30(UN&ZG)

13.9K 1.2K 88
                                    

#ချစ်ခြင်းခြံရံ # ၃၀

တိမ်လွှာ အလုပ်သွားဖို့အတွက်ပြင်ဆင်ပြီးအောက်ထပ်သို့ဆင်းလာတော့ ပိကျီ့ကထမင်းစားဝိုင်းမှာ ဖေကြီးတို့နဲ့အတူ မနက်စာထိုင်စားနေသည်။ဒီကလေးကတော့ သူ့ကိုတောင်မစောင့်။ဘယ်လောက်တောင်ဗိုက်ဆာနေတယ်မသိ လက်နှစ်ဖက်လုံးမှာပေါက်စီနှစ်လုံးစီကိုင်ထားသလိုပါးနှစ်ဖက်ကလည်းဖောင်းကားနေသည်။

"ဟာ..ကိုကို..မောနင်း.."

တိမ်လွှာ့ကိုမြင်တော့ ပလုပ်ပလောင်းအသံနှင့်လှမ်းနှုတ်ဆက်လို့။နဖူးပေါ်ဝဲကျနေသည့် ဆံပင်တွေက မျက်လုံးသို့အုပ်နေတာမို့ ခေါင်းခါခြင်းဖြင့်သပ်တင်နေသည်။တိမ်လွှာမှာသာ မနေနိုင်စွာပဲ ကလေးအနားအမြန်သွားပြီး လက်နဲ့သေချာလုပ်ပေးလိုက်တော့ မျက်စိတစ်ဖက်မှိတ်ပြကာ ပြန်မော့ကြည့်လာသူ။တကယ်ပါ ဘယ်လိုဟာလေးမှန်းမသိ။နေ့တိုင်းတွေ့နေရသည့် မျက်နှာလေးကို စက္ကန့်ခပ်များများငေးစိုက်ကြည့်မိပြန်သည်။ဘယ်လောက်ကြည့်ကြည့်မရိုးနိုင်တဲ့ပန်းချီကားတစ်ချက်ပဲ။

နှုတ်ခမ်းနားက နည်းနည်းရောင်နေသည့်အပေါက်ရာလေးကိုမြင်တော့ ရင်ခုန်သံကနှစ်ဆတိုးလာသည်။လောလောလတ်လတ်အချစ်သင်္ကေတလေးတွေကို ဖုံးကွယ်ဖို့ပိကျီ့က လည်ကတုံးလက်ရှည်ကိုလည်းဝတ်ထားသည်။ဆေးရောသောက်ထားရဲ့လားဆိုပြီး စိုးရိမ်စိတ်ကဝင်မိသည်။နဖူးပေါ်လက်တင်စမ်းကြည့်တော့ ထူးထူးခြားခြားခံစားမိတာမရှိ။

"သား ကော်ဖီပဲမလား "

"ဟုတ်ကဲ့ "

တိမ်လွှာသည် ဖေငယ့်ကိုပြောပြီး အကျႌလက်ကြယ်သီးကိုတပ်ရင်းပင် ပိကျီ့အနားမှာ ဝင်ထိုင်ရင်း ပိကျီ့လက်ထဲကပေါက်စီကိုတစ်ကိုက် ကိုက်စားလိုက်တော့ ပိကျီ့ဆီမှာမျက်စောင်းကဒိုင်းခနဲ။နောက် မကျေနပ်သံပီစိလေးတွေ ထွက်လာတော့သည်။

"ကိုကိုရာ သားမဝပါဘူးဆို ကျန်တဲ့အရာတွေသာဝေမျှစားမယ် အစားနဲ့ပတ်သတ်ရင်တော့ သိပ်ချစ်ရတဲ့ကိုကိုဖြစ်နေရင်တောင် အလျော့မပေးဘူး"

"ဝက်ပေါက်ရာ မဝရင်ပန်းကန်ထဲကယူစားလည်းရတာကို "

တိမ်လွှာပြောတော့ သူလေးက ခေါင်းကိုအဆက်မပျက်ခါရမ်းတယ်။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now