31(UN&ZG)

12K 1.2K 112
                                    

# ချစ်ခြင်း ခြံရံ # ၃၁

လူတွေက ဘာအတွက်ကြောင့်များ ဒဏ်ရာတွေပဲပေးတဲ့သူကိုမှ စွဲလန်းတတ်ကြတာလဲ

(လင်းရိပ်)
--------------------

"ရိပ် သွားကြရအောင်လေ တော်ကြာနောက်ကျလို့ဆူခံထိမယ်ကွ အခုရောက်လာတဲ့ ပါမောက္ခကအရမ်းတင်းကြပ်တယ်တဲ့"

မှူးသည် ပေါင်မုန့်အဝါးမပျက်ပဲ ရိပ်ရဲ့ဘေးနားကနေတစ်တွတ်တွတ်ပြောသည်။လွယ်အိတ်ထဲသို့ ထည့်ရမည့်စာအုပ်တွေကိုမနည်းသတိထား ထည့်နေရသည့် ကြားက မှူးရဲ့ စိတ်လောနေသည့် အသံက သူ့ကို အလုပ်မတွင်စေ။

အဲ့လောက်စိတ်ပူနေပြီးအဆူခံမထိချင်ရင် အစောထဲကသွားပေါ့။အခုတော့ တကူးတကနဲ့ မနက်အစောကြီးရိပ်ဆီသို့ အစ်ကိုတိမ်လွှာကိုလိုက်ပို့ခိုင်းသည်။

ရိပ်ရဲ့ အိပ်ရာပေါ်မိန့်မိန့်ကြီးတက်ထိုင်ပြီး ပါလာသည့်မုန့်ထုပ်တွေကို ဖွင့်ဖောက်စားသည်။ရိပ်သည် ဘယ်လိုပဲအခန်းကိုသပ်သပ်ရပ်ရပ်မရှိ ဖြစ်ကတက်ဆန်းနေပါစေ အိပ်ရာပေါ်ကို အစားအသောက်ယူစားတာတော့ တကယ်မကြိုက်ပါ။

လွယ်အိတ်ဇစ်ကိုပိတ်လိုက်ပြီး မှူးကို မုန့်ထုပ်တွေနဲ့အတူ အိပ်ရာပေါ်ကဆွဲချလိုက်သည်။

"အ့.!.ကုန်ပါပြီကွာ ငါ့ပေါင်မုန့်လေး"

ကြမ်းပြင်ပေါ်သို့ကျသွားသည့်ပေါင်မုန့်တစ်ခြမ်းပဲ့ကို ကောက်ယူ၍ တဖူးဖူးနဲ့မှုတ်နေသည်။ဒီကောင် အောက်ကျပြီးသားတော့စားမှာမဟုတ်ဘူးမလား။ရိပ်အတွေးတွေတောင်မဆုံးသေး မှူးကကျသွားသည့်ပေါင်မုန့်ကို ပါးစပ်ထဲပစ်ထည့်လိုက်ပြီး တစ်မြုံ့မြုံ့ဝါးကာ လက်မတောင်ထောင်ပြသေးသည်။ညစ်ပတ်ကောင်။

"မဆိုးပါဘူး အရသာတော့နည်းနည်းလေးသွားတယ် ဟီး.ဟီး."

လက်မှာပေကျံနေသည့်မုန့်များကို ဘောင်းဘီမှာပဲ သုပ်လိုက်ပြန်၏ ပြီးနောက် ရိပ်ကို မချိသွားဖြဲပြသည်။လျှန်းမြတ်မှူးဟာ တကယ့်ကိုညစ်ပတ်အိုး။Stageကျောင်းတုန်းက အလွန်းသန့်ရှင်းစွာနေတတ်သည့် လျှန်းမြတ်မှူးကို ဘယ်မှာအစသွားရှာရပါ့။ဖြူဖြူစင်စင်ရုပ်လေးနဲ့မှမလိုက်။ရိပ်သည် မှူးရဲ့လက်ရှည်အကျႌစကို လက်မနဲ့လက်ညိုးကြားညှပ်ပြီး အခန်းပြင်သို့ ဆွဲထုတ်လာခဲ့သည်။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now