*ဒီနေ့ ကလေးကို ခွဲစိတ်တဲ့နဲ့
ခွဲစိတ်မှုက အန္တရာယ် အရမ်းများတယ်တဲ့
ဒါပေမယ့် ကျွန်တော် တို့ စွန့်စားခဲ့ကြတယ်
သိနေတယ် ကလေးကျွန်တော့်ဆီ ပြန်လာမယ်ဆိုတာ
ပြန်လာပေးပါကလေး မင်းအထင်လွဲနေတာတွေကို
ကိုဖြေရှင်းပေးမှာမို့ အားတင်းပြီး ရင်ဆိုင်ပေးပါ*
'သား..ရိပေါ် သားသွားနားလိုက်ပါလား ဒီမှာမားတို့စောင့်နေတာပဲလေ သားငယ်လေး ထွက်လာရင် မားတို့လာခေါ်မယ်လေ'
'ဟင့်အင်းမား ကျွန်တော်မသွားဘူး
ကလေး အခုလို အန္တရာယ်တောထဲ ရောက်နေချိန်မှာ
ကျွန်တော် နားမနေနိုင်ဘူး မား
ကလေးက ကလေးက ကျွန်တော့်ကြောင့် ဒီလိုဖြစ်နေတဲ့အချိန်မှာ ကျွန်တော်နားမနေနိုင်ဘူးမား
ကျွန်တော် ကျွန်တော် ကလေးထွက်လာတဲ့အထိ စောင့်နေမယ်
တစ်ကယ်လို့ ကလေးသာ တစ်ခုခုမှားယွင်းသွားရင် ကျွန်တော်လည်း ကလေးနောက်လိုက်သွားမယ်'
'သားရယ် မင်းအပြစ်လည်း မဟုတ်ပါဘူး ကံကြမ္မာရဲ့ လှည့်ကွက်လို့ပဲ မှတ်လိုက်ပါသားရယ်'
Yu Bin: ဟုတ်တယ်ကော ဒါ Geတစ်ယောက်ထဲရဲ့အမှားလည်း မဟုတ်ပါဘူး
ကျွန်တော့်အမှားလည်း ပါပါတယ် ကျွန်တော်သာ အာ့နေ့က Geကိုအရင် ရှင်းအောင်မေးခဲ့ရင် ခုလိုတွေ ဖြစ်လာမှာမဟုတ်ဘူး
ကျွန်တော် တောင်းပန်ပါတယ်Ge'
'မင်းမမှားပါဘူး Geမှားတာပါ Geတာ ကလေးကို တစ်ခါတည်းခေါ်သွားမယ်ဆိုရင် ကလေး ဒီလိုဖြစ်မှာမဟုတ်ဘူး
အားလုံးက Geအမှားပါ'
Yi Boကို ကြည့်ပြီး အားလုံးလည်းစိတ်မကောင်းကြ
Xiao Zhan ဒီလိုဖြစ်သွားတဲ့ နေ့ကစပြီး သူ့အပြစ်ဆိုပြီးသာ အမြဲတမ်းပြောနေတော့သည်
အရင်တုံးက Yi Boဆိုတဲ့ ပုံရိပ်ကို အခုYi Boဆီမှာလုံးဝမတွေ့ရ
စိတ်ပျက် အားငယ်ခြင်းများသာ တွေ့ရတတ်သည်
သူ့တို့သားရဲ့ပုံစံကို ကြည့်ပြီး ဝမ်ပါးပါးနဲ့မားမားမှာလည်း စိတ်မကောင်း
သားငယ်ကို စိတ်ပူရ တဲ့အပြင် သူ့ကိုလည်း ဘယ်အချိန်မှာများ လဲသွားမလဲလို့ စိုးရိမ်တစ်ကြီး စောင့်ကြည့်နေရသည်
ထိုအချိန် ခွဲခန်းတစ်ခါးပွင့်လာပြီး ဆရာဝန်ပြောလိုက်တဲ့ စကားကိုကြားပြီး Yi Boလည်း ကြမ်းပြင်ပေါ် ပု့လျှက်သား လဲကျသွားပြီး ကမ္ဘာကြီးနဲ့ ခဏတာအဆက်အသွယ် ပြတ်သွားတော့သည်
္ဆရိပေါ်နိုးလာတော့ မိမိကိုယ်ပေါ်မှာ ဆေးရုံ့အဝတ်အစားတွေနှင့် လက်မှာလည်း dripချိတ်ထားသည်
သူသိလိုက်တာက ဆရာဝန်စကားကြားပြီး သတိလစ်သွားသည်အထိသာ
'Hai Kuan Ge ကျွန်တော် ကလေးစီ သွားချင်တယ်'
'အွန်း လာ Ge လိုက်ပို့မယ် ကလေးက သတိရကတည်းက ရိပေါ်ကိုမေးနေတာ'
'Ge သူ ကျွန်တော် ဆေးရုံမှာဆိုတာ သူသိလားဟင်'
'အွန်း ကလေးက ရိပေါ်ကို မေးနေတာနဲ့ မားတို့ကပြောထားတာ'
ရိပေါ် ကလေးအခန်းရှေ့ရောက်တော့ ကလေးက မားတို့နဲ့ စကားပြောနေသည်
သူ့သူငယ်ချင်းတွေနဲ့ မားတို့ရဲ့ကြားမှာ ကလေးပုံစံလေးက သုံးနှစ်အရွယ် ကလေးလေးလိုပင်
'ကလေး'
ခေါ်သံလည်းကြားရော တစ်ချက်သာကြည့်ပြီး ခေါင်းကို ချက်ချင်း လှည့်ပစ်တဲ့ကလေး
အင်းလေ ဖြစ်သင့်ပါတယ် ကျွန်တော်က သူ့ကို ကစားခဲ့တယ်လို့ ထင်နေတာ မလား
'မားတို့ အပြင် ခဏထွက်ပေးပါ့လားဟင် သား ငယ်နဲ့ စကား ပြောချင်လို့'
'ဖြစ်ပါ့မလားသားရယ် သားကအခု နေကောင်းတာလည်း မဟုတ်ဘူး
သားငယ်ကလည်း နေမကောင်းသေးဘူးလေ နောက်မှပဲ အေးဆေး ပြောပါ့လား သားရယ်'
'ဟုတ်တယ်ညီ ညီတစ်ယောက်တည်း ဖြစ်မှာလား'
'ဖြစ်တယ်Ge မဖြစ်ရင်လည်း ဖြစ်အောင် ကြိုးစားမယ်
ကလေး ကျွန်တော့်ကို အထင်လွဲနေတာကို ကျွန်တော်မခံနိုင်ဘူးကော
သူ့ကို အခုပဲ ရှင်းပြမယ် သူ နားလည် ခွင့်လွှတ်လာတဲ့အထိ ကျွန်တော် ရှင်းပြမယ်
Ge တို့ ထွက်ပေး ကြပါနော်'
'ကဲပါကွယ် သားကပြောချင်တယ် ဆိုမှတော့ ပါးတို့ ထွက်သွားပေးပါ့မယ်ကွယ် ကလေးတို့ လာကြ လာ သွားကြရအောင်'
ပါးပါးက သူတို့ကို စိတ်မချနိုင်စွာ လှည့်ကြည့်ရင်း ထွက်သွားကြသည်
အခုတော့ လူနာခန်းထဲမှာ သူရယ် ကလေးရယ် နှစ်ယောက်ထဲသာ
*ကိုကို ဘာတွေပြောနေတာလဲ အထင်လွဲတာတဲ့ ငါက ဘာကို အထင်လွဲတာမို့လဲ သက်သေတောင် ရှိနေတာကို အထင်လွဲတာ ဖြစ်ရဦးမှာလား ကိုကိုရယ်*
'ကလေး'
ကျွန်တော်ခေါ်တာကို သူလှည့်မကြည့်ခဲ့ဘူး ကိုယ့်ကို မုန်းသွားပြီလား ကလေး ကိုယ့်ကို မမုန်းပါနဲ့ ကျေးဇူးပြုပြီး ကိုယ့်ကို မမုန်းပါနဲ့ ကလေးရဲ့ အမုန်းတွေ ကိုမခံစားနိုင် လို့ပါ
'ဒုန်း..'
ရုတ်တရက် ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်တဲ့ ရိပေါ်ကို ရှောင်းကျန့်တစ်ယောက် အံ့သြပြိး ကြောင်ကြည့်နေမိတယ်
'ကိုကို ဘာလုပ်နေတာလဲ ထပါ ကိုကိုရာ အား'
ကိုကို့ကို လှမ်းထူဖို့ အတင်းထလိုက်တော့ ချုပ်ရိုးနေရာက နာလာသည်
ကိုကို မူးလဲသွားတာ မားပြောလို့ သိထားပြီးသား
နေလည်းမကောင်းတာကို အေးစက်စက် ကြမ်းပြင်ကြီးမှာ ကိုကို့ကို ဒူးမထောက်စေချင်ဘူး
'ကလေး ဘာဖြစ်သွားသေးလဲ ချုပ်ရိုးက နာသွားလား သွေးတွေထွက်လာသေးလား ဘာလို့အရမ်းလှုပ်လိုက်တာလဲ ငယ်ရာ'
'ငယ်တဲ့လား ငယ်ဆိုတဲ့ စကားလုံးကို ကျွန်တော် သုံးခွင့်မရှိတော့ဘူး ထင်နေတာကိုကို
'ငယ်ရယ် ဘာလို့ သုံးခွင့်မရှိရမှာလဲ ငယ်ကသာ ငယ်ဆိုတဲ့ ဒီနာမ်စားရဲ့ မူပိုင်ရှင်ပါ
ငယ်ကသာ ကိုကို့ရဲ့ တစ်ဦးတည်းသော ငယ်ပါကွာ'
'ဒါဆို ကျွန်တော် သိခဲ့ရတာတွေကရော ဘာတေလဲကိုကို
ကျွန်တော်နဲ့ဆို လူကြားထဲမှာ လက်တောင်မကိုင်တဲ့ကိုကိုက တခြား တစ်ယောက်ကို နမ်းနေတာလေ
ကျွန်တော်လေ အဲ့ဓာတ်ပုံကို မြင်လိုက်ရတော့ ရင်ဘတ်ထဲက အရမ်းနာတယ် သိလားကိုကို
ကျွန်တော်မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ ကိုကို့ကို တွဲမြင်ရတာ ကျွန်တော့်ရင်ထဲ အရမ်းနာတယ် သိလားကိုကို'
'ကိုကို တောင်းပန်ပါတယ်ငယ်ရယ် ကိုကိုလေ အဲ့နေ့ကအကြောင်း ငယ့်ကိုရှင်းပြပါ့မယ်
အဲ့နေ့က ကိုကိုတို့ အတန်းက စောဆင်းတယ်လေ အာ့နဲ့ ကိုကိုလည်း ငယ်ကျောင်းဆင်းလာရင် စားဖို့ဆိုပြီး pizza သွားဝယ်တာပါ
အာ့ဆိုင်မှာ ကိုကို့သူငယ်ချင်း ကျောက်မိန်နဲ့တွေ့တာ သူက ကိုကိုငယ်ငယ်ကတည်းက သူငယ်ချင်းတွေ
အလယ်တန်းလောက်မှာ သူ့မိဘတွေUSပြောင်းသွားတော့ သူပါပါသွားတာ
ကိုကိုတို့လည်း မတွေ့ရတာကြာတော့ စကားပြောရင်း ကြာသွားတာ
ကိုကိုလည်း နောက်ကျနေပြီဆိုပြီ ပြန်ဖို့အလုပ် သူက ကိုကို့ကို လှမ်းဆွဲပြီး အတင်းနမ်းလိုက်တာပါ
ပိုကိုလဘ်း ခဏတော့ကြောင်သွားပြီး သူ့ကိုတွန်းထုတ်ခဲ့ပြီး ငယ့်ဆီလာခဲ့တာပါ
တစ်ကယ်ကို ကိုကိုစိတ်ပါလို့ နမ်းခဲ့တာ မဟုတ်ပါဘူး
ကိုကို့ဘဝမှာ ငယ်တစ်ယောက်ကိုပဲ ချစ်တာပါကွာ
အဲ့နေ့က မိုးတွေသည်းလာတော့ ကလေးတစ်ယောက်ထဲ ကျန်နေတာကိုတွေးပြီး ဆိုင်ကယ်အမြန်စီးတော့ လမ်းချော်ပြီး ဆိုကယ်လဲလို့ လက်တွေနဲ့ ခြေထောက်တွေပေါက်ပြဲနေတာပဲ
ကလေးအတွက်ဝယ်လာတဲ့ pizza လည်း ရစရာ မရှိတော့ဘူး
ငယ်ရှိမယ့်နေရာရောက်တော့ ငယ်မရောက်သေးတာနဲ့ ပတ်ရှာရသေးတယ်
အိမ်ကိုပြန်လာတော့ ငယ့်ကို တွေ့လိုက်ရတဲ့အချိန် ကိုယ့်ကမ္ဘာ ပျက်ပြီလို့ကိုမှတ်တာ
ငယ့်ကို့နားက ထွက်သွားတယ် ဆိုတဲ့အတွေးက ကို့ကို အရမ်းနာကျင်စေတာပဲ
ဒါ့ကြောင့် နောက်တစ်ခါ ငယ်မရှင်းတာရှိရင် ကို့ကို တိုက်ရိုက်ပဲမေးပါကွာ ကို့နားက ထွက်သွားဖို့ မလုပ်ပါနဲ့ ငယ်ရယ် ကိုနာကျင်လွန်းလို့ပါ'
'သေချာလား ကိုကို ငယ့်ကို ကစားခဲ့တာ မဟုတ်ဘူးလား'
'သေချာပါတယ်ငယ်ရယ် ကိုကိုကလေ ငယ့်ကို အချစ်စစ်အချစ်မှန်နဲ့ ချစ်တာပါ ငယ့်အပေါ် ကိုထားတဲ့အချစ်က အတ္တစိတ် မပါဘူးငယ်
ကို့ဘဝမှာလေ ငယ်ကသာ အရေးကြီးဆုံးပါ'
'အဟင့်..အဟီး ဗြဲ😭😭'
'ဟာ ငယ် ဘာလို့ ငိုတာလဲ'
မေးလိုက်တော့မှ ရင်ခွင်ထဲ တိုးဝင်ဖို့ လုပ်နေတဲ့ ယုန်ပေါက်ကြောင့် ကုတင်ပေါ် အသာလေးတက်ထိုင်ပေးလိုက်တယ်
'ငယ်တောင်းပန်ပါတယ် ဟင့် ငယ်က ဒါကိုမသိပဲ ကိုကိုငယ့်ကို ကစားတယ်ပဲ ထင်ခဲ့တာ
နေမကောင်းမှန်းသိရဲ့နဲ့ ကိုကို့ကို ကြမ်းပြင်မှာ ဒူးထောက်အောင် လုပ်ခဲ့တာ
ငယ်တောင်းပန်ပါတ ယ် ငယ်ကအရမ်းဆိုးတယ်မို့လားဟင်
တောငပန်ပါတယ်နော် ငယ်နောက်ဆို လိမ္မာပါ့မယ် ငယ့်ကိုတော့ ထားမသွားပါနဲ့နော်'
'ငယ်ရယ် ကိုက ငယ့်ကို ဘာလို့ ထားသွားရမှာလည်းကွာ ငယ်ဘယ်လောက်ဆိုးဆိုး. ကိုက ချစ်နေမှာ
ငယ်ကြိုက်သလောက်ဆိုး ဝမ်ရိပေါ်ဆိုတဲ့ ကိုကိုက ငယ်တစ်ယောက်ပဲ ဆိုးခွင့်ရှိတဲ့ လူသားမို့'
ရင်ခွင်ထဲကနေ တအင့်အင့်နဲ့ ရှိုက်ငိုနေတဲ့ ချစ်ရသူလေးကို အသာလေး ထွေးပွေးထားလိုက်တော့ သူလေးက်ပါ ကို့ကိုပြန်ဖက်လာတယ်
'ကိုကို နာလားဟင် လက်ကအပ်က သွေးတွေလည်းထွက်နေပြီ'
'မနာပါဘူးငယ်ရယ် ငယ်သာ အနားမှာရှိရင် အပ်နဲ့မပြောနဲ့ ဓားနဲ့ထိုးထားတယ်ဆိုတောင် မနာပါဘူးကွယ်'
'ခ်ခ် ကိုကို အပိုတွေတအားပြောတာပဲ'
'မပိုပါဘူးကွာ လိုတောင် လိုပါသေးတယ်'
'ခ်ခ် ခ်ခ်'
ဒီလိုနဲ့ ဆေးရုံခန်းလေးထဲကနေ ရယ်သံတွေ ပျံ့လွင့်လာခဲ့တယ် အပြင်ဘက်က နားထောင်နေတဲ့ လူတွေရဲ့ မျက်နှာ မှာလည်း အပြုံးကိုယ်စီနဲ့ အေးချမ်းနေကြတော့သည်
.........
ရှည်အောင် ရေးပေးထားပါတယ်နော်
အရင်တစ်ခါ မန့်တေအများကြီးရတာ တအားပျော်တာပဲ
အခုလည်း commentလေးတွေ မစကြပါဦးနော်😍😍
.........
Unicode