34(UN&ZG)

11.1K 1.1K 41
                                    

# ချစ်ခြင်း ခြံရံ #၃၄

မှူးသည် ရိပ်လက်ကိုဆွဲကာ အစ်ကိုခွန်းအခန်းဆီသို့ပြန်လာခဲ့သည်။အသံတိတ်ပါလာသည့် ရိပ်သည်မျက်ဝန်းတွေအစ်ကာ မျက်လုံးတွေကတော့ နီရဲနေသည်။

ရိပ်ဘယ်လောက်ထိ နာကျင်ရမလဲဆိုတာသိပေမယ့် ဒီလိုမှမလုပ်ရင် ရိပ်သည် နှလုံးသားကိုအမှောင်ချထားသည့် ချောက်နက်ထဲမှ ပြန်တက်ဖို့ အစီအစဉ်ရှိပုံမပေါ်ပါ။ကျွန်တော့်ကိုချစ်မိလို့ နောင်တရတယ်ဆိုသည့်အတွေး ရိပ်ဆီမှာ ဘယ်တော့မှလည်းရှိလာမည်မဟုတ်။

အစ်ကိုခွန်းအခန်းရှိရာရောက်လာတော့ ဘယ်သူမှရှိမနေဘဲတိတ်ဆိတ်နေသည်။စောနကတွေ့ခဲ့သော သူနာပြုဆရာမလေးဝင်လာသည်။

"အစ်မ အစ်ကိုခွန်းဘယ်သွားတာလဲဗျ"

"ဟင် ဆရာတို့အနောက်လိုက်သွားတာလေ။မတွေ့ခဲ့ဘူးလားဟင်။ဆရာတို့ ထွက်သွားပြီးမကြာဘူး အနောက်ကအလောတကြီးနဲ့ ပြေးလိုက်သွားတာ"

ထိုစဉ်အခန်းတွင်းသို့ဝင်လာသည့်ခြေသံတစ်ခု။အစ်ကိုခွင်းဖြစ်သည်။လက်ထဲမှာယူလာသည့်စာရွက်ကိုသူနာပြုဆရာမလေးထံသို့ကမ်းပေးသည်။

"ဒါကို အရိုးအကြောဌာနက ဒေါက်တာဆီသွားပေး ပေးပါဆရာမ။ပြီးတော့ မနက်ဖြန် ကျွန်တော်ခွဲစိတ်မယ့်အချိန်လေးပါတစ်ခါတည်းငြိခဲ့ပေးပါ"

"ဟုတ်ကဲ့ဒေါက်တာ ကျွန်မအခုဘဲသွားလိုက်ပါ့မယ်"

ဆရာမလေးထွက်သွားတော့ အခန်းထဲမှာ သူတို့သုံးယောက်ဘဲကျန်နေခဲ့သည်။အစ်ကိုခွန်းသည် ထိုင်ခုံပေါ်လွှားထားသော ဂျူတီကုတ်ကိုဝတ်နေသည်။အခုထိ သူတို့နှစ်ယောက်ကို စကားမပြောလာသေး။အစ်ကိုခွန်းရဲ့ မျက်ဝန်းတွေသည်နီရဲနေသည်။စားပွဲပေါ်မှာတင်ထားသော နားကြပ်ကိုယူတဲ့အခါမှာ ကိုခွန်းရဲ့လက်တွေသိသိသာသာ တုန်ရီနေတာကိုတွေ့ရသည်။ ရိပ်ကို စကားစဖို့အရိပ်အခြေပြပေမယ့် ရိပ်သည်ခေါင်းကိုဘဲခါပြနေပြီး ကြမ်းပြင်ကိုသာ အကြည့်ပြန်ပို့ထားသည်။

"ဟို..အစ်ကိုခွန်း.."

"နှစ်ယောက်စလုံးအနောက်က လိုက်ခဲ့"

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Nơi câu chuyện tồn tại. Hãy khám phá bây giờ