H Y U N G

By aHMUE-61

329K 35.8K 2.7K

ငယ္ငယ္ကတည္းက hyung လို႔ေခၚကာ အျမဲေနာက္ကတေကာက္ေကာက္ လိုက္ေနခဲ့တဲ့ ​ေကာင္ေလးက ႀကီးတဲ့ထိ မေျပာင္းလဲခဲ့~ ငယ်ငယ်ကတ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38.1
Part 38.2
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Final Part
Extra 1 : Honeymoon to JEJU
Extra 2 : Honeymoon in JEJU
Extra 3 : End of the Honeymoon
Thank You~!!
CHANYEOL (U)
CHANYEOL (Z)
ATTENTION !!
Book Announcement

Part 17

4K 527 8
By aHMUE-61

Zawgyi

ထိုစကားေၾကာင့္ baekhyun ျပာျပာသလဲလဲ tao ဘက္ကုိ လွည့္ၾကည့္လိုက္မိသည္။ tao ကေတာ့အေ႐ွ႕တည့္တည့္ကုိသာ ၾကည့္ရင္းဆက္ေျပာလာသည္။

"မင္းသိထားျပီးသားဆို.."

ေလသံသည္ အျပစ္တင္သည့္အေနအထား တစ္စိုးတစ္စိမွ် မပါဝင္ပါေသာ္ျငား စစ္ေဆးခံေနရသကဲ့သို႔ ရင္တုန္ပန္းတုန္ျဖစ္ေစသည္။

ရုတ္တရက္မို႔ တုန္သြားေသာရင္ကုိ တည္ၿငိမ္ေအာင္ထိန္းလ်က္ ေသခ်ာဆိုလိုက္သည္။

"အင္း...။ ဘယ္လိုသိသြားတာလဲ.."

ထိုအခါ taoက အသံတိုးတိုးျဖင့္ တစ္ခ်က္ရယ္ကာ ဆက္ေျပာလာသည္။

"Kris... မေန႔ညကဖြင့္ေျပာတာ.."

"မင္း မအံဩဘူးလား.."

"အံဩတာေပါ့.. ဒါေပမယ့္ငါက နဂိုတည္းက နည္းနည္းရိပ္မိထားေတာ့ မင္းလိုေတာ့ေ႐ွာ့မရသြားဘူးေလ..."

"......"

ထိုအေျခအေနေၾကာင့္ Baekhyun အံ့ဩသြားမိသလို ဝမ္းလည္းသာမိသည္။ krisသည္ကေတာ့ တစ္ခြန္းဆိုလွ်င္တစ္ခြန္း ေျပာထားသည့္အတိုင္း အမွန္ပင္ဖြင့္ေျပာလိုက္ေလ၏။ ေလးစားစရာပင္။ ႐ုတ္တရက္ ႏွစ္ေယာက္သားၾကားတြင္ ေျပာစရာစကားေပ်ာက္႐ွၿပီး အနည္းငယ္ၾကာေတာ့မွ baekhyun ေမးလိုက္သည္။

"အဲ့ေတာ့... မင္းဘယ္လိုခံစားရလဲ..။"

ထိုအခါ tao ၏မ်က္လံုးမ်ားမွ အရိပ္တစ္ခ်ိဳ႕ျဖတ္ေျပးသြားသည္ကုိေတာ့ baekhyun ျမင္လိုက္သည္။ ျပန္ေျဖသည့္ အသံတြင္ေတာ့အနည္းငယ္ တုန္ရီေနသည္ကုိ သတိထားမိသည္။

"ငါ...ပထမေတာ့ ရင္တုန္တယ္..။ ရင္တုန္တာလား ရင္ခုန္တာလားေတာ့ ငါေသခ်ာမသိဘူး..။ တစ္မ်ိဳးႀကီးဘဲ... ေပ်ာ္သလိုလည္းခံစားရတယ္.. "

ထို႔ေနာက္tao သည္ခနရပ္လိုက္ေသာ္လည္း သူ၏စကားအဓိပၸါယ္ မည္သည့္အေျခအေနသို႔ ကမ္းကပ္သြားေၾကာင္း သတိထားမိၿပီး မ်က္ဆံမ်ားျပာယာခက္ကာ ျမန္ဆန္စြာပင္ ထပ္မံျဖည့္စြက္ေျပာလာသည္။

"ဘာလို႔လဲေပ်ာ္လဲေတာ့လာမေမးနဲ႔ ငါလည္းမသိဘူး.. ဒီတိုင္း... ဒီတိုင္းဘဲ.."

Tao စကားေၾကာင့္ baekhyun ေခါင္းခါလ်က္ ခပ္ဆဆရယ္မိသည္။
chanyeolသူ႔ကုိ ဖြင့္ေျပာသည့္အခ်ိန္တြင္ေကာ...?
သူလည္း tao ကဲ့သို႔ပင္ ရင္တုန္မႈကုိခံစားရသည္။
သို႔ေသာ္.. ေပ်ာ္ရႊင္မႈ..?

Baekhyun အတြက္ေတာ့ ေပ်ာ္ရႊင္တာအစား ေၾကာက္တာကုိသာ ထပ္ေပါင္းခံစားရသည္။ ထို္ေၾကာင့္ပင္ ေ႐ွာင္ေနရန္အတြက္ ေလ့လာေရးခရီးလိုက္ရန္ဆံုးျဖတ္ခဲ့ျခင္းပင္။
ေသခ်ာသည္ကေတာ့ taoသည္လည္း krisႏွင့္ထပ္တူ ခံစားခ်က္႐ွိလွ်င္႐ွိေနႏိုင္ေလာက္သည္။ ထိုအခ်ိန္တြင္ပင္ အခ်ိန္ကုိက္ တတီတီျမည္လာေသာ timerေလး..။။

ထိုအခါ taoသည္ ထိုင္ေနရာဆတ္ခနဲထကာ baekhyunကုိ လက္ေပးလာသည္။ baekhyunလည္း ထိုလက္ကုိပင္ အားျပဳကာ မနည္းပင္ကုန္းရံုးထလာရသည္။ tao မွဆိုလိုက္သည္။

"သြားရေအာင္.."

မတ္တပ္ရပ္ျပီးသည္နွင့္ ဆြဲထူေပးေသာလက္ကုိျဖဳတ္ကာ ခနၶာကုိယ္ပတ္ပတ္လည္ကုိ ဖုန္ခါရင္း baekhyun ဆိုလိုက္သည္။

"မင္းနဲ႔ငါအသင္းမွမတူတာ...။ တူတူသြားလို႔မေကာင္းဘူးေလ"

ထိုအခါမွ tao လည္း သတိရသည့္ပံုစံျဖင့္ ေခါင္းၿငိမ့္၍ ၿပီးစလြယ္ႏႈတ္ဆတ္ကာ တျခားလမ္းမွထြက္သြားသည္။

Baekhyunလည္း လက္ထဲမွမိႈပြင့္အား ေသခ်ာဆုပ္ကုိင္ကာ ထြက္လာခဲ့လိုက္၏။ ေတာင္ေအာက္ဆင္းရာတြင္ေတာ့ ပထမတစ္ေခါက္ကဲ့သို႔ မ်က္စိလည္ေခါင္းမမူးေတာ့ေပ။ တက္ခဲ့သည့္လမ္းတစ္ေလွ်ာက္တြင္ အမွတ္တစ္ခ်ိဳ႕ျဖင့္မွတ္ထားခဲ့ၿပီး တျခားသူမ်ား၏အမွတ္အသားမ်ားကုိပါ ေတြ႔ရသျဖင့္ ထိုလမ္းအတုိင္းသာေလွ်ာက္လာခဲ့လိုက္သည္။

စုရပ္ကုိေရာက္ေတာ့ ေတာ္ေတာ္မ်ားမ်ားပင္ ေရာက္ေနၾကၿပီျဖစ္သည္။ baekhyun တို႔အဖြဲ႔၏ ေက်ာင္းသားကုိယ္စီ၏လက္တြင္ မိႈပြင့္ကႏွစ္ခု၊ သံုးခုစီ ကိုင္ထားၾကၿပီး baekhyun တစ္ေယာက္တည္းသာတစ္ခု။ baekhyun တို႔အဖဲြ႔၏အဓိကက မိႈသာျဖစ္သည္။ က်န္သည့္အဖြဲ႔မ်ားမွာလည္း အမ်ိဳးအစားတစ္မ်ိဳးစီ ကိုင္ေဆာင္ထားၿပီး တစ္ဖြဲ႔ႏွင့္တစ္ဖြဲ႔မတူညီၾကေပ။

Baekhyun ထင္သည့္အတိုင္းပင္ ယူလာသည့္အပင္မ်ားကုိ စာတမ္းျပဳစုခိုင္းသည္။ အုပ္စုလိုက္လုပ္ရ၍သာေတာ္ေတာ့သည္။ မဟုတ္လွ်င္ baekhyun ရမည္မဟုတ္။ စာမရ၍မဟုတ္။ လူကႏံုးခ်ိေန၍အင္အားပင္မ႐ွိေတာ့ေသာေၾကာင့္ျဖစ္သည္။ အဖြဲ႔အတြင္းခိုကပ္ေနေသာေၾကာင့္ တခ်ိဳ႕ကလည္း အျမင္မၾကည္ျဖစ္သည္ကုိေတြ႔ရသည္။ မတတ္ႏိုင္ေပ။ ထင္ခ်င္သလိုထင္ေစေတာ့ဟူ၍သာထားလိုက္သည္။

ေန႔လည္၁၁နာရီနားေလာက္ေရာက္ေတာ့ အကုန္အၿပီးသတ္ၿပီး ေန႔လည္စာမွာေပးသည္။ ေန႔လည္စာအတြက္ကမူ စားေသာက္ဆိုင္မွ ဖုန္းဆက္ကာ မွာယူရသည္။ ေန႔လည္စာစားၿပီးသည္ႏွင့္ အနားယူခိုင္းသည္။ အနားယူသည္ဟု ေခါင္းစဥ္တပ္ေသာ္လည္း အားလပ္ခ်ိန္ဟုလည္းဆို၍ရသည္ပင္။ ေက်ာင္းသားေက်ာင္းသူအမ်ားစုသည္ကား ေတာင္ေပၚတက္ကာ ဂိမ္းအခ်ိဳ႕ေဆာ့ၾကသည္။ တဲခ်သည့္စခန္းတြင္ baekhyun ႏွင့္တျခားေက်ာင္းသူအနည္းစုသာ က်န္႐ွိခဲ့သည္။

baekhyunကေတာ့ ထံုးစံအတိုင္းလူစုလူေဝးမ်ားသည့္ေနရာတြင္ မေနခ်င္ေသာေၾကာင့္သာ က်န္ေနခဲ့ျခင္းျဖစ္ၿပီး တစ္ေရးတစ္ေမာအိပ္ရန္အၾကံလည္းပါဝင္ေသာေၾကာင့္ ပင္ျဖစ္သည္။

ထမင္းစားၿပီးအိပ္ခ်င္သည့္ အက်င့္ဆိုးေၾကာင့္ေနခဲ့ျခင္း ျဖစ္ေသာ္လည္း ေခါင္းမူးေန၍တစ္ျဖစ္လည္း ခဏအနားယူရန္ က်န္ေနခဲ့ျခင္းျဖစ္သည္။

အခ်ိန္အားျဖင့္ ေန႔လည္ ၁နာရီခြဲ။
မြန္းတည္႔ခ်ိန္ျဖစ္ေသာ္လည္း ေဆာင္းတြင္းေပမို႔ ထင္သေလာက္မပူအိုက္သည္ကုိပင္ေက်းဇူးတင္ရမည္။ သစ္ပင္ရိပ္မ်ားႏွင့္ဖံုးလႊမ္းေန၍လည္း ေလေျပေအးတစ္ခ်ိဳ႕က သာသာယာယာတိုက္ခတ္လ်က္ပင္။

အေျခအေနအားျဖင့္ အလြန္သာယာေသာ ရာသီဥတုအေျခအေနပင္ျဖစ္သည္။
ထိုသာယာေသာရာသီဥတုႏွင့္အညီ baekhyun သည္လည္း တဲထဲတြင္တစ္ေယာက္တည္း သာသာယာယာပင္ အိပ္ေမာက်လ်က္႐ွိေနသည္။

•°•°•°•°•

Baekhyun သူ႔နားထဲၾကားေနရေသာ ဆူညံသံတခ်ိဳ႕ေၾကာင့္ အိပ္ေနရင္းမွမ်က္ေမွာင္ၾကံဳ႕မိသည္။ ဆူညံသံဆိုသည္မွာ လူတခ်ိဳ႕စကားေျပာသံ၊ ေျပးလႊားေနသည့္ေျခသံမ်ား၊ ခပ္က်ယ္က်ယ္ရယ္ေမာသံတို႔ကုိ ဆိုလိုျခင္းပင္။

ထိုအသံမ်ားေၾကာင့္ တစ္ဖက္သို႔ေစာင္းအိပ္ေနရာမွ အလိုမက်သည့္အလား က်န္တစ္ဖက္သို႔ လွည့္ကာေကြးအိပ္သြားသည္။

ထိုေနာက္ပိုင္းအေျခအေနမ်ားတြင္ baekhyun အိပ္ေပ်ာ္သြားသည္လား မေပ်ာ္သြားသည္လား စဥ္းစား၍မရ။ သူအလြန္ခ်မ္းေနသည္ကုိသာသူသိသည္။ ခ်မ္းေအးမႈေၾကာင့္တစ္ကုိယ္လံုးခိုက္ခိုက္တုန္ေနၿပီး ေစာင္ကုိတင္းက်ပ္စြာပတ္ထားေသာ္လည္း ေပ်ာက္မသြားေပ။ မ်က္စိဖြင့္ၾကည့္ခ်င္ပါေသာ္လည္း တစ္ကုိယ္လံုးကုိက္ခဲေနသည္မွာ မ်က္လံုးသည္ပင္ ပါဝင္သည့္အလား လႈပ္မရ ျပဳမရႏွင့္။

ထို႔ေနာက္ဆက္လက္သတိထားမိသည္မွာ သူ၏ပုခံုးစြန္းမွထိေတြ႔မႈတစ္ခု။ ထိေတြ႔မႈဆိုသည္ထက္တင္းက်ပ္က်ပ္ကိုင္ကာ လႈပ္ႏိႈးေနျခင္းျဖစ္သည္။ သူ၏မ်က္လႊာမပြင့္မခ်င္း လႈပ္ႏိႈးေနသကဲ့သို႔ပင္။ အားသည္ အ႐ိုးေၾကမတတ္ပင္ လြန္စြာျပင္းထန္လွသည္။ မ်က္စိမဖြင့္ခ်င္ဖြင့္ခ်င္ႏွင့္ ေျဖးညႇင္းစြာပင္ ၾကည့္လိုက္ေတာ့ မႈန္ဝါးဝါးအရိပ္အေယာင္မ်ားကုိသာျမင္ရသည္။

လူေတြအမ်ားႀကီးပင္။
သူ႔ကုိအုပ္မိုးၾကည့္ေနသည့္ မႈန္ဝါးဝါးလူပံုရိပ္မ်ား..
ထိုလူမ်ားပါးစပ္မွဆူညံစြာေျပာဆိုေနၾကေသာ္လည္း သူသိပ္နားမလည္။ အိပ္ခ်င္သည္သာသိသည္။
အိပ္ခ်င္သည္....။
ထို႔ေနာက္စိတ္ကုိအလိုလိုက္ကာပင္ မ်က္လံုးပိတ္ခ်လိုက္ေတာ့သည္။
ထိုေနာက္ပုိင္းဘာဆက္ျဖစ္သည္လည္း သူမသိေတာ့..။ ျမင္ကြင္းေရာ အသိစိတ္သည္ေရာ အေမွာင္က်လ်က္ပင္..။

•°•°•°•

အေႏြးဓာတ္တစ္ခုက သူ၏ခနၶာကုိယ္ ပတ္ပတ္လည္တြင္ပ်ံ႕ႏွံ႔ေနၿပီး သက္ေသာင့္သက္သာ ျဖစ္ေနေစသည္ကုိ သတိထားမိသည္။ ထို႔ေနာက္ သူ၏နားထဲဝင္လာေသာ စကားေျပာသံမ်ား..။ အေဒၚႀကီးမ်ားတခ်ိဳ႕၏ က်ယ္က်ယ္ေလာင္ေလာင္ စကားေျပာသံမ်ားကုိ နားထဲတိုက္႐ိုက္ၾကားေနရသည္။ အိပ္ေပ်ာ္ရာမွႏိုးလာသကဲ့သို႔ပင္ ကုိက္ခဲမႈမ်ားမ႐ွိေတာ့ဘဲ မ်က္လံုးကုိျဖည္းညႇင္းစြာဖြင့္လိုက္သည္။

သူမ်က္လံုးဖြင့္လိုက္ေသာအခါ ပထမဦးစြာ သူ၏အေပၚတည့္တည့္တြင္ ထားထားေသာမီးေခ်ာင္းမွ အလင္းေရာင္ေၾကာင့္ မ်က္ေမွာင္ၾကဳံ့ကာ ေျဖးညႇင္းစြာ တစ္ဖက္သို႔လွည့္၍ အၾကည့္လႊဲလိုက္သည္။

ထိုအခါတြင္မူ ေနာက္ေက်ာေပးထားေသာ အေဒၚႀကီးတစ္ေယာက္ထံမွ ဖန္ခြက္တခ်ိဳ႕ အခ်င္းခ်င္း ထိသံမ်ားကုိ ၾကားေနရသည္။ လႈပ္လီလႈပ္လဲ့ျဖင့္ တစ္ခုခုကုိအာရံုစိုက္ေနပံုရၿပီး baekhyun ႏိုးလာသည္ကုိသတိမျပဳမိ။ အစကbaekhyun မည္သူနည္းဟုေတြးလိုက္ေသာ္လည္း ၾကာၾကာမေတြးလိုက္ရ.. အိမ္မွတစ္ဦးတည္းေသာ မားပင္။

ထို႔ေနာက္အၾကည့္လႊဲ၍ ေဘးပတ္လည္ကုိၾကည့္မိေတာ့ တစ္ေယာက္အိပ္ ကုတင္မ်ား အနည္းငယ္ျခားကာ စီရီေသသပ္စြာ ခ်ထားသည္ကုိေတြ႔ရၿပီး ထိုထဲမွာမွ တခ်ိဳ႕ကုတင္မ်ားတြင္ အေဒၚႀကီးမ်ားသည္ တူညီဝတ္စံုမ်ားဝတ္လ်က္ စကားေျပာေနသူကေျပာ၊ အိပ္ေနသူကအိပ္ျဖင့္ အသီးသီး ကိုယ္စီ႐ွိေနၾကသည္။

ထိုတူညီဝတ္စံုဆိုသည္ကုိ ျမင္သည္ႏွင့္ baekhyun နားလည္လိုက္သည္ကား သူေဆးရံုတစ္ခုကုိ ေရာက္ေနျခင္းပင္ ျဖစ္လိမ့္မည္။

ဘယ္လိုျဖစ္လို႔လဲ....?

ေနာက္ဆံုးမွတ္မိသည္က သူေလ့လာေရးခရီးတြင္မဟုတ္ေပလား။ အဘယ္ေၾကာင့္သူကေဆးရံုသို႔ ျဗဳန္းစားႀကီးေရာက္လာရသည္လဲ။ ထိုစဥ္တြင္ပင္ မားသည္ baekhyun ဘက္သို႔ဦးလွည့္လာသည္။

"ႏိုးၿပီလား...။"

Baekhyun လွဲအိပ္ၿပီးစကားေျပာေနရသည္မွာ မေကာင္းဟုခံစားရ၍ ထထိုင္ရန္ႀကိဳးစားလို္က္သည္။ ထိုအခါမားသည္ အနားေရာက္လာၿပီး ေသခ်ာဆြဲထူေပးကာ ေက်ာေနာက္တြင္ေခါင္းအံုးတစ္လံုးထားေပးၿပီး ကုတင္ေဘး႐ွိခံုတြင္ဝင္ထိုင္လိုက္သည္။ baekhyunသူနာမးလည္သည္ကုိ ထုတ္ေမးလိုက္သည္။

"သား... ဘယ္လိုဒီေရာက္ေနတာလဲ..။"

ထိုအခါ baekhyunမားသည္ သံုးပံုပံုမွ တစ္ပံုသာ အံ့ဩေသာအမူအရာပါသည့္ မ်က္ႏွာထားႏွင့္ ျပန္ေမးခြန္းထုတ္သည္။

"အဲ့ဒါက်ဳပ္ေမးရမွာမဟုတ္ဖူးလား..ေျဗာင္ဘတ္..။ ဘယ္လိုျဖစ္လို႔႐ုတ္တရက္သတိလစ္သြားရတာတုန္း..။ က်ဳပ္မွာေတာ့္ဆရာဆီက ဖုန္းရရခ်င္းပူထူသြားတာဘဲ...။"

သတိလစ္သြားတယ္...?

မားေျပာမွ baekhyun ျပန္သတိရေတာ့သည္။
ေနာက္ဆံုးသူမွတ္မိသည္က တျခားေက်ာင္းသားမ်ား ေတာင္ေပၚတက္ကစားေနတုန္း သူတဲတြင္အိပ္ရန္ေနခဲ့ျခင္းပင္။ ထိုေနာက္ပုိ္င္းသိပ္မမွတ္မိေသာ္ျငား ဝိုးတဝါးတားေတာ့ သူသတိရပါေသးသည္။

သူ႔အားအုပ္စုိးၾကည့္ေနေသာ မႈန္မႈန္ဝါးဝါးလူတခ်ိဳ႕၏ပံုရိပ္၊ သူ႔နာမည္အားေအာ္ေခၚေနေသာ လူတခ်ိဳ႕အသံ၊ ကုိင္လႈပ္ႏိႈးေနေသာ အထိအေတြ႔မ်ား...။
အကုန္လံုးသည္ေရာေႏွာေနၿပီး ထိုအေျခအေနတြင္ သူသတိလစ္သြားမိသည္ျဖစ္ေလာက္မည္။

သတိလစ္သြားမိတယ္?

Baekhyun ေခါင္းထဲတြင္ထိုစကားလံုးတစ္လံုးတည္းကသာ တစ္ဝဲလည္လည္ျဖစ္ေနၿပီး စိတ္ထဲ၌ မေက်မနပ္ျဖစ္မႈကုိသာ ခံစားေနရသည္။ သူသည္ႏုႏုဖတ္ဖတ္မိန္းကေလးတစ္ေယာက္ လည္းမဟုတ္ပါဘဲ ေနမေကာင္းျဖစ္ရံုေလာက္ႏွင့္ အဘယ္သို႔ ခ်က္ခ်င္းသတိလစ္သြားရသနည္း။ ယခင္အခ်ိန္မ်ားတြင္ ေနမေကာင္းခဏခဏျဖစ္ဖူးပါေသာ္လည္း သူသတိလစ္ရေလာက္သည္အထိေတာ့ တစ္ခါမွမ႐ွိစဖူး၊ မၾကံဳစဖူး။
အမွန္တုိင္းဆိုရလွ်င္ ေယာက်္ားေလးတစ္ေယာက္အေနႏွင့္ သူ႔ကိုယ္သူအားမလိုအားမရျဖစ္ေစသည္။

ထို႔ေနာက္သူ၏ေခါင္းထဲခ်က္ခ်င္းဝင္လာေသာ အသိေပးခ်က္တစ္ခုေၾကာင့္ ဦးေႏွာက္ထဲတြင္ေသြးအလံုးလိုက္ေဆာင့္တက္သြားသလိုခံစားလိုက္ရၿပီး ခ်က္ခ်င္းပင္မားဘက္လွည့္ကာ ျမန္ျမန္ဆန္ဆန္ေမးခြန္းထုတ္ရန္ အားစပ္ဟလိုက္သည္။

သို႔ေသာ္ ထိုအခ်ိန္တြင္ပင္ မားသည္သူ၏မ်က္လံုးျပဴးမ်က္ဆန္ျပဴး အေျခအေနအားနားလည္သည့္အလား မေမးရေသးခင္ သူအရင္စေျပာလာသည္။

"စာေမးပြဲမက်ေသးဘူး စိတ္ခ်။"

ဆိုေတာ့မွ baekhyun စိတ္ေအးသက္ျပင္းခ်မိေတာ့သည္။ သတိလစ္သည့္အခ်ိန္သည္ ရက္႐ွည္ၾကာသြားခဲ့လွ်င္ စာေမးပြဲမေျဖဘဲ ေက်ာ္သြားမိမည္စိုးရိမ္ေသာေၾကာင့္ပင္။
Baekhyun မွေမးလိုက္သည္။

"သားဘယ္ေန႔ကတည္းက ဒီကုိေရာက္ေနတာလဲ မား"

"မေန႔ညလယ္ေခါင္ႀကီးတင္ေရာက္တာ.. အခုမွမနက္အေစာပုိင္း...ခုမွ.."

ေျပာရင္းႏွင့္ပင္မားသည္ ေဆးရံုမွတိုင္ကပ္နာရီသို႔လွမ္းၾကည့္လိုက္၏။

"အခုမွ...မနက္ ၇နာရီဘဲ႐ွိေသးတယ္။ ဆရာဝန္ကေတာ့ ရာသီဥတုေၾကာင့္ ႐ုတ္တရက္ အဖ်ားႀကီးသြားတယ္ေျပာၿပီး ေဆးထိုးေပးသြားတာဘဲ။ ဒီေလာက္အေနအထိုင္ဆင္ျခင္ဖို႔ ေတာက္ေလွ်ာက္သတိေပးေနရတဲ့ၾကားထဲက သတိလစ္တဲ့အထိျဖစ္ရတယ္လို႔။ ၿပီးေတာ့လည္း တျခားရက္မဟုတ္ စာေမးပြဲရက္ႀကီး။ နဂိုတည္းကေလ့လာေရးခရီးလိုက္မယ္ဆိုလည္း ကုိယ့္ဘက္ကေသခ်ာအဆင္ေျပေအာင္စီစဥ္ေလ..။ အခုေတာ့ နင့္ေက်းဇူးေၾကာင့္ ေက်ာင္းသားေတြအကုန္ တစ္ရက္ေစာၿပီးျပန္လာရၿပီ။ နဂိုတည္းက ငါတဖြဖြမွာတယ္..ေသခ်ာဂ႐ု...%#*$^%#^ "

ထိုေနာက္ပုိင္းစကားမ်ားသည္ baekhyun နားႏွင့္မဆန္႔ေတာ့။ မသည္သူ၏တာဝန္ျဖစ္ေသာအပိုင္းကုိ ေက်ပြန္စြာပင္ ေျပာဆိုေနသည္မွာ မၿပီးႏိုင္ေတာ့။

ေလ့လာေရးခရီးမွတစ္ရက္ေစာျပန္လာရသည္ဆိုေတာ့ကား စာေမးပြဲေျဖရန္တစ္ပတ္လိုေသးသည္ပင္။ အခုမွအဆင္ေျပသြားသလိုပင္ စာၾကည့္ခ်ိန္ေတာင္ ပုိရလိုက္သည္။
မားသည္ေျပာဆိုျခင္းအမႈၿပီးသြားေသာအခါ သက္ျပင္းတစ္ခ်က္ခ်၍ ေျပာေလသည္။

"ေတာ့္ဖို႔ က်ဳပ္အိမ္ကဆန္ျပဳတ္ျပဳတ္လာမလို႔ဘဲ...။ ဒါေပမယ့္ေတာ့္အေဖက အခ်ိန္ပုိဆိုလို႔ သူ႔ေန႔လည္စာျပင္ေပးလိုက္ရတာနဲ႔ မလုပ္လာရဘူး..။ အခုဆန္ျပဳတ္သြားဝယ္လိုက္ဦးမယ္။ ေအးေဆးေနခဲ့"

မားသည္ ေျပာၿပီးခ်က္ခ်င္းပင္ ထြက္သြားေလသည္။ သက္ျပင္းအ႐ွည္ႀကီးတစ္ခ်က္ကုိမႈတ္ထုတ္၍ ေဘးပတ္လည္ကုိၾကည့္မိလိုက္သည္။

ေဆးရံုေဆးခန္းေပမို႔လားမသိ လူႀကီးသူမမ်ားကုိသာ အမ်ားဆံုးေတြ႔ရသည္။ VIP ေတြကဲ့သို႔ အခန္းတစ္ခန္းဆီမဟုတ္ဘဲ က်ယ္ဝန္းေသာ ရပ္ဝန္းတြင္ ကုတင္တစ္လံုးခ်င္းဆီကုိ လိုက္ကာတစ္ခုဆီ သပ္သပ္ထားေပးထားကာ ထားထားေပးေသာေၾကာင့္ လူတိုင္းမဟုတ္လွ်င္ေတာင္ တခ်ိဳ႕ကုိျမင္ေတြ႔ႏိုင္သည္။

ထိပ္ဆံုးကုတင္႐ွိ မားႏွင့္ရြယ္တူဟုထင္ရေသာ အေဒၚႀကီးတစ္ေယာက္သည္ နံရံကပ္TVတြင္ျပသေနေသာ ဒရမ္မာဇာတ္လမ္းတြဲကုိသာအာရံုစူးစိုက္ၾကည့္ေနၿပီး ႏႈတ္မွလည္း ဗီလိမ္ျဖစ္ပံုရသူကုိျဗစ္ေတာက္ျဗစ္ေတာက္ႏွင့္ ေျပာဆိုေနေသးသည္။ baekhyun သူ႔မားႏွင့္တစ္ပံုစံတည္းဟု ေ​ေ​တြးမိ၍ တစ္ခ်က္ျပံဳးလိုက္မိေသးသည္။

ထိုကုတင္၏ မ်က္ႏွာခ်င္းဆိုင္ကုတင္တြင္မူ baekhyunထက္ငယ္မည္ထင္ရသည့္ ကေလးေလးတစ္ေယာက္႐ွိေနၿပီး ထိုကေလးေလး၏ေဘးတြင္ အေမျဖစ္ဟန္တူေသာအမ်ိဳးသမီးတစ္ဦးက နဖူးကုိခပ္ဖြဖြနမ္းေနသည္ကုိေတြ႔ရသည္။ ထိုအမ်ိဳးသမီး၏ေဘးတြင္ရပ္ေနသည့္ အေဖျဖစ္ဟန္တူေသာ အမ်ိဳးသားသည္ကား ထိုသားအမိႏွစ္ေယာက္ကုိ အၾကင္နာမ်က္ဝန္းမ်ားႏွင့္ ၾကည့္ေနလ်က္။

ထိုျမင္ကြင္းေၾကာင့္ baekhyun ဦးေႏွာက္ထဲ ထူးဆန္းေသာအေတြးတစ္ခုက ဝင္ေႏွာင့္လာေလသည္။

Tao နဲ႔ krisတို႔ဆိုရင္ေရာ...?
ကေလးရႏိုင္ပါ့မလား....?

သဘာဝအတိုင္းမဟုတ္သၫ့္..
သဘာဝကိုလြန္ဆန္ကာ ခ်စ္ႀကိဳက္ခဲ့ၾကေသာ အတြဲမ်ားသည္ အဘယ္သို႔ကေလးရႏိုင္ပါမည္နည္း..။

Baekhyun သူေတြးေနသၫ့္အရာမ်ားကို ရုတ္တရက္သတိထားမိေတာ့မွ ကိုယ့္ပါးကိုယ္ျပန္တစ္ခ်က္ရိုက္ကာ ခပ္ဟဟရယ္မိသည္။ အနည္းဆံုးအခုမွသူတို႔က အထက္တန္းေက်ာင္းသားသာရိွေသးသည္။ လက္ထပ္ဖို႔ကိစၥဆိုသည္မွာ အခုခ်ိန္တြင္ဆံုးျဖတ္၍မသင့္ေသး။

ၿပီးလ်ွင္ tao ႏွင့္ kris တို႔ကယာယီလည္းျဖစ္ႏိုင္သည္ဘဲေလ။ ခဏတာတြဲရံု၊ ခ်စ္သူရည္းစားျဖစ္ရံုႏွင့္ လက္ထပ္ေတာ့မည္ဟု အတည္ယူ၍မရႏိုင္။ ထို႔အတူ chanyeol သည္လည္းငယ္ရြယ္ေသးသၫ့္အရြယ္တြင္ စိတ္ကစားျခင္းသာျဖစ္ႏိုင္ၿပီး ထိုကေလးႏႈတ္မွထြက္ေသာ စကားမ်ားကိုအတည္ယူ၍မရေသး..။

Chanyeolသည္ ေနာက္ပိုင္းအရြယ္ေရာက္လာလ်ွင္ မိန္းကေလးတစ္ေယာက္ေယာက္ႏွင့္လက္ထပ္ ကေလးယူၿပီး မိသားစုတစ္ခုကိုတည္ေထာင္သင့္သၫ့္ အမ်ိဳးေကာင္းသား တစ္ဦးျဖစ္သည္။ ထို႔အတြက္ေၾကာင့္ chanyeolအား ယခုအရြယ္တြင္စိတ္ေတာ့မကစားေစခ်င္ေသး။ အသက္အရြယ္အိုမင္းလာၿပီး နာမက်န္းျဖစ္လာေသာအခါမ်ားတြင္လည္း သားသမီးဆိုသည္မွာ အားကိုးရသည္မဟုတ္ေပလား..။

ယုတၱိမဆန္ေသာ အေတြးမ်ားကုိေခါင္းထဲက ႏွင္ထုတ္ၿပီး ေနာက္တစ္ေနရာသို႔ အၾကည့္လႊဲလိုက္သည္။ အၾကည့္လႊဲလိုက္ၿပီးကာမွ ျမင္လိုက္ရေသာ ျမင္ကြင္းေၾကာင့္ baekhyun ရင္ထဲနင့္သြားရသည္။

•~•~•~•~•

ေယာက်္ားေလးခ်င္းမို႔လို႔ပါ...
ပတ္ဝန္းက်င္အျမင္ေၾကာင့္မို႔လို႔ပါ..
ဆိုၿပီး အေၾကာင္းျပခ်က္မ်ိဳးစံုနဲ႔ျငင္းလႊတ္ေနတဲ့ ခ်ိဖက ေနာက္ပုိင္းကေလးယူမယ့္အထိေတာင္ေတြးပူေနေသး..🙁 ဟင့္

🅷 🆈 🆄 🅽 🅶

Unicode

ထိုစကားကြောင့် baekhyun ပြာပြာသလဲလဲ tao ဘက်ကို လှည့်ကြည့်လိုက်မိသည်။ tao ကတော့အရှေ့တည့်တည့်ကိုသာ ကြည့်ရင်းဆက်ပြောလာသည်။

"မင်းသိထားပြီးသားဆို.."

လေသံသည် အပြစ်တင်သည့်အနေအထား တစ်စိုးတစ်စိမျှ မပါဝင်ပါသော်ငြား စစ်ဆေးခံနေရသကဲ့သို့ ရင်တုန်ပန်းတုန်ဖြစ်စေသည်။

ရုတ်တရက်မို့ တုန်သွားသောရင်ကို တည်ငြိမ်အောင်ထိန်းလျက် သေချာဆိုလိုက်သည်။

"အင်း...။ ဘယ်လိုသိသွားတာလဲ.."

ထိုအခါ taoက အသံတိုးတိုးဖြင့် တစ်ချက်ရယ်ကာ ဆက်ပြောလာသည်။

"Kris... မနေ့ညကဖွင့်ပြောတာ.."

"မင်း မအံဩဘူးလား.."

"အံဩတာပေါ့.. ဒါပေမယ့်ငါက နဂိုတည်းက နည်းနည်းရိပ်မိထားတော့ မင်းလိုတော့ရှော့မရသွားဘူးလေ..."

"......"

ထိုအခြေအနေကြောင့် Baekhyun အံ့ဩသွားမိသလို ဝမ်းလည်းသာမိသည်။ krisသည်ကတော့ တစ်ခွန်းဆိုလျှင်တစ်ခွန်း ပြောထားသည့်အတိုင်း အမှန်ပင်ဖွင့်ပြောလိုက်လေ၏။ လေးစားစရာပင်။ ရုတ်တရက် နှစ်ယောက်သားကြားတွင် ပြောစရာစကားပျောက်ရှပြီး အနည်းငယ်ကြာတော့မှ baekhyun မေးလိုက်သည်။

"အဲ့တော့... မင်းဘယ်လိုခံစားရလဲ..။"

ထိုအခါ tao ၏မျက်လုံးများမှ အရိပ်တစ်ချို့ဖြတ်ပြေးသွားသည်ကိုတော့ baekhyun မြင်လိုက်သည်။ ပြန်ဖြေသည့် အသံတွင်တော့အနည်းငယ် တုန်ရီနေသည်ကို သတိထားမိသည်။

"ငါ...ပထမတော့ ရင်တုန်တယ်..။ ရင်တုန်တာလား ရင်ခုန်တာလားတော့ ငါသေချာမသိဘူး..။ တစ်မျိုးကြီးဘဲ... ပျော်သလိုလည်းခံစားရတယ်.. "

ထို့နောက်tao သည်ခနရပ်လိုက်သော်လည်း သူ၏စကားအဓိပ္ပါယ် မည်သည့်အခြေအနေသို့ ကမ်းကပ်သွားကြောင်း သတိထားမိပြီး မျက်ဆံများပြာယာခက်ကာ မြန်ဆန်စွာပင် ထပ်မံဖြည့်စွက်ပြောလာသည်။

"ဘာလို့လဲပျော်လဲတော့လာမမေးနဲ့ ငါလည်းမသိဘူး.. ဒီတိုင်း... ဒီတိုင်းဘဲ.."

Tao စကားကြောင့် baekhyun ခေါင်းခါလျက် ခပ်ဆဆရယ်မိသည်။
chanyeolသူ့ကို ဖွင့်ပြောသည့်အချိန်တွင်ကော...?
သူလည်း tao ကဲ့သို့ပင် ရင်တုန်မှုကိုခံစားရသည်။
သို့သော်.. ပျော်ရွှင်မှု..?

Baekhyun အတွက်တော့ ပျော်ရွှင်တာအစား ကြောက်တာကိုသာ ထပ်ပေါင်းခံစားရသည်။ ထို်ကြောင့်ပင် ရှောင်နေရန်အတွက် လေ့လာရေးခရီးလိုက်ရန်ဆုံးဖြတ်ခဲ့ခြင်းပင်။
သေချာသည်ကတော့ taoသည်လည်း krisနှင့်ထပ်တူ ခံစားချက်ရှိလျှင်ရှိနေနိုင်လောက်သည်။ ထိုအချိန်တွင်ပင် အချိန်ကိုက် တတီတီမြည်လာသော timerလေး..။။

ထိုအခါ taoသည် ထိုင်နေရာဆတ်ခနဲထကာ baekhyunကို လက်ပေးလာသည်။ baekhyunလည်း ထိုလက်ကိုပင် အားပြုကာ မနည်းပင်ကုန်းရုံးထလာရသည်။ tao မှဆိုလိုက်သည်။

"သွားရအောင်.."

မတ်တပ်ရပ်ပြီးသည်နှင့် ဆွဲထူပေးသောလက်ကိုဖြုတ်ကာ ခန္ဓာကိုယ်ပတ်ပတ်လည်ကို ဖုန်ခါရင်း baekhyun ဆိုလိုက်သည်။

"မင်းနဲ့ငါအသင်းမှမတူတာ...။ တူတူသွားလို့မကောင်းဘူးလေ"

ထိုအခါမှ tao လည်း သတိရသည့်ပုံစံဖြင့် ခေါင်းငြိမ့်၍ ပြီးစလွယ်နှုတ်ဆတ်ကာ တခြားလမ်းမှထွက်သွားသည်။

Baekhyunလည်း လက်ထဲမှမှိုပွင့်အား သေချာဆုပ်ကိုင်ကာ ထွက်လာခဲ့လိုက်၏။ တောင်အောက်ဆင်းရာတွင်တော့ ပထမတစ်ခေါက်ကဲ့သို့ မျက်စိလည်ခေါင်းမမူးတော့ပေ။ တက်ခဲ့သည့်လမ်းတစ်လျှောက်တွင် အမှတ်တစ်ချို့ဖြင့်မှတ်ထားခဲ့ပြီး တခြားသူများ၏အမှတ်အသားများကိုပါ တွေ့ရသဖြင့် ထိုလမ်းအတိုင်းသာလျှောက်လာခဲ့လိုက်သည်။

စုရပ်ကိုရောက်တော့ တော်တော်များများပင် ရောက်နေကြပြီဖြစ်သည်။ baekhyun တို့အဖွဲ့၏ ကျောင်းသားကိုယ်စီ၏လက်တွင် မှိုပွင့်ကနှစ်ခု၊ သုံးခုစီ ကိုင်ထားကြပြီး baekhyun တစ်ယောက်တည်းသာတစ်ခု။ baekhyun တို့အဖွဲ့၏အဓိကက မှိုသာဖြစ်သည်။ ကျန်သည့်အဖွဲ့များမှာလည်း အမျိုးအစားတစ်မျိုးစီ ကိုင်ဆောင်ထားပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့မတူညီကြပေ။

Baekhyun ထင်သည့်အတိုင်းပင် ယူလာသည့်အပင်များကို စာတမ်းပြုစုခိုင်းသည်။ အုပ်စုလိုက်လုပ်ရ၍သာတော်တော့သည်။ မဟုတ်လျှင် baekhyun ရမည်မဟုတ်။ စာမရ၍မဟုတ်။ လူကနုံးချိနေ၍အင်အားပင်မရှိတော့သောကြောင့်ဖြစ်သည်။ အဖွဲ့အတွင်းခိုကပ်နေသောကြောင့် တချို့ကလည်း အမြင်မကြည်ဖြစ်သည်ကိုတွေ့ရသည်။ မတတ်နိုင်ပေ။ ထင်ချင်သလိုထင်စေတော့ဟူ၍သာထားလိုက်သည်။

နေ့လည်၁၁နာရီနားလောက်ရောက်တော့ အကုန်အပြီးသတ်ပြီး နေ့လည်စာမှာပေးသည်။ နေ့လည်စာအတွက်ကမူ စားသောက်ဆိုင်မှ ဖုန်းဆက်ကာ မှာယူရသည်။ နေ့လည်စာစားပြီးသည်နှင့် အနားယူခိုင်းသည်။ အနားယူသည်ဟု ခေါင်းစဉ်တပ်သော်လည်း အားလပ်ချိန်ဟုလည်းဆို၍ရသည်ပင်။ ကျောင်းသားကျောင်းသူအများစုသည်ကား တောင်ပေါ်တက်ကာ ဂိမ်းအချို့ဆော့ကြသည်။ တဲချသည့်စခန်းတွင် baekhyun နှင့်တခြားကျောင်းသူအနည်းစုသာ ကျန်ရှိခဲ့သည်။

baekhyunကတော့ ထုံးစံအတိုင်းလူစုလူဝေးများသည့်နေရာတွင် မနေချင်သောကြောင့်သာ ကျန်နေခဲ့ခြင်းဖြစ်ပြီး တစ်ရေးတစ်မောအိပ်ရန်အကြံလည်းပါဝင်သောကြောင့် ပင်ဖြစ်သည်။

ထမင်းစားပြီးအိပ်ချင်သည့် အကျင့်ဆိုးကြောင့်နေခဲ့ခြင်း ဖြစ်သော်လည်း ခေါင်းမူးနေ၍တစ်ဖြစ်လည်း ခဏအနားယူရန် ကျန်နေခဲ့ခြင်းဖြစ်သည်။

အချိန်အားဖြင့် နေ့လည် ၁နာရီခွဲ။
မွန်းတည့်ချိန်ဖြစ်သော်လည်း ဆောင်းတွင်းပေမို့ ထင်သလောက်မပူအိုက်သည်ကိုပင်ကျေးဇူးတင်ရမည်။ သစ်ပင်ရိပ်များနှင့်ဖုံးလွှမ်းနေ၍လည်း လေပြေအေးတစ်ချို့က သာသာယာယာတိုက်ခတ်လျက်ပင်။

အခြေအနေအားဖြင့် အလွန်သာယာသော ရာသီဥတုအခြေအနေပင်ဖြစ်သည်။
ထိုသာယာသောရာသီဥတုနှင့်အညီ baekhyun သည်လည်း တဲထဲတွင်တစ်ယောက်တည်း သာသာယာယာပင် အိပ်မောကျလျက်ရှိနေသည်။

•°•°•°•°•

Baekhyun သူ့နားထဲကြားနေရသော ဆူညံသံတချို့ကြောင့် အိပ်နေရင်းမှမျက်မှောင်ကြုံ့မိသည်။ ဆူညံသံဆိုသည်မှာ လူတချို့စကားပြောသံ၊ ပြေးလွှားနေသည့်ခြေသံများ၊ ခပ်ကျယ်ကျယ်ရယ်မောသံတို့ကို ဆိုလိုခြင်းပင်။

ထိုအသံများကြောင့် တစ်ဖက်သို့စောင်းအိပ်နေရာမှ အလိုမကျသည့်အလား ကျန်တစ်ဖက်သို့ လှည့်ကာကွေးအိပ်သွားသည်။

ထိုနောက်ပိုင်းအခြေအနေများတွင် baekhyun အိပ်ပျော်သွားသည်လား မပျော်သွားသည်လား စဉ်းစား၍မရ။ သူအလွန်ချမ်းနေသည်ကိုသာသူသိသည်။ ချမ်းအေးမှုကြောင့်တစ်ကိုယ်လုံးခိုက်ခိုက်တုန်နေပြီး စောင်ကိုတင်းကျပ်စွာပတ်ထားသော်လည်း ပျောက်မသွားပေ။ မျက်စိဖွင့်ကြည့်ချင်ပါသော်လည်း တစ်ကိုယ်လုံးကိုက်ခဲနေသည်မှာ မျက်လုံးသည်ပင် ပါဝင်သည့်အလား လှုပ်မရ ပြုမရနှင့်။

ထို့နောက်ဆက်လက်သတိထားမိသည်မှာ သူ၏ပုခုံးစွန်းမှထိတွေ့မှုတစ်ခု။ ထိတွေ့မှုဆိုသည်ထက်တင်းကျပ်ကျပ်ကိုင်ကာ လှုပ်နှိုးနေခြင်းဖြစ်သည်။ သူ၏မျက်လွှာမပွင့်မချင်း လှုပ်နှိုးနေသကဲ့သို့ပင်။ အားသည် အရိုးကြေမတတ်ပင် လွန်စွာပြင်းထန်လှသည်။ မျက်စိမဖွင့်ချင်ဖွင့်ချင်နှင့် ဖြေးညှင်းစွာပင် ကြည့်လိုက်တော့ မှုန်ဝါးဝါးအရိပ်အယောင်များကိုသာမြင်ရသည်။

လူတွေအများကြီးပင်။
သူ့ကိုအုပ်မိုးကြည့်နေသည့် မှုန်ဝါးဝါးလူပုံရိပ်များ..
ထိုလူများပါးစပ်မှဆူညံစွာပြောဆိုနေကြသော်လည်း သူသိပ်နားမလည်။ အိပ်ချင်သည်သာသိသည်။
အိပ်ချင်သည်....။
ထို့နောက်စိတ်ကိုအလိုလိုက်ကာပင် မျက်လုံးပိတ်ချလိုက်တော့သည်။
ထိုနောက်ပိုင်းဘာဆက်ဖြစ်သည်လည်း သူမသိတော့..။ မြင်ကွင်းရော အသိစိတ်သည်ရော အမှောင်ကျလျက်ပင်..။

•°•°•°•

အနွေးဓာတ်တစ်ခုက သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင်ပျံ့နှံ့နေပြီး သက်သောင့်သက်သာ ဖြစ်နေစေသည်ကို သတိထားမိသည်။ ထို့နောက် သူ၏နားထဲဝင်လာသော စကားပြောသံများ..။ အဒေါ်ကြီးများတချို့၏ ကျယ်ကျယ်လောင်လောင် စကားပြောသံများကို နားထဲတိုက်ရိုက်ကြားနေရသည်။ အိပ်ပျော်ရာမှနိုးလာသကဲ့သို့ပင် ကိုက်ခဲမှုများမရှိတော့ဘဲ မျက်လုံးကိုဖြည်းညှင်းစွာဖွင့်လိုက်သည်။

သူမျက်လုံးဖွင့်လိုက်သောအခါ ပထမဦးစွာ သူ၏အပေါ်တည့်တည့်တွင် ထားထားသောမီးချောင်းမှ အလင်းရောင်ကြောင့် မျက်မှောင်ကြုံ့ကာ ဖြေးညှင်းစွာ တစ်ဖက်သို့လှည့်၍ အကြည့်လွှဲလိုက်သည်။

ထိုအခါတွင်မူ နောက်ကျောပေးထားသော အဒေါ်ကြီးတစ်ယောက်ထံမှ ဖန်ခွက်တချို့ အချင်းချင်း ထိသံများကို ကြားနေရသည်။ လှုပ်လီလှုပ်လဲ့ဖြင့် တစ်ခုခုကိုအာရုံစိုက်နေပုံရပြီး baekhyun နိုးလာသည်ကိုသတိမပြုမိ။ အစကbaekhyun မည်သူနည်းဟုတွေးလိုက်သော်လည်း ကြာကြာမတွေးလိုက်ရ.. အိမ်မှတစ်ဦးတည်းသော မားပင်။

ထို့နောက်အကြည့်လွှဲ၍ ဘေးပတ်လည်ကိုကြည့်မိတော့ တစ်ယောက်အိပ် ကုတင်များ အနည်းငယ်ခြားကာ စီရီသေသပ်စွာ ချထားသည်ကိုတွေ့ရပြီး ထိုထဲမှာမှ တချို့ကုတင်များတွင် အဒေါ်ကြီးများသည် တူညီဝတ်စုံများဝတ်လျက် စကားပြောနေသူကပြော၊ အိပ်နေသူကအိပ်ဖြင့် အသီးသီး ကိုယ်စီရှိနေကြသည်။

ထိုတူညီဝတ်စုံဆိုသည်ကို မြင်သည်နှင့် baekhyun နားလည်လိုက်သည်ကား သူဆေးရုံတစ်ခုကို ရောက်နေခြင်းပင် ဖြစ်လိမ့်မည်။

ဘယ်လိုဖြစ်လို့လဲ....?

နောက်ဆုံးမှတ်မိသည်က သူလေ့လာရေးခရီးတွင်မဟုတ်ပေလား။ အဘယ်ကြောင့်သူကဆေးရုံသို့ ဗြုန်းစားကြီးရောက်လာရသည်လဲ။ ထိုစဉ်တွင်ပင် မားသည် baekhyun ဘက်သို့ဦးလှည့်လာသည်။

"နိုးပြီလား...။"

Baekhyun လှဲအိပ်ပြီးစကားပြောနေရသည်မှာ မကောင်းဟုခံစားရ၍ ထထိုင်ရန်ကြိုးစားလို်က်သည်။ ထိုအခါမားသည် အနားရောက်လာပြီး သေချာဆွဲထူပေးကာ ကျောနောက်တွင်ခေါင်းအုံးတစ်လုံးထားပေးပြီး ကုတင်ဘေးရှိခုံတွင်ဝင်ထိုင်လိုက်သည်။ baekhyunသူနာမးလည်သည်ကို ထုတ်မေးလိုက်သည်။

"သား... ဘယ်လိုဒီရောက်နေတာလဲ..။"

ထိုအခါ baekhyunမားသည် သုံးပုံပုံမှ တစ်ပုံသာ အံ့ဩသောအမူအရာပါသည့် မျက်နှာထားနှင့် ပြန်မေးခွန်းထုတ်သည်။

"အဲ့ဒါကျုပ်မေးရမှာမဟုတ်ဖူးလား..ဗြောင်ဘတ်..။ ဘယ်လိုဖြစ်လို့ရုတ်တရက်သတိလစ်သွားရတာတုန်း..။ ကျုပ်မှာတော့်ဆရာဆီက ဖုန်းရရချင်းပူထူသွားတာဘဲ...။"

သတိလစ်သွားတယ်...?

မားပြောမှ baekhyun ပြန်သတိရတော့သည်။
နောက်ဆုံးသူမှတ်မိသည်က တခြားကျောင်းသားများ တောင်ပေါ်တက်ကစားနေတုန်း သူတဲတွင်အိပ်ရန်နေခဲ့ခြင်းပင်။ ထိုနောက်ပို်င်းသိပ်မမှတ်မိသော်ငြား ဝိုးတဝါးတားတော့ သူသတိရပါသေးသည်။

သူ့အားအုပ်စိုးကြည့်နေသော မှုန်မှုန်ဝါးဝါးလူတချို့၏ပုံရိပ်၊ သူ့နာမည်အားအော်ခေါ်နေသော လူတချို့အသံ၊ ကိုင်လှုပ်နှိုးနေသော အထိအတွေ့များ...။
အကုန်လုံးသည်ရောနှောနေပြီး ထိုအခြေအနေတွင် သူသတိလစ်သွားမိသည်ဖြစ်လောက်မည်။

သတိလစ်သွားမိတယ်?

Baekhyun ခေါင်းထဲတွင်ထိုစကားလုံးတစ်လုံးတည်းကသာ တစ်ဝဲလည်လည်ဖြစ်နေပြီး စိတ်ထဲ၌ မကျေမနပ်ဖြစ်မှုကိုသာ ခံစားနေရသည်။ သူသည်နုနုဖတ်ဖတ်မိန်းကလေးတစ်ယောက် လည်းမဟုတ်ပါဘဲ နေမကောင်းဖြစ်ရုံလောက်နှင့် အဘယ်သို့ ချက်ချင်းသတိလစ်သွားရသနည်း။ ယခင်အချိန်များတွင် နေမကောင်းခဏခဏဖြစ်ဖူးပါသော်လည်း သူသတိလစ်ရလောက်သည်အထိတော့ တစ်ခါမှမရှိစဖူး၊ မကြုံစဖူး။
အမှန်တိုင်းဆိုရလျှင် ယောကျ်ားလေးတစ်ယောက်အနေနှင့် သူ့ကိုယ်သူအားမလိုအားမရဖြစ်စေသည်။

ထို့နောက်သူ၏ခေါင်းထဲချက်ချင်းဝင်လာသော အသိပေးချက်တစ်ခုကြောင့် ဦးနှောက်ထဲတွင်သွေးအလုံးလိုက်ဆောင့်တက်သွားသလိုခံစားလိုက်ရပြီး ချက်ချင်းပင်မားဘက်လှည့်ကာ မြန်မြန်ဆန်ဆန်မေးခွန်းထုတ်ရန် အားစပ်ဟလိုက်သည်။

သို့သော် ထိုအချိန်တွင်ပင် မားသည်သူ၏မျက်လုံးပြူးမျက်ဆန်ပြူး အခြေအနေအားနားလည်သည့်အလား မမေးရသေးခင် သူအရင်စပြောလာသည်။

"စာမေးပွဲမကျသေးဘူး စိတ်ချ။"

ဆိုတော့မှ baekhyun စိတ်အေးသက်ပြင်းချမိတော့သည်။ သတိလစ်သည့်အချိန်သည် ရက်ရှည်ကြာသွားခဲ့လျှင် စာမေးပွဲမဖြေဘဲ ကျော်သွားမိမည်စိုးရိမ်သောကြောင့်ပင်။
Baekhyun မှမေးလိုက်သည်။

"သားဘယ်နေ့ကတည်းက ဒီကိုရောက်နေတာလဲ မား"

"မနေ့ညလယ်ခေါင်ကြီးတင်ရောက်တာ.. အခုမှမနက်အစောပိုင်း...ခုမှ.."

ပြောရင်းနှင့်ပင်မားသည် ဆေးရုံမှတိုင်ကပ်နာရီသို့လှမ်းကြည့်လိုက်၏။

"အခုမှ...မနက် ၇နာရီဘဲရှိသေးတယ်။ ဆရာဝန်ကတော့ ရာသီဥတုကြောင့် ရုတ်တရက် အဖျားကြီးသွားတယ်ပြောပြီး ဆေးထိုးပေးသွားတာဘဲ။ ဒီလောက်အနေအထိုင်ဆင်ခြင်ဖို့ တောက်လျှောက်သတိပေးနေရတဲ့ကြားထဲက သတိလစ်တဲ့အထိဖြစ်ရတယ်လို့။ ပြီးတော့လည်း တခြားရက်မဟုတ် စာမေးပွဲရက်ကြီး။ နဂိုတည်းကလေ့လာရေးခရီးလိုက်မယ်ဆိုလည်း ကိုယ့်ဘက်ကသေချာအဆင်ပြေအောင်စီစဉ်လေ..။ အခုတော့ နင့်ကျေးဇူးကြောင့် ကျောင်းသားတွေအကုန် တစ်ရက်စောပြီးပြန်လာရပြီ။ နဂိုတည်းက ငါတဖွဖွမှာတယ်..သေချာဂရု...%#*$^%#^ "

ထိုနောက်ပိုင်းစကားများသည် baekhyun နားနှင့်မဆန့်တော့။ မသည်သူ၏တာဝန်ဖြစ်သောအပိုင်းကို ကျေပွန်စွာပင် ပြောဆိုနေသည်မှာ မပြီးနိုင်တော့။

လေ့လာရေးခရီးမှတစ်ရက်စောပြန်လာရသည်ဆိုတော့ကား စာမေးပွဲဖြေရန်တစ်ပတ်လိုသေးသည်ပင်။ အခုမှအဆင်ပြေသွားသလိုပင် စာကြည့်ချိန်တောင် ပိုရလိုက်သည်။
မားသည်ပြောဆိုခြင်းအမှုပြီးသွားသောအခါ သက်ပြင်းတစ်ချက်ချ၍ ပြောလေသည်။

"တော့်ဖို့ ကျုပ်အိမ်ကဆန်ပြုတ်ပြုတ်လာမလို့ဘဲ...။ ဒါပေမယ့်တော့်အဖေက အချိန်ပိုဆိုလို့ သူ့နေ့လည်စာပြင်ပေးလိုက်ရတာနဲ့ မလုပ်လာရဘူး..။ အခုဆန်ပြုတ်သွားဝယ်လိုက်ဦးမယ်။ အေးဆေးနေခဲ့"

မားသည် ပြောပြီးချက်ချင်းပင် ထွက်သွားလေသည်။ သက်ပြင်းအရှည်ကြီးတစ်ချက်ကိုမှုတ်ထုတ်၍ ဘေးပတ်လည်ကိုကြည့်မိလိုက်သည်။

ဆေးရုံဆေးခန်းပေမို့လားမသိ လူကြီးသူမများကိုသာ အများဆုံးတွေ့ရသည်။ VIP တွေကဲ့သို့ အခန်းတစ်ခန်းဆီမဟုတ်ဘဲ ကျယ်ဝန်းသော ရပ်ဝန်းတွင် ကုတင်တစ်လုံးချင်းဆီကို လိုက်ကာတစ်ခုဆီ သပ်သပ်ထားပေးထားကာ ထားထားပေးသောကြောင့် လူတိုင်းမဟုတ်လျှင်တောင် တချို့ကိုမြင်တွေ့နိုင်သည်။

ထိပ်ဆုံးကုတင်ရှိ မားနှင့်ရွယ်တူဟုထင်ရသော အဒေါ်ကြီးတစ်ယောက်သည် နံရံကပ်TVတွင်ပြသနေသော ဒရမ်မာဇာတ်လမ်းတွဲကိုသာအာရုံစူးစိုက်ကြည့်နေပြီး နှုတ်မှလည်း ဗီလိမ်ဖြစ်ပုံရသူကိုဗြစ်တောက်ဗြစ်တောက်နှင့် ပြောဆိုနေသေးသည်။ baekhyun သူ့မားနှင့်တစ်ပုံစံတည်းဟု ေ​ေ​တွးမိ၍ တစ်ချက်ပြုံးလိုက်မိသေးသည်။

ထိုကုတင်၏ မျက်နှာချင်းဆိုင်ကုတင်တွင်မူ baekhyunထက်ငယ်မည်ထင်ရသည့် ကလေးလေးတစ်ယောက်ရှိနေပြီး ထိုကလေးလေး၏ဘေးတွင် အမေဖြစ်ဟန်တူသောအမျိုးသမီးတစ်ဦးက နဖူးကိုခပ်ဖွဖွနမ်းနေသည်ကိုတွေ့ရသည်။ ထိုအမျိုးသမီး၏ဘေးတွင်ရပ်နေသည့် အဖေဖြစ်ဟန်တူသော အမျိုးသားသည်ကား ထိုသားအမိနှစ်ယောက်ကို အကြင်နာမျက်ဝန်းများနှင့် ကြည့်နေလျက်။

ထိုမြင်ကွင်းကြောင့် baekhyun ဦးနှောက်ထဲ ထူးဆန်းသောအတွေးတစ်ခုက ဝင်နှောင့်လာလေသည်။

Tao နဲ့ krisတို့ဆိုရင်ရော...?
ကလေးရနိုင်ပါ့မလား....?

သဘာဝအတိုင်းမဟုတ်သည့်..
သဘာဝကိုလွန်ဆန်ကာ ချစ်ကြိုက်ခဲ့ကြသော အတွဲများသည် အဘယ်သို့ကလေးရနိုင်ပါမည်နည်း..။

Baekhyun သူတွေးနေသည့်အရာများကို ရုတ်တရက်သတိထားမိတော့မှ ကိုယ့်ပါးကိုယ်ပြန်တစ်ချက်ရိုက်ကာ ခပ်ဟဟရယ်မိသည်။ အနည်းဆုံးအခုမှသူတို့က အထက်တန်းကျောင်းသားသာရှိသေးသည်။ လက်ထပ်ဖို့ကိစ္စဆိုသည်မှာ အခုချိန်တွင်ဆုံးဖြတ်၍မသင့်သေး။

ပြီးလျှင် tao နှင့် kris တို့ကယာယီလည်းဖြစ်နိုင်သည်ဘဲလေ။ ခဏတာတွဲရုံ၊ ချစ်သူရည်းစားဖြစ်ရုံနှင့် လက်ထပ်တော့မည်ဟု အတည်ယူ၍မရနိုင်။ ထို့အတူ chanyeol သည်လည်းငယ်ရွယ်သေးသည့်အရွယ်တွင် စိတ်ကစားခြင်းသာဖြစ်နိုင်ပြီး ထိုကလေးနှုတ်မှထွက်သော စကားများကိုအတည်ယူ၍မရသေး..။

Chanyeolသည် နောက်ပိုင်းအရွယ်ရောက်လာလျှင် မိန်းကလေးတစ်ယောက်ယောက်နှင့်လက်ထပ် ကလေးယူပြီး မိသားစုတစ်ခုကိုတည်ထောင်သင့်သည့် အမျိုးကောင်းသား တစ်ဦးဖြစ်သည်။ ထို့အတွက်ကြောင့် chanyeolအား ယခုအရွယ်တွင်စိတ်တော့မကစားစေချင်သေး။ အသက်အရွယ်အိုမင်းလာပြီး နာမကျန်းဖြစ်လာသောအခါများတွင်လည်း သားသမီးဆိုသည်မှာ အားကိုးရသည်မဟုတ်ပေလား..။

ယုတ္တိမဆန်သော အတွေးများကိုခေါင်းထဲက နှင်ထုတ်ပြီး နောက်တစ်နေရာသို့ အကြည့်လွှဲလိုက်သည်။ အကြည့်လွှဲလိုက်ပြီးကာမှ မြင်လိုက်ရသော မြင်ကွင်းကြောင့် baekhyun ရင်ထဲနင့်သွားရသည်။

•~•~•~•~•

ယောကျ်ားလေးချင်းမို့လို့ပါ...
ပတ်ဝန်းကျင်အမြင်ကြောင့်မို့လို့ပါ..
ဆိုပြီး အကြောင်းပြချက်မျိုးစုံနဲ့ငြင်းလွှတ်နေတဲ့ ချိဖက နောက်ပိုင်းကလေးယူမယ့်အထိတောင်တွေးပူနေသေး..🙁 ဟင့်












Continue Reading

You'll Also Like

59.9K 5.7K 26
꧁Ⓒ︎Ⓗ︎Ⓐ︎Ⓝ︎Ⓑ︎Ⓐ︎Ⓔ︎Ⓚ︎꧂ Baekhyun က မောင်ဆိုတဲ့ အချစ်လှောင်အိမ်ထဲမှာပိတ်မိနေတဲ့ အချစ်ငှက်လေးတစ်ကောင်..... Baekhyun က ေမာင္ဆိုတဲ့ အခ်စ္ေလွာင္အိမ္ထဲမွာပိတ္မိ...
4.1K 164 35
U ver ______ သူငယ်ချင်းများစုပြီး မြူနှင်းတောအုပ်(သေမင်းခေါ်သံတောအုပ်)လို့မှည့်ခေါ်ကြတဲ့တောအုပ်အတွင်းအပျော်ခရီးတစ်ခုထွက်ရင်းလျှို့ဝှက်ဆန်းကြယ်မှုများ...
299K 14.6K 94
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...
336K 35.8K 45
ChanBaek Cover by-@ByunChaeEun