1(UN&ZG)

78.4K 3.2K 126
                                    

(Unicode)
#ချစ်ခြင်း ခြံရံ# ၁

ကျောင်းသွားရန်အတွက် ပြင်ဆင်ပြီးနောက် အောက်ထပ်သို့ဆင်းလာတော့ မနက်စာ Breakfastဝိုင်းမှာ ထိုင်နေသော ကျွန်တော် မတွေ့ချင်သည့် လူနှစ်ယောက်။

ထိုလူနှစ်ယောက်ကတော့ တိမ်လွှာအဖေ ဦးနေလင်းမာန်နှင့် ဖေဖေ့ရဲ့ အချစ်တော် ဦးထည်ဝါတို့ဖြစ်သည်။ဦးထည်ဝာသည် ကျွန်တော့်ကို မြင်သည်နှင့် မနက်စာ ဝိုင်းကနေ ထကာ ရှောင်ထွက်ဖို့ပြင်သည်။

ဖေဖေကတော့ ကော်ဖီသောက် မပျက်လျက်ရှိပြီး သတင်းစာ တစ်ခုကို ကောက်ကိုင်ရင်း လေးထောင့်မျက်မှန်ကိုင်းကို ပင့်တင်ကာ သူ့ကြားနိုင်လောက်သည့် အနေအထားနဲ့ စကားဦးဆိုသည်။

"သွားစရာမလိုဘူး ငယ်လေး၊ဒီအိမ်မှာ ငယ်လေးရှောင်ထွက်သွားစရာနေရာတစ်နေရာမှ မရှိဘူး"

ဦးထည်ဝါက ကျွန်တော်ရှိရာဘက်သို့ ကြည့်ပြီးအားနာနေဟန်နှင့် မျက်နှာအမူအရာသည်လည်းပျက်ယွင်းလို့နေသည်။တိမ်လွှာကတော့ နှုတ်ခမ်းတစ်ဖက်ကွေးကာ ခပ်ရွှဲ့ရွဲ့ဖြင့်ကြည့်ရင်း ဘောင်းဘီအိပ်ကပ်ထဲ လက်ထည့်လျက် ရပ်မြဲတိုင်း ရပ်နေသည်။

"ဒါပေမဲ့..ကလေး!!"

တိမ်လွှာသည် လက်သီးတစ်ဖက်ကိုဆုပ်ကာ နောက်လက်တစ်ဖက်ကတော့ ဦးထည်ဝါရဲ့ရင်ဘက်ကအင်္ကျီစကို လှမ်းဆွဲလိုက်သည်။အတန် တန်တားတယ်မခေါ်ပါနဲ့လို့လည်းမှာထားသည်။ပြသာနာမတက်ချင်တာလည်း ဒီလူကြီး။ပြီးရင် ကျွန်တော် မကြိုက်တာလုပ်တာလည်း ဒီလူကြီးပဲ။

အဲ့ဒီလူကြီးပါးစပ်က ကလေးလို့ခေါ်ရင် ထွက်သွားတဲ့မေမေ့ရဲ့ ကျောပြင်ကို တစ်ခါမြင်ယောင်ပြီး ရင်ဘတ်ထဲက နာလာတယ်။

"ခင်ဗျားကို ဘယ်နှစ်ခါပြောရမလဲ။ကျွန်တော့်ကို ကလေးလို့မခေါ်ဖို့။ကျွန်တော် ခင်ဗျားရဲ့ သားမဟုတ်ဘူး"

ဖေဖေက ကော်ဖီခွက်ကို လက်ထဲကစောင့်ချကာတိမ်လွှာကိုင်ထားသော ဦးထည်ဝါရင်ဘက်ပေါ်က လက်တွေကို တွန်းထုတ်သည်။

မယားကိုထိတော့ လင်ကပါတယ်လို့ပြောရ အောင်လည်း ကျွန်တော် ပြောထွက်ရမှာရှက်သည်။ကိုယ့်အဖေယူထားသည့်လူက မိန်းမမဟုတ်တာ။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Onde histórias criam vida. Descubra agora