Chanyeolသည် ပြောစကားနားမထောင်တဲ့
သူ့ဘုတ်အိလေးကို
အခွင့်သာတုန်းအကြိုက် ဆူနေ၏။
ဆေးခန်းကနေ ပြန်လာတဲ့တောက်လျှောက်
အဘိုးကြီးအိုကြီးလို ပွစိပွစိဆူပူနေတော့
Baekhyunမျက်နှာလည်း
မဲ့တဲ့တဲ့လေးဖြစ်လာရသည်။
"စားဦးလေ၊ မတည့်တာတွေ. . . . "
ကားမောင်းရင်းနဲ့ မျက်နှာရှုသိုးသိုးလုပ်ကာ
ဆူပူနေတဲ့ Chanyeolကို
Baekhyunပြန်ခံပက်ချင်တာ
ပါးစပ်တွေယားလှပါပြီ။
ဒါပေမဲ့ ကိုယ့်အမှားရှိနေတော့
ပြောမရဲဘူး။
" ဒါတွေကြိုမြင်လို့တားတာ ပြောမရဘူး...
ပြောရင်လည်း မကြိုက်ဘူး''
°°မကြိုက်ဘူးဟာ... ဘာဖြစ်ချင်လဲ°°
Chanyeolမကြားအောင်
လေသံတိုးတိုးနဲ့
baekhyunဂျစ်ကန်ကန်ပြောနေတာဖြစ်သည်။
"မောင့်စကားမှ နားမထောင်တာ..
အခုတော့
လူလည်းမျော့မျော့ပဲရှိတော့တယ်မဟုတ်လား''
Chanyeol
လေပူတွေမှုတ်ထုတ်လိုက်မိကာ
နဖူးက ချွေးကိုလည်းသုတ်ရသေးသည်။
အလုပ်က ပြန်ရောက်ရောက်ချင်း..
ဗိုက်ကိုဖိပြီး
ပျော့ခွေနေတဲ့ Baekhyunကိုမြင်ပြီး
သူဘယ်လောက်
လန့်သွားရလဲဘယ်သူမှသိမှာမဟုတ်ဘူး။
ဘယ်လောက်သွားထားရလို့
နှုတ်ခမ်းတွေတောင်ဖျော့နေရလဲ...။
ဒါကို သူမေးတော့ငြင်းသေးတာ။
ဆေးခန်းရောက်မှ အကုန်ပေါ်တာပဲ။
ကိုယ်တမနက်လုံး
ပင်ပင်ပန်းပန်းချက်ထားပေးခဲ့တာတွေကို
တစ်စက်မှမထိပဲ...
လမ်းထိပ်က အခေါက်ကင်တွေ
နံရိူးကင်တွေသွားစားတဲ့
အဆိုးအဆာလေး...။
မနေ့တည်းက ဗိုက်မကောင်းဖြစ်ချင်နေတာ
သူရိပ်မိလို့ အတန်တန်မှာတဲ့ကြားက
ရေခဲသေတ္တာထဲက
စတော်ဘယ်ရီအချဉ်သီးတွေကလည်း
ပျောက်ချင်းမလှ ပျောက်ကုန်တော့သည်။
သောက်ဆေးပေးပြီး...
ဓာတ်ဆားရည်တိုက်လိုက်မှ
နည်းနည်းသက်သာသွားချိန်
သူလည်းမနေနိုင်ပဲ
ပြောမိတော့သည်။
နည်းနည်းဆူပေးမှလေ...
မဟုတ်ရင်လုပ်ချင်ရာလုပ်တာ။
"ဆရာဝန်ဖြစ်လို့သာပဲ...၊
hyunကလေ ဘယ်တော့မှ
ကိုယ့်ကျန်းမာရေး ကိုယ်ဂရုမစိုက်ဘူး
ကိုယ်ကတစ်ယောက်တည်းမှ မဟုတ်တာ...၊
အစားလေးပဲ ဆင်ခြင်ရတာဘာခက်လို့်လဲ...
အမြဲ လုပ်ချင်တာလုပ်တော့တာပဲ...
တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ ''
Baekhyunမှာ
အောက်နှုတ်ခမ်းလေးကိုဖိကိုက်ပြီး
ငြိမ်သက်နေသည်။
"စားဦးလေ...၊ အချဉ်တွေ အစပ်တွေ..။
ပြောရင်လည်း မောင်ပဲအပြစ်ဖြစ်နေရတယ်..
ဥနီသီးဖျော်ရည်ထားပေးခဲ့တာကို
အားဖြည့်အချိုရည်တွေသောက်လိုသောက်...။
အခုလည်း
မဟုတ်တဲ့အကင်တွေစားပြီးဒုက္ခရောက်ရပြီ''
"ဘာမဆို ချဉ်ခြင်းတက်နေတာ
ငါလည်းဘယ်လိုလုပ်ရမလဲ...
မောင့်ကိုရှေ့ရက်တွေထဲက ပြောခဲ့သားပဲ...
အခေါက်ကင် လုပ်ကျွေး..!.
အခေါက်ကင် လုပ်ကျွေး..ဆိုပြီး...၊
ပြောခဲ့သားပဲ။
အဲ့တာကို မောင်က
မသိချင်ယောင်ဆောင်နေတာကိုး။
အဲ့ဆိုင်က သန့်မသန့်ငါလည်း
သေချာမစမ်းစစ်မိဘူးလေ..
ဒါကိုပဲ အပြစ်ပြောနေတာပဲ''
"အပြစ်ပြောတာမဟုတ်ဘူးလေ...
အမှန်ပြောတာ..
မောင့်စကားဆို အချစ်ဘယ်တုန်းက
နားထောင်ခဲ့တယ်ရှိလဲ..''
"မောင် ငါ့ကိုမငေါ့နဲ့နော်...''
"မသိဘူးဗျာ!!''
Chanyeolလေသံက မာနေတာကြောင့်
Baekhyunဝမ်းနည်းသွားမိသည်။
အဲ့ဒီ့ဝက်အခေါက်ကင်ကို
Baekhyunဘယ်လောက်စားချင်နေလဲ
သူနည်းနည်းမှကိုယ်ချင်းမစာနိုင်ဘူးလားမသိ။
ပြောတော့ ချစ်တယ် ချစ်တယ်နဲ့
ဘာမှကို နားမလည်ပေးဘူး။
တနေ့တနေ့
baekhyunဘာစားတယ်..
ဘာသောက်တယ်ပဲသူမြင်တယ်..။
ဘယ်လိုတွေ ပြန်အန်ထုတ်နေလဲသူမမြင်ဘူး။
တကယ်ပဲ မောင်ကစိတ်ပျက်ဖို့ကောင်းတယ်။
အခုလည်း
Baekhyunမျက်ရည်ဝဲနေတာသိသိရက်..
စကားတစ်ခွန်းမှမပြောပဲ
မျက်နှာကြီးတည်နေတုန်းပဲ။
အိမ်ရောက်တဲ့အထိလည်း
တစ်ယောက်နဲ့တစ်ယောက်
စကားမပြောဖြစ်ကြပါ။
Chanyeolဘက်ကပဲ စလျှော့ပြီး
ချော့ဖို့လုပ်တော့
Baekhyunကအနားကပ်မခံတော့ပေ။
စကားလည်းအပြောမခံပဲ ရှောင်ဖယ်ကာ
တညနေလုံး အခန်းအောင်းနေတော့သည်။
ဒါပေမဲ့ ညလယ်လောက် ရောက်တော့မှ
အိပ်တဝက် နိုးတဝက်ဖြစ်နေတဲ့
Baekhyunလှုပ်လှုပ်ရှားရှားဖြစ်လာသည်။
အကြောင်းမှာ...
ဝက်သားကင်အနံ့တွေ..ရနေတာကြောင့်။
အခန်းတံခါးကို တိတ်တိတ်လေးဖွင့်ကာ
မီးဖိုခန်းဘက်ချောင်းကြည့်မိတော့.
Chanyeolတစ်ယောက်
အေပရွန်ကြီးချွတ်ပြီး
ထမင်းစားပွဲရှေ့ ထိုင်နေတာတွေ့ရ၏
စားပွဲပေါ်မှာ Baekhyunမရိုးနိုင်တဲ့
အခေါက်ကင်...
ပြီးတော့..ဟင်းချိုလည်းအဆင်သင့်။
မွှေးလာတဲ့ အနံ့တွေကြောင့်
ဗိုက်ထဲ ဂွီခနဲဖြစ်လာရ၏။
"hyun...၊လာစားလေ''
Chanyeolက ပြုံးရင်းလှမ်းခေါ်ပေမဲ့
"မစားပါဘူး! ဘာလို့စားရမှာလဲ''
Baekhyunသည်
တံခါးကိုပြန်ဆောင့်ပိတ်လိုက်ပြီး
လက်သည်းကိုက်ကာ
သေချာစဉ်းစားနေတော့၏။
ထွက်စားရ ကောင်းနိုး၊
မကောင်းနိုးဆိုတာကို။
Chanyeolက လက်ဆိတ်ရှိတော့
ဘာချက်ချက် အရသာရှိတာ.
Baekhyunအသိဆုံးဖြစ်သည်။
အခု အခေါက်ကင်လေးကလည်း.
သန့်သန့်ရှင်းရှင်းလေးနဲ့
အရမ်းကောင်းမှာ Baekhyunသိသည်။
ကုတင်ပေါ်ထိုင်လိုက် ထလိုက်လုပ်နေရင်း
မိနစ်ပိုင်းအကြာတော့
သည်းမခံနိုင်တော့ပါ။
အခန်းပြင်ထွက်ကြည့်မိတော့
Chanyeolရှိမနေတော့။
စာကြည့်ခန်းထဲမှာ laptopတစ်လုံးနဲ့
အလုပ်များနေတာထင်သည်။
စားပွဲပေါ်ထိုင်ချရင်း
ခူးထားပြီးသားထမင်းပန်းကန်ဆွဲကာ
ထိုင်စားဖြစ်တော့သည်။
ခြေရာလက်ရာမပျက်အောင်
တို့ကနဲဆိတ်ကနဲစားမယ်လို့
တွေးမိပေမဲ့ တဖြည်းဖြည်းနဲ့
အများကြီးစားမိလာသည်။
ခဏအကြာမှာတော့
မနည်းဘရိတ်အုပ်လိုက်ကာ
ဧည့်ခန်းဆိုဖာပေါ်
ဟန်မပျက်သွားထိုင်နေလိုက်တော့၏။
သွားကြားထိုး ကြိုးတစ်ခုယူကာ
သွားသန့်ရှင်းရင်း
TVထိုင်ကြည့်နေလိုက်သည်။
"hyun...၊ အကင်တွေစားလိုက်လား''
Chanyeolမေးလာတဲ့အခါ
Baekhyunမျက်နှာတည်ရင်း
ခေါင်းခါပြလိုက်သည်။
"မစားဘူး...၊''
"ထမင်းတွေလျော့နေတယ်ရော်...''
Chanyeolက
မရရအောင်ကလိနေတော့
Baekhyunဖြေရခက်သွားသည်။
"ငါ့ဟာငါ မနေ့က ကန်စွန်းပလိန်းအကျန်လေးနဲ့..
ထမင်းစားထားတာလေ...ဘာဖြစ်လို့လဲ။
အဲ့အကင်တွေ ထိတောင်မထိဘူး''
Baekhyunက ဆင်ခြေအမျိုးမျိုးပေးနေတော့
Chanyeolပြုံးစိစိဖြစ်နေရသည်။
တနေကုန် အလုပ်တွေပင်ပန်းခဲ့ရသမျှ၊
ဒီရက်ပိုင်း ပင်ပန်းနေတာတွေအကုန်
အခုမှသူပြုံးနိုင်တော့သည် ထင်၏။
ယောကျာ်းပေါက်စက
မလိမ်တတ်ပဲလိမ်နေသည်။
"အော်....၊ အရွက်ကြော်က သွားကြားညပ်တာ
အခုမှပဲ ကြားဖူးတော့တယ်...
မသိပါဘူး...၊
သူများအကင်တွေ အဝစားပြီး
သွားကြားထိုး ကြိုးတွေ
သုံးရတယ် ထင်နေတာ''
Baekhyunမှာ အဲခနဲဖြစ်သွားသည်။
ဒါပေမဲ့ ဟန်ကိုယ့်ဖို့မဟုတ်လား။
"စားတော့ရော ဘာဖြစ်လဲ...
မင်းက မကြိုက်ဘူးလား..
အင်းပေါ့...၊တဖြည်းဖြည်းနဲ့
စိတ်ကုန်လာတာကိုး..
ဆေးခန်းပို့ရ၊ သွားချင်တဲ့နေရာလိုက်ပို့ရ၊
စားချင်တာချက်ကျွေးရနဲ့.
စိတ်ကုန်လာတာမလား..
သိတယ်...သိတယ်''
Chanyeolက ဘာဖြေရှင်းချက်မှ
မပေးပဲနေနေတော့
Baekhyunပိုစိတ်တိုလာသည်။
စိတ်ကုန်လာတာ မဟုတ်လား မေးတာတောင်
ဘာမှ ပြန်မငြင်းဘူး။
Baekhyunမျက်နှာလေး
မဲ့သည်ထက်မဲ့လာသည်။
"ဒီကByun Baekhyunမှာတော့ ယုံလိုက်ရတာ..
တနေ့တနေ့ သူညုနေ၊ အီနေ၊ ကလီနေသမျှကို
အဟုတ်ကြီးမှတ်ပြီး နည်းနည်းလေးဆိုးမိပါတယ်...
ဗျစ်တောက်ဗျစ်တောက်နဲ့ အပြစ်တင်တယ်..
မုန်းတယ်!!''
"ဟား...၊hyunရာ''
Chanyeolမှာ
အူတွေအသည်းတွေယားနေရသမျှကို
သည်းမခံနိုင်တော့ပဲ အကောင်ပေါက်လေးကို
သွားဖက်ထားလိုက်တော့၏။
ရုန်းကန်နေပေမဲ့ သူအလွတ်မပေးပါ။
ကိုယ်လုံးအိအိလေးကို
မရရအောင်ဖျစ်ညှစ်ထားသည်။
"မောင်တောင်းပန်ပါတယ်
ချစ်လို့..စိတ်ပူလို့ ပြောမိတာကိုနားလည်ပေးလေ..
အချစ်တစ်ခုခုဖြစ်ရင်
မောင်ရူးသွားမှာ အဲ့တာသိလား''
"မသိဘူး...''
Chanyeol နှုတ်ခမ်းစူစူလေးကို
စုပ်ယူနမ်းလိုက်တော့
ရုန်းကန်ခြင်းလည်းမပြု၊
တုံ့ပြန်တာလည်းမလုပ်ပဲ
ငြိမ်နေပေးသည်။
အချိန်အကြာကြီး
Chanyeolအနမ်းပေးနေတဲ့အတိုင်း
မလှုပ်မယှက်လေးနေနေသည်။
"ဒီရက်ပိုင်း မောင်လည်းအရမ်းပင်ပန်းနေတာလေ..
hyunကို
အလုပ်ကပြန်လာလာချင်း ပျော့ခွေပြီးမြင်လိုက်ရတော့
စိတ်တိုသွားတာပေါ့..
နောက်တခါမဖြစ်စေရဘူး...၊ကတိပေးတယ်''
Chanyeolသေချာချော့ပေမဲ့
Baekhyunက ခပ်ပြတ်ပြတ်လေး
တစ်ခွန်းပြောလိုက်သည်။
"မောင့်ကို ဒီနေ့တစ်မှတ်လျှော့တယ်!''
Chanyeolမှာ တဟားဟားအော်ရယ်မိတော့သည်။
သူ့Baekhyunလေးက
ဘာလို့အရမ်းချစ်ဖို့ကောင်းနေရလဲ
တကယ်မသိတော့ဘူး။
အကြာကြီး
စိတ်ဆိုးနိုင်တာလဲမဟုတ်ပဲနဲ့...hyunရယ်..။
———————————————
နောက်နေ့အထိ အခဲမကြေနိုင်သေးတဲ့
Baekhyunဟာ Chanyeolကို
ကန့်လန့်တိုက်နေဆဲဖြစ်သည်။
ရေချိုးတာမကြာနဲ့နော် ဆိုရင်ကြာအောင်တမင်ချိုးသည်။
ထမင်းမစားခင် ဆေးအရင်သောက်ဆိုရင်
ထမင်းအရင်စားပြီးမှ ဆေးသောက်သည်။
ဘာပြောပြောငြင်းနေ၏။
"hyun..၊ ညကျရင် သွားစရာရှိလို့လိုက်ခဲ့ပေးနော်''
"တစ်ယောက်တည်းသွား...မလိုက်ပေးဘူး''
Chanyeolက Baekhyunပုခုံးပေါ်
မေးတင်လိုက်ရင်း....
"စိတ်ကောက်တုန်းလားကွာ...၊
လိုက်ခဲ့ပေးပါဆို...နော်...''
"No''
Chanyeolခပ်ညစ်ညစ်ပြုံးလိုက်သည်။
"ရတယ်လေ..၊အဲ့နားမှာနေတဲ့ ရုံးကnoonaကိုပဲ...''
"Park Chanyeol''
ဒီလိုနဲ့ သွားခါနီးကျတော့
အေးအေးဆေးဆေးပဲ ကားပေါ် တက်ထိုင်လိုက်တဲ့
Baekhyunကြောင့် ပြုံးမိပါသည်။
လမ်းမှာလည်း
သူ့အချစ်က စကားတစ်ခွန်းမှမပြောနိုင်တော့ပဲ
အိပ်ရင်း လိုက်ပါလာသည်။
တကယ်တော့ Baekhyunလည်းပင်ပန်းနေမှာ
သူရိပ်မိသည်။
ခေါင်းမာလွန်းတာကြောင့် အလုပ်ထွက်ဖို့ပြောလည်း
ရမည်မထင်။
နောက်မှပဲ အတတ်နိုင်ဆုံးဖျောင်းဖျရမှာပဲ။
Chanyeol.. နှစ်ထပ်တိုက်အိမ်လေးရှေ့ရောက်တော့
ကားရပ်လိုက်ပြီး Baekhyunကိုကြည့်မိသည်။
"အချစ်...၊ ထတော့လေ''
ဝင်သက်ထွက်သက်မှန်မှန်လေးပြုရင်း..
သူ့, ပူစီဖောင်းလေးကအိပ်မောကျနေဆဲပဲ..။
"hyun...''
Chanyeolက Baekhyunရဲ့နှာခေါင်းလုံးလုံးလေးကို
နှာတံချင်းပွတ်တိုက်ရင်း နှိုးသည်။
ထိုအခါမှ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့
ယောကျာ်းပေါက်စလေး နိုးလာတော့တာ..။
"ရောက်ပြီလား....၊ ဒါဘယ်နေရာလဲ''
Chanyeolဘာမှပြန်မပြောပဲ Baekhyunလက်ကိုဆွဲ...ကားထဲကခေါ်ထုတ်ပြီး..
အိမ်ထဲ ခေါ်သွားလိုက်သည်။
Baekhyunမှာတော့ ခြံအကျယ်ကြီးကိုကြည့်ပြီး
အံ့သြတကြီးဖြစ်နေမိသည်။
အုတ်ကြွပ်ပြားကြေးရောင်မိုးထားတဲ့ အိမ်လေး။
အိမ်က အရမ်းမကျဉ်းသလို
အရမ်းကျယ်နေတာလည်းမလုပ်။
ခြံကတော့ ကျယ်သည်။
အိမ်တွင်းထဲမှာလည်း
ရှိသင့်တဲ့ပရိဘောဂပစ္စည်းတွေကလွဲပြီး
ဘာပစ္စည်းပစ္စယ မှသိပ်မတွေ့ရပဲမျက်စိရှင်းသည်။
နောက်ပြီး အိမ်နံရံတွေက
Baekhyunသဘောကျတဲ့ ဆေးအဝါလေး။
အရမ်းမတောက်ပဲ ချစ်စရာကောင်းနေသည်။
"ဒါ မောင်တို့နေမဲ့အိမ်အသစ်လေ...
အချစ်ကြိုက်ရဲ့လား''
Chanyeolက
Baekhyunခါးလေးကိုပွေ့ဖက်ထားလိုက်သည်။
Baekhyunရဲ့ပုခုံးသားလေးကို
မေးစေ့နဲ့ခပ်ဖွဖွဖိကြိတ်ရင်း
မျက်လုံးတွေမှိတ်ထားသည်။
"အချစ်အတွက် မောင့်လက်ဆောင်...
ကလေးလေးတစ်ယောက်လက်ဆောင်ပေးခဲ့တဲ့ hyunကို မောင်ကပြန်ပြီးလက်ဆောင်ပေးတယ်..
အချစ်က ကိုယ်ပိုင်အိမ်လေးနဲ့
နေချင်တာမောင်သိတာပေါ့...
တသက်လုံး...မောင်တို့မိသားစု ဒီနေရာလေးမှာနေသွားကြမယ်လေ...၊နော်....''
သူ့ရင်ခွင်ထဲက Baekhyunကိုယ်လေး
တုန်တုန်လှုပ်လှုပ်ဖြစ်လာတွေ့ရသည်။
ပြီးတော့ တအင့်အင့်နဲ့ ရှိုက်ရင်း
မျက်ရည်ကျသည်။
"ဘာလို့ငိုရတာလဲ...
hyunကို ပျော်စေချင်လို့
လက်ထပ်ခါစတည်းက စဉ်းစားခဲ့တာ...မငိုနဲ့ဗျာ''
Baekhyunက ခေါင်းလေးခါပြီး
ငိုနေဆဲ။
"ငါကလေ...ငါက..
ငါ့ကို မောင်စိတ်ကုန်နေပြီ
စိတ်ပျက်နေပြီလို့မနေ့ကရော
ခုနက အထိတွေးနေတာ...
မသိဘူး..၊ခနခနပဲ ဒီလိုအတွေးဝင်တာ
ငါတို့က အသက်အရမ်းကွာတော့.........''
"ကျွတ်စ်...၊မဟုတ်တာဗျာ..''
Baekhyunရဲ့
မျက်ရည်စီးကြောင်းလေးနှစ်ဖက်ကို
Chanyeolက
လက်မနဲ့ပွတ်သုတ်ပေးလိုက်သည်။
"ဘာလို့လဲ...၊
ငါကမောင့်အပေါ်ဘာကောင်းပေးခဲ့လို့လဲ
ငွေကိုဒီလိုပဲအကုန်ခံရလား...၊
မောင်က ငတုံးပဲ''
"hyunရဲ့...အချစ်လေ''
Baekhyunနားမလည်စွာ
အူကြောင်ကြောင်လးပြန်ကြည့်နေသည်။
"hyunက ချစ်ပါတယ် လို့ပြောတဲ့နေ့ကစပြီး
မောင့်ဘဝက ပြီးပြည့်စုံနေခဲ့တာ...၊
အာ့တာထက်ဘာမှမလိုအပ်တော့တာ၊
ဒီစကားတစ်ခွန်းနဲ့တင် ဘာပဲပေးဆပ်ရပေးဆပ်ရ
အရမ်းတန်လွန်းနေပြီလေ...၊
hyunက ဘာလို့မပေးရမှာလဲ
စိတ်ရော လူရော...ဘဝကိုရော...
နောက်ဆုံး..
ကလေးလေးတစ်ယောက်ကိုပါ
မောင့်ကိုပေးထားရတာလေ...
ခင်များလေးပေးထားတာတွေက
ပိုပြီးတန်ဖိုးကြီးနေတာကိုသိရဲ့လား...''
Baekhyunကတော့
မျက်ရည်ကြည်လေးတွေကို
ဖိသုတ်ပစ်၏။
အခါများစွာတည်းက
ဖြစ်တည်ခဲ့တဲ့Baekhyunသံသယတွေကို
မောင်က တကယ်ပဲရှင်းလင်းပေးခဲ့တယ်။
Baekhyunစိုးရိမ်နေမိတဲ့ အသက်ကွာတာတွေ...
မိန်းကလေးတစ်ယောက်ဟုတ်မနေတာတွေကို..
မောင်က ခေါင်းထဲတောင်ထည့်နေတဲ့ပုံမပေါ်ဘူး။
"အနားက တသက်လုံးထွက်မသွားရဘူးနော်..
အဲ့တာလေးတော့ ကတိပေး''
"ငါက ရူးနေလို့ထွက်သွားရမှာလား''
Baekhyunသည် ခပ်ဆတ်ဆတ်လေးပြောပြီး
Chanyeolနှုတ်ခမ်းတို့ကို
ခြေဖျားထောက်နမ်းနေတော့သည်။
Chanyeolရဲ့ ရှပ်အင်္ကျီကော်လံစနှစ်ဖက်ကို
သူ့လက်နှစ်ဖက်နဲ့ မြဲမြဲဆုပ်ကိုင်ရင်း
မက်မက်မောမောအနမ်းပေးသည်။
အသက်ရှူမဝတော့တဲ့ အခြေအနေတွင်မှ
အင်္ကျီစကိုပြန်လွှတ်ပေးကာ
ငြိမ်သက်နေတော့သည်။
"ဗိုက်ထဲက ဘေဘီကြောင့်
မောင်စိတ်ထိန်းထားရတာနော်...
အူယားအောင် သိပ်မလုပ်နဲ့..''
Chanyeolက အဓိပ္ပါယ်ပါစွာပြောရင်း
Baekhyunနားရွက်ဖျားလေးကို
ဖွဖွကိုက်ဆွဲတော့
တခစ်ခစ်ရယ်သံလေးထွက်လာသည်။
"နှစ်လ!''
"ဘာကိုလဲ''
Baekhyunသည်
Chanyeolရဲ့နှာတံချွန်ချွန်လေးကို
အသည်းယားစွာ ဆွဲညှစ်လိုက်သည်။
"မောင့်ဘေဘီက နှစ်လပဲရှိသေးတယ်မို့...
မောင်စိတ်မထိန်းချင်ရင်လည်း
မထိန်းလို့ရပါတယ်လို့''
ထိုစကားဆုံးတာနဲ့ Chanyeolတစ်ယောက်
ဝက်ပုတ်ကိုယ်လုံးလေးအား ကောက်ပွေ့ပြီး
အပေါ်ထပ်က နှစ်ယောက်အခန်းဖွဲ့ထားရာကို
ခပ်မြန်မြန်ပဲသွားလိုက်တော့သည်။
အထဲက ဘေဘီကိုအားနာပေမဲ့လည်းပေါ့။
————————————————
#TBC
ဖတ်ရတာအဆင်မှပြေရဲ့လားဟင်-,-
Chanyeolသည္ ေျပာစကားနားမေထာင္တဲ့
သူ႔ဘုတ္အိေလးကို
အခြင့္သာတုန္းအႀကိဳက္ ဆူေန၏။
ေဆးခန္းကေန ျပန္လာတဲ့ေတာက္ေလွ်ာက္
အဘိုးႀကီးအိုႀကီးလို ပြစိပြစိဆူပူေနေတာ့
Baekhyunမ်က္ႏွာလည္း
မဲ့တဲ့တဲ့ေလးျဖစ္လာရသည္။
"စားဦးေလ၊ မတည့္တာေတြ. . . . "
ကားေမာင္းရင္းနဲ႔ မ်က္ႏွာရႈသိုးသိုးလုပ္ကာ
ဆူပူေနတဲ့ Chanyeolကို
Baekhyunျပန္ခံပက္ခ်င္တာ
ပါးစပ္ေတြယားလွပါၿပီ။
ဒါေပမဲ့ ကိုယ့္အမွားရွိေနေတာ့
ေျပာမရဲဘူး။
" ဒါေတြႀကိဳျမင္လို႔တားတာ ေျပာမရဘူး...
ေျပာရင္လည္း မႀကိဳက္ဘူး''
°°မႀကိဳက္ဘူးဟာ... ဘာျဖစ္ခ်င္လဲ°°
Chanyeolမၾကားေအာင္
ေလသံတိုးတိုးနဲ႔
baekhyunဂ်စ္ကန္ကန္ေျပာေနတာျဖစ္သည္။
"ေမာင့္စကားမွ နားမေထာင္တာ..
အခုေတာ့
လူလည္းေမ်ာ့ေမ်ာ့ပဲရွိေတာ့တယ္မဟုတ္လား''
Chanyeol
ေလပူေတြမႈတ္ထုတ္လိုက္မိကာ
နဖူးက ေခြၽးကိုလည္းသုတ္ရေသးသည္။
အလုပ္က ျပန္ေရာက္ေရာက္ခ်င္း..
ဗိုက္ကိုဖိၿပီး
ေပ်ာ့ေခြေနတဲ့ Baekhyunကိုျမင္ၿပီး
သူဘယ္ေလာက္
လန႔္သြားရလဲဘယ္သူမွသိမွာမဟုတ္ဘူး။
ဘယ္ေလာက္သြားထားရလို႔
ႏႈတ္ခမ္းေတြေတာင္ေဖ်ာ့ေနရလဲ...။
ဒါကို သူေမးေတာ့ျငင္းေသးတာ။
ေဆးခန္းေရာက္မွ အကုန္ေပၚတာပဲ။
ကိုယ္တမနက္လုံး
ပင္ပင္ပန္းပန္းခ်က္ထားေပးခဲ့တာေတြကို
တစ္စက္မွမထိပဲ...
လမ္းထိပ္က အေခါက္ကင္ေတြ
နံ႐ိူးကင္ေတြသြားစားတဲ့
အဆိုးအဆာေလး...။
မေန႔တည္းက ဗိုက္မေကာင္းျဖစ္ခ်င္ေနတာ
သူရိပ္မိလို႔ အတန္တန္မွာတဲ့ၾကားက
ေရခဲေသတၱာထဲက
စေတာ္ဘယ္ရီအခ်ဥ္သီးေတြကလည္း
ေပ်ာက္ခ်င္းမလွ ေပ်ာက္ကုန္ေတာ့သည္။
ေသာက္ေဆးေပးၿပီး...
ဓာတ္ဆားရည္တိုက္လိုက္မွ
နည္းနည္းသက္သာသြားခ်ိန္
သူလည္းမေနႏိုင္ပဲ
ေျပာမိေတာ့သည္။
နည္းနည္းဆူေပးမွေလ...
မဟုတ္ရင္လုပ္ခ်င္ရာလုပ္တာ။
"ဆရာဝန္ျဖစ္လို႔သာပဲ...၊
hyunကေလ ဘယ္ေတာ့မွ
ကိုယ့္က်န္းမာေရး ကိုယ္ဂ႐ုမစိုက္ဘူး
ကိုယ္ကတစ္ေယာက္တည္းမွ မဟုတ္တာ...၊
အစားေလးပဲ ဆင္ျခင္ရတာဘာခက္လို႔္လဲ...
အၿမဲ လုပ္ခ်င္တာလုပ္ေတာ့တာပဲ...
တစ္ခုခုျဖစ္သြားရင္ဘယ္လိုလုပ္မလဲ ''
Baekhyunမွာ
ေအာက္ႏႈတ္ခမ္းေလးကိုဖိကိုက္ၿပီး
ၿငိမ္သက္ေနသည္။
"စားဦးေလ...၊ အခ်ဥ္ေတြ အစပ္ေတြ..။
ေျပာရင္လည္း ေမာင္ပဲအျပစ္ျဖစ္ေနရတယ္..
ဥနီသီးေဖ်ာ္ရည္ထားေပးခဲ့တာကို
အားျဖည့္အခ်ိဳရည္ေတြေသာက္လိုေသာက္...။
အခုလည္း
မဟုတ္တဲ့အကင္ေတြစားၿပီးဒုကၡေရာက္ရၿပီ''
"ဘာမဆို ခ်ဥ္ျခင္းတက္ေနတာ
ငါလည္းဘယ္လိုလုပ္ရမလဲ...
ေမာင့္ကိုေရွ႕ရက္ေတြထဲက ေျပာခဲ့သားပဲ...
အေခါက္ကင္ လုပ္ေကြၽး..!.
အေခါက္ကင္ လုပ္ေကြၽး..ဆိုၿပီး...၊
ေျပာခဲ့သားပဲ။
အဲ့တာကို ေမာင္က
မသိခ်င္ေယာင္ေဆာင္ေနတာကိုး။
အဲ့ဆိုင္က သန႔္မသန႔္ငါလည္း
ေသခ်ာမစမ္းစစ္မိဘူးေလ..
ဒါကိုပဲ အျပစ္ေျပာေနတာပဲ''
"အျပစ္ေျပာတာမဟုတ္ဘူးေလ...
အမွန္ေျပာတာ..
ေမာင့္စကားဆို အခ်စ္ဘယ္တုန္းက
နားေထာင္ခဲ့တယ္ရွိလဲ..''
"ေမာင္ ငါ့ကိုမေငါ့နဲ႔ေနာ္...''
"မသိဘူးဗ်ာ!!''
Chanyeolေလသံက မာေနတာေၾကာင့္
Baekhyunဝမ္းနည္းသြားမိသည္။
အဲ့ဒီ့ဝက္အေခါက္ကင္ကို
Baekhyunဘယ္ေလာက္စားခ်င္ေနလဲ
သူနည္းနည္းမွကိုယ္ခ်င္းမစာႏိုင္ဘူးလားမသိ။
ေျပာေတာ့ ခ်စ္တယ္ ခ်စ္တယ္နဲ႔
ဘာမွကို နားမလည္ေပးဘူး။
တေန႔တေန႔
baekhyunဘာစားတယ္..
ဘာေသာက္တယ္ပဲသူျမင္တယ္..။
ဘယ္လိုေတြ ျပန္အန္ထုတ္ေနလဲသူမျမင္ဘူး။
တကယ္ပဲ ေမာင္ကစိတ္ပ်က္ဖို႔ေကာင္းတယ္။
အခုလည္း
Baekhyunမ်က္ရည္ဝဲေနတာသိသိရက္..
စကားတစ္ခြန္းမွမေျပာပဲ
မ်က္ႏွာႀကီးတည္ေနတုန္းပဲ။
အိမ္ေရာက္တဲ့အထိလည္း
တစ္ေယာက္နဲ႔တစ္ေယာက္
စကားမေျပာျဖစ္ၾကပါ။
Chanyeolဘက္ကပဲ စေလွ်ာ့ၿပီး
ေခ်ာ့ဖို႔လုပ္ေတာ့
Baekhyunကအနားကပ္မခံေတာ့ေပ။
စကားလည္းအေျပာမခံပဲ ေရွာင္ဖယ္ကာ
တညေနလုံး အခန္းေအာင္းေနေတာ့သည္။
ဒါေပမဲ့ ညလယ္ေလာက္ ေရာက္ေတာ့မွ
အိပ္တဝက္ ႏိုးတဝက္ျဖစ္ေနတဲ့
Baekhyunလႈပ္လႈပ္ရွားရွားျဖစ္လာသည္။
အေၾကာင္းမွာ...
ဝက္သားကင္အနံ႔ေတြ..ရေနတာေၾကာင့္။
အခန္းတံခါးကို တိတ္တိတ္ေလးဖြင့္ကာ
မီးဖိုခန္းဘက္ေခ်ာင္းၾကည့္မိေတာ့.
Chanyeolတစ္ေယာက္
ေအပ႐ြန္ႀကီးခြၽတ္ၿပီး
ထမင္းစားပြဲေရွ႕ ထိုင္ေနတာေတြ႕ရ၏
စားပြဲေပၚမွာ Baekhyunမ႐ိုးႏိုင္တဲ့
အေခါက္ကင္...
ၿပီးေတာ့..ဟင္းခ်ိဳလည္းအဆင္သင့္။
ေမႊးလာတဲ့ အနံ႔ေတြေၾကာင့္
ဗိုက္ထဲ ဂြီခနဲျဖစ္လာရ၏။
"hyun...၊လာစားေလ''
Chanyeolက ၿပဳံးရင္းလွမ္းေခၚေပမဲ့
"မစားပါဘူး! ဘာလို႔စားရမွာလဲ''
Baekhyunသည္
တံခါးကိုျပန္ေဆာင့္ပိတ္လိုက္ၿပီး
လက္သည္းကိုက္ကာ
ေသခ်ာစဥ္းစားေနေတာ့၏။
ထြက္စားရ ေကာင္းႏိုး၊
မေကာင္းႏိုးဆိုတာကို။
Chanyeolက လက္ဆိတ္ရွိေတာ့
ဘာခ်က္ခ်က္ အရသာရွိတာ.
Baekhyunအသိဆုံးျဖစ္သည္။
အခု အေခါက္ကင္ေလးကလည္း.
သန႔္သန႔္ရွင္းရွင္းေလးနဲ႔
အရမ္းေကာင္းမွာ Baekhyunသိသည္။
ကုတင္ေပၚထိုင္လိုက္ ထလိုက္လုပ္ေနရင္း
မိနစ္ပိုင္းအၾကာေတာ့
သည္းမခံႏိုင္ေတာ့ပါ။
အခန္းျပင္ထြက္ၾကည့္မိေတာ့
Chanyeolရွိမေနေတာ့။
စာၾကည့္ခန္းထဲမွာ laptopတစ္လုံးနဲ႔
အလုပ္မ်ားေနတာထင္သည္။
စားပြဲေပၚထိုင္ခ်ရင္း
ခူးထားၿပီးသားထမင္းပန္းကန္ဆြဲကာ
ထိုင္စားျဖစ္ေတာ့သည္။
ေျခရာလက္ရာမပ်က္ေအာင္
တို႔ကနဲဆိတ္ကနဲစားမယ္လို႔
ေတြးမိေပမဲ့ တျဖည္းျဖည္းနဲ႔
အမ်ားႀကီးစားမိလာသည္။
ခဏအၾကာမွာေတာ့
မနည္းဘရိတ္အုပ္လိုက္ကာ
ဧည့္ခန္းဆိုဖာေပၚ
ဟန္မပ်က္သြားထိုင္ေနလိုက္ေတာ့၏။
သြားၾကားထိုး ႀကိဳးတစ္ခုယူကာ
သြားသန႔္ရွင္းရင္း
TVထိုင္ၾကည့္ေနလိုက္သည္။
"hyun...၊ အကင္ေတြစားလိုက္လား''
Chanyeolေမးလာတဲ့အခါ
Baekhyunမ်က္ႏွာတည္ရင္း
ေခါင္းခါျပလိုက္သည္။
"မစားဘူး...၊''
"ထမင္းေတြေလ်ာ့ေနတယ္ေရာ္...''
Chanyeolက
မရရေအာင္ကလိေနေတာ့
Baekhyunေျဖရခက္သြားသည္။
"ငါ့ဟာငါ မေန႔က ကန္စြန္းပလိန္းအက်န္ေလးနဲ႔..
ထမင္းစားထားတာေလ...ဘာျဖစ္လို႔လဲ။
အဲ့အကင္ေတြ ထိေတာင္မထိဘူး''
Baekhyunက ဆင္ေျခအမ်ိဳးမ်ိဳးေပးေနေတာ့
Chanyeolၿပဳံးစိစိျဖစ္ေနရသည္။
တေနကုန္ အလုပ္ေတြပင္ပန္းခဲ့ရသမွ်၊
ဒီရက္ပိုင္း ပင္ပန္းေနတာေတြအကုန္
အခုမွသူၿပဳံးႏိုင္ေတာ့သည္ ထင္၏။
ေယာက်ာ္းေပါက္စက
မလိမ္တတ္ပဲလိမ္ေနသည္။
"ေအာ္....၊ အ႐ြက္ေၾကာ္က သြားၾကားညပ္တာ
အခုမွပဲ ၾကားဖူးေတာ့တယ္...
မသိပါဘူး...၊
သူမ်ားအကင္ေတြ အဝစားၿပီး
သြားၾကားထိုး ႀကိဳးေတြ
သုံးရတယ္ ထင္ေနတာ''
Baekhyunမွာ အဲခနဲျဖစ္သြားသည္။
ဒါေပမဲ့ ဟန္ကိုယ့္ဖို႔မဟုတ္လား။
"စားေတာ့ေရာ ဘာျဖစ္လဲ...
မင္းက မႀကိဳက္ဘူးလား..
အင္းေပါ့...၊တျဖည္းျဖည္းနဲ႔
စိတ္ကုန္လာတာကိုး..
ေဆးခန္းပို႔ရ၊ သြားခ်င္တဲ့ေနရာလိုက္ပို႔ရ၊
စားခ်င္တာခ်က္ေကြၽးရနဲ႔.
စိတ္ကုန္လာတာမလား..
သိတယ္...သိတယ္''
Chanyeolက ဘာေျဖရွင္းခ်က္မွ
မေပးပဲေနေနေတာ့
Baekhyunပိုစိတ္တိုလာသည္။
စိတ္ကုန္လာတာ မဟုတ္လား ေမးတာေတာင္
ဘာမွ ျပန္မျငင္းဘူး။
Baekhyunမ်က္ႏွာေလး
မဲ့သည္ထက္မဲ့လာသည္။
"ဒီကByun Baekhyunမွာေတာ့ ယုံလိုက္ရတာ..
တေန႔တေန႔ သူညဳေန၊ အီေန၊ ကလီေနသမွ်ကို
အဟုတ္ႀကီးမွတ္ၿပီး နည္းနည္းေလးဆိုးမိပါတယ္...
ဗ်စ္ေတာက္ဗ်စ္ေတာက္နဲ႔ အျပစ္တင္တယ္..
မုန္းတယ္!!''
"ဟား...၊hyunရာ''
Chanyeolမွာ
အူေတြအသည္းေတြယားေနရသမွ်ကို
သည္းမခံႏိုင္ေတာ့ပဲ အေကာင္ေပါက္ေလးကို
သြားဖက္ထားလိုက္ေတာ့၏။
႐ုန္းကန္ေနေပမဲ့ သူအလြတ္မေပးပါ။
ကိုယ္လုံးအိအိေလးကို
မရရေအာင္ဖ်စ္ညႇစ္ထားသည္။
"ေမာင္ေတာင္းပန္ပါတယ္
ခ်စ္လို႔..စိတ္ပူလို႔ ေျပာမိတာကိုနားလည္ေပးေလ..
အခ်စ္တစ္ခုခုျဖစ္ရင္
ေမာင္႐ူးသြားမွာ အဲ့တာသိလား''
"မသိဘူး...''
Chanyeol ႏႈတ္ခမ္းစူစူေလးကို
စုပ္ယူနမ္းလိုက္ေတာ့
႐ုန္းကန္ျခင္းလည္းမျပဳ၊
တုံ႔ျပန္တာလည္းမလုပ္ပဲ
ၿငိမ္ေနေပးသည္။
အခ်ိန္အၾကာႀကီး
Chanyeolအနမ္းေပးေနတဲ့အတိုင္း
မလႈပ္မယွက္ေလးေနေနသည္။
"ဒီရက္ပိုင္း ေမာင္လည္းအရမ္းပင္ပန္းေနတာေလ..
hyunကို
အလုပ္ကျပန္လာလာခ်င္း ေပ်ာ့ေခြၿပီးျမင္လိုက္ရေတာ့
စိတ္တိုသြားတာေပါ့..
ေနာက္တခါမျဖစ္ေစရဘူး...၊ကတိေပးတယ္''
Chanyeolေသခ်ာေခ်ာ့ေပမဲ့
Baekhyunက ခပ္ျပတ္ျပတ္ေလး
တစ္ခြန္းေျပာလိုက္သည္။
"ေမာင့္ကို ဒီေန႔တစ္မွတ္ေလွ်ာ့တယ္!''
Chanyeolမွာ တဟားဟားေအာ္ရယ္မိေတာ့သည္။
သူ႔Baekhyunေလးက
ဘာလို႔အရမ္းခ်စ္ဖို႔ေကာင္းေနရလဲ
တကယ္မသိေတာ့ဘူး။
အၾကာႀကီး
စိတ္ဆိုးႏိုင္တာလဲမဟုတ္ပဲနဲ႔...hyunရယ္..။
———————————————
ေနာက္ေန႔အထိ အခဲမေၾကႏိုင္ေသးတဲ့
Baekhyunဟာ Chanyeolကို
ကန႔္လန႔္တိုက္ေနဆဲျဖစ္သည္။
ေရခ်ိဳးတာမၾကာနဲ႔ေနာ္ ဆိုရင္ၾကာေအာင္တမင္ခ်ိဳးသည္။
ထမင္းမစားခင္ ေဆးအရင္ေသာက္ဆိုရင္
ထမင္းအရင္စားၿပီးမွ ေဆးေသာက္သည္။
ဘာေျပာေျပာျငင္းေန၏။
"hyun..၊ ညက်ရင္ သြားစရာရွိလို႔လိုက္ခဲ့ေပးေနာ္''
"တစ္ေယာက္တည္းသြား...မလိုက္ေပးဘူး''
Chanyeolက Baekhyunပုခုံးေပၚ
ေမးတင္လိုက္ရင္း....
"စိတ္ေကာက္တုန္းလားကြာ...၊
လိုက္ခဲ့ေပးပါဆို...ေနာ္...''
"No''
Chanyeolခပ္ညစ္ညစ္ၿပဳံးလိုက္သည္။
"ရတယ္ေလ..၊အဲ့နားမွာေနတဲ့ ႐ုံးကnoonaကိုပဲ...''
"Park Chanyeol''
ဒီလိုနဲ႔ သြားခါနီးက်ေတာ့
ေအးေအးေဆးေဆးပဲ ကားေပၚ တက္ထိုင္လိုက္တဲ့
Baekhyunေၾကာင့္ ၿပဳံးမိပါသည္။
လမ္းမွာလည္း
သူ႔အခ်စ္က စကားတစ္ခြန္းမွမေျပာႏိုင္ေတာ့ပဲ
အိပ္ရင္း လိုက္ပါလာသည္။
တကယ္ေတာ့ Baekhyunလည္းပင္ပန္းေနမွာ
သူရိပ္မိသည္။
ေခါင္းမာလြန္းတာေၾကာင့္ အလုပ္ထြက္ဖို႔ေျပာလည္း
ရမည္မထင္။
ေနာက္မွပဲ အတတ္ႏိုင္ဆုံးေဖ်ာင္းဖ်ရမွာပဲ။
Chanyeol.. ႏွစ္ထပ္တိုက္အိမ္ေလးေရွ႕ေရာက္ေတာ့
ကားရပ္လိုက္ၿပီး Baekhyunကိုၾကည့္မိသည္။
"အခ်စ္...၊ ထေတာ့ေလ''
ဝင္သက္ထြက္သက္မွန္မွန္ေလးျပဳရင္း..
သူ႔, ပူစီေဖာင္းေလးကအိပ္ေမာက်ေနဆဲပဲ..။
"hyun...''
Chanyeolက Baekhyunရဲ႕ႏွာေခါင္းလုံးလုံးေလးကို
ႏွာတံခ်င္းပြတ္တိုက္ရင္း ႏႈိးသည္။
ထိုအခါမွ မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္နဲ႔
ေယာက်ာ္းေပါက္စေလး ႏိုးလာေတာ့တာ..။
"ေရာက္ၿပီလား....၊ ဒါဘယ္ေနရာလဲ''
Chanyeolဘာမွျပန္မေျပာပဲ Baekhyunလက္ကိုဆြဲ...ကားထဲကေခၚထုတ္ၿပီး..
အိမ္ထဲ ေခၚသြားလိုက္သည္။
Baekhyunမွာေတာ့ ၿခံအက်ယ္ႀကီးကိုၾကည့္ၿပီး
အံ့ၾသတႀကီးျဖစ္ေနမိသည္။
အုတ္ႂကြပ္ျပားေၾကးေရာင္မိုးထားတဲ့ အိမ္ေလး။
အိမ္က အရမ္းမက်ဥ္းသလို
အရမ္းက်ယ္ေနတာလည္းမလုပ္။
ၿခံကေတာ့ က်ယ္သည္။
အိမ္တြင္းထဲမွာလည္း
ရွိသင့္တဲ့ပရိေဘာဂပစၥည္းေတြကလြဲၿပီး
ဘာပစၥည္းပစၥယ မွသိပ္မေတြ႕ရပဲမ်က္စိရွင္းသည္။
ေနာက္ၿပီး အိမ္နံရံေတြက
Baekhyunသေဘာက်တဲ့ ေဆးအဝါေလး။
အရမ္းမေတာက္ပဲ ခ်စ္စရာေကာင္းေနသည္။
"ဒါ ေမာင္တို႔ေနမဲ့အိမ္အသစ္ေလ...
အခ်စ္ႀကိဳက္ရဲ႕လား''
Chanyeolက
Baekhyunခါးေလးကိုေပြ႕ဖက္ထားလိုက္သည္။
Baekhyunရဲ႕ပုခုံးသားေလးကို
ေမးေစ့နဲ႔ခပ္ဖြဖြဖိႀကိတ္ရင္း
မ်က္လုံးေတြမွိတ္ထားသည္။
"အခ်စ္အတြက္ ေမာင့္လက္ေဆာင္...
ကေလးေလးတစ္ေယာက္လက္ေဆာင္ေပးခဲ့တဲ့ hyunကို ေမာင္ကျပန္ၿပီးလက္ေဆာင္ေပးတယ္..
အခ်စ္က ကိုယ္ပိုင္အိမ္ေလးနဲ႔
ေနခ်င္တာေမာင္သိတာေပါ့...
တသက္လုံး...ေမာင္တို႔မိသားစု ဒီေနရာေလးမွာေနသြားၾကမယ္ေလ...၊ေနာ္....''
သူ႔ရင္ခြင္ထဲက Baekhyunကိုယ္ေလး
တုန္တုန္လႈပ္လႈပ္ျဖစ္လာေတြ႕ရသည္။
ၿပီးေတာ့ တအင့္အင့္နဲ႔ ရႈိက္ရင္း
မ်က္ရည္က်သည္။
"ဘာလို႔ငိုရတာလဲ...
hyunကို ေပ်ာ္ေစခ်င္လို႔
လက္ထပ္ခါစတည္းက စဥ္းစားခဲ့တာ...မငိုနဲ႔ဗ်ာ''
Baekhyunက ေခါင္းေလးခါၿပီး
ငိုေနဆဲ။
"ငါကေလ...ငါက..
ငါ့ကို ေမာင္စိတ္ကုန္ေနၿပီ
စိတ္ပ်က္ေနၿပီလို႔မေန႔ကေရာ
ခုနက အထိေတြးေနတာ...
မသိဘူး..၊ခနခနပဲ ဒီလိုအေတြးဝင္တာ
ငါတို႔က အသက္အရမ္းကြာေတာ့.........''
"ကြၽတ္စ္...၊မဟုတ္တာဗ်ာ..''
Baekhyunရဲ႕
မ်က္ရည္စီးေၾကာင္းေလးႏွစ္ဖက္ကို
Chanyeolက
လက္မနဲ႔ပြတ္သုတ္ေပးလိုက္သည္။
"ဘာလို႔လဲ...၊
ငါကေမာင့္အေပၚဘာေကာင္းေပးခဲ့လို႔လဲ
ေငြကိုဒီလိုပဲအကုန္ခံရလား...၊
ေမာင္က ငတုံးပဲ''
"hyunရဲ႕...အခ်စ္ေလ''
Baekhyunနားမလည္စြာ
အူေၾကာင္ေၾကာင္လးျပန္ၾကည့္ေနသည္။
"hyunက ခ်စ္ပါတယ္ လို႔ေျပာတဲ့ေန႔ကစၿပီး
ေမာင့္ဘဝက ၿပီးျပည့္စုံေနခဲ့တာ...၊
အာ့တာထက္ဘာမွမလိုအပ္ေတာ့တာ၊
ဒီစကားတစ္ခြန္းနဲ႔တင္ ဘာပဲေပးဆပ္ရေပးဆပ္ရ
အရမ္းတန္လြန္းေနၿပီေလ...၊
hyunက ဘာလို႔မေပးရမွာလဲ
စိတ္ေရာ လူေရာ...ဘဝကိုေရာ...
ေနာက္ဆုံး..
ကေလးေလးတစ္ေယာက္ကိုပါ
ေမာင့္ကိုေပးထားရတာေလ...
ခင္မ်ားေလးေပးထားတာေတြက
ပိုၿပီးတန္ဖိုးႀကီးေနတာကိုသိရဲ႕လား...''
Baekhyunကေတာ့
မ်က္ရည္ၾကည္ေလးေတြကို
ဖိသုတ္ပစ္၏။
အခါမ်ားစြာတည္းက
ျဖစ္တည္ခဲ့တဲ့Baekhyunသံသယေတြကို
ေမာင္က တကယ္ပဲရွင္းလင္းေပးခဲ့တယ္။
Baekhyunစိုးရိမ္ေနမိတဲ့ အသက္ကြာတာေတြ...
မိန္းကေလးတစ္ေယာက္ဟုတ္မေနတာေတြကို..
ေမာင္က ေခါင္းထဲေတာင္ထည့္ေနတဲ့ပုံမေပၚဘူး။
"အနားက တသက္လုံးထြက္မသြားရဘူးေနာ္..
အဲ့တာေလးေတာ့ ကတိေပး''
"ငါက ႐ူးေနလို႔ထြက္သြားရမွာလား''
Baekhyunသည္ ခပ္ဆတ္ဆတ္ေလးေျပာၿပီး
Chanyeolႏႈတ္ခမ္းတို႔ကို
ေျခဖ်ားေထာက္နမ္းေနေတာ့သည္။
Chanyeolရဲ႕ ရွပ္အက်ႌေကာ္လံစႏွစ္ဖက္ကို
သူ႔လက္ႏွစ္ဖက္နဲ႔ ၿမဲၿမဲဆုပ္ကိုင္ရင္း
မက္မက္ေမာေမာအနမ္းေပးသည္။
အသက္ရႉမဝေတာ့တဲ့ အေျခအေနတြင္မွ
အက်ႌစကိုျပန္လႊတ္ေပးကာ
ၿငိမ္သက္ေနေတာ့သည္။
"ဗိုက္ထဲက ေဘဘီေၾကာင့္
ေမာင္စိတ္ထိန္းထားရတာေနာ္...
အူယားေအာင္ သိပ္မလုပ္နဲ႔..''
Chanyeolက အဓိပၸါယ္ပါစြာေျပာရင္း
Baekhyunနား႐ြက္ဖ်ားေလးကို
ဖြဖြကိုက္ဆြဲေတာ့
တခစ္ခစ္ရယ္သံေလးထြက္လာသည္။
"ႏွစ္လ!''
"ဘာကိုလဲ''
Baekhyunသည္
Chanyeolရဲ႕ႏွာတံခြၽန္ခြၽန္ေလးကို
အသည္းယားစြာ ဆြဲညႇစ္လိုက္သည္။
"ေမာင့္ေဘဘီက ႏွစ္လပဲရွိေသးတယ္မို႔...
ေမာင္စိတ္မထိန္းခ်င္ရင္လည္း
မထိန္းလို႔ရပါတယ္လို႔''
ထိုစကားဆုံးတာနဲ႔ Chanyeolတစ္ေယာက္
ဝက္ပုတ္ကိုယ္လုံးေလးအား ေကာက္ေပြ႕ၿပီး
အေပၚထပ္က ႏွစ္ေယာက္အခန္းဖြဲ႕ထားရာကို
ခပ္ျမန္ျမန္ပဲသြားလိုက္ေတာ့သည္။
အထဲက ေဘဘီကိုအားနာေပမဲ့လည္းေပါ့။
————————————————
#TBC
ဖတ္ရတာအဆင္မွေျပရဲ႕လားဟင္-,-