Braceletဘူးလေးကိုဆုပ်ကိုင်ရင်း
စိတ်ဓာတ်အကြီးအကျယ်ကျနေသော
Chanyeolကို
သူတို့ ဘာပြောရမှန်းတောင်မသိ....ငိုတာလည်းမဟုတ်..စိတ်သက်သာနေပြီလည်းမဟုတ်ပဲ...
တွေတွေကြီးဖြစ်နေသောChanyeolကိုကြည့်ပြီး
သက်ပြင်းချနေရသည်......"ငယ်ချစ်တွေတဲ့...နှစ်ယောက်က..
hak!''အသံယိုင်ယိုင်နဲ့ပြောလာတဲ့
Chanyeolစကားတွေကိုသာ
အလေးထားနားထောင်ပေးမိသည်....သူတို့နှစ်ယောက်ကိုခေါ်ပြီး
Chanyeolက ကားပေါ်မှာတင်
မွန်းကျပ်နေရသမျှပြောပြနေခဲ့သည်...Chanyeolဆိုတာ
ဘာကိစ္စကိုမဆို တိုင်ပင်နေကျမို့
ဆိုးတူကောင်းဘက်တွေဖြစ်တာနဲ့အညီ...
ဒီကောင်ဘယ်လောက်ခံစားနေရလဲ
Jondaeနဲ့Sehunမှန်းဆလို့ရနေပါသည်...Chanyeolဟာ ဘယ်တော့မှ အပူအပင်မရှိခဲ့၊
အမြဲတမ်း ပျော်ပျော်သာနေလာခဲ့ပြီး..
အခုလောက်ရွဲနေတဲ့ပုံကိုလည်း သူတို့မမြင်ဖူးခဲ့ပါ....ဒီအချိန်မှာတော့ chanyeolပုံစံက
အလဲလဲအပြိုပြို ဖြစ်နေပြီ...."ငါအတွက်လည်း ငယ်ချစ်လေကွာ
ငါ့အတွက်ကျတော့ ဘာလို့...
ဘာလို့..အခွင့်အရေးမရှိရတာလဲ...
ဘာလို့်လဲ..Hyungရာ..မတရားဘူးဗျာ..''ပြောရင်း မျက်ရည်တွေကျလာပြီး
ကားစတီယာရင်ကို
တဒုန်းဒုန်းထုနေတော့သည်....မထင်ထားတဲ့အခြေအနေမို့
သူတို့လည်း
ဘယ်လိုနှစ်သိမ့်ရမှန်းတောင်မသိတော့ပါ....တဖက်က ရည်းစားရှိယုံပဲဆိုရင်တောင်
Chanyeolအတွက်...
အနည်းငယ်သောအခွင့်အရေးရှိနိုင်သေးသည်...အဲ့လိုမဟုတ်ပဲ
အနှေးနဲ့အမြန် လက်ထပ်တော့မယ်ဆိုတော့
တကယ်လမ်းပျောက်နေရသည်......မျက်နှာကို လက်နဲ့အုပ်ရင်း
ခေါင်းငိုက်စိုက်ကျနေတဲ့ Chanyeolပုခုံးကို
ခပ်ဖွဖွပုတ်ပေးယုံသာတတ်နိုင်တော့သည်....
မေ့လိုက်တော့လို့လည်း
ပြီးစလွယ်မပြောနိုင်ကြချေ....Chanyeolက
Baekhyunကိုဘယ်လောက်ချစ်လဲ သူတို့အသိဆုံးဖြစ်တာမို့
သွေးပူနေတဲ့အခြေအနေမှာ
ဘာပြောပြောအသုံးဝင်မှာလည်းမဟုတ်..
YOU ARE READING
ကလေးအထာ
FanfictionEverything is better with you Everything has been better since you Mpreg