(Zawgyi)
"အနှစ်တထောင်နေမှ ဖအေဆီတစ်ခါပေါ်လာတဲ့
သားအလိမ္မာလေးပါလား....''ကိုယ့်အဖေနားနေခန်းထဲဝင်ဝင်ချင်း
ကြားလိုက်ရတဲ့ စကားကြောင့်
Chanyeolခေါင်းငုံ့ပြီးရယ်မိသည်။အခုလပိုင်းတွေ ဘယ်သူတွေဘာပြောပြော
Chanyeolကတော့ ပြုံးနေတော့တာ...။
ဘာကြောင့်ဆို ကိုယ့်ကမ္ဘာလို့သတ်မှတ်ထားတဲ့လူသားလေးရဲ့ စိတ်ရော လူရောကို
ကိုယ်တစ်ယောက်တည်းအပိုင်သိမ်းနိုင်ခဲ့ပြီမို့
အမြဲတမ်းစိတ်ထဲပျော်နေရော...။"မျက်နှာကိုက မှိုရထားတဲ့ရုပ်နဲ့...''
"လူပျိုကြီးက မနာလိုဖြစ်ပြန်ပြီ''
ထိုအခါ ရေနွေးခွက်ကိုဆောင့်ချကာ
Chanyeolကိုမကြည်ကြည့်လှမ်းပို့လေသည်။Chanyeolပြုံးရင်း ကိုယ့်အဖေလက်ထဲ
အိတ်လေးတစ်အိတ်ပေးလိုက်သည်။"ရော့...ညဘက်တွေ
ရေနွေးထဲဒါလေးထည့်သောက်..
ခေါင်းကြည်အောင်..''တံဆိပ်က စာတွေကြည့်ခြင်းဖြင့်..
ဆေးဖက်ဝင်ဝတ်မှုံပွင့်တို့အား
အခြောက်ခံအမှုန့်လုပ်ထားပုံရတဲ့ tae bagလေးတွေ...
အိတ်တစ်ခုထဲ ပါကင်လိုက်ညီညီညာညာနှင့်....။"Baekhyun ထည့်ပေးလိုက်တာမလား...''
Chanyeol ကိုယ့်အဖေအပြောကြောင့်
မျက်ခုံးပင့်မိလေသည်။ထိုအခါ
'မင်းအကြောင်းမသိရင်ခက်မယ်'ဆိုတဲ့အကြည့်နဲ့
ကြည့်လာသည်။Chanyeolကိုငယ်ငယ်ထဲက
အနီးကပ်စောင့်ရှောက်ခဲ့တဲ့လူမဟုတ်ပေမဲ့
သားအကြောင်းကို တကယ်နောကြေနေတော့တာ...။ဒီtea bagလေးတွေမှတ်မှတ်ရရဝယ်ပေးသူဟာ
ကိုယ့်သားမဟုတ်ပဲ သားမက်သာဖြစ်လိမ့်မည်။"ဒါနဲ့..အိမ်ဝယ်မယ်ဆိုတဲ့ကိစ္စ...ဘယ်လိုလဲ''
ထိုအမေးကြောင့်
Chanyeolစိတ်မသက်သာ။"မြေနေရာကောင်းကောင်းတော့တွေ့ပြီ...
ပိုက်ဆံအများကြီးလိုသေးလို့...
တခါ...JongDaeနဲ့Sehunပြောဖူးတဲ့အတိုင်း
show room
ဖွင့်ကြည့်ရင်ကောင်းမလားစဉ်းစားဖူးတယ်....
Hyung ကဘွဲ့အရင်ယူခိုင်းတော့
အိမ်ဝယ်ဖို့ကြာသွားမလားမသိဘူး..''
YOU ARE READING
ကလေးအထာ
FanfictionEverything is better with you Everything has been better since you Mpreg