25(UN&ZG)

17.5K 1.4K 21
                                    

# ချစ်ခြင်း ခြံရံ #၂၅

ပထမဆုံး ခရီးစဉ်မလို့ပိကျီ့သည် လေယာဉ် VIP အတန်းမှာစီးရသော်လည်း လူမမာကြီးတစ်ယောက်လို့နုံးချိလို့နေသည်။အခုဟိုတယ်သို့သွားသည့် လမ်းတစ်လျှောက်လုံးကားပေါ်မှာလည်း ကိုကို့ပခုံးကိုမှီကာလိုက်လာခဲ့သည်။အဆင်ပြေရဲ့လား၊သက်သာရဲ့လား။အရမ်းနေရခက်နေလားဆိုသည့် ကိုကို့ရဲ့စိုးရိမ်သံတွေကိုလည်း စက္ကန့်နဲ့မခြားကြားနေရသည်။

"ကလေး တည်းရမဲ့ဟိုတည်ရောက်ပြီ ဆင်းရအောင်နော်"

"ဟုတ်"

ဒါတောင် ပိကျီ့ကအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ကိုကိုရဲ့ကျောနောက်မှာကျောသိုင်းလွယ်အိပ်လေးတစ်လုံးသာပါ၏။အဲ့လွယ်အိတ်လေးကလည်း ပိကျီ့အတွက် လိုရမယ်ရယူလာသည့်အရာတွေသာ။ဥပမာ ဆေး၊ပိကျီ့ဗိုက်ဆာရင်စားဖို့မုန့်။အချိုရည်၊လက်ကိုင်ပုဝါ၊ရေဘူး၊ရူဆေးဗူးကအစ အကုန်ပါသည်။

ပိကျီ့အလိုဆိုအဝတ်အစားက အစအကုန်ထည့်လာမိမှာ တော်သေးသည် အကုန်ထည့်လာရင်လည်း ကိုကိုတစ်ယောက်ထဲသယ်နေရမှာ အခုတောင်ပိကျီ့ကကိုကို့အတွက်ညဝန်ထုပ်ဝန်ပိုးကြီးတစ်ခုဖြစ်နေပြီ။

ကိုကိုသည် ဟိုမှာထဲက ဘိုကင်လှမ်းချိတ်ထားတာမို့ အခန်းကအဆင်သင့်သူတို့လိုက်ပို့ပေးရင် ကိုကအနောက်ကလိုက်သွားရုံလေးသာ။ပိကျီ့သည်ကိုကိုလက်လေးကိုတွဲပြီး အပြင်ဘက်ကိုငေးကြည့်တော့ တဖြတ်ဖြတ်တိုက်လာသည့် ပင်လယ်ပြင်ကလေနုအေးကိုရူရှိုက်လိုက်တဲ့အခါ ခံစားနေရသည်မအီမလည်ခံစားချက်ကြီးက ယူပစ်သလိုသက်သာသွားသည်။

ကမ်းစပ်သို့၊ကျောက်ဆောက်ပေါ်တွေသို့ ရိုက်ခတ်လာသည့်လှိုင်းတွေကိုကြည့်ပြီး ပိကျီ့မှာပျော်ရွှင်လာမိသည်။ပိကျီ့က ပင်လယ်ဆိုအရမ်းသဘောကျတာ။

အခန်းကိုရောက်တော့လည်း အဖြူရောင်လိုက်ကာတွေကိုပြေးဖွင့်ကာ ဝရံတာထွက်ပြီးပင်လယ်ရဲ့အနှစ်သာရကို တဝကြီးငေးမောပစ်လိုက်သည်။

ရူးကြောင်ကြောင်နဲ့အကျယ်ကြီးအော်မိတာကပင်လယ်ကြီးရေ အရမ်းချစ်တယ်လို့ ဒါကိုအခန်းထဲကကိုကိုကရယ်တယ် ဒါသက်သက်လှောင်တာ။ကလေးဆိုပြီးမခန့်တာ။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now