Volume 3, Chapter (4)
သေဘၤာေပၚမွာ Gym ရွိတဲ့အတြက္ Tang Feng က မနက္တိုင္း အားကစားရံုကိုသြားတိုင္း Lu Tian Chen ဆီက သင္ယူခ်င္ေနတယ္။ Tang Feng က တိုက္ခိုက္နည္းဆို တကယ့္တိုက္ခိုက္နည္းစစ္စစ္ကို သင္ယူခ်င္တာျဖစ္တယ္။ သူက လေပါင္းမ်ားစြာ နည္းျပနဲ႔သင္ၾကားလာေပမယ့္ တကယ့္ လက္ေတြ႕သံုးႏိုင္တဲ့အဆင့္ကို မေရာက္ေသးဘူး။ သူ တကယ္ သင္ခ်င္စိတ္ ျပင္းျပေနတာသိရေတာ့ Lu Tian Chen က မေပါ့ဆရဲေတာ့ဘဲ Tang Feng ကို ေသခ်ာသင္ၾကားေပးလိုက္တယ္။
သူတို႔ႏွစ္ေယာက္တည္း ရွိတဲ့အခ်ိန္ အမ်ားစုဆိုရင္ အတိုက္အခိုက္ပညာအေၾကာင္းကိုပဲ ေဆြးေႏြးျဖစ္တာမ်ားတယ္။ တခ်ိဳ႕အခ်ိန္မွာေတာ့ တစ္ေယာက္သိုင္းကစားျပတာကို က်န္တစ္ေယာက္က ေစာင့္ၾကည့္ေနတာမ်ားၿပီး ႏွစ္ေယာက္ လက္ေတြ႕ တိုက္ခိုက္ၾကည့္တာမ်ိဳးေတာ့ တစ္ခါမွမရွိေသးဘူး။ Charles ရဲ႕တိုက္ခိုက္ပံုစံက လက္ေတြ႕က်က် အသံုးဝင္တယ္ဆိုတာ Tang Feng သိေပမယ့္ Lu Tian Chen ရဲ႕နည္းလမ္းက ဘယ္ေလာက္လက္ေတြ႕က်မယ္ဆိုတာ သူမသိေသးဘူး။ ဒါေၾကာင့္ သူက စမ္းၾကည့္ခ်င္ေနတယ္။
"ဘယ္လိုလဲ.. စမ္းၾကည့္ရေအာင္.."
ေန႔လည္စာစားခ်ိန္မွာ Tang Feng က သူ႔ကိုေျပာလိုက္တယ္။ Lu Tian Chen က ေလညႇင္းခံၿပီး ေနပူဆာလႈံေနရင္း Soda ေသာက္ေနရာက ေခါင္းခါၿပီးျငင္းလိုက္တယ္။
"ငါ မင္းကို ခြင့္မျပဳႏိုင္ဘူး.."
"ခင္ဗ်ားက ခြင့္မျပဳတာခ်ည္းပဲ.. ခင္ဗ်ား ကြ်န္ေတာ့္ကို ခြင့္ျပဳဖို႔ ေတာင္းဆိုေနတာမဟုတ္ဘူး.."
ဒီစကားဝိုင္းမွာ Tang Feng က အေလွ်ာ့မေပးဖို႔ ဆံုးျဖတ္ထားတယ္။ မဟုတ္ရင္ ဘာမွထူးလာမွာမဟုတ္မယ့္အတူတူ ဆက္မက်င့္ဘဲ ရပ္ပစ္လိုက္တာပိုေကာင္းမယ္။
"ကြ်န္ေတာ္တို႔ တစ္ေယာက္ဆီကပညာ တစ္ေယာက္ေလ့လာဖို႔လိုတယ္.. အရွိအတိုင္း ရိုးရိုးသားသား ရွိသင့္တယ္မဟုတ္လား.."
Lu Tian Chen က ေခါင္းငံု႔ၿပီး Tang Feng ေတာင္းဆိုတာကို မ်က္ေမွာင္ကုတ္ရင္း စဥ္းစားေနတယ္။ ဘယ္ေယာက္်ားကမွ ကိုယ့္ၿပိဳင္ဖက္ကို အေလွ်ာ့မေပးခ်င္ၾကဘူး။ အေလွ်ာ့ေပးလို႔ရႈံးသြားရင္ ကိုယ္ကအားနည္းတယ္လို႔ တစ္ဖက္လူက ယူဆသြားလိမ့္မယ္။ ဒါေၾကာင့္ Lu Tian Chen က တကယ္တိုက္ခိုက္ရင္ အရႈံးမေပးႏိုင္ဘူး။ တစ္ဖက္ကလည္း ကိုယ္ခ်စ္ေနတဲ့သူကို ကိုယ့္ေၾကာင့္ ထိခိုက္ေအာင္မလုပ္ရက္ဘူး။ ဒါ့ေၾကာင့္ တိုက္ခိုက္ၾကည့္မွာကို လက္ခံဖို႔ Lu Tian Chen အတြက္ ခက္ခဲေနတာျဖစ္တယ္။
Tang Feng က သူ႔လက္ေခါက္နဲ႔ Lu Tian Chen ရဲ႕လက္ကို အသာလွမ္းေခါက္ၿပီး ေျပာလိုက္တယ္။
"ကြ်န္ေတာ္ေျပာတာကို လက္မခံရင္ ညက် ကြ်န္ေတာ့္အသားကို လက္ဖ်ားနဲ႔ေတာင္ ထိရမယ္မထင္နဲ႔.."
Lu Tian Chen က သူ႔ေခါင္းကိုေမာ့လိုက္ၿပီး ေမးလိုက္တယ္။
"ငါလက္ခံတယ္ဆိုရင္ ညက်ရင္ မင္းကို ထိလို႔ရတယ္ေပါ့.."
ပထမေန႔ ခ်စ္တင္းေႏွာၿပီးကတည္းက ေနာက္ႏွစ္ရက္လံုးလံုး Tang Feng က သူ႔ကို ဒီကိစၥကို လံုးဝခြင့္မျပဳထားဘူး။ ဒါ ဘယ္လိုအခ်စ္မ်ိဳးလဲ..။ ခ်စ္တယ္ဆိုရင္ ေန႔တိုင္း ေသြးပူေလ့က်င့္ခန္း လုပ္ဖို႔လိုတယ္မဟုတ္ဘူးလားလို႔ Lu Tian Chen ေတြးေနမိတယ္။
"ခင္ဗ်ားရဲ႕အျပဳအမူေပၚ မူတည္တယ္.."
Tang Feng က Lu Tian Chen ရဲ႕ေျခေထာက္ကို ခံုေအာက္ကေနလွမ္းကန္ၿပီး ျပံဳးစစနဲ႔ေျပာလိုက္တယ္။
"အဲ့ဒါ မင္းကို နာက်င္ေစလို႔လား.."
Lu Tian Chen က ေျခေထာက္ကိုဆန္႔လိုက္ၿပီး Tang Feng ရဲ႕ေျခေထာက္ေတြကို ပြတ္သပ္ထိေတြ႕ရင္း ေျပာလိုက္တယ္။ သူ႔မ်က္ႏွာက ျပင္းျပတဲ့ပံုကို ေဖာ္ျပေနတယ္။
Tang Feng က black coffee တစ္ခြက္ကိုငံု႔ေသာက္ရင္း Lu Tian Chen ကို က်ီစယ္လိုက္တယ္။
"ေဒါသထြက္ေနတာလား.. ခင္ဗ်ားက လူရိုးေလးပဲ.."
"ဒါကေတာ့ မင္းရဲ႕ရည္ရြယ္ခ်က္ေပၚ မူတည္တာပဲေလ.."
Lu Tian Chen က ေနရာကထလိုက္ၿပီး ေျပာလိုက္တယ္။ ဒီမနက္ပိုင္း သူလုပ္စရာေတြရွိလို႔ ထြက္သြားတယ္။ ေနာက္ ေန႔လည္စာစားၿပီးေတာ့ သူတို႔ ခဏနားၾကတယ္။ ညေနပိုင္းမွ သူတို႔ Gym ခန္းမထဲကို ထြက္လာၾကတယ္။ Lu Tian Chen နဲ႔ Tang Feng တို႔ႏွစ္ေယာက္သာမက ကိုယ္ရံေတာ္ေတြလည္း လိုက္ပါလာၿပီး Gym ခန္းထဲကို တစိမ္းေတြဝင္မလာႏိုင္ေအာင္ ေစာင့္ၾကပ္ေနၾကတယ္။ သူတို႔သူေဌးနဲ႔ မင္းသားေခ်ာတို႔ႏွစ္ေယာက္ အတူရွိေနတဲ့အေျခအေနကို ဘယ္သူ႔ကိုမွ သူတို႔ ျမင္ခြင့္မျပဳႏိုင္ဘူး။ ဘယ္သူ႔ကိုမွ ဒီအခန္းထဲကို ဝင္ခြင့္မျပဳႏိုင္ဘူး။
Tang Feng က ခါတိုင္းဝတ္ေနက် ခ်ည္သားပြပြေဘာင္းဘီနဲ႔ အက်ႌကိုဝတ္ထားတယ္။ သူက တဖန္ျပန္လည္ေမြးဖြားလာၿပီးေနာက္ ေလ့က်င့္ခန္းပံုမွန္လုပ္၊ သိုင္းပညာကိုသင္ယူၿပီး ေလ့က်င့္တယ္။ သူ႔ခႏၶာကိုယ္ကိုၾကံ့ခိုင္ေအာင္ စနစ္တက်ေလ့က်င့္ထားလို႔ သူ႔ကိုယ္က ေသြးပူေလ့က်င့္ခန္း နည္းနည္းလုပ္ရံုနဲ႔ ေခြ်းစို႔လာခဲ့တယ္။
သူ႔ကိုယ္ခႏၶာက ၾကံ့ခိုင္ၿပီး ၾကည့္ေကာင္းလာတဲ့အတြက္ အေပၚထပ္ကုတ္တစ္ထည္ကို ဝတ္လိုက္တဲ့အခါ သူ႔သြင္ျပင္က ပိုၿပီးၾကည့္ေကာင္းလာရံုမကဘူး၊ ပိုၿပီး ဆြဲေဆာင္အားျမင့္လို႔ ခန္႔ညားလာေစတယ္။ သူ႔ပံုစံကိုၾကည့္မိတဲ့ တျခားေယာက္်ားေတြအေနနဲ႔ သူတို႔ကိုယ္ခႏၶာအတြက္ ရွက္စိတ္ေတာင္ဝင္ရေလာက္တယ္။
Lu Tian Chen ကေတာ့ ပံုမွန္ကုတ္ေအာက္မွာ လက္ရွည္အက်ႌဝတ္ထားတယ္။ သူက ကုတ္ကိုခြ်တ္ၿပီး အက်ႌလက္ကို ပင့္ေခါက္လိုက္တယ္။ သူ႔မ်က္လံုးေတြက Tang Feng ကို ထက္ေအာက္စံုဆန္ၾကည့္ေနၿပီး ဒီေကာင္ေလးနဲ႔ သတ္ကြင္းထဲမွာတိုက္ခိုက္တာထက္ အိပ္ယာထဲမွာပဲ တိုက္ခိုက္လိုက္ခ်င္တယ္။
"စည္းကမ္းခ်က္ လိုေသးလား.."
Lu Tian Chen က သတ္ကြင္းစင္ျမင့္ေပၚ ခုန္တက္ၿပီး ေမးလိုက္တယ္။
Tang Feng က သူ႔ေနာက္က ထပ္ခ်ပ္မကြာ စင္ေပၚခုန္တက္ရင္း ေျပာလိုက္တယ္။
"မလိုဘူး.. ခင္ဗ်ားရဲ႕ ပံုမွန္အေလ့အက်င့္အတိုင္း လုပ္ရံုပဲ.."
Charles က တစ္ဖက္သားကို မညႇာမတာတိုက္သလို ခင္ဗ်ားမတိုက္ရင္ ရပါၿပီလို႔ Tang Feng ေတြးလိုက္တယ္။
Lu Tian Chen နဲ႔ လက္ေတြ႕တိုက္ၾကည့္တယ္ဆိုတာ သူက စင္ေပၚမွာ တိုက္ခိုက္ေရးပညာကို အလွတိုက္ေနတာမ်ိဳး၊ ႏွစ္ေယာက္ေလ့က်င့္ေနသလိုမ်ိဳး ဆိုတာထက္ သူ တကယ္ တိုက္ခိုက္ႏိုင္စြမ္းရွိ၊ မရွိကို သိခ်င္လို႔ျဖစ္တယ္။ ဒီပညာကိုသင္တာ ကိုယ္လက္ေလ့က်င့္ခန္းအျပင္ သူ႔ကိုယ္ကိုကာကြယ္ခ်င္တာက အဓိကျဖစ္တယ္။
Lu Tian Chen နဲ႔ Charles တို႔က သူ႔ကိုကာကြယ္ေပးေနတယ္ဆိုေပမယ့္ သူ လံုျခံဳမႈရွိတယ္လို႔ေတာ့ ယတိျပတ္ေျပာလို႔မရဘူး။ Su Qi Cheng နဲ႔ Albert တို႔ သူ႔ကိုလုပ္ခဲ့တာကိုပဲ စဥ္းစားၾကည့္လိုက္ေလ။ ဒီလိုကိစၥမ်ိဳးထပ္ျဖစ္ရင္ ကိုယ့္ဘာသာ ကာကြယ္ႏိုင္စြမ္းရွိခ်င္တယ္။
"ေကာင္းၿပီ.."
ဒီအေၾကာင္းကို Lu Tian Chen ကိုေျပာျပေတာ့ သူက Tang Feng အေတြးကို သေဘာတူတယ္။ ဒါေၾကာင့္ Tang Feng ေျပာတာကို ဆက္မျငင္းေတာ့ဘဲ လက္ခံလိုက္တာျဖစ္တယ္။
ေယာက်္ားႏွစ္ေယာက္က စင္ျမင့္ေပၚမွာ တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ရပ္ေနၿပီး တစ္ေယာက္လႈပ္ရွားမႈကို တစ္ေယာက္က ေသခ်ာစိုက္ၾကည့္ၿပီး ေခ်ာင္းေျမာင္းေနတယ္။ အခုက ခ်စ္သူႏွစ္ေယာက္လိုထက္ ရန္သူႏွစ္ေယာက္လို တစ္ေယာက္နဲ႔တစ္ေယာက္ ေခ်ာင္းေျမာင္းေနၾကတယ္။ အဲ့အခ်ိန္ Lu Tian Chen က အရင္လႈပ္ရွားလိုက္တယ္။ သူက Tang Feng ရွိရာကို တိုးဝင္ၿပီး ညာဘက္လက္သီးနဲ႔ အရင္ထိုးသြင္းလိုက္တယ္။
"လာၿပီေနာ္.."
ႏႈတ္ကလည္းသတိေပးရင္း တစ္ခါတည္း ေရွ႕ကို ေျခလွမ္းေလးလွမ္း တိုးကပ္လာရင္း တိုက္ကြက္ကိုစတင္လိုက္တယ္။
တစ္ဖက္လူက တိုက္ကြက္စေတာ့ Tang Feng က ေဘးဘက္ကိုေရွာင္ၿပီး လက္ကိုပင့္ေျမႇာက္ကာ လက္သီးကိုကာလိုက္တယ္။ ျပင္းထန္တဲ့လက္သီးက ကပ္လြတ္ၿပီး သူ႔နားရြက္ေဘးကို ပြတ္သြားတယ္။ ဒါေပမယ့္ Tang Feng က ကာလိုက္ႏိုင္လို႔ လဲေတာ့လဲက်မသြားဘူး။ ဒါက ေလ့က်င့္တာထက္ တကယ့္တကယ္ တိုက္ခိုက္ေနတာျဖစ္တယ္။ Lu Tian Chen ရဲ႕တိုက္ကြက္ေၾကာင့္ Tang Feng ရဲ႕ေနာက္ေက်ာမွာ ေဇာေခြ်းေတြျပန္လာတယ္။ ကံေကာင္းေထာက္မစြာနဲ႔ Tang Feng ရဲ႕ကာခ်က္ေတြက ဖ်တ္လတ္ေနလို႔ Lu Tian Chen ရဲ႕လက္သီးခ်က္ကို မမိေသးတာျဖစ္တယ္။
"ေကာင္းတယ္.. ဆက္တိုက္ရေအာင္.."
Tang Feng ရဲ႕တံု႔ျပန္ခ်က္ကိုေတြ႕ေတာ့ Lu Tian Chen ရဲ႕မ်က္ဝန္းထဲမွာ ေက်နပ္တဲ့အမူအယာနဲ႔ အသိအမွတ္ျပဳမႈကို ေတြ႕လိုက္ရတယ္။
Lu Tian Chen ရဲ႕စကားေၾကာင့္ Tang Feng ႏႈတ္နဲ႔မေျဖႏိုင္ဘဲ ေခါင္းပဲညိတ္ျပလိုက္တယ္။ သူတို႔မ်က္ဝန္းထဲမွာ ဖ်တ္လတ္မႈေၾကာင့္ မီးပြင့္ေနသလို ခံစားလိုက္ရတယ္။ Tang Feng က Lu Tian Chen ရဲ႕စိတ္အာရံုကို ႏႈိးဆြႏိုင္ခဲ့တယ္။ ဒါေပမယ့္ ခံစစ္နဲ႔တိုက္တာ သူ႔စတုိင္လ္မဟုတ္ဘူး။ Tang Feng က Lu Tian Chen ကို တိုက္စစ္ဆင္ဖို႔ ႀကိဳးစားလိုက္တယ္။
Lu Tian Chen က ပံုမွန္ပဲတိုက္ခိုက္ေပမယ့္ Tang Feng ရဲ႕ အေလးအနက္ တိုက္စစ္ဆင္လာတာကို မေပါ့ဆရဲဘူး။ Tang Feng ရဲ႕လက္သီးခ်က္ေတြက သူ႔ရဲ႕ခ်က္ေကာင္းကိုေရြးၿပီး ဝင္ေရာက္လာလို႔ ထိမိတာနဲ႔ ေတာ္ေတာ္အီသြားႏိုင္တယ္။ Tang Feng က Lu Tian Chen ကို အဆက္မျပတ္ တိုက္စစ္ဆင္ေနတယ္။
ခုေတာ့ Lu Tian Chen ျပန္တိုက္ရမယ့္အလွည့္ေရာက္ၿပီ။
"အဲ့တာက ဘယ္လိုေနလဲ.."
Lu Tian Chen ရဲ႕ပုခံုးကိုထိုးမိေတာ့ Tang Feng က ဂုဏ္ယူစြာ ေမးလိုက္တယ္။
"အမွန္တိုင္း နားေထာင္ခ်င္လား.."
Lu Tian Chen က ျပံဳးၿပီးေမးလိုက္တယ္။
"ဒါေပါ့.."
"ငါ့ကို လဲက်ေအာင္လုပ္ဖို႔ အေဝးႀကီးလိုေသးတယ္.."
ေသခ်ာတာေပါ့..၊ ဒါက အမွန္တရားပဲေလ။ ငယ္စဥ္ကတည္းက တိုက္ခိုက္မႈပညာသင္ၿပီး လက္ယဥ္ေနတဲ့ ဝါရင့္သမားေတြကိုေတာ့ ေျခာက္လေလာက္ေလ့က်င့္ရံုနဲ႔ ဘယ္ယွဥ္ႏိုင္ဦးမွာလဲ။
"ေနာက္တစ္ခ်ီလာၿပီ.."
Tang Feng က လက္သီးနဲ႔ ထိုးသြင္းလိုက္တယ္။ ဒီတစ္ႀကိမ္ေတာ့ အရင္တစ္ခါလို Lu Tian Chen ကို ထိေအာင္မထိုးႏိုင္ေတာ့ဘူး။ Lu Tian Chen က Tang Feng နဲ႔ ထပ္တလဲလဲက်င့္ဖူးေတာ့ သူ႔လက္သီးထိုးဟန္နဲ႔ လာတဲ့လမ္းေၾကာင္းကိုသိတယ္။ ဒါေၾကာင့္ သူက ကိုယ္ကိုနည္းနည္းယိုင္ၿပီး တိုးဝင္လာတဲ့လက္သီးကိုေရွာင္ကာ လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္တယ္။
Tang Feng က ေျမျပင္ေပၚကို လဲက်သြားၿပီး အေပၚကေန Lu Tian Chen က သူ႔ကို ဖိခ်ဳပ္ထားတယ္။
"ေဟး.."
Lu Tian Chen ရဲ႕ခ်ဳပ္ကြက္ေၾကာင့္ သူ႔ေျခလက္ေတြ လံုးဝမလႈပ္ႏိုင္ေအာင္ျဖစ္ေနတယ္။
"မင္းရႈံးၿပီ.."
Lu Tian Chen က ေက်နပ္စြာျပံဳးရင္း ေျပာလိုက္တယ္။ သူ႔မ်က္လံုးထဲ ဂုဏ္ယူဟန္တို႔ျပည့္ေနတယ္။ Tang Feng က နည္းနည္းေလးမွ ရုန္းလို႔မရဘူး။ သူ အားနည္းနည္းထည့္တာနဲ႔ နာက်င္လာတယ္။ သူ႔တိုက္ရည္ခိုက္ရည္က အေတာ္လိုေသးတာပဲ။ Lu Tian Chen က အခ်ိန္မေရြး သူ႔ကိုေသသြားေအာင္ ထိန္းခ်ဳပ္တိုက္ခိုက္ႏိုင္တယ္။
"ေကာင္းၿပီ.. ခင္ဗ်ားႏိုင္တယ္.."
သက္ျပင္းခ်ၿပီး Tang Feng က သူ႔အရႈံးကို လက္ခံလိုက္တယ္။
❤❤❤❤❤❤❤❤❤
Volume 3, Chapter (4)
သင်္ဘောပေါ်မှာ Gym ရှိတဲ့အတွက် Tang Feng က မနက်တိုင်း အားကစားရုံကိုသွားတိုင်း Lu Tian Chen ဆီက သင်ယူချင်နေတယ်။ Tang Feng က တိုက်ခိုက်နည်းဆို တကယ့်တိုက်ခိုက်နည်းစစ်စစ်ကို သင်ယူချင်တာဖြစ်တယ်။ သူက လပေါင်းများစွာ နည်းပြနဲ့သင်ကြားလာပေမယ့် တကယ့် လက်တွေ့သုံးနိုင်တဲ့အဆင့်ကို မရောက်သေးဘူး။ သူ တကယ် သင်ချင်စိတ် ပြင်းပြနေတာသိရတော့ Lu Tian Chen က မပေါ့ဆရဲတော့ဘဲ Tang Feng ကို သေချာသင်ကြားပေးလိုက်တယ်။
သူတို့နှစ်ယောက်တည်း ရှိတဲ့အချိန် အများစုဆိုရင် အတိုက်အခိုက်ပညာအကြောင်းကိုပဲ ဆွေးနွေးဖြစ်တာများတယ်။ တချို့အချိန်မှာတော့ တစ်ယောက်သိုင်းကစားပြတာကို ကျန်တစ်ယောက်က စောင့်ကြည့်နေတာများပြီး နှစ်ယောက် လက်တွေ့ တိုက်ခိုက်ကြည့်တာမျိုးတော့ တစ်ခါမှမရှိသေးဘူး။ Charles ရဲ့တိုက်ခိုက်ပုံစံက လက်တွေ့ကျကျ အသုံးဝင်တယ်ဆိုတာ Tang Feng သိပေမယ့် Lu Tian Chen ရဲ့နည်းလမ်းက ဘယ်လောက်လက်တွေ့ကျမယ်ဆိုတာ သူမသိသေးဘူး။ ဒါကြောင့် သူက စမ်းကြည့်ချင်နေတယ်။
"ဘယ်လိုလဲ.. စမ်းကြည့်ရအောင်.."
နေ့လည်စာစားချိန်မှာ Tang Feng က သူ့ကိုပြောလိုက်တယ်။ Lu Tian Chen က လေညှင်းခံပြီး နေပူဆာလှုံနေရင်း Soda သောက်နေရာက ခေါင်းခါပြီးငြင်းလိုက်တယ်။
"ငါ မင်းကို ခွင့်မပြုနိုင်ဘူး.."
"ခင်ဗျားက ခွင့်မပြုတာချည်းပဲ.. ခင်ဗျား ကျွန်တော့်ကို ခွင့်ပြုဖို့ တောင်းဆိုနေတာမဟုတ်ဘူး.."
ဒီစကားဝိုင်းမှာ Tang Feng က အလျှော့မပေးဖို့ ဆုံးဖြတ်ထားတယ်။ မဟုတ်ရင် ဘာမှထူးလာမှာမဟုတ်မယ့်အတူတူ ဆက်မကျင့်ဘဲ ရပ်ပစ်လိုက်တာပိုကောင်းမယ်။
"ကျွန်တော်တို့ တစ်ယောက်ဆီကပညာ တစ်ယောက်လေ့လာဖို့လိုတယ်.. အရှိအတိုင်း ရိုးရိုးသားသား ရှိသင့်တယ်မဟုတ်လား.."
Lu Tian Chen က ခေါင်းငုံ့ပြီး Tang Feng တောင်းဆိုတာကို မျက်မှောင်ကုတ်ရင်း စဉ်းစားနေတယ်။ ဘယ်ယောက်ျားကမှ ကိုယ့်ပြိုင်ဖက်ကို အလျှော့မပေးချင်ကြဘူး။ အလျှော့ပေးလို့ရှုံးသွားရင် ကိုယ်ကအားနည်းတယ်လို့ တစ်ဖက်လူက ယူဆသွားလိမ့်မယ်။ ဒါကြောင့် Lu Tian Chen က တကယ်တိုက်ခိုက်ရင် အရှုံးမပေးနိုင်ဘူး။ တစ်ဖက်ကလည်း ကိုယ်ချစ်နေတဲ့သူကို ကိုယ့်ကြောင့် ထိခိုက်အောင်မလုပ်ရက်ဘူး။ ဒါ့ကြောင့် တိုက်ခိုက်ကြည့်မှာကို လက်ခံဖို့ Lu Tian Chen အတွက် ခက်ခဲနေတာဖြစ်တယ်။
Tang Feng က သူ့လက်ခေါက်နဲ့ Lu Tian Chen ရဲ့လက်ကို အသာလှမ်းခေါက်ပြီး ပြောလိုက်တယ်။
"ကျွန်တော်ပြောတာကို လက်မခံရင် ညကျ ကျွန်တော့်အသားကို လက်ဖျားနဲ့တောင် ထိရမယ်မထင်နဲ့.."
Lu Tian Chen က သူ့ခေါင်းကိုမော့လိုက်ပြီး မေးလိုက်တယ်။
"ငါလက်ခံတယ်ဆိုရင် ညကျရင် မင်းကို ထိလို့ရတယ်ပေါ့.."
ပထမနေ့ ချစ်တင်းနှောပြီးကတည်းက နောက်နှစ်ရက်လုံးလုံး Tang Feng က သူ့ကို ဒီကိစ္စကို လုံးဝခွင့်မပြုထားဘူး။ ဒါ ဘယ်လိုအချစ်မျိုးလဲ..။ ချစ်တယ်ဆိုရင် နေ့တိုင်း သွေးပူလေ့ကျင့်ခန်း လုပ်ဖို့လိုတယ်မဟုတ်ဘူးလားလို့ Lu Tian Chen တွေးနေမိတယ်။
"ခင်ဗျားရဲ့အပြုအမူပေါ် မူတည်တယ်.."
Tang Feng က Lu Tian Chen ရဲ့ခြေထောက်ကို ခုံအောက်ကနေလှမ်းကန်ပြီး ပြုံးစစနဲ့ပြောလိုက်တယ်။
"အဲ့ဒါ မင်းကို နာကျင်စေလို့လား.."
Lu Tian Chen က ခြေထောက်ကိုဆန့်လိုက်ပြီး Tang Feng ရဲ့ခြေထောက်တွေကို ပွတ်သပ်ထိတွေ့ရင်း ပြောလိုက်တယ်။ သူ့မျက်နှာက ပြင်းပြတဲ့ပုံကို ဖော်ပြနေတယ်။
Tang Feng က black coffee တစ်ခွက်ကိုငုံ့သောက်ရင်း Lu Tian Chen ကို ကျီစယ်လိုက်တယ်။
"ဒေါသထွက်နေတာလား.. ခင်ဗျားက လူရိုးလေးပဲ.."
"ဒါကတော့ မင်းရဲ့ရည်ရွယ်ချက်ပေါ် မူတည်တာပဲလေ.."
Lu Tian Chen က နေရာကထလိုက်ပြီး ပြောလိုက်တယ်။ ဒီမနက်ပိုင်း သူလုပ်စရာတွေရှိလို့ ထွက်သွားတယ်။ နောက် နေ့လည်စာစားပြီးတော့ သူတို့ ခဏနားကြတယ်။ ညနေပိုင်းမှ သူတို့ Gym ခန်းမထဲကို ထွက်လာကြတယ်။ Lu Tian Chen နဲ့ Tang Feng တို့နှစ်ယောက်သာမက ကိုယ်ရံတော်တွေလည်း လိုက်ပါလာပြီး Gym ခန်းထဲကို တစိမ်းတွေဝင်မလာနိုင်အောင် စောင့်ကြပ်နေကြတယ်။ သူတို့သူဌေးနဲ့ မင်းသားချောတို့နှစ်ယောက် အတူရှိနေတဲ့အခြေအနေကို ဘယ်သူ့ကိုမှ သူတို့ မြင်ခွင့်မပြုနိုင်ဘူး။ ဘယ်သူ့ကိုမှ ဒီအခန်းထဲကို ဝင်ခွင့်မပြုနိုင်ဘူး။
Tang Feng က ခါတိုင်းဝတ်နေကျ ချည်သားပွပွဘောင်းဘီနဲ့ အကျႌကိုဝတ်ထားတယ်။ သူက တဖန်ပြန်လည်မွေးဖွားလာပြီးနောက် လေ့ကျင့်ခန်းပုံမှန်လုပ်၊ သိုင်းပညာကိုသင်ယူပြီး လေ့ကျင့်တယ်။ သူ့ခန္ဓာကိုယ်ကိုကြံ့ခိုင်အောင် စနစ်တကျလေ့ကျင့်ထားလို့ သူ့ကိုယ်က သွေးပူလေ့ကျင့်ခန်း နည်းနည်းလုပ်ရုံနဲ့ ချွေးစို့လာခဲ့တယ်။
သူ့ကိုယ်ခန္ဓာက ကြံ့ခိုင်ပြီး ကြည့်ကောင်းလာတဲ့အတွက် အပေါ်ထပ်ကုတ်တစ်ထည်ကို ဝတ်လိုက်တဲ့အခါ သူ့သွင်ပြင်က ပိုပြီးကြည့်ကောင်းလာရုံမကဘူး၊ ပိုပြီး ဆွဲဆောင်အားမြင့်လို့ ခန့်ညားလာစေတယ်။ သူ့ပုံစံကိုကြည့်မိတဲ့ တခြားယောက်ျားတွေအနေနဲ့ သူတို့ကိုယ်ခန္ဓာအတွက် ရှက်စိတ်တောင်ဝင်ရလောက်တယ်။
Lu Tian Chen ကတော့ ပုံမှန်ကုတ်အောက်မှာ လက်ရှည်အကျႌဝတ်ထားတယ်။ သူက ကုတ်ကိုချွတ်ပြီး အကျႌလက်ကို ပင့်ခေါက်လိုက်တယ်။ သူ့မျက်လုံးတွေက Tang Feng ကို ထက်အောက်စုံဆန်ကြည့်နေပြီး ဒီကောင်လေးနဲ့ သတ်ကွင်းထဲမှာတိုက်ခိုက်တာထက် အိပ်ယာထဲမှာပဲ တိုက်ခိုက်လိုက်ချင်တယ်။
"စည်းကမ်းချက် လိုသေးလား.."
Lu Tian Chen က သတ်ကွင်းစင်မြင့်ပေါ် ခုန်တက်ပြီး မေးလိုက်တယ်။
Tang Feng က သူ့နောက်က ထပ်ချပ်မကွာ စင်ပေါ်ခုန်တက်ရင်း ပြောလိုက်တယ်။
"မလိုဘူး.. ခင်ဗျားရဲ့ ပုံမှန်အလေ့အကျင့်အတိုင်း လုပ်ရုံပဲ.."
Charles က တစ်ဖက်သားကို မညှာမတာတိုက်သလို ခင်ဗျားမတိုက်ရင် ရပါပြီလို့ Tang Feng တွေးလိုက်တယ်။
Lu Tian Chen နဲ့ လက်တွေ့တိုက်ကြည့်တယ်ဆိုတာ သူက စင်ပေါ်မှာ တိုက်ခိုက်ရေးပညာကို အလှတိုက်နေတာမျိုး၊ နှစ်ယောက်လေ့ကျင့်နေသလိုမျိုး ဆိုတာထက် သူ တကယ် တိုက်ခိုက်နိုင်စွမ်းရှိ၊ မရှိကို သိချင်လို့ဖြစ်တယ်။ ဒီပညာကိုသင်တာ ကိုယ်လက်လေ့ကျင့်ခန်းအပြင် သူ့ကိုယ်ကိုကာကွယ်ချင်တာက အဓိကဖြစ်တယ်။
Lu Tian Chen နဲ့ Charles တို့က သူ့ကိုကာကွယ်ပေးနေတယ်ဆိုပေမယ့် သူ လုံခြုံမှုရှိတယ်လို့တော့ ယတိပြတ်ပြောလို့မရဘူး။ Su Qi Cheng နဲ့ Albert တို့ သူ့ကိုလုပ်ခဲ့တာကိုပဲ စဉ်းစားကြည့်လိုက်လေ။ ဒီလိုကိစ္စမျိုးထပ်ဖြစ်ရင် ကိုယ့်ဘာသာ ကာကွယ်နိုင်စွမ်းရှိချင်တယ်။
"ကောင်းပြီ.."
ဒီအကြောင်းကို Lu Tian Chen ကိုပြောပြတော့ သူက Tang Feng အတွေးကို သဘောတူတယ်။ ဒါကြောင့် Tang Feng ပြောတာကို ဆက်မငြင်းတော့ဘဲ လက်ခံလိုက်တာဖြစ်တယ်။
ယောကျ်ားနှစ်ယောက်က စင်မြင့်ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေပြီး တစ်ယောက်လှုပ်ရှားမှုကို တစ်ယောက်က သေချာစိုက်ကြည့်ပြီး ချောင်းမြောင်းနေတယ်။ အခုက ချစ်သူနှစ်ယောက်လိုထက် ရန်သူနှစ်ယောက်လို တစ်ယောက်နဲ့တစ်ယောက် ချောင်းမြောင်းနေကြတယ်။ အဲ့အချိန် Lu Tian Chen က အရင်လှုပ်ရှားလိုက်တယ်။ သူက Tang Feng ရှိရာကို တိုးဝင်ပြီး ညာဘက်လက်သီးနဲ့ အရင်ထိုးသွင်းလိုက်တယ်။
"လာပြီနော်.."
နှုတ်ကလည်းသတိပေးရင်း တစ်ခါတည်း ရှေ့ကို ခြေလှမ်းလေးလှမ်း တိုးကပ်လာရင်း တိုက်ကွက်ကိုစတင်လိုက်တယ်။
တစ်ဖက်လူက တိုက်ကွက်စတော့ Tang Feng က ဘေးဘက်ကိုရှောင်ပြီး လက်ကိုပင့်မြှောက်ကာ လက်သီးကိုကာလိုက်တယ်။ ပြင်းထန်တဲ့လက်သီးက ကပ်လွတ်ပြီး သူ့နားရွက်ဘေးကို ပွတ်သွားတယ်။ ဒါပေမယ့် Tang Feng က ကာလိုက်နိုင်လို့ လဲတော့လဲကျမသွားဘူး။ ဒါက လေ့ကျင့်တာထက် တကယ့်တကယ် တိုက်ခိုက်နေတာဖြစ်တယ်။ Lu Tian Chen ရဲ့တိုက်ကွက်ကြောင့် Tang Feng ရဲ့နောက်ကျောမှာ ဇောချွေးတွေပြန်လာတယ်။ ကံကောင်းထောက်မစွာနဲ့ Tang Feng ရဲ့ကာချက်တွေက ဖျတ်လတ်နေလို့ Lu Tian Chen ရဲ့လက်သီးချက်ကို မမိသေးတာဖြစ်တယ်။
"ကောင်းတယ်.. ဆက်တိုက်ရအောင်.."
Tang Feng ရဲ့တုံ့ပြန်ချက်ကိုတွေ့တော့ Lu Tian Chen ရဲ့မျက်ဝန်းထဲမှာ ကျေနပ်တဲ့အမူအယာနဲ့ အသိအမှတ်ပြုမှုကို တွေ့လိုက်ရတယ်။
Lu Tian Chen ရဲ့စကားကြောင့် Tang Feng နှုတ်နဲ့မဖြေနိုင်ဘဲ ခေါင်းပဲညိတ်ပြလိုက်တယ်။ သူတို့မျက်ဝန်းထဲမှာ ဖျတ်လတ်မှုကြောင့် မီးပွင့်နေသလို ခံစားလိုက်ရတယ်။ Tang Feng က Lu Tian Chen ရဲ့စိတ်အာရုံကို နှိုးဆွနိုင်ခဲ့တယ်။ ဒါပေမယ့် ခံစစ်နဲ့တိုက်တာ သူ့စတိုင်လ်မဟုတ်ဘူး။ Tang Feng က Lu Tian Chen ကို တိုက်စစ်ဆင်ဖို့ ကြိုးစားလိုက်တယ်။
Lu Tian Chen က ပုံမှန်ပဲတိုက်ခိုက်ပေမယ့် Tang Feng ရဲ့ အလေးအနက် တိုက်စစ်ဆင်လာတာကို မပေါ့ဆရဲဘူး။ Tang Feng ရဲ့လက်သီးချက်တွေက သူ့ရဲ့ချက်ကောင်းကိုရွေးပြီး ဝင်ရောက်လာလို့ ထိမိတာနဲ့ တော်တော်အီသွားနိုင်တယ်။ Tang Feng က Lu Tian Chen ကို အဆက်မပြတ် တိုက်စစ်ဆင်နေတယ်။
ခုတော့ Lu Tian Chen ပြန်တိုက်ရမယ့်အလှည့်ရောက်ပြီ။
"အဲ့တာက ဘယ်လိုနေလဲ.."
Lu Tian Chen ရဲ့ပုခုံးကိုထိုးမိတော့ Tang Feng က ဂုဏ်ယူစွာ မေးလိုက်တယ်။
"အမှန်တိုင်း နားထောင်ချင်လား.."
Lu Tian Chen က ပြုံးပြီးမေးလိုက်တယ်။
"ဒါပေါ့.."
"ငါ့ကို လဲကျအောင်လုပ်ဖို့ အဝေးကြီးလိုသေးတယ်.."
သေချာတာပေါ့..၊ ဒါက အမှန်တရားပဲလေ။ ငယ်စဉ်ကတည်းက တိုက်ခိုက်မှုပညာသင်ပြီး လက်ယဉ်နေတဲ့ ဝါရင့်သမားတွေကိုတော့ ခြောက်လလောက်လေ့ကျင့်ရုံနဲ့ ဘယ်ယှဉ်နိုင်ဦးမှာလဲ။
"နောက်တစ်ချီလာပြီ.."
Tang Feng က လက်သီးနဲ့ ထိုးသွင်းလိုက်တယ်။ ဒီတစ်ကြိမ်တော့ အရင်တစ်ခါလို Lu Tian Chen ကို ထိအောင်မထိုးနိုင်တော့ဘူး။ Lu Tian Chen က Tang Feng နဲ့ ထပ်တလဲလဲကျင့်ဖူးတော့ သူ့လက်သီးထိုးဟန်နဲ့ လာတဲ့လမ်းကြောင်းကိုသိတယ်။ ဒါကြောင့် သူက ကိုယ်ကိုနည်းနည်းယိုင်ပြီး တိုးဝင်လာတဲ့လက်သီးကိုရှောင်ကာ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်တယ်။
Tang Feng က မြေပြင်ပေါ်ကို လဲကျသွားပြီး အပေါ်ကနေ Lu Tian Chen က သူ့ကို ဖိချုပ်ထားတယ်။
"ဟေး.."
Lu Tian Chen ရဲ့ချုပ်ကွက်ကြောင့် သူ့ခြေလက်တွေ လုံးဝမလှုပ်နိုင်အောင်ဖြစ်နေတယ်။
"မင်းရှုံးပြီ.."
Lu Tian Chen က ကျေနပ်စွာပြုံးရင်း ပြောလိုက်တယ်။ သူ့မျက်လုံးထဲ ဂုဏ်ယူဟန်တို့ပြည့်နေတယ်။ Tang Feng က နည်းနည်းလေးမှ ရုန်းလို့မရဘူး။ သူ အားနည်းနည်းထည့်တာနဲ့ နာကျင်လာတယ်။ သူ့တိုက်ရည်ခိုက်ရည်က အတော်လိုသေးတာပဲ။ Lu Tian Chen က အချိန်မရွေး သူ့ကိုသေသွားအောင် ထိန်းချုပ်တိုက်ခိုက်နိုင်တယ်။
"ကောင်းပြီ.. ခင်ဗျားနိုင်တယ်.."
သက်ပြင်းချပြီး Tang Feng က သူ့အရှုံးကို လက်ခံလိုက်တယ်။