုတင္ထက္မွာရွိေနသည့္ပုံရိပ္ေတြေခါင္းထဲဝင္လာခဲ့သည္။

" ပုလဲေကာင္ေလး အေျခအေနဘယ္လိုလဲ..."

" ဒီလိုပါပဲ အဆင္ေျပတယ္လို႔ေျပာရမွာေပါ့.."

ပုလဲကခပ္တိုးတိုးသက္ျပင္းခ်ရင္းေျပာရွာသည္။
ဘာရယ္မသိ ဝိုင့္စိတ္ထဲ ထိုေကာင္ေလးပုံရိပ္ကစိုးမိုးလာသလိုလို...။ကုတင္ေပၚတြင္လွဲေလ်ာင္းေနသည့္ ေကာင္ေလး...။ဘယ္အခ်ိန္မွာမွ ျပန္ၿပီးသတိရလာမလဲမသိသည့္ သနားစရာေကာင္းသည့္ေကာင္ေလး...။

" ဒါဆို ပုလဲျပန္ၿပီေနာ္..."

အေတြးေတြျပတ္ေတာက္သြားသည့္အခ်ိန္ ပုလဲက ဝိုင့္ကိုႏႈတ္ဆက္ၿပီးျပန္သြားခဲ့ၿပီ။

ဝိုင္ လက္ရွိပစၥဳပန္သို႔ အသိစိတ္ကို ျပန္ေခၚမိေတာ့ ေဒးဘတ္က အေတြးထဲဝင္လာခဲ့သည္။
ပုလဲႏွင့္ဝိုင္တို႔စကားေျပာေနခ်ိန္အေတာအတြင္း
ေဒးဘတ္ဝိုင္တို႔အနားမွာမရွိေနေပ...။ေရတစ္စက္စက္က်ေနသည့္အသံကိုဝိုင္သတိေပးၿပီးသည့္ေနာက္ပိုင္းလုံးဝထပ္မၾကားရ.....။႐ုတ္တရက္ႀကီး..ဗိုက္က ထိုးေအာင့္လာသျဖင့္ေဒးဘတ္အေၾကာင္းမေတြးႏိုင္ေတာ့ပဲ အိမ္သာတက္ရန္ ေရခ်ိဳးခန္းထဲသို႔လွမ္းဝင္လိုက္သည္။အိမ္သာမတက္ခင္ေဘစင္ေပၚတြင္တင္ထားသည့္ လက္စြပ္ေလးကိုျဖတ္ခနဲေတြ႕လိုက္တာေၾကာင့္ အိမ္သာမတက္ႏိုင္ေသးပဲ လက္စြပ္ကေလးကို ကိုင္ၾကည့္လိုက္မိသည္။

ပုလဲ ေမ့က်န္သြားတာျဖစ္ေလာက္မည္။ဘာလို႔ လက္စြပ္ကို ခြၽတ္ၿပီးေမ့က်န္ထားခဲ့ရတာလည္း ဒီေကာင္မေလးက။မနက္ျဖန္ျပန္ေပးရမည္။ေဘစင္ေပၚရွိ လက္စြပ္ကေလးကိုေကာက္ကာၾကည့္မိေတာ့ လက္စြပ္ေလးက႐ိုး႐ိုးရွင္းရွင္းေလးေပမယ့္ ဝိုင့္မ်က္လုံးထဲ ေ႐ႊေရာင္တက္လက္ႏွင့္ တကယ္ကိုလွသည္။ပါးလႊာတဲ့ေ႐ႊထည္ႏွင့္ ျပဳလုပ္ထားၿပီး ဒီဇိုင္းကေတာ့ အဆန္းမဟုတ္သည့္ ေမာင္းကြင္းပုံစံျဖစ္သည္။စိန္ေလးေတြႏွင့္စီခ်ယ္ၿပီး အနားကြတ္ထားေသးသည္။လက္စြပ္ေလးက ေတာ္ေတာ္ေလး႐ိုးရွင္းေနေပမယ့္ ၾကည့္ေနရင္းကပင္ ထို႐ိုးရွင္းေနပုံက ဝိုင့္ကိုဆြဲေဆာင္ေနသလိုလိုပင္။

တြန္းအားတစ္ခုက ဝိုင့္ကိုထိုလက္စြပ္ကေလး ဝတ္ဖို႔မရမက သတိေပးေနသလို။မရည္႐ြယ္ပါပဲနဲ႔ ဘယ္လက္လက္သန္းႂကြယ္ေလးမွာ လက္စြပ္ေလးကို စြပ္လိုက္မိသည္။ပတ္ဝန္းက်င္တစ္ခုလုံး ဘာသံမွမၾကားရသလို တိတ္ဆိတ္သြားခဲ့ၿပီး...လွ်ပ္စစ္လႈိင္းတစ္ခုခုက ဝိုင့္ကိုယ္ေလးထဲစီးဆင္းသြားခဲ့သလိုလို ခံစားလိုက္ရသည္။

လက္တြင္ စြပ္ထားသည့္ လက္စြပ္ကေလးကိုၾကည့္လိုက္ေတာ့ ဝိုင့္ရဲ႕ လက္ႏွင့္ကြက္တိအံဝင္ဂြင္က် ျဖစ္ေနေလ၏။ပုလဲကမိန္းကေလးလက္ဆိုႏွင့္မို႔ လက္စြပ္ကႀကီးၿပီး ေခ်ာင္ေနသည္လားမသိေပမယ့္
ဝိုင္ဝတ္ဆင္လိုက္ေတာ့ဝိုင္ရဲ႕လက္ႏွင့္ကြက္တိေတာ္ေနၿပီး ဝိုင္ရဲ႕ ဘယ္ဘက္လက္သန္းႂကြယ္ေလးမွာ လိုက္ဖက္စြာေပၚလြင္ေနေလသည္။

လက္စြပ္ေလးက ေရွးေဟာင္းပစၥည္းျဖစ္ႏိုင္ၿပီး စိန္ေတြစီခ်ယ္ထားတာေၾကာင့္ အေတာ္ေလးတန္ဖိုးႀကီးမည့္ပုံပင္။ဝိုင္လက္စြပ္ဝတ္ဆင္ထားသည့္ကိုယ့္လက္ကို ၾကည့္ရင္းသေဘာေတြက်ေနမိသည္။ပုလဲကိုျပန္ေပးဖို႔ သိမ္းထားရန္ လက္စြပ္ကိုခြၽတ္လိုက္မိခ်ိန္တြင္...ဝိုင့္လက္မွလက္စြပ္ကလုံးဝျပန္ကြၽတ္မလာခဲ့ေတာ့ေပ..။ဒုကၡပဲသူမ်ားလက္စြပ္ကိုမွ ခြၽတ္လို႔ကလည္း မရျဖစ္ေနျခင္း..။ဆပ္ျပာနဲ႔တိုက္ၿပီးခြၽတ္လဲမကြၽတ္...ဘယ္လိုခြၽတ္ခြၽတ္ ကြၽတ္မလာသည့္ လက္စြပ္ေၾကာင့္ဝိုင္ ေခြၽးေတြျပန္ကာ ေခါင္းနပန္းေတြပင္ႀကီးသြားရေလသည္။

" ဟာ...ဒုကၡပဲကြာ...ဘယ္လိုျဖစ္လို႔ လက္စြပ္ကဒီေလာက္က်ပ္ေနရတာလဲ..."

ေခြၽးစို႔ေနေသာ နဖူးျပင္ကို ဝိုင့္ရဲ႕ညာလက္ဖမိုးနဲ႔သုတ္လိုက္ရင္း...ဘယ္ဘက္လက္မွလက္စြပ္ကို မကြၽတ္ ကြၽတ္ေအာင္ခြၽတ္ေနမိသည္။လက္စြပ္ကဘယ္လိုမွကြၽတ္မလာခဲ့ေပ..။လက္နာတာပဲအဖတ္တင္လာခဲ့သည္။လက္ကိုေရေဆးၿပီးဆပ္ျပာႏွင္ထပ္ၿပီးထပ္ၿပီး ခြၽတ္ေသာ္လဲ မကြၽတ္လာခဲ့ပါ...။

မတတ္ႏိုင္ေတာ့ေပ..။ပုလဲကိုေတာင္းပန္ကာလက္စြပ္ ခြၽတ္ႏိုင္သည့္အခါမွပဲ ျပန္ေပးဖို႔စဥ္းစားလိုက္ရေတာ့၏။ေရခ်ိဳခန္းထဲတြင္ဆယ္မိနစ္ေလာက္ၾကာအိမ္သာတက္ၿပီးမွထြက္ခဲ့လိုက္သည္။လက္ကိုၾကည့္လိုက္ေတာ့ ဘယ္ဘက္လက္သန္းႂကြယ္ေလးက နီရဲေနၿပီး လက္စြပ္ ေလးကအထင္းသားေပၚေနခဲ့သည္။အားနာစရာေတြေတာ့ျဖစ္ကုန္ၿပီ။သူမ်ားလက္စြပ္ႀကီးကို ကိုယ္က ဝတ္ဆင္ထားမိေလျခင္း..။

~~~~~~~~~<<>>~~~~~~~~~~~

" အဆင္ေျပရဲ႕လား...မင္းဒီေန႔ဘယ္လိုစားျဖစ္လဲ..ေျခေထာက္ကအနာႀကီးနဲ႔
ငါလဲ ႏိုးစက္ေပးထားတာကိုဘယ္လိုလုပ္ႏိုးစက္ပိတ္ၿပီးျပန္အိပ္မိသြားမွန္းကိုမသိဘူး..."

ဝိုင္ေရခ်ိဳးခန္းထဲကအထြက္ တည္ၾကည္က အခန္းထဲ ေသာ့ဖြင့္ၿပီးအဝင္တြင္ဆုံမိၿပီး တည္ၾကည့္ထံမွ စကားသံထြက္လာျခင္းျဖစ္သည္။

" ငါအဆင္ေျပပါတယ္.....ဒါနဲ႔ ဒီရက္ပိုင္းအတြင္း ေကာင္မေလးတစ္ေယာက္နဲ႔ငါခင္ေနတယ္....ခပ္ေအးေအးနဲ႔ ခင္ဖို႔ေကာင္းတဲ့ပုံစံမ်ိဳးကြာနာမည္က...ပုလဲရတုတဲ့...ငါက မင္းနဲ႔မိတ္ဆက္ေပးခ်င္ေနတာ....."

" အင္း ဝိုင္ တို႔က စလာၿပီ..."

" မင္းကကြာ လ်ိဳတယ္ျဖစ္မွာစိုးလို႔ေျပာျပတာကြ ခင္မင္စရာတကယ္ေကာင္းတဲ့ေကာင္မေလး အလိုလိုက္ခံထားရလို႔ သြက္လက္ၿပီး ဆိုးတဲ့ပုံေပၚေပမယ့္ ကေလးဆိုးေလးအတိုင္းပါကြာ ငါနဲ႔ဒီအတိုင္းခင္႐ုံတင္ သူ႔မွာရည္းစားလည္းရွိတယ္ မရွိလည္း ငါ စိတ္မဝင္စားပါဘူးကြာ..."
တည္ၾကည္ က မခ်ိဳမခ်ဥ္မ်က္ႏွာ ႏွင့္ ရယ္က်ဲက်ဲ လုပ္ေနသည္။မသိလွ်င္ ဝိုင္က လိမ္ေျပာေနသည့္ အတိုင္းပင္။

" တကယ္ပါဆိုကြာ အခု ငါ ဘယ္မိန္းကေလးမွ စိတ္မဝင္စားေတာ့ဘူး ..."

" ေအးပါ သူငယ္ခ်င္းအသစ္ရတာ ေကာင္းတာေပါ့မင္းအတြက္ အဆင္ေျပသြားတာေပါ့ ငါလည္း တစ္ေနကုန္ေက်ာင္းတက္ေနရတာဆိုေတာ့ မင္းကို အခ်ိန္မေပးႏိုင္ဘူးျဖစ္ေနတာေလ...အခုမင္းမွာသူငယ္ခ်င္းေတြရွိလာၿပီဆိုေတာ့ ဝမ္းသာပါတယ္......ဟိုကိစၥ ဘာဘာညာညာ မလုပ္ပဲ အဲဒီ့လို သူငယ္ခ်င္းပဲ ထားေပါ့ အခန႔္မသင့္ရင္ မင္းရည္းစားရသြားႏိုင္ေသးတာပဲ အဟမ္း...ငါစိတ္ပူရမယ့္ အလုပ္မလုပ္ပဲ သူငယ္ခ်င္းထား...ရည္းစားလုပ္ ဟုတ္ၿပီလား...."

" ေအး ေပါက္ကရေတြ ေျပာေနလိုက္ ငါက ဘာလုပ္ဖို႔ ရည္းစားထားရမွာလဲ..."

" မသိဘူးကြာ...အူေၾကာင္ေၾကာင္ ဝိဉာဥ္ကိစၥေတြသာ မလုပ္နဲ႔....အား....ငါအရမ္းအိပ္ခ်င္ေနတာ
ေက်ာင္းမွာ စာသင္ရင္းအိပ္ငိုက္ေနတာ...ငါခဏအိပ္လိုက္ဦးမယ္..."

" ေအးေအး....အိပ္ေလ..."

တည္ၾကည္ သူ႔အခန္းထဲဝင္သြားေတာ့ ဝိုင္လည္း မီးဖိုေခ်ာင္ထဲဝင္ခဲ့လိုက္သည္။တည္ၾကည္က ေပါက္တတ္ကရ စကားေတြ ေျပာတတ္ေသးသည္။သူ႔မွာ ရည္းစားထားတာကို အဟုတ္မွတ္ေနလို႔။ဝိုင္ကေတာ့ အခ်စ္မေတြ႕ေသးလို႔လားမသိ ရည္းစားထားမွာကို လုံးဝ စိတ္မကူးမိ။တည္ၾကည္က ဝိဉာဥ္ႏွင့္ပတ္သက္မည္ကို အေတာ္ေလးစိုးရိမ္ေနပုံရသည္။

အသက္အႏၲရာယ္ေတြထိပါ ပါလာႏိုင္သည္ဆိုေတာ့ စိုးရိမ္ေနရွာမည္ေပါ့။သူ႔အသိမေပးပဲ ကူညီခဲ့သည့္ ကိစၥေတြ အမ်ားႀကီးရွိေနသည္ဆိုတာ တည္ၾကည္သာသိရင္ တစ္ခါတည္းေသြးေတြေဆာင့္တက္ၿပီး ေမ့လဲသြားခဲ့မလားမသိ။

ဒါနဲ႔ သူ႔ရဲ႕ ေဒးဘတ္ဘယ္ေတြေရာက္ေနပါလိမ့္......။

" ေဒးဘတ္...မင္းရွိေနလား...."

မီးဖိုေခ်ာင္ အခန္းထဲမွာတိတ္ၿမဲတိတ္ေနဆဲပင္။
ဘယ္ေတြေလွ်ာက္သြားေနပါလိမ့္..။ဝိုင္ မီးဖိုေခ်ာင္ထဲ ကထြက္လာခဲ့ကာ ဧည့္ခန္းထဲမွာလည္း
ေဒးဘတ္ အမည္ကို ခပ္တိုးတိုး ေခၚရင္း ျပန္ေျပာလာမည့္အသံကိုနားစြင့္ေနမိသည္။သို႔ေသာ္ ဘာအသံမွမၾကားရေပ...။ဝိုင္မ်က္ေမွာင္ၾကဳတ္ လိုက္ကာ ဝရံတာဘက္ကို ထြက္လာခဲ့သည္။

ဝံရံတာ လက္ရန္းကို လက္ႏွင့္ေထာက္ရင္း
တိုက္ခတ္လာသည့္ေလကို တဝႀကီးရွဴရႈိက္လိုက္မိသည္။ဝိုင့္ရဲ႕အညိဳေရာင္ဆံႏြယ္ေတြက ေလအတိုက္မွာ လႊင့္ေနေလသည္။

" ေဒးဘတ္ ဘယ္ေရာက္ေနပါလိမ့္...."

" ဘာလဲ..."

" ေသာက္က်ိဳးနည္း..."

ဝိုင့္အနားကေနေဒးဘတ္ရဲ႕ဆူေအာင့္ေအာင့္ထြက္လာသည့္အသံေၾကာင့္ ႐ုတ္တရက္ႀကီးလန႔္သြားရေလသည္။

" လန႔္တာကြာ...ငါဒီေလာက္ေခၚေနတာ မင္းကဘယ္ကမာၻေတြ ေရာက္ေနတာလဲ...."

" ငါဘယ္ေရာက္ေရာက္ေပါ့....မင္းအပူလား..."

" ဘာ...မင္းဘယ္လိုေျပာလိုက္တာလဲ..."
ဝိုင့္စိတ္ထဲေထာင္းခနဲ။ဝိုင္ ဘာေျပာလိုက္လို႔ ေဒးဘတ္ဆိုတဲ့ဒင္းကေဒါသထြက္ေနရတာလဲ...။

" ဘယ္သူမွမရွိတဲ့အခ်ိန္မွ ငါ့ကိုအဖတ္လုပ္ၿပီးလာေခၚေန အဟက္....တစ္ျခားသူေတြေရွ႕မွာေတာ့ငါ့ကိုရွိတယ္လို႔ေတာင္မထင္ဘူးမလား....ခုဏက မင္းထားခဲ့တဲ့လမ္းမွာငါတစ္ေယာက္တည္းဘယ္ေလာက္ေၾကာင္ေတာင္ေတာင္ျဖစ္လိုက္သလဲ....ငါ့ကိုဘယ္သူမွမျမင္ၾကဘူး....ငါေျပာတာဘယ္သူမွမၾကားရဘူး.... ငါ့ကိုတစ္ေယာက္တည္းထားၿပီး.ကားနဲ႔လိုက္သြားခဲ့တာ မင္း  ငါ့မွာ ကားေပၚတက္လိုက္လို႔လည္းမရဘူး....လမ္းေတြလဲတစ္ခုမွ မမွတ္မိဘူး...မင္းကိုေတာင္မင္းက ခြင့္ျပဳထားလို႔ မင္းအနားကပ္ေနႏိုင္တာပဲ....မင္းကိုငါေတာင့္တေနလြန္းလို႔သာ မင္းအနားကိုငါျပန္ေရာက္လာခဲ့တာ.....မင္းဆီငါျပန္မေရာက္ခင္...ငါအဲဒီ့ လမ္းထဲမွာ တစ္ေယာက္တည္းဘာေတြျဖစ္ေနလဲ မင္းသိရဲ႕လား...အာ မင္းသိမွာမဟုတ္ဘူးေလ မင္းက ငါ့ကို အေလးမွမထားတာပဲ...."

မေမ်ာ္လင့္ထားသည့္ အက္ကြဲကြဲ တုန္ယင္ေနေသာ ေဒးဘတ္ရဲ႕ အသံႏွင့္ နာက်င္ေၾကကြဲစြာ ထြက္က်လာသည့္စကားလုံးေတြေၾကာင့္ ဝိုင္ တဒၤဂေတာ့ဆြံ႕အသြားခဲ့ရသည္။မသိဘူးဝိုင္တကယ္မသိခဲ့ဘူး....။ဝိဉာဥ္ဆိုသည့္အတိုင္းေဒးဘတ္ ေနရာတကာ ေလွ်ာက္သြားလို႔ရေနသည္ပဲထင္ေနခဲ့တာ...။အခုေတာ့ ေနရာေတြတစ္ခုမွ မမွတ္မိဘူးတဲ့လား...။

ဝိုင္ ေဒးဘတ္အတြက္စိတ္မေကာင္းျဖစ္သြားရကာဘယ္လိုႏွစ္သိမ့္ေပးလို႔ေပးရမွန္းမသိေတာ့ေပ...။ဝိုင္ ကိုယ္တိုင္ ေဒးဘတ္ကို ေမ့သြားခဲ့သည္မလား။

" ငါေတာင္းပန္ပါတယ္...ေဒးဘတ္ မင္းေျပာေနတာေတြ ငါတစ္ခုမွမသိတာအမွန္ပါ...မင္းက ဝိဉာဥ္တစ္ေကာင္ဆိုေတာ့ လြယ္လင့္တစ္ကူသြားလာလို႔ရတယ္လို႔ပဲစိတ္ထဲမွာထင္ေနမိတာ...တကယ္တမ္းမင္းက ဘာဆိုဘာမွမသိတဲ့ အတိတ္ေမ့ေနတဲ့ ဝိဉာဥ္ေလ...အဲ့ဒါကို ငါတကယ္ေမ့သြားခဲ့တာ မင္းတစ္ေယာက္တည္းေယာင္ခ်ာခ်ာျဖစ္ေနမယ္လို႔ ငါမေတြးမိခဲ့ဘူး....ငါကားနဲ႔ျပန္လာတဲ့လမ္းတစ္ေလွ်ာက္မင္းတစ္ေယာက္တည္းဘယ္လိုက်န္ေနခဲ့မယ္ဆိုတာ ငါလုံးဝမစဥ္းစားခဲ့မိဘူး......ငါေတာင္းပန္ပါတယ္.....ငါမင္းကိုေမ့သြားခဲ့တယ္..."
ဟု တိုးလ်စြာ ေတာင္းပန္မိသည္။တကယ္ပါ ဝိုင့္စိတ္ထဲ နင့္နင့္နဲနဲႀကီး ခံစားလိုက္ရတာပါ...။ေဒးဘတ္သာ ဝိုင့္ကို ခြင့္မလြတ္ႏိုင္ရင္ ဝိုင္ေနလို႔ထိုင္လို႔ေကာင္းမွာကို မဟုတ္ဘူး။

" မင္းဘယ္ေတြးေပးႏိုင္ပါ့မလဲ...မင္းေဘးနားမွာ
ငါမဟုတ္တဲ့သူေတြ... မင္းကိုယ္တိုင္မင္းမ်က္လုံးနဲ႔
ျမင္ေတြ႕ေနရတဲ့သူေတြရွိေနၿပီေလ....သူတို႔မရွိမွငါက မင္းအတြက္အေရးပါမွန္းငါသိပါတယ္..."

" မဟုတ္ဘူး..."
ျငင္းလိုက္မိတာ အသည္းအသန္...။ဘယ္လိုေျပာရမလဲ...ေဒးဘတ္ရဲ႕ အခုစကားေတြေၾကာင့္ ေဒးဘတ္ကို ပိုၿပီး ခင္တြယ္မိေတာ့မယ္ဆိုတဲ့အေၾကာင္း။

" မင္းက ငါ့အတြက္ အေရးပါတယ္ ဒါေၾကာင့္ ငါခ်က္ခ်င္းဆိုခ်က္ခ်င္း တတ္ႏိုင္သမွ် လုပ္ေပးေနတာေပါ့ကြာ...မင္းဒီလိုျဖစ္ေနတာ ငါမၾကည့္ရက္ေတာ့ဘူး မင္းငါ့အနားမွာရွိေလ မင္းကို တြယ္တာမိေလ ပဲ ဒါေပမယ့္ ေဒးဘတ္ မင္းငါ့အနားမွာ တစ္သက္လုံးမရွိႏိုင္တဲ့အျပင္ ငါလည္း မင္းအနားတစ္သက္လုံးမရွိႏိုင္ဘူးေလ...."

" ဦးတည္ရာ မလြဲပါနဲ႔ ငါေျပာေနတာ မင္းငါ့ကို ဂ႐ုမစိုက္တဲ့အေၾကာင္း မင္းငါ့ကို ပစ္ထားခဲ့တဲ့ အေၾကာင္း...."

" ငါ မင္းအေပၚ အေလးအနက္ထားတာေတြကို ငါေျပာေနတာေလကြာ..."

" အေလးအနက္ထားရင္ မင္းငါ့ကို ေမ့သြားမတဲ့လား...မင္းဂ႐ုစိုက္တယ္ဆိုရင္လည္း မင္းအနား တစ္ေယာက္မွ မရွိတဲ့ အခ်ိန္ ျဖစ္ပါလိမ့္မယ္..."

" မဟုတ္ဘူး ငါမင္းကို တကယ္တြယ္တာ တာ...ေဒးဘတ္ တကယ္ေျပာတာပါ မင္းကငါ့ရဲ႕ ေဒးဘတ္ေလ..."

ဝိုင္ေျပာခ်င္သလို ဝိုင့္ႏႈတ္ဖ်ားက ထြက္သြားရဲ႕လားမသိ။တကယ္ေတာ့ ဝိုင္က ေဒးဘတ္ကို ေခ်ာ့ေနတာ။

" ငါက မင္းနဲ႔ခင္တဲ့ သူေတြနဲ႔ မသိခ်င္ပါဘူး....သူတို႔ယုံေအာင္လည္း မင္းကိုမေျပာခိုင္းဘူး...ဒါေပမယ့္ သူတို႔ရွိေနတုန္းလည္း မင္းငါ့ကိုအေလးထားေစခ်င္တာ မင္းဂ႐ုတစိုက္ရွိတာငါလိုခ်င္႐ုံပါ...မင္းက ငါ့ကိုအေရးမစိုက္ပဲ...အဲ့ဒီ့ေကာင္မေလးနဲ႔ ႏွစ္ေယာက္တည္းတစ္ကမာၻလုပ္ေနတယ္....ငါ့မွာေတာ့...မင္းဆီကိုျပန္ေရာက္လာဖို႔ ဘယ္ေလာက္တမ္းတခဲ့ရသလဲ....ဟုတ္ပါတယ္....ငါကဝိဉာဥ္တစ္ေကာင္ပါ....ငါ့ရဲ႕တည္ရွိေနမႈကိုေတာင္ငါမသိတဲ့မရွာေဖြႏိုင္တဲ့ အသုံးမက်တဲ့ဝိဉာဥ္တစ္ေကာင္ပါ...."

ေသခ်ာတာေပါ့...။ဝိုင္ေတြးလိုက္သလို ေဒးဘတ္က
နားမလည္သြားဘူး။ဝိုင္ညံ့ဖ်င္းလိုက္တာ...။
ရင္ထဲက စကားကို တစ္ပါးသူနားလည္ေအာင္ ဝိုင္မေျပာျပတတ္ဘူး...။

" မဟုတ္ဘူး...ငါေျပာခ်င္တာက.....ေဒးဘတ္...
ေဒးဘတ္.. ...."
အသည္းအသန္ေအာ္ေခၚမိသည္။ေဒးဘတ္က အသည္းအသန္ စိတ္ဆိုးသြားေခ်ၿပီ။ဝိုင့္မွာေတာ့ ရင္ထဲ ဟာတာတာ ႀကီးျဖစ္သြားကာ အနားမွာ ဘယ္သူမွမရွိေတာ့ပဲ တိတ္ဆိတ္သြားခဲ့သလို...။

ဝိုင္ မီးဖိုေခ်ာင္ထဲ ေရာဧည့္ခန္းေရာ တိုက္ခန္းအျပင္ဘက္ပါမက်န္..။ေဒးဘတ္ကိုေအာ္ေခၚကာ လိုက္ရွာေနခဲ့သည္။သို႔ေသာ္ ေဒးဘတ္ကေတာ့ျဖင့္ အသံတိတ္ၿမဲတိတ္ေနဆဲပင္ျဖစ္သည္။

ဝိုင္ ေပ်ာ္ေနတာမဟုတ္ေသာ္လည္း ဟက္ခနဲေတာ့တစ္ခ်က္ရယ္လိုက္မိေသးသည္။
ဝိုင့္ကိုမွီခိုေနရသည့္ အသံသာၾကားေနရေသာ
ဝိဉာဥ္က ဝိုင္ သူ႔ကို ဂ႐ုမစိုက္ဘူးဟုထင္ကာ
စိတ္ေကာက္သြားေလျခင္း...။ထူးဆန္းတာက...
ဘယ္သူမွမျမင္ရသည့္ ဝိဉာဥ္တစ္ေကာင္ကို ဝိုင္က အ႐ူးတစ္ေယာက္လိုရွာေဖြေနရင္း အထင္လြဲမွားေနတာကို ရွင္းျပခ်င္ေနျခင္းပင္။တစ္ေယာက္တည္း ရွာေဖြကာ ျဖစ္ပ်က္ေနသည္ကို ကိုယ့္ကိုကိုယ္ေလွာင္ကာရယ္ခ်လိုက္မိသည္။ေဒးဘတ္က တိတ္ဆိတ္ေနသလို တည္ၾကည္ကလည္း အခန္းထဲမွာ အိပ္ေနတုန္းပဲပင္။

ေဒးဘတ္အ႐ူးေကာင္။ငါ့ကို ျမန္ျမန္စိတ္ဆိုးေျပပါေတာ့။

ထိုအခ်ိန္မွ စတင္ၿပီး ဝိုင့္ရင္ဘတ္တစ္ေနရာတြင္...ခ်စ္ျခင္းေတြေငြ႕ရည္ဖြဲ႕ေနခဲ့သည္ကို ဝိုင္မသိရွိလိုက္...။

အထင္လြဲမွားစြာ စိတ္ေကာက္သြားသည့္ ေကာင္ေလးရယ္...အထင္မွားေနတာကို ရွင္းျပခ်င္ေနသည့္ေကာင္ေလးရယ္....။

...........
Thanks All
အစစအရာရာဂ႐ုစိုက္ၾကပါရွင္။stay safeပါ။

(Unicode)

" ဘာကိစ္စရှိလို့လဲကွဲ့..."

အဘိုးဆီမှ တုန်ရီနေသည့် အသံလေး ထွက်ပေါ်လာခဲ့သည်။အရင်တစ်ခေါက်က တွေ့သည်ထက်ပိုပြီး အဘိုးပိန်သွားခဲ့သည်မှာ မြင်ရသူအဖို့ စိတ်မကောင်းဖြစ်စရာပင်။ညိုးငယ်နေသည့် မျက်လုံးတွေခမျာမှာလည်း အုံ့မှိုင်းနေခဲ့ကာ မျော်လင့်ချက်တွေ ပျောက်ဆုံးသွားခဲ့သည့် လူတစ်ယောက်လိုပင်။

အဘွားဆုံးပြီးကတည်းက လောကကြီးကို အရှုံးပေးထားပုံရလေသည်။

ဝိုင်ကတော့ အဘိုးနှင့်ဆန့်ကျင်ဘက်ပါပင်။ဝိုင့်ရင်ထဲတွင် ပန်းများပွင့်နေသည်။အဘိုးကို အားနာသော်လည်း ရင်ထဲက အပျော်ကို မဖုံးဖိနိုင်ပေ။ဒေးဘတ်ကို ဝိုင် ကူညီခွင့်ရတော့မည်မဟုတ်ပါလား။ဝိုင့် မျက်လုံးတွေ တလက်လက်တောက်ပလာခဲ့သည်။မျော်လင့်ချက်အပြည့်နှင့် အားတက်သရော အဘိုးကို မေးလိုက်တော့၏။

" အဘိုး....ကျွန်တော့်ကိုမမှတ်မိဘူးလားဟင်...ဟိုအဘွားအသုဘတုန်းက အဘိုးဆီလာသေးတယ်လေ....ကျွန်တော်စကားလာပါးသေးတယ်လေ....မှတ်မိလားမသိဘူးခင်ဗျ...."

ဝိုင့်နှုတ်က အဘွားဟု ပါလာခဲ့တော့ အဘိုးမျက်ဝန်းတွေက သိသိသာသာလက်တောက်လာကာ ပြန်ပြီးမှေးမှိန်သွားခဲ့သည်။ဝိုင် မရည်ရွယ်ပါ။သို့ပေမယ့် ဝိုင်၏ ရည်ရွယ်ချက်က ဒါမို့ ဒီစကားကတော့ မဖြစ်မနေ ပြောရပါမည်။

အဘိုးက ဝိုင့်ကိုသေချာစိုက်ကြည့်ကာမျက်မှောင်ကြုံ့ရင်းစဉ်းစားလာသည်။အဘိုး မှတ်မိပါစေ။

" အဘိုးကအသက်ကြီးနေပြီဆိုတော့ ဘာမှသိပ်မမှတ်မိချင်တော့ဘူး...လူလေးရေ...ဒါပေမယ့်မိလေးအသုဘမှာ...ရောက်လာတဲ့ ကလေးကိုတော့ အဘိုးအမှတ်ရနေပါတယ်....."

အဘိုးက ဝိုင့်ကို မှတ်မိသည်ဟုဆိုတော့ ဝမ်းတော့သာသွားရသည်။

" အဘိုးဆီ ဘာကိစ္စရှိလို့ ရောက်လာတာလဲကွဲ့..."

" ဟုတ်အဘိုး......ကျွန်တော်မေးစရာလေးရှိလို့ပါ..စိတ်တော့မရှိပါနဲ့ အဘိုးရယ် ကျွန်တော် အရေးကြီးနေလို့ပါ ဟိုလေ အဘွားရက်လည် တုန်းက ဒီရပ်ကွက်ထဲမှာကားaccidentဖြစ်ခဲ့တာမျိုး အဘိုးကြားလိုက်သလားဟင်..."

ဝိုင့်မှာ စိတ်တွေလည်းခုန် ရင်တွေလည်း တုန်နှင့် အဘိုးစကားကို တထိတ်ထိတ် စောင့်နေမိတာ...။

" accident အဘိုးမကြားမိပါဘူးကွယ်..
အဲ့တုန်းက မိလေးစိတ်နဲ့ အဘိုးဆောက်တည်ရာမရဖြစ်နေခဲ့တာကြောင့် မသိခဲ့တာလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်...ဒါပေမယ့်အိမ်က တစ်ခြားသူတွေပြောတာလည်း အဘိုးမကြားမိပါဘူးကွယ်..."

အဘိုးရဲ့စကားကြောင့် ဝိုင့်ရဲ့ မျော်လင့်ချက်တွေ
ဟိုးအောက်ဆုံးအထိ ကျဆင်းသွားခဲ့ရသည်။ရင်ဘတ်ထဲ မည်ဟည်းနေသည့် ဗုံသံတွေလို ရင်ခုန်သံက ဖြတ်ခနဲတိတ်ကျသွားခဲ့ပြီး တောက်ပနေသည့်မျက်ဝန်းများက မှေးမှိန်သွားခဲ့ရသည်။

ဒီပတ်ဝန်းကျင်မှာ accident မဖြစ်ခဲ့ဘူးတဲ့လေ.....။
သေချာပေါက်တော့ ဒီနေရာမှာ ဒေးဘတ်accident ဖြစ်ခဲ့လိမ့်မည် ဟု ထင်ခဲ့မိတာ။

ဝိုင် ဒီရပ်ကွက်ထဲရောက်လာခဲ့ပြီး ဝိုင် အိမ်ပြန်သည့်အချိန် ဒေးဘတ်လိုက်ပါလာခဲ့သည် ဟုပဲ စိတ်ထဲယုံကြည်ခဲ့မိတာ...။

accident ဖြစ်ခဲ့ရာက ဒေးဘတ်အကြောင်း စုံစမ်းလို့ရမည်။ဒါဆို ဝိုင် ဆေးရုံသို့ လိုက်သွားမည်။ဆေးရုံကနေတစ်ဆင့် ဒေးဘတ်အိမ်လိပ်စာ စုံစမ်းပြီး ကုသိုလ်ပြုပေးရန် ဝိုင် ပြောမည်ဟု တွေးထားခဲ့မိလေခြင်း။

စိတ်ကူးထားတာတွေအကုန် ကြက်ပျောက်ငှက်ပျောက်...။အတွေးတွေက လေဟာနယ်ထဲလွင့်ပြယ်သွားခဲ့ပြီ။

ဒါဆိုဘယ်လိုလုပ်...ဒေးဘတ်က ဝိုင့်ဆီရောက်လာခဲ့ရသလဲ...။တစ်ခုသာ ရှိတော့သည်။ဝိုင်အခုနေထိုင်နေသည့် အရင်တိုက်ခန်းပိုင်ရှင်နှင့်သာ ဒေးဘတ် တနည်းတဖုံ ပတ်သက်မှုရှိနေတာသာ ဖြစ်နိုင်တော့မည်။

" ကျေးဇူးပါပဲ အဘိုးရယ်..."

ဝိုင်သည် စိတ်ပျက်စွာနှင့် အဘိုးကိုတောင်ကောင်းကောင်းမနှုတ်ဆက်နိုင်ပဲ အဘိုးအိမ်ကနေလေးပင်နေသည့်ခြေလှမ်းတွေနှင့် ခေါင်းငိုက်စိုက်ထွက်လာခဲ့လိုက်သည်။

" ဘယ်လိုလဲ အဆင်မပြေခဲ့ဘူးလား...."

အဘိုးခြံထဲကထွက်ထွက်ခြင်းမှာပင် ဒေးဘတ်ရဲ့အသံကိုကြားလိုက်ရတာကြောင့် ဝိုင်ပိုပြီးစိတ်မကောင်းဖြစ်ကာ ခေါင်းယမ်းပြလိုက်မိသည်။

" ဒါဆိုလဲ....ကောင်းတာပေါ့ကွာ မင်းအနားမှာ
ငါနေလို့ရသေးတာပေါ့....ဘာလို့အဲ့လောက်
မိုင်တွေနေရတာလဲ....ငါအဆင်ပြေပါတယ်...တကယ်တမ်းပြောရ ရင်အခုချိန်မှာ ငါ ဘယ်လိုသေဆုံးခဲ့သလဲ ဆိုတာကို လက်ခံရမှာ ကြောက်နေတယ် မင်းအနားမှာပဲနေချင်သေးတယ် ငါဘယ်လိုသေဆုံးခဲ့သလဲဆိုတာ မသိရင်လည်း အချိန်တန် ငါပျောက်ကွယ်သွားရမှာပဲလေ..."

" အချိန်တန်ပျောက်ကွယ်သွားတာက မင်းဝိဉာဉ် ပျက်စီးသွားမှာလေ ငါက ဘယ်လိုခံစားချက်မျိုးနဲ့ မင်းအဲ့လို ပျက်စီးသွားမှာ ကို ခံစားနိုင်မှာလဲ....နောက်ပြီး အဲ့အချိန်တန်က ဘယ်တော့လဲ မဝေးတော့တဲ့ အချိန်လား ဟိုး နှစ်ပေါင်းများစွာ ကြာမှလား...ငါ သေသွားတဲ့အထိ မင်းက တစ်ယောက်တည်း ဒီလိုပုံစံနဲ့ ဖြတ်သန်းနေမှာလား...."

ဒေးဘတ်က အသံထွက်မလာတော့ တိတ်ဆိတ်နေသည်။ဝိုင်လည်း ပြောပြီးခါမှ စိတ်မကောင်း ဖြစ်သွားရ၏။ဝိုင့်စကားတွေက အရှိုက်တည့်တည့်ကို ထိစေသည့် စကားတွေ။

" မင်းဘာလို့ အထဲ လိုက်မဝင်တာလဲ..."

ဝိုင် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ဒေးဘတ်ထံမှ ဒီလိုတိတ်ဆိတ်နေမှုကို ဝိုင်မလိုလား။

ဒေးဘတ်က ညိုးငယ်စွာပြန်ပြောလာခဲ့သည်။
" ငါဝင်လို့မရဘူး...." ဟု။

" ဟင်...ဟုတ်လား....ဘာလို့လဲ...မင်းပြောတော့ ငါရှိတဲ့နေရာ မင်းနေနိုင်တယ်ဆို..."

" မသိတော့ပါဘူးကွာ ငါအဲ့အိမ်ထဲမင်းနဲ့အတူလိုက်ဝင်လို့မရတာပဲသိတယ်..."

ဝိုင်မျက်မှောင်ကြုတ် စဉ်းစားလိုက်မိသည်။
သို့သော် ဝိုင့်မှာ ဝိဉာဉ်တစ်ကောင်မဟုတ်သည့်
အတွက်ကြောင့် ဒေးဘတ်နေရာကနေဝင်စဉ်းစားပေးလို့မရခဲ့ပါ...။အဲ့ထက်အရေးကြီးတဲ့
အရာဟာ ဒေးဘတ်ဘယ်သူလဲဆိုတာပင်...။

သူ့ကိုဒီလိုကြီးဝိုင့်အနားမှာတစ်ဝဲလည်လည်နဲ့လေလွှင့်မနေစေချင်ပါ...။သူ့ကို ငြိမ်းချမ်းစေချင်သည်။သူ့ကိုနောက်ဘဝတစ်ခုမှာ အေးအေးချမ်းချမ်းရှိစေချင်သည့် အတွေးကသာ ဝိုင့်စိတ်ထဲကြီးစိုးနေသည်။ ဝိုင် ဘတ်ကားဂိတ်မှာ ရပ်နေရင်း ဘတ်ကားမစီးပဲတက္ကစီငှါးရန် ငိုင်ငိုင်တွေတွေနှင့် အချိန်အကြာကြီးရပ်နေမိသည်။

ဒေးဘတ်နှင့်လည်း စကားပြောချင်စိတ်မရှိတော့။

" ဟယ်....ဝိုင်.ဘာလုပ်နေတာလဲ...
ကြည့်စမ်း တူပါတယ်လို့ကြည့်နေတာ..."

ဝိုင်ရပ်နေသည့်ရှေ့တည့်တည့်တွင်ကားတစ်စီးရပ်လာကာကားမှန်ချလိုက်သည်ကိုတွေ့ရသည်။ကားထဲမှ ဝမ်းသာအားရပြောလာသူက ပုလဲရတုပင်...။သူမကကားပေါ်မှ လှပစွာဆင်းလာခဲ့ကာ

" ဘာလုပ် နေတာလဲ ဝိုင်ခြေထောက်ကောသက်သာရဲ့လား..." ဟု ဝိုင့်ကို ပြုံးရွှင်စွာပြောရင်း ဝိုင့်ခြေထောက်ကိုပါငုံ့ကြည့်လာလေသည်။

ဝိုင်က ခြေထောက်ကြီးကို ကြင်ကြင်နာနာနှင့် ငုံ့ကြည့်တာခံလိုက်ရသဖြင့် မနေတတ်စွာ ခေါင်းတစ်ချက်ကုတ်ရင်း အဖြေပြန်ပေးလိုက်မိသည်။

" သက်သာပါတယ်...ပုလဲ...ဘယ်သွားမလို့လဲခင်ဗျ..."
ပုလဲက အားပါးတရပြုံးရင်း...မေးလာပြန်သည်။
" ကျောင်းကပြန်လာတာ...အိမ်ပြန်မလို့လေ...
ဝိုင်ကောဒီမှာဘာလုပ်နေတာလဲဟင်..."

" ကျွန်တော်လည်း အိမ်ပြန်မလို့ပဲ ခင်ဗျ အိုးဝေစောင့်နေတယ် ဆိုပါတော့ဗျာ..."

ဖြတ်သွားဖြတ်လာကားတွေနှင့် ခရီးသည်တွေလိုက်ပါသွားသည့် အိုးဝေတွေကိုကြည့်ရင်းဝိုင်ပြောမိသည်။သွားလာသည့်သူတွေအရမ်းများနေတာ ဝိုင်တောင် အိုးဝေငှါးလို့ရပါ့မလားမသိပေ။မြင်မြင်သမျှက ခရီးသည်တွေအပြည့်တင်သွားသည့် တက္ကစီနှင့်အိုးဝေများ။ဝိုင့်ဖြစ်အင်ကို ပုလဲကရိပ်မိသွားသည်ထင်...

" ခြေထောက်ကဖြင့် မသက်သာသေးပဲနဲ့
လာလာ...ပုလဲ အိမ်လိုက်ပို့ပေးမှာပေါ့..."ဟုပြောလာခဲ့လေသည်။

" မဟုတ်တာ......ပုလဲရပါတယ်..."
ဝိုင်ပျာပျာသလဲလဲ ငြင်းလိုက်ရသည်။ပုလဲက မိန်းကလေး...။ဝိုင်နဲ့အခုမှသိသည့်သူ...။သူမကြောင့်ဝိုင် ခြေထောက်ခိုင်းမိထားပေမယ့် ဝိုင်အားနာသည်လေ။သူမက ဝိုင့်ကိုဆေးခန်းလည်းလိုက်ပြထားပြီးပြီ။

" အားမနာပါနဲ့ ဝိုင်ကလဲ...ပုလဲလိုက်ပို့ပေးပါ့မယ် ....ဝိုင့်အိမ်လဲရောက်ဖူးတာပေါ့ နော် ခေါ်လည်မယ်မဟုတ်လား...."

ပုလဲက ပညာသားပါပါ ဝိုင့်ကို တကူးတကလိုက်ပို့ပေးချင်မှန်းပြောလာသည်။ဝိုင်ဘယ်မှာငြင်းသာပါတော့မလဲ...။

" ဗျာ...အော် ပုလဲ လိုက်ချင်ရင် ကျွန်တော်ကခေါ်ပါတယ်..." ဟုပြောလိုက်ရတော့သည်။

" ပုလဲကဝိုင့်ကိုစိတ်ပူနေတာ...ခြေထောက် မှသက်သာပါ့မလားလို့လေ...ဖြစ်ချင်တော့မေ့ပြီးဖုန်းနံပါတ်ကလဲ မတောင်းထားလိုက်မိဘူး...တိုက်ခန်းထိလာမေးဖို့ကလည်း လုံးဝအချိန်ရဘူး
ဆေးရုံနဲ့ကျောင်းနဲ့ လုံးချာလိုက်နေတာ ကျောင်းကနောက်ဆုံးနှစ်ဆိုတော့ Thesisတွေနဲ့ရှုပ်နေလို့လေ..."

" ကျွန်တော်..သက်သာပါတယ်...ပုလဲရဲ့..."

ပုလဲကသူ့ကားတံခါးကိုဖွင့်ပေးတော့ ဝိုင်လဲမသက်သာသည့်အဆုံး ကားပေါ်တက်ထိုင်လိုက်ရသည်။ဒေးဘတ်ကကျန်ခဲ့လေသလား...ဝိုင်နှင့်လိုက်ပါလာလေသလားမသိပေ...။ပုလင်နှင့် စကားတပြောပြော ကားစီးလာလိုက်တာ ဒေးဘတ်ကိုမေ့သွားခဲ့ပြီး ဝိုင်တို့တိုက်ခန်းရှေ့သို့ရောက်လာတော့သည်။

ပုလဲက ခင်ဖို့ကောင်းသည့် မိန်းကလေးတစ်ယောက်ဟု ဝိုင် ကောက်ချက်ချမိသည်။ထပ်မတွေ့နိုင်တော့ဘူးဟု တွေးထင်မိသော်လည်း အခုကတော့ဖြင့် ဟိုးအရင်တည်းက ခင်မင်ခဲ့ကြသည့် ငယ်သူငယ်ချင်းအရင်းအချာတွေလိုပင် ခင်မင်ရင်းနှီးသွားလေတော့၏။

ဒါလည်း တစ်မျိုးတော့ ကောင်းသား။ဝိုင့်တွင် မိန်းကလေးသူငယ်ချင်း တစ်ယောက်ရှိလာခဲ့သည်ပေါ့။မန္တလေးမှာ တည်ကြည် တစ်ယောက်တည်းသာ အဖော်ရှိသည့် ဝိုင့်အတွက် အဖော်ကောင်းမိတ်ဆွေတစ်ယောက်အဖြစ် ထပ်ရလိုက်သလိုပါပဲ။

ပုလဲက ဝိုင့်လက်မောင်းကိုတွဲပေးလျက် လှေကားထစ် တွေကိုတက်ခဲ့ကြသည်။လှေကားတစ်လျှောက် လူအသွားအလာရှင်းနေသည်။

ဝိုင် သက်ပြင်းဖွဖွ ခိုးချမိသည်။ပုလဲနှင့်သူ့ကို တစ်ခြားသူတွေ တစ်မျိုးတမည် ထင်ကြမှာ သူစိုးရိမ်သည်။သူ့အတွက် ကိစ္စမရှိသော်ငြား ပုလဲအတွက်တော့ အဆင်မပြေပေ။

ဝိုင် အခန်းတံခါး ဖွင့်လိုက်ပြီး...နှစ်ယောက်သားတိုက်ခန်းထဲသို့ဝင်ခဲ့ကြသည်။

" ပုလဲ အဆင်ပြေသလိုလွတ်လွတ်လပ်လပ်နေနော်...ကျွန်တော့်ကိုအားမနာနဲ့ ကြောက်လည်းမကြောက်နဲ့...."

ဝိုင်ပြုံးကာပြောလိုက်တော့ ပုလဲကချက်ချင်းခေါင်းညိတ်ပြကာ...

" မကြောက်ပါဘူး ဝိုင်ရယ် ဝိုင့်ကိုယုံလို့ပဲ
ဒီအထိ လိုက်လာတာပေါ့...ဝိုင့်ကြည့်ရတာ အမြဲတမ်းတစ်ယောက်တည်းဖြစ်နေသလိုပဲ ပုလဲသူငယ်ချင်းတွေနဲ့ ဝိုင့်ကိုမိတ်ဆက်ပေးရမယ်...သူတို့ကအရမ်းခင်ဖို့ကောင်းတာ..."
ဟု တရင်းတနှီးနှင့်ပြောလာခဲ့သည်။

" ကောင်းတာပေါ့ဗျာ...ကျွန်တော်လည်း ခင်တတ်ပါတယ်..."
ဝိုင်လည်း ဖော်ရွေတတ်ကြောင်းအပြုံးလေးနှင့်ပြောလိုက်သည်။ပုလဲနှင့် ဝိုင်တို့စကားပြောနေရင်းမှ
မီးဖိုခန်းဆီမှရေကျသံ တစက်စက်ကြောင့်ဒေးဘတ်ရှိနေတာကိုဝိုင်သိလိုက်ရတော့၏။ပုလဲက ရေကျသံကိုမကြားလိုက်တာကြောင့် မီးဖိုခန်းထဲ အလျင်အမြန် သွားပြီးပိတ်ကာဒေးဘတ်ကိုမစဖို့လှမ်းသတိပေးရသေးသည်။ပြီးမှ မီးဖိုခန်းဆီမှ ဟန်ဆောင်မပျက် ထွက်လာလိုက်၏။

" ဒါနဲ့ ဝိုင်မနက်ဖြန် ဘယ်အချိန်အားလဲ..."

" အာ ကျွန်တော်က ဘယ်အချိန်နေနေ အားပါတယ်...  ကျွန်တော် အဝေးသင်ပြောင်းလိုက်တာလေ... အခုလောလောဆယ် ဘာမှလည်းမလုပ်ဖြစ်တော့ ဒီအတိုင်းအားနေတာပေါ့ဗျာ..."

" ဒါဆို မနက်ဖြန်လောက် ပုလဲလာခေါ်မယ်လေနော်....ပုလဲသူငယ်ချင်းတွေနဲ့ လည်း မိတ်ဆက်ပေးရင်းပေါ့ ဘာမှအားနာစရာမလိုဘူးနော်...အခုသူငယ်ချင်းတွေဖြစ်သွားပြီဆိုတော့ ဒီ့ထက်ပိုပိုပြီးရင်းနှီးချင်လို့..."

ဟုပုလဲဆိုတော့ ဝိုင့်မှာတစ်အံ့တစ်သြ...။

" အာ ဟုတ် ရပါတယ် ပုလဲရာ....ကျွန်တော်ကတောင်ဝယ်ကျွေးရမှာပါ ဘယ့်နှယ့် တကူးတကပုလဲက လာခေါ်ပြီး မုန့်ကျွေးရမယ်လို့..."

" အားနာစရာ မလိုဘူးနော် ....ပုလဲကခင်ပြီဆို စိတ်ရင်းနဲ့ခင်တတ်တာကြောင့် ပုလဲခင်ပြီဆို ဝိုင်လည်း ပြန်ခင်ရမှာ မရဘူးနော် မနက်ဖြန် အတန်းပြီးတာနဲ့ ဝိုင့်ဆီ စောစောထွက်ခဲ့မှာ....အဓိက ဝိုင့်ကို ပုလဲသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင်တာ မုန့်သွားစားကြမယ်လေနော်...ဝိုင်ကလည်း...လုပ်ပါ...."

" အဲ ကျွန်တော် တကယ် အားနာလို့ပါ မခင်တာလည်းမဟုတ်ရပါဘူး ဒီလိုလုပ် ပုလဲသွားချင်တဲ့နေရာချိန်းလိုက် ကျွန်တော့်ဖာသာ လာခဲ့မယ် ပုလဲတကူးတက လာခေါ်နေရတော့ မဟုတ်သေးဘူးလေဗျာ နော်..."

" ရော် တကူးတကလဲ ဘာဖြစ်သလဲ ပုလဲက လာကိုခေါ်ရမှကို ကျေနပ်တာ ဟိုကောင်တွေကိုလည်း ပုလဲက အိမ်ထိသွားပြီးခေါ်နေကြပဲ ဘာလဲ ဝိုင်က ပုလဲကို မိန်းကလေးဆိုပြီး မခင်ချင်တဲ့သဘောလား မုန့်သွားစားမှာပါဆို ပုလဲသူငယ်ချင်းတွေနဲ့လည်း မိတ်ဆက်ပေးချင်တာလို့ သူတို့က အကုန် ခင်တတ်တယ်နော် ယောကျာ်းလေးတွေချည်းပါပဲဆို ဝိုင့်ကိုတွေ့လိုက်တိုင်း အမြဲတစ်ယောက်တည်း မို့ မိတ်ဆက်ပေးချင်တာ..."

" အဟား ပုလဲရာ ကျွန်တော် မငြင်းတော့ဘူး ဟုတ်ပြီလား ခင်ဗျားလေးပဲ ကျွန်တော်မျိုးကို လာခေါ်ပါတော့ဗျာ သွားကြတာပေါ့နော် ဟုတ်ပြီလား..."

" ဒီလိုပဲ ဖြစ်ရမယ်လေ....ပုလဲက ဝိုင့်ကို တကယ်ခင်တာပါဆို တစ်ခါတည်းတွေ့ရုံနဲ့ ဝိုင်က ဘယ်လိုအေးကြောင်း ဘယ်လို အားနာတတ်ကြောင်း ပုလဲ သူငယ်ချင်းတွေကိုပြောပြထားတာ ဟိုကောင်တွေတောင် နားအတော်ညည်းနေရှာပြီ ဝိုင့်အကြောင်းပြောဖို့ ပုလဲချစ်သူပဲကျန်တော့တာ အဟင်း ဒါနဲ့ဝိုင် ပုလဲရေချိုးခန်းခဏသုံးချင်တယ်..."

ပုလဲက ဝိုင့်ကိုမရမကပြောဆိုနေရင်း
ရေချိုးခန်းကို ညွှန်ပြကာ ခဏဆိုပြီး အထဲဝင်သွားခဲ့သည်။ဝိုင့်မှာ အခြေအနေတွေကိုပြန်တွေးနေရင်း...ပုလဲကိုငုတ်တုတ်ထိုင်စောင့်နေလိုက်သည်။ပုလဲက ရေချိုးခန်းထဲမှ လက်ဆေးပြီးထွက်လာခဲ့ကာ...

" ကဲ စကားကောင်းနေတာနဲ့ တော်တော်ကြာသွားတယ် ပြန်မှဖြစ်တော့မှာမို့ ဝိုင် မနက်ဖြန်လာခေါ်မှာနော်..." ဟုမရမကပြောပြန်သည်။

" နေပါဦး...ကော်ဖီလေးဖြစ်ဖြစ်သောက်သွားပါဦး..."

" နေချင်ပါတယ် ဆေးရုံသွားရဦးမှာမို့..."

ဆေးရုံဆိုမှ ဝိုင့်အတွေးထဲ ပုလဲကောင်လေးရဲ့
ဆေးရုံကုတင်ထက်မှာရှိနေသည့်ပုံရိပ်တွေခေါင်းထဲဝင်လာခဲ့သည်။

" ပုလဲကောင်လေး အခြေအနေဘယ်လိုလဲ..."

" ဒီလိုပါပဲ အဆင်ပြေတယ်လို့ပြောရမှာပေါ့.."

ပုလဲကခပ်တိုးတိုးသက်ပြင်းချရင်းပြောရှာသည်။
ဘာရယ်မသိ ဝိုင့်စိတ်ထဲ ထိုကောင်လေးပုံရိပ်ကစိုးမိုးလာသလိုလို...။ကုတင်ပေါ်တွင်လှဲလျောင်းနေသည့် ကောင်လေး...။ဘယ်အချိန်မှာမှ ပြန်ပြီးသတိရလာမလဲမသိသည့် သနားစရာကောင်းသည့်ကောင်လေး...။

" ဒါဆို ပုလဲပြန်ပြီနော်..."

အတွေးတွေပြတ်တောက်သွားသည့်အချိန် ပုလဲက ဝိုင့်ကိုနှုတ်ဆက်ပြီးပြန်သွားခဲ့ပြီ။

ဝိုင် လက်ရှိပစ္စုပန်သို့ အသိစိတ်ကို ပြန်ခေါ်မိတော့ ဒေးဘတ်က အတွေးထဲဝင်လာခဲ့သည်။
ပုလဲနှင့်ဝိုင်တို့စကားပြောနေချိန်အတောအတွင်း
ဒေးဘတ်ဝိုင်တို့အနားမှာမရှိနေပေ...။ရေတစ်စက်စက်ကျနေသည့်အသံကိုဝိုင်သတိပေးပြီးသည့်နောက်ပိုင်းလုံးဝထပ်မကြားရ.....။ရုတ်တရက်ကြီး..ဗိုက်က ထိုးအောင့်လာသဖြင့်ဒေးဘတ်အကြောင်းမတွေးနိုင်တော့ပဲ အိမ်သာတက်ရန် ရေချိုးခန်းထဲသို့လှမ်းဝင်လိုက်သည်။အိမ်သာမတက်ခင်ဘေစင်ပေါ်တွင်တင်ထားသည့် လက်စွပ်လေးကိုဖြတ်ခနဲတွေ့လိုက်တာကြောင့် အိမ်သာမတက်နိုင်သေးပဲ လက်စွပ်ကလေးကို ကိုင်ကြည့်လိုက်မိသည်။

ပုလဲ မေ့ကျန်သွားတာဖြစ်လောက်မည်။ဘာလို့ လက်စွပ်ကို ချွတ်ပြီးမေ့ကျန်ထားခဲ့ရတာလည်း ဒီကောင်မလေးက။မနက်ဖြန်ပြန်ပေးရမည်။ဘေစင်ပေါ်ရှိ လက်စွပ်ကလေးကိုကောက်ကာကြည့်မိတော့ လက်စွပ်လေးကရိုးရိုးရှင်းရှင်းလေးပေမယ့် ဝိုင့်မျက်လုံးထဲ ရွှေရောင်တက်လက်နှင့် တကယ်ကိုလှသည်။ပါးလွှာတဲ့ရွှေထည်နှင့် ပြုလုပ်ထားပြီး ဒီဇိုင်းကတော့ အဆန်းမဟုတ်သည့် မောင်းကွင်းပုံစံဖြစ်သည်။စိန်လေးတွေနှင့်စီချယ်ပြီး အနားကွတ်ထားသေးသည်။လက်စွပ်လေးက တော်တော်လေးရိုးရှင်းနေပေမယ့် ကြည့်နေရင်းကပင် ထိုရိုးရှင်းနေပုံက ဝိုင့်ကိုဆွဲဆောင်နေသလိုလိုပင်။

တွန်းအားတစ်ခုက ဝိုင့်ကိုထိုလက်စွပ်ကလေး ဝတ်ဖို့မရမက သတိပေးနေသလို။မရည်ရွယ်ပါပဲနဲ့ ဘယ်လက်လက်သန်းကြွယ်လေးမှာ လက်စွပ်လေးကို စွပ်လိုက်မိသည်။ပတ်ဝန်းကျင်တစ်ခုလုံး ဘာသံမှမကြားရသလို တိတ်ဆိတ်သွားခဲ့ပြီး...လျှပ်စစ်လှိုင်းတစ်ခုခုက ဝိုင့်ကိုယ်လေးထဲစီးဆင်းသွားခဲ့သလိုလို ခံစားလိုက်ရသည်။

လက်တွင် စွပ်ထားသည့် လက်စွပ်ကလေးကိုကြည့်လိုက်တော့ ဝိုင့်ရဲ့ လက်နှင့်ကွက်တိအံဝင်ဂွင်ကျ ဖြစ်နေလေ၏။ပုလဲကမိန်းကလေးလက်ဆိုနှင့်မို့ လက်စွပ်ကကြီးပြီး ချောင်နေသည်လားမသိပေမယ့်
ဝိုင်ဝတ်ဆင်လိုက်တော့ဝိုင်ရဲ့လက်နှင့်ကွက်တိတော်နေပြီး ဝိုင်ရဲ့ ဘယ်ဘက်လက်သန်းကြွယ်လေးမှာ လိုက်ဖက်စွာပေါ်လွင်နေလေသည်။

လက်စွပ်လေးက ရှေးဟောင်းပစ္စည်းဖြစ်နိုင်ပြီး စိန်တွေစီချယ်ထားတာကြောင့် အတော်လေးတန်ဖိုးကြီးမည့်ပုံပင်။ဝိုင်လက်စွပ်ဝတ်ဆင်ထားသည့်ကိုယ့်လက်ကို ကြည့်ရင်းသဘောတွေကျနေမိသည်။ပုလဲကိုပြန်ပေးဖို့ သိမ်းထားရန် လက်စွပ်ကိုချွတ်လိုက်မိချိန်တွင်...ဝိုင့်လက်မှလက်စွပ်ကလုံးဝပြန်ကျွတ်မလာခဲ့တော့ပေ..။ဒုက္ခပဲသူများလက်စွပ်ကိုမှ ချွတ်လို့ကလည်း မရဖြစ်နေခြင်း..။ဆပ်ပြာနဲ့တိုက်ပြီးချွတ်လဲမကျွတ်...ဘယ်လိုချွတ်ချွတ် ကျွတ်မလာသည့် လက်စွပ်ကြောင့်ဝိုင် ချွေးတွေပြန်ကာ ခေါင်းနပန်းတွေပင်ကြီးသွားရလေသည်။

" ဟာ...ဒုက္ခပဲကွာ...ဘယ်လိုဖြစ်လို့ လက်စွပ်ကဒီလောက်ကျပ်နေရတာလဲ..."

ချွေးစို့နေသော နဖူးပြင်ကို ဝိုင့်ရဲ့ညာလက်ဖမိုးနဲ့သုတ်လိုက်ရင်း...ဘယ်ဘက်လက်မှလက်စွပ်ကို မကျွတ် ကျွတ်အောင်ချွတ်နေမိသည်။လက်စွပ်ကဘယ်လိုမှကျွတ်မလာခဲ့ပေ..။လက်နာတာပဲအဖတ်တင်လာခဲ့သည်။လက်ကိုရေဆေးပြီးဆပ်ပြာနှင်ထပ်ပြီးထပ်ပြီး ချွတ်သော်လဲ မကျွတ်လာခဲ့ပါ...။

မတတ်နိုင်တော့ပေ..။ပုလဲကိုတောင်းပန်ကာလက်စွပ် ချွတ်နိုင်သည့်အခါမှပဲ ပြန်ပေးဖို့စဉ်းစားလိုက်ရတော့၏။ရေချိုခန်းထဲတွင်ဆယ်မိနစ်လောက်ကြာအိမ်သာတက်ပြီးမှထွက်ခဲ့လိုက်သည်။လက်ကိုကြည့်လိုက်တော့ ဘယ်ဘက်လက်သန်းကြွယ်လေးက နီရဲနေပြီး လက်စွပ် လေးကအထင်းသားပေါ်နေခဲ့သည်။အားနာစရာတွေတော့ဖြစ်ကုန်ပြီ။သူများလက်စွပ်ကြီးကို ကိုယ်က ဝတ်ဆင်ထားမိလေခြင်း..။

~~~~~~~~~<<>>~~~~~~~~~~~

" အဆင်ပြေရဲ့လား...မင်းဒီနေ့ဘယ်လိုစားဖြစ်လဲ..ခြေထောက်ကအနာကြီးနဲ့
ငါလဲ နိုးစက်ပေးထားတာကိုဘယ်လိုလုပ်နိုးစက်ပိတ်ပြီးပြန်အိပ်မိသွားမှန်းကိုမသိဘူး..."

ဝိုင်ရေချိုးခန်းထဲကအထွက် တည်ကြည်က အခန်းထဲ သော့ဖွင့်ပြီးအဝင်တွင်ဆုံမိပြီး တည်ကြည့်ထံမှ စကားသံထွက်လာခြင်းဖြစ်သည်။

" ငါအဆင်ပြေပါတယ်.....ဒါနဲ့ ဒီရက်ပိုင်းအတွင်း ကောင်မလေးတစ်ယောက်နဲ့ငါခင်နေတယ်....ခပ်အေးအေးနဲ့ ခင်ဖို့ကောင်းတဲ့ပုံစံမျိုးကွာနာမည်က...ပုလဲရတုတဲ့...ငါက မင်းနဲ့မိတ်ဆက်ပေးချင်နေတာ....."

" အင်း ဝိုင် တို့က စလာပြီ..."

" မင်းကကွာ လျိုတယ်ဖြစ်မှာစိုးလို့ပြောပြတာကွ ခင်မင်စရာတကယ်ကောင်းတဲ့ကောင်မလေး အလိုလိုက်ခံထားရလို့ သွက်လက်ပြီး ဆိုးတဲ့ပုံပေါ်ပေမယ့် ကလေးဆိုးလေးအတိုင်းပါကွာ ငါနဲ့ဒီအတိုင်းခင်ရုံတင် သူ့မှာရည်းစားလည်းရှိတယ် မရှိလည်း ငါ စိတ်မဝင်စားပါဘူးကွာ..."
တည်ကြည် က မချိုမချဉ်မျက်နှာ နှင့် ရယ်ကျဲကျဲ လုပ်နေသည်။မသိလျှင် ဝိုင်က လိမ်ပြောနေသည့် အတိုင်းပင်။

" တကယ်ပါဆိုကွာ အခု ငါ ဘယ်မိန်းကလေးမှ စိတ်မဝင်စားတော့ဘူး ..."

" အေးပါ သူငယ်ချင်းအသစ်ရတာ ကောင်းတာပေါ့မင်းအတွက် အဆင်ပြေသွားတာပေါ့ ငါလည်း တစ်နေကုန်ကျောင်းတက်နေရတာဆိုတော့ မင်းကို အချိန်မပေးနိုင်ဘူးဖြစ်နေတာလေ...အခုမင်းမှာသူငယ်ချင်းတွေရှိလာပြီဆိုတော့ ဝမ်းသာပါတယ်......ဟိုကိစ္စ ဘာဘာညာညာ မလုပ်ပဲ အဲဒီ့လို သူငယ်ချင်းပဲ ထားပေါ့ အခန့်မသင့်ရင် မင်းရည်းစားရသွားနိုင်သေးတာပဲ အဟမ်း...ငါစိတ်ပူရမယ့် အလုပ်မလုပ်ပဲ သူငယ်ချင်းထား...ရည်းစားလုပ် ဟုတ်ပြီလား...."

" အေး ပေါက်ကရတွေ ပြောနေလိုက် ငါက ဘာလုပ်ဖို့ ရည်းစားထားရမှာလဲ..."

" မသိဘူးကွာ...အူကြောင်ကြောင် ဝိဉာဉ်ကိစ္စတွေသာ မလုပ်နဲ့....အား....ငါအရမ်းအိပ်ချင်နေတာ
ကျောင်းမှာ စာသင်ရင်းအိပ်ငိုက်နေတာ...ငါခဏအိပ်လိုက်ဦးမယ်..."

" အေးအေး....အိပ်လေ..."

တည်ကြည် သူ့အခန်းထဲဝင်သွားတော့ ဝိုင်လည်း မီးဖိုချောင်ထဲဝင်ခဲ့လိုက်သည်။တည်ကြည်က ပေါက်တတ်ကရ စကားတွေ ပြောတတ်သေးသည်။သူ့မှာ ရည်းစားထားတာကို အဟုတ်မှတ်နေလို့။ဝိုင်ကတော့ အချစ်မတွေ့သေးလို့လားမသိ ရည်းစားထားမှာကို လုံးဝ စိတ်မကူးမိ။တည်ကြည်က ဝိဉာဉ်နှင့်ပတ်သက်မည်ကို အတော်လေးစိုးရိမ်နေပုံရသည်။

အသက်အန္တရာယ်တွေထိပါ ပါလာနိုင်သည်ဆိုတော့ စိုးရိမ်နေရှာမည်ပေါ့။သူ့အသိမပေးပဲ ကူညီခဲ့သည့် ကိစ္စတွေ အများကြီးရှိနေသည်ဆိုတာ တည်ကြည်သာသိရင် တစ်ခါတည်းသွေးတွေဆောင့်တက်ပြီး မေ့လဲသွားခဲ့မလားမသိ။

ဒါနဲ့ သူ့ရဲ့ ဒေးဘတ်ဘယ်တွေရောက်နေပါလိမ့်......။

" ဒေးဘတ်...မင်းရှိနေလား...."

မီးဖိုချောင် အခန်းထဲမှာတိတ်မြဲတိတ်နေဆဲပင်။
ဘယ်တွေလျှောက်သွားနေပါလိမ့်..။ဝိုင် မီးဖိုချောင်ထဲ ကထွက်လာခဲ့ကာ ဧည့်ခန်းထဲမှာလည်း
ဒေးဘတ် အမည်ကို ခပ်တိုးတိုး ခေါ်ရင်း ပြန်ပြောလာမည့်အသံကိုနားစွင့်နေမိသည်။သို့သော် ဘာအသံမှမကြားရပေ...။ဝိုင်မျက်မှောင်ကြုတ် လိုက်ကာ ဝရံတာဘက်ကို ထွက်လာခဲ့သည်။

ဝံရံတာ လက်ရန်းကို လက်နှင့်ထောက်ရင်း
တိုက်ခတ်လာသည့်လေကို တဝကြီးရှူရှိုက်လိုက်မိသည်။ဝိုင့်ရဲ့အညိုရောင်ဆံနွယ်တွေက လေအတိုက်မှာ လွှင့်နေလေသည်။

" ဒေးဘတ် ဘယ်ရောက်နေပါလိမ့်...."

" ဘာလဲ..."

" သောက်ကျိုးနည်း..."

ဝိုင့်အနားကနေဒေးဘတ်ရဲ့ဆူအောင့်အောင့်ထွက်လာသည့်အသံကြောင့် ရုတ်တရက်ကြီးလန့်သွားရလေသည်။

" လန့်တာကွာ...ငါဒီလောက်ခေါ်နေတာ မင်းကဘယ်ကမ္ဘာတွေ ရောက်နေတာလဲ...."

" ငါဘယ်ရောက်ရောက်ပေါ့....မင်းအပူလား..."

" ဘာ...မင်းဘယ်လိုပြောလိုက်တာလဲ..."
ဝိုင့်စိတ်ထဲထောင်းခနဲ။ဝိုင် ဘာပြောလိုက်လို့ ဒေးဘတ်ဆိုတဲ့ဒင်းကဒေါသထွက်နေရတာလဲ...။

" ဘယ်သူမှမရှိတဲ့အချိန်မှ ငါ့ကိုအဖတ်လုပ်ပြီးလာခေါ်နေ အဟက်....တစ်ခြားသူတွေရှေ့မှာတော့ငါ့ကိုရှိတယ်လို့တောင်မထင်ဘူးမလား....ခုဏက မင်းထားခဲ့တဲ့လမ်းမှာငါတစ်ယောက်တည်းဘယ်လောက်ကြောင်တောင်တောင်ဖြစ်လိုက်သလဲ....ငါ့ကိုဘယ်သူမှမမြင်ကြဘူး....ငါပြောတာဘယ်သူမှမကြားရဘူး.... ငါ့ကိုတစ်ယောက်တည်းထားပြီး.ကားနဲ့လိုက်သွားခဲ့တာ မင်း  ငါ့မှာ ကားပေါ်တက်လိုက်လို့လည်းမရဘူး....လမ်းတွေလဲတစ်ခုမှ မမှတ်မိဘူး...မင်းကိုတောင်မင်းက ခွင့်ပြုထားလို့ မင်းအနားကပ်နေနိုင်တာပဲ....မင်းကိုငါတောင့်တနေလွန်းလို့သာ မင်းအနားကိုငါပြန်ရောက်လာခဲ့တာ.....မင်းဆီငါပြန်မရောက်ခင်...ငါအဲဒီ့ လမ်းထဲမှာ တစ်ယောက်တည်းဘာတွေဖြစ်နေလဲ မင်းသိရဲ့လား...အာ မင်းသိမှာမဟုတ်ဘူးလေ မင်းက ငါ့ကို အလေးမှမထားတာပဲ...."

မမျော်လင့်ထားသည့် အက်ကွဲကွဲ တုန်ယင်နေသော ဒေးဘတ်ရဲ့ အသံနှင့် နာကျင်ကြေကွဲစွာ ထွက်ကျလာသည့်စကားလုံးတွေကြောင့် ဝိုင် တင်္ဒဂတော့ဆွံ့အသွားခဲ့ရသည်။မသိဘူးဝိုင်တကယ်မသိခဲ့ဘူး....။ဝိဉာဉ်ဆိုသည့်အတိုင်းဒေးဘတ် နေရာတကာ လျှောက်သွားလို့ရနေသည်ပဲထင်နေခဲ့တာ...။အခုတော့ နေရာတွေတစ်ခုမှ မမှတ်မိဘူးတဲ့လား...။

ဝိုင် ဒေးဘတ်အတွက်စိတ်မကောင်းဖြစ်သွားရကာဘယ်လိုနှစ်သိမ့်ပေးလို့ပေးရမှန်းမသိတော့ပေ...။ဝိုင် ကိုယ်တိုင် ဒေးဘတ်ကို မေ့သွားခဲ့သည်မလား။

" ငါတောင်းပန်ပါတယ်...ဒေးဘတ် မင်းပြောနေတာတွေ ငါတစ်ခုမှမသိတာအမှန်ပါ...မင်းက ဝိဉာဉ်တစ်ကောင်ဆိုတော့ လွယ်လင့်တစ်ကူသွားလာလို့ရတယ်လို့ပဲစိတ်ထဲမှာထင်နေမိတာ...တကယ်တမ်းမင်းက ဘာဆိုဘာမှမသိတဲ့ အတိတ်မေ့နေတဲ့ ဝိဉာဉ်လေ...အဲ့ဒါကို ငါတကယ်မေ့သွားခဲ့တာ မင်းတစ်ယောက်တည်းယောင်ချာချာဖြစ်နေမယ်လို့ ငါမတွေးမိခဲ့ဘူး....ငါကားနဲ့ပြန်လာတဲ့လမ်းတစ်လျှောက်မင်းတစ်ယောက်တည်းဘယ်လိုကျန်နေခဲ့မယ်ဆိုတာ ငါလုံးဝမစဉ်းစားခဲ့မိဘူး......ငါတောင်းပန်ပါတယ်.....ငါမင်းကိုမေ့သွားခဲ့တယ်..."
ဟု တိုးလျစွာ တောင်းပန်မိသည်။တကယ်ပါ ဝိုင့်စိတ်ထဲ နင့်နင့်နဲနဲကြီး ခံစားလိုက်ရတာပါ...။ဒေးဘတ်သာ ဝိုင့်ကို ခွင့်မလွတ်နိုင်ရင် ဝိုင်နေလို့ထိုင်လို့ကောင်းမှာကို မဟုတ်ဘူး။

" မင်းဘယ်တွေးပေးနိုင်ပါ့မလဲ...မင်းဘေးနားမှာ
ငါမဟုတ်တဲ့သူတွေ... မင်းကိုယ်တိုင်မင်းမျက်လုံးနဲ့
မြင်တွေ့နေရတဲ့သူတွေရှိနေပြီလေ....သူတို့မရှိမှငါက မင်းအတွက်အရေးပါမှန်းငါသိပါတယ်..."

" မဟုတ်ဘူး..."
ငြင်းလိုက်မိတာ အသည်းအသန်...။ဘယ်လိုပြောရမလဲ...ဒေးဘတ်ရဲ့ အခုစကားတွေကြောင့် ဒေးဘတ်ကို ပိုပြီး ခင်တွယ်မိတော့မယ်ဆိုတဲ့အကြောင်း။

" မင်းက ငါ့အတွက် အရေးပါတယ် ဒါကြောင့် ငါချက်ချင်းဆိုချက်ချင်း တတ်နိုင်သမျှ လုပ်ပေးနေတာပေါ့ကွာ...မင်းဒီလိုဖြစ်နေတာ ငါမကြည့်ရက်တော့ဘူး မင်းငါ့အနားမှာရှိလေ မင်းကို တွယ်တာမိလေ ပဲ ဒါပေမယ့် ဒေးဘတ် မင်းငါ့အနားမှာ တစ်သက်လုံးမရှိနိုင်တဲ့အပြင် ငါလည်း မင်းအနားတစ်သက်လုံးမရှိနိုင်ဘူးလေ...."

" ဦးတည်ရာ မလွဲပါနဲ့ ငါပြောနေတာ မင်းငါ့ကို ဂရုမစိုက်တဲ့အကြောင်း မင်းငါ့ကို ပစ်ထားခဲ့တဲ့ အကြောင်း...."

" ငါ မင်းအပေါ် အလေးအနက်ထားတာတွေကို ငါပြောနေတာလေကွာ..."

" အလေးအနက်ထားရင် မင်းငါ့ကို မေ့သွားမတဲ့လား...မင်းဂရုစိုက်တယ်ဆိုရင်လည်း မင်းအနား တစ်ယောက်မှ မရှိတဲ့ အချိန် ဖြစ်ပါလိမ့်မယ်..."

" မဟုတ်ဘူး ငါမင်းကို တကယ်တွယ်တာ တာ...ဒေးဘတ် တကယ်ပြောတာပါ မင်းကငါ့ရဲ့ ဒေးဘတ်လေ..."

ဝိုင်ပြောချင်သလို ဝိုင့်နှုတ်ဖျားက ထွက်သွားရဲ့လားမသိ။တကယ်တော့ ဝိုင်က ဒေးဘတ်ကို ချော့နေတာ။

" ငါက မင်းနဲ့ခင်တဲ့ သူတွေနဲ့ မသိချင်ပါဘူး....သူတို့ယုံအောင်လည်း မင်းကိုမပြောခိုင်းဘူး...ဒါပေမယ့် သူတို့ရှိနေတုန်းလည်း မင်းငါ့ကိုအလေးထားစေချင်တာ မင်းဂရုတစိုက်ရှိတာငါလိုချင်ရုံပါ...မင်းက ငါ့ကိုအရေးမစိုက်ပဲ...အဲ့ဒီ့ကောင်မလေးနဲ့ နှစ်ယောက်တည်းတစ်ကမ္ဘာလုပ်နေတယ်....ငါ့မှာတော့...မင်းဆီကိုပြန်ရောက်လာဖို့ ဘယ်လောက်တမ်းတခဲ့ရသလဲ....ဟုတ်ပါတယ်....ငါကဝိဉာဉ်တစ်ကောင်ပါ....ငါ့ရဲ့တည်ရှိနေမှုကိုတောင်ငါမသိတဲ့မရှာဖွေနိုင်တဲ့ အသုံးမကျတဲ့ဝိဉာဉ်တစ်ကောင်ပါ...."

သေချာတာပေါ့...။ဝိုင်တွေးလိုက်သလို ဒေးဘတ်က
နားမလည်သွားဘူး။ဝိုင်ညံ့ဖျင်းလိုက်တာ...။
ရင်ထဲက စကားကို တစ်ပါးသူနားလည်အောင် ဝိုင်မပြောပြတတ်ဘူး...။

" မဟုတ်ဘူး...ငါပြောချင်တာက.....ဒေးဘတ်...
ဒေးဘတ်.. ...."
အသည်းအသန်အော်ခေါ်မိသည်။ဒေးဘတ်က အသည်းအသန် စိတ်ဆိုးသွားချေပြီ။ဝိုင့်မှာတော့ ရင်ထဲ ဟာတာတာ ကြီးဖြစ်သွားကာ အနားမှာ ဘယ်သူမှမရှိတော့ပဲ တိတ်ဆိတ်သွားခဲ့သလို...။

ဝိုင် မီးဖိုချောင်ထဲ ရောဧည့်ခန်းရော တိုက်ခန်းအပြင်ဘက်ပါမကျန်..။ဒေးဘတ်ကိုအော်ခေါ်ကာ လိုက်ရှာနေခဲ့သည်။သို့သော် ဒေးဘတ်ကတော့ဖြင့် အသံတိတ်မြဲတိတ်နေဆဲပင်ဖြစ်သည်။

ဝိုင် ပျော်နေတာမဟုတ်သော်လည်း ဟက်ခနဲတော့တစ်ချက်ရယ်လိုက်မိသေးသည်။
ဝိုင့်ကိုမှီခိုနေရသည့် အသံသာကြားနေရသော
ဝိဉာဉ်က ဝိုင် သူ့ကို ဂရုမစိုက်ဘူးဟုထင်ကာ
စိတ်ကောက်သွားလေခြင်း...။ထူးဆန်းတာက...
ဘယ်သူမှမမြင်ရသည့် ဝိဉာဉ်တစ်ကောင်ကို ဝိုင်က အရူးတစ်ယောက်လိုရှာဖွေနေရင်း အထင်လွဲမှားနေတာကို ရှင်းပြချင်နေခြင်းပင်။တစ်ယောက်တည်း ရှာဖွေကာ ဖြစ်ပျက်နေသည်ကို ကိုယ့်ကိုကိုယ်လှောင်ကာရယ်ချလိုက်မိသည်။ဒေးဘတ်က တိတ်ဆိတ်နေသလို တည်ကြည်ကလည်း အခန်းထဲမှာ အိပ်နေတုန်းပဲပင်။

ဒေးဘတ်အရူးကောင်။ငါ့ကို မြန်မြန်စိတ်ဆိုးပြေပါတော့။

ထိုအချိန်မှ စတင်ပြီး ဝိုင့်ရင်ဘတ်တစ်နေရာတွင်...ချစ်ခြင်းတွေငွေ့ရည်ဖွဲ့နေခဲ့သည်ကို ဝိုင်မသိရှိလိုက်...။

အထင်လွဲမှားစွာ စိတ်ကောက်သွားသည့် ကောင်လေးရယ်...အထင်မှားနေတာကို ရှင်းပြချင်နေသည့်ကောင်လေးရယ်....။

...........
Thanks All
အစစအရာရာဂရုစိုက်ကြပါရှင်။stay safeပါ။

Продолжить чтение

Вам также понравится

152K 13.2K 49
MyanmarxBL(unicode+zawgyi) 🌸Owncreation🌸 This story is just my imagination. "ကိုယ့်ရဲ့အရှင်" S2 "ကိုယ့္ရဲ႕အရွင္" S2
💗12 :30💗 KimTae Toon🐯

Любовные романы

12.2K 1.4K 12
ငါေစာင့္ေနမယ္ေနာ္ jungkook 💗12:30💗 BTS
438K 68.7K 184
ဘာသာပြန်သူ- စွဲညို့အသင်း (ဘာသာပြန်သူတစ်ဦးတည်း မဟုတ်ပါ) MC ကျန်းလော့က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်နေသဘောသဘာဝကို ပိုင်ဆိုင်ထားပါတယ်။ ML ချီယုံကကျ စ...
223K 41.1K 99
I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.