33(UN&ZG)

11K 1.1K 77
                                    

# ချစ်ခြင်း ခြံရံ #၃၃

အလုပ်သင်စဝင်ရက်ဖြစ်တာမို့ လင်းရိပ်ရော၊မှူးရော ရင်တွေအရမ်းခုန်နေသည်။ ပုဂ္ဂလိက ဆေးရုံဖြစ်သည့်အတွက် တိတ်ဆိတ်ကာ ရှင်းသန့်နေသည်။စင်္ကြံမှာလူအသွားအလာရှိပေမယ့် တစ်ယောက်စနှစ်ယောက်စ သူနာပြုလေးတွေသာ ရှိသည်။

ရိပ်ရောမှူးရော ဒီကိုရောက်ပြီးထိုင်နေတာ နာရီဝက်လောက်ရှိပေမယ့်အခုထိတခြားအလုပ်သင်တွေလည်း ရောက်မလာသေး။ဆေးရုံများမှားပြီးလာမိတာလား ဒါလည်းမဖြစ်နိုင် အရှေ့မှာမြတ်ဆိုသည့်နဖူးစည်းစာတန်းကြီးမြင်ခဲ့တာပဲလေ။

"ရိပ်..တစ်ခုခုများလွှဲနေပြီလား"

"မှန်ပါတယ် မှူးရဲ့ ငါတို့စောနေလို့ဖြစ်မှာပါ"

ထိုစဉ် သူတို့ထိုင်နေသည့်အနားသို့ သူနာပြုဆရာမလေးတစ်ယောက် လာနေသည်။

"ဒီကမောင်လေးနှစ်ယောက်က အလုပ်သင်အနေနဲ့ဝင်လာတဲ့ ဆရာဝန်လေးနှစ်ယောက်လား"

"ဟုတ်တယ်အစ်မ"

မှူးသည် ဝမ်းသာအားရဖြေသည်။မဟုတ်ရင် ဒီနေရာမှာ ဘယ်ချိန်ထိ စောင့်နေရမှန်းမသိ။

"အစ်မနောက်လိုက်ခဲ့နော် တာဝန်ခံကခွဲခန်းဝင်နေလို့ မောင်လေးတို့ထိုင်စောင့်နေရတာ လာလာ.. အစ်မနောက်ကလိုက်ခဲ့"

အခန်းတစ်ခုထဲသို့ဝင်သွားတာမို့ မှူးရော၊ရိပ်ရောလိုက်ဝင်ခဲ့သည်။စားပွဲကိုနောက်ကျောပေးကာ ထိုင်နေသော ဂျူတီကုတ်အဖြူနှင့်လူတစ်ယောက်။ပုခုံးစွန်းကျယ်ကျယ်နှင့်အတူ ဘေးတစ်စောင်းမြင်နေရသည့် မေးရိုးသွယ်ကြောင့်လင်းရိပ်မျက်မှောင်ကျုံ့မိ သည်။ဟိုလူကြီးနဲ့ဘာလို့တူသလိုလိုရှိနေရပါသလဲ။

"စောင့်နေရတာကြာသွားပြီထင်တယ်"

ဒီအသံ အရမ်းအမြင်ကပ်ရပါသောဒီအသံ။ထိုလူကြီး အနောက်သို့လှည့်လိုက်ချိန်မှာတော့ လင်းရိပ်စိတ်ထဲကနေပစ်ပစ်နှစ်နှစ်ဆဲပစ်လိုက်တော့သည်။ချီး ဒီဘဲကြီးနဲ့ဆုံရပြန်ပြီ။ဒါ့ကြောင့် စိတ်တွေမနက်ထဲက လေးနေတာ။

"ဟာ..အစ်ကိုခွန်း..."

မှူးကတော့ စောခွန်းမြတ်ဆီသို့ပြေးသွားကာ ပုခုံးကိုဖတ်သည်။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now