ချစ်ခြင်းခြံရံ(Completed)(ZG...
Door DeLoonTharThar
682K 62.3K 2.5K
#ချစ်​ခြင်း ခြံရံ#ဆိုတဲ့အတိုင်းပဲ ချစ်​ခြင်းတရား​တွေနဲ့ပဲ ကိုယ်​မင်းဘဝကို ခြံရံ​ပေးမယ်​က​လေးငယ်​ *တိမ်​လွှာ*... Meer
1(UN&ZG)
2_(UN&ZG)
4(UN&ZG)
5(UN&ZG)
6(UN&ZG)
7(UN&ZG)
8(UN&ZG)
9(UN&ZG)
10(UN&ZG)
11(UN&ZG)
12(UN&ZG)
13(UN&ZG)
14(UN&ZG)
15(UN&ZG)
16(UN&ZG)
17(UN&ZG)
18(UN&ZG)
19(UN&ZG)
20(UN&ZG)
21(UN&ZG)
22(UN&ZG)
23(UN&ZG)
24(UN&ZG)
25(UN&ZG)
26(UN&ZG)
27(UN&ZG)
28(UN&ZG)
29(UN&ZG)
30(UN&ZG)
31(UN&ZG)
32(UN&ZG)
33(UN&ZG)
34(UN&ZG)
35(UN&ZG)
36(UN&ZG)
Final(UN&ZG)
Extra-1(UN&ZG)
Extra-2(UN&ZG)
Final Extra(UN&ZG)
3 (UN&ZG)
20.5K 2.2K 76
Door DeLoonTharThar
(Unicode)
#ချစ်ခြင်း ခြံရံ#၃
ဦးနေလင်းမာန်သည် ရေချိုးမျက်နှာသစ်ပြီးရေချိုးခန်းအပြင်သို့ထွက်လာတော့ နှစ်ယောက်အိပ်ကုတင်ပေါ်မှာ ထည်ဝါက သူအလုပ်သွားရင်ဝတ်ဖို့အတွက် အဝတ်အစားအပြည့်အစုံ ထုတ်ပေးထားသည်ကို တွေ့ရသည်။
သူ့ကိုကျောပေးကာ ရပ်နေသော ထည့်ဝါရဲ့လည်ပင်းလေးကို ဖြတ်ခနဲနမ်းလိုက်တော့ဆတ်ခနဲတုန်သွားသည့် ခန္ဓာကိုယ်လေ။
ထည်ဝါသည် ဦးနေလင်းမာန်ဘက်သို့လှည့်လာပြီး လက်ထဲမှာအသင့်ကိုင်ထားသော ပုဝါဖြူလေးကိုခြုံပေးလိုက်သည်။သူ့လုပ်ရပ်ကို ကိုကြီးက ဘာကိုသဘောကျသည်မသိ ပြုံး၍နေသည်။
"ကိုကြီး ဒီနေ့အိမ်စောစောပြန်လာခဲ့နော်"
"ငယ်လေး သွားစရာရှိလို့လား"
ထည်ဝါသည် သူဝတ်နေသည့် အင်္ကျီကိုကြယ်သီးကူတက်ပေးနေရင်း သူမေးတာကိုဖြေသည်။မျက်နှာနုနုလေးက ကိုယ်နဲ့ခပ်နီးနီးမို့ ငယ်လေးရဲ့ ဝင်သက်ထွက်သက်က ဦးနေလင်းမာန်မျက်နှာသို့ လာရောက်ထိခက်သည်။
"သွားစရာမရှိပါဘူး ကိုကြီးနဲ့အတူထမင်းလက်ဆုံအတူစားချင်လို့ ငယ်လေးတစ်ယောက်ထဲ ညစာစားရတာ ဘယ်နှစ်ရက် ရှိနေပြီလဲ။ကလေးကလည်း အပြင်မှာ စားသောက်ပြီးမှအိမ်ပြန်လာတာ၊ကိုကြီးကလည်း Dinner ရှိရင်အပြင်မှာပဲ စားခဲ့ရော၊ငယ် တစ်ယောက်ထဲ ညစာစားရတာ အထီးကျန်တယ်"
ဦးနေလင်းမာန်သည် ချစ်ရသူ ငယ်လေးရဲ့ပါးပြင်ကို ဆွဲညစ်လိုက်ပြီး နှုတ်ခမ်းကိုမထိတထိလေး နမ်းလိုက်သည်ဆိုရုံပဲငယ်လေးရဲ့နားရွက်ဖျားလေးတွေ ရဲတက်လာလေသည်။
ငယ်သည်သူနှင့် သားတိမ်လွှာရဲ့တစ်သက် ရှိတော့မည် လက်ထပ်ပြီးသည့်ခုချိန်ထိတောင် သူ့အနမ်းတွေကို ရှက်နေတုန်း။
"အင်း ကိုယ်စောစောပြန်လာခဲ့မယ် ငယ်၊ကိုယ်တောင်းပန်ပါတယ်နော်ကိုယ်ဒီရက်ပိုင်းအတွင်း ငယ့်ကိုပစ်ထားသလိုဖြစ်သွားတယ်"
"ရပါတယ် ကိုကြီးရဲ့၊ငယ်ကသာ အားနာနေရတာ ငယ်ဆိုးသမျှကို ကိုကြီးကအမြဲတမ်း ခွင့်လွတ်နားလည်ပေးနေလို့"
"ကိုယ့်မှာ ငယ်မှမဆိုးရင်ဆိုးမဲ့ကလေးမရှိဘူးလေ ဟားဟား"
ငယ်သည်သူ့အပြောကြောင့် မျက်နှာလေး ရဲတက်သွားပြီး ရှက်ပြုံးလေးဖြင့် ကျွန်တော့်လက်မောင်းတွေကိုလက်သီးဆုပ်ဖြင့်ထုသည်။
အသက်အရွယ်တွေ ကြီးလာလေ ဦးနေလင်းမာန်သည် ထိုလူသားကို ပို၍ချစ်လာလေပင်။
"ဆိုးမဲ့သူ ဘာလို့မရှိရမှာလဲ သားတိမ်လွှာကို ဘယ်သွားထားလဲ ကိုကြီးက"
တိမ်လွှာဆိုသည့်သားဖြစ်သူအကြောင်း ပြောလိုက်သည်နှင့် မျက်နှာကြီးရှုံ့မဲ့သွားတာချက်ချင်း၊အလကား မချစ်တာလည်းမဟုတ် မျက်စိရှေ့ကနေ နည်းနည်းကြာကြာလေးပျောက်သွားရင်ကို စိတ်ပူစွာ မေးနေတတ်သူ။
"သူက ဆိုးတာမဟုတ်ဘူး၊မိုက်ရှုးရဲဆန်နေတာအလကား နှလုံးသားမရှိတဲ့ကောင် အချစ်ကိုအချစ်လို့ မမြင်တဲ့အကောင်"
"တော်ပါတော့ ကလေးကို ပြောမနေပါနဲ့တော့။သူလည်းငယ်သေးလို့ပါ တစ်ချိန်ကျရင် အချစ်ဆိုတာနဲ့ထိတွေ့လာရတဲ့အခါ ငယ်တို့ကိုနားလည်ပေးနိုင်လောက်မယ် ထင်ပါရဲ့"
အင်္ကျီကြယ်သီးလည်း စုံလင်သွားပြီမို့ ကိုကြီးရေလဲပုဆိုးကို ယူကာ ရေချိုးခန်းထဲမှာ သွားလှန်းထားလိုက်သည်။ငယ်လေးလည်းတိမ်လွှာ နားလည်ပေးနိုင်မဲ့နေ့ကို မျှော်လင့်မိတယ်။
ဦးနေလင်းမာန်သည်လိုအပ်သည့် စာရွက်စာ တမ်းတွေ ဖိုင်အိတ်ထဲထည့်နေတုန်းနှာခေါင်းထဲသို့ဝင်လာသည့် ညောှ်နံ့ဆူးဆူးကြောင့် ငယ် အိမ်အောက်မှာ ဘာအိုးတည်ခဲ့ပါလိမ့်အနံ့ကတော်တော်ကို ဆိုးရွားလွန်းသည်။
"ငယ် အောက်မှာဘာအိုးတည်ခဲ့သေးလဲ၊ညှော်နံ့တွေထွက်နေတယ်"
"ငယ် ဘာအိုးမှမတည်ခဲ့ပါဘူး ကိုကြီးရဲ့၊နေအုံး ငယ် အောက်ထပ်ကို သွားကြည့်လိုက်အုံးမယ်"
ထည်ဝါ အောက်ထပ်သို့ဆင်းလာတော့ အောက်ထပ်တစ်ခုလုံး ညှော်နံ့တွေမွှန်ထူနေသည်။မီးဖိုဘက်သို့ အပြေးသွားကြည့်တော့ မျက်လုံးများနီရဲပြီး ကြက်သွန်လှီးနေသည့် တိမ်လွှာရယ်ပါ။
ဒီကလေး ဘာစိတ်ကူးတွေပေါက်လို့ဟင်းတွေချက်နေပါလိမ့် ။မီးဖိုပေါ်က ဒယ်အိုးထဲမှာတော့ထည်ဝါမနေ့ကမှဝယ်ပြီးရေခဲသေ တ္တာထဲ ထည့်ထားသော ကြက်ပေါင်တစ်ခြမ်းသည် တစ်ဖက်ခြမ်းက မဲမှောင်နေတာကို တွေ့ရသည်။
ကြက်သွန်လှီးခြင်းကို လက်စသတ်ပြီးဒယ်အိုးထဲကကြက်ပေါင်ကို တစ်ဘက်သို့လှည့်နေ သည်။ထိုစဉ် ဆီပူတစ်ချက်က တိမ်လွှာရဲ့လက်ဖမိုးကို စင်သည်။ ဒါကိုလည်းဂရုမစိုက် ကြက်သွန်ကို ပြန်လှီးနေပြန်သည်။
ဘေးမှာအဆင်သင့်ချထားသော ထမင်းချိုင့်ကိုမြင်တော့ ထည်ဝါသဘော ပေါက်သွားသည်။
"က..တိမ်လွှာ၊ ဘာလုပ်မလို့လဲ ထမင်းချိုင့်ထည့်မလို့ထင်တယ် ဦးထည်လုပ်ပေးမယ်."
ကလေးလို့ခေါ်ရင် မကြိုက်တာမို့ တိမ်လွှာလို့သာ ပြောင်းခေါ်လိုက်သည်။
"မလိုဘူး"
သူလုပ်ပေးမည်ဆိုတာကို လက်မခံ။ထမင်း ချိုင့်ထည့်ပေးတုန်းကတောင် အတင်းငြင်းပြီးနောက်ဆုံးကိုင်ရမှာ ပျင်းတယ်လို့အကြောင်း ပြချက်ပေးပြီး မယူသွားသည့်ကလေးက၊အခုတော့ မီးဖိုချောင်ဝင်ကာကိုယ်တိုင်ချက်ပြုတ် နေလေသည်။
ကြက်သွန်လှီးထားပုံမှာလည်း အတုံးလိုက် အတစ်လိုက် လူတောင်လှမ်းပေါက်လို့ရသည့်အနေအထား ကြက်ကြော်ကလည်း နနွမ်းရောင်မှ မီးသွေးခဲရောင် ဘက်သို့ပြောင်းခါနီးနေပြီဖြစ်သည်။
ထည်ဝါလုပ်ပေးရင်လည်း တိမ်လွှာကမကြိုက်တာမို့ ဘေးကနေသာရပ်ကြည့်နေလိုက်သည်။မီးဖိုချောင်အတွက်တော့ မျက်ခုံးခပ်လှုပ်လှုပ်
"ငယ်...ဘာအိုးတည်ခဲ့တာ"
ဦးနေလင်းမာန်သည် အပေါ်ထပ်ကဆင်းလာရင်း ငယ့်ကိုမေးလိုက်သည်။မီးဖိုခန်းဘက်ရောက်တော့ မြင်ရသည့် မြင်ကွင်းကြောင့် ငယ့်အနောက်မှာ မျက်လုံးပြူးကာကိုယ်ရှိန် သတ်သွားသည့် ဦးနေလင်းမာန်
သားဖြစ်သူက ထူးထူးဆန်းဆန်းတွေ လုပ်လို့ပင်။နွေခေါင်ခေါင်မှာ မိုးတွေရွာကုန်တော့မယ်
တိမ်လွှာသည် အရှေ့ကလူနှစ်ယောက်ကို မသိဟန်ဆောင်ကာ လုပ်စရာရှိသည်များကို လုပ်နေသည်။ထမင်းချိုင့်လည်းအဆင်သင့်ဖြစ်ပြီမို့ကျောင်းသွားရန်ပြင်ဆင်ဖို့အတွက် သူ့အခန်းရှိရာဆီသို့ လှမ်းထွက်ခဲ့လေသည်။
"ငယ်..အဲ့ကောင် နေ​​ရောကောင်းပါတယ်နော်"
ထည်ဝါသည် သူ့အခန်းရှိရာဆီသို့ထွက်သွားသည့် တိမ်လွှာ့ကျောပြင်ကိုသာ ငေးကြည့်ရင်း ပြုံးနေမိသည်။
တိမ်လွှာကျောင်းကိုရောက်တော့ တာရာသည် အားကစားကွင်းမှာ ဘောလုံးကန်နေတာကိုတွေ့နေရသည်။ဘောလုံးကွင်းဘေးမှာတော့အားပေးသံတွေညံနေသည့် မိန်းကလေးများ။
တိမ်လွှာ ထိုအနားသို့လျောက်သွားကာ တာရာ့ကို လက်လှမ်းပြလိုက်တော့ သူရှိရာသို့တဘုတ်ဘုတ်နဲ့ပြေးလာသည်။
"ဘာလဲ တိမ်လွှာ၊ငါကစားလို့မပြီးသေးဘူး"
"ကလေးရော?"
"ဘယ်ကလေး၊အော်မှူးလေးလား.?"
ကလေးပါဆို ဘယ်ကလေးရှိသေးလို့လဲ။မျက် လုံးက မေးနေတဲ့လူဆီအာရုံမရှိဘူး ဘောလုံးကွင်းဘေးက ထိုင်ခုံမှာထိုင်နေသည့်ကောင်မလေးတွေဘက်သာ အာရုံကျနေသည်။နှာဘူးကောင်။
"အင်း ဟုတ်တယ် မှူးလေးကျောင်းရောက်ပြီလား?"
"အင်း ရောက်ပြီ၊စောနကတောင် ဒီနားမှာလာထိုင်ကြည့်နေရင်း ဘောလုံးမှန်လို့အခန်းထဲပြန်လွှတ်လိုက်တာ"
"ဘာ..ဘောလုံးမှန်တယ်.!!"
"ဟ!ငနာရ ဖြေးဖြေးအော်ပါဟ၊အေးဟုတ်တယ်ဘောလုံးမှန်လို့"
တိမ်လွှာသည် ကျွန်တော်ပြောသည့်စကားကိုဆုံးအောင်ပင်နားမထောင် ဟန်စစ်ရှိသည့်အခန်းဘက်သို့သာ ပြေးသွားတော့သည်။
"ဒီကောင်ဘာလဲကွာ ဟန်စစ်ကငါ့ညီလားသူ့ညီလား မသဲကွဲအောင် အရမ်းလုပ်တယ်"
တာရာ ပွစိပွစိပြောနေစဉ်မိမိခြေထောက်ရှေ့သို့ရောက်လာသည့်ဘောလုံးကို ခြေထောက်ဖြင့်ဆော့ရင်း ကစားပွဲထဲသို့ပြန်ဝင်သည်။
"လျှန်း...ပိကျီ!"
တိမ်လွှာ ပိကျီတို့အခန်းရှေ့ရောက်တယ်ဆိုရင်ပဲအခန်းထဲဝင်ကာ ဝေ့ဝဲရှာမိသည်။ဘောလုံးမှန်တာဆိုတော့ ငိုများနေမလား ထိခိုက်တာရော များသွားလား စိတ်ပူနေမိသည်။
အဲ့ကလေးက တိမ်လွှာနည်းနည်းလေးမှ စိတ်မချနိုင်သည့် ကလေးငယ်ရယ်ပါ။
"ဟာ..ကိုကို သားဆီ လာတာလား"
ဝင်ပေါက်ကိုကျောပေးကာ ပိကျီကိုရှာနေစဉ်နောက်ဘက်မှဝင်လာရင်း ကျွန်တော့်လက်ကိုလာကိုင်သည့် ပိကျီ ၊အသံလေးကအစ ချစ်ဖို့ကောင်းသည်။စိုးရိမ်စိတ်ကြောင့် အနောက်ကို အမြန်လှည့်ကြည့်မိသည်။
သူ့ကို့ပြုံးပြီးကြည့်နေသည့် ပိကျီက ဘာဆိုဘာမှမဖြစ်ထားသည့်ပုံပင်။သူမမြင်နိုင်သည့်နေရာမှာများလား ဒဏ်ရာတွေက။
"ပိကျီ ဘောလုံးမှန်တယ်ဆို၊ဘာဖြစ်သွားသေးလဲ"
"ဟို ဘောလုံးကသားကိုမှန်တာမဟုတ်ဘူး သားသူငယ်ချင်း ပွင့်ဖြူကို မှန်တာ"
ပိကျီကသူ့ကိုပြောရင်း ဘောလုံးမှန်သည့် သူ့သူငယ်ချင်းမလေးကို လက်ညိုးထိုးပြသည်။နဖူးနေရာလေးမှာ နီနေပြီးငိုမဲ့မဲ့ဖြစ်နေသော ကလေးမလေးကို တစ်ခြားကလေးတစ်ယောက်က လက်ကိုင်ပုဝါလေးဖြင့်အာငွေ့ပေးနေသည်။
ကလေးတွေဆိုပေမဲ့ သူငယ်ချင်းကိုတော့ဂရုစိုက်ကြသားပဲ။ပိကျီလက်ထဲမှာလည်းလိမ်းဆေးဘူးလေးတွေ့သည်။ကြည့်ရတာသူငယ်ချင်းကိုလိမ်းပေးဖို့ ဆေးပေးခန်းမှာသွားတောင်းတာထင်သည်။
ဒီလိုကျတော့လည်း ပိကျီ့ကအစ်ကိုကြီးကျလို့။
"ပိကျီ ဒီဆေးကသူငယ်ချင်းကိုလိမ်းပေးဖို့မလားပေးလေ ကိုကိုလိမ်းပေးလိုက်မယ်"
"ဟင့်အင်း ဟင့်အင်း သားလိမ်းပေးမှာ၊သားက အသက်ကြီးလာရင်ဆရာဝန်ကြီးလုပ်မှာဆိုတော့အခုထဲကသားသူငယ်ချင်းကို ဆေးကုပေးမှာ"
လက်ထဲက ဆေးဘူးကိုမပေးပဲ ဆုပ်ကိုင်ကာ သူငယ်ချင်းမဆီပြေးသွားသည့်ဆရာဝန်ဖြစ်ချင်သည့် ငတိစုတ်လေး အခုအရွယ်ထဲက ဖြစ်ချင်သည့်ရည်မှန်းချက်လေးရှိသည့် အတွက် ပိကျီကို ချီးကျူးမိသည်။တိမ်လွှာတောင် အခုချိန်ထိရှေ့ဆက်ရမဲ့ဘဝအတွက်ရည်မှန်းချက်မယ်မယ်ရရမရှိသေးပေ။
အင်း ပိကျီနဲ့ယှဉ်ရင်ကျွန်တော်ဟာကလေးပြန်ဖြစ်သွားသလိုပဲ။ပိကျီသည်ကလေးက ကလေးဆန်ပေမဲ့လည်းတစ်ခါတစ်လေ လူကြီးပင်လိုက်မမှီအောင် လူကြီးလည်းဆန်တတ်သည်။
အခုလည်း သူငယ်ချင်းမလေးနဖူးကိုလိမ်းဆေးလေးဖွဖွလိမ်းပေးကာ အာငွေ့ဖြင့်ဖူဖူးမှုတ်ပေးနေသေးသည်။ဘယ်လိုပုံစံလေးလဲပိကျီရာမြင်ရတာလေးက အသည်းတွေယားလိုက်တာ။
ပီကျီလည်း ဘာမှမထိခိုက်ဖူးဆိုတော့ သူ့အတန်းသို့ပြန်ရန်ဆုံးဖြတ်လိုက်သည်။အရှေ့ဆုံးအတန်းကခုံပေါ်မှာရှိနေသော ပိကျီ့ရဲ့ လွယ်အိတ်လေးထဲသို့ ချောကလက်တွေထည့်ထားခဲ့လိုက်သည်။
ချောကလက်တွေတွေ့ရင်မျက်နှာလေးပြုံးနေမည့် ပိကျီ့ ကိုလည်းမြင်ယောင်မိသေးသည်။
အတန်းထဲပြန်ဝင်လာတော့ တာရာကသူ့ကိုမြင်သည်နှင့်လှောင်ပြုံးနဲ့ကြည့်သည်။ခွေးကောင် ဘောလုံးမှန်တာကလေးမဟုတ်ဘူးလို့မပြောဘူး။သူ့မှာတော့စိတ်ပူလိုက်ရတာ။
"မင်းဟာလေးနဲ့ တွေ့ခဲ့လား?"
"လဒ ချီးပဲ၊ပိကျီကို မှန်တာမဟုတ်ဘူးလို့ မင်းဘာလို့မပြောတာလဲ"
"ဟာ..ရိုင်းဆိုင်းတာ၊မင်းကရော ငါစကားဆုံးအောင်နားထောင်သွားလို့လား ယိမို့အသည်းအသန် ပြေးသွားပြီးတော့"
"အေး..ထားလိုက်တော့"
တာရာ့ကို စကားဆက်မပြောချင်တော့တာမို့စကားစဖြတ်လိုက်သည်။တကယ်ဆို ကျွန်တော်လည်း စကားမှဆုံးအောင်နားမထောင်ခဲ့တာပဲလေ။
"တိမ်လွှာ မင်းကို ငါပြောစရာရှိတယ်"
ကြည့်နေသည့်စာအုပ်ကို ခနချကာ တာရာ့ကိုကြည့်လိုက်ပြီးပြောဆိုသည့် သဘောဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"မှူးလေးကို အရမ်းအလိုမလိုက်နဲ့တိမ်လွှာ ဘာလို့လဲဆိုတော့မှူးလေးက လူတစ်ဖက်သားကို အရမ်းခင်တွယ်တတ်တာကွ လူတင်မဟုတ်ဘူး တိရစ္ဆာန်လေးတွေကအစ သူကအရမ်းခင်တွယ်တာ။မှူးလေး၅နှစ်သားတုန်းက ခြေထောက်ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့ခွေးလေးတစ်ကောင်ကို လမ်းမှာတွေ့လို့ မှူးလေးက အိမ်ကိုခေါပြီးမွေးထားဖူးတယ်။ခွေးလေးကို သူပဲအစာကျွေးတယ်။သူပဲရေချိုးသန့်စင်ပေးတယ် အိပ်ရင် တောင် သူနဲ့အတူတူခေါ်သိပ်တာ။တစ်နေ့ကျတော့ ခွေးလေးသေသွားတော့ မှူးလေး မနား တမ်းငိုတယ် ခွေးလေးကို သူကိုတိုင်မြေမြုပ်ပေးပ​ြီး ခွေးလေးကို လွမ်းတဲ့စိတ်နဲ့အဖျားဝင်တာ
အိပ်ရာထဲတစ်ပတ်လောက်လှဲခဲ့ရတဲ့အထိပဲ။ငါတို့မိသားစုတွေ မှူးလေး ခွေးကိုသတိမရတော့အောင် အမျိုးမျိုးဖြောင်းဖျကြိုးစားကြတယ်။ဒါပေမဲ့ မှူးလေးက အရမ်းအစွဲအလန်းကြီးတယ်တော်ရုံနဲ့ဖြောင်းဖျလို့မရဘူး အခုချိန်ထိတော့သူ့အရှေ့မှာ ခွေးလေးပင်ကီအကြောင်းကို ငါတို့တစ်အိမ်သားလုံး စကားမဟရဲဘူး။မှူးလေးက ငါတို့အိမ်ရဲ့ဆည်းလည်းလေးပဲတိမ်လွှာရဲ့ သူ တစ်ခုခုဖြစ်သွားမှာကိုငါတို့မိသားစု အရမ်းကြောက်တယ် အမြဲတမ်းကြံ့ခိုင်ချင်ယောင်ဆောင်ပေမဲ့ မှူးလေးကအရမ်းစိတ်အားငယ်
တတ်တယ် တိမ်လွှာ။
ငါတို့က မကြာခင်၁၀တန်းဖြေရတော့မယ်။ကျောင်းတွေပိတ်ပြီးအောင်စာရင်းတွေထွက်ရင်တစ်ယောက်တစ်လမ်းဆီလျောက်ကြရတော့မှာ အဲ့ဒီ့အခါကျရင် ငါတို့က တွေ့ရတော့မှာမဟုတ်ဘူးလေ။
မှူးလေးက အခုမင်းကိုအရမ်းခင်တွယ်နေတာကွ အိမ်မှာဆိုလည်း မင်းအကြောင်းတွေချည်းပြောတာပါးနဲ့မားကတောင် မင်းကိုမမြင်ဖူးပေမဲ့ မှူးလေးကြောင့် တော်တော်ရင်နှီးနေပြီ"
တိမ်လွှာသည် တာရာရဲ့စကားများကြောင့် ပိကျီလေးကို ပို၍ချစ်လာမိသည်။ကလေးမှာ အဲ့လိုစိတ်လေးတွေရှိတာသိရတဲ့အတွက်လည်းကျေနပ်မိသည်။ဒါပေမဲ့ တာရာစိုးရိမ်နေသလိုကိစ္စများကတော့ ကျွန်တော်နဲ့ပိကျီကြားမှာ ရှိလာမှာမဟုတ်ကြောင်း တာရာ့ကိုသိစေချင်သည်။
"မင်းစိုးရိမ်နေသလို ဘယ်တော့မှ ဖြစ်လာမှမဟုတ်ဘူး တာရာ၊၁၀တန်းတွေအောင်ပြီးတစ်ယောက်တစ်လှမ်းသွားကြရင်တောင်ပိကျီအနားမှာ ငါအမြဲရှိနေမှာ ပိကျီက ငါ့အတွက် ညီလေးတစ်ယောက်ကောက်ရသလိုပဲ"
"အဟား အေးပါကွာ၊ငါလည်းခုချိန်ထိ ပိကျီဆိုးသမျှသည်းခံနိုင်တာဆိုလို့မင်းတစ်ယောက်ပဲမြင်ဖူးသေးတယ်"
ထိုနေ့က ပိကျီနှင့်ပတ်သတ်သည့်အကြောင်း အရာများများသိလိုက်ရသည်။တာရာနှင့်လည်း ပို၍ရင်းနှီးလာသည်။တိမ်လွှာသည်တစ်ဦးတည်းသောသားဖြစ်သည့်အတွက်ညီလေးတစ်ယောက်လောက်အမြဲလိုချင်နေခဲ့တာ အခုတော့ ပိကျီက သူ့ညီလေးပင်။
နေ့လည်ခင်းထမင်းစားကျောင်းဆင်းတော့ချိုင့်လေးဆွဲကာ လုံးတုံးလုံးတုံးနှင့်ဝင်လာသည့်ပိကျီလေးက နှုတ်ခမ်းလေးဆူနေသည် ဘယ်သူနဲ့များ စိတ်ကောက်လာပါလိမ့်။
"ပိကျီ"
သူခေါ်သည်ကိုပင် လှည့်မကြည့် သူ့အစ်ကိုဘေးနားက ခုံမှာသွားထိုင်သည်။အမြဲတမ်းကျွန်တော့်ပေါင်ပေါ်ပြေးတက်ထိုင်သည့်ထိုကလေးကဒီနေ့မှ ကျွန်တော့်မျက်နှာကိုမကြည့်ခေါ်သည်ကိုပင်ပြန်မထူး။
သေချာသည် ကျွန်တော့်ကလေး ကျွန်တော့်ကိုစိတ်ကောက်နေတာ။
"ပိကျီ ကိုကို့ကိုယ် စိတ်ကောက်နေတာလား။ဘာလို့လဲဟင်?"
"မနက်က ဘာလို့သားကို နှုတ်ဆက်ပြီးမှ ပြန်မသွားတာလဲ၊သားက ကိုကိုပြန်သွားတာတောင်မသိဘူး"
"ဟာ အဲ့တာက ဆရာဝန်လေးက ဆေးကုနေတော့ အနှောက်အယှက်မပေးချင်လို့လေ အာ့နဲ့တိတ်တိတ်လေးပြန်လာခဲ့တာ"
"သိဘူး သားစိတ်ဆိုးတယ်၊သားကို အလေးမထားသလိုပဲ"
ခွီး ကလေးပေါက်စကတော့ စကားတွေသိပ်တတ်နေတာ။
"အလေးမထားတာ မဟုတ်ပါဘူးကွာပိကျီလေးကို ကိုကိုကအားကြီးအလေးထားတာ၊နောက်ဆို ပိကျီလေးမကြိုက်တာ ကိုကို မလုပ်တော့ဘူးနော်။မနက်က ပိကျီလေးကြိုက်တဲ့ချောကလက်တွေ လွယ်အိပ်ထဲထည့်ပေးခဲ့တယ် တွေ့လား"
သူပြောတော့ ခေါင်းလေးညိတ်ပြသည်။တာရာကတော့ ကျွန်တော်တို့နှစ်ယောက်တိုးတိုးလေးပြောနေတာကို မကြားပါထမင်းချိုင့်ဖွင့်ကာ စားဖိုသောက်ဖို့ပြင်နေသည်။
"တိမ်လွှာ ဒီနေ့မုန့်ဈေးတန်းမှာသွားစားမနေနဲ့တော့ မေမေထမင်းအပိုထည့်ပေးလိုက်တယ် ငါတို့နဲ့အတူစား"
"ငါထမင်းချိုင့် ထည့်လာခဲ့တယ် တာရာ"
သူထမင်းချိုင့်ဖွင့်တော့ ပိကျီက ကျွန်တော့အနားသို့ တိုးကပ်လာသည်။ချိုင့်ထဲကို ငေးကြည့်ရင်းဖြင့်
"ကိုကိုတိမ်လွှာ ကြက်ကြော်ကဘာလို့အမဲရောင်ဖြစ်နေတာလဲ အိမ်က မေမေကြော်ပေးတာနဲ့လည်းမတူဘူး"
"ဟားဟား မဟုတ်မှ တိမ်လွှာ ဒါကိုမင်းကိုယ်တိုင်ချက်လာတာလား"
"အေး ဟုတ်တယ် နည်းနည်းတူးသွားတယ်။အရသာတော့ကောင်းပါ့မလားမသိဘူး ငါလည်း ပထမဆုံးချက်ဖူးတာဆိုတော့"
ပိကျီသည့် သူ့ရဲ့မျက်နှာအမူအရာကို သေချာလိုက်အကဲခတ်ပြီးနောက် ချိုင့်ထဲကအနည်း ငယ်အရောင်ပြောင်းနေသော ကြက်ကြော်ကိုဆွဲယူကာ စားတော့သည်။
"အား ရှယ်ပဲ ဂွတ်!သားကတော့ ကိုကိုတိမ်လွှာကြော်လာတဲ့ကြက်ကြော်ကို ပိုကြိုက်သွားပြီမေမေထည့်ပေးလိုက်တာကို ကိုကိုတိမ်လွှာစားဒါကိုသားစားလိုက်မယ်"
တိမ်လွှာ စိတ်ချမ်းသာအောင်လည်း ဒီကလေးက စွမ်းဆောင်နိုင်သည်။ဟုတ်လို့လား ပိကျီရယ် စားနေတဲ့ကလေးရဲ့မျက်နှာက တစ်ချက်တစ်ချက် ရှုံမဲ့မဲ့လေးဖြစ်သွားတာ ဘာလို့များပါလိမ့်။
နောက်ဆို ဟင်းချက်တက်အောင်သူလုပ်မှပါ။အကောင်းကြိုက်လေးကို သူကြိုက်သည့်အစားအစာများတိမ်လွှာကိုယ်တိုင်ချက်ပြုတ်ပေးချင်သည်။ဒါ ညီလေးတစ်ယောက်လိုသဘောထားသည့် လျှန်းလေးကို အစ်ကိုတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကိုပြသခြင်းသာ။ပိကျီ့ကို ဘယ်တော့မှမျက်ရည်ကျအောင် ကိုကိုလုပ်မှာမဟုတ်ဘူး။
ဘုရားသခင်သာ သိသော အချစ်နဲ့မင်းကို ချစ်မယ် ကလေးငယ်။
❣❣❣❣❣❣❣
(Zawgyi)
#ချစ်ခြင်း ခြံရံ#၃
ဦးနေလင်းမာန်သည်လိုအပ်သည့် စာရွက်စာ တမ်းတွေ ဖိုင်အိတ်ထဲထည့်နေတုန်းနှာခေါင်းထဲသို့ဝင်လာသည့် ညှော်နံ့ဆူးဆူးကြောင့် ငယ် အိမ်အောက်မှာ ဘာအိုးတည်ခဲ့ပါလိမ့်အနံ့ကတော်တော်ကို ဆိုးရွားလွန်းသည်။
"မလိုဘူး"
"ငယ်...ဘာအိုးတည်ခဲ့တာ"
"ကလေးရော?"
"ဘာ..ဘောလုံးမှန်တယ်.!!"
"လျှန်း...ပိကျီ!"
"အေး..ထားလိုက်တော့"
တတ်တယ် တိမ်လွှာ။
"ပိကျီ"
❣❣❣❣❣❣❣
Ga verder met lezen
Dit interesseert je vast
888K 9.5K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
155K 7.9K 33
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
3.4M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
1.3M 137K 70
Love has no race!