H Y U N G

By aHMUE-61

326K 35.7K 2.7K

ငယ္ငယ္ကတည္းက hyung လို႔ေခၚကာ အျမဲေနာက္ကတေကာက္ေကာက္ လိုက္ေနခဲ့တဲ့ ​ေကာင္ေလးက ႀကီးတဲ့ထိ မေျပာင္းလဲခဲ့~ ငယ်ငယ်ကတ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38.1
Part 38.2
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Final Part
Extra 1 : Honeymoon to JEJU
Extra 2 : Honeymoon in JEJU
Extra 3 : End of the Honeymoon
Thank You~!!
CHANYEOL (U)
CHANYEOL (Z)
ATTENTION !!
Book Announcement

Part 22

4.7K 533 11
By aHMUE-61

Unicode

ချစ်​တယ်​ hyung....

ဖုန်းကျသွားပြီဖြစ်​ကြောင်း ဖုန်းထဲမှ တီတီတီ ဟူ​သော အသံများဆက်​တိုက်​ထွက်​ပေါ်ခြင်းဖြင့်​ဖော်​ပြနေ​သော်​ငြား သူဖုန်းကိုနားနားတွင်​ကပ်​ထားမိဆဲ။​ယောင်​ယမ်းစွာပင်​လက်​ထဲမှ ပြုတ်​မကျသွားသည်​ကို​ကျေးဇူးတင်​ရမည်​ပင်​။

​အသိစိတ်​ပြန်​ကပ်​မိ​တော့ကာမှ ဖုန်းကို​ဖြေးညှင်းစွာချ ကိုယ့်​ဘာကိုယ်​ဟန်​လုပ်​ရယ်​ကာ ဖုန်းကိုပြန်​ကြည့်​မိသည်​။ call end ဖြစ်​သွား​ပြီဖြစ်​သော ဖုန်းမျက်​နှာပြင်​လေးက baekhyunအား ကြိုဆို​နေ၏။ ကိုယ့်​ဘာကိုယ်​လုပ်​စရာရှိ​သေးသည့်​assignment အားလှည့်​ကြည့်​လိုက်​တော့ နားထဲပြန်​ဝင်​လာ​သော ထိုအသံ။

ချစ်​တယ်​ hyung...

အားးးးးးးးးး.....

အထက်​တန်း​ကျောင်းသား​လေးတစ်​ယောက်​ပြောလိုက်​သည့်​သာမန်​ဝါကျ​လေးတစ်​ကြောင်း​ကြောင့်​ မျက်​နှာတစ်​ခုလုံးပူထူ​အောင်​ရှက်​နေသည့်​ ကိုယ့်​ကိုယ်​ကို​ဒေါသထွက်​လာသည်​နှင့်​စားပွဲ​ပေါ်မျက်​နှာ​မှောက်​ချကာ​ အော်​လိုက်​မိ​တော့​ရှေ့​နောက်​ချက်​ချင်းဆိုသလို ထွက်​လာသည်​က သူ့ထက်​နှစ်​ဆ ပိုကျယ်​သော မား၏​အော်​ဟစ်​သံ။

"​ဗြောင်​ဘတ်​.. နင်​အ​ပေါ်မှာ ဘာ​တွေ​လျှောက်​အော်​နေတာလဲ.."

ထို့​နောက်​ မတိုးမကျယ်​လွန်း​သော​ တံခါး​ခေါက်​သံနှစ်​ချက်​ထွက်​လာပြီး ပါး၏အသံပါထွက်​လာ၏။

"ဘတ်​ခဟျွန်း... သား​စော​စောအိပ်​မယ်​။ မနက်​ကျ​ကျောင်းသွားရဦးမယ်​မလား.."

Baekhyun​ခေါင်းအားချက်​ချင်း​ထောင်​ကာ မြန်မြန်ဆန်ဆန်​ပင်​ နာရီကိုလှမ်းကြည့်​လိုက်​မိသည်​။ ၁၀ ဂဏန်းကို တိတိပပညွှန်​ပြ​နေ​သော နာရီလက်​တံက baekhyunအား အိပ်​တော့ ဟု အမိန့်​ပေး​နေသ​ယောင်​။

"ဟုတ်​.. ဟုတ်​ ပါး"

အခန်း​ရှေ့မှ တ​ဖြေး​ဖြေး​ဝေးကွာသွား​သော​ခြေသံကိုကြားပြီးမှသာ စာပြန်​လုပ်​ရန်​တွေးထား​သော်​ငြား သူစာတွင်​အာရုံမစိုက်​နိုင်​တော့။ assignment ကိုကြည့်​လိုက်​တော့လည်း.............. ပြီးခါနီး​နေပါပြီ။

ဒီ​နေ့​တော့​စော​စောအိပ်​ရမည့်​အတူတူ စာတွင်​လည်းအာရုံစိုက်​မရ​တော့၍ ထို​င်နေရာမှထကာ အိပ်​ရာ​ပေါ်တက်​ပြီး​ခေါင်းချကာ​စောင်​ကိုဆွဲခြုံရင်း အိပ်​ဖို့ပြင်​လိုက်​သော်​ငြား....

ချစ်​တယ်​ hyung...

မတိုးလွန်းမကျယ်​လွန်း​သော ထိုအသံအား ပြန်​ကြား​ယောင်​မိ၍ ဆွဲခြုံလက်​စ​စောင်​ကြီးကို​ခေါင်းထိအမြန်​ခြုံချကာ အိပ်​ရာထဲ​ခြေ​ဆောင့်​ကာ ပိုးတုံးလုံးကဲ့သို့ ပတ်​ပတ်​လည်​လူးလိမ့်​မိပြန်​သည်​။​ သေချာသည်​က​တော့ သူဒီည​စော​စောအိပ်​၍ရ​တော့မည်​မဟုတ်​ပေ။

°•°•°•°•°

ပြတင်းပေါင်မှတစ်ဆင့် ဝင်လာသော​နေရောင်ဖျော့ဖျော့သည် မျက်လုံးနားတစ်ဝိုက်သို့ ကျရောက်နေသဖြင့် မျက်လုံးမှိတ်ထားသည့်ကြားမှ အနှောင့်အယှက်ဖြစ်စွာပင် မျက်မှောင်ကြုတ်ကာ တစ်ဖက်သို့လှည့်လိုက်မိသည်။ သို့သော် သူတစ်ဖက်သို့လှည့်လိုက်သည့်အချိန်တွင်ပင် လေဟာနယ်ထဲသို့ရောက်သွားကြောင်း ခံစားလိုက်မိပြီး ဒုန်း ဟူသောအသံနှင့်အတူ ကုတင်အောက်သို့ ပြုတ်ကျလေတော့သည်။ အကျိုးဆက်အနေနှင့် ခါးနှင့်တင်ပါးတို့မှ စူးအောင့်သော ဝေဒနာသည် တရိပ်ရိပ်နှင့်တက်လာ၏။

"အ့....အား... ငါ့ခါး..သေပါပြီ ငါ့တင်ပါးလေး.."

မျက်လုံးဖွင့်မရသေးသော်ငြား သူ၏ အသိစိတ်သည်နိုးသွားပြီဖြစ်သည်။ အားတင်းကာ သေချာပြန်ထလိုက်သော်ငြား ခန္တာကိုယ်အား ရစ်ပတ်ကာခြုံထားသော စောင်ပုံကြီးကြောင့် ခလုတ်တိုက်ကာ နောက်တစ်ကြိမ်ပြန်လဲကျပြန်သည်။ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရှုပ်ယှက်ခက်နေသည့်အပြင် အိပ်ရာမှနိုးနိုးချင်း မရှင်းလင်းသေးသော စိတ်အာရုံ အခြေအနေမို့ ကျယ်လောင်စွာပင် စောစောစီးစီး ဆဲရေးဆိုမိပြန်သည်။

စောင်ပုံကြီးထဲမှ ခက်ခက်ခဲခဲထွက်လာနိုင်သည့်အချိန် သူသည် ကုတင်အောက်ရောက်နေပြီး နာရီတင်ထားသောခုံနှင့်မျက်နှာချင်းဆိုင်ဖြစ်နေသည်။ မျက်စိရှေ့တည့်တည့်တွင် မြင်နေရသော ထိုနာရီဝိုင်းအသေးလေးသည် သူ့အားဆွံ့အ မင်တက်အောင် လုပ်ဆောင်နိုင်သည်။

ကျောင်းတက်ရန် မည်မျှပင် မလိုလောက်တော့သော အချိန်ပမာဏသည် baekhyun ယခုလေးတင်မှ အိပ်ရာနိုးသောအချိန်ဖြစ်နေ၏။ ခါးနာသည်များ စိတ်ရှုပ်သည်များလည်း မေ့ကာ ချက်ချင်းထိုနေရာမှ ကုန်းရုန်းထလျက် နာရီကြောင်သည်သာ ဖြစ်ပါစေဟု ဆုတောင်းကာ ဖုန်းအားကောက်ကိုင်ကြည့်လိုက်တော့လည်း နာရီနှင့်အချိန်တစ်ထေရာတည်းပင်..။ နာရီကြောင်နေသည်မဟုတ်ဘဲ သူကြောင်နေသည်သာဖြစ်လောက်သည်။

ဘယ်လိုလုပ် အဲ့လောက်တောင်နောက်ကျသွားရတာလဲ... နှိုးစက်ကရော ဘာလို့မမြည်ရတာလဲလို့!!!

သေချာပေါက်သူ နာရီအား နှိုးစက်ပေးရန် အချိန်ထားထားခဲ့သည်။ ဤအချိန်နှင့်ဆိုလျှင် သေချာပေါက် အတန်းတစ်ချိန်တော့လွတ်မည်ပင်..။ ကျစ်စုပ်သက်ကာ ထိုနေရာမှချက်ချင်းပြေးထကာ ရေချိုးခန်းထဲဝင် မျက်နှာသစ် သွားတိုက်လောက်သာလုပ်လိုက်ပြီး အဝတ်အစားလဲရန်ပြင်လိုက်သည်။

ပုံမှန်ဆိုရေချိုးလေ့ရှိသော်ငြား ဆောင်းတွင်းလည်းဝင်နေပြီမို့ .. အတန်းလည်းနောက်ကျနေပြီမို့..ပြီးစလွယ်သာ ပြင်လိုက်ခြင်းဖြစ်သည်။

အဝတ်အစားလဲပြီးချင်း မှန်ရှေ့ရပ်ကာ ပွရှုပ်နေသော ဆံပင်အား တံတွေးတစ်ချက်စွတ်ကာ ဖိသပ်ပြီး လွယ်အိတ်ကောက်မလျက် ထွက်လာခဲ့သည်။ လက်မှသားရေကြိုးအမည်းရောင်ပတ်ထားသော နာရီလေးအား ငဲ့ကြည့်လိုက်တော့...

မဆိုးပါဘူး.. ၁၀မိနစ်အတွင်း ငါ အကုန်ပြင်ဆင်နိုင်သားဘဲ..

အိပ်ရာမှနိုးနိုးချင်း ဗရုတ်သုတ်ခ ဖြစ်နေသော်ငြား ၁၀မိနစ်အတွင်း အကုန်ပြင်ဆင်ပြီးသဖြင့် ကိုယ့်စကေးကိုယ် ပြန်ကြွေလိုက်မိသေးသည်။

အောက်ဆင်းလာတော့ မားကထမင်းချက်နေရင်း မျက်ခုံးများ တွန့်ချိုးကာ baekhyunအား စကားလုံးမြောက်များစွာဖြင့် တန်းစီရွတ်ကာ နှိပ်စက်တော့၏။

"ဗြောင်ဘတ် နင်ဘယ်လိုဖြစ်လို့ အဲ့လောက်နောက်ကျနေရတာလဲ...နင့်ပါးပြောလို့သာ အရွယ်ရောက်နေပြီဆိုပြီး လာမနှိုးဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ် ထလာအောင်ငါက စောင့်နေတာ... ငါ့စိတ်နဲ့သာဆို နင့်ကိုကုတင်ပေါ်က ဆွဲချပြီးနေပြီ.. ။ ခုလည်းအချိန်ကိုကြည့်ဦး.."

baekhyunအား ကျောပေးကာ မီးဖိုချောင်တွင် လက်မလည်အောင် ထမင်းချက်နေရင်း ပါးစပ်မှလည်း မနားတမ်းရွတ်နေသည်ပင်ဖြစ်သည်။ baekhyun အချိန်မရှိသည်ကြောင့် အမြန်ပင် ဖြတ်ပြောလိုက်သည်။

" နှိုးစက်ကမမြည်လို့ မားရ..။ အရင်နေ့တွေကတည်းက နှိုးစက်အချိန်ပေးထားပြီးသား ။ ဒီနေ့မှ ဘာဖြစ်မှန်းမသိ ရပ်သွားတာပါဆို..."

baekhyunလည်း ပါးစပ်ကပြောနေသော်လည်း လက်ကမအား..။ ရှူးဖိနပ်ကြိုးအား ကုန်းကွကာ ချည်နေ၍ လေးနေသောဘေးလွယ်အိတ်ကြောင့် ခန္တာကိုယ်က တစ်ချက်တစ်ချက် ယိုင်သွားသေးသည်။

"သွားပြီ မား.."

ပြောပြီးချင်း မားဆီမှတုန့်ပြန်သံကိုပင်မစောင့်ဘဲ အပြင်သို့ပြေးထွက်လာခဲ့လိုက်သည်။ ဘတ်စ်ကားမှတ်တိုင်သို့ အေးဆေးသွား၍မရ.. ရုပ်ပျက်ဆင်းပျက် ဘေးလွယ်အိတ်ကြီးတကားကားဖြင့် လုံးနေအောင်ပြေးရသည်။ baekhyunတို့ ရပ်ကွက်သည် လူ​နည်းပြီး တိတ်ဆိတ်သော နေရာမို့ baekhyun တစ်ယောက်တည်း၏ အလျင်လိုနေသောခြေသံက လမ်းမထက် ကျယ်လောင်စွာထွက်ပေါ်နေသည်။

ဘတ်စ်ကားမှတ်တိုင်ကို ရောက်တော့ ဒူးနှစ်ဖက်ပေါ်လက်ထောက်ကာဖြင့် အမောဖြေနေစဥ် တိုင်ဆိုင်စွာပင် baekhyun စီးရမည့်ကားသည်လည်း မှတ်တိုင်သို့ တည့်တည့်မတ်မတ် လာနေသည်ကိုတွေ့ရသည်။

အဆင်ပြေသွားတာပေါ့ ဟုစဥ်းစားမိလိုက်ပြီး မျက်စိရှေ့ကားရပ်လိုက်သည်နှင့် လွယ်အိတ်တစ်ချက် ပင့်တင်ကာ ကားပေါ်တက်ရန် ခြေလှမ်းပြင်လိုက်သော်ငြား တစ်လှမ်းပြည့်ခါနီး ငါးပုံတစ်ပုံတွင်ပင် baekhyun တုန့်ဆိုင်းသွားရသည်။

လူတွေအများကြီးဘဲ..

ကားကျပ်နေသည်။ ကားပေါ်ရှိ ကိုယ်စီမတ်တပ်ရပ် နေကြသော လူအုပ်ကြီးသည် baekhyunအား ရှေ့ဆက်တက်ရန် တုန့်ဆိုင်းစေသည်။ ပုံမှန် baekhyun ကျောင်းသွားသည့်အချိန်သည် လူသိပ်မကျပ်ဘဲ ပုံမှန်နေရာ တစ်နေရာစာလောက်တော့ရသည်။ ယခုတွင်မူ အိပ်ရာထ နောက်ကျခြင်း၏ အကျိုးဆက်ဟု ဆိုရလေမလား..။

ပုံမှန်စိတ်နှင့်သာဆိုလျှင် ထိုကားအားမစီးဘဲ နောက်တစ်စီးလာမည်ကို ထိုင်စောင့်နေလို့ရပါသော်ငြား အချိန်ကမရှိတော့၍ သက်ပြင်းတစ်ချက်ချကာ အမြန် တက်သွားလိုက်ရတော့၏။

ဒါတွေအကုန် ဟိုကောင်စုတ်ကြောင့်...

ညက ပြောလိုက်သည့်စကားလေးတစ်ခွန်းသည် baekhyunအား မျက်စိကြောင်စေသည်ပင်မက အတွေးပါ ကြောင်စေသည်။ တစ်ညလုံး အိပ်ရာထဲ တောင်လှိမ့်မြောက်လှိမ့်လုပ်ပြီးမှ အိပ်ပျော်သွားသော်ငြား ထိုအိပ်ပျော်သည့်အချိန်သည်ပင် အတော်နောက်ကျနေလောက်ပြီဖြစ်မည်။ အနည်းဆုံးသူ နှိုးစက်မမြည်လျှင်တောင်မှ ပုံမှနိုးချိန်အတိုင်းနိုးသည်။ ညကအိပ်ပျော်သည့်အချိန် အလွန် နောက်ကျသွားသောကြောင့်သာ အိပ်ရာထနောက်ကျရခြင်း။ အကျိုးရလဒ်အနေဖြင့် ယခုသူ အလွန်ကျပ်သိပ်နေသောကားပေါ်တွင် ပါလာရခြင်း။

လိုချင်သည့်မှတ်တိုင်နားရောက်တော့လည်း ထွက်ပေါက်နားရောက်ဖို့အတွက် အတင်းတိုးဝှေ့နေရသေးသည်။ လူသည် အရမ်းအကျပ်ကြီးမဟုတ်သော်ငြား Baekhyun မနေတတ်။ လူရှုပ်သည့်နေရာဖြစ်သည့်အပြင် လူတစ်ချို့နှင့် ပွတ်တိုက်ထိတွေ့နေမိသေးသည်ကြောင့် လွယ်အိတ်အား ရင်ဘတ်တွင်ကပ်ကာ လက်နှစ်ဖက်ဖြင့်သေချာ ပိုက်ထားရသည်။ ကားဘရိတ်စောင့်အုပ်လိုက်လျှင်မူ အခြေအနေက မဟန်သာ။ ကိုယ့်ဘာကိုယ်အေးဆေးရပ်နေသာ်ငြား တချို့သည် ကိုယ့်ခန္တာကိုယ် အရှိန်မထိန်းနိုင်စွာပင် baekhyun ထံ ရောက်ရောက်လာတတ်ကြ၍ ပြန်ပြန်ကန်ထုတ်နေရသည်။

သွားနေကျအတိုင်း လူကျဲနေသည်မဟုတ်ဘဲ တစ်ယောက်နှင့်တစ်ယောက် ပူးကပ်စွာ ကျပ်ညပ်နေသောကြောင့် အသားချင်းမထိရစေရန် Baekhyun အရမ်းကို ဂရုစိုက်သည်။ လူတစ်ယောက်ချင်းဆီရှိ အနံ့အသက် ဆိုးဆိုးရွားရွား တို့နှင့်အတူ ချွေးရေစက်များကြောင့် baekhyun အသားချင်းထိစေရန်မဆိုလေနှင့် သူ၏အဝတ်အစား အပိုင်းအစလေးအား လာထိလျှင်ပင် ထိုနေရာနှင့်ဝေးရာ တခြားတစ်နေသို့ ရွေ့သွားရသည်။ ထိုသို့ တစ်နေရာမှတစ်နေရာ ရွေ့နေသောကြောင့်လည်း baekhyun ထိုင်စရာနေရာ တစ်နေရာပင် မရလိုက်ခြင်းဖြစ်သည်။ တခြားသူများအမြင်တွင် ကြီးကျယ်သည်ဟုထင်လျှင်လည်း မတတ်နိုင်။ ဤသည်ကား မွေးရာပါဗီဇပေမို့..။

လူထုအား အတင်းတိုးဝှေ့ကာ ကားအောက်ရောက်ပြီဆိုမှ ဝှေ့တိုက်လိုက်သော လေအေးတစ်ချက်နှင့်အတူ အသက်ရှူချောင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဒါတောင်မှ baekhyun ဆင်းသည့်မှတ်တိုင်တွင် တစ်ယောက်နှစ်ယောက်သာ ဆင်းပြီး ထပ်တက်သွားသည်က လေးငါးယောက်..။

သက်ပြင်းတစ်ချက်နှင့်အတူ ခေါင်းခါမိကာ လက်မှနာရီအား ငုံ့ကြည့်လိုက်သည်။ အတန်းချိန်တစ်ချိန်တော့ လွတ်လောက်ပြီမှာ အသေအချာ..။ အလျင်လိုမနေတော့ဘဲ လူအုပ်ထဲမှတိုးဝှေ့ထွက်လာရသည့်အတွက် ကြေမွနေသည့် အက်ျီအား သေချာဆွဲချကာ လွယ်အိတ်အား သေချာပြန်လွယ်လျက် ကျောင်းဝန်းထဲ အေးဆေးလျှောက်လာလိုက်သည်။

ဝန်းထဲတွင် ကျောင်းသူကျောင်းသားများ အရောင်စုံစွာပင် သွားလာနေကြပြီး တစ်ယောက်တစ်ပေါက် စကားသံများနှင့် ဆူညံစွာကြားနေသည်။ baekhyun သူထိုင်နေကျနေရာဖြစ်သည့် သစ်ပင်ရိပ်ရ၍ လေအေးသော နေရာလေးတွင် လူတစ်ယောက်မျှမရှိသည်ကို သေချာ အကဲခတ်ပြီးမှ ဝင်ထိုင်လိုက်သည်။

ညမှလုပ်နေသော assignment မပြီးသေးသဖြင့် ယခုဤနေရာတွင် အေးဆေးထိုင်လုပ်ရန်ပင်..။ အတန်းထဲတွင်ဆိုလျှင်လည်း စာလုပ်လို့ရပါသော်ငြား လူရှုပ်သည့်အတွက် baekhyunသေချာ အာရုံမစိုက်နိုင်။ အတန်းလည်းနောက်ကျနေပြီဖြစ်သောကြောင့် နောက်တစ်ဘာသာအချိန်မှ ဝင်လိုက်ရန်လည်း ရည်ရွယ်ထားသည်​ကြောင့်လည်း ပါသည်။

မိမိထိုင်မည့်တစ်နေရာစာ အုတ်ခုံလေးအား လက်ဖြင့်ပြီးစလွယ်ဖုန်ခါ၍ လွယ်အိတ်ကို ရှေ့အုတ်စားပွဲလေးပေါ်တင်ကာ စာလုပ်ရန်သာ အာရုံစူးစိုက်ထားလိုက်တော့သည်။

နေ့လည်ပိုင်းလောက်နား ရောက်နေပြီမို့ နေထိုးနေသော်ငြား သစ်ပင်ရိပ်ကြောင့် နေရောင် တစ်စက်တစ်ပြောက်ကသာ အနည်းငယ် ထွန်းပေါက်နေသည်။ လေအေးတစ်ချို့တိုက်လိုက်လျှင်မူ လူကိုစိတ်ရှင်းစေကာ နေရထိုင်ရကောင်းစေသည်။ ယခုကဲ့သို့အချိန်မျိုးတွင် လက်ထဲ၌ကော်ဖီခါးခါးတစ်ခွက်နှင့် စာအုပ်လေးတစ်အုပ်သာရှိလျှင် မည်မျှကောင်းလိမ့်မည်နည်း..။

baekhyun ထိုင်နေကျနေရာသည် ချောင်ကျသည့်နေရာ မဟုတ်သော်ငြား အလွန်ထင်းနေသည်လည်းမဟုတ်။ ရှင်းရှင်းဆိုရလျှင် ချောင်ကျသည်ဆိုသည်မှာလည်း ကြီးမားစွာတည်ရှိနေသော သစ်ပင်အိုကြီးကြောင့်သာ..။

ထိုစဥ် baekhyun ၏ ပုခုံးပေါ်သို့ လက်တစ်ဖက်က ပိုင်စိုးပိုင်နင်း တင်လာပြီး ဘေးတွင် လူတစ်ယောက် ဝင်ထိုင်လာလေသည်။ မည်သူမှရယ်မဟုတ် jin hyukသာ။ ကျောင်းတုန်းက မြင်းချီးရောင်လိုလိုဆိုးထားသော ဆံပင်သည် ယခုတော့ နွားချီးရောင်ကဲ့သို့သော စိမ်းပုပ်ရောင်အား တစ်ဖန်ပြောင်းထားပြန်သည်။ jin hyuk သည် baekhyun ပုခုံးပေါ်မှ လက်အား မဖယ်သေးဘဲ ပြီတီတီဖြင့်ပြောလာ၏။

"ဟေ့ကောင်.. ဒီနေ့ အတန်းလစ်ရအောင်.."

baekhyun မျက်မှောင်တင်းကျပ်စွာ ကြုံ့လိုက်မိသည်။ jin hyuk တစ်နေ့တစ်နေ့ အတန်းလစ်နေသည်မှာ မည်မျှလောက်ရှိနေပြီ မသိသော်ငြား ထိုနှုန်းနှင့်ဆိုလျှင် စာမေးပွဲဖြေခွင့်မရမည်ကို သူ့ကိုယ်သူ စိုးရိမ်သင့်သည်။ baekhyun ပုခုံးပေါ်မှလက်အား ပုတ်ချပစ်ကာ jin hyuk ဘက် သေချာလှည့်ကာ တစ်လုံးချင်းပြောလိုက်သည်။

"မ လစ် ဘူး"

baekhyun ဖြေပြီးချင်း စာအုပ်ဘက်ပြန်လှည့်ကာ စာလုပ်ရင်း ထပ်ဆိုလိုက်သည်။

"မင်းဘာ့မင်း တခြားတစ်ယောက်ရှာပြီး ခေါ်သွား.. ငါတော့မလိုက်နိုင်ဘူး"

ထိုအခါ Jin hyuk သည် အမြန်ဆိုလာသည်။

"ဂိမ်းဆိုင်သွားမှာလေ.."

baekhyun မျက်လုံးများ အရောင်တောက်သွားသော်ငြား ခဏမျှသာ..။ ချက်ချင်းပင် အတွေးကိုဖြတ်ကာ စာထဲတွင်သာ အာရုံစူးစိုက်ရန်ပြင်လိုက်ပြီး jin hyukအား ပြန်တုံ့ပြန်လိုက်သည်။

"ခုတလော စာမေးပွဲကနီးနေပြီ.. ပြီးရင်ငါ ဂိမ်းဆိုင်မသွားဖြစ်တော့ဘူး.. စွဲသွားရင်ဖြတ်ရခက်လွန်းလို့"

ထိုအခါ jin hyuk သည် ဖယ်ထုတ်ခံလိုက်ရသော လက်အားနောက်တစ်ကြိမ် baekhyun ပုခုံးပေါ်သို့ အားပါပါထပ်တင်ကာ baekhyunခေါင်းအား သူ၏လက်မောင်းအားဖြင့်ဖိနှိပ်လျက် သူ့ဘက်ဆွဲလျက် လက်မလျော့ဘဲ ထပ်ဆိုပြန်သည်။

"မင်းကလည်း လုပ်စမ်းပါ.. ခုဆော့နေတဲ့ထဲမှာ ငါနဲ့ကိုက်တဲ့ကောင် တစ်ကောင်မှမရှိဘူးကွ .. ပြီးတော့ ဒ်ိညသွားမယ့်ထဲမှာ ငါ့ကောင်တွေလည်းပါတယ်.. ပြီးရင်လောင်းကြေးနဲ့လေ..ဟင်? ဘယ်လိုလဲ"

baekhyun ပိုလို့ပင် လက်မခံချင်ဖြစ်သွားကာ နှုတ်ခမ်းတစ်ချက်မဲ့လိုက်မိသည်။ ငါ့ကောင်တွေလည်းပါမှာ ဟူသောစကားသည် baekhyun အား လိုက်ရန်တွေးနေသော စိတ်ကူးတို့အား အတိဖြတ်ချစေသည်။ ထိုကောင်တွေနှင့်သူမတည့်။ jin hyuk ကိုပင် သူမနည်းသည်းခံကာ ပေါင်းနေခြင်း.. ။ တစ်ခါတစ်လေ jin hyukအား baekhyun ဝေးဝေးမှပင်ရှောင်သေးသည်။

ထို့နောက်တစ်ချက်သည်ကား လောင်းကြေး..?
လောင်းကြေးသာဆိုလျှင် သူအစားအသောက်မှလွဲ မည်သည်ကိုမှ စိတ်မဝင်စား။ baekhyun , jin hyuk လက်မောင်းကြားမှ ခေါင်းလျှိုထွက်ကာ ပွသွားသော မိမ၏ဆံပင်တို့အား ပြန်ဖိသပ်ချကာ ပြောလိုက်သည်။

"မလိုက်ချင်ပါဘူးဆိုကွာ.."

ထိုအခါ jin hyuk သည် ကျစ်တစ်ချက်စုပ်သက်ကာ မျက်မှောင်ကုပ်လျက် တစ်ဖက်သို့လှည့်သွားသည်။ ထိုင်နေရာမှတော့ မထသေး ..။ မေးထောက်ကာ ဖြတ်သွားဖြတ်လာလူတိုင်းကို လိုက်ကြည့်နေသည်။ တစ်ချက်တစ်ချက် jin hyuk ထံမှ "ဟေး ယို့ ချွတ်ချွတ်" စသည့် ခပ်နောက်နောက်အသံများကြားမိ၍ သူအကြည့်တို့ရှိသည့်နေရာအား လိုက်ကြည့်မိလျှင် ကောင်မလေးချောချောလေးများ စုဝေးသော အုပ်စုလိုက်အား တွေ့ရမြဲပင်..။

ကြာလာတော့ baekhyun သည်းမခံနိုင်တော့..။
စာလုပ်နေသည့်လူ၏ဘေးတွင် ထိုင်ကာ တိတ်တိတ်ဆိတ်ဆိတ်မနေဘဲ အသံမျိုးစုံထွက်နေတော့ baekhyun စာတွင်အာရုံစိုက်၍မရတော့။ baekhyun လက်ထဲမှ ဘောပင်အား ပစ်ချကာ jin hyuk ဘက်သို့လှည့်ကာ ဆိုလိုက်သည်။

"မင်း ဒီမှာဘာထိုင်လုပ်နေတာလဲ..။ အတန်းမရှိဘူးလား..။ အားယားနေလို့ ထိုင်ချင်တယ်ဆိုလည်း တိတ်တိတ်လေးနေပေးလို့မရဘူးလား"

ထိုအခါ jin hyuk သည် မေးထောက်နေရာမှ baekhyun ဘက်သို့ခေါင်းစောင်းကာ နားမလည်ချင်ယောင်ဆောင်နေသော ပြူးကြောင်ကြောင် မျက်လုံးတို့ဖြင့် ကြည့်လာ၏။

ထိုအကြည့်တို့သည် baekhyun အား တစ်စုံတစ်ယောက်ကို သတိရစေမိသဖြင့် စိတ်ရှုပ်စွာပင် အကြည့်လွှဲလိုက်သည်။ နေရာတိုင်းတွင် ထိုကောင်လေးသည် သူ့ခေါင်းထဲအမြဲရောက်ရောက်လာတတ်၍ ကိုယ့်ကိုယ်ကိုပင် ဒေါသထွက်လာမိသည်။

baekhyun အပြောအား jin hyuk ကအဖက်မလုပ်။ တစ်နေရာသို့သာ စူးစူးစိုက်စိုက်ကြည့်နေ၏။ အကြည့်သည် မိန်းကလေးများအား ရှိုးနေသည့်အကြည့်နှင့် တခြားစီဖြစ်နေပြီး ပြီတီတီစကားသံတို့မကြားမိ၍ baekhyunပင် ထိုနေရာသို့ အကြည့်ရွှေ့လိုက်မိသည်။

ကောင်လေးတစ်ယောက်။
ဆံပင်ပန်းနုရောင်အုပ်အုပ်လေးများအား မဖြီးမသင်ဘဲ ဖွာလန်ကျဲအောင်ချထားသည်မှာ မျက်လုံးပင်အုပ်လောက်မည်။ ဆံပင်တို့သည် အ​ကြေကောက် ကောက်ထားသောကြောင့် ခွေးစုတ်ဖွားတစ်ကောင် နှင့်ပင် ဆင်နေသယောင်။

ထိုကောင်လေးသည် baekhyunတို့ထိုင်နေရာဘက်သို့ စူးစူးဝါးဝါး စိုက်ကြည့်နေ၍ baekhyun ပင် ဘာမဆိုင်ညာမဆိုင် ကြက်သီးထသွားမိသည်။ ထိုကောင်လေး၏မျက်လုံးအုပ်နေသော ဆံပင်များကြောင့် သေချာမမြင်နိုင်ရသော်ငြား သူသည် baekhyunအား တည့်တည့်မတ်မတ်စိုက်ကြည့်နေသည်ကို baekhyun၏ ဆဌမအာရုံအရ အလိုအလျောက်သိ၏။

ထိုကောင်လေးသည် စီနီယာများကိစ္စကြောင့် baekhyunနှင့် ပြဿနာတက်ဖူးသည် ဆိုသော်ငြား ယခုဤမျှလောက်ထိ အငြိုးကြီးကြီးထားနေမည်ဟုတော့ မတွေးမိခဲ့။ baekhyun စာတွင်အာရုံစိုက်ထားသော်ငြား လူကိုစိုက်ကြည့်ခံနေရသော ခံစားချက်ကြောင့် ကျောမလုံ မနေတတ်မထိုင်တတ်ဖြစ်ကာ ထိုနေရာမှ ထရန်ပြင်လိုက်သည်။

သွားတော့မည့်အကြောင်း Jin hyuk အားပြောရန် လှည့်ကြည့်လိုက်သည့်အခိုက်.. ထိုကောင်သည် ယခင်ကလေးတင်မှ baekhyunအား စိုက်ကြည့်နေသည့် ပန်းရောင်ခွေးစုတ်ဖွားလေးနှင့် အကြည့်ချင်းစစ်ခင်းနေသည်ကို တွေ့လိုက်ရပြန်သည်။

ဒီနေ့ ဘာတွေဖြစ်နေတာလဲ..
ရာသီဥတု ပူလို့များ ထူးဆန်းကုန်ကြတာလား..
ဒါမှမဟုတ် ငါတစ်ယောက်တည်း ပူနေတာများလား..

ပန်းရောင်ခွေးစုတ်ဖွားလေး၏ အကြည့်တို့သည် baekhyun ထံတွင်မရှိတော့..။ ထိုအစား jin hyuk ကိုသာ သေချာစူးရဲစွာကြည့်နေသည်။

ထိုကောင်လေး၏ ရှေ့ဆံပင်များသည် မျက်စိရှေ့ပင် အုပ်လုနီးနီးဖြစ်နေကာ မျက်စိမစူးစေလား မသိ။ ကြည့်နေသည့် baekhyunပင် မျက်လုံးယားလာ၍ ကိုယ့်မျက်လုံးကိုယ်ပြန် ပွတ်ချေလိုက်သည်။ ထို့နောက် ခေါင်းတစ်ချက်ခါကာ ထိုနှစ်ယောက်ထံမှ အာရုံလွှဲလျက် အတန်းတက်ရန်သာ ထွက်လာခဲ့လိုက်တော့သည်။

ထိုအကြောင်းကိစ္စကိုလည်း baekhyun သေချာမတွေးတော့ဘဲ အာရုံထဲမှထုတ်ကာ တစ်ပတ်လုံးအား အေးဆေးစွာပင် ဖြတ်သန်းခဲ့သည်။ ထိုနှစ်ယောက်လည်း သူတို့ကိစ္စသူတို့ ပြဿနာရှိသည်ဖြစ်လောက်မည်ဟု မှတ်ချက်ပြုကာ​ခေါင်းရှုတ်​ခံမ​နေဘဲ​အေး​အေးလူလူသာ​တစ်​ပတ်​လုံး အာရုံထဲမှထုတ်ထားလိုက်သည်။

​သို့သော်ငြား အာရုံထဲမှ ထုတ်​မရသည့်​ကိစ္စသည်​ကား chanyeol။ တစ်​ပတ်​လုံး သူbaekhyunထံ ဖုန်းထပ်​မဆက်​ခဲ့။ ချစ်တယ် hyung ဟုဆိုသွားသည်က အကိုတစ်ယောက်ကို ပြောသလိုပုံစံနှင့်ပြောသည်လား.. သို့မဟုတ်လျှင်... ။ သို့သော်ငြား ထိုအတိုင်းပြောခဲ့ပြီး လူအား တန်းလန်းကြီးထားခဲ့သည်ကတော့ ရိုင်းလွန်းပါသည်။ အစပြုပြီးထားကမှ တစ်ပတ်နီးပါးမဆက်သွယ်သည်က မည်ကဲ့သို့ အဓိပွာယ် သတ်မှတ်သင့်သနည်း။ chanyeolသည် အမှန်ပင် သူ့အတွက် နားမလည်နိုင်သော အလွန်ထူးဆန်းသော ကောင်လေးတစ်ယောက်ပင်။

မနက်ဖြန်သည် ပိတ်ရက်ဖြစ်သော်ငြား စာစောစောပြီးထားလျှင် ကောင်းသောကြောင့် စာလုပ်ရန်အတွက် စားပွဲတွင်ထိုင်နေသောငြား Baekhyun အာရုံမလာ။ စိတ်ကဘေးနား လက်တစ်ကမ်းအလိုတွင် ချထားသော ဖုန်းထံတွင်သာ တဝဲလည်နေသည်။ စားပွဲရှေ့တွင်စထိုင်လိုက်သည့်အချိန်သည် ည၈နာရီကဖြစ်ပြီး ယခုမူ ည၉နာရီထိုးပြီဖြစ်သည်။ အရှေ့တွင်ချထားသော စာအုပ်အထူကြီးသည် အရာမယွင်းသေး..။

ဖုန်းစခရင် မဲမဲအား ပေါက်ထွက်မတတ်စိုက်ကြည့်ရင်း သူ့ခေါင်းထဲမှအတွေးများသည်လည်း အပြင်သို့ပေါက်ထွက်မတတ်ပင် ဖြစ်နေ၏။ သူဘာကိုမျှော်နေတာလဲ..။
ထိုဖုန်းအားကြည့်ပြီး သူဘာကိုစောင့်နေသည်လဲ..။
စာလုပ်စရာများသည်လည်း အများကြီးရှိသေးသည်။ ယခင်ကဆိုလျှင် လုပ်စရာအလုပ်အကုန်ပြီးစီးအောင် လုပ်ပြီးမှ ကောင်းကောင်းအိပ်ပျော်တတ်သောအကျင့်သည် ယနေ့ညတွင် အနည်းငယ်လွဲမှားနေသယောင်။

baekhyun ပျင်းရိနေသော ကြောင်တစ်ကောင်ကဲ့သို့ မေးထောက်ကာ အပြင်ဘက်သို့ ပြတင်းပေါက်မှ တဆင့်ကြည့်ရှုမိသည်။ လေပြေအေးလေးများသည် တစ်ချက်တစ်ချက် ဝေ့ဝဲကာတိုက်နေပြီး လုံးဝန်းဝိုင်းစက်မနေသော လခြမ်းကွေးလေးအား မြင်နေရသည်။ အရှေ့တည့်တည့်တွင် ရှိသော တစ်ဖက်အိမ်မှ ပြတင်းပေါက်လေးသည်လည်း အလင်းရောင်ကင်းမဲ့နေသောကြောင့် အထီးကျန်ဆန်စေကာ သူ့အား အဖော်မဲ့နေသော ကြောင်လေးတစ်ကောင်နှင့် ပို၍ပင်တူသွားစေသည်။

လွန်ခဲ့သည့်တစ်ပတ် chanyeolနှင့် အဆက်အသွယ်ပြန်ရပြီးနောက်ပိုင်းမှသာ သူယခင် ပြတင်းပေါက်နေရာသို့ ပြန်ပြောင်းလိုက်ခြင်းဖြစ်သည်။ ပြတင်းပေါက်အား ကျောပေးထားလျှင် အလင်းပိတ်၍ စာသေချာလုပ်မရသည်ကတစ်ကြောင်း၊ ပြတင်းပေါက်မရှိ၍ လေမဝင်သောအခါ စိတ်အိုက်သည်ကတစ်ကြောင်း စသည် စသည့် မဆီမဆိုင်သော အကြောင်းပြချက်ပေါင်း တစ်သိန်းရှစ်သောင်းအား ခေါင်းထဲဖြေရှင်းပြီးမှသာ သူရွှေ့ခဲ့ခြင်းဖြစ်သည်။ အဓိကအကြောင်းပြချက်အား...... သူမေ့ချင်ယောင်သာဆောင်ခဲ့လိုက်ပါသည်..။

ယခုကဲ့သို့ အချိန်တိုင်းတွင် baekhyun ဟိုဘက်အိမ်မှ chanyeol နှင့်မျက်နှာချင်းဆိုင်ထိုင်ကာ အော်ကြီးဟစ်ကျယ်ပြောဆိုနေခဲ့သည်များကို သတိရမိပြန်သည်။ ညီလေးတစ်ယောက်လျော့သွားသလို ခံစားချက်မျိုးပေလား..။ သူနားမလည်။

Dii Dii~~

ရုတ်တရက် စားပွဲမှတုန်ခါမှုသည် ဖုန်းထံမှထွက်လာသည်ကို သိလိုက်သည်နှင့်တစ်ပြိုင်နက် လက်သည်အလင်းအလျင်ဖြင့် ဖုန်းအားကောက်ကိုင်လိုက်ပြီးဖြစ်နေသည်။ စာတစ်စောင် ဝင်နေသည်ပင်...။

ခုဖုန်းဆက်လို့ရလား... hyung?

ကိုယ်ကိုယ်တိုင်ပင် မသိလိုက်သော ပျော်ရွှင်မှုတစ်ချို့သည် အလုံးလိုက်အရင်းလိုက်ဝင်ရောက်လာပြီး မျက်နှာတွင် အပြုံးမျဥ်းကွေးတစ်ခုအား အလိုအလျောက် ဖြစ်တည်လာစေသည်။ သို့သော် သူမည်ကဲ့သို့ပြန်ဖြေရမှန်းမသိ။ အကယ်၍ သူ့ဘက်မှ ခုချက်ချင်း ပြန်ဖြေလိုက်လျှင် မိမိစောင့်နေသည်မှာ သိသာသွားမည်ကို စိုးရိမ်နေမိသေးသည်။ မပြန်ဘဲထားလိုက်လျှင်လည်း မဆက်တော့ဘဲ တစ်ညလုံး ဒီတိုင်းသာ အချိန်ကုန်သွားရမည်ကို စိုးရိမ်ပြန်သည်။

ဖုန်းဆက်လို့ရလားဟူသော ရိုးရိုးရှင်းရှင်း မေးခွန်းလေးတစ်ခုသည် baekhyunအား အတန်းထဲတွင် အမြဲခေါင်းကိုက်လုနီးပါးတွက်နေရသည့် ကိန်းဂဏန်းပေါင်း မြောက်များစွာထက်ပင် ပို၍ခေါင်းစားစေသည်။ ရုတ်တရက် noti bar မှာနာရီအား မျက်လုံးဝေ့ကြည့်လိုက်တော့ ၉ခွဲ။ မနက်ဖြန် ကျောင်းပိတ်ရက်မို့ အိပ်ရေးပျက်လည်း ပြဿနာမရှိ။ ဦးနှောက်အား ခက်ခက်ခဲခဲ ကျောက်ခဲ ရေညှစ်သကဲ့သို့ ချွေးကျအောင် စဥ်းစားပြီးကာမှ ခေါင်းထဲမှ ထွက်လာသော ပြန်စာသည်ကား...

အင်း

နည်းနည်းတော့ ရိုးရှင်းသွားသည် ထင်ပါရဲ့။

နည်းနည်း..?
နည်းနည်းဘယ်ဟုတ်မလဲ ငပိန်းရဲ့..
ရိုးရှင်းတာမှ တော်တော်ကိုရိုးရှင်းတာ..
နုံချာ စွံ့အ နေတဲ့ ငအတစ်ကောင် စကားပြောနေသလိုကို ဖြစ်သွားတာ..

ကိုယ်ပို့လိုက်မိသည့်စာအား နောင်တရနေ၍ပင်မဆုံးသေး လက်ထဲမှ တစ်ဒီးဒီးတုန်ခါမှုနှင့်အတူ ဖုန်းအဝင်ကော တစ်ခုအား လက်ခံလိုက်ရသည်။ baekhyunကသာ တွေဝေနေသော်ငြား ထိုကလေးသည် အင်း ဟူသော စာအားရရခြင်းပင် ဖုန်းတန်းဆက်သည်ပင်..။

တံတွေးတံချက်မြိုချကာ စကားပြောရန် အားယူသည့်အနေဖြင့် နှုတ်ခမ်းတစ်ချက်သပ်လိုက်ပြီးမှ ဖုန်းအားကိုင်လိုက်သည်။

"hyung!"

ကိုင်လိုက်သည်နှင့် တစ်ဖက်မှ ပျော်ရွှင်မြူးကြွနေသော အသံက ဆီးကြိုနေသည်။ baekhyun မေးသင့်မမေးသင့် ချိန်ဆနေပြီးမှ သေချာမေးလိုက်သည်။

"အင်း...... ဘာလို့..ဆက်တာလဲ..."

ထိုအခါ chanyeolသည် ခပ်ဟဟရယ်သံနှင့်အတူ ဖြေလာသည်။ chanyeol ယနေ့ကျမှ အလွန်အူမြူးနေသယောင်..။

"ပြောစရာရှိမှ ဆက်ရမှာလား hyungရဲ့။ ဒီလိုဘဲ.... ကျွန်တော်...လွမ်းလို့"

ထိုစကားကြောင့် ရင်ဘတ်ထဲမှ တစ်ချက်ခုန်ပေါက်သွားသော်ငြား Baekhyun ခေါင်းထဲ အတွေးဆန်းဆန်းများက စိတ်အနှောင့်အယှက်ဖြစ်အောင် နှောင့်ယှက်ကြပြန်သည်။

လွမ်းလို့..?
သို့ဆိုလျှင် ယခုမှလွမ်း၍ ကောက်ကာငင်ကာ ဖုန်းထဆက်သည်လား..။
သို့ဆိုလျှင် လွန်ခဲ့သည့်တစ်ပတ်လုံး မည်သူ့အား လွမ်းနေရသနည်း.. ။
baekhyun ဘာမျှပြန်မပြောမိ..။

"hyung?.. "

"အင်....အင်း"

"ရုတ်တရက်ကြီး ဘာလို့တိတ်သွားတာလဲ"

"မဟုတ်ဘူးငါ.... ငါအတွေးလွန်နေလို့"

ထိုအခါ chanyeol ဘက်မှ မြူးထူးနေသော ကလေးပေါက်စ အသံဖြင့်ဆိုလာပြန်သည်။

"ကျွန်တော့အကြောင်း တွေးနေလို့လား.."

baekhyun ပြောမည့်စကားပင် လမ်းတစ်ဝက် လျှာခလုတ်တိုက်ကာ လက်ထဲမှဖုန်းလွတ်မကျသွားအောင်ပင် မနည်းပြန်ထိန်းလိုက်ရသည်။
chanyeol ပြောလိုက်သည့်စကားလုံးများသည် အထိန်းအကွပ်မရှိ အလွန်ပြောရဲဆိုရဲဖြစ်နေကာ baekhyunအတွက် ထူးဆန်းစေသည်။ baekhyun အနည်းငယ်ရယ်သံစွတ်ကာ လမ်းကြောင်းပြောင်းလိုက်သည်။

"ဘယ်ကသာ.. မင်း..... အိမ်စာရောလုပ်ပြီးလို့လား ငါ့ကိုဖုန်းဆက်နေရအောင်"

ထိုအခါ chanyeol ဘက်မှ အသံက ခပ်သွက်သွက် ထွက်လာသည်။

"လုပ်ပြီးလို့ ဆက်တာပါ hyung ကလည်း.. ကျွန်တော့်မှာ တစ်ပတ်လုံးဆက်ချင်နေတာကို သည်းခံပြီး ခုမှhyung အသံလေးကြားခွင့်ရတာ.."

baekhyun ပြောစရာစကားများ ထပ်မံပျောက်ရှပြန်သည်။ ခက်ခက်ခဲခဲ တံတွေးတစ်ချက် မြိုချကာ မေးခွန်းပြန်ထုတ်လိုက်မိသည်။

"ဘာလို့.... ဘာကိုသည်းခံတာကိုပြောတာ.."

အစက baekhyun 'ဘာလို့ ဆက်ချင်တာကိုဘဲ တစ်ပတ်လုံးသည်းခံနေသလဲ' ဟုမေးလိုက်ချင်သော်ငြား သူသာထိုကဲ့သို့ ဆိုလိုက်လျှင် သူ့ထံနေ့တိုင်းဆက်ရန် ခွင့်ပြုပေးလိုက်သည့်အလား၊ သွယ်ဝိုက်အဓိပ္ပာယ်ကျသွားမည်စိုး၍ ထိုဝါကျအား လည်ချောင်းအလယ်တွင်ပင် 'ဂငယ်'ကွေ့ ပြန်ကွေ့လိုက်ရတော့သည်။

chanyeol ဘက်မှ စူပုတ်ပုတ် အသံကထွက်လာသည်။ ခုနကလေးတင်မှ ပျော်ရွှင်မြူးကြွနေသော အသံနှင့်တခြားစီ။ မျက်လုံးထဲတွင် သေချာပုံဖော်၍ ရနေသဖြင့် မျက်စိရှေ့၌သာရှိနေလျှင် baekhyun ခေါင်းပုတ်ပေးမိမည်မှာ အသေချာပင်..။

"မေမေပြောတာလေ.. hyung က တက္ကသိုလ် တက်နေရပြီမို့ စာတွေများတော့မှာတဲ့..။ အဲ့ဒါနဲ့ကျွန်တော်လည်း hyung အလုပ်ရှုပ်စေမှာ စိုးလို့ တစ်ပတ်တစ်ခါမှဘဲ ဆက်ဖို့လုပ်လိုက်တာ.. မနက်ဖြန်ကျပိတ်တယ်မလား hyung တို့က"

ထိုအခါမှ Baekhyun ခပ်တိုးတိုး အော် ဟုသာ အသံပြုမိတော့သည်။ သူ့မှာတော့ တစ်ယောက်တည်း အတွေးပေါင်းသောင်းခြောက်ထောင်ဖြင့် လိုရာဆွဲတွေး လုပ်နေမိသဖြင့် chanyeol အားအာနာမိကာ မိမိကိုယ်ကိုယ်ပင် ပြန်အရှက်ရလာသည်။

" မနက်ဖြန်ပိတ်တာကို မင်းကဘယ်လိုလုပ်သိတာလဲ"

"အင်း...သူငယ်ချင်းတစ်ယောက် ပြောပြတာ"

ထိုစကားကြောင့် Baekhyun မျက်ခုံးနှစ်ဖက်လုံးပင် ပင့်မြောက်သွားသည်။

သူငယ်ချင်း?
Chanyeol တွင်သူငယ်ချင်း ရှိသည့်ကိစ္စသည် baekhyunအား နောက်သို့မှီထားသောကျောပင် မတ်သွားစေသည်။ စကားနည်းသောထိုကောင်လေးသည် တစ်နှစ်ဟူသော ကာလအတောအတွင်း သူသိသည့် ကလေးပေါက်စ မဟုတ်တော့သည်ထင်ရဲ့ ..။ ယခုမှသတိထားမိသည်မဟုတ် စကားပြောပုံများသည်လည်း ပိုပွင့်လင်းလာပြီး ပြောရဲဆိုရဲ ရှိလာသည်။ baekhyun အံ့ဩသည့်အသံနှင့် ရယ်သံအနည်းငယ် စွတ်ကာ မေးလိုက်သည်။

" သူငယ်ချင်း..? သူငယ်ချင်းတွေဘာတွေတောင် ရလို့ပါလား ချန်းယောလ်က..။ ဘယ်သူတဲ့လဲ.. ပေါင်းလို့ရော အဆင်ပြေရဲ့လား.."

"အင်း............ ပြေပါတယ်။ သူကအကျင့်တော့ မကောင်းပေမယ့် ကျွန်တော်နဲ့တော့ အဆင်​ပြေတယ်..။ ပြီးတော့ သူ့အသားကလေ ပိုးဟပ်ဖြူကြီးအတိုင်းဘဲ ဖြူဖွေးစွတ်နေပြီးတော့ လူတွေကိုဆိုလည်း အရေးမလုပ်သလိုလိုနဲ့ စတိုင်ကျကျကြီး နေနေတာ.. ။ ကျွန်တော့်ရှေ့ကျတော့ မျက်နှာရူးလိုလို ပေါတောတောနဲ့"

chanyeol ၏ ပြောစကားပြီးပြီးချင်း ထပ်ဆင့်အနေနှင့် နှာမှုတ်သံကိုပါမှုတ်ထုတ်လိုက်သည်ကို ကြားဖြစ်အောင်ကြားလိုက်ရသေးသည်။ baekhyun အော်မရယ်မိဘဲမနေနိုင်တော့။ chanyeolသည် မိန်းမကြီးတစ်ယောက်နှယ် တစ်တွတ်တွတ်ပြောနေသည်ကိုက baekhyunအတွက် ထူးဆန်းကာ ရယ်စရာဖြစ်နေသည်။

နားတွင်ဖုန်းကပ်ကာ လက်ဖြင့်ပေါင်ကို တဖုန်းဖုန်းထုကာ ရယ်နေရသော်ငြား အရမ်းကြီးမရယ်ရဲ။ baekhyun အခန်းအောက်တည့်တည့်တွင် မားတို့အခန်းတို့ရှိကာ အပေါ်ထပ်မှ အနည်းငယ်ဒုန်းဒိုင်းဖြစ်လာလျှင်ပင် တန်းသိသည်ကြောင့်..။ အိပ်ချိန်လည်းရောက်ပြီမို့ လူကြီးတွေနိုးလာမည်ကိုလည်း စိုးရသောကြောင့်လည်း ဖြစ်၏။ baekhyun အရယ်ရပ်တော့မှ မျက်လုံးထောင့်နားမှ မျက်ရည်အား လက်မလေးဖြင့် ဖိဆွဲကာ သုတ်လိုက်သည်။

"အဲ့တစ်ယောက်က တော်တော် တော်တဲ့သူဘဲဖြစ်မယ်။ ချန်းယောလ်ကိုတောင် ပြောင်းလဲအောင် လုပ်နိုင်တာဆိုတော့"

ကိုယ်တိုင်က ချီးကျူးနေပါသော်ငြား စိတ်ကတော့မပါ။ သိတော့သိချင်မိသည်။ chanyeolနှင့် အကျင့်ကိုက်တယ်ဆိုသော ထိုကောင်လေးအား။ စိတ်ထဲတွင်လည်း ကျေနပ်ခြင်းတစ်ဝက် မကျေနပ်ခြင်းတစ်ဝက်။ chanyeol သည် နားမလည်သည့် အသံအနေအထားတို့ဖြင့် စကားပြန်၏။

"ပြောင်းလဲတယ်? ကျွန်တော်ပြောင်းလဲသွားလို့လား"

"အင်းလေ.. မင်းအနည်းဆုံးတော့ လူစိမ်းတစ်ယောက်နဲ့ သူငယ်ချင်းဖွဲ့နိုင်သွားတာပေါ့ ဒါဂုဏ်ယူစရာဘဲလေ မဟုတ်ဖူးလား"

ထိုအခါ chanyeol ဘက်မှအနည်းငယ် တိတ်ဆိတ်သွားသောကြောင့် baekhyun သူ့စကားတွင် အမှားပါသွားမိသလား အသည်းအသန်ပြန်စဥ်းစားရသည်။ ထိုစဥ်တွင်ပင် chanyeol ဘက်မှ အသံတိုးတိုး ထွက်လာသည်။

"hyung ကြောင့်မို့ပါ"

တိုးလွန်းသော်ငြား baekhyun ကြားဖြစ်အောင် ကြားလိုက်သည်။ ကြားလိုက်သော်ငြား သူနားမလည်ပြန်။ နှစ်ယောက်ကြားအခြေအနေသည် အတန်ငယ် တိတ်ဆိတ်သွားသည်။ စက္ကန့်အချို့ ကြာပြီးနောက် chanyeol အသံထွက်လာသည်။

"hyung အိပ်ချင်နေပြီလား.."

baekhyun ယောင်တောင်တောင်ဖြင့် အင်း ဟုဖြေလိုက်မိသည် ထင်ပါ၏။ chanyeol ဘက်မှ 'ဒါဆိုကျွန်တော်ချလိုက်တော့မယ်နော်' ဟူသော ခွင့်တောင်းသံကို ကြားလိုက်ရသည်။

တားဖို့အချိန်မရလိုက်...။

"ချစ်တယ် hyung"

တီ...တီ...တီ...

ဖုန်းကျသွားပြီဖြစ်သော်ငြား နောက်ဆုံးတွင်လည်း ဖုန်းကြီးနားတွင်ကပ်ကာ ကြောင်တောင်တောင်ဖြင့် ကျန်ခဲ့ရသည်က baekhyun သာ။ ဖုန်းအော်ပရေတာ မှထွက်နေသော တီတီမြည်သံထက် သူ့နှလုံးခုန်သံက ပိုမြန်နေသယောင်။ ဖုန်းကိုနားမှခွာကာ အချိန်အား ကြည့်လိုက်တော့ ၁၀နာရီခွဲ။

ဖုန်းအားလက်တွင်တင်းကျပ်စွာဖိကိုင်လျက် စားပွဲပေါ်ခေါင်းမှောက်ချလိုက်မိသည်။ သေချာသည်တော့ သူမနက်အိပ်ရာထ နောက်ကျလိမ့်မည်ဆိုသည်ကိုပင်။ ခေါင်းမှောက်ထားသည့်ကြားမှ မည်သူမျှမမြင်ရသော်ငြား သူအရူးတစ်ယောက်ကဲ့သို့ ကြည်ကြည်နူးနူး ပြုံးနေမိခဲ့သည်ကိုတော့ ကိုယ့်ကိုယ်ကို လိမ်၍မရ။

သောက်ကလေးလေး....

•°~°•~•°•~•°•~•°•~

baekhyun - ငါ chanyeol ကိုမကြိုက်ဘူး..
ညီလေးတစ်ယောက်လိုမျိုးဘဲချစ်တာ..
ငါမဂေးဘူး! ငါကဖော်အဲဗားအဖြောင့် !!

Me - I don't think so!

အစက Daddy ကြီးမွေးနေ့မှာ ဒိတ်မလို့ပေမယ့် ကြာသွားတဲ့အချိန်နဲ့ညီအောင် အရှည်ကြီးရေးချင်တာ​နဲ့ ခုမှတင်ဖြစ်တာ xD

Zawgyi

ခ်စ္ယ္​ hyung....

ဖုန္းက်သြားၿပီျဖစ္​ေၾကာင္း ဖုန္းထဲမွ တီတီတီ ဟူ​ေသာ အသံမ်ားဆက္​တိုက္​ထြက္​ေပၚျခင္းျဖင့္​ေဖာ္​ျပေန​ေသာ္​ျငား သူဖုန္းကိုနားနားတြင္​ကပ္​ထားမိဆဲ။​ေယာင္​ယမ္းစြာပင္​လက္​ထဲမွ ျပဳတ္​မက်သြားသည္​ကို​ေက်းဇူးတင္​ရမည္​ပင္​။

​အသိစိတ္​ျပန္​ကပ္​မိ​ေတာ့ကာမွ ဖုန္းကို​ေျဖးၫွင္းစြာခ် ကိုယ့္​ဘာကိုယ္​ဟန္​လုပ္​ရယ္​ကာ ဖုန္းကိုျပန္​ၾကၫ့္​မိသည္​။ call end ျဖစ္​သြား​ၿပီျဖစ္​ေသာ ဖုန္းမ်က္​ႏွာျပင္​ေလးက baekhyunအား ႀကိဳဆို​ေန၏။ ကိုယ့္​ဘာကိုယ္​လုပ္​စရာရိွ​ေသးသၫ့္​assignment အားလွၫ့္​ၾကၫ့္​လိုက္​ေတာ့ နားထဲျပန္​ဝင္​လာ​ေသာ ထိုအသံ။

ခ်စ္​တယ္​ hyung...

အားးးးးးးးးး.....

အထက္​တန္း​ေက်ာင္းသား​ေလးတစ္​ေယာက္​ေျပာလိုက္​သၫ့္​သာမန္​ဝါက်​ေလးတစ္​ေၾကာင္း​ေၾကာင့္​ မ်က္​ႏွာတစ္​ခုလံုးပူထူ​ေအာင္​ရွက္​ေနသၫ့္​ ကိုယ့္​ကိုယ္​ကို​ေဒါသထြက္​လာသည္​ႏွင့္​စားပြဲ​ေပၚမ်က္​ႏွာ​ေမွာက္​ခ်ကာ​ ေအာ္​လိုက္​မိ​ေတာ့​ေရ႔ွ​ေနာက္​ခ်က္​ခ်င္းဆိုသလို ထြက္​လာသည္​က သူ႔ထက္​ႏွစ္​ဆ ပိုက်ယ္​ေသာ မား၏​ေအာ္​ဟစ္​သံ။

"​ေျဗာင္​ဘတ္​.. နင္​အ​ေပၚမွာ ဘာ​ေတြ​ေလ်ွာက္​ေအာ္​ေနတာလဲ.."

ထို႔​ေနာက္​ မတိုးမက်ယ္​လြန္း​ေသာ​ တံခါး​ေခါက္​သံႏွစ္​ခ်က္​ထြက္​လာၿပီး ပါး၏အသံပါထြက္​လာ၏။

"ဘတ္​ခဟြၽန္း... သား​ေစာ​ေစာအိပ္​မယ္​။ မနက္​က်​ေက်ာင္းသြားရဦးမယ္​မလား.."

Baekhyun​ေခါင္းအားခ်က္​ခ်င္း​ေထာင္​ကာ ျမန္ျမန္ဆန္ဆန္​ပင္​ နာရီကိုလွမ္းၾကၫ့္​လိုက္​မိသည္​။ ၁၀ ဂဏန္းကို တိတိပပၫႊန္​ျပ​ေန​ေသာ နာရီလက္​တံက baekhyunအား အိပ္​ေတာ့ ဟု အမိန႔္​ေပး​ေနသ​ေယာင္​။

"ဟုတ္​.. ဟုတ္​ ပါး"

အခန္း​ေရ႔ွမွ တ​ေျဖး​ေျဖး​ေဝးကြာသြား​ေသာ​ေျခသံကိုၾကားၿပီးမွသာ စာျပန္​လုပ္​ရန္​ေတြးထား​ေသာ္​ျငား သူစာတြင္​အာရံုမစိုက္​ႏိုင္​ေတာ့။ assignment ကိုၾကၫ့္​လိုက္​ေတာ့လည္း.............. ၿပီးခါနီး​ေနပါၿပီ။

ဒီ​ေန့​ေတာ့​ေစာ​ေစာအိပ္​ရမၫ့္​အတူတူ စာတြင္​လည္းအာရံုစိုက္​မရ​ေတာ့၍ ထို​င္ေနရာမွထကာ အိပ္​ရာ​ေပၚတက္​ၿပီး​ေခါင္းခ်ကာ​ေစာင္​ကိုဆြဲၿခံဳရင္း အိပ္​ဖို႔ျပင္​လိုက္​ေသာ္​ျငား....

ခ်စ္​တယ္​ hyung...

မတိုးလြန္းမက်ယ္​လြန္း​ေသာ ထိုအသံအား ျပန္​ၾကား​ေယာင္​မိ၍ ဆြဲၿခံဳလက္​စ​ေစာင္​ႀကီးကို​ေခါင္းထိအျမန္​ၿခံဳခ်ကာ အိပ္​ရာထဲ​ေျခ​ေဆာင့္​ကာ ပိုးတံုးလံုးကဲ့သို႔ ပတ္​ပတ္​လည္​လူးလိမ့္​မိျပန္​သည္​။​ ေသခ်ာသည္​က​ေတာ့ သူဒီည​ေစာ​ေစာအိပ္​၍ရ​ေတာ့မည္​မဟုတ္​ေပ။

°•°•°•°•°

ျပတင္းေပါင္မွတစ္ဆင့္ ဝင္လာေသာ​ေနေရာင္ေဖ်ာ့ေဖ်ာ့သည္ မ်က္လံုးနားတစ္ဝိုက္သို႔ က်ေရာက္ေနသျဖင့္ မ်က္လံုးမိွတ္ထားသည့္ၾကားမွ အေနွာင့္အယွက္ျဖစ္စြာပင္ မ်က္ေမွာင္ၾကဳတ္ကာ တစ္ဖက္သို႔လွည့္လိုက္မိသည္။ သို႔ေသာ္ သူတစ္ဖက္သို႔လွည့္လိုက္သည့္အခ်ိန္တြင္ပင္ ေလဟာနယ္ထဲသို႔ေရာက္သြားေၾကာင္း ခံစားလိုက္မိၿပီး ဒုန္း ဟူေသာအသံႏွင့္အတူ ကုတင္ေအာက္သို႔ ျပဳတ္က်ေလေတာ့သည္။ အက်ိဳးဆက္အေနႏွင့္ ခါးႏွင့္တင္ပါးတို႔မွ စူးေအာင့္ေသာ ေဝဒနာသည္ တရိပ္ရိပ္ႏွင့္တက္လာ၏။

"အ့....အား... ငါ့ခါး..ေသပါၿပီ ငါ့တင္ပါးေလး.."

မ်က္လံုးဖြင့္မရေသးေသာ္ျငား သူ၏ အသိစိတ္သည္ႏိုးသြားၿပီျဖစ္သည္။ အားတင္းကာ ေသခ်ာျပန္ထလိုက္ေသာ္ျငား ခႏၲာကိုယ္အား ရစ္ပတ္ကာၿခံဳထားေသာ ေစာင္ပံုႀကီးေၾကာင့္ ခလုတ္တိုက္ကာ ေနာက္တစ္ႀကိမ္ျပန္လဲက်ျပန္သည္။ ကိုယ့္ဘာသာကိုယ္ တစ္ေယာက္တည္း ရႈပ္ယွက္ခက္ေနသည့္အျပင္ အိပ္ရာမွႏိုးႏိုးခ်င္း မရွင္းလင္းေသးေသာ စိတ္အာရံု အေျခအေနမို႔ က်ယ္ေလာင္စြာပင္ ေစာေစာစီးစီး ဆဲေရးဆိုမိျပန္သည္။

ေစာင္ပံုႀကီးထဲမွ ခက္ခက္ခဲခဲထြက္လာႏိုင္သည့္အခ်ိန္ သူသည္ ကုတင္ေအာက္ေရာက္ေနၿပီး နာရီတင္ထားေသာခံုႏွင့္မ်က္ႏွာခ်င္းဆိုင္ျဖစ္ေနသည္။ မ်က္စိေရ႔ွတည့္တည့္တြင္ ျမင္ေနရေသာ ထိုနာရီဝိုင္းအေသးေလးသည္ သူ႔အားဆြံ႔အ မင္တက္ေအာင္ လုပ္ေဆာင္ႏိုင္သည္။

ေက်ာင္းတက္ရန္ မည္မ်ွပင္ မလိုေလာက္ေတာ့ေသာ အခ်ိန္ပမာဏသည္ baekhyun ယခုေလးတင္မွ အိပ္ရာႏိုးေသာအခ်ိန္ျဖစ္ေန၏။ ခါးနာသည္မ်ား စိတ္ရႈပ္သည္မ်ားလည္း ေမ့ကာ ခ်က္ခ်င္းထိုေနရာမွ ကုန္းရုန္းထလ်က္ နာရီေၾကာင္သည္သာ ျဖစ္ပါေစဟု ဆုေတာင္းကာ ဖုန္းအားေကာက္ကိုင္ၾကည့္လိုက္ေတာ့လည္း နာရီႏွင့္အခ်ိန္တစ္ေထရာတည္းပင္..။ နာရီေၾကာင္ေနသည္မဟုတ္ဘဲ သူေၾကာင္ေနသည္သာျဖစ္ေလာက္သည္။

ဘယ္လိုလုပ္ အဲ့ေလာက္ေတာင္ေနာက္က်သြားရတာလဲ... ႏိႈးစက္ကေရာ ဘာလို႔မျမည္ရတာလဲလို႔!!!

ေသခ်ာေပါက္သူ နာရီအား ႏိႈးစက္ေပးရန္ အခ်ိန္ထားထားခဲ့သည္။ ဤအခ်ိန္ႏွင့္ဆိုလ်ွင္ ေသခ်ာေပါက္ အတန္းတစ္ခ်ိန္ေတာ့လြတ္မည္ပင္..။ က်စ္စုပ္သက္ကာ ထိုေနရာမွခ်က္ခ်င္းေျပးထကာ ေရခ်ိဳးခန္းထဲဝင္ မ်က္ႏွာသစ္ သြားတိုက္ေလာက္သာလုပ္လိုက္ၿပီး အဝတ္အစားလဲရန္ျပင္လိုက္သည္။

ပံုမွန္ဆိုေရခ်ိဳးေလ့ရိွေသာ္ျငား ေဆာင္းတြင္းလည္းဝင္ေနၿပီမို႔ .. အတန္းလည္းေနာက္က်ေနၿပီမို႔..ၿပီးစလြယ္သာ ျပင္လိုက္ျခင္းျဖစ္သည္။

အဝတ္အစားလဲၿပီးခ်င္း မွန္ေရ႔ွရပ္ကာ ပြရႈပ္ေနေသာ ဆံပင္အား တံေတြးတစ္ခ်က္စြတ္ကာ ဖိသပ္ၿပီး လြယ္အိတ္ေကာက္မလ်က္ ထြက္လာခဲ့သည္။ လက္မွသားေရႀကိဳးအမည္းေရာင္ပတ္ထားေသာ နာရီေလးအား ငဲ့ၾကည့္လိုက္ေတာ့...

မဆိုးပါဘူး.. ၁၀မိနစ္အတြင္း ငါ အကုန္ျပင္ဆင္ႏိုင္သားဘဲ..

အိပ္ရာမွႏိုးႏိုးခ်င္း ဗရုတ္သုတ္ခ ျဖစ္ေနေသာ္ျငား ၁၀မိနစ္အတြင္း အကုန္ျပင္ဆင္ၿပီးသျဖင့္ ကိုယ့္စေကးကိုယ္ ျပန္ေႂကြလိုက္မိေသးသည္။

ေအာက္ဆင္းလာေတာ့ မားကထမင္းခ်က္ေနရင္း မ်က္ခံုးမ်ား တြန္႔ခ်ိဳးကာ baekhyunအား စကားလံုးေျမာက္မ်ားစြာျဖင့္ တန္းစီရြတ္ကာ ႏိွပ္စက္ေတာ့၏။

"ေျဗာင္ဘတ္ နင္ဘယ္လိုျဖစ္လို႔ အဲ့ေလာက္ေနာက္က်ေနရတာလဲ...နင့္ပါးေျပာလို႔သာ အရြယ္ေရာက္ေနၿပီဆိုၿပီး လာမႏိႈးဘဲ ကိုယ့္အသိစိတ္နဲ႔ကိုယ္ ထလာေအာင္ငါက ေစာင့္ေနတာ... ငါ့စိတ္နဲ႔သာဆို နင့္ကိုကုတင္ေပၚက ဆြဲခ်ၿပီးေနၿပီ.. ။ ခုလည္းအခ်ိန္ကိုၾကည့္ၪီး.."

baekhyunအား ေက်ာေပးကာ မီးဖိုေခ်ာင္တြင္ လက္မလည္ေအာင္ ထမင္းခ်က္ေနရင္း ပါးစပ္မွလည္း မနားတမ္းရြတ္ေနသည္ပင္ျဖစ္သည္။ baekhyun အခ်ိန္မရိွသည္ေၾကာင့္ အျမန္ပင္ ျဖတ္ေျပာလိုက္သည္။

" ႏိႈးစက္ကမျမည္လို႔ မားရ..။ အရင္ေန့ေတြကတည္းက ႏိႈးစက္အခ်ိန္ေပးထားၿပီးသား ။ ဒီေန့မွ ဘာျဖစ္မွန္းမသိ ရပ္သြားတာပါဆို..."

baekhyunလည္း ပါးစပ္ကေျပာေနေသာ္လည္း လက္ကမအား..။ ရႉးဖိနပ္ႀကိဳးအား ကုန္းကြကာ ခ်ည္ေန၍ ေလးေနေသာေဘးလြယ္အိတ္ေၾကာင့္ ခႏၲာကိုယ္က တစ္ခ်က္တစ္ခ်က္ ယိုင္သြားေသးသည္။

"သြားၿပီ မား.."

ေျပာၿပီးခ်င္း မားဆီမွတုန္႔ျပန္သံကိုပင္မေစာင့္ဘဲ အျပင္သို႔ေျပးထြက္လာခဲ့လိုက္သည္။ ဘတ္စ္ကားမွတ္တိုင္သို႔ ေအးေဆးသြား၍မရ.. ရုပ္ပ်က္ဆင္းပ်က္ ေဘးလြယ္အိတ္ႀကီးတကားကားျဖင့္ လံုးေနေအာင္ေျပးရသည္။ baekhyunတို႔ ရပ္ကြက္သည္ လူ​နည္းၿပီး တိတ္ဆိတ္ေသာ ေနရာမို႔ baekhyun တစ္ေယာက္တည္း၏ အလ်င္လိုေနေသာေျခသံက လမ္းမထက္ က်ယ္ေလာင္စြာထြက္ေပၚေနသည္။

ဘတ္စ္ကားမွတ္တိုင္ကို ေရာက္ေတာ့ ဒူးႏွစ္ဖက္ေပၚလက္ေထာက္ကာျဖင့္ အေမာေျဖေနစဥ္ တိုင္ဆိုင္စြာပင္ baekhyun စီးရမည့္ကားသည္လည္း မွတ္တိုင္သို႔ တည့္တည့္မတ္မတ္ လာေနသည္ကိုေတြ့ရသည္။

အဆင္ေျပသြားတာေပါ့ ဟုစဥ္းစားမိလိုက္ၿပီး မ်က္စိေရ႔ွကားရပ္လိုက္သည္ႏွင့္ လြယ္အိတ္တစ္ခ်က္ ပင့္တင္ကာ ကားေပၚတက္ရန္ ေျခလွမ္းျပင္လိုက္ေသာ္ျငား တစ္လွမ္းျပည့္ခါနီး ငါးပံုတစ္ပံုတြင္ပင္ baekhyun တုန္႔ဆိုင္းသြားရသည္။

လူေတြအမ်ားႀကီးဘဲ..

ကားက်ပ္ေနသည္။ ကားေပၚရိွ ကိုယ္စီမတ္တပ္ရပ္ ေနၾကေသာ လူအုပ္ႀကီးသည္ baekhyunအား ေရ႔ွဆက္တက္ရန္ တုန္႔ဆိုင္းေစသည္။ ပံုမွန္ baekhyun ေက်ာင္းသြားသည့္အခ်ိန္သည္ လူသိပ္မက်ပ္ဘဲ ပံုမွန္ေနရာ တစ္ေနရာစာေလာက္ေတာ့ရသည္။ ယခုတြင္မူ အိပ္ရာထ ေနာက္က်ျခင္း၏ အက်ိဳးဆက္ဟု ဆိုရေလမလား..။

ပံုမွန္စိတ္ႏွင့္သာဆိုလ်ွင္ ထိုကားအားမစီးဘဲ ေနာက္တစ္စီးလာမည္ကို ထိုင္ေစာင့္ေနလို႔ရပါေသာ္ျငား အခ်ိန္ကမရိွေတာ့၍ သက္ျပင္းတစ္ခ်က္ခ်ကာ အျမန္ တက္သြားလိုက္ရေတာ့၏။

ဒါေတြအကုန္ ဟိုေကာင္စုတ္ေၾကာင့္...

ညက ေျပာလိုက္သည့္စကားေလးတစ္ခြန္းသည္ baekhyunအား မ်က္စိေၾကာင္ေစသည္ပင္မက အေတြးပါ ေၾကာင္ေစသည္။ တစ္ညလံုး အိပ္ရာထဲ ေတာင္လိွမ့္ေျမာက္လိွမ့္လုပ္ၿပီးမွ အိပ္ေပ်ာ္သြားေသာ္ျငား ထိုအိပ္ေပ်ာ္သည့္အခ်ိန္သည္ပင္ အေတာ္ေနာက္က်ေနေလာက္ၿပီျဖစ္မည္။ အနည္းဆံုးသူ ႏိႈးစက္မျမည္လ်ွင္ေတာင္မွ ပံုမွႏိုးခ်ိန္အတိုင္းႏိုးသည္။ ညကအိပ္ေပ်ာ္သည့္အခ်ိန္ အလြန္ ေနာက္က်သြားေသာေၾကာင့္သာ အိပ္ရာထေနာက္က်ရျခင္း။ အက်ိဳးရလဒ္အေနျဖင့္ ယခုသူ အလြန္က်ပ္သိပ္ေနေသာကားေပၚတြင္ ပါလာရျခင္း။

လိုခ်င္သည့္မွတ္တိုင္နားေရာက္ေတာ့လည္း ထြက္ေပါက္နားေရာက္ဖို႔အတြက္ အတင္းတိုးေဝ႔ွေနရေသးသည္။ လူသည္ အရမ္းအက်ပ္ႀကီးမဟုတ္ေသာ္ျငား Baekhyun မေနတတ္။ လူရႈပ္သည့္ေနရာျဖစ္သည့္အျပင္ လူတစ္ခ်ိဳ႕ႏွင့္ ပြတ္တိုက္ထိေတြ့ေနမိေသးသည္ေၾကာင့္ လြယ္အိတ္အား ရင္ဘတ္တြင္ကပ္ကာ လက္ႏွစ္ဖက္ျဖင့္ေသခ်ာ ပိုက္ထားရသည္။ ကားဘရိတ္ေစာင့္အုပ္လိုက္လ်ွင္မူ အေျခအေနက မဟန္သာ။ ကိုယ့္ဘာကိုယ္ေအးေဆးရပ္ေနသာ္ျငား တခ်ိဳ႕သည္ ကိုယ့္ခႏၲာကိုယ္ အရိွန္မထိန္းႏိုင္စြာပင္ baekhyun ထံ ေရာက္ေရာက္လာတတ္ၾက၍ ျပန္ျပန္ကန္ထုတ္ေနရသည္။

သြားေနက်အတိုင္း လူက်ဲေနသည္မဟုတ္ဘဲ တစ္ေယာက္ႏွင့္တစ္ေယာက္ ပူးကပ္စြာ က်ပ္ညပ္ေနေသာေၾကာင့္ အသားခ်င္းမထိရေစရန္ Baekhyun အရမ္းကို ဂရုစိုက္သည္။ လူတစ္ေယာက္ခ်င္းဆီရိွ အနံ႔အသက္ ဆိုးဆိုးရြားရြား တို႔ႏွင့္အတူ ေခြၽးေရစက္မ်ားေၾကာင့္ baekhyun အသားခ်င္းထိေစရန္မဆိုေလႏွင့္ သူ၏အဝတ္အစား အပိုင္းအစေလးအား လာထိလ်ွင္ပင္ ထိုေနရာႏွင့္ေဝးရာ တျခားတစ္ေနသို႔ ေရြ့သြားရသည္။ ထိုသို႔ တစ္ေနရာမွတစ္ေနရာ ေရြ့ေနေသာေၾကာင့္လည္း baekhyun ထိုင္စရာေနရာ တစ္ေနရာပင္ မရလိုက္ျခင္းျဖစ္သည္။ တျခားသူမ်ားအျမင္တြင္ ႀကီးက်ယ္သည္ဟုထင္လ်ွင္လည္း မတတ္ႏိုင္။ ဤသည္ကား ေမြးရာပါဗီဇေပမို႔..။

လူထုအား အတင္းတိုးေဝ႔ွကာ ကားေအာက္ေရာက္ၿပီဆိုမွ ေဝ႔ွတိုက္လိုက္ေသာ ေလေအးတစ္ခ်က္ႏွင့္အတူ အသက္ရႉေခ်ာင္သြားသကဲ့သို႔ ခံစားလိုက္ရသည္။ ဒါေတာင္မွ baekhyun ဆင္းသည့္မွတ္တိုင္တြင္ တစ္ေယာက္ႏွစ္ေယာက္သာ ဆင္းၿပီး ထပ္တက္သြားသည္က ေလးငါးေယာက္..။

သက္ျပင္းတစ္ခ်က္ႏွင့္အတူ ေခါင္းခါမိကာ လက္မွနာရီအား ငံု႔ၾကည့္လိုက္သည္။ အတန္းခ်ိန္တစ္ခ်ိန္ေတာ့ လြတ္ေလာက္ၿပီမွာ အေသအခ်ာ..။ အလ်င္လိုမေနေတာ့ဘဲ လူအုပ္ထဲမွတိုးေဝ႔ွထြက္လာရသည့္အတြက္ ေၾကမြေနသည့္ အက္်ီအား ေသခ်ာဆြဲခ်ကာ လြယ္အိတ္အား ေသခ်ာျပန္လြယ္လ်က္ ေက်ာင္းဝန္းထဲ ေအးေဆးေလ်ွာက္လာလိုက္သည္။

ဝန္းထဲတြင္ ေက်ာင္းသူေက်ာင္းသားမ်ား အေရာင္စံုစြာပင္ သြားလာေနၾကၿပီး တစ္ေယာက္တစ္ေပါက္ စကားသံမ်ားႏွင့္ ဆူညံစြာၾကားေနသည္။ baekhyun သူထိုင္ေနက်ေနရာျဖစ္သည့္ သစ္ပင္ရိပ္ရ၍ ေလေအးေသာ ေနရာေလးတြင္ လူတစ္ေယာက္မ်ွမရိွသည္ကို ေသခ်ာ အကဲခတ္ၿပီးမွ ဝင္ထိုင္လိုက္သည္။

ညမွလုပ္ေနေသာ assignment မၿပီးေသးသျဖင့္ ယခုဤေနရာတြင္ ေအးေဆးထိုင္လုပ္ရန္ပင္..။ အတန္းထဲတြင္ဆိုလ်ွင္လည္း စာလုပ္လို႔ရပါေသာ္ျငား လူရႈပ္သည့္အတြက္ baekhyunေသခ်ာ အာရံုမစိုက္ႏိုင္။ အတန္းလည္းေနာက္က်ေနၿပီျဖစ္ေသာေၾကာင့္ ေနာက္တစ္ဘာသာအခ်ိန္မွ ဝင္လိုက္ရန္လည္း ရည္ရြယ္ထားသည္​ေၾကာင့္လည္း ပါသည္။

မိမိထိုင္မည့္တစ္ေနရာစာ အုတ္ခံုေလးအား လက္ျဖင့္ၿပီးစလြယ္ဖုန္ခါ၍ လြယ္အိတ္ကို ေရ႔ွအုတ္စားပြဲေလးေပၚတင္ကာ စာလုပ္ရန္သာ အာရံုစူးစိုက္ထားလိုက္ေတာ့သည္။

ေန့လည္ပိုင္းေလာက္နား ေရာက္ေနၿပီမို႔ ေနထိုးေနေသာ္ျငား သစ္ပင္ရိပ္ေၾကာင့္ ေနေရာင္ တစ္စက္တစ္ေျပာက္ကသာ အနည္းငယ္ ထြန္းေပါက္ေနသည္။ ေလေအးတစ္ခ်ိဳ႕တိုက္လိုက္လ်ွင္မူ လူကိုစိတ္ရွင္းေစကာ ေနရထိုင္ရေကာင္းေစသည္။ ယခုကဲ့သို႔အခ်ိန္မ်ိဳးတြင္ လက္ထဲ၌ေကာ္ဖီခါးခါးတစ္ခြက္ႏွင့္ စာအုပ္ေလးတစ္အုပ္သာရိွလ်ွင္ မည္မ်ွေကာင္းလိမ့္မည္နည္း..။

baekhyun ထိုင္ေနက်ေနရာသည္ ေခ်ာင္က်သည့္ေနရာ မဟုတ္ေသာ္ျငား အလြန္ထင္းေနသည္လည္းမဟုတ္။ ရွင္းရွင္းဆိုရလ်ွင္ ေခ်ာင္က်သည္ဆိုသည္မွာလည္း ႀကီးမားစြာတည္ရိွေနေသာ သစ္ပင္အိုႀကီးေၾကာင့္သာ..။

ထိုစဥ္ baekhyun ၏ ပုခံုးေပၚသို႔ လက္တစ္ဖက္က ပိုင္စိုးပိုင္နင္း တင္လာၿပီး ေဘးတြင္ လူတစ္ေယာက္ ဝင္ထိုင္လာေလသည္။ မည္သူမွရယ္မဟုတ္ jin hyukသာ။ ေက်ာင္းတုန္းက ျမင္းခ်ီးေရာင္လိုလိုဆိုးထားေသာ ဆံပင္သည္ ယခုေတာ့ ႏြားခ်ီးေရာင္ကဲ့သို႔ေသာ စိမ္းပုပ္ေရာင္အား တစ္ဖန္ေျပာင္းထားျပန္သည္။ jin hyuk သည္ baekhyun ပုခံုးေပၚမွ လက္အား မဖယ္ေသးဘဲ ၿပီတီတီျဖင့္ေျပာလာ၏။

"ေဟ့ေကာင္.. ဒီေန့ အတန္းလစ္ရေအာင္.."

baekhyun မ်က္ေမွာင္တင္းက်ပ္စြာ ႀကံဳ႔လိုက္မိသည္။ jin hyuk တစ္ေန့တစ္ေန့ အတန္းလစ္ေနသည္မွာ မည္မ်ွေလာက္ရိွေနၿပီ မသိေသာ္ျငား ထိုႏႈန္းႏွင့္ဆိုလ်ွင္ စာေမးပြဲေျဖခြင့္မရမည္ကို သူ႔ကိုယ္သူ စိုးရိမ္သင့္သည္။ baekhyun ပုခံုးေပၚမွလက္အား ပုတ္ခ်ပစ္ကာ jin hyuk ဘက္ ေသခ်ာလွည့္ကာ တစ္လံုးခ်င္းေျပာလိုက္သည္။

"မ လစ္ ဘူး"

baekhyun ေျဖၿပီးခ်င္း စာအုပ္ဘက္ျပန္လွည့္ကာ စာလုပ္ရင္း ထပ္ဆိုလိုက္သည္။

"မင္းဘာ့မင္း တျခားတစ္ေယာက္ရွာၿပီး ေခၚသြား.. ငါေတာ့မလိုက္ႏိုင္ဘူး"

ထိုအခါ Jin hyuk သည္ အျမန္ဆိုလာသည္။

"ဂိမ္းဆိုင္သြားမွာေလ.."

baekhyun မ်က္လံုးမ်ား အေရာင္ေတာက္သြားေသာ္ျငား ခဏမ်ွသာ..။ ခ်က္ခ်င္းပင္ အေတြးကိုျဖတ္ကာ စာထဲတြင္သာ အာရံုစူးစိုက္ရန္ျပင္လိုက္ၿပီး jin hyukအား ျပန္တံု႔ျပန္လိုက္သည္။

"ခုတေလာ စာေမးပြဲကနီးေနၿပီ.. ၿပီးရင္ငါ ဂိမ္းဆိုင္မသြားျဖစ္ေတာ့ဘူး.. စြဲသြားရင္ျဖတ္ရခက္လြန္းလို႔"

ထိုအခါ jin hyuk သည္ ဖယ္ထုတ္ခံလိုက္ရေသာ လက္အားေနာက္တစ္ႀကိမ္ baekhyun ပုခံုးေပၚသို႔ အားပါပါထပ္တင္ကာ baekhyunေခါင္းအား သူ၏လက္ေမာင္းအားျဖင့္ဖိႏိွပ္လ်က္ သူ႔ဘက္ဆြဲလ်က္ လက္မေလ်ာ့ဘဲ ထပ္ဆိုျပန္သည္။

"မင္းကလည္း လုပ္စမ္းပါ.. ခုေဆာ့ေနတဲ့ထဲမွာ ငါနဲ႔ကိုက္တဲ့ေကာင္ တစ္ေကာင္မွမရိွဘူးကြ .. ၿပီးေတာ့ ဒ္ိညသြားမယ့္ထဲမွာ ငါ့ေကာင္ေတြလည္းပါတယ္.. ၿပီးရင္ေလာင္းေၾကးနဲ႔ေလ..ဟင္? ဘယ္လိုလဲ"

baekhyun ပိုလို႔ပင္ လက္မခံခ်င္ျဖစ္သြားကာ ႏႈတ္ခမ္းတစ္ခ်က္မဲ့လိုက္မိသည္။ ငါ့ေကာင္ေတြလည္းပါမွာ ဟူေသာစကားသည္ baekhyun အား လိုက္ရန္ေတြးေနေသာ စိတ္ကူးတို႔အား အတိျဖတ္ခ်ေစသည္။ ထိုေကာင္ေတြႏွင့္သူမတည့္။ jin hyuk ကိုပင္ သူမနည္းသည္းခံကာ ေပါင္းေနျခင္း.. ။ တစ္ခါတစ္ေလ jin hyukအား baekhyun ေဝးေဝးမွပင္ေရွာင္ေသးသည္။

ထို႔ေနာက္တစ္ခ်က္သည္ကား ေလာင္းေၾကး..?
ေလာင္းေၾကးသာဆိုလ်ွင္ သူအစားအေသာက္မွလြဲ မည္သည္ကိုမွ စိတ္မဝင္စား။ baekhyun , jin hyuk လက္ေမာင္းၾကားမွ ေခါင္းလ်ိႈထြက္ကာ ပြသြားေသာ မိမ၏ဆံပင္တို႔အား ျပန္ဖိသပ္ခ်ကာ ေျပာလိုက္သည္။

"မလိုက္ခ်င္ပါဘူးဆိုကြာ.."

ထိုအခါ jin hyuk သည္ က်စ္တစ္ခ်က္စုပ္သက္ကာ မ်က္ေမွာင္ကုပ္လ်က္ တစ္ဖက္သို႔လွည့္သြားသည္။ ထိုင္ေနရာမွေတာ့ မထေသး ..။ ေမးေထာက္ကာ ျဖတ္သြားျဖတ္လာလူတိုင္းကို လိုက္ၾကည့္ေနသည္။ တစ္ခ်က္တစ္ခ်က္ jin hyuk ထံမွ "ေဟး ယို႔ ခြၽတ္ခြၽတ္" စသည့္ ခပ္ေနာက္ေနာက္အသံမ်ားၾကားမိ၍ သူအၾကည့္တို႔ရိွသည့္ေနရာအား လိုက္ၾကည့္မိလ်ွင္ ေကာင္မေလးေခ်ာေခ်ာေလးမ်ား စုေဝးေသာ အုပ္စုလိုက္အား ေတြ့ရၿမဲပင္..။

ၾကာလာေတာ့ baekhyun သည္းမခံႏိုင္ေတာ့..။
စာလုပ္ေနသည့္လူ၏ေဘးတြင္ ထိုင္ကာ တိတ္တိတ္ဆိတ္ဆိတ္မေနဘဲ အသံမ်ိဳးစံုထြက္ေနေတာ့ baekhyun စာတြင္အာရံုစိုက္၍မရေတာ့။ baekhyun လက္ထဲမွ ေဘာပင္အား ပစ္ခ်ကာ jin hyuk ဘက္သို႔လွည့္ကာ ဆိုလိုက္သည္။

"မင္း ဒီမွာဘာထိုင္လုပ္ေနတာလဲ..။ အတန္းမရိွဘူးလား..။ အားယားေနလို႔ ထိုင္ခ်င္တယ္ဆိုလည္း တိတ္တိတ္ေလးေနေပးလို႔မရဘူးလား"

ထိုအခါ jin hyuk သည္ ေမးေထာက္ေနရာမွ baekhyun ဘက္သို႔ေခါင္းေစာင္းကာ နားမလည္ခ်င္ေယာင္ေဆာင္ေနေသာ ျပဴးေၾကာင္ေၾကာင္ မ်က္လံုးတို႔ျဖင့္ ၾကည့္လာ၏။

ထိုအၾကည့္တို႔သည္ baekhyun အား တစ္စံုတစ္ေယာက္ကို သတိရေစမိသျဖင့္ စိတ္ရႈပ္စြာပင္ အၾကည့္လႊဲလိုက္သည္။ ေနရာတိုင္းတြင္ ထိုေကာင္ေလးသည္ သူ႔ေခါင္းထဲအၿမဲေရာက္ေရာက္လာတတ္၍ ကိုယ့္ကိုယ္ကိုပင္ ေဒါသထြက္လာမိသည္။

baekhyun အေျပာအား jin hyuk ကအဖက္မလုပ္။ တစ္ေနရာသို႔သာ စူးစူးစိုက္စိုက္ၾကည့္ေန၏။ အၾကည့္သည္ မိန္းကေလးမ်ားအား ရိႈးေနသည့္အၾကည့္ႏွင့္ တျခားစီျဖစ္ေနၿပီး ၿပီတီတီစကားသံတို႔မၾကားမိ၍ baekhyunပင္ ထိုေနရာသို႔ အၾကည့္ေရႊ့လိုက္မိသည္။

ေကာင္ေလးတစ္ေယာက္။
ဆံပင္ပန္းႏုေရာင္အုပ္အုပ္ေလးမ်ားအား မၿဖီးမသင္ဘဲ ဖြာလန္က်ဲေအာင္ခ်ထားသည္မွာ မ်က္လံုးပင္အုပ္ေလာက္မည္။ ဆံပင္တို႔သည္ အ​ေၾကေကာက္ ေကာက္ထားေသာေၾကာင့္ ေခြးစုတ္ဖြားတစ္ေကာင္ ႏွင့္ပင္ ဆင္ေနသေယာင္။

ထိုေကာင္ေလးသည္ baekhyunတို႔ထိုင္ေနရာဘက္သို႔ စူးစူးဝါးဝါး စိုက္ၾကည့္ေန၍ baekhyun ပင္ ဘာမဆိုင္ညာမဆိုင္ ၾကက္သီးထသြားမိသည္။ ထိုေကာင္ေလး၏မ်က္လံုးအုပ္ေနေသာ ဆံပင္မ်ားေၾကာင့္ ေသခ်ာမျမင္ႏိုင္ရေသာ္ျငား သူသည္ baekhyunအား တည့္တည့္မတ္မတ္စိုက္ၾကည့္ေနသည္ကို baekhyun၏ ဆဌမအာရံုအရ အလိုအေလ်ာက္သိ၏။

ထိုေကာင္ေလးသည္ စီနီယာမ်ားကိစၥေၾကာင့္ baekhyunႏွင့္ ျပႆနာတက္ဖူးသည္ ဆိုေသာ္ျငား ယခုဤမ်ွေလာက္ထိ အၿငိဳးႀကီးႀကီးထားေနမည္ဟုေတာ့ မေတြးမိခဲ့။ baekhyun စာတြင္အာရံုစိုက္ထားေသာ္ျငား လူကိုစိုက္ၾကည့္ခံေနရေသာ ခံစားခ်က္ေၾကာင့္ ေက်ာမလံု မေနတတ္မထိုင္တတ္ျဖစ္ကာ ထိုေနရာမွ ထရန္ျပင္လိုက္သည္။

သြားေတာ့မည့္အေၾကာင္း Jin hyuk အားေျပာရန္ လွည့္ၾကည့္လိုက္သည့္အခိုက္.. ထိုေကာင္သည္ ယခင္ကေလးတင္မွ baekhyunအား စိုက္ၾကည့္ေနသည့္ ပန္းေရာင္ေခြးစုတ္ဖြားေလးႏွင့္ အၾကည့္ခ်င္းစစ္ခင္းေနသည္ကို ေတြ့လိုက္ရျပန္သည္။

ဒီေန့ ဘာေတျြဖစ္ေနတာလဲ..
ရာသီဥတု ပူလို႔မ်ား ထူးဆန္းကုန္ၾကတာလား..
ဒါမွမဟုတ္ ငါတစ္ေယာက္တည္း ပူေနတာမ်ားလား..

ပန္းေရာင္ေခြးစုတ္ဖြားေလး၏ အၾကည့္တို႔သည္ baekhyun ထံတြင္မရိွေတာ့..။ ထိုအစား jin hyuk ကိုသာ ေသခ်ာစူးရဲစြာၾကည့္ေနသည္။

ထိုေကာင္ေလး၏ ေရ႔ွဆံပင္မ်ားသည္ မ်က္စိေရ႔ွပင္ အုပ္လုနီးနီးျဖစ္ေနကာ မ်က္စိမစူးေစလား မသိ။ ၾကည့္ေနသည့္ baekhyunပင္ မ်က္လံုးယားလာ၍ ကိုယ့္မ်က္လံုးကိုယ္ျပန္ ပြတ္ေခ်လိုက္သည္။ ထို႔ေနာက္ ေခါင္းတစ္ခ်က္ခါကာ ထိုႏွစ္ေယာက္ထံမွ အာရံုလႊဲလ်က္ အတန္းတက္ရန္သာ ထြက္လာခဲ့လိုက္ေတာ့သည္။

ထိုအေၾကာင္းကိစၥကိုလည္း baekhyun ေသခ်ာမေတြးေတာ့ဘဲ အာရံုထဲမွထုတ္ကာ တစ္ပတ္လံုးအား ေအးေဆးစြာပင္ ျဖတ္သန္းခဲ့သည္။ ထိုႏွစ္ေယာက္လည္း သူတို႔ကိစၥသူတို႔ ျပႆနာရိွသည္ျဖစ္ေလာက္မည္ဟု မွတ္ခ်က္ျပဳကာ​ေခါင္းရႈတ္​ခံမ​ေနဘဲ​ေအး​ေအးလူလူသာ​တစ္​ပတ္​လံုး အာရံုထဲမွထုတ္ထားလိုက္သည္။

​သို႔ေသာ္ျငား အာရံုထဲမွ ထုတ္​မရသၫ့္​ကိစၥသည္​ကား chanyeol။ တစ္​ပတ္​လံုး သူbaekhyunထံ ဖုန္းထပ္​မဆက္​ခဲ့။ ခ်စ္တယ္ hyung ဟုဆိုသြားသည္က အကိုတစ္ေယာက္ကို ေျပာသလိုပံုစံႏွင့္ေျပာသည္လား.. သို႔မဟုတ္လ်ွင္... ။ သို႔ေသာ္ျငား ထိုအတိုင္းေျပာခဲ့ၿပီး လူအား တန္းလန္းႀကီးထားခဲ့သည္ကေတာ့ ရိုင္းလြန္းပါသည္။ အစျပဳျပီးထားကမွ တစ္ပတ္နီးပါးမဆက္သြယ္သည္က မည္ကဲ့သို႔ အဓိပြာယ္ သတ္မွတ္သင့္သနည္း။ chanyeolသည္ အမွန္ပင္ သူ႔အတြက္ နားမလည္ႏိုင္ေသာ အလြန္ထူးဆန္းေသာ ေကာင္ေလးတစ္ေယာက္ပင္။

မနက္ျဖန္သည္ ပိတ္ရက္ျဖစ္ေသာ္ျငား စာေစာေစာၿပီးထားလ်ွင္ ေကာင္းေသာေၾကာင့္ စာလုပ္ရန္အတြက္ စားပြဲတြင္ထိုင္ေနေသာျငား Baekhyun အာရံုမလာ။ စိတ္ကေဘးနား လက္တစ္ကမ္းအလိုတြင္ ခ်ထားေသာ ဖုန္းထံတြင္သာ တဝဲလည္ေနသည္။ စားပြဲေရ႔ွတြင္စထိုင္လိုက္သည့္အခ်ိန္သည္ ည၈နာရီကျဖစ္ၿပီး ယခုမူ ည၉နာရီထိုးၿပီျဖစ္သည္။ အေရ႔ွတြင္ခ်ထားေသာ စာအုပ္အထူႀကီးသည္ အရာမယြင္းေသး..။

ဖုန္းစခရင္ မဲမဲအား ေပါက္ထြက္မတတ္စိုက္ၾကည့္ရင္း သူ႔ေခါင္းထဲမွအေတြးမ်ားသည္လည္း အျပင္သို႔ေပါက္ထြက္မတတ္ပင္ ျဖစ္ေန၏။ သူဘာကိုေမ်ွာ္ေနတာလဲ..။
ထိုဖုန္းအားၾကည့္ၿပီး သူဘာကိုေစာင့္ေနသည္လဲ..။
စာလုပ္စရာမ်ားသည္လည္း အမ်ားႀကီးရိွေသးသည္။ ယခင္ကဆိုလ်ွင္ လုပ္စရာအလုပ္အကုန္ၿပီးစီးေအာင္ လုပ္ၿပီးမွ ေကာင္းေကာင္းအိပ္ေပ်ာ္တတ္ေသာအက်င့္သည္ ယေန့ညတြင္ အနည္းငယ္လြဲမွားေနသေယာင္။

baekhyun ပ်င္းရိေနေသာ ေၾကာင္တစ္ေကာင္ကဲ့သို႔ ေမးေထာက္ကာ အျပင္ဘက္သို႔ ျပတင္းေပါက္မွ တဆင့္ၾကည့္ရႈမိသည္။ ေလေျပေအးေလးမ်ားသည္ တစ္ခ်က္တစ္ခ်က္ ေဝ့ဝဲကာတိုက္ေနၿပီး လံုးဝန္းဝိုင္းစက္မေနေသာ လျခမ္းေကြးေလးအား ျမင္ေနရသည္။ အေရ႔ွတည့္တည့္တြင္ ရိွေသာ တစ္ဖက္အိမ္မွ ျပတင္းေပါက္ေလးသည္လည္း အလင္းေရာင္ကင္းမဲ့ေနေသာေၾကာင့္ အထီးက်န္ဆန္ေစကာ သူ႔အား အေဖာ္မဲ့ေနေသာ ေၾကာင္ေလးတစ္ေကာင္ႏွင့္ ပို၍ပင္တူသြားေစသည္။

လြန္ခဲ့သည့္တစ္ပတ္ chanyeolႏွင့္ အဆက္အသြယ္ျပန္ရၿပီးေနာက္ပိုင္းမွသာ သူယခင္ ျပတင္းေပါက္ေနရာသို႔ ျပန္ေျပာင္းလိုက္ျခင္းျဖစ္သည္။ ျပတင္းေပါက္အား ေက်ာေပးထားလ်ွင္ အလင္းပိတ္၍ စာေသခ်ာလုပ္မရသည္ကတစ္ေၾကာင္း၊ ျပတင္းေပါက္မရိွ၍ ေလမဝင္ေသာအခါ စိတ္အိုက္သည္ကတစ္ေၾကာင္း စသည္ စသည့္ မဆီမဆိုင္ေသာ အေၾကာင္းျပခ်က္ေပါင္း တစ္သိန္းရွစ္ေသာင္းအား ေခါင္းထဲေျဖရွင္းၿပီးမွသာ သူေရႊ့ခဲ့ျခင္းျဖစ္သည္။ အဓိကအေၾကာင္းျပခ်က္အား...... သူေမ့ခ်င္ေယာင္သာေဆာင္ခဲ့လိုက္ပါသည္..။

ယခုကဲ့သို႔ အခ်ိန္တိုင္းတြင္ baekhyun ဟိုဘက္အိမ္မွ chanyeol ႏွင့္မ်က္ႏွာခ်င္းဆိုင္ထိုင္ကာ ေအာ္ႀကီးဟစ္က်ယ္ေျပာဆိုေနခဲ့သည္မ်ားကို သတိရမိျပန္သည္။ ညီေလးတစ္ေယာက္ေလ်ာ့သြားသလို ခံစားခ်က္မ်ိဳးေပလား..။ သူနားမလည္။

Dii Dii~~

ရုတ္တရက္ စားပြဲမွတုန္ခါမႈသည္ ဖုန္းထံမွထြက္လာသည္ကို သိလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ လက္သည္အလင္းအလ်င္ျဖင့္ ဖုန္းအားေကာက္ကိုင္လိုက္ၿပီးျဖစ္ေနသည္။ စာတစ္ေစာင္ ဝင္ေနသည္ပင္...။

ခုဖုန္းဆက္လို႔ရလား... hyung?

ကိုယ္ကိုယ္တိုင္ပင္ မသိလိုက္ေသာ ေပ်ာ္ရႊင္မႈတစ္ခ်ိဳ႕သည္ အလံုးလိုက္အရင္းလိုက္ဝင္ေရာက္လာၿပီး မ်က္ႏွာတြင္ အၿပံဳးမ်ဥ္းေကြးတစ္ခုအား အလိုအေလ်ာက္ ျဖစ္တည္လာေစသည္။ သို႔ေသာ္ သူမည္ကဲ့သို႔ျပန္ေျဖရမွန္းမသိ။ အကယ္၍ သူ႔ဘက္မွ ခုခ်က္ခ်င္း ျပန္ေျဖလိုက္လ်ွင္ မိမိေစာင့္ေနသည္မွာ သိသာသြားမည္ကို စိုးရိမ္ေနမိေသးသည္။ မျပန္ဘဲထားလိုက္လ်ွင္လည္း မဆက္ေတာ့ဘဲ တစ္ညလံုး ဒီတိုင္းသာ အခ်ိန္ကုန္သြားရမည္ကို စိုးရိမ္ျပန္သည္။

ဖုန္းဆက္လို႔ရလားဟူေသာ ရိုးရိုးရွင္းရွင္း ေမးခြန္းေလးတစ္ခုသည္ baekhyunအား အတန္းထဲတြင္ အၿမဲေခါင္းကိုက္လုနီးပါးတြက္ေနရသည့္ ကိန္းဂဏန္းေပါင္း ေျမာက္မ်ားစြာထက္ပင္ ပို၍ေခါင္းစားေစသည္။ ရုတ္တရက္ noti bar မွာနာရီအား မ်က္လံုးေဝ့ၾကည့္လိုက္ေတာ့ ၉ခြဲ။ မနက္ျဖန္ ေက်ာင္းပိတ္ရက္မို႔ အိပ္ေရးပ်က္လည္း ျပႆနာမရိွ။ ၪီးေနွာက္အား ခက္ခက္ခဲခဲ ေက်ာက္ခဲ ေရၫွစ္သကဲ့သို႔ ေခြၽးက်ေအာင္ စဥ္းစားၿပီးကာမွ ေခါင္းထဲမွ ထြက္လာေသာ ျပန္စာသည္ကား...

အင္း

နည္းနည္းေတာ့ ရိုးရွင္းသြားသည္ ထင္ပါရဲ့။

နည္းနည္း..?
နည္းနည္းဘယ္ဟုတ္မလဲ ငပိန္းရဲ့..
ရိုးရွင္းတာမွ ေတာ္ေတာ္ကိုရိုးရွင္းတာ..
ႏံုခ်ာ စြံ႔အ ေနတဲ့ ငအတစ္ေကာင္ စကားေျပာေနသလိုကို ျဖစ္သြားတာ..

ကိုယ္ပို႔လိုက္မိသည့္စာအား ေနာင္တရေန၍ပင္မဆံုးေသး လက္ထဲမွ တစ္ဒီးဒီးတုန္ခါမႈႏွင့္အတူ ဖုန္းအဝင္ေကာ တစ္ခုအား လက္ခံလိုက္ရသည္။ baekhyunကသာ ေတြေဝေနေသာ္ျငား ထိုကေလးသည္ အင္း ဟူေသာ စာအားရရျခင္းပင္ ဖုန္းတန္းဆက္သည္ပင္..။

တံေတြးတံခ်က္ၿမိဳခ်ကာ စကားေျပာရန္ အားယူသည့္အေနျဖင့္ ႏႈတ္ခမ္းတစ္ခ်က္သပ္လိုက္ၿပီးမွ ဖုန္းအားကိုင္လိုက္သည္။

"hyung!"

ကိုင္လိုက္သည္ႏွင့္ တစ္ဖက္မွ ေပ်ာ္ရႊင္ျမဴးႂကြေနေသာ အသံက ဆီးႀကိဳေနသည္။ baekhyun ေမးသင့္မေမးသင့္ ခ်ိန္ဆေနၿပီးမွ ေသခ်ာေမးလိုက္သည္။

"အင္း...... ဘာလို႔..ဆက္တာလဲ..."

ထိုအခါ chanyeolသည္ ခပ္ဟဟရယ္သံႏွင့္အတူ ေျဖလာသည္။ chanyeol ယေန့က်မွ အလြန္အူျမဴးေနသေယာင္..။

"ေျပာစရာရိွမွ ဆက္ရမွာလား hyungရဲ့။ ဒီလိုဘဲ.... ကြၽန္ေတာ္...လြမ္းလို႔"

ထိုစကားေၾကာင့္ ရင္ဘတ္ထဲမွ တစ္ခ်က္ခုန္ေပါက္သြားေသာ္ျငား Baekhyun ေခါင္းထဲ အေတြးဆန္းဆန္းမ်ားက စိတ္အေနွာင့္အယွက္ျဖစ္ေအာင္ ေနွာင့္ယွက္ၾကျပန္သည္။

လြမ္းလို႔..?
သို႔ဆိုလ်ွင္ ယခုမွလြမ္း၍ ေကာက္ကာငင္ကာ ဖုန္းထဆက္သည္လား..။
သို႔ဆိုလ်ွင္ လြန္ခဲ့သည့္တစ္ပတ္လံုး မည္သူ႔အား လြမ္းေနရသနည္း.. ။
baekhyun ဘာမ်ျွပန္မေျပာမိ..။

"hyung?.. "

"အင္....အင္း"

"ရုတ္တရက္ႀကီး ဘာလို႔တိတ္သြားတာလဲ"

"မဟုတ္ဘူးငါ.... ငါအေတြးလြန္ေနလို႔"

ထိုအခါ chanyeol ဘက္မွ ျမဴးထူးေနေသာ ကေလးေပါက္စ အသံျဖင့္ဆိုလာျပန္သည္။

"ကြၽန္ေတာ့အေၾကာင္း ေတြးေနလို႔လား.."

baekhyun ေျပာမည့္စကားပင္ လမ္းတစ္ဝက္ လ်ွာခလုတ္တိုက္ကာ လက္ထဲမွဖုန္းလြတ္မက်သြားေအာင္ပင္ မနည္းျပန္ထိန္းလိုက္ရသည္။
chanyeol ေျပာလိုက္သည့္စကားလံုးမ်ားသည္ အထိန္းအကြပ္မရိွ အလြန္ေျပာရဲဆိုရဲျဖစ္ေနကာ baekhyunအတြက္ ထူးဆန္းေစသည္။ baekhyun အနည္းငယ္ရယ္သံစြတ္ကာ လမ္းေၾကာင္းေျပာင္းလိုက္သည္။

"ဘယ္ကသာ.. မင္း..... အိမ္စာေရာလုပ္ၿပီးလို႔လား ငါ့ကိုဖုန္းဆက္ေနရေအာင္"

ထိုအခါ chanyeol ဘက္မွ အသံက ခပ္သြက္သြက္ ထြက္လာသည္။

"လုပ္ၿပီးလို႔ ဆက္တာပါ hyung ကလည္း.. ကြၽန္ေတာ့္မွာ တစ္ပတ္လံုးဆက္ခ်င္ေနတာကို သည္းခံၿပီး ခုမွhyung အသံေလးၾကားခြင့္ရတာ.."

baekhyun ေျပာစရာစကားမ်ား ထပ္မံေပ်ာက္ရျွပန္သည္။ ခက္ခက္ခဲခဲ တံေတြးတစ္ခ်က္ ၿမိဳခ်ကာ ေမးခြန္းျပန္ထုတ္လိုက္မိသည္။

"ဘာလို႔.... ဘာကိုသည္းခံတာကိုေျပာတာ.."

အစက baekhyun 'ဘာလို႔ ဆက္ခ်င္တာကိုဘဲ တစ္ပတ္လံုးသည္းခံေနသလဲ' ဟုေမးလိုက္ခ်င္ေသာ္ျငား သူသာထိုကဲ့သို႔ ဆိုလိုက္လ်ွင္ သူ႔ထံေန့တိုင္းဆက္ရန္ ခြင့္ျပဳေပးလိုက္သည့္အလား၊ သြယ္ဝိုက္အဓိပၸာယ္က်သြားမည္စိုး၍ ထိုဝါက်အား လည္ေခ်ာင္းအလယ္တြင္ပင္ 'ဂငယ္'ေကြ့ ျပန္ေကြ့လိုက္ရေတာ့သည္။

chanyeol ဘက္မွ စူပုတ္ပုတ္ အသံကထြက္လာသည္။ ခုနကေလးတင္မွ ေပ်ာ္ရႊင္ျမဴးႂကြေနေသာ အသံႏွင့္တျခားစီ။ မ်က္လံုးထဲတြင္ ေသခ်ာပံုေဖာ္၍ ရေနသျဖင့္ မ်က္စိေရ႔ွ၌သာရိွေနလ်ွင္ baekhyun ေခါင္းပုတ္ေပးမိမည္မွာ အေသခ်ာပင္..။

"ေမေမေျပာတာေလ.. hyung က တကၠသိုလ္ တက္ေနရၿပီမို႔ စာေတြမ်ားေတာ့မွာတဲ့..။ အဲ့ဒါနဲ႔ကြၽန္ေတာ္လည္း hyung အလုပ္ရႈပ္ေစမွာ စိုးလို႔ တစ္ပတ္တစ္ခါမွဘဲ ဆက္ဖို႔လုပ္လိုက္တာ.. မနက္ျဖန္က်ပိတ္တယ္မလား hyung တို႔က"

ထိုအခါမွ Baekhyun ခပ္တိုးတိုး ေအာ္ ဟုသာ အသံျပဳမိေတာ့သည္။ သူ႔မွာေတာ့ တစ္ေယာက္တည္း အေတြးေပါင္းေသာင္းေျခာက္ေထာင္ျဖင့္ လိုရာဆြဲေတြး လုပ္ေနမိသျဖင့္ chanyeol အားအာနာမိကာ မိမိကိုယ္ကိုယ္ပင္ ျပန္အရွက္ရလာသည္။

" မနက္ျဖန္ပိတ္တာကို မင္းကဘယ္လိုလုပ္သိတာလဲ"

"အင္း...သူငယ္ခ်င္းတစ္ေယာက္ ေျပာျပတာ"

ထိုစကားေၾကာင့္ Baekhyun မ်က္ခံုးႏွစ္ဖက္လံုးပင္ ပင့္ေျမာက္သြားသည္။

သူငယ္ခ်င္း?
Chanyeol တြင္သူငယ္ခ်င္း ရိွသည့္ကိစၥသည္ baekhyunအား ေနာက္သို႔မွီထားေသာေက်ာပင္ မတ္သြားေစသည္။ စကားနည္းေသာထိုေကာင္ေလးသည္ တစ္ႏွစ္ဟူေသာ ကာလအေတာအတြင္း သူသိသည့္ ကေလးေပါက္စ မဟုတ္ေတာ့သည္ထင္ရဲ့ ..။ ယခုမွသတိထားမိသည္မဟုတ္ စကားေျပာပံုမ်ားသည္လည္း ပိုပြင့္လင္းလာၿပီး ေျပာရဲဆိုရဲ ရိွလာသည္။ baekhyun အံ့ဩသည့္အသံႏွင့္ ရယ္သံအနည္းငယ္ စြတ္ကာ ေမးလိုက္သည္။

" သူငယ္ခ်င္း..? သူငယ္ခ်င္းေတြဘာေတြေတာင္ ရလို႔ပါလား ခ်န္းေယာလ္က..။ ဘယ္သူတဲ့လဲ.. ေပါင္းလို႔ေရာ အဆင္ေျပရဲ့လား.."

"အင္း............ ေျပပါတယ္။ သူကအက်င့္ေတာ့ မေကာင္းေပမယ့္ ကြၽန္ေတာ္နဲ႔ေတာ့ အဆင္​ေျပတယ္..။ ၿပီးေတာ့ သူ႔အသားကေလ ပိုးဟပ္ျဖဴၾကီးအတိုင္းဘဲ ျဖဴေဖြးစြတ္ေနၿပီးေတာ့ လူေတြကိုဆိုလည္း အေရးမလုပ္သလိုလိုနဲ႔ စတိုင္က်က်ႀကီး ေနေနတာ.. ။ ကြၽန္ေတာ့္ေရ႔ွက်ေတာ့ မ်က္ႏွာရူးလိုလို ေပါေတာေတာနဲ႔"

chanyeol ၏ ေျပာစကားၿပီးၿပီးခ်င္း ထပ္ဆင့္အေနႏွင့္ ႏွာမႈတ္သံကိုပါမႈတ္ထုတ္လိုက္သည္ကို ၾကားျဖစ္ေအာင္ၾကားလိုက္ရေသးသည္။ baekhyun ေအာ္မရယ္မိဘဲမေနႏိုင္ေတာ့။ chanyeolသည္ မိန္းမႀကီးတစ္ေယာက္ႏွယ္ တစ္တြတ္တြတ္ေျပာေနသည္ကိုက baekhyunအတြက္ ထူးဆန္းကာ ရယ္စရာျဖစ္ေနသည္။

နားတြင္ဖုန္းကပ္ကာ လက္ျဖင့္ေပါင္ကို တဖုန္းဖုန္းထုကာ ရယ္ေနရေသာ္ျငား အရမ္းႀကီးမရယ္ရဲ။ baekhyun အခန္းေအာက္တည့္တည့္တြင္ မားတို႔အခန္းတို႔ရိွကာ အေပၚထပ္မွ အနည္းငယ္ဒုန္းဒိုင္းျဖစ္လာလ်ွင္ပင္ တန္းသိသည္ေၾကာင့္..။ အိပ္ခ်ိန္လည္းေရာက္ၿပီမို႔ လူႀကီးေတြႏိုးလာမည္ကိုလည္း စိုးရေသာေၾကာင့္လည္း ျဖစ္၏။ baekhyun အရယ္ရပ္ေတာ့မွ မ်က္လံုးေထာင့္နားမွ မ်က္ရည္အား လက္မေလးျဖင့္ ဖိဆြဲကာ သုတ္လိုက္သည္။

"အဲ့တစ္ေယာက္က ေတာ္ေတာ္ ေတာ္တဲ့သူဘဲျဖစ္မယ္။ ခ်န္းေယာလ္ကိုေတာင္ ေျပာင္းလဲေအာင္ လုပ္ႏိုင္တာဆိုေတာ့"

ကိုယ္တိုင္က ခ်ီးက်ူးေနပါေသာ္ျငား စိတ္ကေတာ့မပါ။ သိေတာ့သိခ်င္မိသည္။ chanyeolႏွင့္ အက်င့္ကိုက္တယ္ဆိုေသာ ထိုေကာင္ေလးအား။ စိတ္ထဲတြင္လည္း ေက်နပ္ျခင္းတစ္ဝက္ မေက်နပ္ျခင္းတစ္ဝက္။ chanyeol သည္ နားမလည္သည့္ အသံအေနအထားတို႔ျဖင့္ စကားျပန္၏။

"ေျပာင္းလဲတယ္? ကြၽန္ေတာ္ေျပာင္းလဲသြားလို႔လား"

"အင္းေလ.. မင္းအနည္းဆံုးေတာ့ လူစိမ္းတစ္ေယာက္နဲ႔ သူငယ္ခ်င္းဖြဲ႔ႏိုင္သြားတာေပါ့ ဒါဂုဏ္ယူစရာဘဲေလ မဟုတ္ဖူးလား"

ထိုအခါ chanyeol ဘက္မွအနည္းငယ္ တိတ္ဆိတ္သြားေသာေၾကာင့္ baekhyun သူ႔စကားတြင္ အမွားပါသြားမိသလား အသည္းအသန္ျပန္စဥ္းစားရသည္။ ထိုစဥ္တြင္ပင္ chanyeol ဘက္မွ အသံတိုးတိုး ထြက္လာသည္။

"hyung ေၾကာင့္မို႔ပါ"

တိုးလြန္းေသာ္ျငား baekhyun ၾကားျဖစ္ေအာင္ ၾကားလိုက္သည္။ ၾကားလိုက္ေသာ္ျငား သူနားမလည္ျပန္။ ႏွစ္ေယာက္ၾကားအေျခအေနသည္ အတန္ငယ္ တိတ္ဆိတ္သြားသည္။ စကၠန္႔အခ်ိဳ႕ ၾကာၿပီးေနာက္ chanyeol အသံထြက္လာသည္။

"hyung အိပ္ခ်င္ေနၿပီလား.."

baekhyun ေယာင္ေတာင္ေတာင္ျဖင့္ အင္း ဟုေျဖလိုက္မိသည္ ထင္ပါ၏။ chanyeol ဘက္မွ 'ဒါဆိုကြၽန္ေတာ္ခ်လိုက္ေတာ့မယ္ေနာ္' ဟူေသာ ခြင့္ေတာင္းသံကို ၾကားလိုက္ရသည္။

တားဖို႔အခ်ိန္မရလိုက္...။

"ခ်စ္တယ္ hyung"

တီ...တီ...တီ...

ဖုန္းက်သြားၿပီျဖစ္ေသာ္ျငား ေနာက္ဆံုးတြင္လည္း ဖုန္းႀကီးနားတြင္ကပ္ကာ ေၾကာင္ေတာင္ေတာင္ျဖင့္ က်န္ခဲ့ရသည္က baekhyun သာ။ ဖုန္းေအာ္ပေရတာ မွထြက္ေနေသာ တီတီျမည္သံထက္ သူ႔ႏွလံုးခုန္သံက ပိုျမန္ေနသေယာင္။ ဖုန္းကိုနားမွခြာကာ အခ်ိန္အား ၾကည့္လိုက္ေတာ့ ၁၀နာရီခြဲ။

ဖုန္းအားလက္တြင္တင္းက်ပ္စြာဖိကိုင္လ်က္ စားပြဲေပၚေခါင္းေမွာက္ခ်လိုက္မိသည္။ ေသခ်ာသည္ေတာ့ သူမနက္အိပ္ရာထ ေနာက္က်လိမ့္မည္ဆိုသည္ကိုပင္။ ေခါင္းေမွာက္ထားသည့္ၾကားမွ မည္သူမ်ွမျမင္ရေသာ္ျငား သူအရူးတစ္ေယာက္ကဲ့သို႔ ၾကည္ၾကည္ႏူးႏူး ၿပံဳးေနမိခဲ့သည္ကိုေတာ့ ကိုယ့္ကိုယ္ကို လိမ္၍မရ။

ေသာက္ကေလးေလး....

•°~°•~•°•~•°•~•°•~

baekhyun - ငါ chanyeol ကိုမႀကိဳက္ဘူး..
ညီေလးတစ္ေယာက္လိုမ်ိဳးဘဲခ်စ္တာ..
ငါမေဂးဘူး! ငါကေဖာ္အဲဗားအေျဖာင့္ !!

Me - I don't think so!

အစက Daddy ႀကီးေမြးေန့မွာ ဒိတ္မလို႔ေပမယ့္ ၾကာသြားတဲ့အခ်ိန္နဲ႔ညီေအာင္ အရွည္ႀကီးေရးခ်င္တာ​နဲ႔ ခုမွတင္ျဖစ္တာ xD

Continue Reading

You'll Also Like

41.2K 305 15
I'm pansexual okay???
613K 9.6K 88
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
36.9K 1.9K 11
الرِيفي المُحب للصَيف مارسيلُو جِيسونغ ، الفتَى الأكثر إشراقًا يجِد نفسه مُكلف بالإعتنَاء بأُخت الوزِير السابق الصُغرى ، لُورينزُو مينهُو المُصاب بال...
8.3K 956 24
| i get mystified by how this city screams your name | (Unicode only)