ရှောင်းကျန့်တစ်ယောက် ဆေးရုံကပြန်လာကတည်းက ကိုယ့်ကိုယ်ကို အရင်ကထက် ပိုပြီး ဂရုစိုက်နေရသည်
ဝမ်ချင်ရဲ့ အသိ နှလုံးအထူးကု ဆရာဝန်နဲ့တိုင်ပင်ပြီး နှလုံးအလှူခံစားရင်းမှာ သူ့နာမည်ကိုထည့်ထားလိုက်တယ်
ဒါမှလည်း ကိုက်ညီတဲ့အလှူရှင်နဲ့တွေ့ရင် မြန်မြန်ခွဲစိတ်ရမည်
နှလု့းသွေးကြောကျဉ်းတာလေးပေမယ့် အရင်က ဆေးမသောက်ပဲနေခဲ့တာတွေရော စိတ်ပင်ပန်းတာတွေရော နောက်ထပ် ကြုံလာရမယ့် အရာတေရောအတွက် အစားထိုးဖို့ကို ရွေးလိုက်တာပင်
ရိပေါ်ကိုတော့ သူမပြောရသေး အန္တရာယ်များလို့ဆိုပြီး ခွင့်မပြုမှာစိုးရိမ်လို့
ခုရက်ပိုင်း အစားအသောက်တွေမှန်လွန်းနေတော့ လူက ဝတောင်ဝချင်နေပြီ
အခုလည်း သူတို့အဖွဲ့ ကန်တင်းမှာ နေ့လည် ထမင်းစားချိန်နားတော့ ဟိုနှစ်ကောင်ကို အတင်းဆွဲခေါ်ပြီးပြေးလာတာ
'ရား...Xiao Zhan မင်း အဘကန်တင်းက ဘယ်ထွက်ပြေးမှာမို့လို့ အတင်းပြေးနေတာလဲ'
'Zhao Chan ရာ ငါဗိုက်ဆာလို့ပါကွာ မင်းကလည်း sorry ပါကွာ မင်းကိုအတင်းခေါ်လာသလို ဖြစ်နေရင်😔'
'ရား Zhao Chan မင်း Xiao Zhanကို ဘာလို့သွားအော်တာလဲ ဟိုမှာ ငိုမလိုဖြစ်သွားပြီ အေး တစ်ကယ်ငိုလို့ကတော့ မင်းချော့ ငါတော့ လုံးဝမချော့နိုင်ဘူး'
'Yu Binရာ ငါကတမင်ပြောတာမှမဟုတ်တာ Zhan Zhan မငိုလိုက်နဲ့နော် ငါက မင်းကိုစတာပါ
ရှိတာမှ ဒီသူငယ်ချင်းလေး သုံးယောက်ကို ငါက မင်းနဲ့ ဘာလို့မလိုက်ချင်ရမှာလဲ'
'ဟီး ငါမငိုပါဘူး ငါသိပါတယ် မင်းငါ့ကိုစနေတာမှန်း အာ့ကြောင့် ငါလည်းမင်းကို ပြန်စတာ ဟီး😁'
'ရား...Xiao Zhan ငါကတော့သူငိုသွားပြီမှတ်တာ*****^^^'
ကန်တင်းမှာ ထသတ်နေတဲ့ ထိုနှစ်ကောင်ကို Yu Binတစ်ယောက် မကြည်ချင်တော့ပါ
ဒါပေမယ့် တားနေလည်း ရမှာမဟုတ်လို့ စားစရာမှာဖို့သာ ထွက်လာခဲ့တော့သည်
............
'ဟူး.....ဆရာကလည်း စာတွေသင်လိုက်တာ အများကြီးပဲကွာ'
'အေးလေ Zhan Zhanရာ စာတေကလည်း တတိယနှစ်ရှိသေး များလာလိုက်တာ😤😤'
Xiao Zhanရဲ့စကားကို Zhao Chanကပါ ဝင်ပြီးထောက်ခံပါတော့တယ်
တစ်နေကုန် သင်နေရတဲ့ စာတွေကြောင့် သူတို့ တော်တော် စိတ်ညစ်နေပါပြီ
စာမေးပွဲကလည်း နီးလာပြီလေ
ပြီးတော့ ဒီနေ့ သူတို့ကို လိုက်စမယ့်လူမရှိတော့ သူတို့လည်း ပျင်းနေတာပေါ့
ခါတိုင်းဆို Yi Boတို့အဖွဲ့က သူတို့ကို လာစနေကြ
Hai Kuan Geကဆို Zhao Chan ဒေါသထွက်တဲ့ပုံလေးကို ချစ်လို့ဆိုပြီး အသေလိုက်စလေရဲ့
သူကမခံချင်အောင်စလေ ဟိုက ဒေါခွီးလေ သူကရီလေပဲ
သူသွားစတာကလည်း သူများတွေလိုမဟုတ်
သူသွားစတာက ရိုက်ပေါက်ရယ် Zhao Chanကို
'အပျိုကြီး' ဆိုပြီးသွားစတာလေ
အဲ့တော့ သူ့ကိုယ်သူ straight စစ်စစ်ကြီးပါလို့ ကျွေးကြော်ထားတဲ့ ဟို ဒေါသအိုးက သူ့ကို လိုက်ရိုက်တော့တာလေ
သူတို့သတ်တဲ့အချိန်ဆို Xiao Zhanတို့မှာ ရီရတာအမောပင်
'Xiao Zhan'
'ပြောလေ Yu Bin ဘာပြောမလို့လဲ'
'Yi Bo Geတို့ ဒီနေ့ ဘာလို့မလာကြတာလဲ'
'ငါလည်း အာ့တာ စဉ်းစားနေတာ
ခါတိုင်း နေ့လည်ဆို ပေါ်လာတဲ့ လူတေက ဒီနေ့မှ ပျောက်နေတာလေ'
'ကဲပါ အိမ်ပြန်ကြမယ် မင်းတို့လည်းပြန်တော့လေ
ကိုကို ငါ့ကို စောင့်ချင် စောင့်နေမှာ"
'အေးပါ အာ့တာဆိုလည်း ငါတို့သွားပြီ'
Xiao Zhan ဟိုနှစ်ယောက်ပြန်သွားတော့ ခါတိုင်း သူ့ကိုကို သူ့ကို စောင့်နေကြနေရာလေးကို ထွက်လာခဲ့တယ်
ဒါပေမယ့် ဟိုရောက်တော့ ရိပေါ်ရှိမနေခဲ့မဆင်းသေးလို့လားလို့ သူတို့အဆောင်ဘက်သွားကြည့်တော့လည်း အကုန်လုံး တစ်ယောက်မှမရှိတော့
ဒါနဲ့သူလည်း အရင်နေရာလေးဆီပဲ ပြန်သွားခဲ့တယ်
သူ့ကိုကို ပြန်လာခေါ်မယ်ဆိုပြီးတော့ပေါ့
ဒါပေမယ့် မိုးတာချုပ်သွားတယ် သူ့ကိုကိုက ပေါ်မလာခဲ့ ဒီအချိန်ကျမှ ကောင်းကင်တစ်ခုလုံး မိုးရွာတော့မယ်ပုံ
လျှပ်စီးတဝင်းဝင်း မိုးတခြိမ်းခြိမ်းနဲ့ ဖြစ်နေတယ်
'ဟင့်အင်း...ကြောက်တယ် လျှပ်စီးတွေရော မိုးခြိမ်းသံတွေရောကို ကြောက်တယ် ကိုကို မြန်မြန်လာခေါ်ပါတော့😭'
မိုးရေထဲမှာရှိနေတဲ့ ရှောင်းကျန့်ကိုယ်လုံးလေးက ချမ်းလွန်းလို့ ခိုက်ခိုက်တုန်နေရှာပြီ
သူတစ်စုံတစ်ယောက်ကို ဖုန်းခေါ်ဖို့ လုပ်တဲ့အချိန်မှာ သူ့ဖုန်းringtoneလေး မြည်လာခဲ့တယ်
သူကြည့်လိုက်တော့ Yu Binဆီက
'Hello'
'Hello....Xiao Zhanမင်းဘယ်မှာလဲ'
'ငါကျောင်းမှာ Yu Bin ဘာဖြစ်လို့လဲ'
'ဘာ မင်းကအခုထိကျောင်းမှာလား'
'Omm ဟုတ်တယ် '
'Yi Bo Geက မင်းကိုပြန်မပို့ရသေးပဲနဲ့ သူကအပြင်ထွက်နေတာလား ပြီးတော့ ကောင်းမလေးတစ်ယောက်နဲ့လေ'
'Yu Bin မင်းဘာပြောတာလဲ သေချာပြောစမ်းပါ'
'ငါအခုနက အိမ်အပြန်လမ်းက ပင်လယ်စာဆိုင်တစ်ခုမှာ မင်းကိုကိုနဲ့ girlတစ်ယောက်ကိုတွေ့လိုက်တယ် ငါက မင်းကို အိမ်ပြန်ပို့ပြီးလို့ သူ့ညီမတစ်ယောက်ကို မုန့်လာကျွေးတယ်ပဲထင်တာ ဒါပေမယ့် ငါမထင်ခဲ့တာကကွာ ဟူး ငါမပြောချင်တော့ဘူး ဓာတ်ပုံကိုသာကြည့်လိုက်တော့'
'အေးပါ ဒါပဲနော် Yu Bin'
Phoneချပြီး ခဏနေတော့ သူ့ဆီကို ပုံတေရောက်လာတယ်
ပုံထဲမှာ ကောင်မလေးတစ်ယောက်နဲ့ ကိုကိုနဲ့ ပင်လယ်စာဆိုင်ထဲကို ဝင်လာတာ
ကောင်မလေးက ကိုကို့ရဲ့လက်မောင်းကို သူ့လက်နဲ့ ချိတ်ထားတယ်
ပြီးတော့ ကိုကို့မျက်လုံးတွေလင်းနေတယ် ခါတိုင်း တွေ့ရသလို တည်ငြိမ်နေတဲ့မျက်လုံးမဟုတ်
သူတစ်ယောက်ကိုသာကြည့်တတ်သော ကြင်နာနူးညံ့ပျော်ရွှင်ချင်းအပြည့်နဲ့ မျက်လုံးတွေ
ပြီးတော့ ကိုကိုက ကျတော့်ကိုသာ ပေးတတ်တဲ့အပြုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ပြုံးထားတယ်
ပြီးတော့ နောက်တစ်ပုံ အဲ့ဒီပုံကို မြင်လိုက်ရချိန်မှာ သူ့နှလုံးသားတစ်ခုလုံး စုတ်ဖြဲခံလိုရသလိုပင်
ကိုကိုနဲ့ ထိုမိန်းကလေးနဲ့ နမ်းနေကြတယ်လေ ကျတော်နဲ့လျှောက်သွားရင်တောင် လူတေရှိတယ်ဆိုပြီး လက်ချင်းတောင် တွဲမလျှောက်တဲ့ ကိုကိုက အခု လူမြင်ကွင်းမှာ နမ်းနေတယ်တဲ့လေ
'ဘာလဲကိုကိုရာ အသစ်တွေ့သွားတာလား အစကတည်းက ကျတော့်ကို ကစားခဲ့တာလားဗျာ'
'အဟက် အင်းပေါ့လေ ငါက စိတ်ကူးယဉ်နေတာပဲ ငါ့လိုလူကို သူက ဘယ်တန်ဖိုးထားမှာလည်း ဟက် ငါကိုကရူးခဲ့တာ'
စိတ်ချ ကိုကိုရေ ကိုကိုအနေရမခက်အောင် သိပ်ချစ်တတ်တဲ့လူကြီး ကျတော်ကပဲ နှလုံးအကွဲခံ မခေါ်မပြောပဲနေပေါ့မယ်
ကျတော်လည်း မိုးရေထဲကနေ အိမ်ကို ခြေကျင်ပဲပြန်ခဲ့တော့တယ် အိမ်ရောက်တော့လည်း သူပါမလာလို့ မေးတဲ့မေးခွန်းကို မုသားသုံးပြီး ဖြေလိုက်ရသေးတယ်လေ
....... .
'သွားပြီ ကလေး ငါကလေးကို မေ့ထားမိပြီ'
Yi Bo အိမ်ကို ဖုန်းဆက်ကြည့်တော့ ကလေးပြန်ရောက်နေပြီတဲ့ ဒါပေမယ့် ရောက်ကတည်းက အခန်းအပြင်မထွက်သေးဘူးဆိုပဲ
သူလည်း စိတ်ပူပူနဲ့ အိမ်ကိုသာ အပြင်းပြန်လာခဲ့သည်
'ကလေးရာ ကိုကို့ကို ဖုန်းဆက်လိုက်တာတော့မဟုတ်ဘူး'
Yi Bo အိမ်ပြန်ရောက်တော့ မားပြောလိုက်တဲ့စကားကြောင့် ရင်ဘက်တစ်ခုလုံး ဆို့နင့်သွားသည်
ကလေးက မိုးသဲထဲမှာ လမ်းလျှောက်ပြန်လာတာတဲ့လေ
ဒါနဲ့သူလည်း စိုးရိမ်မှုဒီဂရီတွေမြင့်တက်ကာ အပေါ်ထပ်က အခန်းထဲဆိသာ တက်သွားတော့သည်
အခန်းထဲရောက်တော့လည်း သူ့ကလေးကို မတွေ့ရပေ
မားတို့ပြောတော့ အခန်းထဲက မထွက်သေးဘူးတဲ့
ဒါနဲ့ သူလည်း ရေချိုးခန်းတံခါးကိုအဖွင့်မှာ သူမြင်လိုက်ရတဲ့မြင်ကွင်းက သူ့နှလုံးသားတစ်ခုလုံး နင်းခြေခံလိုက်ရသလိုပင်
ရေချိုးကန်ထဲမှာ တစ်ကိုယ်လုံးနစ်နေတဲ့ သူ့ကလေးရဲ့ ဖြူဖတ်ဖြူလျော်ပုံစံက သူ့နှလု့းသားကို အစိမ်းလိုက် ထိုးခွဲလိုက်သလိုပင်
........
ဟီး..သရဲလာခြောက်တာ😂
...
Unicode ဖတ်ရမလားစမ်းကြည့်တာ
Screenshotရိုက်ထားတာunicodeလေးတေ ဖတ်ရလားပြန်ပြောပေးကြပါနော်